← Chapters

သင်ပေးသူ၏စွမ်းရည်ထက် သာလွန်သွားခြင်း

Vol. 8 Ch. 112

သင်ပေးသူ၏စွမ်းရည်ထက် သာလွန်သွားခြင်း

Vol. 8 Ch. 112

ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်ချင်း ယှဥ်ပြိုင်!

မိုးကောင်းကင်မှောက်လှန်သည့် တူတံဆိပ်တော်ချင်း ရင်ဆိုင်!

တူညီသော သိုင်းပညာနဲ့နည်းစနစ်...

လုခ်၏ အံ့အားသင့်မှုနောက်ကွယ်တွင် အခြေအနေအပေါ် လုံးဝနားမလည်နိုင်သော ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။ ဤသိုင်းပညာများကို ဖုန့်လင်းအား သင်ပေးခဲ့သူမှာ သူ ဖြစ်ပါလျက်၊ ဘာကြောင့် သူ့ထက် ပို အားကောင်းနေရတာလဲ!?

ဘာကြောင့်လဲ?

သူ နားလည်နိုင်စွမ်းမရှိခဲ့ဘဲ အဖြေကိုလည်း မရှာနိုင်ခဲ့ပေ။

သို့သော် ထိုအရာသည် အရေးမကြီးတော့ပေ။ မကြာမီပင် ဖုန့်လင်းက ဆက်တိုက် ပြင်းထန်သည့်ထိုးနှက်မှုများဖြင့် အဖြေပေးခဲ့သည်။

ဖုန့်လင်း သူ၏တိုက်ခိုက်မှုကြောင့် မှင်သက်သွားသော ပြိုင်ဘက်အား တုံ့ပြန်ခွင့်မပေးခဲ့ဘဲ လက်ချောင်းများကို ဓားသွားကဲ့သို့ စုစည်းကာ လုက်၏ နဖူးအလယ်သို့ ထိုးဖောက်လိုက်သည်။

အင်မော်တယ်သတ်ဓား တံဆိပ်တော်!

သာမန်မျက်စိဖြင့်ကြည့်လျှင် ရိုးရှင်းသော်လည်း အမှန်တွင် မြင်ရသည်ထင်ထက် ပိုအားပြင်းနေခဲ့သည်။ လက်ချောင်းကြွက်သားများ၏ တုန်ခါမှုက လေထုအတွင်း မယုံနိုင်လောက်အောင် အားကောင်းသော ဖိအားကိုဖြစ်စေကာ ဟင်းလင်းပြင်ကိုပင် ခွဲဖြတ်သွားပြီး စင်မှန်သည့် နတ်ဘုရားတစ်ပါးကိုပင် သတ်နိုင်သော အနှစ်သာရကို ပိုင်ဆိုင်ထားသည်။

ကမ္ဘာပေါ်ရှိ သိုင်းပညာအမျိုးမျိုးအနက် ဓားတာအိုဖြင့် သတ်ဖြတ်ခြင်းသည် အထင်ကြီးဖွယ်အကောင်းဆုံးပင်။

ရှေးဟောင်းကျင့်ကြံခြင်း ဒဏ္ဍာရီများတွင် ဓားအင်မော်တယ်သည် ဓားတာအို၏ အမြင့်ဆုံးအဆင့်ဖြစ်သည်။ ကံကြမ္မာကို တစ်လွှာပြီးတစ်လွှာ ကျော်ဖြတ်ပြီး အခြားသော ကျင့်ကြံသူများထက် ပိုမိုခက်ခဲစွာကြိုးစားပြီးမှသာ မသေမျိုးအဖြစ်ကို ရနိုင်ခဲ့သည်။

ဓားအင်မော်တယ်တွေက သူတို့ကိုယ် သူတို့ သတ်ဖြတ်ခြင်းနည်းစနစ်တွေမှာ ဒုတိယလို့ ပြောလာရင် ပထမနေရာကို ဘယ်သူယူရဲလိမ့်မလဲ?

