← Chapters

အခန်း (၁၁၈၃-၁၁၈၈)

Vol. 78 Ch. 1183-1188

အခန်း (၁၁၈၃-၁၁၈၈)

Vol. 78 Ch. 1183-1188

၁၁၈၃ ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခြင်း

တခြားသောဘက်စကတ်ဘောအသင်းများသည်လဲ နွားရိုင်းနှင့်စစ်သည်တော်များ နှစ်သင်းကြားက ယှဉ်ပြိုင်ပွဲကို အလွန်စိတ်ဝင်စားလို့နေကြသည်။ ပြောရရင် သူတို့ထဲက ဘယ်သူပဲနိုင်နိုင် သူတို့လဲအကျိုးအမြတ်ရကြမှာပဲ။ သူတို့မှာ ပြိုင်ဘက်ပိုနည်းသွားလေ ထိပ်တန်းသုံးသင်းထဲသို့ ဝင်နိုင်ချေပိုများလေပင်။

ချန်ပီယံတွေကို လူတွေက အာရုံအစိုက်ဆုံးဆိုသော်လည်း ဒုတိယနှင့် တတိယတွေကိုအတွက်လဲ တောက်ပသည့်အနာဂါတ်ကို ရရှိနိုင်ပါသေးသည်။

အချိန်ဆွဲမနေကြတော့ပဲ သူတို့အဖွဲ့က ဘက်စကတ်ဘောကွင်းထဲသို့ ချီတက်သွားကြသည်။

သူတို့ရောက်လာသည်ကို ကုနင်းလဲ သတိထားမိပေသည်။ အကွာအဝေးကခြားနေခဲ့တာကြောင့် သူတို့ဘာတွေပြောခဲ့ကြမှန်း သူမမကြားနိုင်သော်လည်း နွားရိုင်းအဖွဲ့၏အမူအရာတွေကိုကြည့်ခြင်းအားဖြင့် သူမတို့ထောင်ချောက်ထဲမိသွားပြီမှန်း သိလိုက်လေသည်။

သူတို့ကိုထောင်ချောက်ဆင်ဖို့က ကုနင်းတွေးထားသည်ထက်ကို ပိုတောင်လွယ်နေသေးသည်။

သူတို့ဘက်စကတ်ဘောကွင်းထဲသို့ရောက်လာချိန်တွင် ကုနင်းက ကစားနေစဲဖြစ်ကာ ကုနင်း၏အရည်အချင်းက အမှန်တကယ်ကောင်းမွန်ကြောင်း သူတို့လက်ခံမိကြသည်။ သို့သော်လည်း ကုနင်း၏ကွင်းထဲက လုပ်ဆောင်ချက်တွေက အတော်လေးအထင်ကြီးစရာကောင်းနေသည် ဆိုလျှင်တောင်မှ နွားရိုင်းအဖွဲ့ကတော့ သူမကိုခပ်ပေါ့ပေါ့တွေးနေကြတုန်းပင်။

“ဟေ့၊ မင်းတို့ခဏလောက်ရပ်လိုက်ကြလို့ရလား?” စစ်သည်တော်များအသင်းက တစ်ယောက်က လှမ်းအော်လိုက်သည်။

ကုနင်းပြုံးသွားကာ ချက်ချင်းရပ်လိုက်တာကြောင့် လူငယ်သုံးယောက်လဲ ရပ်ပေးလိုက်ကြသည်။

လူငယ်သုံးယောက်မှာ အခုဆို ဆိုးဆိုးရွားရွားအရှက်ရနေပြီဖြစ်သည်။ သို့သော်လည်း ထိုအတွက်ကြောင့်နှင့် ကုနင်းကို မမုန်းမိကြဘဲ အလွန်လေးစားသွားကြလေသည်။

“ဘာများကူညီပေးရမလဲ?” ကုနင်း ဘာမှမသိသလိုပုံစံဟန်ဆောင်ကာ မေးလိုက်သည်။

“ကွင်းထဲမှာ မင်းကစားနေတဲ့ပုံစံကို ငါတို့သတိထားမိသွားလို့၊ မင်းဘက်စကတ်ဘောကစားတာ အရမ်းတော်တာပဲ။ စိတ်မရှိရင် ငါတို့နဲ့တစ်ပွဲလောက်ကစားပါလား?” စစ်သည်တော်အသင်းက တစ်ယောက်ကမေးလိုက်သည်။

“ရတာပေါ့၊ ကျွန်မလဲ အခုထိပျော်ရသေးတာမဟုတ်ဘူး!” ကုနင်းအေးအေးဆေးဆေးသဘောတူလိုက်သည်။

“ရှင်တို့ ဘယ်လိုပုံစံမျိုးကစားချင်လဲ?” ကုနင်းမေးလိုက်သည်။

“တစ်ယောက်ချင်း။” နွားရိုင်းအဖွဲ့ခေါင်းဆောင်က အထင်သေးကြောင်း မဖုံးကွယ်ထားပေ။

ကုနင်းကို သန်မာသည့်ပြိုင်ဘက်တစ်ယောက်အဖြစ် သူလုံးဝမတွေးထားပေ။

“သေချာရဲ့လား?” ကုနင်းပြန်မေးလိုက်သည်။ တစ်ဖက်လူကို သူမပြိုင်ဘက်လို့မတွေးကြောင်း သိသာလှသည်။

နွားရိုင်းအသင်းသားများမှာ စိတ်တိုသွားကြပြီး ကုနင်းကို ဝိုင်းစိုက်ကြည့်လာကြပေမယ့် ကုနင်းကတော့ တစ်ချက်လေးတော့ ဂရုမစိုက်ပေ။

နွားရိုင်းအသင်းခေါင်းဆောင်က၊ “ငါတို့ထဲက တစ်ယောက်လောက်နဲ့ကို မင်းကိုအနိုင်ယူဖို့ လုံလောက်နေပြီ။”

ထန်ကျားခိုင်နှင့် စစ်သည်တော်အသင်းသားများကတော့ နှာခေါင်းသာရှုံ့လိုက်ကြသည်။ သူတို့ကတော့ ကုနင်းတစ်ယောက်တည်းနဲ့တောင် နွားရိုင်းတွေအားလုံးကို အလွယ်လေးအနိုင်ပိုင်းနိုင်သည်ဟု တွေးနေလေသည်။

“ကျွန်မတော့ သိပ်မထင်ဘူးနော်။ ကဲပါ၊ အရင်ဆုံး ရှင်တို့ထဲကတစ်ယောက်လောက်လွှတ်ပြီး ပြိုင်ခိုင်းကြည့်ပါလား? သုံးခါအရင်သွင်းနိုင်တဲ့သူက အနိုင်ပေါ့။ တကယ်လို့ ကျွန်မနိုင်ခဲ့ရင် ရှင်တို့ထဲက ငါးယောက်ကိုရွေးပြီး ကျွန်မနဲ့နောက်ထပ်တစ်ပွဲကစားခိုင်းမယ်။ ရှင်တို့နိုင်ခဲ့ရင်တော့ လက်ခံနိုင်တဲ့အတိုင်းအတာအတွင်းဖြစ်နေသ၍ ကျွန်မကို ဘာမဆိုတောင်းဆိုလို့ရတယ်။”

“ကိစ္စမရှိဘူး။” နွားရိုင်းအသင်းခေါင်းဆောင်က သဘောတူလိုက်သည်။ သူက တုန့်ဆိုင်းခြင်းကိုမုန်းသလို မာနကလဲ အလွန်ကြီးလှသည်။ သူ့ဘက်ကရှုံးမည်ဟု လုံးဝမထင်တာကြောင့် ကုနင်း၏စိန်ခေါ်မှုကို အထူးအထွေတွေးမနေဘဲ လက်ခံလိုက်လေသည်။

“မင်း သူတို့နဲ့အခုတင်ကစားထားတာဆိုတော့ ခဏလောက်အနားယူဦးမလား? ငါတို့ မင်းကို အခွင့်အရေးမယူချင်ဘူး။” နွားရိုင်းအသင်းခေါင်းဆောင် ပြောလိုက်သည်။

ကုနင်းက မိန်းကလေးဖြစ်နေခြင်းကြောင့် ထိုသို့ပြောခြင်းမဟုတ်ဘဲ သူတို့အသင်းသိက္ခာအတွက်သာဖြစ်သည်။

“မလိုတော့ပါဘူး၊ ကျေးဇူးပဲ။”

ကုနင်းအသံက အလွန်ယုံကြည်ချက်ရှိနေတာကြောင့် နွားရိုင်းများဒေါသထွက်ရပြန်သည်။

“ကောင်းပြီလေ၊ နောက်မှနောင်တမရနဲ့။”

“မရဘူး။”

“ကောင်းတယ်၊ လောင်အာ၊ မင်းသူနဲ့တစ်ပွဲသွားကစားလိုက်။” နွားရိုင်းအသင်းခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

လောင်အာဆိုသူသည် သူတို့အသင်းထဲတွင် အသက်ရော အရည်အချင်းပါ ဒုတိယအဆင့်တွင်ရှိပြီး ဘောလုံးလုခြင်းနှင့် ပစ်ပေးခြင်းများတွင် အထူးကျွမ်းကျင်သည်။

နွားရိုင်းအသင်းတွင် အရည်အချင်းအရှိဆုံးအဖွဲ့ဝင်ကတော့ သေချာပေါက် ခေါင်းဆောင်ဖြစ်သော်လည်း သူကတော့ မိန်းကလေးတစ်ယောက်နှင့် ပြိုင်ဖို့အတွက် သူကိုယ်တိုင်ထွက်စရာလိုသည်ဟု မထင်ပေ။

“ကောင်းပြီ။” လောင်အာပြန်ဖြေကာ ရှေ့ထွက်လိုက်သည်။

ထို့နောက် ကျန်လူများက နောက်ဆုတ်ပေးလိုက်ကြကာ ကွင်းထဲတွင် ကုနင်းနှင့် လောင်အာကိုသာ ကျန်စေခဲ့သည်။

လူတိုင်းမှာ ကစားပွဲအတွက် စိတ်လှုပ်ရှားနေကြပြီ ထင်မြင်ချက်များစတင်ဆွေးနွေးလာကြသည်။

“ဘယ်သူနိုင်မယ်လို့ထင်လဲ?”

