အစိမ်းရောင်လူသန်ကြီး၏လမ်းကြောင်း
Vol. 8 Ch. 106
"ဖုန့်လင်း၊ ဒါကို ကောင်းကောင်းလုပ်ပါ။ ပုံဆောင်ခဲဆေးဖန်တီးခြင်းနည်းစနစ် အောင်မြင်ခဲ့ရင် ငါတို့ ဧရာမဆေးဝါးကုမ္ပဏီက မင်းကို လစ်လျူရှုမှာမဟုတ်ပါဘူး!" ဖရန့်က ပြုံးလိုက်သည်။ ထို့နောက်တွင် နောက်လှည့်ကာ ထွက်ခွာသွားတော့သည်။
ဖုန့်လင်း၏ နှလုံးသားထဲတွင်မူ အေးစက်မှုများ ဆက်လက်ခံစားနေရဆဲဖြစ်သည်။
သူ ထိန်းချုပ်နိုင်သည့် နယ်ပယ်ထက် ကျော်လွန်နေသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိသွားသည့်ပုံပေါ်သည်။
သုတေသနခေါင်းစဉ် အောင်မြင်ခဲ့ရင် သူ့ကို နတ်ဘုရားရဲ့သားတော်အဖြစ် ပြောင်းလဲပေးမှာလား?
ဘယ်သူက ဒီလို ဆုလာဘ်ကို လိုချင်မှာလဲ?!
ဖုန့်လင်းသည် ဗီဇသီအိုရီတွင် အလွန်ကျွမ်းကျင်သည်။ နတ်ဘုရားသွေး
အစီအရင် ဆိုတာက ဘယျလိုအဓိပ္ပါယ်မရှိတဲ့ဟာမျိုးလဲ?
ဒါက ရိုးရှင်းစွာပဲ ဗီဇပြောင်းလဲမှုဖြစ်စဉ်တစ်ခုသာ ဖြစ်ပြီး တကယ်လို့ သူ ဒီဖြစ်စဉ်ကို ဖြတ်သန်းခဲ့ရင် သူ၏မူလသွေးမျိုးဆက်နှင့် မျိုးနွယ်စုလက္ခဏာများ အပြီးအပိုင် ပျောက်ကွယ်သွားမည်ဖြစ်သည်။
ဒါကြောင့်ပဲ ဒီသုတေသီတွေမှာ အခြားလူမျိုးစုတွေရဲ့ အမူအကျင့်နဲ့ လက္ခဏာတွေရှိနေပေမယ့် လူဖြူတွေဖြစ်နေပြီး အလွန်ထူးဆန်းတဲ့ခံစားချက်ကို ပေးနေတာပဲ။
ဖုန့်လင်းအနေနဲ့ တရုတ်လူမျိုးတစ်ယောက်အဖြစ် နေလို့ရတာကို ဘာလို့စွန့်လွှတ်ပြီး ကြက်ဥလူသား - အပြင်ဘက်မှာအဖြူ၊ အတွင်းဘက်မှာအဝါ - ဖြစ်သွားချင်မှာလဲ? ဟာသလုပ်နေတာလား?
နတ်ဘုရားရဲ့သားတော် ဖြစ်လာတဲ့ အကျိုးကျေးဇူးတွေ ဘယ်လောက်ပဲကောင်းကောင်း ဖုန့်လင်း ဂရုမစိုက်ပေ!
အရေးအကြီးဆုံးက သူ လက်ရှိမှာ စွန်းဝူခုန်းရဲ့ ဒဏ္ဍာရီလမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ဤသည်မှာ ဟွာရှ ဒဏ္ဍာရီပုံပြင်များထဲက ဒဏ္ဍာရီလာ ဇာတ်ကောင်တစ်ဦးဖြစ်ပြီး တရုတ်မျိုးနွယ်ဝင်များသာ စွန်းဝူခုန်း ၏ ဒဏ္ဍာရီလာ ဗီဇများကို နိုးထစေနိုင်သည်။
သူသာ ကြက်ဥလူသားတစ်ဦးအဖြစ် ပြောင်းလဲသွားရင် သူ နိုးထထားတဲ့ ဗီဇတွေရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ အသက်စွမ်းအင်အညွှန်းကိန်းတွေ အတင်းအကျပ်ပြုပြင်မွမ်းမံခံရနိုင်ပြီး ဒါက သူရဲ့ကိုယ်ပိုင် ကျင့်ကြံမှုလမ်းကြောင်းကို ဖျက်ဆီးရာရောက်သွားမယ် မဟုတ်လား?
