← Chapters

အခန်း (၁၁၅၈-၁၁၆၄)

Vol. 76 Ch. 1158-1164

အခန်း (၁၁၅၈-၁၁၆၄)

Vol. 76 Ch. 1158-1164

အခန်း ၁၁၅၈ ယွမ်မြောင်၏မိသားစုကို ကူညီခြင်း

သို့သော်လည်း ပြဿနာဖြစ်ပြီးနောက်မှာတော့ ယွမ်မြောင်၏ဖခင်လဲ အလုပ်ကိုဆုံးရှုံးလိုက်ရကာ လျော်ကြေးငွေနှစ်သန်းပါ ပေးရမည်ဖြစ်၍ ထိုတိုက်ခန်းနှင့်သူတို့ကားကို ရောင်းချခဲ့ရသည်။ အခုတော့ တိုက်ခန်းတစ်ခုတွင်သာ ငှားနေရလေသည်။

တိုက်ခန်းငှားခနှင့်အခွန်အခများအပါကို တစ်လလျှင် ယွမ်၂ထောင်နီးပါ ကုန်ကျလေသည်။

ယွမ်မြောင်၏ဖခင် ခြေထောက်မကျိုးခင်ကတော့ သူသည် လတိုင်း အနည်းဆုံး ယွမ်၅ထောင်လောက်အထိ ရှာနိုင်ခဲ့ကာ ယွမ်မြောင်မိခင်တွင်လဲ လစာရျိတာကြောင့် သူတို့မိသားစု၏တစ်လဝင်ငွေက ယွမ်၁သောင်းနီးပါးလောက်ရှိသည်။

ထိုပမာဏသည် အိမ်စရိတ်နှင့် ယွမ်မြောင်၏ကျူရှင်ခအတွက်ပါ လုံလောက်ခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာဘဲ ယွမ်မြောင်၏ဖခင်က ဒဏ်ရာရရှိခဲ့ကာ သူတို့စုထားဆောင်းထားသမျှအားလုံးကို သူ့အဖေ ဆေးကုဖို့သုံးခဲ့ရသည်။ ဒါကြောင့် ယွမ်မြောင်၏မိခင်တစ်ယောက်တည်းနှင့် သူတို့မိသားစုကို ထောက်ပံ့ဖို့က အလွန်ခက်ခဲသွားတော့သည်။

သူတို့ဆွေမျိုးသားချင်းတွေကလဲ သူတို့ကိုတစ်ယောက်မှ မကူညီပေးခဲ့ကြပြန်ပေ။

နောက်ဆုံးတော့ ယွမ်မြောင်လဲ သူ့အမေကိုကူညီပြီး အိမ်ကိုထောက်ပံ့ပေးရန်အတွက် ကျောင်းထွက်အလုပ်လုပ်ခဲ့ရသည်။

ကုနင်း ယွမ်မြောင်၏အိမ်သို့ရောက်သည်နှင့် သူမဘာကြောင့်လာခဲ့ကြောင်း ယွမ်မြောင်၏မိဘများကိုပြောပြခဲ့သော်လည်း ယွမ်မြောင်၏မိဘများမှာ မယုံနိုင်ဖြစ်နေကြသည်။

ယွမ်မြောင်၏မိဘနှစ်ပါးလုံးသည် ရိုးသားကြသူများဖြစ်ကာ ကမ္ဘာပေါ်တွင် အလကားစားရသည့်နေ့လည်စာမျိုး ရှိမည်ဟု မယုံကြည်ကြပေ။

ကုနင်းက ယွမ်မြောင်ကို သင့်တော်သည့်လစာဖြင့် ရှန်းဟွာတွင် ၁၀နှစ်အလုပ်လုပ်ပေးစေချင်ဟု ပြောလာတာတောင်မှ သူတို့မယုံနိုင်ကြသေးပေ။ တကယ်ဖြစ်နေရင်တော့ အရမ်းကောင်းတာပေါ့။

ဒါကြောင့် ကုနင်းလဲ ယွမ်မြောင်၏စရိုက်နှင့် အရည်အချင်းကို အမှန်တကယ်သဘောကျကြောင်းနှင့် သူကြုံတွေ့ခဲ့ရသည့်ကိစ္စများအတွက် စာနာမိကြောင်းပါ ရှင်းပြရသည်။ သူ့ရဲ့ပညာရေးကကောင်းနေမှတော့ သူမ သူ့ကိုကူညီပေးချင်ပေသည်။

ယွမ်မြောင်၏မိဘများ စိတ်ချသွားစေရန်အတွက် သူမက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနှင့်JadeBeautyလက်ဝတ်ရတနာလုပ်ငန်းတို့၏ ပိုင်ရှင်ဖြစ်ကြောင်းကိုပါ ကုနင်းပြောပြခဲ့ရသည်။

သို့သော်လည်း ပါးစပ်ကပြောပြနေရုံဖြင့် မလုံလောက်သေးတာကြောင့် ကုနင်းလဲ အင်တာနက်ပေါ်က သူမနှင့်ပတ်သတ်သမျှ သတင်းများကိုပါ ပြလိုက်သည်။ ထို့အပြင် သူမအဆင့်အတန်းအကြောင်း ပိုတိကျသည့် သက်သေအထောက်အထားအနေနှင့် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ သတင်းထုတ်ပြန်ပွဲဗီဒီယိုကိုပါ ပြလိုက်သည်။

JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည် လတ်တလော အရမ်းနာမည်ကြီးနေတာကြောင့် သူတို့ကြားဖူးကြသော်လည်း ဘော့စ်က ဘယ်သူမှန်းတော့မသိကြပေ။ လူကြီးတွေဖြစ်တာကြောင့် အင်တာနက်လဲ သိပ်မသုံးကြ၍ သတင်းတွေအများကြီး လွတ်သွားခဲ့သည်။

JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ပိုင်ရှင်က အသက်၂၀တောင်မပြည့်လောက်သေးသည့် မိန်းကလေးတစ်ဦးဖြစ်နေမှန်း သိလိုက်ရကာ အလွန်အံ့ဩသွားကြတော့သည်။

သို့သော်လည်း ထိုသို့အံ့ဩမှုကြီးဖြစ်ပြီးနောက်မှာတော့ ယွမ်မြောင်၏မိဘများလဲ ကုနင်းကို ယုံကြည်လိုက်ကြတော့သည်။

ထို့နောက် ကုနင်းက ယွမ်မြောင်ကို အလုပ်သမားစာချုပ်တွင် လက်မှတ်ထိုးစေခဲ့သည်။

ယွမ်မြောင်၏မိဘများမှာ ကုနင်းကို အထပ်ထပ်အခါခါ ကျေးဇူးတင်နေကြပြီး ယွမ်မြောင်ကိုလဲ စာကြိုးစားသင်၍ ကုနင်းကိုကျေးဇူးပြန်ဆပ်ဖို့ ပြောကြသည်။

ကုနင်းလဲ ချက်ချင်းဆိုသလို ယွမ်မြောင်တို့မိသားစု စားဝတ်နေရေးအဆင်ပြေသွားစေရန်အတွက် ယွမ်မြောင်ဖခင်၏ဘဏ်အကောင့်ထဲသို့ ယွမ်၂သောင်းလွှဲပေးလိုက်သည်။

ယွမ်မြောင်၏ကျူရှင်စရိတ်နှင့် ကျောင်းအတွက်ကုန်ကျစရိတ်တွေအားလုံးကို ကုနင်းထောက်ပံ့ပေးသွားမှာဖြစ်သော်လည်း သူ့မိသားစုကိုပါ ထောက်ပံ့ပေးမည်ဟု မဆိုပေ။

ဘာပဲဖြစ်ဖြစ် ယွမ်မြောင်၏ဖခင်လဲ နောက်ရက်ပိုင်းအတွင်း ခြေထောက်ပြန်ကောင်းပြီး အလုပ်သွားနိုင်တော့မည်ပဲ။

ယွမ်မြောင်၏ဖခင်သည် ဗိသုကာပညာပိုင်းတွင် တော်လောက်ကြောင်း ကုနင်းသိတာကြောင့် သူ့အဖေကို အခွင့်အရေးတစ်ခုလောက်ပေးဖို့ ကုနင်းအကြံရသွားသည်။ အဓိကပရောဂျက်ကြီးများကို တာဝန်ယူဖို့တောင် မဖြစ်သေးပေမယ့် ပရောဂျက်ငယ်လေးတွေကိုတော့ စီမံနိုင်လောက်သည်။

ကုနင်းက သူ့ကိုကူညီကာ ဆောက်လုပ်ရေးပရောဂျက်ရှာပေးမည်ဖြစ်ကြောင်း သိလိုက်ရသည်နှင့် ယွမ်မြောင်၏အဖေလဲ အလွန်ဝမ်းသာသွားတော့သည်။ သို့သော်လည်း သူ့ခြေထောက်က ကျိုးနေတာကြောင့် ကုနင်းကိုပြဿနာဖြစ်စေမှာလဲ စိုးရိမ်နေသေးသည်။

ထိုသူ၏တွေးပေးတတ်မှုကို ကုနင်းသဘောကျသွားတာကြောင့် သူ့ခြေထောက်ကို သူမကုပေးနိုင်ကြောင်းပါ ပြောလိုက်တော့သည်။ ယွမ်ဖြေဖခင်၏ခြေထောက်ဒဏ်ရာသည် အရမ်းမပြင်းထန်တာကြောင့် ကုနင်းအနေနဲ့ သူ့ကိုအလွယ်လေးကုသနိုင်သည်။

ယွမ်မြောင်၏မိသားစုကတော့ သူတို့ကို ကုနင်းဆေးရုံခေါ်သွားမည်ဟု တွေးလိုက်တာကြောင့် ချက်ချင်းငြင်းဆန်လိုက်ကြသည်။ ကုနင်း ဘယ်လောက်ပဲချမ်းသာပါစေ သူမပိုက်ဆံကို သူတို့အတွက် မဖြုန်းစေချင်တော့ပေ။

ကုနင်းလဲ သူတို့ကိုပြုံးပြလိုက်ပြီး ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။ “ကျွန်မတို့ ဆေးရုံမသွားပါဘူး။ ဒီဆေးက ရှင့်ခြေထောက်ကို ကုပေးနိုင်တဲ့အထိ အစွမ်းထက်တယ်။ တစ်နေ့သုံးကြိမ်လောက် ရှင့်ခြေထောက်ကို ဒီဆေးလိမ်းပေးလိုက်ရင် ရက်ပိုင်းလောက်နေတာနဲ့ ပုံမှန်ပြန်ဖြစ်သွားလိမ့်မည်။”

“ရက်ပိုင်းတည်းနဲ့တင်?”