“အမ်… ကောင်မလေးနိုင်သွားဖို့မျှော်လင့်ပေမယ့် လောင်အာက သူ့ထက်ပိုတော်မယ်လို့ ထင်တယ်။”

“ပြောရရင် လောင်အာက ပရော်ဖက်ရှင်နယ်ကစားသမားလေ။”

“ဟုတ်တယ်၊ ကောင်မလေးပုံကြည့်ရတာတော့ ပရော်ဖက်ရှင်နယ်ကစားသမားဟုတ်ပုံမရဘူး။”

“အွန်..”

“အာ.. ငါကတော့ ကောင်မလေးနိုင်မယ်ထင်။ သူ့ကြည့်ရတာ အရမ်းယုံကြည်ချက်ရှိနေတယ်။”

“ဘာပဲဖြစ်ဖြစ် အရမ်းစိတ်လှုပ်ရှားနေပြီ။”

“….”

တချို့တွေက ကုနင်းနိုင်မည်ဟုတွေးကြကာ တချို့ကတော့ လောင်အာသာ အနိုင်ရမည်ဟု ထင်ကြသည်။

……

“ငတုံးကောင်တွေ၊ သေချာပေါက် နင်းနင်းပဲနိုင်မှာ!” တချို့လူများ၏ ကုနင်းအပေါ် အထင်သေးနေသည့်အမြင်များကိုကြားလိုက်ရတာကြောင့် ထန်ကျားခိုင်း မကျေမနပ်ဖြစ်သွားသည်။

“ဟ-ဟ၊ မကြာခင် သူတို့မျက်နှာတွေဖြတ်ရိုက်ခံရတော့မှာပါ။” စစ်သည်တော်အသင်းဝင်က ပြောလိုက်သည်။

ဒိုင်လူကြီးကတော့ အစောကလူပင်။ သူက အလယ်တွင်ရပ်နေကာ ဝီစီကို ပါးစပ်တွင်တေ့ထားသည်။ ဘောလုံးက သူ့လက်ထဲတွင်ရှိနေပြီး ကုနင်းနှင့်လောင်အာတို့ကတော့ သူ့တစ်ဖက်စီတွင် ရပ်နေကြသည်။

ဒိုင်လူကြီး ဝီစီမှုတ်လိုက်ကာ ဘောလုံးကိုပစ်တင်လိုက်သည်နှင့် ကုနင်းနှင့်လောင်အာလဲ တပြိုင်တည်း ခုန်ကာ ဘောလုံးကိုလုကြသည်။

ကုနင်းက လောင်အာထက် အရပ်ပိုပုတာကြောင့် တော်တော်များများက လောင်အာသာ ဘောလုံးကိုအရင်လုနိုင်မည်ဟု သေချာပေါက်ယုံကြည်နေကြလေသည်။

သို့သော်လည်း ထန်ကျားခိုင်နှင့် စစ်သည်တော်အသင်းဝင်များ၏ အတွေးကတော့ မတူပေ။

ကုနင်းသည် သာမာန်မိန်းကလေးမဟုတ်သလို အရပ်ဆိုသည်က သူမအတွက် ပြဿနာတစ်ခုမဟုတ်ပေ။ သူမ လောင်အထက် ပိုမြင့်အောင် အလွယ်လေးခုန်နိုင်ခဲ့ကာ နောက်တစ်စက္ကန့်မှာပဲ ဘောလုံးကို ရသွားခဲ့သည်။

ထိုအခြေအနေကြောင့် လူတိုင်းအံ့ဩထိတ်လန့်သွားကြတော့သည်။

***

အခန်း ၁၁၈၄ လောင်အာဒေါသတကြီး ကုနင်းကိုစိုက်ကြည့်နေတယ်

ထန်ကျားခိုင်နှင့် စစ်သည်တော်အသင်းဝင်များက ကုနင်းသာ ဘောလုံးအရင်ရမည်မှန်း သိနေပြီးသားဖြစ်၍ အထူးတလည်မအံ့ဩသွားကြပေ။

ကစားပွဲကစနေရုံသာရှိသေးသော်လည်း ကုနင်းက ဘောလုံးကို အရင်အရယူနိုင်ခဲ့တာကြောင့် သူမအရည်အချင်းကို သက်သေပြလိုက်ပြီဖြစ်သည်။

လောင်အာသည် အစပိုင်းတွင် အလွန်ယုံကြည်ချက်ရှိနေခဲ့သော်လည်း မကြာလိုက်ခင်မှာပဲ ကုနင်းသည် သူ့ထက်ပိုသာသည်ဟု တွေးမိလာတော့သည်။

သူ ကုနင်းအနားသို့ ချက်ချင်းချဉ်းကပ်လိုက်သော်လည်း နောက်ကျလွန်းနေကာ ကုနင်းက သူ့ထက်အများကြီး ပိုမြန်နေသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကုနင်းက လျင်မြန်လှသည့်အရှိန်ဖြင့် ခြင်းထဲသို့ ဘောလုံးကို ပစ်သွင်းလိုက်ပြီးပေပြီ။

“ဝိုး!”

ကွင်းဘေးတွင်ရပ်နေကြသည့်လူတွေအားလုံး ကျယ်လောင်စွာအားပေးလိုက်ကြပေမယ့် နွားရိုင်းတွေကတော့ ဒေါသထွက်သွားကြသည်။ ကုနင်းက တစ်မှတ်ရသွားပြီဆိုသော်လည်း ဘက်စကတ်ဘောကစားရာတွင် ကုနင်းက သူတို့ထက်ပိုသာသည်ကို လက်ခံဖို့ ငြင်းဆန်နေကြသေးသည်။

လောင်အာက ကုနင်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်သော်လည်း ကုနင်းက အထင်သေးသည့်အပြုံးတစ်ပွင့်သာ ပြန်ပေးလိုက်သည်။ နောက်တော့ လောင်အာကို လျစ်လျူရှုကာ ထွက်သွားတာကြောင့် လောင်အာ အလွန်ဒေါသထွက်သွားကာ သူမကိုပြေးတောင်ရိုက်ပစ်ချင်မိတော့သည်။

သူတို့ အနိုင်ရသူကို သုံးမှတ်ဖြင့် ဆုံးဖြတ်မည်ဟု ပြောထားတာကြောင့် အခုဆို ကုနင်းက ပထမဆုံးအမှတ်ကိုရသွားပေပြီ။

လောင်အာ သူ့ကိုယ်သူ ပြန်အားပေးလိုက်ကာ နောက်တစ်ခေါက်တော့ အနိုင်ယူမည်ဟု ဆုံးဖြတ်လိုက်လေသည်။

ဒုတိယပွဲစတင်ပေပြီ။ လောင်အာက ပထမတစ်ခေါက်မှာရုံးသွားခဲ့တာကြောင့် ဒီတစ်ကြိမ်တော့ ဘောလုံးကို သူကိုင်ရသည်။ ဝီစီသံတစ်ချက်မြည်လာသည်နှင့် လောင်အာက ကုငနး်ကိုရှောင်ရှားကာ ပြေးရင်းဖြင့် ဂိုးသွင်းဖို့ နေရာကောင်းကိုရှာလိုက်သည်။

သူနောက်ထပ်ခြေသုံးလှမ်းလှမ်းလိုက်ပြီးသည်နှင့် ဘောလုံးကိုပစ်နိုင်တော့မည်ဖြစ်ဆိုသော်လည်း သူနှစ်လှမ်း,လှမ်းပြီးချိန်မှာပဲ ကုနင်းကို ကြားဖြတ်ယူသွားလေသည်။ လောင်အာသည်တော့ ကုနင်း၏အရှိန်ကြောင့် ကြောင်အကာကျန်နေခဲ့ရသည်။

ကုနင်းသည် အလွန်လျင်မြန်လွန်းတာကြောင့် သူမဘောလုံးကို ဘယ်လိုလုလိုက်မှန်း ဘယ်သူမှသေချာမမြင်လိုက်နိုင်ခင် နောက်တစ်စက္ကန့်မှာပဲ ဘောလုံးက သူမလက်ထဲတွင်ရောက်နေသည်ကိုသာ မြင်လိုက်ကြရသည်။

“မိုင်ဂေါ့ဒ်! သူ့ရဲ့အရှိန်က အလင်းလိုပဲ။”

“ဘယ်လိုများလုပ်လိုက်တာပါလိမ့်?”

“….”

