အခန်း (၁၁၈၉-၁၁၉၄)
Vol. 78 Ch. 1189-1194
အခန်း ၁၁၈၉ တောင့်တင်းလှသည့်လက်မောင်းတစ်စုံ
ကုနင်း သေချာကြားလိုက်သော်လည်း ထိုမျှနှင့်မကျေနပ်သေးပေ။ “ဒီထက်အသံထက်ကျယ်လို့ရသေးလား? မင်းရဲ့စိတ်ရင်းကို မမြင်ရသေးဘူး။”
“မင်း…” ပိုင်ယွေ့ ဒေါသထွက်သွားကာ ကုနင်းတမင်လုပ်နေခြင်းဟု တွေးလိုက်မိသော်လည်း သူသည်းခံမှဖြစ်ပေမည်။
ပိုင်ယွေ့ အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်သည်။ “ငါတောင်းပန်တယ်။”
ဤတစ်ခေါက်တွင်လဲ ပိုင်ယွေ့၏တောင်းပန်စကားထဲတွင် စိတ်ရင်းမှန်ကိုမတွေ့ရပြန်ပေမယ့် ကုနင်း စိတ်ထဲထားမနေတော့ပေ။ အခုလို ပြန်တောင်းပန်ခိုင်းခြင်းက သူ့ကိုအရှက်ကွဲစေဖို့ လုံလောက်သွားပေပြီ။
“ကောင်းပြီ၊ မင်းကတော့ ဆေးရုံသွားလို့ရတယ်၊ ဒါပေမယ့် ကစားပွဲကိုတော့ ဆက်ကြတာပေါ့။” ပိုင်ယွေ့ ဒဏ်ရာရသွားရုံလောက်ဖြင့် ကုနင်း ဤကစားပွဲကို အဆုံးသတ်ပေးလိုက်ဖို့ စိတ်ကူးမရှိပေ။
“ဘာလို့လဲ?” ပိုင်ယွေ့ အလွန်ဒေါသထွက်သွားတော့သည်။
“ဘာကိုဘာလို့ရမှာလဲ? မင်းတို့ရှုံးမယ်မှန်းသိနေလို့ သဘောတူညီချက်ကို ငြင်းဖို့ကြိုးစားနေတာလား?” ကုနင်းပြန်ပြောလိုက်သည်။
“မင်း…” ကုနင်းပြောသည်က မှန်နေတာကြောင့် ပိုင်ယွေ့ ပြန်မပြောနိုင်တော့ပေ။
“မင်းတို့သာ ဒီပွဲမှာ မင်းတို့နိုင်မယ်လို့ထင်နေရင် ကစားပွဲကို ရပ်လိုက်ကြပါ့မလား?” ထန်ကျားခိုင် မေးလိုက်သည်။
တကယ်တော့ နွားရိုင်းအသင်းဘက်ကရှုံးသွားခဲ့လျှင်တောင်မှ ပြိုင်ပွဲတွင် သူတို့အဖွဲ့သားတွေ နှုတ်ထွက်ပေးဖို့ ထန်ကျားခိုင်တို့ အတင်းဖိအားပေးဖို့ မဖြစ်နိုင်ပေ။
ဒါ့အပြင် နွားရိုင်းအသင်းဘက်က ပြိုင်ပွဲရလဒ်ကိုငြင်းဆန်ပြီး သူတို့ပေးထားသည့် ကတိကိုမသိဘူးကြီးလုပ်နေပါကလဲ ထန်ကျားခိုင်တို့ဘက်က လုပ်နိုင်တာမရှိပေ။ သူတို့တွေ စပြီးသဘောတူတုန်းက စာရွက်ပေါ်ချရေးပြီးလက်မှတ်ထိုးထားခဲ့တာလဲ မဟုတ်တာကြောင့် သက်သေအထောက်အထားမကျန်ခဲ့ပေ။
သို့သော်လည်း နွားရိုင်းအဖွဲ့ တစ်မှတ်မှမရဘဲ ရှုံးသွားတာကို ကြည့်ရနိုင်ရုံဖြင့်ပင်ကို သူတို့အရမ်းကျေနပ်မိမှာဖြစ်တာကြောင့် ကစားပွဲကိုဆက်လုပ်စေချင်ကြသည်။
“ကောင်းပြီ၊ ပိုင်ယွေ့က ဆေးရုံကိုသွားတော့၊ ကျန်တဲ့လူတွေက ဆက်ပြီးကစားရမယ်။” နွားရိုင်းအသင်းနည်းပြက ဆုံးဖြတ်ပေးလိုက်သည်။
“ဘာလို့လဲ?” နွားရိုင်းအသင်းသားတို့မှာ အလွန်စိုးရိမ်သွားကြသည်။ သူတို့သာ ကစားပွဲကို တစ်ဝက်တစ်ပျက်နှင့် ရပ်လိုက်လျှင် သူတို့သိက္ခာကို အနည်းနဲ့အများတော့ ဆယ်နိုင်ကြဦးမည်ဖြစ်သည်။ သူတို့သာ ကစားပွဲတွင် လုံးဝရှုံးသွားမည်ဆိုပါက သူတို့သိက္ခာတွေ ကုန်းကောက်စရာမရှိအောင်ကို ကျသွားပေလိမ်မည်။
စစ်သည်တော်အသင်းနဲ့ ပြောထားသည့် သဘောတူညီချက်အတွက်ကိုတော့ တစ်ယောက်မှ အတည်မမှတ်ထားကြပေ။
“မင်းတို့ပဲ ဒီကောင်မလေးနဲ့ ပြိုင်ချင်နေကြတာမဟုတ်ဘူးလား?” နွားရိုင်းအသင်းနည်းပြ ဒေါသထွက်သွားလေသည်။
“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့်…” နွားရိုင်းအသင်းသားတို့မှာ မငြင်းနိုင်သော်လည်း တစ်ခုခုကိုတော့ ရှင်းပြချင်နေကြသေးသည်။ သို့သော်လည်း သူတို့အသင်းနည်းပြက ဖြတ်ပြောလိုက်သည်။ “မင်းတို့ကိုယ်တိုင် စထားမှတော့ ကိုယ်တိုင်ပဲ အဆုံးသတ်ရမှာပေါ့။ မင်းတို့ရှုံးသွားရင်က ရှက်စရာမဟုတ်ဘူး။ ပွဲကိုအပြီးမသတ်ဘဲ ကန်နေတာမှ တကယ်ရှက်စရာကောင်းတာ။”
နွားရိုင်းအသင်း သေချာပေါက် ဆိုးဆိုးရွားရွားရှုံးလိမ့်မည်မှန်း နည်းပြသိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်ကိုလက်ခံကြသင့်သည်ဟု သူကတော့တွေးသည်။
သူတို့နည်းပြကိုယ်တိုင်က တိုက်တွန်းနေတာကြောင့် နွားရိုင်းအသင်းသားများလဲ ထပ်မငြင်းနိုင်တော့ဘဲ ကစားပွဲကို လက်စသတ်ကြရလေသည်။
ပိုင်ယွေ့ကိုတော့ဖြင့် ဆေးရုံသို့ခေါ်သွားကြသည်။
…..
ကျန်ရှိသည့်ပွဲချိန်အပြီးမှာတော့ ရလဒ်သည် အံ့ဩစရာမရှိလောက်အောင်ကို နွားရိုင်းအသင်းဘက်က ရှုံးသွားလေသည်။
ကစားချိန် ၁၅မိနစ်အတွင်း ကုနင်း ဂိုးအခါ၃၀သွင်းခဲ့ကာ ထိုထဲမှ အခါ၂၀သည် သုံးမှတ်တန်ဂိုး်များဖြစ်ကြပြီး နွားရိုင်းတွေဘက်ကတော့ တစ်ကြိမ်လေးတောင် မသွင်းနိုင်ခဲ့ပေ။
နွားရိုင်းတစ်သင်းလုံးမှာ သူတို့ထဲက ငါးယောက်ပေါင်းတာတောင်မှ ကောင်မလေးတစ်ယောက်ကို အနိုင်မရခဲ့၍ လွန်စွာအရှက်ရနေကြသည်။
တခြားသော ဘက်စကတ်ဘောအသင်းတွေကတော့ သူတို့လဲ နွားရိုင်းထက် ပိုမသာကြမှန်းသိနေတာကြောင့် နွားရိုင်းအသင်းကို မလှောင်ရယ်ရဲကြပေ။
နွားရိုင်းအသင်းသည် ကုနင်းကို တိုးတိုးတိတ်တိတ်ထိခိုက်အောင်လုပ်ဖို့ရန် ကြိုးစားခဲ့ကြပေမယ့် အဆုံးမှာတော့ သူတို့သာ ထိခိုက်ခဲ့ကြသည်။
ကုနင်းတွင် မယုံနိုင်စရာကောင်းလောက်အောင် မာကြောသန်မာသည့်လက်မောင်းတစ်စုံရှိနေတာကြောင့် သူတို့တွေ သူမလက်မောင်းကို ဝင်တိုက်တိုင်း သူတို့သာ နာကျင်ကြရသည်။ သူတို့ ကုနင်းကို အလွန်တရာမုန်းနေကြသော်လည်း သူမကို တိုက်ရိုက်တော့ အပြစ်မတင်ရဲကြပေ။
….
“ဝါး၊ နင်းနင်း အရမ်းတော်တာပဲ!” ထန်ကျားခိုင်တစ်ယောက် ကလေးတစ်ယောက်လို အော်ဟစ်ခုန်ပေါက်နေလေသည်။
“မစ္စကု၊ မင်းကတော့ ငါတို့ကိုအမြဲအံ့အားသင့်အောင် လုပ်နေတော့တာပဲ။”
“ငါတော့ မင်းရဲ့ဖန်ဖြစ်သွားပြီ။”
“ငါရောပဲ! ငါရောပဲ! ငါတို့ဓါတ်ပုံတစ်ပုံလောက် ရိုက်လို့ရလား?”
“….”