အင်မော်တယ်သတ်ဓားတံဆိပ်တော်မှာ ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအင်ကို သေးငယ်သည့် အစွန်းတစ်ခုတည်းသို့ စုစည်းပေးရသဖြင့် လက်ချောင်းများအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အတွက် ဖုန့်လင်း တံဆိပ်ကို မကြာခဏအသုံးမပြုပေ။ သို့သော် သူ သုံးလိုက်သည့်အခါတိုင်း ဓားအင်မော်တယ်တစ်ပါး၏ အနှစ်သာရကို ပိုင်ဆိုင်ထားပြီး ရန်သူ့ကို ဓားသွားဖြင့် ကွပ်မျက်ရန် သစ္စာဆိုထားသကဲ့သို့ဖြစ်နေခဲ့သည်။

လုခ်၏ မျက်လုံးများ ပြူးသွားပြီး ထိုတိုက်ခိုက်မှုနောက်ကွယ်မှ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို ခံစားမိသဖြင့် နှလုံးသားတစ်ခုလုံး အေးစက်သွားသည်။

ဤတိုက်ခိုက်မှုကို သူ မရှောင်နိုင်​တော့ပေ!

ရှင်ခြင်းနှင့်သေခြင်း၏ ဆုံမှတ်တွင်၊ သူ၏ ခါးပေါ်ရှိ ခလုတ်တစ်ခုကို အလျင်အမြန်နှိပ်လိုက်သည်။ ရုတ်တရက် သူ့ခါးမှ စူးရှသောအလင်းရောင်များ ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ခိုင်ခံ့သော အကာအရံတစ်ခု ဖြစ်ပေါ်လာခဲ့တော့၏။

ဘွမ်း!

သူ၏ လက်ချောင်းများကို ဓားသဖွယ်သုံးကာ ညှာတာမှုကင်းစွာ ထိုးဖောက်လိုက်သည်။

သို့သော်လည်း စွမ်းအားပမာဏမှာ တစ်ဝက်ခန့် လျော့နည်းသွားခဲ့သည်။

သူ၏ နောက်ဆုံးအသက်ကလေးအတွက် တိုက်ခိုက်နေရသော လုခ်မှာ သူ၏ အဖိုးတန်ပြီး ရှားပါးသည့်ဗီဇပစ္စည်းကိရိယာများကို ဂရုမစိုက်ဘဲ သူ့အသက်အတွက် လျင်မြန်စွာ ထွက်ပြေးနေသည့် အသက်လုထွက်ပြေးနေသူတစ်ဦးနှင့် တူနေသည်။

"ဒါ မကောင်းဘူး! ငါ့ရဲ့စွမ်းအားနဲ့

အမြန်နှုန်းက ဒီလူရှုပ်လေးနဲ့ မယှဉ်နိုင်ဘူး! ငါ့တိုက်ခိုက်ရေးစွမ်းအားတွေ လုံးဝလွှမ်းမိုးခံနေရပြီး နည်းစနစ်တွေတောင် အသုံးမဝင်တော့ဘူး! ငါကျွမ်းကျင်တဲ့ - လေနဲ့မီးတိုက်ခိုက်မှုကိုပဲ သုံးရမယ်!" လုခ် လေထုအလယ်တွင် ပြင်ညီအတိုင်း ရွေ့လျားနေစဥ် အချက်အချာနည်းစနစ်ကို ပြန်သတိရလာသည်။

နည်းစနစ်များကို ၎င်းတို့၏ အင်အားများဖြင့် နှိုင်းယှဉ်၍မရဘဲ တိုက်ခိုက်ရေးစွမ်းအင်ဖြင့်သာ တိုင်းတာနိုင်သည်။

ဤကဲ့သို့ သောကရောက်ဖွယ်အခြေအနေတွင် သူ နားလည်လိုက်ခြင်းမှာ ပို၍ပင် စိတ်ဓာတ်ကျစရာဖြစ်နေခဲ့သည်!

သူ မစဉ်းစားတာ ပိုကောင်းလိမ့်မယ်...

စိတ်ပျက်အားငယ်မှု၏ ဖော်ပြ၍မရနိုင်သော ခံစားချက်ပင်

ဖုန့်​လင်း အလွန်အမင်းစိတ်အားထက်သန်နေလေ၏။ အလားတူပင်

လုခ်သည်လည်း သူ၏ ကံကြမ္မာကို လက်မခံဘဲ သူ၏အထူးကျွမ်းကျင်မှုကို ထုတ်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီး

ဖု​န့်လင်းကို ရင်ဆိုင်ခုခံလိုက်သည်။

ဤတိုက်ခိုက်မှု ကြာလာလေလေ သူ့အတွက် အကျိုးရှိလေလေဖြစ်သည်။

သူ့ထံသို့ အကူအညီရောက်ရှိလာပါက

ဖုန့်လင်း ဤကဲ့သို့ ရိုင်းစိုင်းစွာ ဆက်လက်ပြုမူနိုင်မည်လောဆိုသည်ကို ကြည့်လိုနေခဲ့သည်။ အဖွဲ့ဝင်များ သူ့ကို ဝိုင်းလိုက်ပါက ဖုန့်လင်းတွင် အတောင်ပံများရှိနေလျှင်ပင် ထွက်ပြေးရန် အလွန်ခက်ခဲမည်ဖြစ်သည်!

