← Chapters

ဗဟိုချက် သမိုင်းဝင် နယ်မြေ

Vol. 8 Ch. 108

ဗဟိုချက် သမိုင်းဝင် နယ်မြေ

Vol. 8 Ch. 108

"ဗဟိုချက် သမိုင်းဝင် နယ်မြေလား?"

ဖုန့်လင်း အံ့အားသင့်သွားသည်။

မားစ်ဂြိုဟ်၏ ဗဟိုချက်သည် ချော်ရည်များ အဆက်မပြတ် လှိုင်းထနေသော မီးလုံးကြီးတစ်ခုဖြစ်ပြီး အပူချိန်မှာ အနည်းဆုံး ဒီဂရီတစ်သောင်းကျော်ရှိမည်ဖြစ်သည်။ ဘယ်သူက အဒနေရာမှာ အခြားဒိုင်မန်းရှင်းတစ်ခု ရှိနေမယ်လို့ ထင်မှာလဲ?

ဂြိုဟ်တစ်လုံးရဲ့ ဗဟိုချက်အတွင်းမှာ ဘယ်လိုသမိုင်းဝင် နယ်မြေမျိုး ရှိနိုင်သလဲ? ဒါက တအားထူးဆန်းမနေဘူးလား?

"ဒီဗဟိုချက် နယ်မြေရဲ့ မူလအစက ဘာလဲ?" ဖုန့်လင်း သူ၏လက်ထောက်

မတ်ဆုရှီတ အိုနီဂျင်အား မေးလိုက်သည်။

ဖုန့်လင်း၏ စိတ်ဗီဇမှာ ၉ မှတ်အထိ အားဖြည့်ပြီးဖြစ်ရာ သူ့ စိတ်ညှို့ပညာ၏ အကျိုးသက်ရောက်မှုမှာ ယခင်ကထက် ပိုမိုထက်မြက်လာခဲ့သည်။ ဤသို့သော သိမ်မွေ့နက်ရှိုင်းသည့် လွှမ်းမိုးမှုမျိုးသည် အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းပြီး ထိုကြက်ဥလူသားများအား ဖုန့်လင်း၏ စကားကို လုံးဝနာခံစေခဲ့သည်။ သူတို့၏ စိတ်ထဲတွင် သံသယများ လုံးဝပျောက်ကွယ်သွားပြီး ဖုန့်လင်းမေးသမျှကို ဖြေကြားလိုနေခဲ့သည်။ အကြောင်းမှာ ဖုန့်လင်းထံမှ ပုံဆောင်ခဲဖွဲ့ဆေးဝါး ဖန်တီးခြင်းနည်းစနစ်နှင့်ပတ်သက်သော အချက်အလက်များ ပိုမိုရရှိလိုခြင်းကြောင့်ဖြစ်သည်။

မတ်ဆုရှီတ အိုနီဂျင်က လေးစားစွာနှင့် ပြန်ဖြေခဲ့သည်။ "ဒီနယ်မြေက ကျွန်တော်တို့ကုမ္ပဏီ တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းဒဏ္ဍာရီလာ အပျက်အယွင်းတစ်ခုပါ။ အထဲမှာ ရှေးဟောင်းခေတ်နဲ့ဆိုင်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးတွေ့နိုင်ပါတယ်။ ဒါ့အပြင် ရှေးဟောင်းနတ်ဆေးလို့ခေါ်တဲ့ ဆေးဝါးကလည်း အဲဒီကနေပဲ ရခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီနေရာက ကျွန်တော်တို့ကုမ္ပဏီရဲ့ တားမြစ်ထားတဲ့နယ်မြေ ဖြစ်နေပါပြီ။ ကုမ္ပဏီရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမဆို ဝင်ရောက်မိရင် အသတ်ခံရမယ်လို့ အမိန့်ထုတ်ထားပါတယ်!"

