← Chapters

တစ်ကိုယ်တည်းဖြင့် အန္တရာယ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 8 Ch. 110

တစ်ကိုယ်တည်းဖြင့် အန္တရာယ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 8 Ch. 110

စစ်မြေပြင်ပေါ်တွင် ကိုယ်ပွားလူသားများ ပေါ်ထွက်လာမှုသည် မားစ်ဂြိုဟ်တစ်ခုတည်းကိုသာမက နေအဖွဲ့အစည်းတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။

ကြယ်တာရာ သဘောတူညီချက်များအရ ကိုယ်ပွားလူသားများ ဖန်တီးခြင်းကို ပြင်းထန်စွာ တားမြစ်ထားပြီး

မည်သူမဆို ဤဥပဒေကို မလိုက်နာပါက လူသားမျိုးနွယ်၏ ရန်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

သို့သော် မိမိတို့၏အသက်အန္တရာယ် ရင်ဆိုင်နေရသည့်အခါ ဧရာမဆေးဝါးကုမ္ပဏီအနေဖြင့် ဤအချက်ကို လုံးဝဂရုမစိုက်တော့ပေ။ မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ ကိုယ်ပွားစစ်တပ်ကို စစ်မြေပြင်သို့ စေလွှတ်လိုက်သည်။

ကိုယ်ပွားတစ်ဦး၏ အသက်စွမ်းအင်မှာ ၃.၀ အထိမြင့်ပြီး နောက်ဆုံးပေါ်တိုက်ခိုက်ရေးနည်းပညာများ—တစ်ခုချင်းစီကို သတ်ဖြတ်ရေးနည်းလမ်းများဖြစ်—ကို ၎င်းတို့၏ ဦးနှောက်ထဲသို့ ထည့်သွင်းထားသည်။ ၎င်းတို့စစ်မြေပြင်ဝင်ရောက်သည့်အချိန်မှစ၍ အခြေအနေမှာ ပြောင်းသွားခဲ့သည်။

မားစ်ဂြိုဟ်တော်လှန်ရေးတပ်၏ တိုက်ခိုက်မှုအရှိန်အဟုန်မှာ ကြီးမားစွာ ကျဆင်းသွားခဲ့သည်။

ဧရာမဆေးဝါးကုမ္ပဏီသည် ယခုအချိန်တွင် ဖယ်ရှားသုတ်သင်ခံရမှုမှ ယာယီလွတ်မြောက်သွားနိုင်သော်လည်း ၎င်းတို့၏ဂုဏ်သတင်းမှာမူ ညစ်နွမ်းသွားခဲ့သည်။

နေအဖွဲ့အစည်းညွှန်ပေါင်းအစိုးရမှာ ရုပ်သေးအစိုးရသက်သက်ဖြစ်ပြီး ၎င်းတို့ပြဌာန်းထားသော ဥပဒေများမှာလည်း အချည်းနှီးသာဖြစ်သော်လည်း အတိုင်းအတာတစ်ခုထိ လေးစားမှုကိုတော့ ထိန်းသိမ်းထားရမည်ဖြစ်သည်။

ဧရာမဆေးဝါးကုမ္ပဏီသည် ဥပဒေကိုအများရှေ့မှောက်တွင် ချိုးဖောက်ကာ ကိုယ်ပွားစစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့သည်။ သိထားရမည်မှာ နေအဖွဲ့အစည်း၏ဥပဒေများကို ချိုးဖောက်ခြင်းနှင့် ကြယ်တာရာလူသားဥပဒေများကို ချိုးဖောက်ခြင်းသည် ကွဲပြားခြားနားသည်။

ကြယ်တာရာအင်ပါယာတိုင်းသည် ဂုဏ်သိက္ခာရှိဟန်ဆောင်ကယ ၎င်းတို့ကို ရှုတ်ချခဲ့ကြသည်။

နေအဖွဲ့အစည်းညွှန်ပေါင်းအစိုးရက ဧရာမဆေးဝါးကုမ္ပဏီနောက်မှာ ဆက်ရှိနေရင် ဘယ်လိုဖြစ်သွားမလဲ? ယခင်ကကဲ့သို့ ယခုအချိန်တွင် ၎င်းတို့ကို ကာကွယ်နိုင်တော့မည်မဟုတ်ပေ။ သူတို့အနေဖြင့် ဧရာမဆေးဝါးကုမ္ပဏီက ကြယ်တာရာသဘောတူညီချက်များကို ချိုးဖောက်ခဲ့ကြောင်း ကြေညာခဲ့ပြီး ထိုပြစ်မှုမှ ရှောင်တိမ်းရန်မှာ ခက်ပေလိမ့်မည်။သို့သော် အကင်းပါးသူများကမူ ဤအရာသည် အလုပ်ထက် အသံပိုကျယ်နေသည်ဟု သိမြင်နိုင်သည်။

