အခန်း (၁၁၅၂-၁၁၅၇)
Vol. 76 Ch. 1152-1157
အခန်း ၁၁၅၂ သူ့ကိုလွှတ်လိုက်
ထို့အပြင် သတ်ဖြတ်သူအားလုံးသည် တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေကြတာကြောင့် ဘယ်သတ်ဖြတ်သူက ဘယ်လူကိုသတ်ရမည့်တာဝန်ကိုယူသွားလဲဆိုသည့် အချက်အလက်များသည် ပေါက်ကြားဖို့မဖြစ်နိုင်သလောက်ပင်။ မဖြစ်နိုင်သလောက်သာဖြစ်ပြီး လုံးဝမဖြစ်နိုင်တာတော့မဟုတ်ပြန်ပေ။
ငှားရမ်းသူဘက်က ငွေအလုံအလောက်ပေးလာပြီး သတ်ဖြတ်သူတစ်ယောက်ကလဲ ထိုတာဝန်ကိုယူချင်နေသ၍ လျှို့ဝှက်အချက်အလက်တွေက ပေါက်ကြားနိုင်သေးသည်။ သို့သော်လည်း သတ်ဖြတ်သူအဖွဲ့အစည်းတစ်ခုတည်းက သတ်ဖြတ်သူများကိုတော့ အချင်းချင်းသတ်ဖြတ်ခြင်းမှ တားမြစ်ထားသည်။ ဒါကြောင့် ဤလူသည် တခြားသတ်ဖြတ်သူအဖွဲ့အစည်တစ်ခုက သတ်ဖြတ်သူသာဖြစ်နိုင်သည်။
သတ်ဖြတ်သူများလောကတွင် အချင်းချင်းသတ်ဖြတ်ခြင်းသည် လက်မခံနိုင်စရာကောင်းတာကြောင့် အတော်အန္တရာယ်များသည့် လှုပ်ရှားမှုပင်။
“ဟမ့်၊ ကြည့်ရတာ ဒီတစ်ကြိမ်တော့ ငါခန့်မှန်းတာမှန်သွားပုံပဲ။” ကုနင်းအပြုံးလေးဖြင့် ပြောလိုက်သည်။
“အဲ့တော့? ဘာပဲဖြစ်ဖြစ် အဲ့လူဘယ်သူမှန်း မင်းမသိသေးပါဘူး။”
“အလွယ်လေးပါ၊ သူတို့ထမ်းဆောင်ခဲ့တဲ့ တာဝန်တစ်ခုချင်းစီကို စစ်ကြည့်လိုက်လို့ရနေတာပဲ။” ကုနင်းယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။
“အဲ့ဒါများ ငါ့ကိုဘာလို့အလုပ်ရှုပ်ခံမေးနေသေးတာလဲ?” ကုနင်းက သာမာန်မဟုတ်မှန်း ခံစားမိတာကြောင့် သူမအလွန်ဉာဏ်ကောင်းမယ်မှန်း သူသိပေသည်။ ကောင်းယိနှင့်ချောင်ယတို့ သတ်ဖြတ်သူအဖွဲ့အစည်းကနေ လုံလုံခြုံခြုံထွက်နိုင်အောင် သူမပဲ ကူညီခဲ့တာဖြစ်ရမယ်။
“ကောင်းပြီလေ၊ ငါလဲ မင်းနဲ့အချိန်တွေအကြာကြီးဖြုန်းမနေချင်ပါဘူး။” ထိုလူက မပြောပြချင်မှတော့ ကုနင်းလဲ ဆက်မေးမနေတော့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့တာဝန်က ကျရှုံးသွားပြီဖြစ်တာကြောင့် သတ်ဖြတ်သူများလောကမှ သူ့ဂုဏ်သတင်းသည် ပျက်စီးသွားပေပြီ။
“ကောင်းယိ၊ သူ့ခြေထောက်တွေ ချိုးပစ်လိုက်။”
“ကောင်းပါပြီ။” ကောင်းယိချက်ချင်းထွက်လာကာ ထိုလူဆီသို့သွားလိုက်သည်။
ထိုလူက သူတို့ကို သတ်ဖို့လာခြင်းဖြစ်ပေမည့် ကုနင်း ထိုလူကိုသတ်ဖို့စိတ်ကူးမရှိမှန်း ကောင်းယိရော ချောင်ယပါ နားလည်လိုက်ကြသည်။ ကုနင်းအနေနဲ့ လူသတ်သည့်ကိစ္စရပ်များတွင် ဝင်ပါသည်က သူမ၏ဘဝနှင့် လုပ်ငန်းတွေအပေါ် သက်ရောက်နိုင်တာကြောင့် မကောင်းမှန်းသိနေ၍ သူတို့ အပြစ်မတင်မိကြပေ။
ထို့အပြင် အခုကစလို ထိုလူ့အတွက် သတ်ဖြတ်သူများလောကတွင် အနာဂါတ်ဆိုတာမရှိတော့မှန်းလဲ သူတို့သိပေသည်။ သူတို့ ဒီလူကို ဒီနေ့မသတ်လိုက်ရင်တောင်မှ သူ့ဘဝက ကောင်းကောင်းမွန်မွန်အဆုံးသတ်ရတော့မည်မဟုတ်ပေ။
ကောင်းယိအချိန်ဆွဲမနေဘဲ ထိုလူ၏ခြေထောက်တို့ကိုချိုးပစ်လိုက်ကာ ပုံမှန်လိုပြန်ကောင်းဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
ထို့နောက် သူတို့လဲကားပေါ်ကတက်ကာ ထိုလူကိုချန်ထားရစ်ခဲ့တော့သည်။ ဤနေရာသည် လူပြတ်သည့်နေရာဆိုသော်လည်း နေ့စဉ်သွားလာနေကြသည့် ယာဉ်များရှိနေတုန်းပင်။
ကုနင်း ထိုလူကိုမသတ်ခဲ့ပေမယ့်လို့ သူတို့ကို ထိုလူတရားစွဲလာမည်အား စိုးရိမ်နေဖို့မလိုအပ်ပေ။ သူသာ သူတို့ကိုတရားစွဲလိုက်သည်နှင့် အရင်ဆုံး သူ့အချက်အလက်တွေက ပေါ်ထွက်သွားမည်ဖြစ်ကာ အဖမ်းခံရပေမည်။
လမ်းတစ်လျှောက်က လုံခြုံရေးကင်မရာတွေကိုတော့ ကေ ဖြေရှင်းနိုင်ပေသည်။
……..
ကုနင်း ကားပေါ်ပြန်ရောက်သည်နှင့် သူမဖုန်းကိုထုတ်လိုက်ရာ စစ်ထူယဲ့ထံမှ ဖုန်းခေါ်ဆိုမှုတေရာ စာပါရောက်နေကြောင်း တွေ့လိုက်ရသည်။
သူမချက်ချင်းပဲ စစ်ထူယဲ့ကို ဖုန်းပြန်ဆက်ကာ သူမဖုန်းအားကုန်သွားသည်ဟု အကြောင်းပြလိုက်သည်။ ကံကောင်းစွာဘဲ စစ်ထူယဲ့ကလဲ ဘာမှမပြောပေ။
ထို့နောက် ကုနင်း စားသောက်ဆိုင်သို့ သွားခဲ့သည်။
“သူ့ကိုလွှတ်ပေးလိုက်တဲ့အတွက် ငါ့ကိုအပြစ်တင်ကြလား?” ကုနင်း ရုတ်တရက် ကောင်းယိနှင့်ချောင်ယတို့ကို မေးလိုက်သည်။ သူတို့ သူမကိုအပြစ်မတင်မှန်းသိသော်လည်း သူတို့အမြင်ကို မေးကြည့်ဖို့တော့ လိုသေးသည်။
“ဒါပေါ့၊ ငါတို့အပြစ်မတင်ပါဘူး။”
“သခင်မလေးနင်း၊ မင်းငါတို့ကောင်းဖို့အတွက် လုပ်တာမှန်းနားလည်ပါတယ်၊ ငါတို့တွေကလဲ သတ်ဖြတ်သူတွေမဟုတ်ကြတော့ဘူးဆိုတော့ လူသတ်သမားတစ်ယောက်ရဲ့နည်းတွေ ဆက်သုံးမနေသင့်တော့ဘူးလေ။” ကောင်းယိပြောလိုက်ကာ ချောင်ယကလဲ၊ “ဟုတ်တယ်၊ သူ့ရဲ့ကျိုးနေတဲ့ခြေထောက်တွေနဲ့ဆို အဆုံးသတ်ကောင်းတော့မှာမဟုတ်မှန်းလဲ ငါတို့သိတာပဲ။”
ဒီတော့မှ ကုနင်းပိုပြီးစိတ်ချသွားတော့သည်။
……….