စစ်သည်တော်အသင်းသားတို့က ကုနင်းကို ဆက်တိုက်ချီးကျူးနေကြလေသည်။
ကုနင်း၏အထင်ကြီးစရာကောင်းလှသည့် ကျွမ်းကျင်မှုများကို သူတို့သိရှိထားကြပြီးဖြစ်သော်လည်း ယနေ့ပွဲ၏ရလဒ်ကတော့ဖြင့် သူတို့ကိုယ်သူတို့ အိပ်မက်မက်နေသလားဟုတောင် ထင်နေမိကြသေးသည်။
စစ်သည်တော်အသင်းသားတို့နှင့် ကုနင်းတို့ကြားက ပြောပုံဆိုပုံများကိုကြားပြီး သူတို့တွေရင်းနှီးကြကြောင်း နွားရိုင်းအသင်းသားတို့ သိသွားကြလေသည်။
သူတို့အချင်းချင်းရင်းနှီးနေတယ်ဆိုမှတော့ သူတို့တွေ ကုနင်းနှင့်ကစားလိုက်ရတာက ထောင်ချောက်ထဲကျသွားတာမျိုးဖြစ်မနေဘူးလား။
ထိုသို့တွေးမိသည်နှင့် တပြိုင်နက် စစ်သည်တော်အသင်းဘက်က ထျန်းရှောင်းယွီအတွက် သူတို့ကို လက်စားပြန်ချေခြင်းဖြစ်မည်ဟု နွားရိုင်းအသင်းသားတို့ တွေးမိသွားကြသည်။
ထိုသို့ဆက်,ဆက်တွေးကြည့်မိလေ ဖြစ်နိုင်ချေရှိကြောင်း ပိုယုံကြည်လာကြသည်။
ထျန်းရှောင်းယွီ မတော်တဆဖြစ်အောင် သူတို့တွေတစ်ခုခုကြံစည်ခဲ့ကြောင်း သိထားသူ အများကြီးမရှိလျှင်တောင်မှ စစ်သည်တော်အသင်းဘက်ကတော့ သေချာပေါက် သိနေလောက်သည်။ ဘာကြောင့်ဆို ထျန်းရှောင်းယွီ ဒဏ်ရာရသွားပြီးကတည်းက စစ်သည်တော်အသင်းသားများသည် သူတို့ကိုတွေ့တိုင်း အမြဲမျက်စောင်းထိုးစိုက်ကြည့်နေကြခြင်းကြောင့်ပင်။
***
အခန်း ၁၁၉၀ အရှက်မရှိတဲ့အသင်း
စစ်သည်တော်အသင်းဘက်က သူတို့ကိုထောင်ချောက်ဆင်သွားသည့် ကိစ္စနှင့်ပတ်သတ်လို့ သူတို့ဘာမှမပြောနိုင်ပေ။ ထိုလျှို့ဝှက်ချက်ကိုသာ သူတို့ဖော်ထုတ်လိုက်ပါက ထျန်းရှောင်းယွီကိစ္စကလဲ အလိုလိုနေရင်း ပေါ်ထွက်သွားပေလိမ့်မည်။ ဒီလိုသာဆို နွားရိုင်းအသင်းလဲ ဖိုင်နယ်ပွဲကိုတက်ဖို့ အဆင့်မမှီဟု သတ်မှတ်ခြင်းခံရပေမည်။
ဒါကြောင့် နွားရိုင်းအသင်းသားတို့ အလွန်ဒေါသထွက်နေကြသော်လည်း သည်းခံ၍သာနေလိုက်ကြသည်။ ကံမကောင်းစွာဘဲ နွားရိုင်းအသင်းသားတိုင်းကတော့ ကျိုးကြောင်းတွေးတောကာ စိတ်ကိုတည်ငြိမ်အောင် မထားနိုင်ကြပေ။
“မင်းတို့တွေ အချင်းချင်းသိနေတယ်ဆိုတော့ မင်းတို့ပေါင်းပြီး ငါတို့ကို ဒီကစားပွဲမှာ ထောင်ချောက်ဆင်ကြတာပေါ့?” နွားရိုင်းအသင်းသားတစ်ယောက်က ချက်ချင်းဆိုသလို စစ်သည်တော်အသင်းကို မေးခွန်းထုတ်လိုက်သည်။ သို့သော်လည်း ထိုမေးခွန်းကိုမေးရုံသာမေးခြင်းဖြစ်ပြီး အဖြေကတော့ သူ့တွင်ရှိပြီးသားပင်။
စစ်သည်တော်အသင်းသားတို့မှာ ရုတ်တရက်ကြောင်အသွားကြလေသည်။ ထိုကိစ္စ ဒီလောက်မြန်မြန်ပေါ်ပေါက်သွားခြင်းကြောင့် သူတို့အံ့ဩသွားကြသော်လည်း ဂရုတော့မစိုက်ကြပေ။
နွားရိုင်းအသင်းသား၏မေးခွန်းကိုကြားပြီး ဘေးလူတွေအားလုံး တိတ်ဆိတ်သွားကာ ဝိုင်းကြည့်လာကြသည်။ ဘာလို့များ စစ်သည်တော်အသင်းဘက်က နွားရိုင်းအသင်းကို ချောက်ချရလဲ သူတို့နားမလည်ကြပေ။
“တကယ်ပဲ ဘာတွေဖြစ်နေကြတာလဲ?” စစ်သည်တော်အသင်းနည်းပြက မျက်ခုံးတို့ကိုကြုတ်လိုက်သည်။ တကယ်တော့ မကြာသေးခင်က ထျန်းရှောင်းယွီ ဖြစ်သွားသည့်ကိစ္စနှင့်ပတ်သတ်လို့ သူလဲ သိထားပြီးဖြစ်တာကြောင့် ထျန်းရှောင်းယွီအတွက် စစ်သည်တော်အသင်းသားတွေ ပြန်လက်စားချေခြင်းဖြစ်မှန်း နားလည်လိုက်သည်။
သူလဲ ဆေးရုံကုတင်ပေါ်တွင်လှဲနေရသည့် ထျန်းရှောင်းယွီအတွက် စိတ်မကောင်းဖြစ်မိလေသည်။
“မင်းဘာကိုဆိုလိုတာလဲ? ငါတို့အချင်းချင်းသိနေကြတယ်ဆိုပေမယ့် ဒီကစားပွဲက ထောင်ချောက်ဖြစ်သွားတာတော့ မဟုတ်ဘူးလေ!” စစ်သည်တော်အသင်းသားတစ်ယောက်က ချက်ချင်းငြင်းဆန်လိုက်သည်။
ကျန်စစ်သည်တော်အသင်းားတို့ကတော့ အေးဆေးတည်ငြိမ်နေကြသည်။ သူတို့တွေ အစကတည်းက စိတ်ကိုပြင်ဆင်ထားခဲ့ကြပြီးဖြစ်တာကြောင့် အပြစ်ရှိသလို မခံစားကြရပေ။
“ဒီကစားပွဲကသာ ထောင်ချောက်မဟုတ်ရင် မင်းတို့ ဘာလို့ ငါတို့နဲ့လောင်းခဲ့တာလဲ?” နွားရိုင်းအသင်းသားများ ဒေါသထွက်သွားကြတော့သည်။
“မင်းတို့ကအရင် မစ္စကုကို အထင်သေးကြတာလေ။ ဒီကလူတိုင်း မျက်မြင်ပဲ။ မင်းတို့ငြင်းလို့မရဘူး။ ပြီးတော့ မင်းတို့အသင်းထဲက ငါးယောက်ပေါင်းတာတောင်မှ မစ္စကုကို အနိုင်မယူနိုင်ခဲ့ကြဘူး။ ဒီလောက်နဲ့တင် မင်းတို့အရည်အချင်းကိုသက်သေပြဖို့ လုံလောက်နေပါပြီ။” စစ်သည်တော်တွေဘက်က နွားရိုင်းများကို လှောင်ထေ့လိုက်သည်။
“ဟုတ်တယ်၊ ငါတို့မြင်တယ်။”
“သူတို့အရင် မစ္စကုကို စိန်ခေါ်ကြတာ။”
အထူးသဖြင့် နွားရိုင်းအသင်းကိုသဘောမကျကြသည့် တခြားသောဘက်စကတ်ဘောအသင်းသားများက ချက်ချင်းထောက်ခံလိုက်ကြသည်။ နွားရိုင်းအသင်းသားတို့သည် မောက်မာလွန်းသောကြောင့် နာမည်ဆိုးထွက်နေသူများဖြစ်ကာ သူတို့ကိုအကျင့်စရိုက်ကို ဘယ်သူမှ သဘောမကျကြပေ။
နွားရိုင်းအသင်းသားတို့မှာ ဘာကိုမှပြန်မပြောနိုင်ကြတော့ပေ။
“တော်ပြီ၊ သူတို့နဲ့ဆက်ပြီး ရန်ဖြစ်မနေနဲ့တော့။” တခြားသောနွားရိုင်းအသင်းသားတစ်ယောက်က ဝင်တားလိုက်သည်။
“မင်းတို့ ရှုံးသွားပြီဆိုမှတော့ ကိုယ့်ကတိကိုယ် တည်သင့်တယ်မဟုတ်လား?” စစ်သည်တော်အသင်းသားတစ်ယောက်က ပြောလိုက်သည်။
“ကတိ? ဘာကတိလဲ?” နွားရိုင်းအသင်းသားတို့က ရုတ်တရက် မသိသလိုလုပ်လိုက်ကြသည်။ သူတို့အစောကတည်းက လက်မခံဖို့ ညှိထားခဲ့တာကြောင့် ကတိဆိုသည်က ဘယ်တုန်းကမှ မရှိခဲ့သလို ဟန်ဆောင်လိုက်ကြလေသည်။
ထိုစကားကိုကြားသည်နှင့် နွားရိုင်းတွေ ခံငြင်းတော့မည်မှန်း အားလုံးသိလိုက်ကြသည်။
“မင်းတို့ငြင်းချင်တာလား?” စစ်သည်တော်အသင်းသားများမှာ နွားရိုင်းသည် အရှက်မရှိသည့်အသင်းမှန်းသိထားပြီးဖြစ်တာကြောင့် မအံ့ဩသွားကြပေ။
နွားရိုင်းဘက်က သူတို့ကတိကိုမတည်ဘဲနေမည်ဆိုလျှင်တောင် သူတို့တွေ လူလည်ခေါင်မှာအရှက်ကွဲအောင် စစ်သည်တော်များလုပ်ချင်ကြသေးသည်။