အမှန်တကယ်တွင် နေအဖွဲ့အစည်းညွှန်ပေါင်းအစိုးရသည် မားစ်ဂြိုဟ်တော်လှန်ရေးတပ်ကို အလွန်မုန်းတီးနေပြီး ၎င်းတို့ကို ပုန်ကန်သူများအဖြစ် ကြေညာကာ စစ်တပ်စုဆောင်း၍ အလျင်အမြန် နှိမ်နင်းရန် ပြင်ဆင်နေသည်။

ဖုန့်လင်းမှာ အဖြေမရှာနိုင်တော့ပေ။ ဧရာမဆေးဝါးကုမ္ပဏီက ဘာလို့ ဒီလောက်ထိ မဆင်မခြင်လုပ်နေတာလဲ? ကိုယ်ပွားများသည် အများရှေ့မှောက်သို့ လုံးဝ မထွက်လာသင့်သော အရာများဖြစ်သော်လည်း ၎င်းတို့သည် အဆင်အခြင်မဲ့စွာ လွှတ်ခဲ့သည်။

အကယ်၍ သူတို့အနေနဲ့ မားစ်ဂြိုဟ်တော်လှန်ရေးတပ်ကို အနိုင်ရခဲ့ရင်တောင် ဘာအကျိုးရှိမှာလဲ? ဧရာမဆေးဝါးကုမ္ပဏီအနေဖြင့် ကြယ်တာရာကမ္ဘာတွင် နေရာမရှိတော့ဘဲ နေ့အလင်းရောင်ကို မမြင်ရသော ကြွက်တစ်ကောင်သာ ဖြစ်လာတော့မည်ဖြစ်သည်ါ

ဖြစ်နိုင်တာက သူတို့ကို အခြားအင်အားစုတစ်ခုက ပံ့ပိုးနေတာလား?

"卍" သင်္ကေတကို သတိရမိသည့်အခါ ဖုန့်လင်း၏အတွေးများကို မြူမှုန်တစ်ထပ်ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ဤသင်္ကေတကို ကြယ်တာရာခေတ်တွင် ပထမဆုံးအကြိမ် မြင်ရသော်လည်း ဖုန့်လင်းအတွက် စိမ်းမနေခဲ့ပေ။

သမိုင်းအကြောင်း အနည်းငယ်သိသူမဆို ဤသင်္ကေတနောက်ကွယ်ရှိ ကြောက်မက်ဖွယ်ရာဇာတ်လမ်းကို သိကြမည်ဖြစ်ပြီး ဤသင်္ကေတဖြင့် ကိုယ်စားပြုသော နိုင်ငံသည် ရှေးခေတ်ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကပ်ဘေးကြီးများကို ဖြစ်ပေါ်စေနိုင်သည့် အင်အားရှိခဲ့သည်။

အနှစ်သောင်းချီအလွန်မှ အနာဂတ်သို့ ရောက်ရှိလာပြီးနောက်တွင်ပင် ဤသင်္ကေတကို ပြန်မြင်ရမည်ဟု

ဖုန့်လင်း ဘယ်သောအခါကမှ မမျှော်လင့်ထားခဲ့ပေ။

တိုက်ဆိုင်တာလား? ဒါမှမဟုတ် နကယ်ဖြစ်နေတာလား?

ဖုန့်လင်းမှာ အချိန်တိုအတွင်း ဆုံးဖြတ်ရန် အချက်အလက်များ လုံလောက်စွာမရှိသော်လည်း ဧရာမဆေးဝါးကုမ္ပဏီ၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အလွန်သတိထားလာခဲ့သည်။

ကိုယ်ပွားစစ်တပ်သည် စစ်မြေပြင်ပေါ်တွင် ပြုင်ဘက်ကင်းနေသော်လည်း

ဖု​န့်လင်းမှာ ၎င်းတို့၏ အတွင်းပိုင်းထဲရှိ အားနည်းချက်ကို မြင်နိုင်ခဲ့သည်။ အကယ်၍ အားကောင်းသော ကြယ်တာရာကျင့်ကြံသူတစ်ဦး ဤအချိန်တွင် ရောက်ရှိလာပါက ၎င်းတို့အားလုံးကို ချေမှုန်းနိုင်မည်ဖြစ်သည်။