ကုနင်းထွက်သွားပြီးမကြာခင်မှာပဲ တစ်ယောက်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည့်လူကို တွေ့သွားကာ ချက်ချင်းပင် ရဲစခန်းနှင့်ဆေးရုံကို ဖုန်းဆက်လိုက်သည်။
အရာအားလုံးက ကုနင်းတွေးထားသည့်အတိုင်းသာ ဖြစ်ပျက်သွားလေသည်။ ထိုလူက ကုနင်း၏နာမည်ကို ထုတ်မပြောဘဲ သူ့ရန်သူတွေက သူ့ခြေထောက်ကို ချိုးခဲ့သည်ဟုသာပြောခဲ့သည်။ တခြားအကြောင်းအရာအသေးစိတ်ကိုတော့ ရဲတွေကို မပြောခဲ့ပေ။
ရဲတွေဘက်က စောင့်ကြည့်ကင်မရာတွေကိုစစ်ကြည့်ရတွငလဲ အဟက်ခံထားရကြောင်းသိလိုက်ရဘာ ဘာသဲလွန်စမှမရခဲ့ပေ။
ဒီလိုကင်မရာတွေကိုဟက်နိုင်မှတော့ အင်အားကြီးသည့်လူတစ်ယောက်သာဖြစ်မှန်းမှန်း ရဲတွေလဲ နားလည်ကြတာကြောင့် ဆက်ပြီးမစုံစမ်းကြဖို့ ဆုံးဖြတ်လိုက်ကြသည်။ ပြီးတော့ ခံရသူဘက်ကလဲ မစုံစမ်းစေချင်ဘူးမလား။
ကုနင်းက သူပြဿနာရှာလို့ရသည့်လူမဟုတ်မှန်း သိနေတာကြောင့် သူလဲ ကုနင်းနှင့်ဝေးဝေးနေတာပိုကောင်းမည်ဟု ခံစားရသည်။
……
ကုနင်း ချိန်းထားသည့်နေရာသို့ရောက်သွားချိန်မှာတော့ ညနေ၆နာရီပင်ခွဲပြီးပေပြီ။
သူမအနည်းငယ်နောက်ကျသွားခဲ့သော်လည်း ညစာစားဖို့အတွက် အရမ်းနောက်ကျနေသည့်အချိန်တော့မဟုတ်ပေ။
ဖုန်းထဲမှာကတည်းက စစ်ထူယဲ့ကို ဟင်းပွဲတွေ ကြိုမှထားဖို့ ကုနင်းပြောခဲ့သည်။ ဒါဆို အချိန်ကုန်လဲသက်သာပေမည့်အပြင် သူမကလဲ အစားရွေးသူမဟုတ်ပေ။
စစ်ထူယဲ့လဲ ကုနင်းနှင့်အကြိမ်ပေါင်းများစွာ အတူစားသောက်ဖူးကာ သူမကိုအမြဲတစေအာရုံစိုက်ကြည့်နေခဲ့သူလဲဖြစ်တာကြောင့် သူမဘာတွေကိုတော့ ပိုစားပြီး ဘာတွေကိုတော့လုံးဝမစားမှန်း မှတ်မိနေခဲ့သည်။ ဒါကြောင့် ကုနင်းကြိုက်တတ်သည့်အစားအသောက်များစွာကို မှာထားလိုက်တော့သည်။
ချူးရွှမ်ဖန်ကတော့ အားလုံးကိုမြင်တွေ့နေရပြီး စစ်ထူယဲ့ကိုသာ သနားမိတော့သည်။ ကုနင်းမှာက ချစ်သူရှိပြီးသားလေ။
ဘာပဲဖြစ်ဖြစ် စစ်ထူယဲ့ကတော့ ဤသို့လုပ်နေရသည်ကို ပျော်ရွှင်နေကာ သူကလဲ စစ်ထူယဲ့၏လက်အောက်ငယ်သားတစ်ယောက်ဖြစ်တာကြောင့် ဘာမှမပြောနိုင်ပေ။
***
အခန်း ၁၁၅၃ လွမ်းတယ်
“စစ်ထူ၊ ကျွန်မနောက်ကျသွားလို့ တောင်းပန်ပါတယ်။” ကုနင်းရောက်ရောက်ခြင်း စစ်ထူယဲ့ကိုတောင်းပန်လိုက်သည်။
“ကိစ္စမရှိဘူး။ မင်းအရမ်းလဲနောက်ကျတာမှမဟုတ်တာ။” ကုနင်းသူ့အပေါ် အရမ်းယဉ်ကျေးနေတာမျိုးကို စစ်ထူယဲ့သဘောမကျပေ။ ထိုသို့ဆိုလျှင် သူနှင့်ကုနင်းတို့ ပိုပြီးဝေးကွာသွားသလိုခံစားရသည်။ အနည်းဆုံးတော့ ကုနင်း သူ့ကို ရင်းနှီးသည့်သူငယ်ချင်းတစ်ဦးအဖြစ် သတ်မှတ်စေချင်လေသည်။ သို့သော်လည်း သူတို့တွေက သူစိမ်းတွေမဟုတ်ကြသလို အရမ်းလဲမရင်းနှီးဘဲသာ ရှိနေကြသည်။
ထို့နောက် အားလုံး ကိုယ့်နေရာကိုယ်ထိုင်လိုက်ကြသည်။
“အာ… မင်းကုမ္ပဏီက ပထမဆုံးထုတ်လုပ်တဲ့ရုပ်ရှင်တော်တော်ပေါက်သွားတယ်လို့ ကြားတယ်။ ဂုဏ်ပြုပါတယ်!” စစ်ထူယဲ့ပြောလိုက်သည်။
ဤရက်များအတွင်း သူအရမ်းအလုပ်များနေခဲ့တာတောင်မှ အင်တာနက်ပေါ်မှ ကုနင်းနှင့်ပတ်သတ်သည့် သတင်းအမြောက်အမြားကို ရှာဖွေဖတ်ရှုခဲ့သေးသည်။
“ကျေးဇူးပါပဲ။” ကုနင်းယဉ်ယဉ်ကျေးကျေးသာ တုန့်ပြန်လေသည်။
“ဖေ့ဟန်က အမြဲတမ်း ဖျော်ဖြေရေးလောကထဲကိုဝင်ချင်နေခဲ့တာ၊ ဒီရုပ်ရှင်ထဲက သူမရဲ့သရုပ်ဆောင်ပုံကြောင့် ဖန်တွေတော်တော်များများရသွားသေးတယ်။” ချူးရွှမ်ဖန်လဲ ပြောလိုက်သည်။
ခေါင်းဆောင်မင်းသားမင်းသမီးတွေလောက်တော့ ချူးဖေ့ဟန်၏ဖန်အရေအတွက်က မများသော်လည်း ဤဇာတ်လမ်းကြောင့် သူမကိုမှတ်မိသွားသည့်လူတွေ တော်တော်များလာခဲ့တာကြောင့် အောင်မြင်သည်ဟု ပြော၍ရသည်။
ချူးဖေ့ဟန်ဘာပဲလုပ်ချင်ချင် ချင်ဂိုဏ်းထဲဝင်တာမျိုး တစ်နေ့လုံး တိုက်ခိုက်နေတာမျိုးမဟုတ်နေသ၍ ချူးရွှမ်ဖန်က အားလုံးလိုက်လျော ထောက်ပံ့ပေးသွားမှာပင်။
ထို့အပြင် ချင်းဟွာလုပ်ငန်းပိုင်ဆိုင်သည့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုလဲရှိသေးတာကြောင့် ချူးဖေ့ဟန် တခြားသော ဖျော်ဖြေရေးလောကမှ ထုတ်ဖော်မပြောထားသည်စည်းမျဉ်းများနှင့် နှောင့်ဖွဲ့ခံရမည့်ရန်ကို ချူးရွှမ်ဖန် ကာကွယ်နိုင်သည်။ အခွင့်အရေးနှင့် ဇာတ်ကောင်အတွက်ကတော့ ချူးဖေ့ဟန်၏လုပ်ဆောင်ချက်အပေါ်သာ မူတည်ပေသည်။
“ဖေ့ဟန်က လှလဲလှ၊ ဉာဏ်လဲထက်ပြီး အရည်အချင်းလဲရှိတော့ တကယ်ကို ဒီလောကနဲ့လိုက်ဖက်တယ်။” ကုနင်းပြန်ပြောလိုက်သည်။
သရုပ်ဆောင်ပိုင်းနှင့်ပတ်သတ်လို့ သူမသိပ်မသိသော်လည်း ချူးဖေ့ဟန်၏အရည်ပါရမီအပေါ် လုကျန်းက အတော်လေးချီးကျူးထားသည်။
ချူးဖေ့ဟန်၏ လုပ်ရည်ကိုင်ရည်က အလွန်ကောင်းနေတာကြောင့် ဇာတ်ကားထဲတွင် ပထမဆုံးအကြိမ်သရုပ်ဆောင်တာဟုတ်ရဲ့လားဟုတောင် လုကျန်းက သူမကိုမေးနေသေးသည်။
အစပိုင်းမှာတော့ ချူးဖေ့ဟန် အမှားတချို့လုပ်ခဲ့မိပေမယ့် လုကျန်း၏လမ်းပြမှုအောက်တွင် အမှန်ကိုပြန်ပြင်နိုင်သွားခဲ့သည်။
ကုနင်းမျက်နှာလဲရှိနေသေးတာကြောင့် လုကျန်းက ဇာတ်ကားထဲတွင် ချူးဖေ့ဟန်ပါရမည့်အပိုင်းကို ပိုထည့်ပေးခဲ့လေသည်။
……
ကုနင်းကပါ သူ့ညီမကို ချီးကျူးလာတာကြောင့် ချူးရွှမ်ဖန် အတော်ကျေနပ်သွားလေသည်။
စားပွဲပေါ်သို့ ဟင်းပွဲများမရောက်လာခင်အထိ အတော်ကြာအောင် သူတို့စကားပြောပစ်ခဲ့ကြသည်။ ဒါ့အပြင် သူတို့အချင်းချင်းသာရှိတာကြောင့် ယဉ်ကျေးနေကြတော့ဘဲ စားသောက်ရင်းနဲ့လဲ စကားဆက်ပြောကြသည်။
“ကုနင်း၊ မင်း မြန်မာက ကျောက်စိမ်းလေလံပွဲကိုသွားတယ်လို့ ငါအက်ဒမ်ဆီက ကြားခဲ့တယ်။ ဘယ်လိုနေလဲ? ကျောက်ရိုင်းတွေ တော်တော်မှရခဲ့ရဲ့လား?” စစ်ထူယဲ့မေးလိုက်သည်။
“အွန်၊ သိပ်မဆိုးလှပါဘူး။ အရည်အသွေးမြင့်တဲ့ ကျောက်ရိုင်းတော်တော်များများ ဝယ်နိုင်ခဲ့တယ်။”
ကျောက်စိမ်းလေလံပွဲတွင် အက်ဒမ်၊အေမီတို့နှင့် ကုနင်းဆုံခဲ့ရသော်လည်း သူမအလုပ်ရှုပ်နေခဲ့တာကြောင့် အေမီကို ဘာမှပညာမပေးခဲ့ရပေ။
နောက်ပိုင်း အေမီကိုလဲ ထပ်မတွေ့တော့တာကြောင့် သူမလဲလက်လျှော့ခဲ့သည်။ သို့သော်လည်း နောက်တစ်ကြိမ် အေမီနှင့်ထပ်တွေ့လျှင်တော့ သူမကိုဒီအတိုင်းလွှတ်ပေးလိုက်ပါမည်ဟု ကတိမပေးနိုင်ပေ။
သူမကိုခွင့်လွှတ်ပေးဖို့ဆိုတာ ကုနင်းအတွက်မဖြစ်နိုင်သော်လည်း သတ်ပစ်သည်အထိတော့ လုပ်မည်မဟုတ်ပေ။
စားသောက်ပြီးနောက်မှာတော့ အားလုံးပြန်ခဲ့ကြသည်။
စစ်ထူယဲ့လဲ သူ့အလုပ်နဲ့သူရှုပ်နေသေးတာကြောင့် ကုနင်းနှင့်အတူ ညစာစားပြီးသည်နှင့် ချက်ချင်းပြန်သွားခဲ့သည်။
…….