“မငြင်းပါဘူး၊ ဒါပေမယ့် ငါတို့ဘယ်တုန်းကမှမပေးခဲ့တဲ့ကတိကိုတော့ အတင်းအကျပ်လက်မခံခိုင်းကြနဲ့လေ။”
“ဘာကတိလဲ?” တခြားဘက်စကတ်ဘောအသင်းနည်းပြများက သိချင်လာကြသည်။
“ဘာကတိမှမရှိဘူး။” နွားရိုင်းတို့က ချက်ချင်းငြင်းလိုက်သည်။
“တကယ်တော့…” နွားရိုင်းနှင့်စစ်သည်တော်တို့ကြားက သဘောတူညီချက်အကြောင်းကိုသိထားကြသည့် လူများက မသိသေးသည့်လူများကို ဖြစ်ကြောင်းကုန်စဉ်ပြောပြလိုက်ကြသည်။
ဇာတ်လမ်းအစအဆုံးကိုသိပြီးနောက် နွားရိုင်းအသည်းသည် အမှန်ကိုအရှက်မဲ့သည့်အသင်းဟု လူတိုင်းတွေးလိုက်ကြလေတော့သည်။
နွားရိုင်းတွေဘက်က ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ကုနင်းကို လျှော့တွက်ခဲ့တာကြောင့် အခုလိုရှုံးသွားခြင်းဆိုမှတော့ ပေးထားသည့်ကတိကိုတည်ကြသင့်သည်။
“အဓိပ္ပါယ်မရှိတာတွေ!” နွားရိုင်းဘက်ကတော့ ငြင်းနေတုန်းပင်။ သူတို့သာ ဆက်တိုက်ငြင်းနေသ၍ ဘယ်သူမှ သူတို့ကိုအပြစ်လာမပေးနိုင်ဟု တွေးနေကြလေသည်။
“မင်းတို့တွေ ဘယ်လိုလုပ်ဒီလောက်တောင် အရှက်မရှိကြရတာလဲ?” စစ်သည်တော်အသင်းသားတို့ စိတ်တိုလာကြတော့သည်။
“အဲ့တော့? မင်းတို့မှာ သက်သေရှိလို့လား?” ပြောပြီးသည်နှင့် နွားရိုင်းအသင်းသားတွေက ထွက်သွားဖို့ပြင်ကြလေသည်။
“ရပ်စမ်း! ငါတို့မှာ သက်သေပြဖို့ အသံသွင်းထားတာရှိတယ်!” စစ်သည်တော်အသင်းသားတစ်ယောက်က ရုတ်တရက် သူ့ဖုန်းကိုထုတ်ယူလိုက်သည်။
နွားရိုင်းအသင်းသားတို့မှာ အလွန်ထိတ်လန့်သွားကာ အသင်းသားနှစ်ယောက်ကလဲ ချက်ချင်း ဖုန်းကိုလုဖို့ ပြေးဝင်သွားလေသည်။
သို့သော် စစ်သည်တော်အသင်းသားများက ထိုနှစ်ယောက်ကို ချက်ချင်းဝင်တားလိုက်ကြသည်။
***
အခန်း ၁၁၉၁ ကလိမ်ကကျစ်လှည့်ကွက်
“မင်းပဲ ကတိပေးခဲ့ဖူးတာမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူးလို့ ပြောလိုက်တာမဟုတ်ဘူးလား? ဘာလို့ ဖုန်းကို ဆွဲလုဖို့ကြိုးစားနေရတာတုန်း?” စစ်သည်တော်အသင်းသားတို့က ထေ့ငေါ့လိုက်ကြသည်။
အခုဆို နွားရိုင်းအသင်းသားတို့ကပင် အရာရာကို သက်သေပြသွားပြီးပြီဖြစ်၍ သူတို့ဘက်က သက်သေအထောက်အထားရှာနေဖို့တောင် မလိုတော့ပေ။
ကံမကောင်းစွာဘဲ နွားရိုင်းတို့ဘက်တွင် ခေါင်းဆောင်ရော နည်းပြပါရှိမနေတာကြောင့် ကျန်ခဲ့သည့်နွားရိုင်းငယ်များမှာ ကိစ္စကို ဘယ်လိုဘယ်ပုံကိုင်တွယ်ဖြေရှင်းရမည်မှန်း မသိကြပေ။
“ဟ-ဟ၊ တကယ်တော့ ငါတို့ဘာမှာ ဘာအသံသွင်းထားတာမှမရှိဘူး၊ မင်းတို့ကို ကတိတည်ပါဆိုပြီး ဖိအားပေးဖို့လဲ စိတ်ကူးမရှိဘူး၊ ဒါပေမယ့် မင်းတို့ကတော့ လူတိုင်းရှေ့မှာ ကိုယ့်အရှက်ကိုယ် ခွဲလိုက်ကြတာပဲ!”
စစ်သည်တော်များတွင် နွားရိုင်းအသင်းကိုအပြစ်ပေးဖို့ အခွင့်အာဏာမရှိတာကြောင့် အကယ်လို့များ သူတို့တွင် အသံသွင်းထားတာရှိနေရင်တောင် အသုံးမဝင်လှပေ။
“မင်း ငါတို့ကိုလှည့်ကွက်သုံးရဲတယ်!” နွားရိုင်းအသင်းတို့ အလွန်ဒေါသထွက်သွားကြတော့သည်။
“အဲ့တော့ဘာဖြစ်လဲ? မင်းတို့တွေက အသေငြင်းနေတော့ ငါတို့မှာ ဒီလိုလုပ်ရုံအပြင်မရှိဘူးလေ။”
နွားရိုင်းအသင်းသားတို့ ကြောင်အတောင့်တင်းသွားကြတော့သည်။
“ကောင်းပြီ၊ သွားကြရအောင်။ ငါဗိုက်ဆာနေပြီ။ ဒီနေ့ရဲ့အထူးအောင်ပွဲကြီးအတွက် တစ်ဆိုင်ဆိုင်မှာ အောင်ပွဲသွားခံကြရင်မကောင်းဘူးလား?” စစ်သည်တော်အသင်းသားတစ်ယောက်ပြောလိုက်သည်။
“ကောင်းတာပေါ့!” ကုနင်းပျော်ပျော်ရွှင်ရွှင် ထောက်ခံလိုက်ကာ အားလုံး အပြင်သို့ထွက်လာခဲ့ကြတော့သည်။
စစ်သည်တော်အသင်းနည်းပြသည်လဲ သူတို့နှင့်အတူ လိုက်ပါလာခဲ့လေသည်။ ကုနင်းသည် သူမ၏သိုင်းပညာကြောင့် ကစားပွဲတွင် အကူအညီဖြစ်သွားခြင်းဆိုသော်လည်း သူကတော့ သူမကိုလေးစားမိနေတုန်းပင်။
“အိုး၊ ရှောင်းယွီက ဒီနေ့ သူဒကာခံမယ်လို့ပြောတယ်၊ ဒါပေမယ့် သူက ဒဏ်ရာကြီးနဲ့ဆိုတော့ မလာနိုင်ဘူး။ ငါ့ကိုအစားဧည့်ခံလိုက်ဖို့ ပြောထားတယ်။ မစ္စကုက ငါတို့အတွက် အကူအညီကြီးပေးခဲ့တာဆိုတော့ ငါတို့ သူ့ကိုကျေးဇူးတင်သင့်တာပေါ့။”
သူတို့ပုံမှန်သာဆိုလျှင် ဈေးချိုသည့်ကန်တင်းမှာသာ စားလေ့ရှိသည်။ အကယ်၍အပြင်ထွက်စားဖြစ်ကြလျှင်လဲ ကုန်ကျစားရိတ်ကို အားလုံးခွဲရှင်းလေ့ရှိကြလေသည်။
သူတို့တွေအားလုံး မဆင်းရဲကြသော်လည်း ထိုနည်းလမ်းဖြင့် အသားကျနေကြပြီဖြစ်သည်။
“မစ္စကု၊ ရှောင်းယွီရဲ့ခြေထောက်ကို ကုသပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ သူက ငါတို့အသင်းမှာတော့ အရမ်းအရေးကြီးတဲ့လူပဲ။”
“ဘာ? ရှောင်းယွီရဲ့ခြေထောက်ကို ကုပေးလိုက်တယ်?” နည်းပြမှာ အလွန်အံ့ဩသွားလေသည်။
“ဟုတ်တယ်၊ မစ္စကုက မနေ့ကပဲ ရှောင်းယွီရဲ့ခြေထောက်ကို ကုပေးခဲ့တာ။ ရှောင်းယွီကလဲ ဒီနေ့ဆို အများကြီးသက်သာလာသလို ခံစားရတယ်လို့ပြောတယ်။ အခု လမ်းတောင်လျှောက်နိုင်နေပြီဆိုပေမယ့် အပြည့်အဝပြန်ကောင်းဖို့တော့ အချိန်နည်းနည်းလိုသေးတယ်။” အသင်းသားတစ်ယောက်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူတို့နည်းပြကို ရှင်းပြလိုက်သည်။
ထျန်းရှောင်းယွီ နောက်ရက်အနည်းငယ်အတွင်း သေချာပေါက် ပြန်ကောင်းလာလိမ့်မည်ဟု အသင်းသားတွေအားလုံး ယုံကြည်ထားကြသည်။
“တကယ်ပဲလား?” သူတို့နည်းပြကတော့ မယုံကြည်နိုင်ဖြစ်နေလေသည်။
ပြောရရင် ဆရာဝန်ကတောင်မှ ထျန်းရှောင်းယွီ ပြန်ကောင်းလာဖို့ အနည်းဆုံးလဝက်လောက်လိုကြောင်းပြောခဲ့တာဖြစ်ပေမယ့် ကုနင်းကတော့ ရက်ပိုင်းလေးအတွင်း ကုသပေးနိုင်တယ်တဲ့လေ။ သူ့အမြင်မှာတော့ ကုနင်းက အတွေ့အကြုံရင့်ဆရာဝန်တစ်ဦးနဲ့မတူနေပေ။