လုခ်၏ လက်နှစ်ဖက်တွင် လေနှင့်မီးတို့ ရှိနေခဲ့သည်။

မီးကို ယန် အဖြစ်၊ လေကို ယင် အဖြစ်!

မီးနှင့်လေတို့ကို ပေါင်းစပ်ကာ သူ၏ လေနှင့်မီးဘီးလုံးကို ဖန်တီးလိုက်ပြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမျိုလိုက်ပြီး လေပြင်းများနှင့် အပူလှိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။

အကြည့်တစ်ချက်ဖြင့် ဖုန့်လင်းမှာ ထိုအရာကို ယင်ယန်ကြေးမုံတံဆိပ်တော်ဖြစ်ကြောင်း မှတ်မိလိုက်သည်။ သို့သော်လည်း ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်ကို ဗီဇသိုင်းပညာနှင့် ပေါင်းစပ်ကာ ထူးခြားသော နည်းစနစ်အသစ်တစ်ခုအဖြစ် လုခ် ပြောင်းလဲထားသည်မှာ ထင်ရှားသည်။

လေနှင့်မီးဘီးလုံးမှာ ဖုန့်​လင်း၏ ဘေးပတ်လည်တွင် အရှိန်မြင့်စွာ လည်ပတ်နေပြီး သူ့အား လေနှင့်မီး လှောင်အိမ်အတွင်းတွင် ပိတ်မိနေစေခဲ့ကာ မီးမုန်တိုင်းများက သူ့အား လွတ်မြောက်ခွင့်မပေးဘဲ ဝိုင်းရံထားတော့၏။

ဤမီးမုန်တိုင်းများ၏ ကွဲဟနေသော နေရာမှတစ်ဆင့် လုခ် အခြားတစ်ဖက်သို့ မြန်မြန်ဆန်ဆန် သွားနေသည်ကို

ဖုန့်လင်း တွေ့လိုက်သည်။

စိတ်ညှို့ခံထားရသော ကျားရိုင်းမှာ ယခုအချိန်တွင် သူ၏အဖော်များဖြစ်သော လူငယ်နှင့် အမျိုးသမီးတို့နှင့် တိုက်ခိုက်နေခဲ့သည်။

သိမ်းငှက်မျက်လုံးရှိသော လူငယ်မှာ ရောင်ခြည်သေနတ်ကို ကိုင်ထားပြီး ရူးသွပ်စွာ ပစ်ခတ်နေသည်။

အရိုင်းဆန်သော အမျိုးသမီးမှာ လက်ထဲတွင် ကျာပွတ်တစ်ခုကို ကိုင်ထားပြီး ထိုကျာပွတ်မှာ ကခုန်နေသကဲ့သို့ ကျားရိုင်းကို ရစ်ပတ်ကာ လွတ်မြောက်အောင် ရုန်းထွက်ရန် ခက်ခဲစေခဲ့သည်။

လုပ်ဖော်ကိုင်ဖက်များဖြစ်သောကြောင့် သူတို့အနေနှင့် ကျားရိုင်းအား သတ်ရန် စိတ်မပါဘဲ အရေးကြီးသောနေရာများကို ရှောင်ကာ တိုက်ခိုက်နေကြသည်။

သို့သော်သည် ကျားရိုင်းမှာ ဖုန့်လင်း၏ စိတ်ညှို့မှုကိုခံထားရပြီဖြစ်သောကြောင့် သူလုပ်နေသည့်အရာများကို သတိမထားမိတော့ပေ။ ထို့ကြောင့် သူ၏တိုက်ခိုက်မှုများမှာ ညှာတာမှုမရှိဘဲ သေစေနိုင်သည့် ဒဏ်ရာများကို တစ်ချက်ပြီးတစ်ချက် ပေးနေခဲ့သည်။

လေပြင်းကျားဗီဇ၏ အားသာချက်ကြောင့် သူ့ခန္ဓာကိုယ်တွင် ကြံ့ခိုင်သန်မာသော ကြွက်သားများရှိနေခဲ့ပြီး ဖျက်ဆီးနိုင်စွမ်းရှိသော လေပြင်းများကို ထုတ်လွှတ်နေကာ ကြမ်းတမ်းရက်စက်စွာ တိုက်ခိုက်ရင်း ရန်သူနှစ်ဦးကို သူ တစ်ဦးတည်းဖြင့် ဖိနှိပ်ထားနိုင်ခဲ့သည်။