လူတိုင်းအလွန်အံ့အားသင့်ကုန်ကြပြီး ကုနင်းသာ အနိုင်ရနိုင်သူဖြစ်နိုင်ကြောင်း တစ်ဖြည်းဖြည်း ယုံကြည်လာကြတော့သည်။

မကြာလိုက်ပါပဲ လောင်အာအသိစိတ်ပြန်ကပ်သွားကာ ကုနင်းကိုတားရန် ချက်ချင်းပြေးဝင်သွားသည်။ သို့သော်လည်း အရင်အတိုင်းထပ်ဖြစ်ပြန်ပေပြီ။ သူ ကုနင်းကို ဖမ်းမိတော့မည့်အချိန်လေးမှာပဲ ကုနင်းက ဘောလုံးကို ခြင်းထဲသွင်းလိုက်လေသည်။

“မဖြစ်နိုင်တာ!”

“ဝိုး!”

အားလုံး အားပေးကာ လက်ခုပ်တွေတီးကြတော့သည်။

“ဒီကောင်မလေး အရမ်းတော်တာပဲ!”

“နှစ်မှတ်တောင်ရသွားပြီ။”

“ဒီလိုထပ်ခါ ထပ်ခါ အမှတ်တွေရနေမှတော့ တိုက်ခိုက်သွားရုံမဖြစ်နိုင်တော့ဘူး။”

“အဟုတ်ပဲ!”

“….”

“သေစမ်း!”

အခုတော့ နွားရိုင်းအသင်းသားတွေ လွန်စွာဒေါသထွက်လို့နေကြပေပြီ။ အထူးသဖြင့် ခေါင်းဆောင်ပင်။ သို့သော်လည်း လောင်အာကိုတော့ အပြစ်မတင်ခဲ့ပေ။ ထိုအစား ကုနင်းအမှားဟုသာ တွေးနေတော့သည်။

တခြားသောနွားရိုင်းအသင်းသားတွေကတော့ လောင်အာတကယ်ရှုံးသွားမည်အား စိုးရိမ်နေကြပေပြီ။ ဒီလိုသာဆို သူတို့အရှက်ကွဲတော့မှာပဲ။

နွားရိုင်းအသင်းခေါင်းဆောင်က ကုနင်းနှင့်ပြိုင်ဖို့ ငါးယောက်တောင်လိုမည်ဟု မတွေးခဲ့သော်လည်း အခုတော့ သူအရမ်းနိုင်ချင်နေပြီဖြစ်၍ ငါးယောက်ဆိုလဲ လက်ခံသွားနိုင်ပေပြီ။ သူတို့သာရှုံးသွားရင် စစ်သည်တော်အသင်းနဲ့လောင်းထားတုန်းက ပြောထားသည့်ကိစ္စကို သူတို့လုပ်ကြရပေလိမ့်မည်။

လောင်အာ ဘာမှမလုပ်နိုင်တော့တာကြောင့် ကုနင်းကိုသာ ထပ်ပြီးစိုက်ကြည့်လိုက်ပြန်သည်။ ကုနင်း လှောင်ရယ်လိုက်ကာ၊ “ဒါ ရှင်လုပ်နိုင်တာအကုန်ပဲလား? ကျွန်မကို တစ်ယောက်တည်းစိန်ခေါ်ရဲတယ်ဆိုတော့ ဒီထက်အဖြစ်ရှိလောက်မယ်လို့ ထင်ထားတာ။”

“မင်းအခုထိ သုံးမှတ်မရသေးဘူး!” လောင်အာ ဒေါသတကြီးအော်လိုက်သည်။

သူဘယ်လောက်ပဲ ဘဝင်မြင့်တတ်ပါစေ မတွေးတတ်သူတော့မဟုတ်တာကြောင့် အခုနေ ဘယ်လောက်တောင်အန္တရာယ်များသည့် အခြေအနေဖြစ်နေပြီမှန်း သူသိပေသည်။ သို့သော်လည်း ကုနင်းကို ပိန်ပိန်သေးသေး ကောင်မလေးတစ်ယောက်က သူ့ကိုအလွယ်လေးအနိုင်ယူနိုင်သည်ဆိုသော အချက်ကတော့ သူ့အတွက် လက်ခံဖို့ရာခဲယဉ်းလှသည်။ ပြောရရင် သူဆိုသည်က နေ့တိုင်းလေ့ကျင့်နေသည့် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးလေ။

“ကြည့်ရသေးတာပေါ့!” ကုနင်းပြောလိုက်ပြီးသည်နှင့် တတိယပွဲကို ချက်ချင်းစလိုက်သည်။

ဒီတစ်ကြိမ်လဲ လောင်အာပဲ ဘောလုံးကိုကိုင်ရသည်။

ဒီတစ်ခေါက်တော့ သူခြင်းနားရောက်သွားသည်အထိ ကုနင်း မတားခဲ့ဘဲ သူခြင်းထဲသို့ ပစ်သွင်းလိုက်သည့်အချိန်ရောက်ကာမှ ဘောလုံးကိုရုတ်တရက် လုယူလိုက်လေသည်။

လူတိုင်း ထပ်မံလို့ အံ့ဩသွားကြပြန်သည်။

“မိုင်ဂေါ့ဒ်၊ သူနောက်ဆုံးတော့ တစ်မှတ်ရပြီလို့ ငါမှတ်လိုက်တာ!”

“ကောင်မလေးခုန်တာ တော်တော်မြင့်တာပဲ။”

“ငါယုံတောင် မယုံနိုင်တော့ဘူး။”

“….”

သူတို့ ကုနင်းကို ဆက်တိုက်ချီးကျူးနေကြသော်လည်း လောင်အာအတွက်တော့ ဘယ်လိုမှ လက်မခံနိုင်ဖြစ်နေလေသည်။ သူ့အရည်အချင်းနဲ့ဆို ခြင်းထဲသို့ဘောလုံးဝင်သွားသင့်သော်လည်း ကုနင်းက လမ်းတစ်ဝက်မှာ ဖြတ်ခုတ်လိုက်လေသည်။

နွားရိုင်းအသင်းသားတို့မှာ မှင်သက်နေကြကာ ဘာပြောလို့ပြောရမှန်းတောင် မသိတော့ပေ။

ထန်ကျားခိုင်နှင့်စစ်သည်တော်အသင်းကတော့ ဆန့်ကျင်ဘက်ပဲ အလွန်ကျေနပ်နေလေသည်။ ကုနင်း နွားရိုင်းအသင်းက ငါးယောက်ခေါ်ထုတ်ပြီး ယှဉ်ပြိုင်မည့်ပွဲကိုတောင် သူတို့စောင့်မျှော်နေကြတော့သည်။

ကုနင်း ဘောလုံးကိုလုယူပြီးသည်နှင့် တစ်ဖက်ခြင်းရှိရာသို့ နောက်လှည့်ပြေးသွားကာ လောင်အာကလဲ သူမကိုဖမ်းဖို့လုပ်ပြန်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက် သူတားနိုင်သည့်လူမဟုတ်ပေ။

ကုနင်း သုံးမှတ်တန်စည်းနားတွင်ရပ်ကာ ဘောလုံးကို ခြင်းထဲသို့တန်းပစ်ထည့်လိုက်လေသည်။ လောင်အာမှာ သူမကိုမတားဆီးနိုင်ဘဲ ဘောလုံးကသာ ခြင်းထဲသို့ ချောချောမွေ့မွေ့ဝင်သွားခဲ့သည်။

သုံးမှတ်တန်ဂိုးပဲ! လူတိုင်းအံ့အားသင့်နေကြပြီး နောက်ထပ်တစ်ဖန် ကုနင်းကိုအားပေးသည့်အသံများ ညံပွက်သွားပြန်လေသည်။

လက်ရှိတွင်တော့ နွားရိုင်းအသင်းနှင့်စစ်သည်တော်အသင်း၏စိတ်အခြေအနေတို့မှာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေကြပေပြီ။

လောင်အာ ဒေါသအလွန်ထွက်နေကာ လက်သီးကိုကျစ်ကျစ်ဆုပ်ရင်း ကုနင်းကိုစိုက်ကြည့်လိုက်သည်။

ကုနင်းကတော့ လောင်အာ၏အကြည့်တို့ကိုမကြိုက်ပေ။ သူရှုံးတိုင်း သူမကို ဒီပုံစံနဲ့အမြဲစိုက်ကြည့်လာတတ်လေသည်။

***

အခန်း ၁၁၈၅ 1 Vs 5

ကုနင်း၏နှုတ်ခမ်းစွန်းများဖြောင့်တန်းသွားကာ လောင်အာကိုလျစ်လျူရှုလိုက်ပြီး နွားရိုင်းအသင်းခေါင်းဆောင်နဲ့သာ စကားပြောလိုက်သည်။ “ဟေ့၊ မင်းတို့အသင်းဖော်ရှုံးသွားပြီနော်။ မင်းတို့ထဲက ငါးယောက် ငါနဲ့ပြိုင်ကစားချင်လား?”