ယွမ်မြောင်၏ဖခင်မှာ အလွန်အံ့ဩသွားကာ မယုံနိုင်ဖြစ်နေသော်လည်း ကုနင်းက သူတို့ကိုလိမ်ညာစရာအကြောင်းမရှိမှန်းလဲ နားလည်သည်။ ဒါကြောင့် သူမယုံသေးရင်တောင်မှ စမ်းသပ်သုံးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒါကြောင့် ကုနင်းကိုသာ ထပ်ပြီးကျေးဇူးတင်စကားပြောလိုက်ပြန်သည်။

ထို့နောက် ကုနင်းပြန်ဖို့ရန် ထရပ်လိုက်သည်။ သူမအပြင်မထွက်ခင် ယွမ်မြောင်ကို မနက်ဖြန်ကစလို့ ကျောင်းပြန်တက်ဖို့ရန် ပြောလိုက်သေးသည်။

သူမ သူ့အတွက်အားလုံးဖြေရှင်းပေးထားမှာဖြစ်တာကြောင့် ဘာကိုမှ စိုးရိမ်မနေဘဲ စာဘက်ကိုသာ အာရုံစိုက်ဖို့ ပြောလိုက်သည်။

နေ့လည်စာစားချိန်လဲ ရောက်နေပြီဖြစ်တာကြောင့် ယွမ်မြောင်၏မိဘများက ကုနင်းကို ခဏလောက်နေပြီး သူတို့နဲ့အတူ နေ့လည်စာစားသွားဖို့ပြောလေသည်။ သူတို့က မချမ်းသာသော်လည်း သူတို့ဧည့်သည်ကိုတော့ အကောင်းဆုံးဧည့်ခံချင်ကြသည်။

ကုနင်းကတော့ သူမမှာလုပ်စရာတွေရှိသေးတာကြောင့် ငြင်းလိုက်ပြီး သူမအားတာနဲ့ သူတို့ဆီ ထပ်လာလည်ပါ့မည်ဟု ကတိပေးခဲ့သည်။

ဒါကြောင့် ယွမ်မြောင်၏မိဘများလဲ အတင်းမနေခိုင်းနေတော့ဘဲ ကုနင်းကိုသာ အပြင်အထိ လိုက်ပို့ကြသည်။

ကုနင်းထွက်သွားသည်နှင့် အိမ်နီးချင်းအချို့ ရောက်လာကာ ဘာတွေဖြစ်သွားတာလဲဆိုသည်ကို ယွမ်မြောင်၏မိဘများအား မေးကြတော့သည်။

***

အခန်း ၁၁၅၉ ကျိုးကျန်းထန် ပေါ်လာတယ်

ယွမ်မြောင်၏မိဘများသည် အလွန်ကြင်နာတတ်ကြကာ သဒ္ဒါကောင်းသူများဖြစ်တာကြောင့် အိမ်နီးချင်းများသည်လဲ သူတို့ကိုဂရုစိုက်ကြသည်။

ယွမ်မြောင်၏မိခင်က အိမ်နီးချင်း၏စေတနာအပေါ် ကျေးဇူးတင်နေတာကြောင့် ကုနင်းသည် ယွမ်မြောင်၏ပညာရေးအတွက် ထောက်ပံ့ပေးမည့် ကျေးဇူးရှင်ဖြစ်ကြောင်း ပြောပြလိုက်သည်။ စာချုပ်အကြောင်းကိုတော့ဖြင့် ထည့်မပြောခဲ့ပေ။

တော်တော်များများက ယွမ်မြောင်ကျောင်းထွက်လိုက်ရသည်ကို နှမြောနေကြသည့်အတွက် ယွမ်မြောင်တို့မိသားစုအတွက် ဝမ်းမြောက်ပေးကြသည်။

ယွမ်မြောင်ကို မနာလိုဖြစ်နေကြသူတချို့လဲ ရှိနေကြပေမယ့် ထုတ်တော့မပြောရဲကြပေ။

ယွမ်မြောင်နှင့် သူ့မိဘများ အိမ်ထဲသို့ပြန်ရောက်သည်နှင့် သူ့အဖေ၏ကျိုးနေသောခြေထောက်ကို ချက်ချင်းဆေးလိမ်းပေးတော့သည်။

ယွမ်မြောင်၏ဖခင်လဲ မကြာခင်မှာပဲ သူ့ခြေထောက် နေရသက်သာလာကာ နာကျင်မှုလဲ အနည်းငယ်ပျောက်ကင်းသွားခဲ့သည်။

ယွမ်မြောင်၏ဖခင် အပြည့်အဝပြန်ကောင်းလာဖို့ဆို အချိန်လိုသေးပေမယ့် ကုနင်း၏ဆေးက အမှန်ကိုအစွမ်းထက်နေတာကြောင့် အံ့ဩနေမိတော့သည်။

နောက်ဆုံးမှာတော့ ယွမ်မြောင်နှင့်သူ့မိဘများလဲ မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့လာရကာ သူတို့မိသားစု အနာဂါတ်တွင် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်တော့မည်ဟု ယုံကြည်မိတော့သည်။

……

စားသောက်ဆိုင်သို့သွားရာလမ်းတွင် ကုနင်းကားထဲကနေပြီး ယန်ကျန်းလင်ကို ဖုန်းဆက်ခဲ့သည်။ ထို့နောက် ယွမ်မြောင်၏အခြေအနေကို အကျဉ်းချုပ်ရှင်းပြလိုက်ပြီး အကူအညီတောင်းလိုက်သည်။

ကုနင်းက သူ့အကူအညီလိုနေမှတော့ ယန်ကျန်းလင်ကလဲ မနေပေ။ ယွမ်မြောင်၏အခြေအနေအကြောင်းသိရပြီး သူလဲ ယွမ်မြောင်ကိုသနားသွားခဲ့သည်။

ဒါကြောင့် ယန်ကျန်းလင်လဲ ချက်ချင်းဆိုသလို အမှတ်၂အထက်တန်းကျောင်း၏ကျောင်းအုပ်ကို ဖုန်းဆက်လိုက်သည်။ ဤကိစ္စမျိုးအတွက် သူကိုယ်တိုင် ဖုန်းဆက်ဖို့မလိုသော်လည်း ကုနင်း၏မျက်နှာကြောင့် သူကိုယ်တိုင်သာ လုပ်ပေးချင်နေသည်။

အမှတ်၂အထက်တန်းကျောင်း၏ ကျောင်းအုပ်တွင် ယန်ကျန်းလင်၏ဖုန်းနံပါတ်ရှိသော်လည်း သူတို့ချင်း တစ်ခါမှဖုန်းမခေါ်ဖူးကြပေ။

သူတို့ချင်း သိကြသည်ဆိုလျှင်တောင် ရင်းနှီးနေသည်တော့မဟုတ်ပေ။ ဒါကြောင့် ဖုန်းခေါ်ဆိုသူနာမည်အားမြင်ပြီး ကျောင်းအုပ်ကြီး အံ့ဩသွားရသည်။

သို့သော်လည်း ဖုန်းကိုချက်ချင်းကိုင်ခဲ့လေသည်။

ယန်ကျန်းလင် သူ့ကိုဖုန်းဆက်ရသည့်အကြောင်းအရင်းအား နားထောင်ပြီးနောက် ကျောင်းအုပ်ကြီး ထပ်အံ့ဩသွားရပြန်လေသည်။

ယန်ကျန်းလင်ကိုယ်တိုင် ဖုန်းဆက်တယ်ဆိုမှတော့ အရမ်းအရေးကြီးမှန်းသိသာတာကြောင့် သူလဲ ချက်ချင်းသဘောတူလိုက်သည်။ ဒီလိုထူးချွန်တဲ့ကျောင်းသားမျိုးကို သူလဲ လက်ခံချင်တာပေါ့။

ယွမ်မြောင်လို ထူးချွန်ကျောင်းသားမျိုးက ငွေအတွက်ကြောင့်နဲ့ ကျောင်းထွက်လိုက်ရခြင်းက အတော်ကိုနှမြောဖို့ကောင်းလှသည်။

ယွမ်မြောင်သည် ထူးချွန်ကျောင်းသားတစ်ယောက်ဖြစ်တာကြောင့် အထက်တန်းကျောင်းတွင် အမြဲတမ်းပညာသင်ဆုရခဲ့သည်။ ယွမ်မြောင်သာ ဆက်ပြီး ပညာရေးကိုအကောင်းဆုံးကြိုးစားနေသ၍ ကျောင်းအုပ်ကြီးလဲ သူ့ကိုပညာသင်ဆုဆက်ပေးချင်သေးသည်။

ယန်ကျန်းလင်နှင့်ဖုန်းပြောပြီးနောက်မှာတော့ ကျောင်းအုပ်ကြီးက ယွမ်မြောင်၏အတန်းပိုင်ဆရာထံ ချက်ချင်းဖုန်းခေါ်လိုက်သည်။ အတန်းပိုင်ဆရာသည်လဲ ယွမ်မြောင်ပြန်လာတော့မည်မှန်းသိရ၍ ဝမ်းသာနေတော့သည်။

……..

ထို့နောက် ယန်ကျန်းလင်လဲ သူ့ဘက်ကအခြေအနေကို ကုနင်းအားပြန်ပြောပြသည်။ ကုနင်း Gမြို့မှာရှိနေတာလားကိုလဲ မေးခဲ့သေးသည်။

ကုနင်းက သူမGမြို့တွင်ရှိနေကြောင်း ပြောလိုက်တာကြောင့် ယန်ကျန်းလင်က သူမကိုယန်အိမ်တော်တွင် ညနေစာလာစားဖို့ ဖိတ်လေသည်။

ကုနင်းလဲ ညနေတွင် သူတို့နှင့်ညနေစာစားဖို့ စိတ်ကူးထားပြီးဖြစ်တာကြောင့် ယန်အိမ်တော်သို့ မသွားတော့ပေ။

ကုနင်း စားသောက်ဆိုင်သို့ရောက်သည်နှင့် သခင်ကြီးပိုင်၊ သခင်ကြီးဖူနှင့် သခင်ကြီးယန်တို့ကို ဖုန်းဆက်ကာ ညနေစာစားဖို့အတူစားဖို့ အချိန်ရကြလား မေးလိုက်သည်။

ကုနင်း Gမြို့ရောက်နေမှန်းသိရသည်နှင့် သခင်ကြီးတွေအားလုံး ပျော်ရွှင်သွားကြသော်လည်း သူတို့ကိုအချိန်အကြာကြီး လာမတွေ့သည့်အတွက်ကိုတော့ မကျေမနပ်စကားတွေ ပြောနေကြတုန်းပင်။

ကုနင်းပြုံးလိုက်မိကာ သူမလတ်တလော အလွန်အလုပ်ရှုပနေခြင်းကြောင့်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ကုနင်းတွင် သူမ၏စီးပွားရေးအင်ပါယာကိစ္စနှင့်နှင့်ပတ်သလို့ အလုပ်များသလို ကျောင်းသူတစ်ယောက်လဲဖြစ်နေသေးမှန်း သူတို့နားလည်ကြလေသည်။ မိန်းမငယ်လေးတစ်ယောက်အတွက် စီးပွားရေးတစ်ဖက် ကျောင်းတစ်ဖက်နှင့် လုပ်ကိုင်ရသည်က မလွယ်လှပေ။

သူတို့လဲ ညနေပိုင်းအားလပ်ကြတာကြောင့် ကုနင်းနှင့်ညနေစာစားရန် သဘောတူလိုက်ကြသည်။

…….