လုခ်မှာ ယခင်က ဖုန့်လင်းနှင့် အရင်က တိုက်ခိုက်ဖူးပြီးသား ဖြစ်သောကြောင့် သူ၏လေနှင့်မီးစွမ်းအင်များသည်

ဖုန့်လင်း၏ကာကွယ်မှုကို ဖြိုခွင်းနိုင်မည် မဟုတ်ကြောင်းကို နားလည်ထားခဲ့၏။ ထို့ကြောင့် သူ ဖုန့်လင်းအား အချိန်ဆွဲချင်နေကာ ထိုအချိန်အားသုံး၍ ကျားရိုင်းအား နိုးထစေပြီး လေးယောက်စလုံး၏စွမ်းအားဖြင့် ဖုန့်လင်းကို ပူးပေါင်းတိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်သည်။

ဤသည်မှာ အကြံကောင်းတစ်ခုဖြစ်သော်လည်း ဖုန့်လင်းမှာ သူ၏ နည်းဗျူဟာကို အစကတည်းက မြင်နေပြီဖြစ်၍ သူ့ကို ဒီလိုလွယ်လွယ်နဲ့ လွတ်သွားစေလိမ့်မလား?

ဖုန့်လင်း လက်နှစ်ဖက်ကို ဆန့်လိုက်သည်နှင့် အကန့်အသတ်မဲ့ရှေးဦးစွမ်းအင်များ ရောနှောနေသော လေပြင်းများ လှုပ်ခတ်လာခဲ့သည်။ လက်ဝါးနည်းစနစ်များမှာ မြန်ဆန်နေခဲ့ပြီး လေထဲတွင် မရေမတွက်နိုင်သော လက်ဝါးတံဆိပ်များကို ချန်ထားခဲ့သည်။ ၎င်းတို့မှာ ရွက်တိုင်တစ်ခုကဲ့သို့ ဖြန့်ကျက်သွားပြီး ဟင်းလင်းပြင်ကို မွှေနှောက်ရင်း အားကောင်းသောလေပြင်းများသည် တစ်နေရာလုံးသို့ ပျံနှံ့သွားခဲ့သည်။

"ချိုးဖျက်စမ်း!"

ဖုန့်လင်း ဟစ်ကြွေးလိုက်ရင်း လက်မောင်းများကို ဆောင့်တွန်းလိုက်သည်နှင့် ရင်ဘတ်ရှေ့တွင် စုဝေးနေသောလေထုမှာ ပေါက်ကွဲသွားပြီး သူ ရောက်နေသည့် လေနှင့်မီးထောင်ချောက်ကို ဖြိုခွင်း၍ လေပြင်းနှင့်မီးတောက်များကို မွှေနှောက်ကာ ပျံ့နှံ့သွားစေခဲ့တော့၏။

သူ လွတ်မြောက်သွားသည်နှငွ လျှပ်စီးလက်သကဲ့သို့ ရွေ့လျားကာ အကွာအဝေးတစ်ခုသို့ ရောက်သွားသည်။

ဤအမြန်နှုန်းမှာ နှိုင်းယှဉ်၍မရအောင် မြန်ဆန်ပြီး ဖုန့်လင်းမှာ သူ၏ နည်းစနစ်သို့ပြောင်းရန် အချိန်မရှိခဲ့ပေ။ သူ သာမန်လက်သီးတစ်ချက်ဖြင့်သာ အဝေးမှ တိုက်ခိုက်လိုက်သည်။

ဤတိုက်ခိုက်မှုမှာ အံ့သြဖွယ်မကောင်းသော်လည်း မြန်နှုန်းမြင့်လက်သီး၏တိုက်ခိုက်မှုအား ပါဝင်နေခဲ့သည့်အတွက် မြန်ဆန်ပြီး ပျက်စီးစေနိုင်ကာ အမြောက်တစ်လက်မှ ထွက်လာသည့် ပေါက်ကွဲသံကြီးနှင့် တူနေတော့၏။

"မကောင်းတော့ဘူး!" လုခ်၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ၎င်း၏ခုခံမှုစွမ်းရည်များကြောင့် လူသိများသည့် ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်၏ ''ကမ္ဘာဦးအလံ တံဆိပ်တော်" ကို အသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

တူညီသောနည်းလမ်းကိုပင် မတူညီသောလူများ အသုံးပြုပါက စွမ်းအားအရာတွင် ကြီးမားသောကွာခြားမှုရှိနိုင်သည်။

ဖုန့်လင်း၏ သာမန်လက်သီးတစ်ချက်မှာ ခုခံနေသော လက်ဝါး၏အားကို ချိုးဖျက်ပြီး ရန်သူ၏ရင်ဘတ်သို့ ကြမ်းတမ်းစွာ ထိမှန်သွားသည်။

ကြီးမားသောပေါက်ကွဲသံတစ်ခု မြည်ဟီးလာခဲ့သည်!