"ဟုတ်လား?" ဖုန့်လင်း၏အမူအရာ

မပြောင်းခဲ့သော်လည်း သူ့စိတ်ထဲတွင် ရုတ်တရက် အလင်းတစ်ချက် လက်သွားခဲ့သည်။ သူ သတိမမူမိခဲ့သော အရေးကြီးသည့်အချက်တစ်ခုကို သတိရမိသွားသကဲ့သို့ဖြစ်ကာ မားစ်ဂြိုဟ်၏ဗဟိုချက်ကို သူ့မျက်လုံးများဖြင့် စူးရှစွာ စိုက်ကြည့်နေခဲ့ပြီး သူ၏မျက်လုံးများမှာ လျှို့ဝှက်ချက်အားလုံးကို ထိုးဖောက်မြင်နိုင်သည့် ချွန်ထက်သည့် ဓားများကဲ့သို့ပင် ။

ဒီနေရာက တစ်ခချိန်တုန်းက ကြီးကျယ်ခမ်းနားခဲ့တဲ့ ဆေးမီးဖိုအင်မော်တယ်ဂိုဏ်းရဲ့ အပျက်အယွင်းတွေ ဖြစ်နိုင်မလား? ဖုန့်လင်း၏ ဦးနှောက်ထဲတွင် အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည် - ဒါက ဖြစ်နိုင်ခြေအများကြီးရှိတယ်။

ရှေးဟောင်း နတ်ဆေးကို မဟာမြူမှုန်ကံကြမ္မာဆေးလုံးဟုလည်းသိကြသည်။ ဧရာမဆေးဝါးကုမ္ပဏီမှ ပိုင်ဆိုင်ထားသည်ဆိုလျှင် သူတို့အနေဖြင့် ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း နှင့်ဆိုင်သော ရှေးဟောင်းပစ္စည်းများ သို့မဟုတ် အပျက်အယွင်းများကို တွေ့ရှိထားခြင်း ဖြစ်နိုင်သည်။

လူသားများ မားစ်ဂြိုဟ်ပေါ်သို့ ခြေချပြီးသည့် အချိန်မှစကာ နှစ်ပေါင်း တစ်သောင်းကျော်ကြာခဲ့ပြီဖြစ်သော်လည်း ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း၏ အပျက်အစီးများကို မကြာသေးမီကမှ ဧရာမဆေးဝါးကုမ္ပဏီအနေနှင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဆိုလျှင် ထိုနေရာသည် အလွန်ကို လျှို့ဝှက်ထားသော နေရာတစ်ခုဖြစ်ရမည်။ သို့မဟုတ်ပါက အခြားသူများ အရင်ကတည်းက တွေ့ခဲ့ကြပြီးဖြစ်မည်။

လက်ရှိနည်းပညာများ အဆင့်မြင့်မားနေသည့်အလျောက် မားစ်ဂြိုဟ်၏ အင်္ဂါအစိတ်အပိုင်းတိုင်းကို အီလက်ထရွန်းနစ်စနစ်ဖြင့် စကင်ဖတ်စစ်ဆေးပြီးဖြစ်သည်။ ဒါဆို ဘယ်နေရာက အလုံခြုံဆုံးဖြစ်နိုင်မလဲ?

ထို့ကြောင့် မားစ်ဂြိုဟ်၏ ဗဟိုချက်အတွင်းရှိ နေရာသည်သာ ဖြစ်နိုင်ချေအရှိဆုံး ဖြစ်သည်!

အဘယ်ကြောင့်ဆိုသော် ဂြိုဟ်တစ်လုံး၏ ဗဟိုချက်သည် ထိုဂြိုဟ်၏ နှလုံးသားနှင့်တူပြီး ဂြိုဟ်တစ်ခုလုံး၏ တည်ငြိမ်မှုနှင့် သက်ဆိုင်သည်။ အနည်းငယ်သော ပြောင်းလဲမှုတစ်ခုကပင် ဂြိုဟ်တစ်ခုလုံး၏ ဟန်ချက်ညီမှုကို ထိခိုက်စေနိုင်သောကြောင့် မည်သူမျှ ဂြိုဟ်၏ဗဟိုချက်ကို ပေါ့ပေါ့ဆဆဖြင့် ဘာမှလုပ်ရဲကြမည် မဟုတ်ပေ။

မည်သူမျှ ဂြိုဟ်တစ်ခုလုံး၏ အသက်ကို ပျက်စီးစေနိုင်သည့် အန္တရာယ်ကို တာဝန်မခံရဲကြပေ။

ဤအချက်ကို စဉ်းစားမိသောအခါ၊

ဖုန့်လင်းအနေဖြင့် ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း၏ ရှေးဟောင်းအပျက်အယွင်းများမှာ မားစ်ဂြိုဟ်၏ ဗဟိုချက်အတွင်း၌ ရှိနေနိုင်ခြေကို ၇၀-၈၀% အထိ သေချာလာခဲ့သည်။