ဤသည်မှာ ခန့်မှန်းချက်သာဖြစ်သော်လည်း သူ စဥ်းစားလေလေ ဖြစ်နိုင်ခြေရှိသည်ဟု ခံစားခဲ့ရပြီး
ဖုန့်လင်း ဤမျှလောက်ထိ မစွန့်စားရဲချေ။
သို့သော် အခုမှ နောင်တရချင်လျှင်ပင် အရာရာ နောက်ကျသွားပြီဖြစ်သည်။
ဧရာမဆေးဝါးကုမ္ပဏီ၏ အစစ်အမှန်အချက်အချာဌာနဖြစ်သော ဤမြေအောက်ဓာတ်ခွဲခန်းသို့ ဝင်ရောက်ပြီးနောက် အထက်တန်းလွှာများက သူ့အား အလွန်အလေးထားနေပြီ ဖြစ်သည်။ သူ ထွက်ခွာရန် လုံးဝမဖြစ်နိုင်တော့ပေ။
သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်!
ဖုန့်လင်း စဉ်းစားနေစဉ် ထိုကြက်ဥလူသားများမှာ ချဉ်းကပ်လာကာ သူ့ကိုဝိုင်းရံလိုက်ကြသည်။ သူတို့၏ မျက်လုံးများမှာ ဖုန့်လင်းအပေါ်သို့ စိုက်ကြည့်နေခဲ့သည်။ "ခေါင်းဆောင်၊ အခုပဲ သုတေသနစကြရအောင်!"
ဖုန့်လင်း၏ နှလုံးသား ရုတ်တရက် တုန်လှုပ်သွားသည်။ ဒီကြက်ဥလူသားတွေက သူ့လက်အောက်ငယ်သားတွေဆိုပေမယ့် တကယ်တမ်းက သူ့ကို
စောင့်ကြည့်ဖို့ ဒီနေရာမှာ ရှိနေတာလား?
သူ မျက်နှာအမူအရာကို မပြောင်းလဲစေဘဲ တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ "ပုံဆောင်ခဲဆေးဝါးဖန်တီးခြင်းနည်းစနစ်ကို ပြည့်စုံအောင် လုပ်ဖို့က ငါတို့ ဧရာမဆေးဝါးကုမ္ပဏီအတွက် အရမ်း အရေးကြီးတယ်။ ဒါက ငါတို့ရဲ့ အနာဂတ်ဖွံ့ဖြိုးမှုနဲ့ သက်ဆိုင်နေတာကြောင့် အားလုံးညီညီညွတ်ညွတ်နဲ့ အကောင်းဆုံးလုပ်ဆောင်ဖို့ လိုတယ်!"
"ဟုတ်ကဲ့!" ထိုသုတေသီများက ခေါင်းညိတ်ကာ ပြင်ဆင်ကြသည်။
"အစိမ်းရောင်လူသန်ကြီးဗီဇဆေးရည် ရဲ့ ဖော်မြူလာကို ငါ့ကို ပေး!" ဖုန့်လင်း အမိန့်ပေးလိုက်သည်။
"ဟိုက်!" မတ်ဆုရှီတ အိုနီဂျင်က အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ၏ သဘောထားမှာ အရင်ကနှင့် လုံးဝကွဲပြားသွားပြီး ယခုအခါတွင် ဗီဇဆေးဖော်မြူလာကို ဖုန့်လင်းဆီသို့ နာခံစွာ ယူဆောင်လာသော အစေခံတစ်ဦးနှင့် တူနေသည်။ သူ အလွန်နိမ့်သည်အထိ ဦးညွှတ်လိုက်ပြီး ဂုဏ်သိက္ခာ လုံးဝမရှိဟု ထင်နေရသော်လည်း သူ၏မျက်လုံးများတွင် ဆာလောင်နေသော ခွေးအ ကဲ့သို့ အကြည့်တစ်ခုရှိနေခဲ့သည်။
ဖုန့်လင်း ဤအရာကို ဂရုမစိုက်ပေ။
ရှင်းလင်းစွာပင် ဤမတ်ဆုရှီတ အိုနီဂျင်သည် လူဖြူအဖြစ်သို့ ပြောင်းလဲခံခဲ့ရသော ဂျပန်လူမျိုးတစ်ဦးဖြစ်သည်။ သူ့တွင် ဂျပန်လူမျိုးအားလုံး၏သွင်ပြင်လက္ခဏာများရှိပြီး လူဖြူမျိုးနွယ်ကို အလွန်မြင့်မြတ်သည်ဟု ယူဆထားသည်။ သူ့အတွက်မူ အားကောင်းသူက အုပ်စိုးပြီး အားနည်းသူက အနိုင်ကျင့်ခံရမည်မှာ ပုံမှန်ဖြစ်သည်။