သို့သော် ဖုန့်လင်း အလောတကြီးမလုပ်ဘဲ စောင့်ဆိုင်းနေခဲ့သည်။ သုတေသနမှတ်တမ်းတွင် တွေ့ခဲ့ရသော ထူးဆန်းသည့်အရိပ်တစ်ခု၏ ခြိမ်းခြောက်မှုကို သူ မေ့ပျောက်နိုင်မည်မဟုတ်ပေ။

မိမိရင်ဆိုင်နေရသည့် အခြေအနေကို အပြည့်အဝနားမလည်မီ အလောတကြီး လုပ်မိပါက သူ့ကိုယ်သူ အသူရာချောက်နက်ထဲသို့ ပိုမိုနစ်မြုပ်သွားစေနိုင်သည်။

မားစ်ဂြိုဟ်ပေါ်ရှိ စစ်ပွဲမှာ ပိုမိုပြင်းထန်လာနေသည်။ ဧရာမဆေးဝါးကုမ္ပဏီနှင့် မားစ်ဂြိုဟ်တော်လှန်ရေးတပ်တို့ အပြန်အလှန်ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး ဖုန့်လင်းမှာ ဘေးမှစောင့်ကြည့်နေရင်း ကြိတ်ပျော်နေခဲ့သည်။ အခြေအနေများ ပိုမိုရှုပ်ထွေးလာလေ သူအတွက် အခွင့်အလမ်းပိုများလေဖြစ်သည်။

သို့သော် အရာရာသည် သူ စိတ်ကူးထားသကဲ့သို့ ရိုးရိုးရှင်းရှင်းဖြစ်မသွားခဲ့ပေ။

တီ...တီ...တီ...!

သူ၏ကိုယ်ရေး မိုက်ခရိုချစ်ပ်မှ အဆက်မပြတ် အသံမြည်လာကာ

ဖုန့်လင်းကို အတွေးကမ္ဘာထဲမှ လှုပ်နှိုးလိုက်သည်။ ထိုအခိုက်တွင် တိုးလာနေသော ဗီဇအလားအလာမှာလည်း ရပ်တန့်သွားခဲ့သည်။

ဖုန့်လင်း မျက်လုံးဖွင့်လိုက်ပြီး အကူအညီမဲ့စွာ စိတ်အနှောက်အယှက်ဖြစ်နေခဲ့သည်။ ဘယ်သူက ဒီလောက်တောင် မသိနားမလည်ရတာလဲ?

တစ်စုံတစ်ယောက် ကျင့်ကြံခြင်းတွင် စျာန်ဝင်နေသည့် အရေးကြီးသောအချိန်တွင် အာရုံပျက်စေခြင်းသည် ဒေါသထွက်ဖွယ်ကိစ္စဖြစ်သည်။

ထူးဆန်းသည်မှာ သူ မားစ်ဂြိုဟ်သို့ရောက်ရှိပြီးကတည်းက ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ထားခဲ့သည်။ စိတ်ထဲရှိ အခြားအာရုံပျံ့လွင့်မှုအားလုံးကို ဖယ်ရှားကာ ကျင့်ကြံခြင်းတစ်ခုတည်းကိုသာ အာရုံစိုက်ထားခဲ့သည်။

ဒီအချိန်မှာ သူ့ကို ဘယ်သူရှာနိုင်တာလဲ?

နောက်တစ်မိနစ်တွင် မားစ်ဂြိုဟ်ရိုးရာဝတ်ရုံရှည်ဝတ်ဆင်ထားသော လူတစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရသည်။ လုခ်ပင် ဖြစ်သည်။

ဖုန့်လင်း၏အမူအရာများ ချက်ချင်းပြောင်းလဲသွားပြီး ပုံရိပ်ကို ချက်ချင်းပိတ်ရန် စိတ်အားထက်သန်နေခဲ့သည်။

သို့သော် လုခ် သည် ဤတုံ့ပြန်မှုကို ကြိုတင်မျှော်လင့်ထားသည့်အတိုင်း

"မလှုပ်နဲ့!" ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်၊ "မင်းရဲ့လျှို့ဝှက်ချက်တွေကို ဧရာမဆေးဝါးကုမ္ပဏီဆီ ဖော်ထုတ်မခံချင်ဘူးဆိုရင်ပေါ့။"

ဖုန့်လင်း၏လက်မှာ လေထဲတွင် ရပ်တန့်သွားပြီး အန္တရာယ်ရှိသောအော်ရတစ်ခု ထုတ်လွှတ်ကာ ကျူးကျော်လာသာကို မျက်မှောင်ကုတ် ကြည့်လိုက်သည်။ "မင်း ငါ့ကိုခြိမ်းခြောက်နေတာလား?"