အစောပိုင်းက ကစားပွဲကိုကြည့်ခြင်းအားဖြင့် ကုနင်းသည် သာမာန်မိန်းကလေးတစ်ဦးမဟုတ်ကောင်း သူသိသော်လည်း ထျန်းရှောင်းယွီကို အလွယ်တကူကုသပေးနိုင်သည်အထိဖြစ်နေမည်ဟုတော့ မယုံကြည်နိုင်သေးပေ။
“တကယ်ကို အမှန်ပါပဲ!” စစ်သည်တော်အသင်းသားတွေအားလုံး ထောက်ခံလာကြသည်။
“မစ္စကု၊ တကယ်ကိုကျေးဇူးတင်ပါတယ်။” နည်းပြလဲ ချက်ချင်းဆိုသလို ကုနင်းကိုကျေးဇူးတင်လိုက်သည်။
ထျန်းရှောင်းယွီသည် စစ်သည်တော်အသင်းအတွက် အထူးအရေးပါသည့်အသင်းသားတစ်ယောက်ဖြစ်တာကြောင့် သူမြန်မြန်ပြန်ကောင်းလာနိုင်မည်က အမှန်ကိုသတင်းကောင်းပင်ဖြစ်သည်။
ကုနင်း ဘယ်လိုလုပ်ပြီးများ ထျန်းရှောင်းယွီကို ကုသပေးခဲ့လဲ နည်းပြသိချင်နေပေမယ့် မမေးခဲ့ပေ။
ကုနင်း သူမစိတ်နဲ့သူမထုတ်ပြောလာခြင်းမဟုတ်ဘဲ သူအသေးစိတ်လိုက်မေးမနေသင့်ကြောင်း နားလည်ပေသည်။
“အထွေအထူးမဟုတ်ပါဘူး။ ရှောင်းယွီက ကျွန်မဝမ်းကွဲရဲ့သူငယ်ချင်းဆိုတော့ ကူညီပေးရမှာပေါ့။” ကုနင်းပြုံးကာ ပြန်ဖြေလိုက်သည်။
ထန်ကျားခိုင်ကြောင့်သာမဟုတ်လျှင် ထျန်းရှောင်းယွီလဲ ကုနင်းကုသပေးခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။
“မင်းရဲ့ဝမ်းကွဲ?” နည်းပြသိချင်သွားရသည်။
“ထန်ကျားခိုင်က မစ္စကုရဲ့အစ်ကိုဝမ်းကွဲလေ။”
သူတို့နည်းပြသည် ထန်ကျားခိုင်၏မိသားစုအကြောင်းကိုသိသော်လည်း ထန်မိသားစုအတွင်းရေးနှင့်ပတ်လို့တော့ များများစားစားမသိပေ။
ထို့အပြင် ကုနင်းနှင့်ထန်ကျားခိုင်တို့၏မျိုးရိုးနာမည်တွေကလဲ မတူတာကြောင့် သူတို့တွေ ဆွေမျိုးဖြစ်နေမည်မှန်း နည်းပြမသိခဲ့ပေ။
“အဲ့လိုကိုး၊ ဒါဆိုလဲ ကျေးဇူးတင်တယ် ကျားခိုင်!” နည်းပြက ထန်ကျားခိုင်ကိုပါ ချက်ချင်းကျေးဇူးတင်လိုက်လေသည်။
“ရပါတယ်၊ ရှောင်းယွီက ကျွန်တော့်သူငယ်ချင်းကောင်းပဲကို၊ သူ့အတွက် ကျွန်တော်လုပ်ပေးနိုင်တာ တစ်ခုခုလုပ်ပေးရမှာပေါ့။ ပြီးတော့ နွားရိုင်းကောင်တွေက အရမ်းမုန်းဖို့ကောင်းတာပဲ၊ သူတို့ကိုသင်ခန်းစာပေးသင့်တယ်!”
ထန်ကျားခိုင်သည် ကလိမ်ကကျစ်လှည့်ကွက်သုံးသူများကို အလွန်မုန်းတီးကာ အထူးသဖြင့် ခံလိုက်ရသူက သူငယ်ချင်းကောင်းလဲ ဖြစ်နေသေးသည်။
…..
ထို့နောက် သူတို့တွေ ပုံမှန်စကားဝိုင်းကို စတင်ကြသည်။
ကုနင်း ထျန်းရှောင်းယွီကို ဘယ်လိုကုသပေးခဲ့လဲဆိုသည်နှင့်ပတ်သတ်လို့ နည်းပြက အသေးစိတ်ထပ်မမေးခဲ့သော်လည်း ကုနင်း၏ ဆေးပညာအဆင့်အား သိချင်စိတ်ကိုတော့ မထိန်းချုပ်နိုင်ပေ။ ဒါကြောင့် ကုနင်းကို ဆေးကျောင်းသူလားဟု ထုတ်မေးလိုက်တော့သည်။
ကုနင်းသည် ဆေးပညာအကြောင်း တစ်လုံးတစ်ကန်းမှမသိသလို အရမ်းလဲ ပွင့်လင်းသူဖြစ်သည်။ သို့သော်လည်း နည်းပြက ဖျားနာမှုတစ်စုံတစ်ခုအတွက် သူမဆီကနေပြီး တစ်ခုခုမေးချင်နေခြင်းဖြစ်ကြောင်းကိုတော့ ခံစားမိနိုင်သည်။
ဒါကြောင့် နည်းပြမေးချင်တာရှိလျှင် မေးဖို့နှင့် လိုအပ်ပါက သူမအကြံဉာဏ်တချို့ပေးမည်ဖြစ်ကြောင်း ကုနင်းစပြောလိုက်သည်။
***
အခန်း ၁၁၉၂ ကုနင်းကိုသွားမရှုပ်နဲ့
ကုနင်းဘက်က စကားလမ်းကြောင်းပေးလိုက်တာကြောင့် နည်းပြလဲ လွန်ခဲ့သည့်၂နှစ်ကစ၍ သူ့ဇနီးသည် အားကုန်အားပျက်ဖြစ်လာကာ အမြဲတမ်းဖြူဖျော့နေတတ်ကြောင်း ပြောပြလာခဲ့သည်။ ဆေးရုံပေါင်းများစွာတွင် သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း သူ့ဇနီးသည်၏အခြေအနေကတော့ တိုးတက်လာခြင်းမရှိပေ။
ဒါနဲ့ ကုနင်းလဲ သူ့ဇနီးအခြေအနေတိုးတက်လာစေရန် ကိုလိန်းမှဆေးတချို့ဝယ်သုံးကြည့်ဖို့ အကြံပေးလိုက်သည်။
“ဟုတ်တယ်၊ ကိုလိန်းက သူ့ဆေးတွေအရမ်းကောင်းလို့ဆိုပြီး တကယ်ကိုနာမည်ကြီးနေတာ။” နည်းပြမယုံမည်စိုး၍ ထန်ကျားခိုင်ပါက ထပ်ပေါင်းထောက်ခံလိုက်သည်။
နည်းပြလဲ ချက်ချင်းကို ကုနင်းအားကျေးဇူးတင်လိုက်ကာ ပြီးတာနဲ့ ကိုလိန်းမှာဆေးသွားဝယ်ဖို့ မှတ်ထားလိုက်သည်။
ကုနင်း၏နောက်ခံအကြောင်းကိုတော့ သူမမေးခဲ့တာကြောင့် ကုနင်း၏အစစ်အမှန်နောက်ခံကိုသိနိုင်မည့်အခွင့်အရေးအား လွတ်သွားပေသည်။
တကယ်တော့ သူ့ဇနီးကို ဆေးပေါင်းများစွာ တိုက်ဖူးထားပြီးသားဖြစ်၍ ကိုလိန်းကို အနည်းငယ်မယုံသင်္ကာဖြစ်နေသေးလေသည်။ သို့သော်လည်း ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်တစ်ခုတော့ ရှိလာလေပေပြီ။ ကုနင်းသည် ထျန်းရှောင်ယွီကိုတောင် ကုသပေးနိုင်မှတော့ သူ့ဇနီးကိုလဲ ကုသပေးနိုင်ချေရှိလောက်သည်။
……
သူတို့စားသောက်ဆိုင်သို့ထွက်လာကြချိန် လူတချို့က ကုနင်း ပရော်ဖက်ရှင်နယ်ဘက်စကတ်ဘောအသင်းသားများနှင့် ဘက်စကတ်ဘောပြိုင်ကစားနေသည့် ဗီဒီယိုများကို အင်တာနက်ပေါ်တင်ခဲ့ကြလေသည်။
ကုနင်း၏နာမည်ကို သူတို့မသိကြတာကြောင့် ထိုဗီဒီယိုများ၏ ပျံ့နှံ့နှုန်းက အတော်လေးနှေးနေခဲ့သည်။ သို့သော် ခဏကြာပြီးနောက်မှာတော့ တစ်ယောက်က ကုနင်းကို မှတ်မိသွားကာ ချက်ချင်းဆိုသလို ဖျော်ဖြေရေးနယ်ပယ်မှလူသိများသူများကို @မန်းရှင်းခေါ်ပြီး တစ်ဆင့်ပြန်တင်ပေးလိုက်တော့သည်။
သူမန်းရှင်းခေါ်ခဲ့သည့်အကောင့်ပိုင်ရှင်များ၏ ဖော်လိုဝါများကလဲ ထိုသတင်းကို ချက်ချင်းသတိပြုမိသွားကြလေသည်။
မိနစ်ပိုင်းလေးအတွင်းမှာတင် ကုနင်း၏နာမည်သည် အင်တာနက်ပေါ်တွင် နာမည်ကြီးသွားပြန်လေပြီ။
ကုနင်းကိုမနာလိုဖြစ်နေကြသည့်တချို့တလေလဲရှိကာ ကုနင်းသည် လူထုအာရုံစိုက်ခံရအောင် အမျိုးမျိုးလုပ်ပြနေသည်ဟု ပြစ်တင်ဝေဖန်လာကြသည်။ တချို့ကလဲ သူမသည် အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တာကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာကိုသာ ကြိုးစားနေသင့်သည်ဟု ပြောကြသည်။