ကုနင်း၏အမူအရာနှင့် လေသံအသုံးအနှုန်းမှာ လှောင်ပြောင်နေဟန်ပေါ်ပေသည်။

“ရတာပေါ့၊ ငါတို့ထဲကငါးယောက် မင်းနဲ့ပြိုင်ကစားမယ်!” နွားရိုင်းအသင်းခေါင်းဆောင်က ဒေါသထွက်စွာပြောလိုက်သည်။ လောလောဆယ် သူဘာဂုဏ်သိက္ခာကိုမှ မလိုချင်ဘဲ ကုနင်းကိုသာ အနိုင်ရချင်တော့သည်။

ကုနင်းကိုယုံကြည်နေသူများကတော့ သူမဆက်နိုင်သွားမည်ဟု ယုံကြည်နေကာ တချို့ကတော့ သူမအတွက် စိုးရိမ်နေကြသည်။

“သူဒီတစ်ခေါက်ကော နိုင်လောက်သေးလား?”

“သိပ်တော့မထင်ဘူး။ ပြောရရင် ဘက်ကမမျှဘူးလေ။”

“သူတို့ထဲက ဘယ်ငါးယောက်ဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်ကစားသမားတွေချည်းပဲ။ ဒီတစ်ခေါက်ကတော့ ကောင်မလေးရှုံးတော့မယ်ထင်တယ်။”

“ကောင်မလေးကိုကြည့်ရတာတော့ ယုံကြည်ချက်အပြည့်ရှိနေတုန်းပဲ။ နိုင်လောက်ဦးမလားပဲ။”

“…..”

“နင်းနင်းပဲ နိုင်မှာ!” ထန်ကျားခိုင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူနဲ့ကုနင်းတို့ သူငယ်ချင်းတွေဖြစ်မှန်း တခြားလူတွေ ကြားသွားလို့မဖြစ်ပေ။

“ပြိုင်ပွဲကို ဘယ်လိုသတ်မှတ်မှာလဲ?” နွားရိုင်းအသင်းခေါင်းဆောင်က မေးလိုက်သည်။

“ငါတို့ ၁၅မိနစ်အတွင်း ဂိုးသွင်းနိုင်တဲ့အရေအတွက်နဲ့ ဆုံးဖြတ်တာပေါ့။”

“ကောင်းပြီလေ။” နွားရိုင်းအဖွဲ့က သဘောတူလိုက်ပြီဖြစ်တာကြောင့် ခေါင်းဆောင်အပါအဝင် နောက်ထပ်အသင်းသား၄ဦး ကွင်းထဲဝင်လာကြသည်။

နွားရိုင်းအသင်းခေါင်းဆောင်ကတော့ ကုနင်း သူတို့ထက်ပိုသာသည်ဟု လက်ခံဖို့ငြင်းဆန်နေစဲဖြစ်သော်လည်း မတော်တဆအခြေအနေတစ်ခုခုဖြစ်လာမည်စိုး၍ သူပါဝင်ကစားလေသည်။

ကစားကွင်းအလယ်စည်းတွင်တော့ ဒိုင်တစ်ဦးရပ်နေကာ သူ့ဘေးတစ်ဖက်တစ်ချက်စီမှာတော့ ကုနင်းနှင့် နွားရိုင်းအသင်းသား၅ယောက်ရှိကြသည်။

တစ်ဖက်က ထောင်ထောင်မောင်းမောင်း ပရော်ဖက်ရှင်နယ်ကစားသမား၅ယောက်နှင့် ယှဉ်ရပ်လိုက်တော့ ကုနင်းသည် အတော်လေးပုနေပုံပေါ်သွားသည်။

ထိုအခိုက်အတန့်မှာပဲ ဘက်စကတ်ဘောနည်းပြတွေအများကြီး ထွက်လာကြကာ ထိုပြိုင်ပွဲကို စိတ်ဝင်စားသွားပြီး ကွင်းနားရောက်လာခဲ့ကြသည်။

သူတို့အနားရောက်ရောက်ချင်းမှာပဲ ဒိုင်က ဝီစီမှုတ်လိုက်ပြီး ဘောလုံးကိုလေထဲမြှောက်တင်လိုက်သည်။ နွားရိုင်းအသင်းခေါင်းဆောင်က သူ့အသင်းလက်ထဲ ဘောလုံးရရှိစေဖို့ရန်အတွက် ချက်ချင်းခုန်လိုက်သည်။

ကုနင်းက တစ်ယောက်တည်းကစားသူဖြစ်တာကြောင့် သူမကတော့ ဘယ်သူ့ကိုမှပေးဖို့မလိုဘဲ တစ်ခါတည်း ဘောလုံးကို ဆွဲယူလိုက်၍ရပေသည်။

လောင်အာ၏နမူနာရှိထားတာကြောင့် နွားရိုင်းအသင်းခေါင်းဆောင်သည် ကုနင်းကို လျှော့တော့မတွက်ရဲတော့ပေ။ သို့သော်လည်း ကုနင်းက သူ့ထက်တစ်စက္ကန့်စာမျှစောကာ လှုပ်ရှားပြီး ဘောလုံးကိုဆွဲယူသွားနိုင်ခဲ့သည်။

ဘက်စကတ်ဘောနည်းပြများကတော့ ထိုမြင်ကွင်းကြောင့် အလွန်အံ့ဩမိနေကြလေသည်။ ဒီလိုမျိုး ပေါ့ပေါ့ပါးပါးလှုပ်ရှားကာ အမြင့်ကြီးခုန်နိုင်သည့်ကောင်မလေးမျိုး သူတို့တစ်ခါမှမတွေ့ခဲ့ဖူးပေ။

နွားရိုင်းအသင်းခေါင်းဆောင်၏အရပ်သည် ၁.၉မီတာနီးနီးမြင့်ကာ ကုနင်းကတော့ ၁.၆၅မီတာသာရှိပြီး သူတို့ကြားက အရပ်ကွာဟချက်မှာ အလွန်ကြီးမားလှပေသည်။

နွားရိုင်းအသင်းခေါင်းဆောင် ဒေါသထွက်သွားကာ ကုနင်း အမှတ်မရစေရေးအတွက် လူအုပ်နှင့်ဝိုင်းလိုက်ကြသည်။

ပရော်ဖက်ရှင်နယ်ကစားသမားငါးယောက်နှင့် တစ်ယောက်တည်းယှဉ်ပြိုင်နေရခြင်းဖြစ်တာကြောင့် ကုနင်းအတွက်လဲ ဘောလုံးကိုခြင်းထဲ အောင်အောင်မြင်မြင်သွင်းဖို့ရာ မလွယ်ကူပေမယ့် ဒီတစ်ခေါက်အတွက် အမှတ်ယူဖို့လဲ သူမမရည်ရွယ်ထားပေ။ ထိုအစား သူမက ဘယ်သူမှမသိစေဘဲ ထိုအဖွဲ့ကို ထိခိုက်အောင်လုပ်ဖို့ ကြံစည်ထားလေသည်။

ဒါကြောင့် ကုနင်း ဘောလုံးကို အလောတကြီးခြင်းထဲသို့ပစ်မသွင်းသလို ထိုလူတွေကိုလဲ ချက်ချင်းမရှောင်ခဲ့ပေ။

ကုနင်းသည် လူတစ်ယောက်၏အပ်စိုက်မှတ်များကို ကောင်းကောင်းသိတာကြောင့် သူတို့ရဲ့ ထိုအပ်စိုက်မှတ်များကိုတိုက်မိအောင်လုပ်ပြီး ဘယ်လိုနာကျင်စေရမှန်းလဲ သူမသိသည်။

အချိန်တိုလေးအတွင်းမှာပဲ နွားရိုင်းအသင်းသားနှစ်ယောက်၏ အပ်စိုက်မှတ်များကို တိတ်တဆိတ်ထိုးနှက်ကာ ထိခိုက်သွားစေသည်။

နွားရိုင်းအသင်းသားနှစ်ယောက်မှာ ရုတ်တရက်နာကျင်သွားခြင်းကြောင့် ချက်ချင်းတန့်သွားကြသော်လည်း ဘာဖြစ်သွားမှန်း မသိကြပေ။

ဘက်စကတ်ဘောကစားရာတွင် တစ်ဖက်လူ၏ခန္ဓာကိုယ်ကို ထိမိ တိုက်မိခြင်းများမဖြစ်ရန် ရှောင်ဖို့မလွယ်တာကြောင့် ပရိသတ်ဘက်ကလဲ သိပ်မတွေးကြပေ။

ထို့နောက် ကုနင်း ထိုအခွင့်အရေးကိုယူကာ ခြင်းထဲသို့ဘောလုံးကို ပစ်သွင်းလိုက်သည်။

နွားရိုင်းများ သူမကိုမတားလိုက်နိုင်ကြပေ။

ပရိသတ်တွေအားလုံး၏ ကျယ်လောင်စွာအားပေးသံများပေါ်ထွက်လာသလို ဘက်စကတ်ဘောနည်းပြများသည်လဲ အံ့အားသင့်နေကြသည်။

“ဒီကောင်မလေးက ပရော်ဖက်ရှင်နယ်ဘက်စကတ်ဘောကစားသမား ငါးယောက်အဝိုင်းခံထားရတာတောင် အမှတ်ယူလိုက်တာလား?”