ထိုနေ့မနက်၉နာရီတွင် ကျိုးကျန်းထန် အိပ်ရာမှထကာ ကျိုးကျန်းဟုန်နှင့်တွေ့ရရန် JadeBeautyလက်ဝတ်ရတနာဆိုင်အပြင်ဘက်တွင် သွားစောင့်နေခဲ့သည်။

ကျိုးကျန်းဟုန်သည် စက်ရုံတွင်အနေများမှန်း သူသိသော်လည်း စက်ရုံဘယ်မှာရှိလဲ မသိတာကြောင့် ဆိုင်အပြင်ကနေသာ စောင့်နေခြင်းဖြစ်သည်။

ကျိုးကျန်းဟုန်၏အိမ်အသစ်လိပ်စာကိုတော့ ကျိုးကျန်းထန်သိပေမယ့် အထဲဝင်ခွင့်မရခဲ့ပေ။

နေ့လည်၁နာရီလောက်မှာတော့ ကျိုးကျန်းဟုန် ပြန်ရောက်လာခဲ့ကာ ကျိုးကျန်းထန်လဲ သူ့ဆီချက်ချင်းလျှောက်သွားလိုက်သည်။

“ကျန်းဟုန်” ကျိုးကျန်းထန် လှမ်းခေါ်လိုက်သည်။

ကျိုးကျန်းဟုန် ရပ်သွားသော်လည်း ကျိုးကျန်းထန်ကိုမြင်လိုက်ရသည့်အတွက် စိတ်မကြည်တော့ပေ။ “ဟိုင်း။”

ကျိုးကျန်းထန် ဘာကြောင့် ဤနေရာတွင်ရောက်နေမှန်း ကျိုးကျန်းဟုန်နားလည်သော်လည်း သူကတော့ မကူညီချင်ပေ။

ကျိုးကျန်းထန်ကလဲ အရိပ်အကဲနားမလည်သူမဟုတ်တာကြောင့် ကျိုးကျန်းဟုန်၏အေးစက်စက်အမူအရာကိုတွေ့သည်နှင့် စိတ်တိုသွားတော့သည်။ “ကျန်းဟုန်၊ ငါဘာကြောင့်ဒီကိုလာလဲ မင်းသိမှာပေါ့။”

“ငါလဲ မင်းကိုမဖြစ်နိုင်ဘူးလို့ ပြောပြီးသားပဲ။ ဘာလို့ဒီကိုလာနေသေးတာတုန်း?”

“မင်း…” ကျိုးကျန်းထန် ဒေါသထွက်သွားတော့သည်။ “ကျန်းဟုန် မင်းဘာလို့ ဒီလောက်သွေးအေးရတာလဲ? မင်းငါ့ကို ဒီအတိုင်းမပေးလိုက်ချင်ဘူးဆိုရင်လဲ ငွေချေးပေးလိုက်လို့ရတာပဲ။”

***

အခန်း ၁၁၆၀ ဘယ်တော့မှပြန်ပေးမှာမဟုတ်ဘူး

ကျိုးကျန်းဟုန် လှောင်ပြုံးပြုံးလိုက်ကာ၊ “မင်းက ငါ့ဆီကငွေချေးချင်တယ်ပေါ့? ဒါဆို မင်းဘယ်တော့ ပြန်ဆပ်မှာလဲ?”

ကျိုးကျန်းထန်ဘက်က ကျိုးကျန်းဟုန်ကို ထိုချေးလိုက်မည့် ယွမ်သန်းကျော်အား ပြန်ဆပ်ဖို့စိတ်ကူးမရှိပေ။ သူ့အမြင်မှာတော့ ကျိုးကျန်းဟုန်မှာ ယွမ်သန်းပေါင်းများစွာရှိနေတာကြောင့ သူ့ဆီကပြန်တောင် မတောင်းသင့်ဟုပင်။

“အမ်.. ဒါတော့ ငါ့မှာငွေအလုံအလောက်ရှိတဲ့နေ့ ပြန်ဆပ်မှာပေါ့။” ကျိုးကျန်းထန် ပြန်ပြောလိုက်သည်။ လုံးဝကို အလိမ်အညာတစ်ခုပင်။

“မင်းမှာ ငွေအလုံအလောက်ပြန်ရှိရင် ဆပ်မယ်တဲ့လား?” ကျိုးကျန်းဟုန် ခပ်ဟဟရယ်လိုက်မိတော့သည်။ “လိမ်မနေစမ်းပါနဲ့ကွာ။ အရင်က မင်းရဲ့အိမ်ရော ကားရောကို ငါဝယ်ပေးခဲ့တာပါ၊ ဒါပေမယ့် မင်းအဲ့အကြောင်း ဘယ်တုန်းကများ ထည့်ပြောဖူးလဲ။ ငါက ငတုံးမဟုတ်ဘူး မင်းတို့တစ်ဘဝလုံး ဒီလောက်များတဲ့ငွေမျိုး မင်းတို့မိသားစုတွေမတတ်နိုင်တာ ငါသိတယ်။ ငါ့ကို ယွမ်သန်းကျော်ပြန်ဆပ်နိုင်မယ်တဲ့လား မဖြစ်နိုင်တာ။”

ကျိုးကျန်းထန်ကို လှောင်ပြောနေခြင်းမျိုးမဟုတ်ပေ။ ကျိုးကျန်းထန်တို့မိသားစု၏ ဝင်ငွေအရဆိုလျှင် ကျိုးကျန်းဟုန်ကို ပြန်ဆပ်ဖို့တာ ဘယ်လိုမှမဖြစ်နိုင်တာ အမှန်တရားသာဖြစ်သည်။

ထိုစကားက အမှန်တရားဖြစ်နေသော်လည်း ကျိုးကျန်းထန်ကတော့ ကျိုးကျန်းဟုန် သူ့ကိုလှောင်နေသည်ဟုသာ တွေးလေသည်။

“ကျိုးကျန်းဟုန်၊ မင်းကိုယ်မင်း ဘာထင်နေလဲ? မင်းချမ်းသာနေရုံနဲ့ ငါတို့ထက်သာနေပြီများထင်နေလား? ငါက မင်းအစ်ကိုအရင်းဆိုတာ မမေ့နဲ့ဦး!” ကျိုးကျန်းထန် အော်ပြောလိုက်သည်။

လူအများ၏အတွေးအမြင်တွေကိုအသုံးချကာ ကျိုးကျန်းဟုန်ကို ဖိအားပေးဖို့ရည်ရွယ်ပြီး သူတမင်အော်လိုက်ခြင်းဖြစ်သည်။

ကျိုးကျန်းဟုန်သည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ အထွေထွေမန်နေဂျာပဲမဟုတ်လား၊ ဒီတော့ အများအမြင်နဲ့သာ ဖိအားပေးလိုက်လျှင် ကျိုးကျန်းဟုန် အလျှော့ပေးသွားမည်ဟု ယုံကြည်နေသည်။

အမှန်ကိုပဲ လူတော်တော်များများက ချက်ချင်းပင် အနားသို့ဝိုင်းလာကြကာ အထင်တွေပြောကြတော့သည်။

JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည် ကျော်ကြားတာကြောင့် အများစုက ကျိုးကျန်းဟုန်ကို မှတ်မိနေကြသည်။

“ဒီလူက သူ့ကိုယ်သူ အထွေထွေမန်နေဂျာကျိုးရဲ့ အစ်ကိုလို့ပြောလိုက်တာမဟုတ်လား?”

“ဟုတ်တယ်၊ ငါလဲကြားလိုက်တယ်။ ပြောတာတော့ အထွေထွေမန်နေဂျာကျိုးက သူ့ကိုမကူညီချင်ဘူးတဲ့။”

“ဘာလို့ အထွေထွေမန်နေဂျာကျိုးက မကူညီတာပါလိမ့်?”

“ငါလဲ မသိဘူးလေ။”

“….”

ဘေးလူများ၏ ထင်မြင်ချက်များကိုကြားပြီး ကျိုးကျန်းဟုန် စိတ်မဆိုးသွားသော်လည်း ကျိုးကျန်းထန်၏စွပ်စွဲမှုအပေါ်ကိုတော့ ဒေါသထွက်သွားလေသည်။

ကျိုးကျန်းဟုန်ကို ဒီလိုလွယ်လွယ်လေး ချောက်ချလို့ရမည်ဟု ကျိုးကျန်းထန်တွက်လိုက်ခြင်းက အမှားကြီးမှားသွားလေသည်။ ကျိုးကျန်းထန်ဘက်က ညစ်ချင်နေမှတော့ ကျိုးကျန်းဟုန်လဲ ဆက်ပြီး ထောက်ထားမနေနိုင်တော့ပေ။

ကျိုးကျန်းဟုန်မှာလဲ သူ့စည်းနဲ့သူရှိသည်။ တစ်ဖက်လူက သူ့အပေါ်ကောင်းပေးလျှင် သူကလဲ သေချာပေါက် ကောင်းကောင်းမွန်မွန်သာ ပြန်ဆက်ဆံပေးမှာဖြစ်ပြီး မဟုတ်လို့ကတော့ အတုံ့အလှည့်ပင်။

ကျိုးကျန်းထန်၏အပြုအမူတွေအပေါ် သူအချိန်အတော်ကြာအောင် သည်းခံခဲ့ခြင်းက လုံလောက်သွားပေပြီ။ ဒါ့အပြင် သူက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ အထွေထွေမန်နေဂျာတစ်ယောက်ဖြစ်ကာ သူ့ဂုဏ်သတင်းထိခိုက်သွားပါက ကုနင်းနှင့် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ဂုဏ်သတင်းပါ ထိခိုက်မည်ဖြစ်၍ ဘယ်သူ့ကိုမှ သူ့အားနာမည်ပျက်အောင်လုပ်ခွင့်မပေးနိုင်ပေ။

“ကျန်းထန်၊ ငါ့အတွက် ယွမ်သန်းဂဏန်းဆိုတာ ဘာမှမပြောပလောက်ဘူးလို့ မင်းတကယ်ပဲထင်နေတာလား? ငါက အခုဆို တခြားတစ်ယောက်ရဲ့ကုမ္ပဏီမှာ အလုပ်လုပ်နေရတာ၊ ပိုင်ရှင်မဟုတ်ဘူး! ပြီးတော့ ငါမင်းတို့အတွက် အရင်ကလဲ အိမ်တစ်လုံး ကားတစ်စီးဝယ်ပေးပြီးပြီ မဟုတ်ဘူးလား?” ကျိုးကျန်းဟုန် ဒေါသထွက်သွားသည်။

ကျိုးကျန်းဟုန်သည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ရှယ်ယာရှင်တစ်ယောက်လဲဖြစ်ကြောင်း သိထားသူက သိပ်မရှိဘဲ အပြင်လူတွေကတော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည် ကုနင်းအပိုင်ဟုသာ သိကြသည်။

ကျိုးကျန်းဟုန်သည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ အထွေထွေမန်နေဂျာသာဖြစ်တာကြောင့် သူ့လစာက အရမ်းမမြင်နိုင်ပေ။ သူ့လစာမျိုးနဲ့ဆို တခြားလူအား ယွမ်သန်းကျော်ပေးလိုက်ဖို့က ဘယ်လွယ်ပါ့မလဲ!