သို့သော်လည်း ကုနင်း၏ဖန်တွေကတော့ ချက်ချင်းပင် ကာကွယ်ပြောဆိုပေးကြသည်။ ကုနင်းသည် အလွန်အောင်မြင်ကျော်ကြားပြီးသားဖြစ်၍ ဒီလိုမျိုး လူထုအာရုံစိုက်ခံရအောင် တမင်တကာလုပ်ပြနေဖို့ပင် မလိုတော့ကြောင်းပင်။
ဒါ့အပြင် ဗီဒီယိုခေါင်းစဉ်အရ တစ်ဖက်လူတွေက ကုနင်းကို စိန်ခေါ်လာခြင်းဖြစ်တာကြောင့် ကုနင်းက မတတ်သည့်အဆုံး သူတို့နဲ့ပြိုင်ပေးလိုက်ခြင်းသာဖြစ်ပေသည်။
ထို့အပြင် ကုနင်းသည် သူမကျောင်းမှာဆို ထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်ကာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အမှတ်မြင့်မြင့်ဖြင့် သေချာပေါက် အောင်မြင်မည်ဖြစ်ကြောင်းကိုလဲ ထည့်ပြောခဲ့ကြသည်။
တစ်ချိန်တည်းမှာပဲ နွားရိုင်းအသင်းသားတွေကတော့ ပြစ်တင်ဝေဖန်မှုများစွာဖြင့် ရင်ဆိုင်နေရသည်။
နိုင်ငံတကာကောလိပ်ဘက်စကတ်ဘောပြိုင်ပွဲသည် အလွန်အရေးပါသည့်ကစားပွဲဖြစ်ကာ အစိုးရမှ တာဝန်ယူကျင်းပခြင်းဖြစ်တာကြောင့် ထိုပြိုင်ပွဲနှင့်စပ်လျဉ်း၍ တီဗီနှင့်သတင်းစာတို့တွင် အစဉ်အမြဲတွေ့မြင်နေကြရသည်။ ဒါကြောင့်ပဲ ပြိုင်ပွဲဝင်ဘက်စကတ်ဘောအသင်းတို့၏နာမည်များကို မရင်းနှီးသူဟူ၍ သိပ်မရှိလှပေ။
နောက်ဆုံးပွဲစဉ်ကို အကြိုပွဲစဉ်၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ဟူ၍ သုံးဆင့်ခွဲထားလေသည်။
အခုချိန်က ဆီမီးဖိုင်နယ်ပွဲစဉ်ပြီးဆုံးပြီးကာစဖြစ်ကာ ဖိုင်နယ်ပွဲကျင်းပဖို့ဆို ငါးရက်သာလိုတော့သည်။
ဖိုင်နယ်ပွဲစဉ်များသည် အတော်လေးအာရုံစိုက်ခံရလေသည်။ အထူးသဖြင့် ကောလိပ်ကျောင်းသားများနှင့် အားကစားနယ်ပယ်မှလူတိုင်းလိုလို ဤပွဲကိုအလေးထားကြလေသည်။
ဘက်စကတ်ဘောအသင်းတိုင်းကို တက္ကသိုလ်ကြီးများကနေပြီး ရွေးချယ်ထားခြင်းဖြစ်တာကြောင့် ကောလိပ်ကျောင်းသားအများစုသည် ပြိုင်ပွဲအကြောင်းသိကြသည်။ ဖိုင်နယ်သို့အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် အသင်းများ၏ တစ်ကျောင်းတည်းသားများသည်လဲ သူတို့ကျောင်းဂုဏ်ဆောင်မှုနှင့် ဆက်စပ်နေသည့်အတွက် ပြိုင်ပွဲကို အလွန်အာရုံစိုက်နေကြသည်။
ကုနင်းအကြောင်း တော်တော်လေးသိထားသည့်တချို့ဆိုလျှင် နွားရိုင်းအသင်း၏ ဉာဏ်နည်းကာရန်လိုသည့်အပြုအမူအတွက် အပြစ်တင်နေကြသည်။ သူတို့အမြင်မှာတော့ ကုနင်းသည် သူတို့သွားရှုပ်လို့ရသည့် လူစားမျိုးမဟုတ်ပေ။
မကြာလိုက်ပါဘဲ နွားရိုင်းတို့လဲ ထိုသတင်းကိုကြားသိခဲ့ကာ ကုနင်းဘယ်သူမှန်း နောက်ဆုံးတော့ သိရှိသွားတော့သည်။
ကုနင်း၏လွှမ်းမိုးနိုင်စွမ်းကြောင့် သူတို့အံ့ဩသွားသော်လည်း လေးစားမိရမည့်အစား ပိုလို့တောင် မုန်းသွားကြသေးသည်။ သူ့တို့အတွက်တော့ ကုနင်းသည် သူတို့အသင်းဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့သူပင်။
ဒါကြောင့် အင်တာနက်ပေါ်ကနေပဲ ကုနင်းကို တဖန်ပြန်တိုက်ခဲ့ကြပေမယ့် ချက်ချင်းပင် ကုနင်း၏ဖန်များ တိုက်ခိုက်မှုအောက် ပြားပြားဝပ်သွားကြရပြန်သည်။
သူတို့ဒေါသလဲထွက်သလို ကုနင်းမှာ ဘာလို့များ သူမကိုတထစ်ချကာကွယ်ပေးနေမည့် သစ္စာရှိဖန်တွေအများကြီးရှိနေမှန်းလဲ နားမလည်နိုင်ရှိနေကြသည်။ သူ့တို့အတွေးထဲတွင်တော့ ကုနင်းသည် ရုပ်ကလေးလှကာ အမြတ်များများရသည့်ဆိုင်ခန်းလေးတွေ ပိုင်နေရုံပင်။
တကယ်တော့ ကုနင်းအကြောင်း သူတို့အများကြီးမသိကြသေးခြင်းသာဖြစ်ကာ ဘာပဲဖြစ်ဖြစ် ကုနင်းကို လွန်စွာမုန်းတီးနေတော့သည်။
သို့သော်လည်း သူတို့အရမ်းဒေါသထွက်နေရင်တောင်မှ ကုနင်းကို ထိခိုက်အောင်လုပ်နိုင်စွမ်းမရှိပေ။
ပြောရရင် နွားရိုင်းတို့ဘက်က ကစားပွဲတွင် ရှုံးနိမ့်ခဲ့ကာ သူတို့ဂုဏ်သိက္ခာကလဲ ကုန်းကောက်စရာမရှိအောင် ပျက်စီးနှင့်ပေပြီ။
…..
ကုနင်းကတော့ အင်တာနက်ပေါ်မှ သတင်းတွေကို သိပ်အာရုံမထားပါဘဲ သူမသူငယ်ချင်းအသစ်များနှင့်အတူ နေ့လည်စာသွားစားခဲ့သည်။ ထန်ကျားခိုင်ကလဲ သူ့ကျောင်းကိုပြန်ရမည်ဖြစ်၍ ကုနင်းကပဲ တစ်ခါတည်းဝင်ပို့ပေးခဲ့လိုက်လေသည်။
ပုံမှန်အားဖြင့် ထန်ကျားခိုင်သည် ပိတ်ရပ်အိမ်ပြန်ဖို့လိုမှလွဲ၍ ကိုယ်တိုင်ကားမောင်းလေ့မရှိပေ။
ထန်ကျားခိုင်သည် သူ့တစ်ကျောင်းတည်းသားများနှင့် သူငယ်ချင်းဖွဲ့လို၍ ကျောင်းတွင်သာနေသူဖြစ်သည်။ ဒါ့အပြင် ထန်မိသားစုအိမ်တော်သည် ထန်ကျားခိုင်တက်သည့်ကျောင်းနှင့်ဆိုလျှင် အနည်းငယ်လှမ်းလှသည်။
သူသည် အထက်တန်းလွှာမိသားစုမှဖြစ်သော်လည်း သိုသိုသိပ်သိပ်သာနေတတ်သူဖြစ်သည်။
သူသည် ဂုဏ်သတင်းမြင့်မားလှသည့်တက္ကသိုလ်တစ်ခုတွင် ပညာသင်နေခြင်းဖြစ်ကာ သူ့အတန်းဖော်များအားလုံးတွင်လဲ တောက်ပသည့်အနာဂါတ်များရှိကြသည်။
….
စစ်သည်တော်များအသင်းပြန်သွားချိန်မှာပဲ တစ်ယောက်ကနေပြီး အင်တာနက်ပေါ်တွင် နာမည်ကြီးနေသည့်သတင်းအကြောင်း သူတို့တွေသိထားပြီးပြီလား မေးလာခဲ့သည်။ သူတို့လဲ ခေါင်းတွေကိုယမ်းကာ ချက်ချင်းသတင်းကိုအပြေးဖတ်ကြတော့သည်။
သတင်းများကိုဖတ်ကြည့်ပြီးနောက် အင်တာနက်ပေါ်တွင် ဤမျှတုန်လှုပ်သွားစေသည့်အတွက် စစ်သည်တော်များအံ့ဩသွားခဲ့လေသည်။ သူတို့နည်းပြကတော့ ကုနင်း၏လွှမ်းမိုးနိုင်စွမ်းနှင့် အဆင့်အတန်းအမှန်ကြောင့် အလွန်အံ့အားသင့်နေခဲ့သည်။
JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့် ခိုကျီအကြောင်း သူအနည်းငယ်ကြားဖူးထားကာ ထိုကုမ္ပဏီများ၏တည်ထောင်သူသည် အထူးပုဂ္ဂိုလ်တစ်ယောက်မှန်းလဲ သိသည်။ သို့သော်လည်း ထိုတည်ထောင်သူက ကုနင်းဖြစ်မှန်းသိလိုက်ရတာကြောင့် အလွန်အံ့ဩသွားလေသည်။
***
အခန်း ၁၁၉၃ ကျွမ်းကျီရွှမ်း
“အဲ့ဒါ မနှစ်ကထွက်ထားတဲ့ အကန့်အသတ်ထုတ်ကားမဟုတ်လား။ တစ်စီးရဖို့တောင် အရမ်းခက်တယ်လို့ကြားတယ်။”
….