အချိန်က အတော်စောနေသေးသော်လည်း ကုနင်းက ညဘက်ကြီးတစ်ယောက်တည်း အပြင်ထွက်လျှောက်သွားရသည်ကို စိတ်မဝင်စားပေ။
ဒါကြောင့် ကောင်းယိကိုသာ ရေပြာအိုင်သို့မောင်းခိုင်းလိုက်သည်။ ကောင်းကတော့ ချောင်ယနှင့်အတူ ဟိုတယ်တစ်ခုတွင် တည်းပေလိမ့်မည်။ ဤမြို့တွင် ကောင်းယိနှင့်ချောင်ယတို့အတွက် တိုက်ခန်းအခုထိမရှိသေးပေ။
သူတို့ ယနေ့မောင်းနေသည့်ကားက ငှားထားခြင်းဖြစ်တာကြောင့် နောက်နေ့မှာတော့ သူမအတွက် ကားတစ်စီးပြင်ပေးထားရန် ကျိုးကျန်းဟုန်ကို ကုနင်းပြောထားပြီးပေပြီ။
ကုနင်း အခုGမြို့မှာရှိနေမှတော့ သခင်ကြီးပိုင်နှင့် သခင်ကြီးဖူတို့ကိုလဲ နေ့လည်စာဖိတ်ကျွေးသင့်တာကြောင့် နောက်နေ့မနက်ရောက်မှ ဖုန်းဆက်လိုက်ဖို့ စိတ်ကူးထားသည်။
….
ကုနင်း တိုက်ခန်းသို့ပြန်ရောက်သည်နှင့် လင်ရှောင်းထင်ထံသို့ စာတစ်စောင်ပို့လိုက်သည်။
ငါးမိနစ်ကြာပြီးနောက်မှာတော့ ကုနင်း၏ဖုန်းက မြည်လာကာ ခေါ်ဆိုသူကတော့ သေချာပေါက် လင်ရှောင်းထင်ပင်။
“ဟိုင်း၊ ရှောင်းထင်၊ ရှင်ဘာတွေလုပ်နေလဲ?”
“ကိုယ်မင်းကို လွမ်းနေတာလေ။” သူတို့ ဒီနေ့မနက်ပိုင်းအထိ အတူရှိနေခဲ့ကြသော်လည်း လင်ရှောင်းထင်ကတော့ ကုနင်းကို လွမ်းနေပေပြီ။
ကုနင်း ပျော်ရွှင်မှုဖြင့်ပြုံးရယ်လိုက်ကာ၊ “ကျွန်မလဲ လွမ်းနေပြီ။”
ထို့နောက် သူမ ယနေ့ စစ်ထူယဲ့နှင့်အတူ ညစာစားဖြစ်ခဲ့သည့်အကြောင်း လင်ရှောင်းထင်ကို ပြောပြလိုက်သည်။
သူမ စစ်ထူယဲ့နှင့်ညစာအတူစားကြောင်းသိရသည်နှင့် လင်ရှောင်းထင်တော့ အနည်းငယ်ဝမ်းနည်းသွားလောက်မှန်း သူမသိသော်လည်း Gမြို့မှာဆိုလျှင် စစ်ထူယဲ့ကိုရှောင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
လင်ရှောင်းထင်လဲ နားလည်တာကြောင့် စိတ်မဆိုးသွားပေ။ ကုနင်းက သူ့တစ်ယောက်တည်းကိုသာ ချစ်ကြောင်းသိနေကာ စစ်ထူယဲ့ဆိုသည်က သူမအတွက် သူငယ်ချင်းမိတ်ဆွေတစ်ဦးသာဖြစ်သည်။
သူတို့ဘယ်လောက်ပဲ မခွဲနိုင်မခွာရက်အောင်ချစ်ကြသည့်ချစ်သူများဖြစ်ပါစေ ကိုယ်ပိုင်လွတ်လပ်ခွင့်တော့ရှိဖို့လိုသေးသည်။ ကုနင်းသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တာကြောင့် သူမအဆက်အသွယ်တွေကို ကျယ်ပြန့်အောင်လုပ်သည်က သဘာဝပင်ဖြစ်သည်။
လင်ရှောင်းထင်သည် စိတ်သဘောထားကျဉ်းမြောင်းသူမဟုတ်သလို ကုနင်းကိုလဲ အဆုံးရှုံးမခံချင်ပေ။
သူမလူသတ်သမားတစ်ယောက်နှင့် ကြုံခဲ့သည့်အကြောင်းကိုတော့ လင်ရှောင်းထင်ကို မပြောပြပေ။ မလိုအပ်ဘဲ လင်ရှောင်းထင် စိုးရိမ်နေပေလိမ့်မည်။
သူတို့တစ်နာရီနီးပါးလောက်ကြာအောင် ဖုန်းပြောဖြစ်ခဲ့ကြသည်။
……
လင်ရှောင်းထင်နှင့် ဖုန်းပြောပြီးသည်နှင့် ကုနင်း သူမတို့WeChatကိုဖွင့်လိုက်သည်။ သူမသူငယ်ချင်းများနှင့် စကားမပြောဖြစ်သည်က အတော်လေးကြာနေပေပြီ။
ကုနင်းသည် WeChatကိုအသုံးပြုခဲတာကြောင့် ရှိမှန်းမေ့တောင်မေ့လုနေခဲ့သည်။
သူမဖွင့်လိုက်သည်နှင့် စာထောင်ပေါင်းများစွာ တလဆတ်ဝင်လာတော့သည်။ အများစုကတော့ ကောလိပ်စာမေးပွဲနီးပြီဖြစ်၍ သူမဘယ်တော့ Fမြို့ကိုပြန်လာမလဲဟု သူမသူငယ်ချင်းတွေးမေးထားကြခြင်းဖြစ်သည်။
အခုချိန် သူမလဲအားနေတာကြောင့် သူတို့နဲ့စကားပြောနေလိုက်သည်။
***
အခန်း ၁၁၅၄ ဆောက်လုပ်ရေးဆိုက်ကို စစ်ဆေးခြင်း
နောက်တစ်နေ့မနက်တွင်တော့ ကုနင်းစောစောထကာ မနက်ပိုင်းအပြေးလေ့ကျင့်ခဲ့သည်။ သူမအိမ်ပြန်လာပြီးနောက်မှာတော့ ရေချိုးအဝတ်အစားလဲလိုက်ပြီး မနက်စာစားလေသည်။
၉နာရီလောက်မှာတော့ ကောင်းယိနှင့်ချောင်ယတို့ ရေပြာအိုင်သို့ရောက်လာကာ ကုနင်းလဲ သူမတိုက်ခန်းမှ ထွက်ခဲ့သည်။
JadeBeautyလက်ဝတ်ရတနာစက်ရုံအထိကို သူတို့တက္ကစီငှားသွားကြကာ စက်ရုံရောက်သည်နှင့် သူတို့အတွက် ကျိုးကျန်းဟုန် ပြင်ပေးထားသည့် ကားကိုပြန်မောင်းလာခဲ့ကြသည်။
ယနေ့အတွက် ကျန်းယန်လမ်းသို့သူတို့သွားရန် စီစဉ်ထားကြသည်။
ထိုပရောဂျက်ကို ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းက တာဝန်ယူထားသော်လည်း သူမကဘော့စ်ဖြစ်သူ Gမြို့ကိုလဲရောက်နေသည်နှင့်ကြုံတာကြောင့် တစ်ခေါက်လောက်သွားစစ်ဆေးကြည့်ဖို့ လိုအပ်ပေသည်။
ကျန်းယန်လမ်းပရောဂျက်ကို ရှန်းဟွာဘက်က အနိုင်ရသွားပြီးနောက် နေထိုင်သူများကို တိုက်ခန်းအသစ်များရှာ၍ ရွှေ့ပြောင်းဖို့ရန်အတွက် အချိန်နှစ်လပေးခဲ့သည်။
မတ်လတွင် မြေစလှန်ခဲ့ကာ အခုဆို မေလလယ်သို့ရောက်နေပေပြီ။ နှစ်လခွဲတောင်ကြာပြီဖြစ်တာကြောင့် ကျန်းယန်လမ်းတွင် စတင်ဆောက်လုပ်ဖို့ရန် အဆင်သင့်ဖြစ်လို့နေပေပြီ။
…….
ကုနင်းတွင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှ ဝင်ထွက်ခွင့်ပါမစ်ရှိတာကြောင့် ရှန်းဟွာနာမည်အောက်က ဘယ်ဆောက်လုပ်ရေးဆိုက်ကိုမဆို သူမဝင်နိုင်ထွက်နိုင်ပေသည်။
ကုနင်းကိုင်ထားသည့်ဝင်ထွက်ခွင့်ပါမစ်က ခေါင်းဆောင်ပိုင်းတွေကိုင်တာမျိုးဖြစ်တာကြောင့် လုံခြုံရေးအစောင့်က သူမကိုချက်ချင်းဝင်ခွင့်ပေးကာ အထွေထွေကြီးကြပ်ရေးမှူးကိုပါ ဆက်သွယ်ပေးခဲ့သည်။
ကုမ္ပဏီမှခေါင်းဆောင်တစ်ယောက်ရောက်နေမှန်းသိရသည်နှင့် အထွေထွေကြီးကြပ်ရေးမှူးလဲ သူ့ရုံးခန်းထဲကနေ အလျင်အမြန်ထွက်လာခဲ့လေသည်။ သို့သော်လည်း သူမရောက်ခင်လေးမှာပဲ လူတွေအများကြီးအချေအတင်အငြင်းပွားနေကြသည်ကို ကုနင်းမြင်သွားခဲ့သည်။ ကြည့်ရတာ ရန်ပွဲတောင်ဖြစ်လာတော့မည့်ပုံပင်။
“ကျန်းရွှင်း၊ ငါမင်းကိုတစ်လျှောက်လုံးသည်းခံလာပြီးပြီ။ မင်းအလုပ်မကြိုးစားရင်တောင်မှ ငါတို့ကိုတော့ မဝေဖန်သင့်ဘူး။ မင်းကိုယ်မင်းဘာထင်နေလဲ? မင်းကကြီးကြပ်ရေးမှူးလား?” အသက်၂၀အရွယ်လူငယ်တစ်ယောက်က အသက်၂၇နှစ်အရွယ်အမျိုးသားကို ဒေါသတကြီးအော်ဟစ်နေလေသည်။
“ငါက ကြီးကြပ်ရေးမှူးတော့မဟုတ်ဘူးဆိုပေမယ့် ငါ့ဦးလေးက ကြီးကြပ်ရေးမှူးပဲ။ ငါ့ဦးလေးက မင်းတို့ကိုမျက်စိဒေါက်ထောက်ကြည့်ထားဖို့ ပြောထားတယ်။” ကျန်းရွှင်းအမည်ရအမျိုးသားက အတော်လေးမောက်မာပေသည်။
“မင်းကိုယ်မင်း ကျွမ်းကျင်ပညာရှင်များထင်နေလား? မင်းဆက်လုပ်ရေးအကြောင်း ဘာမှနားမလည်ဘဲ ငါတို့ကို အမိန့်တွေဆက်မပေးနဲ့တော့။” လူငယ်ကပြန်ပြောလိုက်သည်။ “ပြီးတော့ အလုပ်မှာမင်းတစ်ခုခုမှားသွားလဲ ဘယ်တုန်းကမှ တာဝန်မယူဘူး။ မင်းဒီလိုအမြဲတမ်းခေါင်းရှောင်နေလို့ရမယ်များထင်နေလား?”