မတ်ဆုရှီတ အိုနီဂျင်ကဲ့သို့သောသူများကို ပြင်းထန်စွာ ဖိနှိပ်မှသာ နာခံတတ်သော အစေခံများဖြစ်လာမည်ဖြစ်သည်။ မဟုတ်ပါက သူတို့သည် သခင်များကို ကိုက်ဖြတ်ရန် အခွင့်အရေးစောင့်နေသော ဆာလောင်သည့် ခွေးအများသာ ဖြစ်နေပေလိမ့် မည်။
ဖုန့်လင်းမှာ ကြယ်တာရာကျင့်ကြံသူတစ်ဦးဖြစ်ပြီး ပုံဆောင်ခဲဆေးဝါးဖန်တီးခြင်းနည်းစနစ် ကိုပင် ပိုင်ဆိုင်ထားသည်။ သူ၏အင်အားဖြစ်စေ သို့မဟုတ် ဗီဇနည်းပညာများဖြစ်စေ ဤလူကို ဖိနှိပ်ရန် လုံလောက်သည်။ မတ်ဆုရှီတ အိုနီဂျင်က သူ့ကို ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း သူအပြည့်အဝယုံကြည်ထားသည်။
သူ လုံးဝစိုးရိမ်မှုမရှိဘဲ ဖော်မြူလာကို ယူကာ သုတေသနကို စတင်လိုက်သည်။
သူ ပို၍ယုံကြည်မှုရှိရှိ ပြုမူလေလေ၊ မတ်ဆုရှီတ အိုနီဂျင်က ပိုမိုရိုသေလေးစားလေလေ ဖြစ်သည်။
ထို့အပြင် ဖုန့်လင်းမှာလည်း ဤတာဝန်၏ အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း သိထားသည်။
ကျင့်ကြံခြင်း အရင်းအမြစ်များကို စွမ်းအင်အဆင့်အလိုက် ခွဲခြားထားနိုင်ပြီး အဆင့်နိမ့်သိုင်းအလွှာ, အလယ်အလတ်
ဆင့်သိုင်းအလွှာ, အဆင့်မြင့်သိုင်းအလွှာနှင့် အထွတ်အထိပ်သိုင်းအလွှာ ဟူ၍ လေးမျိုးခွဲခြားနိုင်သည်။ အဆင့်တစ်ခုစီကို စဦးအဆင့်, အလယ်အလတ်အဆင့်,
အဆင့်မြင့်အဆင့်, ပြစ်ချက်ကင်း
အဆင့် နှင့် ပြီးပြည့်စုံအဆင့် ဟူ၍ ထပ်မံခွဲခြားနိုင်သည်။
ဒါဆို အစိမ်းရောင်ဘီလူးဗီဇဆေးရည် ဆိုတာက အဆင့်နိမ့်သိုင်းအလွှာရဲ့
အဆင့်မြင့်အဆင့် ဆေးတစ်မျိုးဖြစ်ပြီး ဒါကို မကြာခဏသောက်လျှင် အစိမ်းရောင်လူသန်ကြီးဗီဇ ကို နိုးထစေနိုင်သည်။
အစိမ်းရောင်လူသန်ကြီးဗီဇ ဆိုတာက လူသန်ကြီးဗီဇ နဲ့ ရေဒီယိုသတ္တိကြွ ဗီဇကို ပေါင်းစပ်ထားတဲ့ အလတ်စား လူသန်ကြီးဗီဇ တစ်မျိုးပါ။ ရေဒီယိုသတ္တိကြွစွမ်းအင်ကို အဆက်မပြတ်စုပ်ယူခြင်းမှနေ၍ ဤဗီဇကို နိုးထသူသည် အကန့်အသတ်မဲ့ ခွန်အားရှိလာသော်လည်း ရေဒီယိုသတ္တိကြွမှု၏ ဘေးထွက်ဆိုးကျိုးကြောင့် အတွေးများ ကမောက်ကမဖြစ်ပြီး ဒေါသထွက်လွယ်ကာ အကြမ်းဖက်တတ်သည်။ (Hulk လိုမျိုးပါ)