ထန်ကျားခိုင်တက်နေသည့် တက္ကသိုလ်တွင် သူ့လိုမျိုး အလွန်ချမ်းသာသည့်မိသားစုမှ ကလေးတွေသိပ်မများလှတာကြောင့် ဤသို့ဇိမ်ခံကားမျိုးက သူတို့အတွက် အလွန်ရှားပါးသည့်အရာဖြစ်နေလေသည်။
“အထဲမှာ အရမ်းချောတဲ့ကောင်လေးတစ်ယောက်လောက်များ ပါမလားပဲ?” ကောင်မလေးတချို့က မျှော်လင့်တကြီးပြောလိုက်ကြသည်။
တကယ်ပဲ ဇိမ်ခံကားထဲတွင် ချောမောသည့်လူတစ်ယောက်သာပါနေလျှင် သူတို့လဲ ထိုလူဘေးတွင်ရှိနေနိုင်ဖို့ အကောင်းဆုံးကြိုးစားကြရပေမည်။
တချို့သောမိန်းကလေးများသည် ဘဝင်မြင့်ကြကာ သူတို့တွေ ဇိမ်ကျလှသည့်ဘဝမျိုးတွင် နေထိုင်နိုင်ရေးအတွက် ချောမောသည့်လူချမ်းသာများကို အရယူနိုင်ဖို့ အိပ်မက်မက်နေကြသည်။ ထိုသို့ဖြစ်နိုင်ချေက မရှိသလောက်ဆိုသော်လည်း သူတို့ကတော့ သူတို့အိပ်မက်တွေကို လက်မလျှော့သွားကြပေ။
….
ကားက သူတို့ကျောင်းဂိတ်တွင်ရပ်သွားကာ ထန်ကျားခိုင်က ကားတံခါးဖွင့်ပြီး ဆင်းလာလေသည်။
ကောင်မလေးများ ထန်ကျားခိုင်ကိုမြင်လိုက်သည်နှင့် ချက်ချင်းအော်ဟစ်ကုန်တော့သည်။
“အား! သူပဲ၊ သူပဲ!”
“ငါတို့ကျောင်းရဲ့ အချောဆုံးတွေထဲက တစ်ယောက်ပဲ!”
သူတို့ကျောင်းတွင် ထန်ကျားခိုင်၏နောက်ခံမိသားစုအကြောင်း သိသည့်လူသိပ်မများပေ။ သို့သော် ထန်ကျားခိုင်၏နောက်ခံမိသားစုအကြောင်းက အထူးတလည်လျှို့ဝှက်ချက်မျိုးလဲ မဟုတ်ပြန်တာကြောင့် အတန်းဖော်တော်တော်များများကတော့ သူ့မိသားစုသည် ချမ်းသာသည့် အာဏာရှိသည့်ထဲကဖြစ်မည်မှန်း ခန့်မှန်းမိကြလေသည်။
သူတို့တက္ကသိုလ်တွင် နိုင်ငံအနှံ့က မြို့ပေါင်းများစွာက ကျောင်းသားအများစုတက်ရောက်ကြတာကြောင့် Bမြို့ရှိ ထိပ်တန်းမိသားစုများနှင့် မရင်းနှီးကြပေ။
တကယ်တော့ Bမြို့၏အထက်တန်းလွှာအသိုင်းအဝိုင်းများသည်သာ ထိပ်တန်းမိသားစုများအကြောင်းကို သေချာသိကြခြင်းဖြစ်သည်။
Bမြို့တွင် အချမ်းသာဆုံးဖြစ်သည့် ထန်မိသားစုသည် နာမည်ကြီးသော်လည်း ထန်ကျားခိုင်၏အတန်းဖော်တို့ကတော့ သူတို့ကိုမဆက်စပ်မိကြပေ။
သို့ပေမယ့် ထန်ကျားခိုင်က ဇိမ်ခံကားတစ်စီးဖြင့် ပေါ်လာခြင်းကပဲ သူ့မိသားစုသည် အလွန်ချမ်းသာလောက်မည်ဟု ယုံကြည်သွားစေတော့သည်။
ထန်ကျားခိုင်ကတော့ ထိုလူများ၏တုံ့ပြန်ပုံတို့နှင့် အသားကျနေပြီဖြစ်တာကြောင့် အားလုံးကိုလျစ်လျူရှုကာ ကျောင်းထဲသို့ လမ်းလျှောက်ဝင်သွားလေသည်။
ကုနင်းကတော့ ခပ်ဟဟရယ်ရင်း ကားကိုပြန်မောင်းထွက်သွားခဲ့သည်။
ထန်ကျားခိုင်ကြောင့် ကုနင်းကိုတော်တော်များများ အာရုံမထားမိလိုက်ကြပေ။ သူတို့ ကားမောင်းသည့်လူကိုကြည့်ဖို့ သတိရချိန်မှာတော့ ကားကပြန်ထွက်သွားပြီဖြစ်၍ ထိုလူက ကုနင်းမှန်း ဘယ်သူမှမသိကြတော့ပေ။
“ဟေ့၊ ထန်ကျားခိုင်!”
ထန်ကျားခိုင် ဝေးဝေးမလျှောက်ရသေးခင်မှာပဲ အနည်းငယ်မကျေမနပ်ဖြစ်နေသည့်အမျိုးသမီးသံကြောင့် ရပ်လိုက်လေသည်။
ထန်ကျားခိုင် ရပ်လိုက်ကာ သူ့ကိုဘယ်သူခေါ်တာလဲ လှည့်ကြည့်လိုက်သည်။ တစ်ဖက်က လှပသည့်မိန်းကလေးတစ်ယောက်ဖြစ်ကာ သူတို့တက္ကသိုလ်တွင် အလှဆုံးမိန်းကလေးဖြစ်သည့် ကျွမ်းကျီရွှမ်းဖြစ်နေလေသည်။
သို့သော်လည်း ကျွမ်းကျီရွှမ်းကတော့ စိတ်အခြေအနေမကောင်းပုံရသည်။
“ဟိုင်း၊” ထန်ကျားခိုင် ခပ်တန်းတန်းသာ ပြန်နှုတ်ဆက်လိုက်သည်။
ကျွမ်းကျီရွှမ်းက သူ့နားချက်ချင်းလျှောက်လာကာ မေးလိုက်သည်။ “အစောက ကားပေါ်ကမိန်းကလေးက ဘယ်သူလဲ?”
ထန်ကျားခိုင် စိတ်ရှုပ်သွားရသည်။ ဘာလို့ သူမက သူ့ကိုဒါမျိုးလာမေးရတာလဲ? သူနဲ့ဘာမှလဲမဆိုင်ဘဲနဲ့။
“ငါ့သူငယ်ချင်း။” ထန်ကျားခိုင် မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။
“ဘယ်လိုသူငယ်ချင်းမျိုးလဲ?” ကျွမ်းကျီရွှမ်း ထပ်မေးလာပြန်တာကြောင့် ထန်ကျားခိုင် စိတ်မရှည်တော့ပေ။
“ကျွမ်းကျီရွှမ်း မင်းဘာဖြစ်နေတာလဲ?”