"ခြိမ်းခြောက်တာမဟုတ်ဘူး၊ ငါက ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို တိုးမြှင့်နေတာပါ" လုခ် က ဖန်းလင်း၏ မထီမဲ့မြင်ပြုမှုကို ဂရုမစိုက်ဘဲ ရယ်မောလိုက်သည်။ "ငါတို့မှာ တူညီတဲ့ ရည်မှန်းချက်တွေရှိတယ်လေ၊ ဒါဆို အတူတူ အလုပ်လုပ်သင့်တယ်မဟုတ်လား?"

"အတူတူလုပ်မယ်? ခင်ဗျား ဘာတွေတွေးထားလဲ?" ဖုန့်လင်းမှာ လုခ် ၏ ရည်ရွယ်ချက်ကောင်းများဆိုသည်ကို မယုံကြည်ချင်လိုဟန်ဖြင့် ဖြည်းဖြည်းချင်း မေးလိုက်သည်။

ဖုန့်လင်း ဤလူလိမ်ကို ဘယ်သောအခါမှ ယုံကြည်မည်မဟုတ်ပေ။ သူသည် အလွန်အမင်းရိုးသားဟန်ဆောင်နေခြင်းသာ ဖြစ်သည်။တစ်ယောက်အနေဖြင့် လက်ဆောင်များယူလာသည့် သံသယဖြစ်ဖွယ်လူများကို အမြဲသတိထားရမည်ဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များသည် မကောင်းသည်မှာ သေချာလှသည်။

"မင်းလိုလူတစ်ယောက်အတွက် အနည်းငယ်အားစိုက်ရုံနဲ့ ပြီးမြောက်နိုင်မယ့် အရာတစ်ခုပါ။ ကိုယ်ပွားစစ်တပ်က ငါတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ရပ်ပဲ။ အချိန်တိုအတွင်း ငါတို့အနေနဲ့ အနိုင်ရဖို့ ခက်ခဲနေပြီး ဒီအခြေအနေအတ်ုင်း ဆက်သွားနေရင် အဆုံးသတ်ဖို့ မဖြစ်နိုင်တော့ဘူး။ ငါတို့ အစီအစဉ်ကို စအကောင်အထည်ဖော်ရတော့မယ်။ ဧရာမဆေးဝါးကုမ္ပဏီရဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့လူကို ဖယ်ရှားနိုင်မှပဲ စစ်ပွဲမဖြစ်ဘဲ အနိုင်ရလိမ့်မယ်။ အဒာကြောင့် ဧရာမဆေးဝါးကုမ္ပဏီရဲ့ လက်နက်အင်အားနှင့် အတွင်းပိုင်း လုံခြုံရေးအချက်အလက်တွေကို ငါတို့ကို ပြောပြဖို့ အရေးတကြီးလိုနေတယ်။" လုခ် တောင်းဆိုလိုက်သည်။

"ဧရာမဆေးဝါးကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကျုပ်ကိုတောင်းဆိုနေတာလား?" ဖုန့်လင်း သူ့မျက်လုံးများကို ကျဉ်းလိုက်သည်။

"ဖုန့်လင်း၊ ငတုံးငအဟန်ဆောင်နေတာကို ရပ်လိုက်!" လုခ် ခေါင်းခါကာ သူ အရာအားလုံးကို သိသည့်ဟန်ဖြင့် ရယ်မလိုက်သည်။ "ကိုယ်ပွားစစ်တပ်အကြောင်း အချက်အလက်တွေကို ဖော်ထုတ်ခဲ့တဲ့လူက မင်းမဟုတ်လား? အချက်အလက်ရင်းမြစ်ကို မင်း တမင်ဖုံးကွယ်ထားရင်တောင် ငါ ခန့်မှန်းနိုင်တယ်။ ဧရာမဆေးဝါးကုမ္ပဏီရဲ့ အဓိကဌာနကို ဝင်ရောက်ခွင့်ရပြီး ဒီလိုလျှို့ဝှက်အချက်အလက်တွေကို ပိုင်ဆိုင်နိုင်တဲ့သူက မင်းအပြင် ဘယ်သူရှိမှာလဲ?"

ဖုန့်လင်း လုခ်၏ စမ်းသပ်မှုကို လက်မခံဘဲ သူ၏မေးခွန်းဖြင့် အဖြေပေးလိုက်သည်၊ "ဟာသပဲ! ဧရာမဆေးဝါးကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို ငါ ဖော်ထုတ်လိုက်လို့ ဘာအကျိုးရှိမှာလဲ?"