ဘယ်လောက်ထိရှားသလဲဆို ဒါက အရမ်းကို ရှားရှားပါးပါးမြင်ရတဲ့ လူလုပ်ဒဏ္ဍာရီလာ ဗီဇတစ်မျိုးပါ။
လူတိုင်းသိကြသည်မှာ ကြယ်တာရာ ကျင့်ကြံသူအများစုသည် ဒဏ္ဍာရီနှင့် ရှေးဟောင်းပုံပြင်များကို လမ်းညွှန်အဖြစ် အသုံးပြုကာ ၎င်းတို့၏ ဗီဇများကို တဖြည်းဖြည်း ပြောင်းလဲပြီး နတ်ဘုရားဖြစ်လာမည့်လမ်းသို့ လျှောက် ကြခြင်း ဖြစ်သည်။
ဒဏ္ဍာရီလမ်းကြောင်းတစ်ခုစီတွင် လုံးဝကွဲပြားသော ဆင့်ကဲပြောင်းလဲမှုပုံစံများနှင့် ရွေးချယ်စရာလမ်းကြောင်းများ ရှိပြီး ဤသည်မှာ ကြယ်တာရာ ကျင့်ကြံသူများ၏ အဓိကအချက်ဖြစ်သည်။
သို့သော် ဗီဇကျင့်ကြံခြင်းပညာရပ်များမှာ အလွန်ရှားပါးသောကြောင့် လူတိုင်းရနိုင်ခြင်း မရှိပေ။
အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ လူသားတို့၏ ဉာဏ်ပညာမှာ အကန့်အသတ်မဲ့နေခဲ့သည်။
သူတို့အနေဖြင့် ပထမဦးဆုံ ဗီဇအင်ဂျင်နီယာလုပ်ငန်းစဥ် အသုံးပြုကာ ဗီဇ၏ ဂုဏ်သတ္တိများကို တွက်ချက်ရန် ကြိုးစားခဲ့ကြသည်။ ထို့နောက် အဓိကဗီဇနှင့် ဆက်စပ်မှုမရှိသော အခြားဗီဇများကို ဖြည်းဖြည်းချင်း ဆက်စပ်ကာ ပေါင်းစည်းပြီး လမ်းကြောင်းအသစ်ပေါ်သို့ လျှောက်လှမ်းကြသည်။
သဘာဝအားဖြင့် ဤသို့သော လိုက်ဖက်မှုမရှိသည့် ဗီဇများကို အတင်းအကျပ်ပေါင်းစပ်ရာတွင် ငြင်းပယ်မှုများ အမြဲရှိတတ်သည်။ နောက်ဆုံးတွင် လူ့ခန္ဓာကိုယ်သည် ပျက်စီးသွားပြီး အဆုံးသတ်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသည်။
သို့သော် ကံကြမ္မာ၏ ကောင်းချီးပေးခံရသူများလည်း ရှိပြီး ကံအားလျော်စွာ အသက်ရှင်ကျန်ရစ်ကာ အောင်မြင်
သည့်အခါ လမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်နိုင်ပြီး စိတ်ကူး၍မရနိုင်သော စွမ်းအားမျိုးစုံကို ပိုင်ဆိုင်လာကြသည်။
အစိမ််းရောင်လူသန်ကြီးဗီဇ ဆိုသည်မှာ ဤကဲ့သို့သော လမ်းကြောင်းတစ်ခုပင် ဖြစ်သည်။
ဤသည်မှာ လူသန်ကြီးဗီဇ နှင့် ရေဒီယိုသတ္တိကြွ ဗီဇ ကို ပေါင်းစပ်ထားသော လူလုပ်ဗီဇတစ်ခုဖြစ်ပြီး မကုန်ခမ်းနိုင်သော ခွန်အားနှင့် အလွန်ကြံ့ခိုင်သည့် ခန္ဓာကိုယ်ကို ပေးစွမ်းနိုင်သည်။ ထို့အပြင် ရေဒီယိုသတ္တိကြွစွမ်းအင်ကို စုပ်ယူနိုင်သောကြောင့် မတူညီသော စွမ်းအင်ဂုဏ်သတ္တိများ၏ သက်ရောက်မှုကိုလည်း အဆင့်တစ်ခုအထိ ခံနိုင်ရည်ရှိသည်။
ဤနောက်ဆုံးအချက်မှာ ကျောက်တုံးမျောက်ဗီဇနှင့် အလွန်ဆင်တူသည်။