“အမှန်ပဲ၊ နွားရိုင်းတွေက ဒီနှစ်ဘက်စကတ်ဘောပြိုင်ပွဲမှာ ဒုတိယနေရာချိတ်တယ်၊ ဒါပေမယ့် ဒီလိုမိန်းကလေးငယ်ငယ်လေးကိုတော့ အနိုင်မယူနိုင်ကြဘူးပဲ။”

နွားရိုင်းနည်းပြက မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။ “တခြားဘက်စကတ်ဘောအသင်းတွေလဲ ဒီကောင်မလေးကို အနိုင်ယူနိုင်မယ်မထင်ပါဘူး။ ဒီကောင်မလေး သာမာန်မဟုတ်မှန်း အသိသာကြီးကို။”

နွားရိုင်းအသင်းသားငါးယောက်က ကောင်မလေးတစ်ယောက်နဲ့ယှဉ်ကစားရာမှာ အနိုင်မယူနိုင်ခြင်းက အလွန်အရှက်ရစရာကောင်းသည်ဟု သူလက်ခံသော်လည်း တခြားပရော်ဖက်ရှင်နယ်အသင်းများလဲ ကုနင်းကို အနိုင်ယူနိုင်မည်ဟု မထင်မိပေ။

သူတို့သည် ဘက်စကတ်ဘောနည်းပြများဖြစ်ကာ ကုနင်း၏မယုံနိုင်စရာအရည်အချင်းကို မြင်နိုင်စွမ်းရှိကြသည်။ တစ်ချိန်တည်းမှာပဲ ကုနင်း ဘယ်လိုကြောင့်များ ဒီလောက်လွယ်လွယ်အမှတ်ယူသွားနိုင်လဲဆိုသည်ကို သိချင်မိကြပြန်သည်။

“ဒီကောင်မလေးက အင်တာနေရင်နယ် အမျိုးသမီးဘက်စကတ်ဘောအသင်းကများလား?” နည်းပြတစ်ယောက်က ခန့်မှန်းလိုက်သည်။

ကုနင်း၏အရပ်သည် အသင်းဝင်ဖြစ်ဖို့ မပြည့်မှီသော်လည်း သူမ၏အရည်အချင်းကတော့ အလွန်ကောင်းလှသည်။ ပရော်ဖက်ရှင်နယ်ကစားသမားငါးဦးဝိုင်းနေတာတောင်မှ အလွယ်တကူအမှတ်ယူနိုင်သည်ဆိုမှတော့ သူမသည် သာမာန်ဘက်စကတ်ဘောဝါသနာရှင်တစ်ဦးတော့ မဖြစ်နိုင်ပေ။

“ငါ့အထင်တော့ ဒီကောင်မလေးက ကွန်ဖူးမှာလဲ တော်လောက်တယ်၊ ဒါကြောင့် ဒီလောက်မြန်မြန်လှုပ်ရှားနိုင်နေတာ။” နောက်ထပ်နည်းပြတစ်ယောက်ကပြောလိုက်သည်။

သူမသည် ကွန်ဖူးမာစတာတစ်ယောက်သာဆိုလျှင် ကစားပွဲတွင် အနိုင်ရခြင်းက အကျိုးအကြောင်းသင့်သွားပေပြီ။

***

အခန်း ၁၁၈၆ မင်းငါ့ကိုဘာလုပ်လိုက်တာလဲ?

ကုနင်းသည် ကွန်ဖူးမာစတာတစ်ယောက်ဖြစ်နေခဲ့လျှင်တောင်မှ ဘယ်လိုပဲဖြစ်ဖြစ် ဒါသူမကိုယ်ပိုင်အရည်အချင်းသာဖြစ်တာကြောင့် မမျှတသည့်ပွဲဟု နည်းပြများမထင်မိကြပေ။

နွားရိုင်းအသင်းသားငါးဦးမှာ လွန်စွာအရှက်ရကာ ဒေါသထွက်နေကြလေသည်။ သူတို့တွေ ဒီလောက်ဝိုင်းထားတာတောင်မှ ကုနင်း တကယ်ကြီး အမှတ်ယူသွားနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဒါကြောင့် ကုနင်းကို ဒေါသတကြီးစိုက်သာကြည့်နေကြလေသည်။

ကုနင်းသာ ယောက်ျားတစ်ယောက်ဆိုပါက ချက်ချင်းဝိုင်းရိုက်ပစ်ကြလောက်ပေပြီ။

ကုနင်းကတော့ သူတို့အကြည့်တွေကို ဂရုမစိုက်ဘဲ အထင်သေးသည့်အကြည့်တစ်ချက်တောင်ပြန်ပေးလိုက်တာကြောင့် နွားရိုင်းများပေါက်ကွဲထွက်ကုန်တော့သည်။

“တော်တော်မောက်မာနေတာပဲ!”

“ယောက်ျားလေးသာဖြစ်ကြည့် ငါသူ့ကိုရိုက်သတ်ပစ်ပြီ။ သူငါ့ကိုတံတောင်နဲ့တိုက်သွားရုံလေးကို ငါ့ရင်ဘက်က အခုထိနာနေတုန်းပဲ။”

“ငါရောပဲ! ငါထင်ထားတာထက် တော်တော်လေးသန်မာတာပဲ။”

သူတို့ကတော့ ကုနင်း သူတို့ကိုမတော်တဆတိုက်မိသွားခြင်းဟုသာ ထင်နေကြလေသည်။

“ဟေ့၊ ငါတို့ဒီကစားပွဲရှုံးသွားရင် သူတို့နဲ့သဘောတူထားတဲ့ကိစ္စကို ငြင်းလို့ရနိုင်မှာမဟုတ်ဘူး။ ငါတို့အရှက်တွေလဲ ကွဲပြီးနေပြီ ဘာကိုမှဂရုစိုက်နေဖို့မလိုတော့ဘူး။ သူမနိုင်အောင် ငါတို့ သူ့ကိုတိုးတိုးတိတ်တိတ်ထိခိုက်အောင်လုပ်ကြတာပေါ့။” နွားရိုင်းအသင်းခေါင်းဆောင်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ကောင်းပြီ။” အသင်းသားအားလုံးကလဲ တညီတညွတ်သဘောတူကြလေသည်။

ထို့နောက် ကစားပွဲဆက်ကြသည်။ ပထမပွဲတွင် နွားရိုင်းအသင်းဘက်က ဘောလုံးမရခဲ့တာကြောင့် ဒုတိယပွဲတွင်တော့ သူတို့ဘက်က စကစားဖို့အခွင့်အရေးရလေသည်။

နွားရိုင်းအသင်းသားငါးယောက်က ကုနင်းကို ဝိုင်းပိတ်ထားကြကာ သူမ ဘောလုံးကိုထပ်မထိစေရန် ကာကွယ်ထားကြသည်။

ပွဲကြည့်ပရိသတ်တွေကတော့ မမျှဘူးဟုထင်ကာ ဒေါသထွက်နေကြလေသည်။

“အနိုင်ယူပစ်လိုက်၊ ငါ့ရဲ့နတ်ဘုရားမလေး!” လူအုပ်ထဲကတစ်ယောက်က ရုတ်တရက် ကုနင်းဘက်ကနေ အော်ဟစ်အားပေးလိုက်သည်။ သူသည် ကုနင်း၏နာမည်ကိုမသိတာကြောင့် သူ့နတ်ဘုရားမလေးအဖြစ် ချက်ချင်းသတ်မှတ်ပစ်ခြင်းဖြစ်သည်။

ကုနင်းသည် အလွန်လှပကာ ဘက်စကတ်ဘောကစားရာတွင်လဲ တော်လှတာကြောင့် ထိုစကားလုံးသည် ကုနင်းအတွက်အလွန်သင့်တော်လှသည်။

“အနိုင်ယူပစ်၊ နတ်ဘုရားမလေး!” တခြားလူတွေကပါ ကုနင်းကို ထိုအတိုင်းအားပေးလာကြသည်။

ယခုဆို ပရိသတ်သုံးပုံနှစ်ပုံနီးပါးသည် ကုနင်းကိုထောက်ခံအားပေးနေကြပေပြီ။

……

နွားရိုင်းအသင်းသားငါးယောက်မှာ အလွန်ဒေါသထွက်နေကြကာ သူတို့ဒေါသတွေဖော်ထုတ်ဖို့ ကုနင်းကိုသာ ဝိုင်းပြီးစိုက်ကြည့်လာကြပြန်သည်။ သူတို့အကြည့်တွေက သူမကို အစိမ်းလိုက်ဝါးစားပစ်ချင်နေသလိုကို ပြင်းထန်လှသည်။

ဝီစီသံထွက်ပေါ်လာသည်နှင့် နွားရိုင်းအသင်းသားတစ်ယောက်က ဒုတိယပွဲစဉ်ကို စတင်လိုက်သည်။ ကုနင်း ဤတစ်ခေါက်တော့ ဘောလုံးကို ချက်ချင်းမလုယူဘဲ နွားရိုင်းဘက်ကို ပေးထားလိုက်သည်။

ဤတစ်ခေါက်တွင် ကုနင်းဘက်က ဘောလုံးကိုလုယူဖို့ စိတ်ကူးမရှိခြင်းဖြစ်သော်လည်း ပရိသတ်များအမြင်မှာကျ ယောက်ျားလေး၅ယောက်တောင်အဝိုင်းခံထားရ၍ ကုနင်းမလုပ်နိုင်ခြင်းဟု ထင်နေကြသည်။

ကျန်နွားရိုင်းအသင်းသား၅ယောက်သည် တစ်ချက်လေးမှမလှုပ်ဘဲ ကုနင်းကို ပုံမှန်အတိုင်းဝိုင်းထားကြသည်။