ဤအချက်သည် အယ်လ်ခမီပညာ၏ဆန်းကြယ်သော လျှို့ဝှက်ချက်များနှင့်လည်း ကိုက်ညီနေသည်။

ဆေးလုံး ဖော်စပ်ရန် မီးတောက် လိုအပ်သည်။ ထို့အပြင် ဤဂြိုဟ်၏ ဗဟိုချက်မှ မီးတောက်သည် အယ်လ်ခမီပညာတွင် မကောင်းဆိုးဝါးဂြိုဟ်မီးတောက် အဖြစ် သိကြပြီး ဆေးလုံးဖော်စပ်မှုတွင် ပထမတန်းစား မီးလျှံအဖြစ် သတ်မှတ်ခံရသည်။ အပူချိန်အလွန်မြင့်မားပြီး အံ့သြဖွယ် ဂုဏ်သတ္တိများစွာ ပါဝင်သည်။ အကယ်၍ ထိုကဲ့သို့သော မီးလျှံများကို အသုံးပြုနိုင်ပါက အမျိုးမျိုးသော အံ့ဖွယ် နတ်ဆေးလုံးများ ဖော်စပ်ရန်အတွက် အကောင်းဆုံးဖြစ်သည်။

ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း ၏ နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိမှုကို ထောက်ဆလျှင်၊ သူတို့သည် မားစ်ဂြိုဟ်ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုနေစဉ်က မားစ်ဂြိုဟ်၏ ဗဟိုချက်ကို တစ်ခုခု ပြုလုပ်ထားခဲ့ဖွယ်ရှိသည်။

အဒီသမိုင်းဝင် နယ်မြေထဲမှာ ဘာတွေရှိနိုင်မလဲ? ဆေးလုံးဖော်စပ်ဖို့ ဆေးမီးဖို တစ်လုံး ရှိနိုင်မလား?

ဖုန့်လင်း၏ နှလုံးသားတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ သူ့မှာ ဆေး​မီးဖို မရှိဘူးမလား? အကယ်၍ သူသာ အဒီဆေးမီးဖိုကို ရရင် သူသိထားတဲ့ အယ်လ်ခမီပညာနည်းစနစ်တွေက ဗီဇဆေးရည်တွေ အကုန်လုံးရဲ့ အာနိသင်တွေထက် သာလွန်သွားပါလိမ့်မယ်။

အကယ်၍ သူသာ တစ်ခုလောက် တကယ် ရမယ်ဆိုရင်...

ဖုန့်လင်း သာမန်ကာလျှံကာ ဟန်ဆောင်ကာ မေးမြန်းလိုက်သည်၊ "မတ်ဆုရှီတ မင်းက ဗဟိုချက် သမိုင်းဝင်နယ်မြေ အထဲက အခြေအနေတွေကို ဘာလို့ ဒီလောက်ထိ ရှင်းရှင်းလင်းလင်း သိနေရတာလဲ? မင်း အရင်က ဝင်ဖူးတာလား?"

"ဟုတ်ကဲ့!" မတ်ဆုရှီတ အိုနီဂျင် မလိမ်ညာဘဲ ဖြေလိုက်သည်။ "နတ်ဘုရား သွေးအစီအရင် ကို အဲဒီမှာ လုပ်ကြတာပါ။ ကျွန်တော် နတ်ဘုရားရဲ့သားတော်အဖြစ် ပြောင်းလဲခံရတုန်းက အဲဒီကို တစ်ခါဝင်ဖူးပါတယ်။ အထဲမှာရှိတဲ့ အရာတွေကတော့ စိတ်ကူးကြည့်လို့တောင် မရနိုင်အောင်ပါပဲ။ ဒါပေမယ့် ဒါက လုံခြုံရေးအချက်အလက်နဲ့ ဆိုင်တဲ့အတွက် ကျွန်တော် ဒီထက်ပိုပြီး မပြောနိုင်ပါဘူး။"