သို့သော် ကျောက်တုံးမျောက်ဗီဇသည် ရှေးဦးဗီဇတစ်ခုသာဖြစ်ပြီး ဗီဇအဆင့်တွင် အစိမ်းရောင်ဘီလူးဗီဇထက် အဆင့်နိမ့်သော်လည်း ကျောက်တုံးမျောက်ဗီဇ၏ စွမ်းရည်များမှာလည်း မည်သို့မှ အားနည်းခြင်းမရှိပေ။
သို့သော် အကယ်၍ ဝိညာဥ်ကျောက်တုံးမျောက်ဗီဇသာဖြစ်ပါက ၎င်းသည်လည်း အထွတ်အထိပ်အဆင့် ဗီဇတစ်ခုဖြစ်ပြီး အနည်းဆုံး ပြောင်းလဲနိုင်သည့် အမျိုးအစားဗီဇ သို့မဟုတ် ပြီးပြည့်စုံသော ဗီဇတစ်ခုဖြစ်ကာ အစိမ်းရောင်ဘီလူးဗီဇကဲ့သို့သော အလယ်အလတ်တန်းစား အထွတ်အထိပ်အဆင့် ဗီဇတစ်ခုနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
ဖုန့်လင်း ဤအကြောင်းအရာ အားလုံးကို နားလည်သည်။ သူ ရုတ်တရက် အချက်တစ်ခုကို သတိရလိုက်သည်။ ဧရာမဆေးဝါးကုမ္ပဏီက အစိမ်းရောင်လူသန်ကြီးစစ်တပ်တစ်ခုကို ဖန်တီးဖို့ ကြိုးစားနေတာလား?
အစိမ်းရောင်လူသန်ကြီးဆေးရည်ကို ပုံဆောင်ခဲလုပ်တဲ့ဖြစ်စဉ်ပြီးလို့ သာမန်လူတွေ သောက်နိုင်ရင် ဒီကိုယ်ပွားတွေက အသုံးဝင်မှု ကြီးကြီးမားမားဖြစ်လာလိ့မ်မယ်။ ဖရန့်က သူတို့ကိုယ်ကိုယ် ကာကွယ်ဖို့ စစ်တပ်တစ်ခုဖွဲ့မယ်လို ပြောခဲ့တယ်... အဒါက အစိမ်းရောင်လူသန်ကြီးတွေနဲ့စစ်တပ်တစ်ခု ဖြစ်နိုင်မလား?!
သူ့နှလုံးသား အေးစက်သွားသည်။
တစ်ယောက်အနေဖြင့် အစိမ်းရောင်လူသန်ကြီးဗီဇ သည် အထွတ်အထိပ် အဆင့် ဗီဇတစ်ခုဖြစ်ကြောင်း သိထားရလိမ့်မည်။ တစ်စုံတစ်ဦးအနေနှင့် ၎င်းကို နိုးထပါက ထိုသူမှာ အခြေခံကြယ်တာရာကျင့်ကြံသူများထက် ခြေတစ်လှမ်းပိုမြင့်သော လက်ရွေးစင်ကျင့်ကြံသူသူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။
(Note-အခြေခံကျင့်ကြံသူပြီးရင် အဆင့်မြင့်ကျင့်ကြံသူဖြစ်နေလို့ လက်ရွေးစင်ကျင့်ကြံသူလို့ ပြောင်းလိုက်ပါတယ်)
ဤသည်မှာ မားစ်ဂြိုဟ်တော်လှန်ရေးတပ်၏ ခနျ့မှနျးခကြျကျု လုံးဝမှားယွင်းစေခဲ့သည်။ ဧရာမဆေးဝါးကုမ္ပဏီအနေဖြင့် ဗီဇဆိုင်ရာစစ်တပ်တစ်ခု ဖန်တီးလိုသည်မှာ မှန်သော်လည်း ၎င်းမှာ ကြယ်တာရာကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ သူတို့ဖန်တီးလိုသည်မှာ လက်ရွေးစင် ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော စစ်တပ်မတစ်ခု ဖြစ်သည်။