“ဟုတ်တယ်!” နောက်ကလူတွေအများကြီးကပါ လူငယ်လေး၏စကားကို ဝိုင်းထောက်ခံလာကြသည်။
ကျန်းရွှင်းအနည်းငယ်လန့်သွားသော်လည်း ချက်ချင်းပြန်ချေပလေသည်။ “ငါ့ကိုအပြစ်လာမတင်နဲ့။ မင်းတို့ဘာသာ ငါ့စကားကိုနားမထောင်လို့ အပြစ်ပေးခံရတာ။”
“မင်း…” ကျန်းရွှင်းက သူတို့ဘက်ကိုသာ အပြစ်တွေအားလုံးပုံချနေတာကြောင့် တခြားလူတွေဒေါသထွက်ကုန်ကြလေသည်။ “ဒါမင်းအမှားတွေလေ…”
“အဲ့တော့ဘာဖြစ်လဲ? မင်းတို့ငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ? မင်းတို့ဒီမှာ ငါနဲ့အလုပ်မလုပ်နိုင်ရင်ထွက်သွားကြ!” ကျန်းရွှင်း ပိုပြီးကျယ်ကျယ်ထပ်ပြောလိုက်သည်။
တခြားလူတွေမှာ အလွန်ဒေါသထွက်နေကြသော်လည်း ကျန်းရွှင်းသည် ကြီးကြပ်ရေးမှူး၏တူဖြစ်နေတာကြောင့် သူတို့အမှန်ကိုဘာမှမလုပ်နိုင်ပေ။
သူ့အပြုအမူတွေကို သူတို့သည်းမခံနိုင်ကြသော်လည်း အလုပ်တစ်ခုကတော့လိုနေသေးသည်။ အထူးသဖြင့် ရှန်းဟွာကပေးသည့်လစာ အတော်လေးမြင့်နေသည်။
လူငယ်လေးသည် အခုမှ၁၂တန်းသာရှိသေးသော်လည်း လွန်ခဲ့သည့်နှစ်လလောက်တုန်းက သူတို့မိသားစုတွင် ဆိုးရွားလှသည့်အခြေအနေနှင့်ကြုံတွေ့ခဲ့ရသည်။ သူတို့မိသားစုကိုလုပ်ကိုင်ကျွေးမွေးနေခဲ့သည့် သူ့အဖေသည် ဆောက်လုပ်ရေးဆိုက်တွင် ခြေထောက်ကျိုးသွားခဲ့ကာ သူ့မိသားစုကလဲ သူ့ကိုတက္ကသိုလ်ဆက်ထားဖို့မတတ်နိုင်တော့တာကြောင့် သူလဲကျောင်းထွက်ပြီး ရရာအလုပ်ဝင်လုပ်ခဲ့ရသည်။
သူတို့တွေ ကျန်းရွှင်းကိုဘာလုပ်ရမလဲမသိဖြစ်နေသည့်အချိန်မှာပဲ သူတို့အနားကနေပြီး မိန်းကလေးသံတစ်သံထွက်လာခဲ့သည်။
“သူကတော့ မင်းကိုအပြစ်မပေးနိုင်ပေမယ့် ငါကတော့လုပ်နိုင်တယ်။”
ထိုအသံကြောင့် အားလုံး ကုနင်းကိုလှည့်ကြည့်လာကာ သူမ၏အလှကြောင့် မှင်သက်ကုန်ကြသည်။
“မင်းကဘယ်သူလဲ?” ကျန်းရွှင်းမေးလိုက်သည်။
“ငါဘယ်သူလဲ မင်းသိစရာမလိုပါဘူး။ ဒါပေမယ့် မင်းက ဒီဆောက်လုပ်ရေးဆိုက်ရဲ့စည်းမျဉ်းတွေကို မလိုက်နာခဲ့တဲ့အတွက် ငါ့မှာ မင်းကိုအလုပ်ထုတ်ပိုင်ခွင့်ရှိတယ်။” ကုနင်း၏အသံကအေးစက်လာလေသည်။
ကျန်းရွှင်းကြောက်လန့်သွားတော့သည်။ သူ့ရှေ့ကမိန်းကလေးသည် အာဏာရှိသူတစ်ယောက်ယောက်ဖြစ်နိုင်သော်လည်း သူကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
“ငါက ကြီးကြပ်ရေးမှူးရဲ့တူကွ!” ကျန်းရွှင်းပြောလိုက်သည်။ ကုနင်းကို သူ့အထောက်အထားနှင့်ဖိနှိပ်နေချင်သေးလေသည်။ သူ့အမြင်မှာတော့ ကြီးကြပ်ရေးမှူးတစ်ယောက်သည် အလွန်အာဏာရှိသော်လည်း ကုနင်းအတွက်တော့ ဘာမှမဟုတ်ပေ။
အောက်ခြေလူတန်းစားတွေကို ကုနင်းအထင်သေးတာမဟုတ်သော်လည်း ဒီလိုသိုးမည်းမျိုးတွေကိုတော့ လက်မခံနိုင်ပေ။
သူမမျက်မြင်တွေ့လိုက်ရတာသာမဟုတ်ရင်တော့ လျစ်လျူရှုထားလိုက်မှာဖြစ်သော်လည်း အခုလိုတွေ့မြင်လိုက်ရပြီးမှတော့ ဘာမှမလုပ်ဘဲရပ်ကြည့်မနေနိုင်ပေ။
ကြီးကြပ်ရေးမှူးလာနေသည်ကို ကုနင်းလှမ်းမြင်လိုက်ရတာကြောင့် ကျန်းရွှင်းနှင့်အချိန်ကုန်ခံ အချေအတင်ပြောမနေတော့ပေ။
ကြီးကြပ်ရေးမှူးကိုမြင်သည်နှင့် အားလုံးတိတ်သွားကြသည်။
အထွေထွေကြီးကြပ်ရေးမှူးသည် အသက်၃၄နှစ်ရှိပြီဖြစ်ပြီး ရှန်းနဉ်လုပ်ငန်းစုကနေ ဤနေရာသို့တာဝန်ပေးထားခြင်းဖြစ်တာကြောင့် ကုနင်းကိုသိလေသည်။
ကုနင်းကို ရှန်းနဉ်လုပ်ငန်းစု၏တည်ထောင်သူမှန်းတော့ သူမသိပေမယ့် အန်းကွမ်းယောင်နှင့်နီးကပ်သည့်ဆက်ဆံရေးရှိမှန်း သိပေသည်။ သူမဘယ်သူပဲဖြစ်ဖြစ် သေချာပေါက်အရေးပါသည့်လူမှန်းတော့သိသည်။
ထို့အပြင် ကုနင်းသည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ဘော့စ်ဖြစ်မှန်းလဲ သူသိထားသေးသည်။ သို့သော်လည်း ကုနင်းအကြောင်းအလုံးစုံကိုတော့ မသိပေ။
သူက သတင်းဖတ်လေ့သိပ်မရှိတာကြောင့် ကုနင်းဘယ်လောက်တောင် စွမ်းဆောင်ထားလဲဆိုတာကိုမသိတာတောင်မှ ကုနင်းကိုအတော်လေးစားနေသူဖြစ်သည်။ ဒါကြောင့် ကုနင်းကို အပြင်တွင်မြင်တွေ့လိုက်ရသည်နှင့် စိတ်လှုပ်ရှားသွားတော့သည်။ “တွေ့ရတာဝမ်းသာပါတယ်၊ မစ္စကု။”
အထွေထွေကြီးကြပ်ရေးမှူးက ကုနင်းကိုယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်တာကြောင့် ကျန်းရွှင်း ထိတ်လန့်သွားတော့သည်။
“အထွေထွေကြီးကြပ်ရေးမှူးချန်၊ ဒီဆောက်လုပ်ရေးဆိုက်ရဲ့ကြီးကြပ်ရေးမှူးက ဘယ်မှာလဲ?” ကုနင်းမေးလိုက်သည်။
အထွေထွေကြီးကြပ်ရေးမှူးသည် ဆောက်လုပ်ရေးဆိုက်တစ်ခုလုံးအတွက် တာဝန်ရှိကာ ကြီးကြပ်ရေးမှူးသည်တော့ ဆောက်လုပ်ရေးလုပ်သားများ၏ခေါင်းဆောင်ဖြစ်သည်။
အထွေထွေကြီးကြပ်ရေးမှူးချန် မျက်မှောင်ကြုတ်သွားကာ ဘေးကိုတစ်ချက်ဝေ့ကြည့်လိုက်ပေမယ့် ကြီးကြီးရေးမှူးကျန်းကိုမတွေ့ပေ။ ဒါကြောင့် “ကြီးကြပ်ရေးမှူးကျန်း ဘယ်မှာလဲ?”ဟု အလုပ်သမားတစ်ယောက်ကို မေးလိုက်သည်။
“ကြီးကြပ်ရေးမှူးကျန်းက သူမာကျောက်သွားကစားမှာမို့ ကျန်းရွှင်းကို ကျွန်တော်တို့ကို ကြီးကြပ်ထားဆိုပြီး ကျန်းရွှင်းနဲ့ပြောနေတာ ကျွန်တော်ကြားလိုက်တယ်။” လူငယ်လေးကပြောလိုက်သည်။
တကယ်တော့ ကြီးကြပ်ရေးမှူးကျန်းသည် အလွန်ပျင်းရိကာ ခဏခဏပျက်ကွက်တတ်ကြောင်း သူတို့အားလုံးသိကြပေမယ့် ဘယ်သူမှအထွန့်မတက်ရဲကြပေ။ သို့သော်လည်း ကုနင်းရောက်လာတာကြောင့် အားလုံးပြောင်းလဲသွားကြကာ သတ္တိတွေရှိလာတော့သည်။
***
အခန်း ၁၁၅၅ အလုပ်ချိန်မှာ မာကျောက်ကစားတယ်?