သူ ဤသို့ဆိုနေသောကြောင့်၊ ဖုန့်လင်းကလည်း နောက်ထပ် သတင်းအချက်အလက်များကို မမေးတော့ပေ။

အဆုံးမှာတော့ သူ ဒီလူတွေနဲ့ ရင်းရင်းနှီးနှီးနေနိုင်ခဲ့တာက သူ့ရဲ့ အသွင်မဲ့ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုကြောင့်ဖြစ်ပေမယ့် ဒါက သူတို့ရဲ့ စိတ်နှလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တယ်လို့ မဆိုလိုပါဘူး။

အကယ်၍ သူသာ အလွန်အမင်း ရည်ရွယ်ချက်ရှိရှိ ပြုမူမိရင် အဒါက သူတို့ရဲ့ စိုးရိမ်မှုကို မြင့်တက်စေပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်မှာပါ။

ယခင်က အိုက်မှာလည်း စိတ်ညှိုခံရပြီးနောက် သူ့အပေါ် အမြင်ကြည်လာခဲ့သော်လည်း၊ သူ အသစ်ဖွဲ့စည်းလိုက်သည့် အလုပ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ အိုက်မှာ ခြိမ်းခြောက်မှုကို ချက်ချင်း ခံစားခဲ့ရပြီး မူလအခြေအနေသို့ ချက်ချင်းပြန်လည် ရောက်ရှိသွားခဲ့သည်။

ဖုန့်လင်းမှာ မြက်ကိုရိုက်၍ မြွေကိုခြောက်ရန် မလိုလားခဲ့ပေ။ အမှန်တွင် သူသိလိုသည်များ သိပြီးဖြစ်သည်။

ထို့နောက် သူ၏ အနာဂတ်လမ်းကြောင်းကို စတင်စဉ်းစားခဲ့သည်။

ဤရက်များအတွင်း ထွက်ခွာရန် နည်းလမ်းများကို ရှာဖွေစဉ်းစားနေသော်လည်း မည်သည့်အခွင့်အလမ်းကိုမျှ မတွေ့ခဲ့ပေ။

ဧရာမဆေးဝါးကုမ္ပဏီ၏ အတွင်းပိုင်းဖွဲ့စည်းပုံမှာ အလွန်တင်းကျပ်ပြီး အန္တရာယ်ရှိသော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည်။ သူ၏ခွန်အားတစ်ခုတည်းဖြင့် ဤနေရာမှ ရုန်းထွက်နိုင်မည်ဟု သူ မခံစားခဲ့ရပေ။ ဤအချိန်တွင် သူ လိုအပ်သည်မှာ အပြင်ဘက်အင်အားစုများနှင့် ပူးပေါင်းကာ ဤအခြေအနေကို အင်အားသုံး ဖြိုခွင်းရန်ဖြစ်သည်။

ထပ်တလဲလဲစမ်းသပ်မှုများပြုလုပ်ခြင်း​ကြောင့် ဖုန့်လင်း၏ အယ်လ်ခမီပညာရပ်ဆိုင်ရာ အရည်အချင်းမှာ မြင့်မားလာခဲ့ပြီး သူ၏ ပုံဆောင်ခဲဖွဲ့​ဆေးဝါးဖန်တီးခြင်းနည်းစနစ်မှာလည်း တဖြည်းဖြည်း ပြည့်စုံလာခဲ့သည်။

ဤပုံဆောင်ခဲဖွဲ့ဆေးဝါးဖန်တီးခြင်းနည်းစနစ်ဖြင့် ဖုန့်လင်းမှာ သူ့ကိုယ်သူ ဗီဇသုတေသီတစ်ဦးမဟုတ်တော့ကြောင်း ကောင်းစွာနားလည်ခဲ့သည်။ ယခုအခါတွင် သူ့ကို စဦးအဆင့် ဗီဇပညာရှင်တစ်ဦးအဖြစ် အခိုင်အမာပြောနိုင်ပြီဖြစ်သည်။

ဤနည်းပညာဖြင့် ဆေးဖက်ဝင် ပါဝင်ပစ္စည်းများကို ပုံဆောင်ခဲအဖြစ်သို့ သန့်စင်ခြင်းဖြင့် ဆေးဝါးထဲမှ ပြင်းထန်သည့်စွမ်းအင်အကျိုးသက်ရောက်မှုကို ကြီးမားစွာ လျှော့ချနိုင်ရုံသာမက ဆေးစွမ်းအားလည်း ပိုမိုထက်မြက်လာနိုင်သည်။