တကယ်လဲ ကျိုးကျန်းဟုန်၏လစာက အရမ်းမမြင်ပေ။ သို့သော်လည်း သူ့မှာ နှစ်စဉ်ရရှိသည့်အစုငွေကနေပြီး ဝင်ငွေအရမ်းကောင်းလေသည်။

ကျိုးကျန်းဟုန် ချမ်းသာနေတယ်ဆိုရင်တောင်မှ ကျိုးကျန်းထန်၏သားအတွက် အိမ်တစ်လုံး ကားတစ်စီးဝယ်ပေးနေဖို့ တာဝန်မရှိပေ။

ဘေးလူများလဲ ကျိုးကျန်းထန်ကိုလှည့်ကြည့်ကုန်ကာ သဘောမကျကြတော့ပေ။

ကျိုးကျန်းဟုန်ကို သူ့သားအတွက် အိမ်တစ်လုံး ကားတစ်စီးဝယ်ပေးခိုင်းနေတာက ဘယ်လိုလုပ် ကျိုးကြောင်းသင့်ပါ့မလဲ။

“တော်တော်အရှက်မရှိတာပဲ။”

“သူ့သားအတွက် အိမ်တစ်လုံးနဲ့ ကားတစ်စီးဝယ်ပေးဖို့ အထွေထွေမန်နေဂျာကျိုးကို ဘယ်လိုများဖိအားပေးနိုင်ရတာလဲ?”

“အထွေထွေမန်နေဂျာကျိုးက သူတို့မိသားစုအတွက် အိမ်တစ်လုံး ကားတစ်စီးဝယ်ပေးပြီးနေပြီမဟုတ်လား!”

“ဒီလောက်ဆို အထွေထွေမန်နေဂျာကျိုးက အရမ်းရက်ရောလွန်းနေပြီ။”

“သူ့အစ်ကိုက သူ့ငွေတွေကို နှိုက်ထုတ်ဖို့ကြံနေတာပဲ။”

“ပင်လယ်ထဲက ငါးတွေအားလုံး တစ်ပုံစံတည်းတွေချည်းပဲ။”

“သူ့သားအတွက် အိမ်နဲ့ကားပဲ သူ့ဘာသာဝယ်ပေးလိုက်ပါလား?”

“ဟုတ်တယ်။”

“…..”

ဘေးလူများက ကျိုးကျန်းထန်ကိုသာ အပြစ်တင်နေကြတော့သည်။

ကျိုးကျန်းဟုန်က လူကြားထဲ ဒီစကားတွေပါ ထုတ်ပြောလာမည်ဟု မထင်ထားတာကြောင့် ကျိုးကျန်းထန် အံ့ဩသွားခဲ့ကာ လှည့်ထွက်မသွားခင် ကျိုးကျန်းဟုန်ကို ဒေါသတကြီးစိုက်ကြည့်သွားသေးသည်။

***

အခန်း ၁၁၆၁ ကျိုးမင်ခိုင်၏ချစ်သူကောင်မလေး

ကျိုးကျန်းထန် ပြန်သွားသည်နှင့် ပွဲကြည့်နေကြသည့်ဖြတ်သွားဖြတ်လာများလဲ လူစုခွဲသွားကြ ကျိုးကျန်းဟုန်ကတော့ ဆိုင်ထဲသို့ဝင်သွားလေသည်။

ဆိုင်ထဲရှိ ဝန်ထမ်းများသည် ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိခဲ့ကြကာ ကျိုးကျန်းဟုန်ကိုလဲ ဒေါသထွက်နေမိကြသည်။ အရှက်မဲ့တဲ့ဆွေမျိုးတွေအများကြီး သူတို့လဲ အရင်ကတမြင်တွေ့ခဲ့ဖူးပေမယ့် ကျိုးကျန်းထန်ကတော့ သူတို့ထင်မှတ်ထားသည်ထက်တောင် ကျော်လွန်သွားလေသည်။

အားလုံးသည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းတွင် လုပ်ကိုင်နေကြသူများဖြစ်တာကြောင့် ကျိုးကျန်းဟုန်သည် အရေးပါသည့်ရှယ်ယာရှင်တစ်ဦးဖြစ်မှန်းသိကြသော်လည်း ဘယ်သူမှ ထုတ်မပြောကြပေ။

…….

ကျိုးကျန်းဟုန် ဒေါသများပေါက်ကွဲလျက် အိမ်သို့ပြန်ရောက်လာသည်ကို မြင်လိုက်သည်နှင့် ဇနီးဖြစ်သူကလဲ သူကျရှုံးခဲ့ပြီမှန်း နားလည်လိုက်ပေမည့် သေချာအောင် အတည်ပြုလိုက်သေးသည်။ “ဘယ်လိုဖြစ်သွားလဲ?”

“ငါတို့ကို ကားရောအိမ်ရော မဝယ်ပေးနိုင်ဘူးတဲ့လေ! ငါတို့ကို အရင်ကဘယ်လောက်တွေဝယ်ပေးခဲ့ဖူးတယ်ဆိုတဲ့အကြောင်းကိုပါ လူကြားထဲထုတ်ပြောလိုက်သေးတယ်။ သူဘာလို့ ဒီလောက်တောင် ကပ်တွက်ရတာလဲ? ဘာပဲဖြစ်ဖြစ် သူအရမ်းချမ်းသာနေတာပဲမဟုတ်ဘူးလား။” ကျိုးကျန်းထန် အခုထိကို သူ့ဘက်က ဘာအမှားမှမရှိဘဲ အားလုံး ကျိုးကျန်းဟုန် အမှားတွေချည်းဟုသာ တွေးနေသေးလေသည်။

“ကျွန်မတို့ကိုများငြင်းရဲတယ်ပေါ့? သူ့ဘာသာ ချမ်းသာနေရုံနဲ့ ကျွန်မတို့ထက်သာသွားပြီများထင်နေလားပဲ?”

ကျိုးကျန်းထန်တို့ဇနီးမောင်နှံသည် အသွင်တူကြသူများဖြစ်ကာ လောဘကြီးလွန်းကြသူများပင်။

သို့သော်လည်း သူတို့သတိမထားမိလိုက်သည်က သူ့သားဖြစ်သူ ကျိုးမင်ခိုင်နှင့် သူတို့သား၏ဇနီးလောင်း လီဖေးတို့နှစ်ယောက်လုံး သူတို့စကားတွေကို ကြားသွားကြခြင်းဆိုသည်ကိုပင်။

လီဖေးမှာ ထိုစကားတွေကိုကြားပြီး မှင်သက်သွားကာ အတော်ကြာမှ အသိပြန်ကပ်ရပြီး စပ်ဆုပ်သွားတော့သည်။ သူမယောက္ခမလောင်းတွေသည် ဤမျှအရှက်မဲ့သည့်လူမျိုးများဖြစ်ကြောင်း သိလိုက်ရတာကြောင့် အလွန်အံ့ဩနေမိတော့သည်။

သူမက ကျန်းမင်ခိုင်နှင့်လက်ထပ်မှာဖြစ်သော်လည်း ကျန်းမင်ခိုင်၏မိဘတွေကတော့ သူ့ဦးလေးဆီကနေ အိမ်တစ်လုံး ကားတစ်စီးအလကားလိုချင်နေကြသည်။

တကယ်တော့ လီဖေးသည် သူတို့လက်ထပ်ဖို့ရန်အတွက် အိမ်တစ်လုံး ကားတစ်စီးဆိုပြီး တစ်ကြိမ်မှမတောင်းခဲ့ဖူးပေ။ သူတို့မချမ်းသာမှန်းလဲ သူမသိပြီးသားဖြစ်ကာ သူမဘာသာ ကျိုးမင်ခိုင်နှင့်အတူ ဘဝကိုရင်ဆိုင်ကျော်ဖြတ်သွားဖို့ ဆုံးဖြတ်ထားသူဖြစ်သည်။ ပြောရရင် သူမတို့အလုပ်လုပ်သည့် သင်တန်းကျောင်းသည် လစာကောင်းပြီး လူမှုဖူလုံရေးအကူအညီလဲပေးသည်။

ဒါကြောင့် သူတို့မှာချေးငွေသာရလာသ၍ အိမ်တစ်လုံးလောက်ကို အရစ်ကျစနစ်နှင့်ဝယ်ဖို့ဆိုတာက မခက်ခဲပေ။

သူတို့လစာတွေက အရမ်းမမြင့်လှသော်လည်း အချိန်ပိုဆင်းကာ လစာတိုးများလာအောင် လုပ်နိုင်သေးသည်။

လီဖေးမှာ ကျိုးကျန်းထန်တို့ဇနီးမောင်နှံကြောင့် ကြောက်ရွံ့သွားတော့သည်။ ဒီလိုမိသားစုထဲသာ သူမလက်ထပ်ဝင်လိုက်ပါက ပျော်ရွှင်ဖွယ်ဘဝမျိုးပိုင်ဆိုင်နိုင်လိမ့်မည်ဟု မထင်တော့ပေ။ ကျိုးမင်ခိုင်၏မိဘများက သူမတို့အတွက်လုပ်ပေးနေခြင်းဆိုလျှင်တောင်မှ သူတို့ရဲ့အတွေးအမြင်တွေကို သူမသဘောမကျနေတုန်းပင်။

ကျိုးမင်ခိုင်တောင်မှ သူ့မိဘများ၏စကားဝိုင်းကိုကြားပြီး ထိတ်လန့်နေလေသည်။ သူ့မိဘများ၏ အပြုအမူနှင့် အတွေးအခေါ်မျိုးကို သူလဲသဘောမကျပေမယ့် သူတို့က သူ့မိဘတွေဖြစ်နေကြတာကြောင့် အပြစ်တင်နိုင်ပေ။