ဒီမိန်းကလေးက ဆောက်လုပ်ရေးအလုပ်သမားများဘက်က ရပ်တည်ပေးနေကာ သူမတွင် ဤနေရာမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိလောက်သည့်ပုံလဲပေါ်သည်။
“အလုပ်ချိန်ကြီးမှာ သူကမာကျောက်သွားကစားနေတယ်? အဓိပ္ပါယ်မရှိလိုက်တာ!” အထွေထွေကြီးကြပ်ရေးမှူးချန် ဒေါသထွက်သွားတော့သည်။
ကြီးကြပ်ရေးမှူးကျန်းသည် သူ့ရှေ့မှာဆို အမြဲတမ်းကောင်းကောင်းအလုပ်လုပ်ပြနေတာကြောင့် သူ့ကိုသိပ်အာရုံမထားနေတော့တာဖြစ်ပေမယ့် အခုတော့ ကြီးကြီးရေးမှူးကျန်း ဤဆောက်လုပ်ရေးပရောဂျက်ကို ကြီးကြပ်ဖို့ပေါ့ပေါ့ဆဆနှင့်ဂရုမစိုက်မှန်း သိလိုက်ရပေပြီ။
အထွေထွေကြီးကြပ်ရေးမှူးချန်လဲ သူ့အမှားအတွက် သူ့ကိုယ်သူသာ အပြစ်တင်မိတော့သည်။
အထွေထွေကြီးကြပ်ရေးမှူးချန် ဒေါသထွက်သွားသည်နှင့် ကျန်းရွှင်းကြောက်လန့်လာသော်လည်း လောလောဆယ် သူ့ဦးလေးဘက်က မရပ်တည်ပေးရဲပေ။
“ဒါမျိုး မကြာခဏဖြစ်နေကြလား?” ကုနင်း လူငယ်လေးကိုမေးလိုက်သည်။
“ဟုတ်တယ်၊ ဒီရက်တွေအတွင်း ကြီးကြပ်ရေးမှူးကျန်းကို မတွေ့ရသလောက်ပဲ။”
ထိုအကြောင်းကြားလိုက်သည်နှင့် အထွေထွေကြီးကြပ်ရေးမှူးချန် ပိုလို့တောင်ဒေါသထွက်သွားတော့သည်။ ကြီးကြပ်ရေးမှူးတစ်ယောက်ဆိုတာ သူတာဝန်ယူရသည့် ဆောက်လုပ်ရေးပရောဂျက်ကို မျက်စိဒေါက်ထောက် ဂရုစိုက်ကြည့်နေသင့်သည် မဟုတ်ရင် သူ့ကို ပေးထားသည့်လစာနဲ့ဘယ်ထိုက်တန်ပေတော့မလဲ။
“ကျွန်မတို့ သူ့ကိုဆက်ထားလို့မဖြစ်ဘူး။ အထွေထွေကြီးကြပ်ရေးမှူးချန် ကြီးကြပ်ရေးမှူးကျန်းနဲ့ကျန်းရွှင်းတို့ကို အလုပ်ထုတ်ပေးပါ၊ ဥက္ကဌအန်းကို ကျွန်မနောက်မှပြောလိုက်ပါ့မယ်။” ကုနင်းပြောလိုက်သည်။
“ကောင်းပါပြီ။” ကုနင်းက သူ့ကိုအမိန့်ပေးမလာလျှင်တောင်မှ သူ ကြီးကြပ်ရေးမှူးကျန်းကို အလုပ်ထုတ်ဦးမှာပင်။ ကျန်းရွှင်းကိုပါ ကုနင်းဘာကြောင့် ထုတ်ပစ်ချင်မှန်း သူနားမလည်သော်လည်း အကြောင်းအရင်းတော့ရှိမည်မှန်း သိပေသည်။
ကြီးကြပ်ရေးမှူးကျန်းနှင့်ကျန်းရွှင်းတို့ အထုတ်ခံရမည်မှန်းကြားရသည်နှင့် တခြားအလုပ်သမားတွေအားလုံး ပျော်ရွှင်ကုန်တော့သည်။ သူတို့ကို ဘယ်သူကမှ,မှ သဘောမကျကြဘဲ။
“မ-မစ္စကု၊ ကျွန်တော့်ကို နောက်ထပ်အခွင့်အရေးတစ်ကြိမ်လောက်ပေး,ပေးပါ! ကျွန်တော် နောက်ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်!” ကျန်းရွှင်းလဲ အမြန်အဆန်ပဲ ကုနင်းကို တောင်းပန်တော့သည်။ ဤနေရာတွင် သူလစာအမြင့်ကြီးရတာကြောင့် မထွက်သွားလိုပေ။ ဒါ့အပြင် သူကလဲ ပညာတတ်တစ်ယောက်မဟုတ်တာကြောင့် နောက်ထပ် ဒီလိုအလုပ်ကောင်းမျိုးရှာတွေ့ဖို့ဆိုတာ မလွယ်လှပေ။
သို့သော်လည်း ကုနင်းကတော့ သူ့ကိုလျစ်လျူရှုထားကာ လူငယ်လေးကိုကြည့်လိုက်သည်။ “မင်းနေခဲ့ဦး။ တခြားလူတွေတွေ အလုပ်ဆီပြန်လို့ရပြီ။”
ထို့နောက် လူငယ်လေးနေခဲ့ကာ ကျန်လူများကတော့ ပြန်သွားကြသည်။
“အထွေထွေကြီးကြပ်ရေးမှူးချန်၊ ကျေးဇူးပြုပြီး ကျန်းရွှင်းကို ထုတ်ပယ်တာနဲ့ပတ်သတ်လို့ လိုအပ်တာတွေ အပြတ်ဖြတ်ပေးပါဦး။”
“ကိစ္စမရှိပါဘူး။ မစ္စကု လိုအပ်တာရှိရင် ဘာပဲဖြစ်ဖြစ်ပြောပါ။” အထွေထွေကြီးကြပ်ရေးမှူးချန်ပြောပြီးသည်နှင့် ကျန်းရွှင်းကိုခေါ်ကာ ထွက်သွားတော့သည်။
ကျန်းရွှင်းမှာ ထွက်မသွားလိုသော်လည်း သူ့မှာရွေးချယ်ခွင့်မရှိနေပေ။
“မစ္စကု၊ ငါဘာများလုပ်ပေးရမလဲ?” ကုနင်းနှင့်ကျန်ရစ်ခဲ့ရတာကြောင့် လူငယ်လေး အတော်စိတ်ပူပန်နေလေသည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ?” ကုနင်း ထိုလူငယ်အပေါ် အမြင်ကောင်းရှိနေတာကြောင့် မေးလိုက်သည်။
သူ့အသက်အရွယ်လောက်ဆို ပညာသင်နေသင့်တာဖြစ်ပေမယ့် ဒီနေရာမှာ အလုပ်ကြမ်းလုပ်နေတာကြောင့် အကြောင်းအရင်းတော့ ရှိရမည်။
ကုနင်း ထိုကောင်လေးအကြောင်း ပိုသိချင်တာကြောင့် သူ့ကိုနေခဲ့ဖို့ပြောလိုက်သည်။ ဤလူငယ်သည် အလားအလာအလွန်ရှိသည်ဟု ကုနင်းခံစားမိကာ သူမခံစားချက်အပေါ်လဲ ယုံကြည်သည်။ ထိုသို့သာ မခံစားမိပါက သူစိမ်းတစ်ယောက်အပေါ် သူမအချိန်တွေကို ဖြုန်းနေမည်မဟုတ်ပေ။
“ယွမ်မြောင်ပါ။”
“မင်းအသက်ဘယ်လောက်ရှိပြီလဲ?”
“၁၉နှစ်။” ကုနင်းဘာကြောင့် သူ့ကိုဒါတွေမေးနေမှန်း ယွမ်မြောင်နားမလည်သော်လည်း သေချာဖြေပေးနေစဲပင်။
“၁၉နှစ်ပဲရှိသေးတာလား? ဒီအသက်နဲ့ဆို ကျောင်းတက်နေရဦးမှာပေါ့။ ဘာလို့အလုပ်ထွက်လုပ်နေရတာလဲ?”
ရုတ်တရက် ယွမ်မြောင်ဝမ်းနည်းသွားသော်လည်း သိပ်မကြာလိုက်ပါဘဲ သူ့ခံစားချက်တွေကို ပြန်ထိန်းချုပ်လိုက်သည်။ သူ့ကိုတခြားလူတွေ ပျော့ညံ့သည်ဟု မထင်သွားစေလိုပေ။
သူ့အမူအရာကိုကြည့်ရုံနှင့် ပညာဆက်သင်ချင်နေသေးပေမယ့် အခက်အခဲတစ်စုံတစ်ရာကြောင့် မလုပ်နိုင်ခြင်းဖြစ်မှန်း ကုနင်းသိလိုက်သည်။ သူမအထင်အတိုင်းပင်။
“ငါ ဒီနှစ်၁၂တန်းတက်နေတာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရမှာဆိုပေမယ့် လွန်ခဲ့တဲ့နှစ်လကပဲ ငါ့အဖေ မတော်တဆမှုဖြစ်သွားတယ်။ သူက ငါ့မိသားစုကို ရှာကျွေးနေတဲ့တစ်ယောက်တည်းသောသူဆိုတော့ ငါလဲ ကျောင်းထွက်ပြီး ငါ့မိသားစုကို ထောက်ပံ့ဖို့ ဒီမှာအလုပ်လာလုပ်တာပါ။” ယွမ်မြောင်ပြန်ဖြေလိုက်သည်။ သူဆက်ပြီးပညာသင်ချင်သေးသော်လည်း သူ့အတွက်တော့ သူ့မိသားစုက ပိုအရေးကြီးပေသည်။
“မင်းတို့အတန်းမှာ မင်းရဲ့အဆင့်ဘယ်လောက်ထိရှိလဲ?” (၁၂တန်းအားလုံး)
“အမြဲတမ်း အဆင့်၂၀ထဲဝင်တယ်။” ယွမ်မြောင်ဂုဏ်ယူစွာပြောလိုက်သော်လည်း ချက်ချင်းပင် ပြန်လည်ညှိုးငယ်သွားသည်။ သူ့ကိုယ်သူအရမ်းထူးချွန်သည့်အတွက် အမြဲတမ်းဂုဏ်ယူနေခဲ့သည်။ သို့သော်လည်း သူဘယ်လောက်ပဲ တော်နေပါစေ နောက်ဆုံးတော့ ပညာရေးကိုလက်လျှော့လိုက်ရပေပြီ။
ကုနင်းကတော့ အတော်လေးအံ့ဩသွားခဲ့သည်။ ယွမ်မြောင်သည် သူတို့ကျောင်းမှာ ဒီလောက်ထူးချွန်သည့်ကျောင်းသားတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူမမထင်ထားပေ။ ဒီလိုဆို ပညာရေးကိုဆုံးခန်းတိုင်အောင် မသင်လိုက်ရတာက သူ့အတွက် အတော်လေးနစ်နာရတာပေါ့။
“တကယ်လို့ မင်းတက္ကသိုလ်တက်ဖြစ်ရင် ဘယ်မေဂျာကိုရွေးမယ်လို့ တွေးထားဖူးလဲ?”