"အနည်းဆုံးတော့ ဧရာမဆေးဝါးကုမ္ပဏီက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တဲ့လူက မင်းဆိုတာ မသိသေးဘူးမဟုတ်လား?" သူ၏စကားလုံးများနောက်တွင် နက်နဲသောအဓိပ္ပါယ်ဖြင့် လုခ် တုံ့ပြန်လိုက်သည်။ "အခုအချိန်မှာ မင်းနဲ့ငါ၊ ကောင်းကင်နဲ့မြေကြီးကလွဲရင် မင်းရဲ့အကြောင်းကို ဘယ်သူမှမသိဘူး။ ငါ ဘယ်သူ့ကိုမှ မပြောရသေးဘူး။"

"ဒါပေမယ့် တကယ်လို့ ငါ မတော်တဆ ပြောမိပြီး ထုတ်ဖော်လိုက်မယ်ဆိုရင် ကောင်းမှာမဟုတ်ဘူး။ မားစ်ဂြိုဟ် တော်လှန်ရေးတပ်ထဲမှာ ဧရာမဆေးဝါးကုမ္ပဏီရဲ့ သူလျှိုတွေရှိနေနိုင်တယ်။ ဒီသတင်းက သူတို့ဆီရောက်သွားရင် မင်းအတွက် အသက်အန္တရာယ်ရှိလောက်တဲ့ အခြေအနေဖြစ်သွားနိုင်တယ်။ ဧရာမဆေးဝါးကုမ္ပဏီမှာ မင်း ဆက်နေနိုင်မှာမဟုတ်သလို မင်းရဲ့​အသက်ကိုတောင်မထိန်းနိုင်မှာ ငါ စိုးတယ်။ ကံကောင်းပြီး ထွက်ပြေးနိုင်ခဲ့ရင်တောင် အဆုံးမရှိတဲ့ လိုက်ဖမ်းဆီးမှုတွေကို ရင်ဆိုင်ရမှာပဲ။ မင်းအတွက် ဒီလျှို့ဝှက်ချက်ကို ငါ စျေးကြီးကြီး ပေးပြီး ထိန်းသိမ်းထားတာ။ တကယ်တော့ ဖုန့်လင်း၊ မင်း မားစ်ဂြိုဟ်တော်လှန်ရေးတပ်ကို ပူးပေါင်းလိုက်ပါလား။ ဧရာမဆေးဝါးကုမ္ပဏီက ငါတို့ရဲ့ရန်သူဖြစ်သလို မင်းရဲ့ရန်သူလည်းဖြစ်တယ်။ ငါတို့တစ်ဖက်တည်းဖြစ်နိုင်တယ်!"

လုခ် ငြိမ်းချမ်းရေးသင်္ကေတများကို ဖော်ထုတ်နေခဲ့သည်။ ဖုန့်လင်း ဤစကားများကို ယုံကြည်မည်မဟုတ်ပေ။ လုခ်၏စကားလုံးတိုင်းတွင် များစွာသော ခြိမ်းခြောက်မှုများ ပါဝင်သည်ကို သူ ခံစားမိနေသည်။

သူ၏တောင်းဆိုမှုကို လက်မခံပါက

လုခ်အနေနှင့် ဧရာမဆေးဝါးကုမ္ပဏီသို့ သူ့အကြောင်းကို ဖော်ထုတ်ပြောလိုက်နိုင်သည်။ ထိုအခါ နောက်ဆက်တွဲအကျိုးဆက်များမှာ စိတ်ကူးမရနိုင်အောင် ဆိုးရွားလိမ့်မည်ပင်။

သို့သော်လည်း ဖုန့်လင်းမှာ နားမလည်နိုင် ဖြစ်နေခဲ့သဘ်။ သူ အရမ်းသတိထားပြီး သူ့လမ်းကြောင်းအားလုံးကို ဖျက်ဆီးထားခဲ့တာလေ။ သူတို့ သူ့ကို ဘယ်လို ခြေရာခံမိတာလဲ?