သို့သော်လည်း ဤနည်းစနစ်သည် အစစ်အမှန်ဆေးလုံးဖော်စပ်ခြင်းနည်းစနစ်များနှင့် နှိုင်းယှဉ်လျှင် မမီသေးသော်လည်း ဤပုံဆောင်ခဲဖွဲ့ခြင်းနည်းစနစ်ကို ကျွမ်းကျင်စွာ အသုံးချနိုင်ခြင်းသည်ပင် ဖုန့်လင်းအတွက် လွတ်လပ်စွာ အသက်မွေးနိုင်ရန် လုံလောက်ပြီဖြစ်သည်။

ယခုအခါတွင် အစိမ်းရောင်လူသန်ကြီးဗီဇဆေးရည်ကို သန့်စင်ရန် အချိန်တန်ပြီဖြစ်သည်။

မတူညီသောဆေးရည်များကို ပုံဆောင်ခဲပြုလုပ်ရာတွင် သန့်စင်သည့်နည်းစနစ်များ အနည်းငယ်စီကွဲပြားသည်။ ဆေးအမျိုးအစားတိုင်းအတွက် တူညီသောနည်းလမ်းကို အသုံးမပြုနိုင်ပေ။

ထို့အပြင် ၎င်းသည် အဆင့်နိမ့်သိုင်းအလွှာ၏ အလယ်အလတ်အဆင့်ဆေးရည်ဖြစ်ပြီး ခက်ခဲမှုမှာ အလွန်မြင့်မားသည်။

ဤဆေးရည်သည် ဖုန့်လင်း ပထမဆုံးထိတွေ့ဖူးသော အဆင့်သတ်မှတ်ထားသည့် ဗီဇရည်ဆေးတစ်မျိုးလည်းဖြစ်သည်။ လုပ်ငန်းစဥ်တိုင်းမှာ အလွန်ရှုပ်ထွေးပြီး တစ်ခုလုံးကို ကျွမ်းကျင်ရန် ခက်ခဲမည်မှာ အမှန်ပင်ဖြစ်သည်။

ကံကောင်းစွာပင် ဤနေရာတွင် ပါရမီရှင် ဗီဇသုတေသီများ မချို့တဲ့ပေ။ ပုံဆောင်ခဲဖွဲ့နည်းစနစ်ကို ဘေးဖယ်ထားလျှင် ဤလူများသည် ဗီဇဆေးဝါးနယ်ပယ်တွင် ဖုန့်လင်းထက် ပိုမိုကျွမ်းကျင်သူများဖြစ်သည်။

ဖုန့်လင်းမှာ ထိုလူများ၏ အစိမ်းရောင်လူသန်ကြီးဆေးရည်ချက်လုပ်ပုံကို လေ့လာပြီး မကြာမီအတွင်း လိုအပ်သော လုပ်ငန်းစဉ်၏ကြီးမားသော အပိုင်းကို ကျွမ်းကျင်စွာ တတ်မြောက်သွားခဲ့သည်။

သို့သော်လည်း သူ၏မျက်နှာတွင် မည့်သည့်အမူအရာမှ ထုတ်ဖော်မပြခဲ့ပေ။ ခဏအကြာတွင် သူ၏ ကိုယ်ပိုင်နေရာသို့ပြန်ကာ ကိုယ်တိုင်စမ်းသပ်မှုများ စတင်လုပ်ခဲ့သည်။

လူသန်ကြီး ပရိုတင်း၊ ရေဒီယိုသတ္တိကြွအမှုန့် ၊ ပါဆွန်သတ္တုစပ်ပျော်ရည်...