သို့သော်လည်း လီဖေးကတော့ မတူပေ။ သူမသည် အခုထိ ဒီမိသားစုထဲ လက်ထပ်မဝင်ရသေးတာကြောင့် သူတို့အတွေးအမြင်တွေကို သူမဘယ်လိုမှ လက်မခံနိုင်ကြောင်း သေချာသိမြင်နိုင်လေသည်။

“မင်ခိုင်၊ ကျွန်မ ဒါမျိုးကိုတော့ သည်းမခံနိုင်ဘူး။ ကျွန်မတို့ဆက်ဆံရေးကို ရပ်စဲလိုက်သင့်ပြီ။” လီဖေး လေးနက်စွာဖြင့် ကျိုးမင်ခိုင်ကို ပြောလိုက်သည်။

ထို့နောက်မှာတော့ တစ်ချက်လေးပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်သွားတော့သည်။ လီဖေးအနေနဲ့ ကျိုးမင်ခိုင်၏မိဘများ၏ အပြုအမူတွေနဲ့ အပြောအဆိုတွေအပေါ် ရွံရှာခဲ့မိသည်က ပထမဆုံးအကြိမ်လဲမဟုတ်တော့တာကြောင့် ဤတစ်ကြိမ်မှာတော့ ဆုံးဖြတ်ချက်ခိုင်မာသွားခဲ့လေသည်။

ကျိုးမင်ခိုင်၏မိဘများဘက်က သူမကိုချွေးမလောင်းအဖြစ် အသိအမှတ်ပြုပြီးပြီဆိုသော်လည်း ဘာပဲဖြစ်ဖြစ် သူမမိဘအရင်းတွေတော့မဖြစ်သွားတာကြောင့် သူမကတော့ သည်းမခံနိုင်ပေ။ လူတိုင်းမှာ သည်းခံနိုင်တဲ့အတိုင်းအတာဆိုလဲရှိကြသည်ပဲ။ ဒါ့အပြင် ကျိုးမင်ခိုင်၏မိဘများ ယနေ့ပြောသွားသည့်စကားများနှင့် လုပ်ရပ်များသည် သူမအမြင်မှာတော့ လုံးဝသည်းမခံပေးနိုင်တော့သည့်အဆင့်သို့ ရောက်သွားခဲ့ပေပြီ။

သူမ ကျိုးမင်ခိုင်ကို ချစ်နေသေးတုန်းဖြစ်ပေမည့် အခုတော့ တစ်ခုကိုရွေးချယ်မှဖြစ်ပေတော့မည်။ ဒီလိုမိသားစုထဲကို လက်ထပ်ဝင်ရလို့ကတော့ သူမပျော်ရွှင်နိုင်မည်မဟုတ်ပေ။

သူတို့ လောလောဆယ်တော့ အိမ်တစ်လုံးမဝယ်နိုင်သေးတာကြောင့် သေချာပေါက် ကျိုးမင်ခိုင်၏မိဘများနှင့်အတူ တစ်အိမ်တည်းလိုက်နေရပေမည်။ ဒါကြောင့် သူ့မိဘများနှင့်သူလဲ နေ့ရက်တိုင်းပြဿနာတွေ တက်လာနိုင်သည်။ ဒီလိုအိမ်ထောင်ရေးမျိုး ဘဝမျိုးကတော့ သူမမျှော်လင့်ထားသည့်အရာမဟုတ်ပေ။

လီဖေး၏အသံကိုကြားလိုက်ရတာကြောင့် ကျိုးကျန်းထန်တို့ဇနီးမောင်နှံ အံ့ဩသွားကြကာ တံခါးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့ဘက်ကတော့ အမှားပါသွားသည်ဟု မထင်ကြတာကြောင့် လီဖေး၏အပြောအဆိုအတွက်ကိုသာ ဒေါသထွက်သွားကြလေသည်။

“ဖေးဖေး!” ကျိုးမင်ခိုင်ချက်ချင်းအသိဝင်လာကာ လီဖေး၏လက်ကို လှမ်းဆွဲထားလိုက်သည်။ သူသည်လဲ လီဖေးကို အလွန်ချစ်မြတ်နိုးကာ အဆုံးရှုံးမခံလိုပေ။

“မင်းဘာပြောလိုက်တယ်?” ကျိုးမင်ခိုင်၏အမေက သူမကိုမေးခွန်းထုတ်လိုက်သည်။ လီဖေးကို သူမချွေးမလောင်းအဖြစ် အသိအမှတ်ပြုထားသော်လည်း လီဖေးကို သူမမိသားစုဝင်တွေလို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသွားမည်ဟု သဘောမရောက်ပေ။ သူမအမြင်တွင်တော့ ချွေးမဆိုသည်က အမြဲတမ်းအပြင်လူတစ်ယောက်သာဖြစ်သည်။ ဒါ့အပြင် သူမကိုယ်သူမလဲ သူမချွေးမထက် ပိုအရာရောက်သည် ထင်နေသူဖြစ်သည်။

“အမေ၊ တော်လိုက်ပါတော့။” ကျိုးမင်ခိုင် စိတ်ညစ်လာမိတော့သည်။

***

အခန်း ၁၁၆၂ မင်းကောင်းဖို့အတွက်

“ဘာလဲ? ဘာပြောတာ ဘာမှားသွားလို့လဲ? သူက အခုထိ ငါတို့မိသားစုထဲတောင် မဝင်ရသေးဘူး၊ ငါ့ကိုအပြစ်တင်ရဲနေပြီပေါ့!” ကျိုးမင်ခိုင်၏အမေ ထပ်ပြောလိုက်သည်။

“အမေ၊ ထပ်မပြောပါနဲ့တော့။” ကျိုးမင်ခိုင်မှာ တစ်ဖက်က လီဖေးလက်ကိုဆွဲရင်း သူ့အမေကိုလဲ တားနေရသည်။ သူ့အမေစကားတွေကို သူမနှစ်သက်သလို သူ့ချစ်သူက မင်္ဂလာပွဲမတိုင်ခင် သူ့ကိုထားသွားမှာမျိုးကိုလဲ မဖြစ်ချင်ပေ။

“ရှင်ဘာမှစိုးရိမ်နေဖို့မလိုပါဘူး။ ကျွန်မကလဲ ရှင်တို့မိသားစုထဲ လက်ထပ်ဝင်မှာမဟုတ်ဘူး!” လီဖေး၏ဆုံးဖြတ်ချက်က ပြတ်သားနေကာ ကျိုးမင်ခိုင်၏လက်ထဲမှလွတ်အောင် ရုန်းနေတော့သည်။

“ဖေးဖေး၊ မလုပ်ပါနဲ့။” ကျိုးမင်ခိုင်ကတော့ လီဖေး၏လက်ကိုသာ ပိုတင်းကြပ်အောင် ဆွဲကိုင်ထားသည်။

“မင်ခိုင်၊ သူ့ကိုလွှတ်ပေးလိုက်။ မင်း သူ့ထက်သာတဲ့သူကိုရှာလို့ရတယ်။” ကျိုးမင်ခိုင်၏အမေက တစ်ပြားသားမှအလျှော့မပေးဘဲ လီဖေးကတောင် သူ့သားနှင့်မထိုက်တန်သူပမာပြောလိုက်သေးသည်။

“အမေ!” ကျိုးမင်ခိုင် စိတ်တိုလာတော့သည်။ ဘာကြောင့်များ သူ့အမေက ရုတ်တရက်ကြီး အတွေးအခေါ်တွေချွတ်ချော်နေလဲ သူနားမလည်နိုင်တော့ပေ။ တကယ်တမ်း ကျိုးမင်ခိုင်ကသာ သူ့မိဘတွေကို နားမလည်ခဲ့သူဖြစ်သည်။

အရင်ကကျ ကျိုးကျန်းဟုန်က သူ့မိဘတွေကို အမြဲတမ်းအကူအညီပေးနေခဲ့တာကြောင့် ကျိုးမင်ခိုင်လဲ သူ့မိဘတွေ ဘယ်လောက်လောဘကြီးသူတွေဖြစ်မှန်း မသိခဲ့တာပင်။

ကျိုးကျန်းဟုန် အရာအားလုံးဆုံးရှုံးသွားသည်နှင့် သူ့မိဘတွေက ကျိုးကျန်းဟုန်နှင့် ခပ်ကင်းကင်းနေတော့သည်။ တစ်ဖန် ကျိုးကျန်းဟုန် ပြန်ချမ်းသာလာချိန်မှာတော့ စရိုက်အမှန်တွေကိုပြကာ ပြန်ချဉ်းကပ်သွားပြန်သည်။

အရင်က သူ့မိဘတွေ ဘာတွေလုပ်ခဲ့လဲ ကျိုးမင်ခိုင်မသိပေလို့ပေါ် မဟုတ်လို့ကတော့ ရှက်လွန်းလို့ အိမ်ပြင်တောင် ထွက်ရဲလိမ့်မည်မဟုတ်ပေ။

“တော်လောက်ပြီ။ သူ့ကိုလွှတ်လိုက်စမ်းပါ! ဒီနေရာက သူ့ကိုမကြိုဆိုဘူး။” ကျိုးကျန်းထန်ကလဲ ဒေါသတကြီးပြောလိုက်သည်။ ကျိုးကျန်းထန်၏စိတ်အခြေအနေက အစကတည်းကကောင်းမနေတာကြောင့် လီဖေး၏အပြုအမူကိုမြင်ပြီး ပိုတောင်ဆိုးရွားသွားတော့သည်။

“အဖေ!” ကျိုးမင်ခိုင်ခဗျာ ကူကယ်ရာမဲ့လို့နေတော့သည်။

“ကျိုးမင်ခိုင်၊ ငါ့ကိုလွှတ်!”