ဤမျှော်လင့်မထားသော အခြေအနေသည် သူ့ကို အကျဥ်းအကျပ်ထဲသို့ တွန်းပို့ခဲ့သည်။

ဖုန့်လင်း စိတ်ထဲမှ ပြန်ဆင်ခြင်လိုက်မိပြီး မည်သူ့ကိုမဆို ပေါ့ပေါ့တန်တန် မထားသင့်ကြောင်း သဘောပေါက်လာခဲ့သည်။

မားစ်ဂြိုဟ်တော်လှန်ရေးတပ်မှာ မြေအောက်လောကတွင် ကြီးမားသောအင်အားစုတစ်ခုဖြစ်ပြီး ပါရမီရှင်များဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းတို့ထဲတွင် ကြယ်တာရာဟက်ကာတစ်ဦး ပါဝင်နေနိုင်သည်။ သူ အာရုံပျံ့နေစဉ် သူတို့ သူ့ကိုခြေရာခံမိခဲ့သည်။

နောင်တွင် ဤကဲ့သို့အဖြစ်အပျက်မျိုး ထပ်မဖြစ်စေရန် ပိုမိုသတိထားရမည်ဖြစ်သည်။

မားစ်ဂြိုဟ်တော်လှန်ရေးတပ်ကို အားကိုးဖို့လား?

သူ နောက်နေတာပဲ ဖြစ်လိမ့်မယ်!

ဖုန့်လင်းအနေဖြင့် လုံးဝလက်မခံနိုင်ပေ။

ဝံပုလွေနဲ့သူငယ်ချင်းလုပ်တာနဲ့ ကျားနဲ့သူငယ်ချင်းလုပ်တာ ဘာကွာလိမ့်မလဲ?

ဝံပုလွေနှင့်ဆိုလျှင် ပြန်တိုက်ခိုက်နိုင်သည့် အခွင့်အရေးရှိပြီး သူ့ကိုယ်သူ ကယ်နိုင်လိမ့်ဦးမည်ပင်။

ကျားနှင့်ဆိုပါက တစ်ယေက်အနေဖြင့် နီးကပ်လာသည်နှင့် အစားခံရမည်ကို သတိထားရလိမ့်မည်ဖြစ်သည်။

ဖုန့်လင်း၏ ဦးနှောက်မှာ အလျင်အမြန်လည်ပတ်လာပြီး အကြံတစ်ခုပေါ်လာခဲ့သည်။ သူ ညှိနှိုင်းရန် စတင်လိုက်သည်၊" ကျုပ်သာ ခင်ဗျားတို့ကို လျှို့ဝှက်ချက်အကြောင်း ပြောလိုက်ရင် ဧရာမဆေးဝါးကုမ္ပဏီက ကျုပ်ကိုလွှတ်ပေးမယ်လို့ ခင်ဗျား တကယ်ထင်လား? မားစ်ဂြိုဟ်ပေါ်မှာ အတွင်းရေးပဋိပက္ခတွေက မရပ်မနားဖြစ်နေပြီး အန္တရာယ်တွေနဲ့ ပြည့်နေတယ်။ ကျုပ်လည်း ဒီမှာဆက်နေချင်တော့တာမဟုတ်ဘူး! ကျုပ် ခင်ဗျားတို့ကို လျှို့ဝှက်ချက်ပြောရမယ်ဆိုရင် ခင်ဗျားတို့ဘက်ကလည်း ကျုပ်ကို

မားစ်ဂြိုဟ်ကနေ ကမ္ဘာမြေဆီပြန်ပို့ဖို့ သဘောတူရမယ်!"

လုခ်မှာ ဖုန့်လင်း၏တောင်းဆိုမှုကိုကြားပြီးနောက် ခဏတွေဝေသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ! အခု မင်း ငါ့ကို ပြောပြနိုင်ပြီ!"

"မဖြစ်သေးဘူး!" ဖုန့်လင်း ခေါင်းခါလိုက်သည်။ "ခင်ဗျားတို့ကို ကျုပ် မယုံဘူး! ကျုပ် လျှို့ဝှက်ချက်ပြောပြီးလို့ ခင်ဗျားတို့က ကတိမတည်ခဲ့ရင်၊ ဧရာမဆေးဝါးကုမ္ပဏီက ငါ့ကိုရှာဖို့လာရင် ငါဘယ်လိုအသက်ရှင်နိုင်မှာလဲ? ခင်ဗျားနဲ့တွေ့ပြီး လျှို့ဝှက်ချက်ပြောတဲ့အချိန်မှာ ကျုပ်ကိုချက်ချင်း မားစ်ဂြိုဟ်ကနေ ထွက်ခွာနိုင်အောင် စီစဥ်ပေးဖို့ လိုတယ်!"