ပစ္စည်းတစ်ခုချင်းစီသည် အလွန်ရှားပါးသော ပစ္စည်းများဖြစ်သည်။

ဖုန့်လင်း ပထမဦးဆုံး လိုအပ်သည့် ဆေးဖက်ဝင်ပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့သည်။ သို့သော် ယခင်ကကဲ့သို့ သူ ၎င်းတို့ကို ရောစပ်ခြင်းမပြုဘဲ ချက်ချင်းပင် မီးဖြင့် ထိန်းချုပ်ထားခဲ့သည်။

ဖုန့်လင်း၏ စိတ်စွမ်းအင်သည် နွယ်ပင်များကဲ့သို့ ဖြာထွက်လာကာ အနည်းငယ်မျှသော အပြောင်းအလဲများကိုပင် အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ ယခင်အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ ပါဝင်ပစ္စည်းများကို လျင်မြန်စွာ ပေါင်းစပ်နိုင်ခဲ့သည်။ ၎င်းတို့သည် ဆေးစွမ်းအားကို လုံခြုံစွာ သိမ်းဆည်းထားနိုင်သော တည်ငြိမ်သည့် ပုံဆောင်ခဲဖွဲ့စည်းပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ယခင်အတွေ့အကြုံများနှင့် ဆေးလုံးဖော်စပ်နည်းများစွာကို ပေါင်းစပ်ခြင်းဖြင့် ဖုန့်လင်း၏ အရည်အချင်းမှာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

သို့သော်လည်း ပထမဆုံးစမ်းသပ်မှုတွင် အတွေ့အကြုံမရှိမှုကြောင့် မီးပြင်းအားကို ကောင်းစွာမထိန်းနိုင်သည့်အတွက် ကျရှုံးခဲ့သည်။

သို့သော် ဖုန့်လင်း ဤအရာကို ဂရုမထားခဲ့ပေ။ ယခုအခါတွင် သူ့တွင် အဆုံးမရှိသော ဆေးဖက်ဝင်ပါဝင်ပစ္စည်းအထောက်အပံများ ရှိနေပြီး အောင်မြင်သည်အထိ နှစ်သက်သလို စမ်းသပ်နိုင်သည်။

နောက်ဆုံးတွင် သူ၏လက်ထဲတွင် အပြာနှင့်အစိမ်းရောင် ပုံဆောင်ခဲတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် အလွန်တောက်ပပြီး အနားအခုနှစ်ဆယ်ရှိပြီး ဂျီဩမေတြီပုံစံနှင့်သင်္ချာပညာရပ်၏ အလှတရားတစ်ခုဖြစ်ကာ ကြည့်မိသူများအား မျက်စိလွှဲမရအောင် ဖြစ်စေသည်။

သို့သော် ဤအရာကို ပထမဆုံးမြင်သူများအနေဖြင့် သဘာဝစိန်တစ်လုံးဟုသာ ထင်မှတ်ကြမည်ဖြစ်ပြီး ဗီဇဆေးဝါးတစ်ခုဟု ယူဆလိမ့်မည် မဟုတ်ပေ။

အစိမ်းရောင်လူသန်ကြီး ဆေးရည်ကို ပုံဆောင်ခဲပြုလုပ်ခြင်း - အောင်မြင်ပြီ!

ဖုန့်လင်းသည် သတိထား၍ ထိုဆေးကို လုံခြုံစွာ သိမ်းဆည်းလိုက်သည်။ သူ၏လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ မဖော်ထုတ်လိုပေ။

ထို့နောက် သူ မိုက်ခရိုချစ်ပ်ကို အသက်သွင်းကာ ဤရက်အနည်းငယ်အတွင်း ရရှိခဲ့သော အချက်အလက်များအားလုံးကို အတိုချုံးခဲ့သည်။ ကိုယ်ပွားစစ်တပ်၊ အစိမ်းရောင်လူသန်ကြီး ဆေးရည်၊ နတ်ဘုရားသွေးသွေးအစီအရင်၊ နတ်ဘုရား၏သားတော်... စသည့် အရေးကြီးသော အချက်အလက်များကို ဖိုင်အသေးစားတစ်ခုအဖြစ် ပြောင်းလဲကာ လုခ် ပေးခဲ့သော လျှို့ဝှက်ဆက်သွယ်ရန်နံပါတ်သို့ ပေးပို့လိုက်သည်။

ပေးပို့ပြီးနောက် ဖုန့်လင်းသည် ဤလုပ်ဆောင်မှုနှင့်သက်ဆိုင်သော မှတ်တမ်းအားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်သည်။ သူ မည်သည့် အထောက်အထားမှ မကျန်စေလိုခဲ့ပေ။