“မင်ခိုင်၊ သူ့ကိုလွှတ်လိုက်စမ်း!” ဤတစ်ကြိမ်တွင်တော့ ကျိုးကျန်းထန်တို့ဇနီးမောင်နှံက အမိန့်တစ်ခုပမာပြောလာလေပြီ။

“ကိုယ်မင်းနဲ့လိုက်ခဲ့မယ်၊ တစ်နေရာသွားပြီး စကားအေးဆေးပြောကြရအောင်။” ကျိုးမင်ခိုင်လဲ အိမ်မှာဆက်နေဖို့မဖြစ်နိုင်တော့ကြောင်းသိ၍ လီဖေးကို ချော့ပြောလိုက်သည်။

သို့သော်လည်း သူ့အမေက သူ့ကိုတားလာလေသည်။ “မင်းနေခဲ့။ သူ့ကိုပဲသွားခိုင်း။ မင်းပါ သူနဲ့အတူလိုက်သွားရဲရင် အိမ်ကိုပြန်လာဖို့မစဉ်းစားနဲ့တော့။”

“အမေ!” ကျိုးမင်ခိုင်အော်လိုက်တော့သည်။

“မင်ခိုင်၊ ဒီနေ့တော့ အိမ်မှာပဲနေ ဘယ်မှထွက်သွားဖို့ စိတ်မကူးနဲ့။” ကျိုးကျန်းထန်ကပါ ပြောရင်း ကျိုးမင်ခိုင်ကို အားဖြင့်ဆွဲခေါ်လေသည်။

လီဖေးလဲ ဤအခွင့်အရေးကိုအမိအရယူကာ ကျိုးမင်ခိုင်လက်ထဲကနေ ရုန်းထွက်လိုက်ပြီး နောက်တစ်ချက်ပြန်မလှည့်ဘဲ ထွက်သွားတော့သည်။

ကျိုးမင်ခိုင်လဲ သူမထွက်သွားသည်ကိုသာ ကြည့်နေနိုင်လေသည်။

“အမေ၊ အဖေ၊ ဘယ်လိုလုပ်ပြီးများ ဦးလေးဆီကနေ အိမ်နဲ့ကား သွားတောင်းရတာလဲ? ဖေးဖေးတောင် ဒါတွေမတောင်းဘူး။ ပြီးတော့ ဦးလေးက ကျွန်တော်တို့အတွက် ဒီတိုက်ခန်းလဲ ဝယ်ပေးထားပြီးသားလေ။ ဒါနဲ့တောင် ကျွန်တော်တို့အပေါ် အရမ်းကောင်းနေပြီ။” လီဖေးထွက်သွားသည်နှင့် ကျိုးမင်ခိုင်ပြောလိုက်သည်။

ထိုစကားကြားသည်နှင့် ကျိုးကျန်းထန်က၊ “သူက ငါ့ညီ၊ ပြီးတော့ သူ့မှာ ငါတို့ကိုတိုက်ခန်းတစ်ခန်းလောက်ဝယ်ပေးဖို့ ငွေမရှိနေလို့လား။”

ဤစကားက အရမ်းရယ်စရာကောင်းသည်ဟု ကျိုးမင်ခိုင်တွေးမိသွားသည်။ ညီငယ်ဖြစ်တာနဲ့ပဲ သူချမ်းသာရင် အစ်ကိုဖြစ်သူကို ထောက်ပံ့ပေးသွားရမယ်ပေါ့။

သို့သော်လည်း သူ့အဖေကတော့ ထိုစကားမျိုးကို ဝံ့ကြွားစွာ ထုတ်ပြောနေလေသည်။

သူအဖေလဲ အိုနေပြီဖြစ်တာကြောင့် အခုချိန်မှ တွေးခေါ်ပုံတွေကို ပြောင်းလဲပစ်ပေးဖို့ မဖြစ်နိုင်တော့၍ ကျိုးမင်ခိုင် ဘာမှဆက်မပြောနိုင်တော့ပေ။

“ငါတို့အိမ်လိုချင်တယ်ဆိုတာ မင်းကောင်းဖို့အတွက်ပဲ။ အခုခေတ် အိမ်ဈေးတွေ ဘယ်လောက်တောင်မြင်နေလဲ မင်းသိရောသိရဲ့လား? ငါတို့ဘာသာဆို အိမ်တစ်လုံးဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။” ကျိုးမင်ခိုင်အမေကပါ ထပ်ပြောလာသည်။

သူတို့မှာ တိုက်ခန်းတစ်ခန်းရှိပြီးသားဆိုသော်လည်း အိမ်တစ်လုံးတော့လိုချင်ကြသေးသည်။

“တော်လောက်ပြီ! ဒီအတိုင်း အဖေတို့ကိုယ်တိုင်က လောဘတက်နေတာပါလို့ ဝန်မခံလိုက်ရတာလဲ? ကိုယ့်လုပ်ရပ်ကိုယ် အရမ်းတွေမှန်နေတယ်ဆိုပြီး ထင်နေကြတာလား? ဒါလဲဝ ကိုယ့်ကျင့်သိက္ခာမဲ့တဲ့လုပ်ရပ်ပဲ။ ကျွန်တော့်မိဘတွေ ဒီလိုလူမျိုးတွေပါဆိုပြီး ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကို သိသွားစေချင်နေတာလား။ သူတို့အားလုံး ကျွန်တော့်ကို အထင်သေးသွားကြလိမ့်မယ်!” ကျိုးမင်ခိုင် နောက်ဆုံးတော့ ဒေါသကိုဆက်မထိန်းနိုင်တော့ပေ။

သူ့မိဘတွေရဲ့အပြုအမူကြောင့် သူ့အလုပ်ကိုပါ မထိခိုက်စေချင်ပေ။ သူကတော့ သူ့မိဘတွေကို သည်းခံပေးနိုင်ပေမယ့် တခြားလူတွေကတော့ သည်းခံပေးကြမည်မဟုတ်ပေ။

အတင်းအဖျင်းသတင်းတွေက ဘယ်လောက်အားကောင်းမှန်း ကျိုးကျန်းထန်တို့သိကြတာကြောင့် ချက်ချင်းပါးစပ်ပိတ်သွားကြလေသည်။

တကယ်တော့ ကျိုးမင်ခိုင်၏အမေသည်လဲ အတင်းပြောရသည်ကို သဘောကျသူဖြစ်ကာ အမြဲတမ်း သူမသူငယ်ချင်းများနှင့် သူမအကြောင်း အတင်းပြောလေ့ရှိသည်။

တခြားလူတွေသာ သူတို့၏လုပ်ရပ်များကိုသိသွားလျှင် သူတို့မိသားစုဂုဏ်သိက္ခာပျက်စီးသွားပေမည်။ အဆိုးဆုံးအခြေအနေဟာဆိုရင်ဖြင့် သူမသား၏အလုပ်ကိုပါ ထိခိုက်သွားနိုင်သည်။ ဒါကြောင့် ကျိုးမင်ခိုင်၏အမေလဲ အချေအတင်ဆက်မပြောနေတော့ပေ။

ကျိုးမင်ခိုင်၏ဒေါသတွေက မပြေငြိမ်းနိုင်သေးပေ။ ကျိုးကျန်းထန်က သူ့ကိုအိမ်ကထွက်ခွင့်လဲပိတ်ထားတာကြောင့် သူ့အခန်းထဲမှာသူ ပိတ်နေလိုက်ပြီး လီဖေးကို ဖုန်းဆက်တော့သည်။ သို့သော်လည်း လီဖေးကတော့ သူ့ဖုန်းတွေ တစ်ခေါက်မှမကိုင်ခိုင်ပေ။

အဆုံးမှာတော့ ကျိုးမင်ခိုင်လဲ လက်လျှော့သွားကာ သူ့ဖုန်းကို အိပ်ရာပေါ် ပစ်ပေါက်လိုက်တော့သည်။ သူ့အိပ်ရာက နူးညံ့လှတာကြောင့် ဖုန်းသည် တစ်စုံတစ်ရာမျှပျက်စီးသွားခြင်းမရှိခဲ့ပေ။

***

အခန်း ၁၁၆၃ ဟန်ဝမ်လင်း ဖုန်းဆက်လာတယ်

ကျိုးမင်ခိုင်ကိုယ်တိုင်လဲ သူ့မိဘများပုံစံကို သည်းမခံနိုင်ဖြစ်နေတာကြောင့် လီဖေး သူ့ကိုလမ်းခွဲသွားသည့်အပေါ် အပြစ်မတင်မိပေ။

လီဖေးစိတ်ထဲတွင် သူက သိပ်အရေးမပါသလိုဖြစ်နေသည်ဟုသာ ခံစားမိပေသည်။ သူတို့နှစ်ယောက်ချစ်ခြင်းကပဲ မလုံလောက်ခဲ့တာလားဟု ကျိုးမင်ခိုင်တွေးနေခဲ့သော်လည်း လီဖေးအမြင်ကတော့ မတူပေ။

သူတို့လက်ထပ်ပြီးသွားလျှင် ကျိုးမင်ခိုင်၏မိဘများနှင့် အတူနေရမည်ဖြစ်တာကြောင့် ပြဿနာတက်မည်ကို ရှောင်လွှဲ၍ရမည်မဟုတ်ပေ။

လီဖေး သူမအိမ်သို့တန်းတန်းမတ်မတ်ပြန်သွားကာ မိဘများနှင့်စကားပြောခဲ့သည်။

သူမမိသားစုသည် ကျိုးမင်ခိုင်တို့လောက် မချမ်းသာကြသော်လည်း သူမမိဘများတွင်က သူ့စည်းကမ်းနှင့်သူရှိကြသည်။

လီဖေးက ကျိုးမင်ခိုင်ကို လက်မထပ်ချင်တော့မှတော့ သူမမိဘများကလဲ သူမဆုံးဖြတ်ချက်ကိုသာ အားပေးကြသည်။

….

နေ့လည်၂နာရီလောက်မှာတော့ ကုနင်းဆီသို့ အသိအကျွမ်းတစ်ဦးက ဖုန်းဆက်လာခဲ့သည်။

“မစ္စကု၊ ငါဟန်ဝမ်လင်းပါ။ မင်းမိဘတွေမင်္ဂလာပွဲတုန်းက ငါတို့တွေ့ခဲ့ကြသေးတယ်လေ။” ကုနင်းဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်ကအမျိုးသမီးက ချက်ချင်းပြောလာသည်။

ဟန်ဝမ်လင်းသည် ကုနင်းအပေါ် အလွန်ယဉ်ကျေးနေသည်။ ကုနင်းက သူမအထင်သေးလို့မရလောက်အောင်အထိ ထူးချွန်လွန်းမှန်းသိနေတာကြောင့် ကုနင်းအသက်အလွန်ငယ်နေသေးတာတောင်မှ ပေါ့ပေါ့မတွေးတော့ပေ။

ဟန်ဝမ်လင်း?