သို့သော်လည်း ကွင်းထဲတွင် လူတစ်ယောက်ကို သုံးစက္ကန့်ထက်ကျော်၍ ပိတ်ထားခွင့်မပြုထားတာကြောင့် ကုနင်း၏လမ်းတွင် တစ်လျှောက်လုံး ပိတ်ရပ်မနေနိုင်သော်လည်း ဘောလုံးရှိနေသည့်သူတို့အသင်းသားဆီ သူမချဉ်းကပ်ဖို့လုပ်တိုင်း ဆက်တိုက်တားဆီးကြလေသည်။

သို့သော်လည်း ကုနင်းဖောက်ထွက်ချင်လျှင် သူတို့အနေနဲ့ တားဖို့ရန် ခက်လှသည်။

ကုနင်းက ပေါ့ပေါ့ပါးပါးလေးပင် သူတို့ဆီမှ ရှောင်ထွက်သွားကာ မသိလျှင် သူတို့လက်တွေအောက်ကနေ ရုတ်တရက်ပျောက်သွားသလိုတောင်ထင်ရတာကြောင့် သူမကိုဝိုင်းထားသည့်ကစားသမားများ အံ့ဩနေကြတော့သည်။

ပရိသတ်များတောင်မှ ကုနင်း၏အလျင်ကို အံ့အားသင့်နေကြလေသည်။

ထိုအချိန်တွင်ပဲ နွားရိုင်းအသင်းခေါင်းဆောင်က ဘောလုံးကိုပစ်သွင်းဖို့လုပ်လေသည်။ သူပစ်လိုက်သည့်အချိန်မှာပဲ ကုနင်းက ခုန်တက်လိုက်ကာ လေထဲတစ်ဝက်ရောက်နေသည့် ဘောလုံးကိုလုယူလိုက်သည်။

အရင်ပွဲတုန်းကလဲ ဤသို့ဖြစ်ခဲ့ဖူးပေမည့် လူတိုင်းထပ်ပြီး အံ့ဩသွားကြရပြန်လေသည်။

ဘက်စကတ်ဘောနည်းပြများကတော့ အခုမှပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်၍ မှင်သက်နေမိကြသည်။

….

“ဝါး၊ ငါ့ရဲ့နတ်ဘုရားမလေးက အရမ်းမိုက်တာပဲ!”

“လုံးဝပြီးပြည့်စုံတဲ့ နတ်ဘုရားမလေး!”

ပရိသတ်များသည် အလွန်အကြူးကို ချီးမွမ်းနေကြတော့သည်။

နွားရိုင်းအသင်းခေါင်းဆောင်မှာ ကုနင်းဘောလုံးကိုလုသွားတာကြောင့် အံ့အားသင့်နေရာမှ နောက်တစ်စက္ကန့်မှာပဲ အလွန်ဒေါသထွက်လာကာ ကုနင်းကို စတင်တိုက်ခိုက်တော့သည်။

သူ့အသင်းသားတွေကလဲ ချက်ချင်းပြေးဝင်လာကြလေသည်။ သူတို့တွေ ကုနင်းကို တိတ်တဆိတ်ထိခိုက်အောင်လုပ်ဖို့ ပြင်ဆင်လိုက်ကြသည်။ သူတို့အားလုံးသည် အရပ်ရှည်ကာ သန်မာကြတာကြောင့် အပြင်ဘက်ကလူတွေအနေနဲ့ သူတို့သာဝိုင်းထားရင်း အတွင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်ကြမည်မဟုတ်၍ သူတို့လုပ်ချင်ရာလုပ်ဖို့ အခွင့်ကောင်းကြီးတစ်ခုဖြစ်စေသည်။

သို့သော်လည်း သူတို့၏ရန်လိုသောလှုပ်ရှားပုံတွေကြောင့် ကုနင်းကတော့ မထိတ်လန့်သွားပေ။ သူမက အေးအေးဆေးဆေးနှင့် သူမလက်မောင်းတွေဆီ မှော်စွမ်းအားကိုထည့်လိုက်ကာ ရေခဲတုံးတွေလို အေးစက်မာကြောသွားအောင်လုပ်လိုက်သည်။

ရလဒ်အနေနဲ့ကတော့ သူတို့တွေ ကုနင်း၏လက်မောင်းနှင့်ဝင်တိုက်မိကြသည်နှင့် တိုက်မိသူကာ ထိခိုက်နာကျင်သွားတော့သည်။

သူတို့တွေ အံ့ဩသွားကြသော်လည်း လွယ်လွယ်တော့ အလျှော့မပေးပေ။

နောက်မိနစ်များအတွင်း ကုနင်းကိုဆက်တိုက်ထိခိုက်အောင်လုပ်ဖို့ကြိုးစားကြပေမည့် ကုနင်းကလဲ သူတို့ကိုတစ်ပုံစံတည်း ပြန်တိုက်ခိုက်သည်။

“မင်းငါ့ကိုဘာလုပ်လိုက်တာလဲ?” နောက်ဆုံးမှာ သူတို့ထဲကတစ်ယောက်ကတော့ တစ်ခုခုမူမမှန်ကြောင်း သတိထားမိသွားလေသည်။

တခြားအသင်းသားတွေကတော့ ဘာဖြစ်မှန်း နားမလည်ကြဘဲ ကုနင်းကိုလက်ထဲမှ ဘောလုံးကိုဆက်လုကြပေမယ့် ရှုံးနိမ့်မြဲပင်။

“မင်းဘာသာ ငါ့လက်မောင်းကိုအားနဲ့ဝင်တိုက်တာလေ၊ ဒီတော့ မင်းကိုယ်မင်း ဘာလုပ်တာလဲဆိုတာ ပြန်မေးသင့်တာပေါ့။” ကုနင်း နှာခေါင်းရှုံ့လိုက်သည်။

“မင်း…” တစ်ဖက်လူမှာ ဒေါသထွက်သွားသော်လည်း ဘာပြန်ပြောလို့ပြောရမှန်းမသိခဲ့ပေ။ ဒါကြောင့် ကုနင်းကိုဆက်ပြီးမတိုက်ခိုက်တော့ဘဲ ဘောလုံးကိုရဖို့သာ အစွမ်းကုန်ကြိုးစားတော့သည်။

ကုနင်း သူတို့ဝိုင်းထားသည်က လွတ်သွားသည်နှင့် ချက်ချင်းပြေးထွက်သွားတော့သည်။

ထို့နောက် သုံးမှတ်တန်စည်းနားရောက်ခါနီးသည်နှင့် ချက်ချင်းပဲ ဘောလုံးကိုပစ်သွင်းလိုက်လေသည်။

***

အခန်း ၁၁၈၇ လက်ကောက်ဝတ်ကိုချိုးမယ်

ပရိသတ်တွေကတော့ အလွန်အံ့ဩနေကြသည်။ အကြောင်းကတော့ ထိုမျှဝေးသည့်နေရာကနေပြီး ကုနင်းအမှတ်ယူနိုင်လိမ့်မည်ဟု ဘယ်သူမှမထင်ခြင်းကြောင့်ပင်။ သူမရောက်နေသည့်နေရာသည် သုံးမှတ်တန်စည်းနဲ့တောင်မှ တော်တော်လေးဝေးနေသေးသည်ပေ။

ထန်ကျားခိုင်နှင့်စစ်သည်တော်အသင်းသားများသည်လဲ အနည်းငယ်စိုးရိမ်သွားကြသည်။

သို့သော် ဘောလုံးက ခြင်းထဲမဝင်နိုင်ခဲ့ရင်တောင်မှ ကုနင်းရှုံးလိမ့်မည်မဟုတ်ပေ။

နွားရိုင်းအသင်းသားတွေကလဲ ဒီလိုပုံစံမျိုးနဲ့ ကုနင်းသုံးမှတ်တန်ဂိုးရလိမ့်မည်ဟု မထင်တာကြောင့် ဘောလုံးကျလာလျှင် အဆင်သင့်ဖမ်းရအောင် အမြန်ပြေးသွားကြသည်။

သို့သော်လည်း ဘောလုံးက သူတို့တွေးထားသလို ခြင်းနဲ့မထိခင်ပြန်မကျလာခဲ့ဘဲ ခြင်းထဲသို့တည့်တည့်ဝင်သွားလေသည်။

ပရိသတ်များမှာ တစ်ခဏမှင်သက်နေကြပြီးနောက် ကျယ်လောင်သည့်အော်ဟစ်သံများထွက်ပေါ်လာတော့သည်။

“အိုးမိုင်ဂေါ့ဒ်၊ ငါယုံတောင်မယုံနိုင်တော့ဘူး!”

“အရမ်းမိုက်တာပဲ။”

“သူက အခုကစပြီး ငါ့ရဲ့နတ်ဘုရားမလေးပဲ။”

“ငါတကယ် သူ့ကိုလေးစားသွားပြီ။”

“….”

ပရိသတ်များစွာအပါအဝင် နည်းပြများသည်လဲ စိတ်လှုပ်ရှားသွားကြလေသည်။

“ဒီကောင်မလေး တကယ်ကိုတော်တာပဲ။ ငါတို့တောင် ဒီလိုမျိုးလုပ်နိုင်လောက်မယ်မထင်ဘူး။”

“မလုပ်နိုင်ဘူး၊ ငါတော့ မလုပ်နိုင်ဘူး။”

“ငါတော့ နောက်ကျ သူနဲ့စကားပြောမှဖြစ်တော့မယ်။”

“အင်တာနေရှယ်နယ်အမျိုးသမီးဘက်စကတ်ဘောအသင်းမှာသာ သူမပါရင် တကယ်ရှက်စရာကောင်းတာပဲ။”

“ဟုတ်တယ်၊ အင်တာနေရှင်နယ်အမျိုးသမီးဘက်စကတ်ဘောအသင်းရဲ့ လက်ရှိအသင်းသားတွေထက် သူက အများကြီးပိုတော်တယ်။”

“….”