"ဒါက..." လုခ် စဉ်းစားနေပုံရပြီး

ဖုန့်လင်း၏ ရည်ရွယ်ချက်အစစ်အမှန်ကို ဖတ်ရှုရန် ကြိုးစားနေခဲ့သည်။

ဖုန့်လင်းကို ကြည့်ရသည်မှာ ရိုးသားနေခဲ့ပြီး သံသယဖြစ်စရာအချက်မရှိပေ။

သူ့နောက်ကွယ်တွင် အင်အားကြီးမားသောအဖွဲ့အစည်းတစ်ခုရှိနေသည့်အတွက် လုခ်မှာ ယုံကြည်ချက်ရှိနေခဲ့သည်။ ယခင်က ဖုန့်လင်းနှင့်တိုက်ပွဲဝင်ခဲ့စဉ်ကကဲ့သို့ ကြောက်ရွံ့မှုမရှိဘဲ ခေါင်းညိတ်လိုက်သည်။ "ငါ မင်းနဲ့တွေ့မယ်! ဒီည ၉နာရီမှာ ရှီထိုက်မြို့ ငရဲလမ်းက ကားပျံအမှိုက်ခြံ မှာတွေ့မယ်!"

သူ လိပ်စာတစ်ခုပေးပြီး ဖုန့်လင်းက မှတ်ထားလိုက်သည်။

"မင်း ဘာလုပ်သင့်တယ်ဆိုတာ မင်းသိမှာပဲ? လှည့်ကွက်တွေ မလုပ်နဲ့နော်၊ မဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်တွေကို မင်း ခံနိုင်မှာ မဟုတ်ဘူး!" ဤသတိပေးချက်ဖြင့်

လုခ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။

ဖုန့်လင်း မျက်နှာမည်းသွားပြီး ပုံရိပ်ကိုပိတ်ကာ မှတ်တမ်းအားလုံးကို ဖျက်ပစ်လိုက်သည်။

သူ မတွန့်ဆုတ်ဘဲ သူတို့၏တွေ့ဆုံမှုကို လိုက်နာရန် ဆုံးဖြတ်လိုက်သည်။

မားစ်ဂြိုဟ်တော်လှန်ရေးတပ်အဖွဲ့ဝင်တစ်ဦးနှင့်တွေ့ဆုံပြီး တစ်ကိုယ်တည်း အန္တရာယ်ကိုရင်ဆိုင်ရမည်မှာ အလွန်အန္တရာယ်များသော်လည်း သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။ ဤစိုးရိမ်ပူပန်မှုကို ဖယ်ရှားရမည်ဖြစ်သည် မဟုတ်ပါက သူ ကြိုးစားအားထုတ်ခဲ့သမျှအားလုံး ပျက်စီးသွားနိုင်သည်။

တစ်နေကုန်အနားယူပြီးနောက်

ဖုန့်လင်းမှာ ည ၈ နာရီတွင် အချိန်မှန်ထွက်ခွာလာခဲ့သည်။

ဧရာမဆေးဝါးကုမ္ပဏီမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ့နောက်မှ လူတစ်ဦး၏အသံကို သူ ခံစားမိလိုက်သည်။

ဧရာမဆေးဝါးကုမ္ပဏီမှ လူတစ်ဦးဖြစ်သည်!

ဖုန့်လင်း၏ ကျောရိုးတစ်လျှောက် စိမ့်သွားခဲ့သည်။ ဖုန့်လင်းမှာ ဧရာမဆေးဝါးကုမ္ပဏီ၏အဓိကဌာနသို့ ရောက်ရှိပြီး လျှို့ဝှက်ချက်များစွာကို သိရှိထားသူဖြစ်သည်။ ဧရာမဆေးဝါးကုမ္ပဏီက သူ့ကို တရားဝင် မကန့်သတ်ထားသော်လည်း အမှောင်ထဲတွင် စောင့်ကြည့်ခံနေရသည်ကို သူ သိသည်။

သူ ရှီထိုက်မြို့၏ဆင်ခြေဖုံးသို့ ဦးတည်သွားရင်း ဘာမှမသိဟန်ဆောင်နေခဲ့သည်။

နောက်ကွယ်မှ လူမှာ အကွာအဝေးတစ်ခုမှ လိုက်နေဆဲဖြစ်သည်။

အမှောင်ထဲရှိ လမ်းသွယ်တစ်ခုသို့ သူ ဦးတည်သောအခါ အမည်းရောင်ဝတ်စုံဝတ်လူ နှစ်ဦးမှာ လိုက်လာခဲ့သော်လည်း လမ်းဆုံးနေပြီး ဖုန့်လင်းကို မတွေ့ရတော့ပေ။

"သူ ဘယ်ရောက်သွားတာလဲ?" နှစ်ဦးသား အံ့အားသင့်သောအကြည့်များဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။