ကျွမ်းကျီရွှမ်း တစ်စက္ကန့်စာမျှ ကြောင်အသွားခဲ့သည်။
အရင်က ထန်ကျားခိုင်သည် ကျွမ်းကျီရွှမ်းကို ပိုးပန်းဖူးကာ ကျွမ်းကျီရွှမ်းကတော့ Bမြို့မှ ချမ်းသာသည့်မိသားစုဝင်ဖြစ်သော တခြားလူချောတစ်ယောက်ကို ရွေးသွားခဲ့လေသည်။
ကျွမ်းကျီရွှမ်း၏မိသားစုသည်လဲ ချမ်းသာသည့်ထဲတွင်ပါသော်လည်း Bမြို့တွင်တော့ ထင်ရှားသည့်ထဲမပါပေ။ သူမသည် သူမမိသားစုနောက်ခံနှင့်သူမ၏အလှကြောင့် ဂုဏ်မောက်နေသူဖြစ်ကာ ချမ်းသာသည့်အမွေဆက်ခံသူများသည်သာ သူမနှင့်လိုက်ဖက်သည်ဟု ထင်မြင်နေသူဖြစ်သည်။
ဒါကြောင့်ပဲ ထန်ကျားခိုင်ကို ငြင်းကာ ထိုလူချော၏ချစ်သူဖြစ်သွားခဲ့သည်။
ဒါကြောင့်ပဲ ကျွမ်းကျီရွှမ်း ဘယ်လိုလူစားဆိုသည်ကို ထန်ကျားခိုင် နားလည်သဘောပေါက်သွားကာ သူမအပေါ် စိတ်ဝင်စားမှုပျောက်ကွယ်သွားတော့သည်။
ထိုလူချော၏နာမည်မှာ ကျိုးဟောက်ရန်ဖြစ်ကာ အခုဆို ကျွမ်းကျီရွှမ်းက သူနှင့်လမ်းခွဲလိုက်ပြီဖြစ်၍ ထန်ကျားခိုင်အကြောင်း ပြန်တွေးလာခြင်းဖြစ်သည်။
ထန်ကျားခိုင်၏မိသားစုနောက်ခံကိုသာ ဘေးဖယ်ထားလိုက်လျှင် ကျိုးဟောက်ရန်ထက် ထန်ကျားခိုင်က ပိုလို့လူကြီးလူကောင်းဆန်တာကြောင့် သူမ သူ့ကိုပိုသဘောကျလေသည်။
“ငါသွားတော့မယ်။” ကျိုးကျီရွှမ်းနှင့် အချိန်ဆက်ဖြုန်းမနေလိုတော့တာကြောင့် ထန်ကျားခိုင် ချက်ချင်းလှည့်ထွက်လိုက်သည်။
“ခဏလေး!” ကျွမ်းကျီရွှမ်း ထပ်တားလိုက်ပြန်သည်။
“ဘာဖြစ်ပြန်ပြီလဲ?” ထန်ကျားခိုင် စိတ်အနှောင့်အယှက်ဖြစ်လာခဲ့သည်။
“ငါ…ငါ…” ကျွမ်းကျီရွှမ်းအထစ်ထစ်အအဖြစ်နေတာကြောင့် ထန်ကျားခိုင် ပိုတောင် စိတ်ရှုပ်လာလေသည်။
“စိတ်မကောင်းပါဘူး။ မင်းမှာပြောစရာမရှိဘူးဆိုလဲ ငါတကယ်သွားရတော့မယ်။ နောက်အတန်းတက်ဖို့ရှိသေးတယ်။”
ထိုအခါမှ ကျွမ်းကျီရွှမ်းလဲ စိုးရိမ်တကြီးပြောလိုက်တော့သည်။ “ငါ ကျိုးဟောက်ရန်နဲ့ လမ်းခွဲလိုက်ပြီ။”
ကျိုးဟောက်ရန်သည် သူတို့တက္ကသိုလ်တွင် နောက်ထပ်အချောဆုံးလူဖြစ်လေသည်။
“ဂရုမစိုက်ဘူး။” ထန်ကျားခိုင် ဆက်လျှောက်သွားတော့သည်။ သူထိုအကြောင်းကို အစောကတည်းကကြားပြီးပြီဖြစ်ကာ ကျိုးဟောက်ရန်သည် လူပွေလူရှုပ်တစ်ယောက်မှန်းလဲ သူသိပေသည်။
ကျွမ်းကျီရွှမ်း အခုလို ကျိုးဟောက်ရန်ကို လမ်းခွဲလိုက်ခြင်းက သူမနောက်ကွယ်တွင် ကျိုးဟောက်ရန် တခြားမိန်းကလေးတစ်ယောက်နှင့် အိပ်နေသည်ကို လက်ပူးလက်ကြပ်မိသွားခြင်းဖြစ်ပြီး သူမလက်မခံနိုင်ခြင်းကြောင့်ပင်။
တကယ်တော့ ကျိုးဟောက်ရန်သည် အစကတည်းက ကျွမ်းကျီရွှမ်းနှင့် ရည်ရှည်ဆက်ဆံရေးမျိုးတည်ဆောက်ဖို့ စိတ်ကူးမရှိခဲ့တာကြောင့် သူမဘက်က လမ်းခွဲဖို့ပြောလာသည်နှင့် လွယ်လင့်တကူ သဘောတူပေးခဲ့သည်။ သူတို့ဆက်ဆံရေးက သူတွေးထားသလောက်တောင် မကြာရှည်ခဲ့သည့်အတွက်ကိုသာ ကျိုးဟောက်ရန် အနည်းငယ်ရှက်မိခဲ့သည်။ ပြောရရင် ကျွမ်းကျီရွှမ်းက အတော်လေးလှပြီး ဆွဲဆောင်မှုလဲရှိတာကို။
သူမ၏အပေါ်ယံအနေအထားက ဘဝင်မြင့်ပုံပေါ်သော်လည်း အိပ်ရာထက်တွင်တော့ မတူကွဲပြားလှတာကြောင့် ကျိုးဟောက်ရန်အတွက် ကျေနပ်မှုကို ရစေသည်။
ကျိုးဟောက်ရန်အနေနှင့် သိပ်အားထုတ်နေဖို့မလိုဘဲ သူ့စိတ်ကျေနပ်မှုကို အလွယ်တကူရနိုင်ခဲ့ပေမယ့် ကျိုးကျီရွှမ်း သူနဲ့စတွဲစဉ်တုန်းက အပျိုစင်သာရှိသေးသည်။
ထန်ကျားခိုင်တွင် ကျိုးဟောက်ရန်နှင့်ပါသူငယ်ချင်းဖြစ်သည့် သူငယ်ချင်းတချို့ရှိတာကြောင့် တချို့အကြောင်းအရာများကို ထိုသူငယ်ချင်းများနေတဆင့် သူကြားသိရလေသည်။
***
အခန်း ၁၁၉၄ ဖန်းကျီချီ
“မင်းက ငါ့ကိုဘာများပြောစေချင်နေတာလဲ?” ထန်ကျားခိုင် နှာခေါင်းရှုံ့လိုက်ကာ၊ “မင်းကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူး။”
ထန်ကျားခိုင်သည် တုံးအနေသူလဲမဟုတ်တာကြောင့် ကျွမ်းကျီရွှမ်း သူ့ကိုဒီအကြောင်း ဘာလို့လာပြောနေမှန်း သိလေသည်။ ကျွမ်းကျီရွှမ်းက သူ သူမကိုပြန်လက်ခံစေချင်နေခြင်းဖြစ်သည်။ သို့ပေမယ့် ထန်ကျားခိုင်ကတော့ ထိုသို့မလုပ်ချင်တော့သည်။
ထန်ကျားခိုင်သည် သူ့ချစ်သူကို သူချစ်နေသ၍ သူမဘက်ကလဲ သူ့အပေါ် သစ္စာရှိနေသ၍ သူမအပျိုစင်ဟုတ်တာမဟုတ်တာကို စိတ်ထဲထားမည့်သူမဟုတ်ပေ။
သို့သော်လည်း သူ့ကောင်မလေးသည် သူသိသည့်တစ်စုံတစ်ဦး၏ရည်းစားဟောင်းတော့ ဖြစ်နေလို့မရပေ။ အဲ့လိုသာဆို အရမ်းရှက်ဖို့ကောင်းရပေမည်။
ကျွမ်းကျီရွှမ်းသည် သူလိုချင်သည့်အပေါ်က တစ်ချက်ကိုမှ ဖြည့်ဆည်းပေးနိုင်မည့်သူမဟုတ်ပေ။ သူမဘဝင်မြင့်ပြီး သူ့ကိုငြင်းပယ်ခဲ့လိုက်ကတည်းက သူ့စိတ်ဝင်စားမှုကိုခံရဖို့ အရည်အချင်းပျောက်ကွယ်သွားပြီဖြစ်သည်။
ဒါ့အပြင် သူမသည် ထန်ကျားခိုင်၏သူငယ်ချင်းအသိုင်းအဝန်းထဲတွင် လူပွေလူရှုပ်အဖြစ် နာမည်ကြီးသည့် ကျိုးဟောက်ရန်နှင့်လဲ အတူအိပ်ခဲ့ပြီးပေပြီ။ ဒါကြောင့် အခုချိန်မှာ သူမမျက်နှာကိုမြင်သည်နှင့် သူ့တွင်ရွံရှာစိတ်သာရှိလေတော့သည်။
ကျွမ်းကျီရွှမ်း စိတ်အနှောင့်အယှက်ဖြစ်သွားရကာ အခုချိန်တွင် ထန်ကျားခိုင်က သူမကိုစကားပြောဖို့တောင် ဆန္ဒမရှိတော့ကြောင်း သူမမြင်နိုင်လေသည်။ သို့သော်လည်း ထန်ကျားခိုင် အခုဆို သူမကို မုန်းတောင်မုန်းနေပြီမှန်းကိုတော့ သတိမထားခဲ့မိပေ။ ထန်ကျားခိုင်က သူ့ကိုအရင်က ငြင်းခဲ့ဖူးခြင်းကြောင့် သူမကိုစိတ်ဆိုးနေခြင်းဟုသာ ထင်နေခဲ့သည်။
ဒါကြောင့် ကျွမ်းကျီရွှမ်း သူမအသံကို ပိုမိုညင်သာလိုက်ကာ၊ “ကျားခိုင်၊ ငါအရင်က နင့်အပေါ်လုပ်ခဲ့မိတာအတွက် စိတ်မကောင်းပါဘူး။ အားလုံးငါ့အမှားတွေပါ။ နင် ငါ့ကိုခွင့်လွှတ်ပေးလို့ရမလား?” ထန်ကျားခိုင် သူမကိုပြန်လက်ခံပေးဖို့ မျှော်လင့်ရင်းပြောလိုက်သည်။
သို့ပေမယ့် ထန်ကျားခိုင်၏မျက်လုံးများထဲတွင်တော့ အထင်သေးရိပ်များသာ ပိုလို့တိုးလာလေသည်။
“ကျွမ်းကျီရွှမ်း၊ မင်းဘာလုပ်ချင်နေလဲ ငါသိတယ်၊ ဒါပေမယ့် ဘယ်လိုမှမဖြစ်နိုင်ဘူး။ ငါမင်းကို စိတ်မဝင်စားတော့ဘူး ဒီတော့ နောက်တစ်ခါ ငါတို့ဆုံခဲ့ရင် သူစိမ်းလို့သာ သတ်မှတ်လိုက်ပါ။” ထန်ကျားခိုင်ပြောပြီးသည်နှင့် ကျွမ်းကျီရွှမ်းကို တစ်ချက်လေးတောင် မကြည့်တော့ဘဲ လှည့်ထွက်သွားတော့သည်။
ဤတစ်ကြိမ်တော့ ကျွမ်းကျီရွှမ်း တောင့်တောင့်ကြီးကျန်ခဲ့လေသည်။ သူမ ထန်ကျားခိုင်ကို ငြင်းလိုက်တာ သုံးလပဲရှိပါသေးတယ်။ ၃လတည်းနဲ့ သူမကိုလက်လျှော့သွားတာလား?
တကယ်တော့ ထန်ကျားခိုင်အနေနဲ့ သူမကိုလက်လျှော့လိုက်ဖို့ အချိန်သုံးရက်သာ လိုခဲ့လေသည်။ ကျွမ်းကျီရွှမ်း သူ့ကိုငြင်းရသည့်အကြောင်းအရင်း အစစ်အမှန်ကို ထန်ကျားခိုင်သိလိုက်ကတည်းက သူမကိုလက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကာ သူမလက်မခံလိုက်သည့်အတွက် ကံကောင်းလှသည်ဟုတော့ တွေးမိခဲ့သည်။
…..