ဘက်စကတ်ဘောနည်းပြများက ကုနင်းကိုဆက်တိုက်ချီးကျူးနေကြတော့သည်။

နွားရိုင်းအသင်း၏နည်းပြသည် အလွန်အရှက်ရနေသော်လည်း ကုနင်း၏ဘက်စကတ်ဘောအရည်အချင်းသည် မယုံနိုင်လောက်အောင် ကောင်းမှန်းကိုတော့ လက်ခံလေသည်။

“ဝါး၊ နင်းနင်းက အရမ်းမိုက်တာပဲ!” ထန်ကျားခိုင် စိတ်လှုပ်ရှားစွာ ဂုဏ်ယူနေတော့သည်။

“ကျားခိုင်၊ ငါလဲ မင်းညီမဝမ်းကွဲရဲ့ဖန်ဖြစ်သွားပြီ။”

“သူက ဘာမဆိုလုပ်နိုင်နေတာပဲ။”

“ကျားခိုင်၊ မင်းညီမဝမ်းကွဲရဲ့စကေးတွေက ငါထင်ထားတာထက်တောင် ကျော်လွန်နေပြီ!”

ထန်ကျားခိုင်၏သူငယ်ချင်းများသည် ကုနင်း၏အလွန်လေးစားသွားကြလေသည်။

“ဟ-ဟ၊ ငါလဲ သူ့အတွက်ဂုဏ်ယူတယ်!”

နွားရိုင်းအသင်းသားတွေကတော့ ကုနင်းကိုပိုလို့တောင် မုန်းတီးလာကြတော့သည်။

သူတို့ သူမကိုထပ်ပြီးစိုက်ကြည့်လာချိန်မှာတော့ ကုနင်းမျက်မှောင်ကြုတ်လိုက်လေသည်။

ကစားပွဲကဆက်သွားနေပေမယ့် သူတို့ကတော့ ဘောလုံးကို လက်ထဲတွင် ပူအောင်မကိုင်နိုင်ကြပေ။ အကြောင်းကတော့ ကုနင်းက အမြဲသူတို့ဆီက လုသွားကာ ခြင်းထဲပစ်သွင်းနေခြင်းကြောင့်ပင်။

ထိုအချိန်အတွင်း ကုနင်းက သူမ၏မှော်စွမ်းအားဖြင့် နွားရိုင်းများကို ဒဏ်ရာရအောင်လဲ လုပ်နေသေးသည်။

အချိန်ကြာလာသည်နှင့် နွားရိုင်းများ အားကုန်ကာ မောပန်းလာပြီး လှုပ်ရှားမှုများကို သက်ရောက်လာသည်။ ဒါကြောင့် သူတို့တွေ ဒေါသပိုကြီးလာကာ ပိုလို့ရန်လိုလာကြတော့သည်။

“သူတို့တွေ ဘာလုပ်နေကြတာလဲ?”

“ကောင်မလေးကို ထိခိုက်အောင်လုပ်ဖို့ကြံနေသလိုပဲ။”

“ဘယ်လိုတောင် အရှက်မဲ့တာတုန်း!”

“ဒါမျိုးတော့ လက်မခံနိုင်ဘူး!”

“….”

နွားရိုင်းအသင်းသားတို့၏ မူမမှန်သည့်အပြုအမူတို့ကို ပရိသတ်များ သတိထားလာမိကြသည်။ ထန်ကျားခိုင်နှင့်စစ်သည်တော်အသင်းသားများမှာ ဒေါသထွက်သွားကြသော်လည်း သူတို့လုပ်နိုင်တာမရှိပေ။

ကံကောင်းစွာပဲ သူတို့တွေ သူမကိုဝင်တိုက်နေတာတောင်မှ ကုနင်းကတော့ အဆင်ပြေနေပုံရသည်။

ဘက်စကတ်ဘောနည်းပြများလဲ ထိုကိစ္စကိုမြင်ကြကာ ဒေါသထွက်သွားကြလေသည်။

ဒီလောက် သူမထက်သန်မာတောင့်တင်းတဲ့ယောက်ျားလေးတွေရဲ့ ဝင်တိုက်ခံနေရာတာတောင် ကုနင်းက ဘာလို့အဆင်ပြေနေပုံပေါက်နေရတာလဲ? သူမခန္ဓာကိုယ်က သံတံတိုင်းလိုများမာနေလို့လား?

အဆုံးမှာတော့ နွားရိုင်းအသင်းသားငါးယောက်လုံး ကုနင်းကြောင့် ထိခိုက်ဒဏ်ရာရသွားကြကာ ကစားပွဲကိုတော့ ဆက်ပြီးမကစားနိုင်ကြတော့ပေ။

နွားရိုင်းအသင်းခေါင်းဆောင်၏ စိတ်ရိုင်းများထပ်ပြီး ချုပ်တည်းမထားနိုင်တော့ဘဲ ကုနင်း၏နဖူးတည့်တည့်သို့ သူ့လက်သီးကိုပစ်ဝင်လိုက်တော့သည်။

ရုတ်တရက် မြန်ဆန်လှသည့် ဖြစ်ရပ်ကြောင့် လူတိုင်းထိတ်လန့်သွားကြတော့သည်။

ပရိသတ်တွေ အော်ကြတော့မည့်အချိန်မှာပဲ နွားရိုင်းခေါင်းဆောင်၏လက်သီးက ကုနင်း၏မျက်နှာနှင့် ၃၀စင်တီမီတာအကွာတွင် ရပ်တန့်သွားခဲ့သည်။ သူ့ဘာသာရပ်လိုက်ခြင်းတော့မဟုတ်ဘဲ ကုနင်းက တားလိုက်ခြင်းဖြစ်သည်။

ကုနင်း သူ့လက်သီးကိုဖမ်းချုပ်လိုက်ပြီးသည်နှင့် သူမအားတွေကိုထုတ်သုံးကာ သူ့လက်ကောက်ဝတ်ကို ချိုးပစ်လိုက်တော့သည်။

ခေါင်းဆောင်ဖြစ်သူလဲ ချက်ချင်းကို မျက်နှာတစ်ပြင်လုံးဖြူဖျော့သွားကာ အော်ဟစ်တော့သည်။

ကုနင်းက သူ့လက်ကောက်ဝတ်ကို ရိုးရိုင်းရှင်းရှင်း အဆစ်လွဲအောင်လုပ်လိုက်ခြင်းသာဖြစ်တာကြောင့် ၎င်းကိုသာပြန်တည့်ပြီးလျှင် သူ့အနာဂါတ်လမ်းကြောင်းကို ထိခိုက်စေလိမ့်မည်မဟုတ်ပေ။

ကုနင်းက နွားရိုင်းခေါင်းဆောင်၏လက်ကောက်ဝတ်ကိုတောင် ချိုးနိုင်လောက်အောင် သန်မာနေတာကြောင့် ပရိသတ်များအံ့ဩရပြန်သည်။

“အဆင်ပြေရဲ့လား?” နွားရိုင်းခေါင်းဆောင်၏အသင်းသားတွေအားလုံး ချက်ချင်း အနားကိုဝိုင်းလာကြတော့သည်။ သူတို့ခေါင်းဆောင်သာဒဏ်ရာရသွားလျှင် ဖိုင်နယ်ပွဲမှာ သူတို့ရှုံးပေလိမ့်မည်။

ဘက်စကတ်ဘောနည်းပြများ အထူးသဖြင့်နွားရိုင်းအသင်းနည်းပြသည် အပြေးအလွှားရောက်ရှိလာလေသည်။

ထန်ကျားခိုင်နှင့်စစ်သည်တော်များအသင်းကတော့ ကျေနပ်နေကြသည်။ ထျန်ရှောင်းယွီကို ထိခိုက်စေခြင်း၏နောက်ကွယ်က အဓိကလူသည် နွားရိုင်းအသင်းခေါင်းဆောင်ဖြစ်ကြောင်း သူတို့သိထားကြသည်။

နွားရိုင်းအသင်းခေါင်းဆောင် ဒဏ်ရာရသွားပြီဆိုသော်လည်း ထန်ကျားခိုင်ကတော့ သူကုနင်းကိုထိခိုက်အောင်လုပ်ဖို့ ရုတ်တရက်လှုပ်ရှားလိုက်သည့်အပေါ် အလွန်ဒေါသထွက်နေတာကြောင့် စစ်သည်တော်အသင်းသားများနှင့်အတူ ကုနင်းဘက်မှနေရန် အမြန်သွားလိုက်သည်။

***

အခန်း ၁၁၈၈ ပိုင်ယွေ့

ကွင်းနားက လူတော်တော်များများကလဲ အပြေးလာကြည့်ကြသည်။

“မင်း ငါတို့ခေါင်းဆောင်ကိုများ ထိခိုက်အောင်လုပ်ရဲတယ်ပေါ့!” နွားရိုင်းအသင်းသားတို့က ကုနင်းကိုစိုက်ကြည့်လာကြကာ အချိန်မရွေး သူမကို ဝိုင်းထိုးတော့မည့်ပုံပေါ်နေသည်။