ဖုန့်လင်း၏ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးမှာလည်း လက်ရွေးစင်ကျင့်ကြံသူတစ်ဦးသာ ဖြစ်ကြောင်း သိထားရမည်။ သို့သော် ထိုသို့ဖြစ်သော်လည်း သူ့ကို ဟွာရှမြို့တော်တွင် ထိပ်သီးကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
အကယ်၍ ဤကြောက်မက်ဖွယ်ကောင်းသော စစ်တပ်ကို အမှန်တကယ် ဖွဲ့စည်းနိုင်ခဲ့ပါက နေအဖွဲ့အစည်းတစ်ခုလုံးကို အောင်နိုင်သည်အထိ မည်သူမှ မလွှမ်းမိုးနိုင်သော စစ်တပ်တစ်ခုဖြစ်လာမည်ပင်။
ဖုန့်လင်း ယခုမှသာ ဖရန့်ပြောခဲ့သည့် စကားအားလုံးသည် လိမ်ညာမှုသာ ဖြစ်ကြောင်း လုံးဝယုံကြည်သွားသည်။
ဒီလောက် အားကောင်းတဲ့ စစ်တပ်တစ်ခုကို ကိုယ့်ဟာကိုယ် ကာကွယ်ဖို့အတွက်ပဲ ဖွဲ့စည်းတာတဲ့လား? ဘယ်သူက ဒါကို ယုံမှာတဲ့လဲ?
မားစ်ဂြိုဟ်ပေါ်ရှိ အောက်ခြေစီးကြောင်းများမှာ ဆူပူအုံကြွနေခဲ့သည်။ ဤလှိုင်းလုံးသည် နေအဖွဲ့အစည်းတစ်ခုလုံးသို့ ပျံ့နှံ့နိုင်သည်အထိ ကြီးမားနိုင်သည်။
အခုအချိန်မှာ သူ ဘယ်လို ရွေးချယ်
သင့်လဲ?
...
ဖုန့်လင်း အတွေးနက်နေခဲ့သည်။
"ခေါင်းဆောင်၊ အစိမ်းရောင်လူသန်ကြီးဆေးရည်ရဲ့ ဖော်မြူလာကို ကြည့်တာပြီးပြီလား? ကျွန်တော်တို့ ပုံဆောင်ခဲဖွဲ့နည်းစနစ်ကို သုတေသန
စပြုလို့ရပြီလား?" ဤအချိန်တွင် မတ်ဆုရှီတ အိုနီဂျင်က လေးစားစွာ မေးလိုက်သည်။
ဤကြက်ဥလူသားများသည် သူ့ကို ဝိုင်းရံထားပြီး အမိန့်ပေးရန် စောင့်ဆိုင်းနေကြသည်။
ဖုန့်လင်း နှုတ်ခမ်းများမှာ လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် တွန့်ကွေးသွားသည်။ "ဟုတ်တယ်!"
"မင်းတို့အားလုံး ဒီဟာပေါ်မှာ မေးခွန်းတွေ မေးချင်ကြမှာပဲ - ပုံဆောင်ခဲဖွဲ့ဆေးဝါးဖန်တီးခြင်းနည်းစနစ် ဆိုတာ ဘယ်လိုနည်းပညာမျိုးလဲ? ဒီနည်းပညာနဲ့ ရှေးဟောင်းနတ်ဆေးကြားမှာ ဘယ်လိုဆက်စပ်မှုရှိလဲ?"
"ဒါက ဘာလို့လဲဆိုတော့ ရှေးဟောင်းနတ်ဆေးရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံက ပုံဆောင်ခဲဖွဲ့စည်းပုံဖြစ်နေလို့ပဲ။ ဒီဖွဲ့စည်းပုံက ဆေးရဲ့ပြင်းထန်တဲ့ အာနိသင်ကို ထိန်းချုပ်ပြီး ဖြည်းဖြည်းချင်းထုတ်လွှတ်ပေးပြီးတော့ သာမန်လူသားတွေ စုပ်ယူနိုင်အောင် လုပ်ဆောင်ပေးတယ်။ ငါ့ရဲ့ ပုံဆောင်ခဲဖွဲ့ဆေးဝါးဖန်တီးခြင်းနည်းစနစ်ကိုတော့ ရှေးဟောင်းနတ်ဆေးအတွင်းထဲက ပုံဆောင်ခဲဖွဲ့စည်းပုံကို တုပဖို့ ကြိုးစားရာကနေ ဖန်တီးခဲ့တာပဲ။"
"ဘယ်လိုပုံဆောင်ခဲမျိုးလဲ?"