ဟန်ဝမ်လင်း သူမကိုဖုန်းခေါ်လာခြင်းကြောင့် ကုနင်းအံ့ဩသွားကာ ဘာကြောင့် ရုတ်တရက်ကြီး အခုလိုဆက်သွယ်လာလဲ သိချင်မိသွားသည်။

ဟန်ဝမ်လင်းအဖို့ သူမဖုန်းနံပါတ်ကိုရဖို့ဆိုသည်က အလွန်လွယ်ကူမည်ဖြစ်တာကြောင့် ဖုန်းနံပါတ်ရှိနေသည့်အပေါ်ကိုတော့ ကုနင်း ထူးဆန်းသည်ဟု မခံစားမိပေ။

“ဟိုင်း၊ မစ္စဟန်၊ ကျွန်မဘာများကူညီပေးရမလဲ?” ကုနင်း ကောင်းကောင်းမွန်မွန်သာ ပြန်မေးလိုက်သည်။ သူမအထင်တော့ ဟန်ဝမ်လင်းသည် မကောင်းသည့်လူတော့မဟုတ်ပေ။

ဟန်ဝမ်လင်းက ကုမန့်ကို လှောင်ထေ့ခဲ့ဖူးတာကြောင့် ထိုအချိန်တုန်းက ကုနင်း ဒေါသထွက်ခဲ့ဖူးသော်လည်း ခွင့်မလွှတ်ပေးနိုင်စရာအခြေအနေမျိုးတော့ မဟုတ်ပေ။ ဟန်ဝမ်လင်းသည် ဉာဏ်ထက်သည့်အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ကုနင်းလဲ ထိုကိစ္စလေးအတွက် စိတ်ထဲထည့်မနေပေ။

“အမ်… ငါမင်းပေးလိုက်တဲ့လိမ်းဆေးကိုစမ်းသုံးကြည့်တာ တော်တော်လေးသိသာတယ်။ နောက်တော့မှ ကိုလိန်းက မင်းအပိုင်မှန်းသိသွားလို့ မင်းနဲ့ပူးပေါင်းဖို့ အကြံရလာတာ။”

တကယ်တော့ ကိုလိန်း၏ပိုင်ရှင်က ကုနင်းဖြစ်ကြောင်း သူမသိလိုက်ရချိန် အတော်လေးကိုအံ့ဩသွားခဲ့သည်။

ကိုလိန်းသည် လက်ရှိဆေးကုမ္ပဏီနယ်ပယ်တွင် အလွန်အောင်မြင်နေသည့်ဘရန်းတစ်ခုပဲလေ။ ဝယ်ယူသုံးစွဲဖူးသူတိုင်းကလဲ မှတ်ချက်ကောင်းတွေချည်းပဲ ပေးခဲ့ကြသည်။

ဒီလိုသာဆို သေချာပေါက် ငွေရှာဖို့ နည်းလမ်းကောင်းတစ်ခုပဲ!

ဒီလိုကုမ္ပဏီမျိုးနှင့်ပူးပေါင်းဖို့ဆိုသည်က အပြိုင်အဆိုင်များလှကြောင်း ဟန်ဝမ်လင်းသိပေမည့် ကြိုးစားကြည့်ချင်နေသေးသည်။

“မစ္စဟန်၊ ရှင်ဘယ်လိုတွေးထားလဲဆိုတာ ပြောပြကြည့်ပါလား?” ဟန်ဝမ်လင်းသာ ပစ္စည်းတချို့ကို ကိုယ်စားလှယ်အနေနဲ့ ဆိုင်တစ်ဆိုင်ဖွင့်လိုလျှင် ကုနင်း သူမကို ရောင်းပေးလိုက်မှဖြစ်သော်လည်း ဟန်ဝမ်လင်းကိုယ်တိုင် ပစ္စည်းထုတ်လုပ်မည်ကိုတော့ သူမခွင့်ပြုမည်မဟုတ်ပေ။

“ငါ ဒီဘရန်းရဲ့ ဆေးဝါးနဲ့ အလှကုန်တွေထုတ်လုပ်ဖို့ Qမြို့မှာ စက်ရုံတစ်ခုဖွင့်ဖို့ စိတ်ကူးထားတယ်။”

ကုနင်းမျက်မှောင်ကြုတ်လိုက်တော့သည်။ ဟန်ဝမ်လင်း ဒီစကားမျိုးပြောလာမည်အား သူမအာရုံရပြီးသားဖြစ်တာကြောင့် အံ့ဩသွားခြင်းတော့မရှိပေ။

ဟန်ဝမ်လင်း ကိုယ်တိုင်ကလဲ အောင်မြင်ပြီးသား စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ကာ သူမအတွက် ငွေရှာချင်ရုံနှင့် ဆေးဆိုင်ငယ်လေးဖွင့်နေဖို့ မလိုအပ်ပေ။

“အမ်.. စိတ်မကောင်းပါဘူး၊ မစ္စဟန်။ ရှင်သာ ဆေးဆိုင်တစ်ဆိုင်ဖွင့်ပြီး ကျွန်မကုမ္ပဏီကဆေးဝါးတွေကို တင်သွင်းချင်ရင်တော့ ကျွန်မတို့လဲ ရှင်နဲ့သေချာပေါက် ပူးပေါင်းပေးချင်ပေမယ့် ကိုယ်ပိုင်စက်ရုံတည်ထောင်ဖို့ကိုတော့ သဘောမတူပေးနိုင်ပါဘူး။”

“ဘာလို့လဲ? ဒါ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့နည်းလမ်းပဲလေ။” အစောပိုင်းက နဉ်ချန်းခိုင်ဆီသို့ သူမဆက်သွယ်ခဲ့ကာ နဉ်ချန်းခိုင်ကလဲ သူမအဆိုကို ငြင်းပယ်ခဲ့တာကြောင့် ဟန်ဝမ်လင်း မအံ့ဩသွားပေ။

နဉ်ချန်းခိုင်ကတော့ သူမကို တိကျသည့်အကြောင်းအရင်းမျိုး မပြောလာခဲ့ဘဲ သူတို့ပစ္စည်းတွေကို တခြားကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းကာ ထုတ်လုပ်ခွင့်မပြုထားကြောင်းသာ ပြောလေသည်။

ဤစည်းမျဉ်းကို ချမှတ်ဖို့ရန် နဉ်ချန်းခိုင်ကို ကုနင်းပြောထားခဲ့တာကြောင့် နဉ်ချန်းခိုင်ကလဲ သူမသဘောအတိုင်းသာ ဆောင်ရွက်ပေသည်။

ဒါကြောင့် ကုနင်းများ စိတ်ပြောင်းမလားဟု မျှော်လင့်ရင်း ဟန်ဝမ်လင်း ကုနင်းကိုဆက်သွယ်ခဲ့တာဖြစ်သည်။

သူမနှင့် ကုနင်းမရင်းနှီးဘူးဆိုလျှင်တောင်မှ တစ်ကြိမ်တော့ စကားပြောဖူးလေသည်။ ကုနင်း သဘောတူပါမည်လို့တော့ သူမယုံကြည်ချက်မရှိသော်လည်း မကြိုးစားကြည့်ဘဲနဲ့တော့ လက်မလျှော့ချင်ခဲ့ပေ။

“ကျွန်မတည်ထောင်ထားတဲ့ဘရန်းကို တခြားသူတွေနဲ့မမျှဝေချင်တာပါ။”

ကုနင်း၏သဘောထားက သိသာလွန်းနေတာကြောင့် ဟန်ဝမ်လင်းလဲ ဖိအားမပေးတော့ပေ။ “ကောင်းပြီလေ၊ ငါနားလည်ပါတယ်။”

ကုနင်းသဘောမတူမှတော့ ဟန်ဝမ်လင်းလဲ ထိုအကြောင်းဆက်မဆွေးနွေးတော့ပေ။

“မစ္စကု၊ ငါတော့ မင်းရဲ့စီးပွားရေးအမြင်အပေါ် တကယ်ကို လေးစားမိတယ်။ ငါအစောကပြောခဲ့တဲ့ကိစ္စအပေါ် မင်းခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ မင်းစိတ်မရှိဘူးဆို ငါတို့နောက်ပိုင်း အဆက်အသွယ်ဆက်လုပ်ကြတာပေါ့။”

ဟန်ဝမ်လင်းသည် စိတ်ရင်းအမှန်နဲ့ကို ကုနင်းနှင့်မိတ်ဆွေဖွဲ့ချင်လေသည်။ ကုနင်းက ထန်ယွင်ဖန်း၏သမီးဖြစ်နေရုံအတွက်ကြောင့်နှင့် ကုနင်းကို အမြင်မကြည်မဖြစ်မိပေ။

“မစ္စဟန်၊ ကျွန်မဘယ်လိုမှသဘောမထားပါဘူး။ ရှင်နဲ့မိတ်ဆွေဖြစ်ခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။”

ဟန်ဝမ်လင်းသည် အထက်တန်းလွှာကအမျိုးသမီးတစ်ယောက်ဖြစ်ကာ သူမနှင့် ဆက်ဆံရေးကောင်းမွန်နေလို့ ကုနင်းအတွက် မကောင်းတာမရှိပေ။

ဟန်ဝမ်လင်းအကြောင်း သူမသေချာမသိရင်တောင် သူမနှင့်ရင်းနှီးခွင့်ရချင်ပေသည်။

ဒီတော့မှ ဟန်ဝမ်လင်းလဲ ဝမ်းသာသွားကာ၊ “ကောင်းလိုက်တာ၊ မစ္စကု၊ မင်း Qမြို့ကိုရောက်ခဲ့ရင် ငါ့ကိုဆက်သွယ်လိုက်။ ငါတို့တွေ့ကြတာပေါ့။”

“ကောင်းပါပြီ။ ဆက်သွယ်လိုက်ပါ့မယ်။”

ထို့နောက် နှစ်ဦးသား ဖုန်းချလိုက်ကြသည်။

***

အခန်း ၁၁၆၄ ကြော်ငြာတာမဟုတ်ရပါဘူး

ခဏကြာပြီးနောက် ပိုင်ရွှယ်ယန်ထံမှဖုန်းဝင်လာပြန်သည်။

ကုနင်း Gမြို့သို့ရောက်နေကြောင်း ပိုင်ရွှယ်ယန်သိရတာကြောင့် ဖုန်းဆက်ခြင်းသာဖြစ်ပေမည်။

ယနေ့သည် တနင်္ဂနွေနေ့လဲဖြစ်သလို ပိုင်ရွှယ်ယန်၏ ကျောင်းပိတ်ရက်လဲဖြစ်တာကြောင့် မနက်ကတည်းက သူမသူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်လည်ခဲ့သည်။

သူမအိမ်ပြန်ရောက်ချိန်မှာတော့ သူမအဖိုး သခင်ကြီးပိုင် စိတ်အခြေအနေအလွန်ကောင်းမွန်နေကြောင်း သတိထားမိလိုက်၍ အကြောင်းအရင်းကို စပ်စုကြည့်ရာ ကုနင်း Gမြို့သို့ရောက်နေကြောင်း ပြောပြခဲ့သည်။ ဒါကြောင့် ပိုင်ရွှယ်ယန်လဲ ကုနင်းကို ချက်ချင်းဖုန်းဆက်ခဲ့ခြင်းပင်။

ကုနင်းဖုန်းဖြေလာသည်နှင့် ချက်ချင်းဆိုသလို ပိုင်ရွှယ်ယန် မကျေနပ်ချက်များ ထုတ်ပြောတော့သည်။ “ကုနင်း၊ နင်အခုGမြို့ကိုရောက်နေတာဆို ဘာလို့ငါ့ကိုမပြောရတာလဲ? ငါတို့သူငယ်ချင်းတွေမဟုတ်ဘူးလား?”