ကုနင်း ဘာကြောင့်များ သူ့ပညာရေးနဲ့ပတ်သတ်လို့ မေးခွန်းတွေဆက်တိုက်မေးနေလဲဆိုတာကို ယွမ်မြောင်နားမလည်နိုင်တော့ပေ။ ထိုအကြောင်းတွေတွေးမိတိုင်း သူဝမ်းနည်းရတာကြောင့် အများကြီးမပြောချင်သော်လည်း ကုနင်းက ဘော့စ်ဖြစ်နေတာကြောင့် သူ့မှာ သူမမေးတာတွေကို ဖြေဖို့တာဝန်ရှိနေသည်။
“ဆောက်လုပ်ရေးဒီဇိုင်းဘက်လို့တော့ တွေးထားတယ်။”
“ဘာလို့ရွေးတာလဲကော ပြောပြလို့ရလား?”
ယွမ်မြောင် စက္ကန့်ပိုင်းမျှ ရပ်တန့်သွားပြီးကာမှ ဆက်ပြီး၊ “အမ်… ငါ့အဖေက ဗိသုကာပညာရှင်ဖြစ်ခဲ့တာဆိုတော့ သူ့ဆီကနေ အများကြီးသင်ယူခဲ့ရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ့အဖေဆီကနေ လူတစ်ယောက် ဒီဇိုင်းတွေခိုးသွားပြီး ငါ့အဖေကိုတောင် ပြန်စွပ်စွဲသွားခဲ့တယ်။ အဲ့ဒီလူရဲ့မိသားစုက အင်အားကြီးပေမယ့် ငါတို့မိသားစုကတော့ သာမာန်ပဲလေ။ ဒါကြောင့် ငါ့အဖေလဲ သူ့ဒီဇိုင်းကိုပြန်မရတဲ့အပြင် ဂုဏ်သတင်းလဲပျက်စီးသွားတယ်။ ငါ့အဖေလဲ ဆက်ပြီး ဗိသုကာပညာရှင်အဖြစ် အလုပ်ဆက်လုပ်လို့မရတော့တာကြောင့် ဆောက်လုပ်ရေးဆိုက်တွေမှာ အလုပ်လုပ်ပြီး ငွေရှာခဲ့၇တယ်။”
ထိုအကြောင်းပြောပြနေရင်း ယွမ်မြောင် ငိုချင်လာမိတော့သည်။
ကုနင်းလဲ ဇာတ်ကြောင်းကိုနားထောင်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။
ယွမ်မြောင်အဖေက ဗိသုကာပညာပိုင်းတွင် အဆင့်ဘယ်လောက်ပဲဖြစ်နေပါစေ ဗိသုကာပညာရှင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်ဆိုမှတော့ ထူးချွန်သူဖြစ်ပေမည်။ ယွမ်မြောင်ကလဲ သူ့အဖေဆီကနေ သင်ယူခဲ့တယ်ဆိုတော့ သေချာပေါက် သူတို့ဗိသုကာလောကတွင် ရွယ်တူများထက်တော့ ပိုပြီးသာလောက်သည်။ သူ့အဖေဖြစ်သူက ဤနယ်ပယ်ကနေပြီး ထွက်ခွာခဲ့ရပေမယ့် သူကတော့ ဝင်ချင်နေသေးတာကြောင့် ဆုံးဖြတ်ချက်ခိုင်မာသူဖြစ်ကြောင်း ပြနေသည်။
“မင်းဆက်ပြီး ပညာသင်လို့ရဦးမယ်ဆိုရင်ရော အဆောက်အဦးဒီဇိုင်းမေဂျာကိုပဲ ရွေးဦးမှာလား?”
“သေချာတာပေါ့။” ယွမ်မြောင် ချက်ချင်းပြန်ဖြေလိုက်သော်လည်း ခေါင်းငိုက်ဆိုက်ပြန်ကျသွားကာ၊ “ဒါပေယ့် ဖြစ်နိုင်တော့မယ်မထင်ပါဘူး။”
***
အခန်း ၁၁၅၆ အခြေအနေတစ်ခုကိုလက်ခံရမယ်
“မင်းသာ ငါပြောမယ့်အခြေအနေတစ်ခုကို သဘောတူသ၍ ဖြစ်နိုင်ပါသေးတယ်။” ကုနင်းပြန်ပြောလိုက်သည်။ “မင်းရဲ့ပညာရေးဆုံးခန်းတိုင်အောင်နဲ့ မင်းအဖေရဲ့ခြေထောက်ကို ကုသဖို့အတွက် ငါထောက်ပံ့ပေးနိုင်တယ်။”
ယွမ်မြောင်သာ အနာဂါတ်မှာ သူမအတွက် အလုပ်လုပ်ပေးနိုင်လျှင် မဆိုးလှဟု ကုနင်းတွေးမိသည်။ သူမသာ သူ့ကိုပံ့ပိုးပေးလိုက်လျှင် ဒီလူငယ်က သူမကိုသေချာပေါက် သစ္စာရှိသွားပေမည်။
ယွမ်မြောင်တစ်ယောက် ထိတ်လန့်အံ့ဩလွန်းကာ မျက်လုံးများပြူးကျယ်နေပြီး သူ့နားသူမယုံနိုင်ဖြစ်နေတော့သည်။
“မစ္စကု၊ မင်းတကယ်ပြောနေတာလား?” ယွမ်မြောင်မေးလိုက်သည်။
ကုနင်းပြုံးလိုက်ကာ၊ “ဒါပေါ့၊ မင်းရဲ့ပြဿနာတွေကို ဖြေရှင်းပေးပြီး မင်းကိုကူညီချင်တယ်။”
“တကယ်လား? ငါ-ငါမယုံနိုင်သေးဘူး!” ယွမ်မြောင် အလွန်ပျော်ရွှင်သွားကာ အံ့အားသင့်နေခဲ့သည်။ သူတကယ်ပဲ ကျောင်းဆက်တက်ချင်ပေမယ့် အရင်ဆုံး သူ့အဖေကိုသာ ကုသပေးချင်သည်။
သူ့အဖေက ခြေထောက်ကျိုးသွားရုံသာဖြစ်သော်လည်း သူ့အဖေအလုပ်မလုပ်နိုင်တော့တာကြောင့် မိသားစုမှ ငွေမလောက်တော့ပေ။ ဒါ့အပြင် သူတို့မိသားစုကလဲ အစကတည်းက မချမ်းသာတာကြောင့် ဆေးဖိုးဝါးခမတတ်နိုင်ကြတော့ပေ။
“ဟုတ်တယ်။” ကုနင်းသေချာထပ်အတည်ပြုပေးလိုက်သည်။
“ဒါဆို အခြေအနေဆိုတာက?” ယွမ်မြောင်မေးလိုက်သည်။ သူဒီအခွင့်အရေးကို လိုချင်တယ်ဆိုပေမယ့် ကုနင်းက သူ့ကိုဥပဒေနဲ့မလွတ်ကင်းတာ တစ်ခုခုလုပ်ခိုင်းလာမှာကိုလဲ ကြောက်နေမိပြန်သည်။ သူက အရမ်းသတိကြီးတာကြောင့် အလွယ်လေး အရင်သဘောမတူပစ်ပေ။
သူက ငယ်ရွယ်သေးကာ လူမှုပတ်ဝန်းကျင်တွင် အတွေ့အကြုံမရှိသေးဘူးဆိုသော်လည်း တည်တည်ငြိမ်ငြိမ်ရှိနေနိုင်သည်။
“မင်းဘွဲ့ရပြီးသွားရင် ရှန်းဟွာအိမ်ခြံမြေမှာ ဆယ်နှစ်တာ အလုပ်သမားစာချုပ်မှာ လက်မှတ်ထုးရမယ်။ ပြောရရင်တော့ မင်းရဲ့အနာဂါတ်မှာ အနည်းဆုံး၁၀နှစ် ရှန်းဟွာအိမ်ခြံမြေအတွက် အလုပ်လုပ်ပေးရမှာပေါ့။ မင်းအတွက် သင့်တင့်တဲ့လစာလဲရမယ်၊ ဆယ်နှစ်ပြီးလို့ မင်းထွက်သွားမလား ဆက်နေမလားဆိုတာလဲ ရွေးချယ်ခွင့်ရှိမယ်။”
၁၀နှစ်ဆိုသည့်အချိန်က တိုတောင်းသည်လဲမဟုတ်သလို အရမ်းလဲမကြာပေ။
ယွမ်မြောင်သာ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းက သူ့အရည်အချင်းတွေကို သွေးပေးဖို့ နေရာကောင်းတစ်ခုဟုတွေးလျှင် ဆက်နေပေလိမ့်မည်။ မဟုတ်လို့ ပိုကောင်းသည့်ကုမ္ပဏီကို ထွက်သွားချင်လျှင်လဲ ကုနင်းက သူ့ကိုဆက်နေဖို့ဆိုပြီး ဖိအားပေးမည်မဟုတ်ပေ။
ကုနင်းသည် အရည်အချင်းရှိသည့်လူများကို သဘောကျပေမယ့် သူတို့တွေ သူမအတွက် စိတ်ပါလက်ပါလုပ်ပေးကြဖို့လဲ မျှော်လင့်သည်။ ဒီအခြေအနေက အနည်းငယ်တင်းကျပ်ရာရောက်တာကြောင့် ယွမ်မြောင် သဘောတူပါ့မလားကို သူမ,မသိပေ။
ကုနင်းပြောသည့်အခြေအနေကို နားထောင်ပြီး ယွမ်မြောင် ထပ်အံ့ဩသွားခဲ့ရပြန်သည်။
ဘာ? ငါက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနဲ့ ဆယ်နှစ်တာ အလုပ်သမားစာချုပ်ချုပ်ရမှာလား?