"သူတို့မှာ သင်္ချာဆိုင်ရာ အလှတရားတွေနဲ့ ပြည့်နှက်နေတယ်။ ဒါပေမယ့် မင်းရဲ့စိတ်စွမ်းအင်ကို သုံးပြီး ဝိညာဉ်အမှုန်တွေရဲ့ အတားအဆီးကို ဖြတ်ကျော်မှပဲ သူတို့ကို သတိထားမိမှာ!"
"ဒါဆို ဆေးရည်တွေကို ပုံဆောင်ခဲဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?"
"မီး! မီးနဲ့ စိတ်စွမ်းအင်ကို အသုံးပြုပြီး မော်လီကျူးဖွဲ့စည်းပုံကို လေ့လာရမယ်။ ရှေးဟောင်းနတ်ဆေးထဲက ပုံဆောင်ခဲဖွဲ့စည်းပုံရဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေကို တုပဖို့ ကြိုးစားပါ!"
...
မြေအောက်ဓာတ်ခွဲခန်းအတွင်း၌ သုတေသီများသည် ပုံဆောင်ခဲဖွဲ့ဆေးဝါးဖန်တီးခြင်းနည်းစနစ်၏ လျှို့ဝှက်ချက်များနှင့်ပတ်သက်၍
ဖုန့်လင်းအား မေးနေကြသည်။
ဖုန့်လင်းမှာ အလွန်ပွင့်လင်းဟန်ရှိပြီး လှည့်ကွက်များ လုံးဝမလုပ်ခဲ့ပေ။ သူ ဘာမှမဖုံးကွယ်ဘဲ အရာအားလုံးကို ပြောပြခဲ့သည်။
သို့သော် သူ၏လက်ချောင်းတစ်ချောင်းသည် လှုပ်ရှားနေပြီး တိတ်တဆိတ်ဖြင့် လက်ဟန်နှင့်တံဆိပ်တော်များ ပြုလုပ်နေသည်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။ သူ၏စိတ်စွမ်းအင်မှ မမြင်ရသော လှိုင်းများသည် သူ့ထံမှ ထွက်ပေါ်နေခဲ့သည်။
ဤသုတေသီများမှာ မျက်နှာပေါ်တွင် နွေးထွေးသောလေလေး တိုက်ခတ်သွားသည်ဟုသာ ခံစားခဲ့ရပြီး ဖုန့်လင်းအပေါ် သူတို့စိတ်ထဲမှ သတိထားမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
"ခေါင်းဆောင်က တကယ်ကို ကောင်းတဲ့လူပဲ။ ဒီလောက်နက်နဲတဲ့ အသိပညာတွေကို ဘာမှမဖုံးကွယ်ဘဲ အကုန်ပြောပြတယ်!"
"ခေါင်းဆောင်က အသက်ငယ်ပေမယ့် သူ့စွမ်းရည်ကိုတော့ မယုံမကြည်ဖြစ်စရာမလိုဘူး!"
"ငါတို့ သူ့ကို လျော့မတွက်သင့်ဘူးထင်တယ်!"
...
သူတို့ အကြည့်ချင်းဆုံနေခဲ့ကြသော်လည်း ဖုန့်လင်းအပေါ် သူတို့၏အတွေးနှင့် ခံစားချက်များသည် တိတ်တဆိတ် ပြောင်းလဲလာခဲ့သည်။
အကယ်၍ ယခင်က ဖုန့်လင်းအပေါ် အေးစက်မှု၊ ရန်ငြိုးဖွဲ့မှုနှင့် မထီမဲ့မြင်ပြုမှုတို့သာ ရှိခဲ့ပါက ယခုအခါ သူတို့တွင် စိတ်အားထက်သန်မှုနှင့် ချီးမွမ်းမှုတို့ဖြင့် ပြည့်နှက်နေပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင် သဘောထားလာကြသည်။
ဖုန့်လင်း သူ၏စိတ်စွမ်းအင်ကို လည်ပတ်လိုက်သည်နှင့် ဤမသိသာသော လွှမ်းမိုးမှုသည် သုတေသီများ၏နှလုံးသားများကို တဖြည်းဖြည်း ပြောင်းလဲစေကာ မြေအောက်ဓာတ်ခွဲခန်းရှိ လူတိုင်းအပေါ်တွင် ထိန်းချုပ်မှုကို သူ တဖြည်းဖြည်း ရလာခဲ့သည်။
ပုံဆောင်ခဲဖွဲ့ဆေးဝါးဖန်တီးခြင်းနည်းစနစ်ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှာကို စိုးရိမ်နေတာလား?