ကျွမ်းကျီရွှမ်းသည် အောက်ကျို့တတ်သူမဟုတ်တာကြောင့် ထန်ကျားခိုင်ဘက်က ရှင်းရှင်းလင်းလင်းပြောသွားသည်နှင့် သူမလဲ သူမကိုယ်သူမအရှက်ရအောင် ထန်ကျားခိုင်ကို ထပ်တားမနေတော့ပေ။
ထန်ကျားခိုင်ကို သူမနှလုံးသားထဲက အမှန်တကယ်သဘောကျရတာကြောင့် စိတ်ပျက်ဝမ်းနည်းမိလေသည်။ သို့သော်လည်း ထိုအချိန်အထိ ထန်ကျားခိုင်၏မိသားစုနောက်ခံအကြောင်းကို ကျွမ်းကျီရွှမ်းမသိခဲ့သေးပေ။
ထန်ကျားခိုင်ထွက်သွားချိန်မှာပဲ တက်ကြွသည့်မိန်းကလေးသံတစ်သံက ကျွမ်းကျီရွှမ်း၏အတွေးရေယာဉ်ကိုဖြတ်တောက်လိုက်လေသည်။ “မင်းရဲ့မိသားစုက Bမြို့မှာ အရမ်းချမ်းသာတာလဲမဟုတ်ဘူး။ ဒီတော့ သခင်လေးထန်ကို အနှောင့်အယှက်သွားပေးဖို့ စိတ်ကူးနေရင် မြန်မြန်လက်လျှောက်လိုက်သင့်တယ်။”
ထိုစကားကြောင့် တစ်ဖက်လူကို စိတ်ရှုပ်ထွေးစွာဖြင့် ကျွမ်းကျီရွှမ်း လှည့်ကြည့်လိုက်သည်။
တစ်ဖက်လူသည် Bမြို့ရှိ အထက်တန်းလွှာမိသားစုကမိန်းကလေးတစ်ယောက်ဖြစ်ကာ သူမနှင့်အတူ ရာထူးကြီးအရာရှိတစ်ယောက်၏သမီးဖြစ်သော မိန်းကလေးတစ်ယောက်လဲ ပါလာသည်။ သူတို့တွေက လှောင်ထေ့သည့်အပြုံးများဖြင့် ကျွမ်းကျီရွှမ်းကို စိုက်ကြည့်နေကြလေသည်။
“မစ္စဖန်း၊ ဘာကိုဆိုလိုတာလဲ?” ကျွမ်းကျီရွှမ်း ပြန်မေးလိုက်သည်။ လောလောဆယ် ထိုမိန်းကလေးကို ဒေါသထွက်ဖို့တောင် အာရုံမရဘဲ ထိုမိန်းကဘေး ပြောသည့်စကားအဓိပ္ပါယ်ကိုသာ သိချင်နေလေသည်။
မစ္စဖန်းသည် ဖန်းကျီချီဖြစ်ကာ Bမြို့ ဖန်းမိသားစုမှဖြစ်သည်။
ဖန်းမိသားစုသည်က ထင်တဲ့အတိုင်း ဖန်းကျီယွေ့၏မိသားစုပင်ဖြစ်ကာ ဖန်းကျီချီသည် ဖန်းကျီယွေ့၏ဝမ်းကွဲညီမဖြစ်သည်။
ဖန်းကျီချီ၏မိဘများက တော်တော်ကြာကတည်းက ကားမတော်တဆမှုကြောင့် ဆုံးပါးသွားကြတာကြောင့် သူမသည် ဖန်းမိသားစု၏မွေးစားသမီးဖြစ်လာခဲ့လေသည်။
ဖန်းကျီချီသည် ဖန်းကျီယွေ့၏ ဝမ်းကွဲညီမသာဖြစ်သော်လည်း သူမတွင် သူမအဖေပိုင်ဆိုင်ခဲ့သည့် ဖန်းမိသားစုလုပ်ငန်းမှ ရှယ်ယာ၁၀ရာခိုင်နှုန်းရှိတာကြောင့် ဘယ်သူမှ သူမကိုလျှော့မတွက်ရဲကြပေ။
ထို့အပြင် ဖန်းမိသားစုကလဲ ဖန်းကျီချီကို သူတို့သမီးအရင်းတစ်ယောက်လို သဘောထားကာ အကောင်းဆုံးဆက်ဆံပေးကြသည်။ ဖန်းကျီချီသည်လဲ ဖန်းကျီယွေ့၏မိဘများကို အဖေ အမေဟုသာ ခေါ်လေသည်။
“ဘာကိုဆိုလိုရမှာလဲ? ဖြစ်သင့်တာကိုပြောတာလေ!” ဖန်းကျီချီ ကျွမ်းကျီရွှမ်းကို လှောင်ရယ်လိုက်သည်။ “အိုး မဟုတ်မှ၊ မင်း သခင်လေးထန်ရဲ့ မိသားစုနောက်ခံအကြောင်း အခုထိမသိသေးဘူးလား? သေချာပေါက် မသိလောက်ပါဘူး မဟုတ်ရင် သူ့ကိုငြင်းပြီး ကျိုးဟောက်ရန်ရဲ့ ရည်းစားသွားလုပ်ပါ့မလား။ ကျိုးဟောက်ရန်က ဒီအတိုင်း လူရှုပ်လူပွေတစ်ယောက်ပဲကို၊ သူ့ရဲ့ရည်းစားထားနှုန်းက အဝတ်လဲနှုန်းထက်တောင် မြန်သေးတယ်။ နင် သုံးလတောင် သူ့ရည်းစားအဖြစ်နေနိုင်ခဲ့တာ တော်တော်ကံကောင်းတာပဲ။ ဟုတ်ပါတယ်လေ၊ နင်က ငါတို့ကျောင်းရဲ့အလှဆုံးကျောင်းသူပဲကို၊ နင့်ခန္ဓာကိုယ်ကလဲ တော်တော်လှတယ်။ အိပ်ရာထဲမှာလဲ စွမ်းဆောင်ရည်ကောင်းလောက်မယ်။”
ဖန်းကျီချီက လူကြားထဲမှာကို ကျွမ်းကျီရွှမ်းအား အရှက်ခွဲနေပေမယ့် သူမပြောသမျှက အမှန်တရားတွေဖြစ်နေလေသည်။
သူမ ကျိုးဟောက်ရန်နှင့်မရင်းနှီးသော်လည်း သူ့ညီဝမ်းကွဲနှင့်တော့ သူငယ်ချင်းကောင်းတွေဖြစ်တာကြောင့် ကျိုးဟောက်ရန်၏အကျင့်တွေအကြောင်း သူမတော်တော်လေးကြားဖူးထားသည်။
မိန်းကလေးတွေဆိုသည်က အတူတူများရှိနေရင် အတင်းပြောရကြိုက်ကြသည်မဟုတ်လား။
ထန်ကျားခိုင်ကို ကျွမ်းကျီရွှမ်း ငြင်းလိုက်သည့်အကြောင်း သိထားသူသိပ်မရှိပေမယ့် သူတို့သူငယ်ချင်းအသိုင်းအဝန်းထဲမှာတော့ လျှို့ဝှက်ချက်မဟုတ်ပေ။
ဖန်းကျီချီသည် ကျွမ်းကျီရွှမ်းက သခင်လေးထန်ကို ငြင်းပြီး ကျိုးဟောက်ရန်လိုလူမျိုးကို ရွေးသွားသည့်အတွက် အတော်လေးအထင်သေးနေခဲ့သည်။ သို့သော်လည်း သူမက ကျွမ်းကျီရွှမ်း၏သူငယ်ချင်းလဲ မဟုတ်တာကြောင့် ထန်ကျားခိုင်၏မိသားစုအကြောင်း ပြောပြမနေခဲ့ပေ။
အခုတော့ ကျွမ်းကျီရွှမ်းက ကျိုးဟောက်ရန်နှင့်လမ်းခွဲလိုက်ပြီး ထန်ကျားခိုင်ကို သွားရှုပ်နေသည်ကို မြင်လိုက်ရတာကြောင့် သူမဆက်ပြီး သည်းခံမနေနိုင်တော့ဘဲ ကျွမ်းကျီရွှမ်းရှေ့ ပြေးဝင်ကာ လှောင်ပြောင်မိတော့သည်။
“ဘာ? ထန်ကျားခိုင်ရဲ့မိသားစုက Bမြို့ရဲ့နာမည်ကြီး ထန်မိသားစုလို့ ပြောချင်တာလား?” ကျွမ်းကျီရွှမ်း အလွန်ထိတ်လန့်သွားလေသည်။ Bမြို့မှာတော့ ထန်မိသားစုရဲ့ယောက်ျားသားတွေကိုသာ သခင်လေးထန်လို့ ခေါ်ကြတာမဟုတ်လား။
ထန်ကျားခိုင်ကသာ တကယ်ပဲ Bမြို့ရဲ့ထန်မိသားစုကဆို ကျိုးဟောက်ရန်ရဲ့မိသားစုဆိုတာ ခြေဖျားတောင် မမှီဘူးပဲ။
ကျွမ်းကျီရွှမ်းမှာ သူမ၏တုံးအလှသည့်ရွေးချယ်မှုကြောင့် နောင်တရသွားတော့သည်။
ထန်ကျားခိုင်၏မိသားစုက တကယ်ကို Bမြို့ရဲ့ကျော်ကြားလှသော ထန်မိသားစုဟု မယုံကြည်ချင်ပေမယ့် ဖြစ်နိုင်ချေများမှန်းလဲ သူမသိလေသည်။
သူမလက်မခံချင်ရင်တောင် ထိုအရာက အမှန်တရားဖြစ်နေတုန်းပင်။
ကျွမ်းကျီရွှမ်း၏ပါးစပ်တို့ ဖွင့်ဟလိုက်သော်လည်း ထိတ်လန့်မှုမပြေသေးတာကြောင့် အသံတစ်သံတောင် မထွက်နိုင်ခဲ့ပေ။
***