“ငါဒီမနက်ပဲ အဖိုးပိုင်ကို ဖုန်းဆက်ခဲ့တယ်လေ၊ နင်က အိမ်မှာမရှိဘူးလို့ကြားလို့ နင့်ကိုမနှောင့်ယှက်ချင်တာနဲ့ ဖုန်းဆက်မနေတော့တာ။ ပြီးရင်လဲ တွေ့ရတော့မှာပဲကို။”

“အဲ့လိုလား။” ထိုတော့မှ ပိုင်ရွှယ်ယန်ဒေါသတွေ ပြေလျော့သွားတော့သည်။

“နင်အခုဘယ်မှာလဲ?” ပိုင်ရွှယ်ယန် ပြန်မေးလိုက်သည်။

“ကော်ဖီဆိုင်မှာ။ နင်ငါနဲ့စောစောလေးတွေ့လိုက်ချင်လား?”

အခုမှ ညနေ၃နာရီခွဲသာရှိသေးကာ သူတို့ချိန်းထားသည်က ၆နာရီမှဖြစ်သည်။

ကုနင်းလဲ ဘာမှလုပ်စရာမကျန်တော့တာကြောင့် ကောင်းယိ၊ ချောင်ယတို့နှင့်အတူ ကော်ဖီဆိုင်ထိုင်နေခဲ့ခြင်းဖြစ်သည်။

“ကောင်းတာပေါ့! လိပ်စာပေး၊ ငါအခုလာခဲ့မယ်!”

ကုနင်းလဲ ပိုင်ရွှယ်ယန်ကို ကော်ဖီဆိုင်လိပ်စာပေးလိုက်ကာ မိနစ်၂၀အကြာမှာတော့ ပိုင်ရွှယ်ယန်ရောက်လာခဲ့သည်။

“ကုနင်း၊ သူတို့ကဘယ်သူတွေလဲ?” ကောင်းယိနှင့်ချောင်ယကို ပိုင်ရွှယ်ယန် မသိသေးပေ။

“သူတို့နှစ်ယောက်လုံးက ငါ့အတွင်းရေးမှူးတဖြစ်လဲ သက်တော်စောင့်တွေ၊ ကောင်းယိနဲ့ ချောင်ယ။”

“ဟိုင်း၊ တွေ့ရတာဝမ်းသာပါတယ်။” ပိုင်ရွှယ်ယန် နှုတ်ဆက်လိုက်သည်။

သူတို့က အတွင်းရေးမှူးနှင့်သက်တော်စောင့်သာဖြစ်ကြသော်လည်း ပိုင်ရွှယ်ယန်ကတော့ လေးလေးစားစားဆက်ဆံတုန်းပင်။

“တွေ့ရတာဝမ်းသာပါတယ်၊ မစ္စပိုင်။”

ထို့နောက် ကုနင်းနှင့်ပိုင်ရွှယ်ယန်တို့ စကားဝိုင်းစလေသည်။

သူတို့စကားဝိုင်းထဲတွင် အယ်လန်အကြောင်းကိုလဲ ပိုင်ရွှယ်ယန်ထည့်ပြောလာသည်။ သူနှင့်မတွေ့ရသည်က အတော်ကြာပြီဟူ၍ပင်။

အယ်လန်သည် Yနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခု၏ဥက္ကဌဖြစ်တာကြောင့် သေချာပေါက် သူ့အလုပ်နဲ့သူအလုပ်များနေတာဖြစ်မည်ဟု ကုနင်းတွေးလိုက်သည်။

ပိုင်ရွှယ်ယန်ကတော့ အယ်လန်တွင် ကုမ္ပဏီကြီးတစ်ခုရှိကြောင်း မသိထားဘဲ သာမာန်လုပ်ငန်းရှင်တစ်ဦးဖြစ်မည်ဟုသာ တွေးနေခဲ့သည်။

ကုနင်းပြုံးရုံသာပြုံးပြီး အယ်လန်အကြောင်းကနေ စကားလွှဲလိုက်သည်။ အယ်လန်၏အမြင်မှာတော့ ပိုင်ရွှယ်ယန်သည် အလိုလိုက်ခံထားသည့်ကလေးဆိုးတစ်ယောက်သာဖြစ်နေသည်မဟုတ်လား။

…….

ချိန်းထားသည့်အချိန်ရောက်သည်နှင့် သူမတို့လဲ စားသောက်ဆိုင်သို့ ထွက်လာခဲ့ကြသည်။

ဖိတ်ကြားသူက ကုနင်းဖြစ်တာကြောင့် သူမဧည့်သည်များထက်အရင်ကြိုရောက်ချင်၍ ၅:၂၀နာရီကတည်းက သွားစောင့်နေလေသည်။

သခင်ကြီးပိုင်တို့ကတော့ ၅နာရီခွဲတွင် ရောက်လာကြသည်။

သူတို့တွေ့တွေ့ချင်း အရင်ဆုံးအချင်းချင်း နှုတ်ဆက်လိုက်ကြသည်။

“ကောင်မလေးကု၊ မင်းရဲ့လုပ်ငန်းတွေ တော်တော်ကျယ်ပြန့်နေပြီလို့ကြားတယ်။ နာမည်ကြီးအထည်ဘရန်းCharmက မင်းအပိုင်ပဲဆို၊ ဟုတ်လား?” သခင်ကြီးဖူမေးလိုက်သည်။

သူတို့လဲ သတင်းထုတ်ပြန်ပွဲကနေပြီး ထိုအကြောင်းတွေ သိခဲ့ခြင်းဖြစ်သည်။

“ဟ-ဟ၊ ကောင်မလေးကုက အရည်အချင်းပြည့်တဲ့စီးပွားရေးသမားလေ။ သူ့လုပ်ငန်းတွေ ဒီလောက်အောင်မြင်နေတာ ငါတော့ မအံ့ဩပါဘူး။” သခင်ကြီးပိုင်ကတော့ ကုနင်းကို သူ့မြေးအရင်းလိုမျိုး ဂုဏ်ယူစွာချီးမြှောက်နေသည်။

ခဏတာစကားပြောဖြစ်ကြပြီးနောက် ကုနင်းက သခင်ကြီးပိုင်နှင့်တခြားသောသခင်ကြီးများအတွက် သူမပြင်ဆင်ထားသော လက်ဆောင်များကို ပေးလိုက်ဖို့ရန် ကောင်းယိကိုပြောလိုက်သည်။

သခင်ကြီးပိုင်က၊ “မင်းငါတို့ကို ထမင်းစားဖိတ်ပြီးနေပြီလေ။ ဘာလို့လက်ဆောင်တွေယူလာနေသေးတာလဲ။”

ကုနင်းပြုံးလိုက်ကာ၊ “ဒါက ကိုလိန်းကထုတ်တဲ့ လူကြီးတွေအတွက် အာဟာရဖြည့်စွက်ရည်ပုလင်းတွေပါဘ။ ကျန်းမာရေးအတွက်ကောင်းတယ်။”

ထိုပုလင်းများကို Gမြို့ရှိ ကိုလိန်းဆိုင်မှ ကုနင်းဝယ်လာခဲ့ခြင်းဖြစ်သည်။

“အသက်အရွယ်အမျိုးမျိုးအတွက် အာဟာရဖြည့်စွက်ရည်တွေပါရှိလို့ အစွမ်းထက်တယ်ထင်ရင် အဖိုးတို့မိသားစုဝင်တွေကိုပါ စမ်းသောက်ကြည့်ခိုင်းလို့ရတယ်။”

ကုနင်း ကြော်ငြာဝင်နေခြင်းမဟုတ်ဘဲ သခင်ကြီးများ၏ကျန်းမာရေးကို ထောက်ရှုကာပြောနေခြင်းဖြစ်သည်။

“ကိုလိန်းလား ကြားဖူးတယ်။ အဲ့ဒီဘရန်းကထုတ်တဲ့ ဆေးဝါးတွေနဲ့ အလှကုန်တွေက တကယ်ကောင်းတာလို့ တော်တော်များများပြောကြတယ်။” ပိုင်ရွှယ်ယန်ပြောလိုက်သည်။

သူမသည် အင်တာနက်ပေါ် အချိန်ဖြုန်းလေ့ရှိသည့်လူငယ်တစ်ယောက်ဖြစ်တာကြောင့် ကိုလိန်းအကြောင်း သတင်းတွေအများကြီးဖတ်ခဲ့ဖူးသော်လည်း ကုနင်းက ပိုင်ရှင်ဖြစ်နေမှန်းကိုတော့ မသိပေ။

“ဟုတ်တယ်၊ အရမ်းကောင်းတယ်၊ နင့်အမေကိုလဲ ခိုကျီစမ်းသုံးကြည့်ဖို့ ပြောလိုက်ပေါ့။”

ကုနင်းတွင် ပစ္စည်းတွေအစုံ စိတ်စွမ်းအင်အာကာပြင်ထဲ ပါလာခဲ့ပေမယ့် ချက်ချင်းကြီးတော့ အလှကုန်ပစ္စည်းတစ်စုံကို ထုတ်ယူလိုက်ဖို့ မဖြစ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် ခိုကျီက ဈေးကြီးလှသည်လဲ မဟုတ်တာကြောင့် ပိုင်ကတော်အနေနဲ့ ဝယ်ဖို့တတ်နိုင်ပေသည်။

ခိုကျီသည် အင်တာနေရှင်နဲ့အဆင့်အတန်းမြင့်ဘရန်းတစ်ခုဖြစ်ဖို့ရန်အထိ ရည်ရွယ်ထားခြင်းဖြစ်သော်လည်း လက်ရှိဈေးနှုန်းကတော့ ဝယ်သူအများစုလက်ခံနိုင်မည့်အတိုင်းအတာသာဖြစ်သည်။

“ဟုတ်ပြီ!” ကုနင်းထောက်ခံပေးခြင်းဆိုမှတော့ ပိုင်ရွှယ်ယန် အလွယ်တကူလက်ခံသွားခြင်းက မဆန်းပေ။

“ကောင်မလေးကု၊ မှန်မှန်ပြောစမ်း၊ ကိုလိန်းကလဲ မင်းအပိုင်ပဲမဟုတ်လား?” ရုတ်တရက် သခင်ကြီးယန် ထမေးလာသည်။

ထိုစကားကြောင့် လူတိုင်းအံ့ဩကြီးစွာ ကုနင်းကိုလှည့်ကြည့်လာလေသည်။

ကုနင်းလဲ ပြုံးမိသွားကာ၊ “ဟုတ်ပါတယ်၊ ကိုလိန်းလဲ ကျွန်မအပိုင်ပါ၊ ဒါပေမယ့် ဒီနေ့ ဒါတွေအတွက် ကြော်ငြာလာဝင်တာမဟုတ်ပါဘူးနော်။ တကယ်ကိုထိရောက်လို့ ထောက်ခံပေးရုံပဲ။”

ကုနင်းသည် သူမ၏မိဆွေများ အစဉ်အမြဲကျန်းမာလှပနေစေဖို့ရန် စိတ်ရင်းဖြင့် မျှော်လင့်လေသည်။

***

စာစဉ် ၇၆ ပြီး၏။

All Chapters