ဤခြေလှမ်းကို စတင်လှမ်းပြီးသည်နှင့် ဖုန့်လင်း၏ ဧရာမဆေးဝါးကုမ္ပဏီနှင့် ဆက်ဆံရေးမှာ အပြီးတိုင် ပြတ်တောက်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။

သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

နောက်ဆုံးတွင် ဖုန့်လင်းမှာ ဖရန့်က စိတ်ချလက်ချဖြင့် သူ့ကဲ့သို့သော အလုပ်သင်တစ်ဦးအား မြေအောက်ဓာတ်ခွဲခန်းရှိ အဓိကဌာန၏ ဦးဆောင်မှုတာဝန်ကို လွှဲအပ်ရန် အခွင့်ပေးခဲ့သည့် အကြောင်းရင်းကို နားလည်လိုက်သည်။ ဖရန့်သည် သူ့အား ကိုယ်ပွားများကိုပင် အလွန်စိတ်ချလက်ချ ပြသခဲ့သည်။

အကြောင်းမှာ နောက်ဆုံးတွင် နတ်ဘုရားသွေးအစီအရင်သည် ဖုန့်လင်းကို စောင့်မျှော်နေသောကြောင့်ဖြစ်သည်။

အကယ်၍ သူအနေနှင့် ပုံဆောင်ခဲဖွဲ့ဆေးဝါးဖန်တီးခြင်းနည်းစနစ်ကို အောင်မြင်စွာ ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ပါက၊ သူသည် လူဖြူမျိုးနွယ်တစ်ဦးအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး နတ်ဘုရား၏သားတော်တစ်ပါးဖြစ်လာမည်ဖြစ်သည်။ ထိုအခါ သူသည် သူတို့နှင့် အတူတူပင်ဖြစ်သွားမည်ဖြစ်ကာ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

သို့သော် အကယ်၍ သူသာ ဤပြောင်းလဲမှုကို ငြင်းဆန်ခဲ့လျှင် အခြေအနေမှာ သူ့အတွက် ပို၍ပင် အန္တရာယ်ရှိလာမည်ဖြစ်သည်!

ဧရာမ​ဆေးဝါးကုမ္ပဏီ၏ လျှို့ဝှက်ချက်များစွာကို သိနေပြီးဖြစ်သော သူ့ကို ဒီလောက်လွယ်လွယ် ထွက်ခွာခွင့်ပြုမှာလား? ဤသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုမျှသာ။

ဖုန့်လင်းမှာ သူတို့၏ အင်္ကျီလက်များအတွင်းမှ မည်သည့်ဝှက်ဖဲများ သူ့အတွက် စောင့်ဆိုင်းနေမည်ကိုလည်း မသိပေ။

ဤသည်မှာ အလွန်ကြီးမားသော တွင်းကြီးတစ်ခုဖြစ်ပြီး ဖုန့်လင်းအနေဖြင့် ယခင်က ဤကဲ့သို့မျှော်လင့်ထားခြင်း မရှိပေ။ သူ ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ဗီဇဆေးရည်ဖန်တီးခြင်း နည်းစနစ်များကို သင်ယူလိုသောကြောင့်သာဖြစ်ပြီး ဧရာမဆေးဝါးကုမ္ပဏီ၏ အမှောင်ခရီးတွင် အတူတကွ လျှောက်လှမ်းရန် ဆန္ဒမရှိဘဲ မိမိ၏ တရုတ်မျိုးရိုးကို စွန့်ခွာကာ ကြက်ဥလူသားတစ်ဦးဖြစ်လာရန် မလိုလားပေ။

ယခုအချိန်၌ သူ့တွင် ရွေးချယ်စရာ နှစ်ခုသာကျန်တော့သည်။

ပထမတစ်ခုမှာ ဤနေရာမှ တိတ်တဆိတ် ထွက်ခွာကာ ကမ္ဘာမြေသို့ ပြန်ရန်ဖြစ်သည်။

ဒုတိယတစ်ခုမှာ... ဧရာမဆေးဝါးကုမ္ပဏီတွင် ကြီးမားသော အရှုပ်တော်ပုံကို ဖန်တီးကာ ငါးကြီးကြီးဖမ်းရန်ဖြစ်သည်။ ထိုသို့ဖြစ်ပါက ကြီးမားသော အကျိုးအမြတ်များကိုလည်း ရရှိနိုင်သည်။