ထိုအခြေအနေက ကျိုးကြောင်းမသင့်ဘူးဟု ယွမ်မြောင်တွေးနေခြင်းမဟုတ်ဘဲ သူ့အတွက် အကျိုးရှိသည်ဟုသာ တွေးနေခြင်းဖြစ်သည်။ အခုခေတ် ဘွဲ့ရတွေအတွက်တောင် အလုပ်ကောင်းတစ်ခုရဖို့ဆိုတာ လွယ်နေတာမှမဟုတ်ဘဲ။
ဘာကြောင့်များ ကုနင်းက သူ့ကို ဒီလောက်အကြာကြီးစောင့်ပေးမှာလဲဆိုသည်ကို ယွမ်မြောင် နားမလည်နိုင်တော့ပေ။
သူ့ကို တက္ကသိုလ်တစ်ခုက လက်ခံသွားသည်ဆိုလျှင်တောင်မှ သေချာပေါက် ထူးချွန်သည့်ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လာမည်ဟု မဆိုလိုပေ။
ဒါကြောင့် ယွမ်မြောင်မေးလိုက်သည်။ “မစ္စကု၊ ဒီအခြေအနေက လုံးဝငါ့ဘက်ကအသာကြီးပဲ။ မင်းဘာလို့ ဒီလိုလုပ်ချင်ရလဲဆိုတာ ငါနားမလည်နိုင်တော့ဘူး။ ကမ္ဘာပေါ်မှာ အရည်အချင်းရှိပြီးသားဗိသုကာပညာရှင်တွေ မှိုလိုပေါက်နေတာပဲကို။ ဘာလို့ သူတို့ကိုမငှားတာလဲ? ငါသာ အနာဂါတ်မှာ ထူးချွန်တဲ့ဗိသုကာပညာရှင်ဖြစ်လာခဲ့ရင် ရှန်းဟွာအတွက် အသုံးမဝင်ဖြစ်သွားမှာပေါ့။”
ကုနင်းပြုံးလိုက်သည်။ ငွေထက် သစ္စာတရားကိုပိုတန်ဖိုးထားသည့် ဉာဏ်ကောင်းသူတွေကို သူမသဘောကျကာ ယွမ်မြောင်သည်လဲ ထိုလူများထဲတွင်ပါဝင်မည်ဟု သူမယုံကြည်ပေသည်။ လူတစ်ယောက်၏သစ္စာတရားကို စမ်းသပ်ဖို့ဆိုတာ အချိန်လိုကြောင်း သူမနားလည်တာကြောင့် စိတ်ရှည်ရှည်ထားမှဖြစ်မည်။
“မင်းပြောတာမှန်ပါတယ်။ ဒီလိုသာဆို ငါ့ကုမ္ပဏီအနာဂါတ်အတွက် ဘာမှကောင်းမှာမဟုတ်ဘူး၊ ဒါပေမယ့် ငါက ငါ့ဆုံးဖြတ်ချက်ကိုရော မင်းကိုပါ ယုံကြည်တယ်။” ကုနင်းပြန်ပြောလိုက်သည်။ “မင်း ငါ့ကို မင်းကိုအရမ်းကူညီပေးချင်နေတဲ့ ကြင်နာတတ်တဲ့လူတစ်ယောက်လို့ သတ်မှတ်လိုက်လဲရပါတယ်။”
ယွမ်မြောင် မှင်သက်သွားတော့သည်။ သူ့ဘက်က ဘာကမ်းလှမ်းနိုင်မှုမှမရှိနေချိန်မှာတောင် သူစိမ်းတစ်ယောက် သူ့ကိုဒီလောက်ကြင်နာမှုပေးလိမ့်မည်ဟု တစ်ခါမှမမျှော်လင့်ထားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးပေါ်မှာ လူဆိုးတွေထက် လူကောင်းတွေက ပိုများကြတာပဲ။
ကုနင်းက သူ့ကိုကူညီချင်နေမှတော့ ယွမ်မြောင် ဘာမှဆက်မမေးတော့ပေ။
“ကျေးဇူးအများကြီးတင်ပါတယ်၊ မစ္စကု။ ငါမင်းပြောတဲ့အခြေအနေကို လက်ခံပါ့မယ်။”
ကုနင်းကို ယွမ်မြောင် အလွန်ကျေးဇူးတင်နေမိကာ သူတော့ သူတော်ကောင်းတစ်ယောက်နှင့်တွေ့ခဲ့ရပြီဟုပင် ခံစားနေမိသည်။
ကုနင်းက သူ့ကိုရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနှင့် စာချုပ်ချုပ်ခိုင်းဖို့ ဆုံးဖြတ်ချက်ချနေသည့်အတွက် ယွမ်မြောင်သံသယမဝင်ခဲ့ပေ။ ကုနင်းသည် ကုမ္ပဏီတွင် အလွန်အရေးပါသည့်လူတစ်ယောက်ဖြစ်လောက်မှန်း သူခန့်မှန်းမိပေသည်။ ကုနင်းကြည့်ရတာ တော်တော်လေးငယ်နေသေးပေမယ့် သာမာန်တော့လုံးဝမဟုတ်ပေ။
ထို့နောက် ကုနင်းလဲ ယွမ်မြောင်ကိုခေါ်ကာ အထွေထွေကြီးကြပ်ရေးမှူးချန်၏ရုံးခန်းသို့ သွားလိုက်သည်။
သူတို့ထွက်သွားကြသည်နှင့် ကျန်ခဲ့သည့်လူများ၏စကားဝိုင်းစပေပြီ။
“အဲ့မိန်းကလေးက ဘယ်သူများလဲ? ကြည့်ရတာ ရာထူးကြီးတဲ့ပုံပဲ။”
“ကြီးကြပ်ရေးမှူးကျန်းနဲ့ ကျန်းရွှင်းတို့ကို အလွယ်လေး အလုပ်ထုတ်ပစ်နိုင်မှတော့ သေချာပေါက် ရာထူးကြီးမှာပေါ့။”
“ဟုတ်သားပဲ၊ ဒါနဲ့ သူယွမ်မြောင်ကို ဘာတွေများပြောနေတာလဲ?”
“ယွမ်မြောင်ပါ အလုပ်ထုတ်ခံရတော့မှာလား?”
“မဟုတ်လောက်ဘူး။ ယွမ်မြောင်ကို ကြည့်ရတာ တော်တော်လေးစိတ်လှုပ်ရှားနေပုံပေါ်တယ်။ သူ့အတွက် သတင်းကောင်းကြားရတာပဲဖြစ်မယ်!”
“အဲ့မိန်းကလေးက ယွမ်မြောင်ကို ကူညီပေးမလို့များလား?”
“…..”
သူတို့တွေ အတော်ကြာသည်အထိ ဆက်ပြောနေခဲ့ကြသော်လည်း ဘယ်သူမှအဖြေမရကြပေ။
…..
ကုနင်းလဲ ယွမ်မြောင်ကို သူမနှင့်အတူမခေါ်သွားခင် အထွေထွေကြီးကြပ်ရေးမှူးချန်အား ယွမ်မြောင်အတွက်လစာပေးဖို့ ပြောလိုက်သည်။
ကုနင်းဘာမှမရှင်းပြသော်လည်း ယွမ်မြောင်တွေ ဒီနေ့အရမ်းကံကောင်းပြီး ကုနင်းရွေးတာခံလိုက်ရပြီမှန်း အထွေထွေကြီးကြပ်ရေးမှူးချန် နားလည်လိုက်သည်။ သူသည်လဲ ယွမ်မြောင်အပေါ် အမြင်ကောင်းတွေရှိထားသည်။
ကျန်းရွှင်း အလုပ်ထုတ်ခံလိုက်ရပြီးပြီဖြစ်သော်လည်း ကြီးကြပ်ရေးမှူးကျန်းကို စောင့်နေရသေးတာကြောင့် ထွက်မသွားသေးပေ။ ဒါကြောင့် ကုနင်း ယွမ်မြောင်နှင့်အတူ ထွက်လာသည်အား မြင်လိုက်ရလေသည်။
သို့သော်လည်း ကျန်းရွှင်းကတော့ အထွေထွေကြီးကြပ်ရေးမှူးချန်လိုမျိုး ဉာဏ်မထက်တာကြောင့် ကုနင်းဘာကြောင့် ဒီလိုလုပ်နေမှန်း နားမလည်နိုင်ခဲ့ပေ။
***
အခန်း ၁၁၅၇ ငါဆုံးဖြတ်နိုင်တယ်
ယွမ်မြောင်လဲ အလုပ်ထုတ်ခံလိုက်ရပြီဟု သူတွေးလိုက်သော်လည်း ထိုသို့ဖြစ်ဟန်မတူပြန်ပေ။ ဒါပေမယ့် ယွမ်မြောင်က ဘာလို့ကုနင်းနဲ့အတူ ထွက်သွားရတာလဲ?
ကျန်းရွှင်း အရမ်းသိချင်နေသော်လည်း မမေးရဲတာကြောင့် တိတ်တိတ်လေးရပ်နေကာ သူတို့ထွက်သွားသည်ကိုသာ ကြည့်နေနိုင်သည်။
ထိုအချိန်တွင်ပဲ ကြီးကြပ်ရေးမှူးကျန်း အလျင်စလိုရောက်ရှိလာတာကြောင့် ကုနင်းလဲ သူ့ကိုရပ်ကြည့်နေလိုက်သည်။
ကြီးကြပ်ရေးမှူးကျန်းသည် အသက်၄၀လောက်ရှိမည်ဖြစ်ပြီး အထွေထွေကြီးကြပ်ရေးမှူးချန်၏ရုံးခန်းထဲသို့ ဝင်သွားပြီးသည်နှင့် ချက်ချင်းရန်တွေ့တော့သည်။ “ဘာလို့ ကျုပ်ကိုအလုပ်ထုတ်ပစ်ရတာလဲ? မာကျောက်ကစားဖို့ ခဏလေးထွက်သွားရုံပဲလေ။ နောက်တစ်ခါမလုပ်တော့ရင်ပြီးရောပေါ့။ ကြီးကြီးမားမားပြဿနာလဲမဟုတ်ဘဲနဲ့။”
ကြီးကြပ်ရေးမှူးကျန်းက သူ့ဘက်က ဘာအမှားမှမလုပ်ထားသလို လေသံမျိုးနှင့်တောင် ရန်တွေ့နေခဲ့သည်။
“ခဏလောက်ထွက်သွားတယ်?” အထွေထွေကြီးကြပ်ရေးမှူးချန်လဲ ကြီးကြပ်ရေးမှူးကျန်းကို စိုက်ကြည့်လိုက်တော့သည်။ “ခင်ဗျား ဒီလိုမျိုး အလုပ်ကနေ အချိန်အကြာကြီးလစ်ထွက်နေတာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တော့ဘဲ။ ခင်ဗျားက ကြီးကြပ်ရေးမှူးလေ၊ တစ်နေ့လုံး ဆောက်လုပ်ရေးဆိုက်ကို ကြီးကြပ်နေရမှာပေါ့။ ကျွန်တော်တို့ ခင်ဗျားကို လစာပေးထားတယ်ဆိုတာ ခင်ဗျားစိတ်ရှိတိုင်း မာကျောက်ကစားနေဖို့မဟုတ်ဘူး!”