ဖုန့်လင်း လုံးဝမစိုးရိမ်ခဲ့ပေ။
အစကတည်းက ပုံဆောင်ခဲဖွဲ့ဆေးဝါးဖန်တီးခြင်းနည်းစနစ် ဆိုသည့် နည်းစနစ်မျိုး မရှိခဲ့ပေ။ ထိုအရာသည် ဖုန့်လင်းက အယ်လ်ခမီဆေးလုံးဖော်စပ်နည်း၏လျှို့ဝှက်ချက်များကို ဖုံးကွယ်ရန် လုပ်ခဲ့သော လှည့်ကွက်တစ်ခုသာ ဖြစ်သည်။
ဤ ပုံဆောင်ခဲဖွဲ့ဆေးဝါးဖန်တီးခြင်းနည်းစနစ်ဆိုသည်မှာ အယ်လ်ခမီပညာ၏ အလွန်အခြေခံကျသော ပြန်လည်ပြောင်းလဲထားသည့် ပုံစံတစ်ခုသာ ဖြစ်သည်။ သူတို့အား သင်ပေးခြင်းသည် ပြဿနာမရှိပေ။
ထိုနှစ်ခုသည် လုံးဝကွဲပြားသော နယ်ပယ်များဖြစ်ပြီး မတူညီသော စနစ်များဖြစ်သည်။
သူတို့တွင် ရှေးဟောင်းတရုတ်၏
အယ်လ်ခမီပညာနှင့်ပတ်သက်သည့် အခြေခံအသိပညာများ မရှိကြပေ။ ရေခဲတုံးကြီး၏ထိပ်ဖျားကဲ့သို့ အလွန်အခြေခံကျသော အရာများသည်ပင် ဤသုတေသီများအတွက် နားလည်ရန် အချိန်အတော်ကြာမည်ဖြစ်ပြီး ဖုန့်လင်းအနေနှင့် သူတို့အား အမှန်တကယ်တန်ဖိုးရှိသော အရာများ မသင်ပေးခဲ့သည်ကိုပင် ထည့်သွင်းစဉ်းစားရန် မလိုအပ်ပေ။
ထို့အပြင်၊ ဤ ပုံဆောင်ခဲဖွဲ့ဆေးဝါးဖန်တီးခြင်းသည် စိတ်စွမ်းအင်၏ထောက်ပံ့မှုလိုအပ်ပြီး စိတ်ဗီဇ နိုးထရန် လိုအပ်သောကြောင့် ဤအခြေအနေသည်ပင်လျှင် အလွန်တင်းကျပ်လှသည်။
ဖုန့်လင်းမှယ သူတို့အနေဖြင့် ဤနည်းပညာ၏ နောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်နိုင်မည်ကို လုံးဝစိုးရိမ်မနေပေ။
ဤသုတေသီများ အလုပ်များနေပုံကို ကြည့်ရင်း သူ၏စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောနေခဲ့သည်။ သူတို့၏ အားထုတ်မှုများသည် အချည်းနှီးသာဖြစ်ပြီး အချိန်ဖြုန်းရုံသာ ဖြစ်လိမ့်မည်။
သူတို့ကို ရယ်မောနေသော်လည်း တကယ်တမ်းတွင် သူ စိတ်သောကဖြစ်မှုကို ခံစားခဲ့ရသည်။
ဂရုတစိုက် စဉ်းစားပြီးနောက် သူ သိလိုက်ရသည်မှာ သူ သင်ယူခဲ့သော ကမ္ဘာတုန်လောက်သည့် အယ်လ်ခမီပညာရပ်သည် အမှန်တွင် နဂါးသတ်ဖြတ်ခြင်း ပညာရပ်တစ်ခုဖြစ်နေသည်ကိုပင်!
ဤပညာရပ်ကို အပြည့်အဝအသုံးချနိုင်မည့် နေရာတစ်ခုမှ သူ့တွင် မရှိချေ။