မားစ်ဂြိုဟ်တော်လှန်ရေးစစ်တပ်သည် ဧရာမဆေးဝါးကုမ္ပဏီနှင့် ကမ္ဘာ မကြေ ရန်သူဖြစ်ပြီး ဖုန့်လင်း သူတို့ဆီသို့ ပေးပို့လိုက်သော သတင်းမှာ အလွန်တရာ ပေါက်ကွဲစေနိုင်သော အချက်အလက်များဖြစ်သည်။ အကယ်၍ မားစ်ဂြိုဟ်တော်လှန်ရေးတပ်မတော်သည် သူတို့၏ရန်သူက ကိုယ်ပွားစစ်တပ်ကို ဖန်တီးနေပြီး ထိုကိုယ်ပွားများအား လက်ရွေးစင် ကျင့်ကြံသူများအဖြစ် မွေးထုတ်နေသည်ကို သိရှိပါက၊ သူတို့ အလွန်အမင်း ထိတ်လန့်သွားကြမည်မှာ သေချာပေသည်။

ဧရာမဆေးဝါးကုမ္ပဏီ၏ ဖျက်ဆီးခြင်းမှ ကာကွယ်ရန်အတွက်၊ သူတို့ အလျင်အမြန် စီစဥ်မှုများ လုပ်ကြမည်ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ဧရာမဆေးဝါးကုမ္ပဏီနှင့် ပဋိပက္ခများ ပိုမိုများပြားလာမည်ဖြစ်ပြီး ထိုအချိန်တွင် ဖုန့်လင်းမှာ အနီးကပ်စောင့်ကြည့်ကာ အခြေအနေအလိုက် သူ၏နောက်ဆုံးရွေးချယ်မှုကို ပြုလုပ်မည်ဖြစ်သည်။

အကယ်၍ စစ်ပွဲတစ်ခု အမှန်တကယ်ဖြစ်ပွားခဲ့လျှင်၊ ဖုန့်လင်းမှာ အကျိုးအမြတ်များရယူရန် အန္တရာယ်များကို ရင်ဆိုင်ဝံ့သူဖြစ်ပြီး သူအနေဖြင့် ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း၏ သမိုင်းဝင်အပျက်အယွင်းများထဲမှ လျှို့ဝှက်ချက်များကို ရယူနိုင်မည့်အခွင့်အလမ်းရှိမရှိကို စမ်းသပ်ကြည့်လိုသည်။

ဖုန့်လင်းအနေနှင့် မားစ်ဂြိုဟ်တော်လှန်ရေးစစ်တပ်က သူ့ထံတိုက်ရိုက်ချဉ်းကပ်လာပါက သူ့ခေါင်းကို နောက်ပြန်မလှည့်ဘဲ ချက်ချင်းထွက်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ဧရာမဆေးဝါးကုမ္ပဏီ၏ လက်တံ မည်မျှပင် ရှည်လျားစေကာမူ ကမ္ဘာမြေအထိ ရောက်နိုင်မည် မဟုတ်ပေ။

အဆိုးဆုံးအနေနှင့် ထိုအချိန်တွင် စာချုပ်ဖောက်ဖျက်ခြင်းအတွက် ဒဏ်ငွေကိုသာ ပေးရမည်ဖြစ်သည်။

သူအနေနှင့် ယခုအခါတွင် ကြယ်တာရာကျင့်ကြံသူ ဖြစ်နေပြီဖြစ်၍ ကြယ်ဒင်္ဂါး ၅၀၀၀၀ ဆိုသည်မှာ ဖုန့်လင်းအတွက် ဘာမှ မဟုတ်တော့ပေ။

သို့သော် နောက်ပိုင်းဖြစ်ပျက်ခဲ့သည်များက ဖုန့်လင်း၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။

စစ်မီးတောက်များ ကောင်းကင်ထိတိုင်တက်လာခဲ့သည်။

မားစ်ဂြိုဟ်အတွင်း ပြည်တွင်းစစ်မီးသည် ကြိုတင်သတိပေးချင်းမရှိဘဲ ရုတ်တရက်ပေါက်ကွဲလာခဲ့တော့သည်။

All Chapters