"စိတ်ညှို့ခြင်း!" သူတို့နားတွင် နူးညံ့သောအသံတစ်ခု မြည်လာခဲ့သည်။ နှစ်ဦးလုံး ခေါင်းလှည့်ကြည့်လိုက်မိပြီး လေထဲတွင် နူးညံ့သိမ်မွေ့စွာ ရွေ့လာသော လက်ဝါးတံဆိပ်တစ်ခုကိုသာ မြင်နိုင်ခဲ့သည်။ ၎င်းသည် သူတို့၏မျက်လုံးများရှေ့တွင်ပင် လျင်မြန်စွာ ကြီးမားလာပြီး မြင်ကွင်းတစ်ခုလုံးကို ဖုံးအုပ်ကာ နဖူးပေါ်သို့ ရိုက်နှိပ်သွားသည်။

ထိုအချိန်တွင် သူတို့၏ဝိညာဉ်များမှာ အမှောင်ထုတွင် နစ်မြုပ်သွားပုံရကာ အမြင်များဝေဝါးလာပြီး သတိလစ်သွားကြသည်။

ဖုန့်လင်းမှာ ထိုသူများ မျှော်လင့်မထားသောအချိန်တွင် ဖမ်းမိလိုက်ပြီး စောင့်ကြည့်နေသည့် လူနှစ်ဦးကို အောင်မြင်စွာ စိတ်ညှို့နိုင်ခဲ့သည်။ ဧရာမဆေးဝါးကုမ္ပဏီသို့ ပြန်ရောက်သောအခါ ၎င်းတို့အနေနှင့် ဖုန့်လင်းကို မားစ်ဂြိုဟ်သို့ ပထမဆုံးအကြိမ်ရောက်ပြီး ရှီထိုက်မြို့ကို သူ့အားလပ်ချိန်၌ အချိန်ပိုင်းမျှ လေ့လာခဲ့သည်ဟုသာ မှတ်မိကြမည်ဖြစ်ပြီး အခြားမည်သည့်အရာကိုမျှ မှတ်မိကြလိမ့်မည် မဟုတ်ချေ။

အမည်းရောင်ဝတ်စုံဝတ်လူနှစ်ဦး နောက်ပြန်ဆုတ်သွားသည်ကို ကြည့်ရင်း ဖုန့်လင်း ဝေ့ဝိုက်ကြည့်ရင်း တစ်ကိုယ်လုံးကို အပြည့်အဝအသုံးချကာ အမှောင်ထဲမှ ရှီထိုက်မြို့ကို ဖြတ်သန်းပြီး တွေ့ဆုံမည့်နေရာသို့ လျင်မြန်စွာ ဦးတည်ရွေ့လျားခဲ့သည်။

သူ၏လှုပ်ရှားမှုများမှာ အလွန်လျင်မြန်ပြီး အလွန်တိုတောင်းသော အရိပ်တစ်ခူကိုသာ ကျန်ရစ်စေခဲ့သည်။ ဖြတ်သွားဖြတ်လာများသာ မြင်မိပါက တစ္ဆေမြင်သည်ဟုထင်၍ အော်ဟစ်ကြမည်ဖြစ်သည်။

ဖုန့်လင်းသည် မရပ်တန့်ခဲ့ဘဲ မကြာမီပင် မှောင်မိုက်ရှုပ်ထွေးသော လမ်းတစ်ခုထဲသို့ ဝင်ရောက်ခဲ့သည်။

လမ်း၏ထောင့်တွင် ကြီးမားသော ကားပျံသင်္ချိုင်းတစ်ခုရှိသည်။ ဤနေရာတွင် လူအနည်းငယ်သာရှိပြီး သံချေးတက်နေသော ကားပျံများနှင့် အပိုပစ္စည်းများသည် တောင်ပုံယာပုံဖြစ်နေသည်။

ဖုန့်လင်းမှာ လူသူကင်းမဲ့သော တောအုပ်ထဲသို့ ဝင်ရောက်လာမိသကဲ့သို့ ခံစားနေရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျနေပြီး အလင်းရောင်တစ်စမျှမရှိသဖြင့် ဤနေရာသည် စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်ကို ဖြစ်စေနိုင်ခဲ့သည်။

ရုတ်တရက် သူ ရပ်လိုက်သည်။ မည်သည့်အချိန်ကမှန်း သူ မသိလိုက်ဘဲ လူလေးဦး၏ အရိပ်များပေါ်လာပြီး သူ့ကိုဝိုင်းကာ လွတ်မြောက်နိုင်သည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်။

All Chapters