သူတို့တစ်ခုမေ့နေကြသည်က တကယ်တမ်း သူတို့ခေါင်းဆောင် သူ့လုပ်ရပ်သူပြန်ခံသွားရခြင်းဖြစ်သည်ကိုပင်။

သူတို့တစ်သင်းလုံးသည် ကိုယ့်ဘက်ကိုယ်သာကြည်ကြသူများဖြစ်ကာ သူတို့ခေါင်းဆောင်လုပ်သမျှမှားသည်ဟု မထင်ကြပေ။ ထိုအစား ကုနင်းကိုသာ အရာရာတိုင်းအတွက် အပြစ်တင်နေကြသည်။

“ဒီမှာရှိတဲ့ ဘယ်သူမှကန်းမနေဘူး။ သူအရင် ရုတ်တရက်ကြီး ငါ့ကိုတိုက်ခိုက်လာလို့ ငါက သူ့ထိုးချက်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ရုံပဲ။ ပြီးတော့ သူက ငါ့ထက် အရပ်လဲပိုရှည်တယ် ပိုလဲသန်မာတယ်။ ငါသာ ကွန်ဖူးမသင်ထားရင် သူထိုးတာခံနေရမှာပေါ့။” ကုနင်းပြန်ပြောလိုက်သည်။

နွားရိုင်းအသင်းသားများ အလွန်ထိတ်လန့်သွားကြလေသည်။

တကယ်တော့ သူတို့ကသာ ကုနင်းကိုထိခိုက်အောင်ကြိုးစားကြခြင်းဖြစ်ကာ သူတို့ပဲကျရှုံးသွားခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ကုနင်းသည် သိုင်းပညာသင်ယူထားကြောင်းကိုလဲ သိရှိလိုက်ရသည်။

သူတို့ သူမကိုထိခိုက်အောင်လုပ်နိုင်တာ အံ့ဩစရာမရှိတော့ပါဘူး။

“ပိုင်ယွေ့၊ မင်းယောက်ျားမဟုတ်ဘူးလား? မိန်းကလေးတစ်ယောက်ကိုများ တိုက်ခိုက်ရဲတယ်ပေါ့?” ထန်ကျားခိုင် ရောက်လာသည်နှင့် နွားရိုင်းအသင်းခေါင်းဆောင်ကို အပြစ်တင်လိုက်သည်။

ပိုင်ယွေ့သည် နွားရိုင်းအသင်း၏ခေါင်းဆောင်ပင်။

တကယ်လို့ ကုနင်းသာ သူ့ကြောင့်တကယ်ကြီး ထိခိုက်သွားရပါက ထန်ကျားခိုင် သူ့ကိုဆွဲထိုးပစ်ပေပြီ။

ကုနင်းသည် ထန်မိသားစုတွင် အလွန်အရေးပါကာ သူလဲ သူမကိုအလွန်ဂရုစိုက်သည်။ ကုနင်းသာ အနိုင်ကျင့်ခံရရင် သူဘယ်လိုမှ‌ ဘေးထွက်နေနိုင်မည်မဟုတ်ပေ။

“ပိုင်ယွေ့၊ မင်း မိန်းကလေးတစ်ယောက်ကို ထိခိုက်အောင်လုပ်လို့မရဘူးလေ။ ဒါမျိုး ကွင်းထဲမှာလက်မခံဘူးဆိုတာ မင်းမသိဘူးလား?” နွားရိုင်းအသင်းနည်းပြကလဲ ပိုင်ယွေ့ကိုဆူလေသည်။

ပိုင်ယွေ့ဒဏ်ရာရသွား၍ နည်းပြအလွန်စိုးရိမ်နေမိရင်တောင်မှ ဤကိစ္စက ပိုင်ယွေ့အမှားမှန်း သူသိပေသည်။ ကုနင်းကို အပြစ်တင်နေစရာအကြောင်းမရှိပေ။

“သူ့ကိုမြန်မြန်လေး ဆေးရုံပို့ကြရအောင်။ သူဒဏ်ရာရထားတာလေ! နောက်ပိုင်း သူဘက်စကတ်ဘောမကစားနိုင်တော့ရင် ဘယ်လိုလုပ်မလဲ?” နွားရိုင်းအသင်းသားတစ်ယောက်ကပြောလိုက်သည်။

သူတို့အတွက်တော့ နောက်လာမည့် ဖိုင်နယ်ဘက်စကတ်ဘောပြိုင်ပွဲကသာ ပိုအရေးကြီးနေသည်။

“သူ့ရဲ့ရိုင်းစိုင်းပြီး ရန်လိုတဲ့အပြုအမူကြောင့် ဒဏ်ရာရသွားတာ။ သူ့ထိုက်နဲ့သူ့ကံပဲ။ ငါ့ကို ပြန်တောင်းပန်သင့်တယ်။” ကုနင်း ဒေါသထွက်လို့နေသည်။

“ဟုတ်တယ်၊ မင်းရဲ့အပြုအမူအတွက် ဒီမိန်းကလေးကို ပြန်တောင်းပန်သင့်တယ်!” လူအုပ်ကြီးထဲကတစ်ယောက်ကလဲ ကုနင်းဘက်က ထောက်ခံလာသည်။

“အခု ပိုင်ယွေ့ကသာ ဒဏ်ရာရသွားတဲ့လူလေ။” နွားရိုင်းအသင်းဘက်ကတော့ ပြန်ငြင်းလေသည်။

သူထိုသို့ပြန်ငြင်းလိုက်တာကြောင့် လူတွေပိုလို့တော့ ဒေါသထွက်သွားကာ တစ်ယောက်က၊ “သူ့ထိုက်နဲ့သူ့ကံပဲလေ။ ကောင်မလးသာ သူ့လက်သီးကိုမဖမ်းလိုက်ရင်ဘယ်လိုလုပ်မလဲ?”

“သန်မာတဲ့ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်များ မိန်းကလေးတစ်ယောက်ကို ရုတ်တရက်ကြီး တိုက်ခိုက်ရတာလဲ?”

“….”

လူတိုင်းက ပိုင်ယွေ့ကိုသာ ဆက်တိုက်အပြစ်တင်လာကြသည်။

“ပိုင်ယွေ့၊ မင်းတောင်းပန်သင့်တယ်။” နွားရိုင်းအသင်းနည်းပြက စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။ ဒီကိစ္စကြောင့်နဲ့ နွားရိုင်းအသင်း၏ဂုဏ်သတင်းကို မပျက်စီးသွားစေချင်ပေ။

“ကျွန်တော့်လက်ဒဏ်ရာရထားပြီးပြီလေ၊ ဒီလောက်နဲ့ မလုံလောက်သေးဘူးလား?” ပိုင်ယွေ့ကတော့ သူလုပ်သမျှမှားသည်ဟု မထင်တာကြောင့် မတောင်းပန်ချင်ပေ။

လူများ၏ပြစ်တင်စကားများ သူ့နားထဲမဝင်သွားမှန်း သိသာလှသည်။

တခြားနည်းပြတွေကတော့ ဆက်ပြီးသည်းမခံနိုင်ကြတော့ပေ။

“ပိုင်ယွေ့၊ မင်းရဲ့ရုတ်တရက် ရိုင်းစိုင်းတဲ့အပြုအမူကြောင့် မင်းလက်ဒဏ်ရာရတာလေ၊ မင်းဒီကောင်မလေးကို ပြန်တောင်းပန်သင့်တယ်။” စစ်သည်တော်အသင်းနည်းပြက ပြောလိုက်သည်။

တကယ်တော့ သူတို့အသင်းကို ပိုင်ယွေ့လုပ်ခဲ့သည့်ကိစ္စအား စစ်သည်တော်အသင်းနည်းပြသိထားပေမယ့် သူ့တွင် တိကျသည့်သက်သေအထောက်အထား မရှိခဲ့ပေ။

ဒါကြောင့် စစ်သည်တော်အသင်းနည်းပြသည် နွားရိုင်းအသင်းကို မုန်းနေကာ ကုနင်း အခုလို သူတို့ကိုအနိုင်ယူသွားသည့်အတွက် ကျေနပ်နေခဲ့သည်။

“ပိုင်ယွေ့၊ ဒါကမင်းအမှားပဲ။ မင်းရဲ့အပြုအမူအတွက် မင်းတာဝန်ယူသင့်တယ်။”

“ငါတို့က မင်းရဲ့အသင့်လျော်တဲ့အပြုအမူအတွက် ပြန်တောင်းပန်စေချရုံပဲ။ မင်းဆက်ငြင်းနေရင် မင်းရဲ့အနာဂါတ်လမ်းကြောင်းကိုပါ ထိခိုက်စေလိမ့်မယ်။”

တခြားနည်းပြတွေကလဲ ပိုင်ယွေ့ကိုဖိအားပေးလာကြသည်။

ထိုစကားများကြောင့် ပိုင်ယွေ့ ဘယ်လောက်ပဲမလုပ်ချင်နေပါစေ နောက်ဆုံးအလျှော့ပေးလိုက်လေသည်။

“ကောင်းပြီ၊ ငါတောင်းပန်တယ်။” သူ ကုနင်းကိုတိုးတိုးလေးပြောလိုက်သည်။

သို့သော်လည်း သူ့အသံက အလွန်တိုးနေတာကြောင့် တော်တော်များများ မကြားခဲ့ရပေ။

All Chapters