ထိုစကားကြားကာမှ ကြီးကြပ်ရေးမှူးကျန်း အတော်အတန်လန့်ဖြတ်သွားတော့သည်။ ပြဿနာက အတော်လေးကြီးမှန်းလဲ သူသဘောပေါက်သွားပေပြီ။
“ဒါ ဒါလေးကြောင့်နဲ့ ကျုပ်ကို အလုပ်ထုတ်လို့မရဘူးလေ၊ နောက်-နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး။” ကြီးကြပ်ရေးမှူးကျန်းသည်လဲ ဤအလုပ်ခွင်မှ မထွက်မသွားလိုပေ။
“ခင်ဗျားဘာသာ ဘာကတိပေးပေး မရတော့ဘူး။ ဥက္ကဌအန်း အားလုံးသိသွားပြီ၊ ဒါကြောင့် ခင်ဗျား အလုပ်ထုတ်ခံရမယ်၊ ဒါပဲ။”
“ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” ကြီးကြပ်ရေးမှူးကျန်း ထိတ်လန့်သွားတော့သည်။
ကြီးကြပ်ရေးမှူးကျန်း မရောက်ခင်လေးတင်ဘဲ အထွေထွေကြီးကြပ်ရေးမှူးချန်က အန်းကွမ်းယောင်ကို ဖုန်းဆက်သတင်းပို့ခဲ့ပြီး အန်းကွမ်းယောင်လဲ အလွန်ဒေါသထွက်သွားခဲ့သည်။
အန်းကွမ်းယောင်က ကုနင်း၏အမိန့်အတိုင်း လိုက်နာဖို့ အထွေထွေကြီးကြပ်ရေးမှူးချန်ကို ပြောခဲ့တာကြောင့် အန်းကွမ်းယောင်က ကုနင်းကို အတော်လေးလေးစားကြောင်း သိသာနေသည်။
အခုဆို ကုနင်း၏အဆင့်အတန်းအကြောင်း အထွေထွေကြီးကြပ်ရေးမှူးချန် ပိုပြီးသိချင်လာမိပေမည့် အခုချိန်က ထိုအကြောင်းတွေမေးနေဖို့ မသင့်တော်သေးပေ။
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းတွင် သူအလုပ်လုပ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တာကြောင့် ပြီးခဲ့သည့်တစ်ခေါက်က ရှန်းဟွာ ဒေဝါလီခံရလုနီးပါးဖြစ်ခဲ့တာကြောင့် အခုဆို အန်းကွမ်းယောင်က ပိုင်ရှင်မဟုတ်တော့မှန်းလဲ သူသိနေသည်။
ကုနင်းတို့မိသားစုက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကို လွှဲပြောင်းယူလိုက်သည့်လူများဖြစ်နေမလားဟု သူတွေးနေမိသည်။ ဒါပေမယ့် ကုနင်းက အရမ်းငယ်နေသေးတာကြောင့် သူမကိုယ်တိုင်လွှဲပြောင်းယူထားခြင်းလို့တော့ သူမထင်မိပေ။
“ရှင့်ကို အလုပ်ဖြုတ်ဖို့အတွက် ကျွန်မဆုံးဖြတ်ချက်ချနိုင်တယ်။” ရုတ်တရက် ကုနင်းပြောလိုက်ကာ ရုံးခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူမကြောင့်နှင့် အထွေထွေကြီးကြပ်ရေးမှူးချန် ကြားထဲက အပြစ်တင်ခံနေရတာမျိုး မဖြစ်စေချင်ပေ။
အသံကြားရာသို့ ကြီးကြပ်ရေးမှူးကျန်း လှည့်ကြည့်လိုက်ရာ ကုနင်း၏အလှကြောင့် သူသည်လဲ ငေးမောမိသွားလေသည်။ ကြီးကြပ်ရေးမှူးကျန်းသည် လောင်းကစားဝါသနာအိုးဖြစ်ရုံသာမက မိန်းမလိုက်စားသူလဲဖြစ်သေးသည်။
ဒီမိန်းမလှလေးက ဘယ်သူများလဲ?
“မင်းက ဘယ်သူလဲ?”
“ကျွန်မက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ ရှယ်ယာရှင်တစ်ယောက်ပဲ၊ ရှင်နဲ့ရှင့်တူကို အလုပ်ဖြုတ်ဖို့ ကျွန်မဆုံးဖြတ်ခဲ့တာ။”
“ဘာ? မင်းက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ ရှယ်ယာရှင်!” ကြီးကြပ်ရေးမှူးကျန်းရော ကျန်းရွှင်းပါ ထိတ်လန့်သွားကြတော့သည်။
ယွမ်မြောင်သည်လဲ မထူးခြားပေ။ ကုနင်းကို ရှန်းဟွာနှင့် တစ်နည်းနည်းဆက်နွှယ်မှုရှိလိမ့်မည်ဟု သူတွေးခဲ့မိသော်လည်း ရှယ်ယာရှင်တစ်ယောက်ဖြစ်နေလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။
အထွေထွေကြီးကြပ်ရေးမှူးချန်သည်တော့ ကုနင်းသည် ကုမ္ပဏီမှအရေးပါသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှန်း သိထားပြီးဖြစ်တာကြောင့် မအံ့ဩသွားပေ။
တကယ်တော့ အန်းကွမ်းယောင်အပြင် ရှန်းဟွာတွင် ရှယ်ယာရှင်ဆိုလို့ ကုနင်းတစ်ယောက်သာ ရှိလေသည်။
“ပေါက်ကရတွေလာပြောမနေနဲ့။ မင်းလို ကောင်မလေးငယ်ငယ်လေးက ရှန်းဟွာရဲ့ ရှယ်ယာရှင်ဖြစ်မလား။” ကြီးကြပ်ရေးမှူးကျန်း ပြန်ပြောလိုက်သည်။
“မိန်းမငယ်လေးတစ်ယောက်က ရှန်းဟွာရဲ့ရှယ်ယာရှင်မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ? ကျွန်မမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေအလုံအလောက်ရှိတယ်လေ။” ကုနင်း ဝံ့ကြွားစွာပြောလိုက်သည်။ ပုံမှန်ဆို သူမအဆင့်အတန်းကို ထုတ်ပြလေ့မရှိသော်လည်း အခုကတော့ သူမအရည်အချင်းကို ဂုဏ်ဖော်ပြဖို့အချိန်ပင်။
ကြီးကြပ်ရေးမှူးကျန်း အာစေးမိသွားကာ ဘာပြန်ပြောလို့ပြောရမှန်းမသိတော့ပေ။ သူမယုံကြည်သေးသော်လည်း အထွေထွေကြီးကြပ်ရေးမှူးချန်က ဘာမှဝင်မပြောလာတာကို သတိထားမိလိုက်တာကြောင့် ကုနင်းက သာမာန်ကောင်မလေးတစ်ယောက်မဟုတ်လောက်ပေ။
သို့သော်လည်း သူကတော့ အလုပ်မထွက်ချင်သေးပေ။ “မင်းဘာမင်း ရှယ်ယာရှင်တစ်ယောက်ဖြစ်နေရင်တောင် ငါ့ကိုအလုပ်ထုတ်လို့မရဘူး။ ငါက ဒီနေရာမှာ အတွေ့အကြုံရင့်တဲ့လုပ်သားတစ်ယောက်ပဲ၊ အမှားကြီးကြီးမားမား ဘာတစ်ခုမှကိုလဲ မလုပ်ထားဘူး။” ကြီးကြပ်ရေးမှူးကျန်းသည် အခုထိ သူ့အမှားကို မမြင်နိုင်သေးပေ။
“ရှင်တို့ကို အလုပ်ထုတ်တယ်မထုတ်ဘူးဆိုတာ ကျွန်မဆုံးဖြတ်ချက်နဲ့ပဲဆိုင်တယ်။ အခု ရှင်တို့နှစ်ယောက်လုံးကို အလုပ်ထုတ်လိုက်ပြီး။” ကုနင်း၏အမူအရာက ပိုလို့တည်ကြည်လာခဲ့သည်။ “ကိုယ့်လစာကိုယ် ယူပြီးထွက်သွားမလား၊ ကျွန်မသက်တော်စောင့်တွေကို ဆွဲထုတ်ခိုင်းရမလား။ သူတို့က အရမ်းသန်မာတယ်နော်၊ ရှင်တို့ဒဏ်ရာရသွားလဲ ဆေးဖိုးပေးမှာမပါဘူး။”
ကြီးကြပ်ရေးမှူးကျန်း ဒေါသထွက်နေသော်လည်း ကောင်းယိနှင့်ချောင်ယတို့ကို ကြောက်နေရပြန်သေးသည်။ သူတို့တွေက သက်တော်စောင့်တွေဆိုမှတော့ သေချာက်ပေါက် အတိုက်အခိုက်တော်ကြမှာပဲ။ သူက သာမာန်လူတစ်ယောက် သူတို့တွေကို ပြန်ရိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
အဆုံးမှာတော့ သူ့လစာသူယူကာ ထွက်သွားရတော့သည်။
……..
ကုနင်းသည်လဲ ယွမ်မြောင်နှင့်အတူ ယွမ်မြောင်၏အိမ်သို့ သွားခဲ့သည်။ ယွမ်မြောင်အဖေ၏ခြေထောက်ကို မကုသပေးခင် ယွမ်မြောင်၏မိဘများနှင့် အရင်တွေ့ကာ စကားပြောကြည့်ဖို့ ကုနင်းစိတ်ကူးထားခြင်းဖြစ်သည်။
လမ်းတွင် ကုနင်း သူမအစီအစဉ်များကို အန်းကွမ်းယောင်အား ဖုန်းဆက်ကာ ပြောပြလိုက်သည်။
အန်းကွမ်းယောင်ကလဲ သံသယလုံးဝမရှိဘဲ သဘောတူလိုက်ကာ ကုနင်း၏အီးမေးလ်အကောင့်ထဲသို့ အလုပ်သမားစာချုပ်တစ်စောင် ပို့ပေးလိုက်သည်။
ယွမ်မြောင်ကတော့ အခုထိ အိပ်မက်တစ်ခုလိုခံစားနေရသေးကာ အရမ်းလဲ စိတ်လှုပ်ရှားနေမိသည်။
မကြာခင်မှာပဲ ကုနင်းလက်ထဲ ကော်ပီလုပ်ထားသည့် အလုပ်သမားစာချုပ်နှစ်စောင် ရောက်လာခဲ့သည်။
ယွမ်မြောင်၏ဖခင်က ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် သူတို့တွင် နေရာကောင်းတစ်ခု၌ လှပသည့်တိုက်ခန်းတစ်ခုရှိခဲ့သည်။
***