လုခ်ဝတ်ဆင်ထားသော ချပ်ဝတ်မှာ ထိမှန်လိုက်သည်နှင့်တစ်ပြိုင်နက် ကွဲအက်သွားပြီး လိပ်ခွံပေါ်တွင် အက်ကြောင်းများ ပေါ်လာသကဲ့သို့ပင် မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ပြိုကွဲသွားပြီး သူ၏ကွဲကြေနေသော အင်္ဂါအစိတ်အပိုင်းများနှင့်အတူ သွေးများကို အန်ထုတ်လိုက်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး လွင့်စင်သွားခဲ့သည်။

သို့သော်လည်း လုခ်မှာ တိုက်ပွဲရာနှင့်ချီ ကြုံတွေ့ခဲ့ဖူးသော အန္တရာယ်ရှိသည့်လူတစ်ဦးဖြစ်သည်။ သူ့၏ ပါးစောင်များကို ဖောင်းလိုက်​ရင်း သွေးများကို ထွေးထုတ်လိုက်ပြီး သွေးမြားတစ်စင်းအဖြစ် ပြောင်းလဲကာ ဖုန့်လင်းဆီသို့ ပစ်လွှတ်လိုက်သည်။

ဖုန့်လင်း ရှောင်တိမ်းနေစဥ် လုခ်သည် အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။ သို့သော် ၎င်းမှာ အချည်းနှီးသော ရုန်းကန်မှုသာဖြစ်သည်။

ရန်သူ၏ အားနည်းနေသော အခြေအနေကို အခွင့်ကောင်းယူကာ

ဖုန့်လင်း လုခ်အသက်ကို ယူချင်နေခဲ့သည်!

ဖုန့်လင်းအနေနဲ့ ဒီလောက်လွယ်လွယ် လူတစ်ယောက်ကို လွှတ်ပေးလိမ့်မလား? သူ ဆုတ်ခွာနေသော ပုံရိပ်နောက်သို့ လျင်မြန်စွာ လိုက်နေခဲ့သည်ါ

ဗာဂျရာ နဂါးလက်သည်း!

ဖု​န့်လင်း၏လက်တစ်ဖက်မှာ လက်သည်းများအဖြစ်သို့ ပြောင်းသွားပြီး ရန်သူ၏ ငယ်ထိပ်ဆီသို့ ရောက်ရှိလာတော့၏။

တိုက်ခိုက်မှု ထိသွားပြီး လုခ်၏ ဦးခေါင်းခွံမှာ လက်သည်းချက်ဖြင့် မှုန့်မှုန့်ညက်ညက် ကြေမွသွားတော့မတတ် ဖြစ်နေခဲ့သည်။

သေရေး ရှင်ရေးအချိန်တွင် သူ့ခန္ဓာကိုယ်မှာ ဂျင်တစ်လုံးကဲ့သို့ လည်ကာ လွတ်မြောက်သွားပြီး ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားကာ ဖရိုဖရဲဖြင့် ထွက်ပြေးသွားသည်။

သန်မာလှသောလက်သည်းများမှာ အလွန်အမင်း ချွန်ထက်နေခဲ့ပြီး အားပြင်းသော ဆုပ်ကိုင်မှုဖြင့် သူ၏အဝတ်အစားများကို အပိုင်းအစများအဖြစ် စုတ်ပြဲသွားစေခဲ့သည်။

လုခ် တုန်တုန်ယင်ယင်ဖြင့် ပြန်ထလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အတွင်းဒဏ်ရာများစွာဖြင့် နာကျင်နေခဲ့ရင်း သူ့နှလုံးသားမှာ အောက်ဆုံးအထိ နစ်မြုပ်သွားခဲ့သည်။

သူတို့နှစ်ယောက်စလုံး ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်ကို အသုံးပြုနေကြသော်လည်း၊ ဖုန့်လင်းမှာ သင်ပေးသူ၏ စွမ်းရည်ကို ကျော်လွန်သွားပြီဖြစ်ကာ လုခ်အနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်း လုံးဝမရှိတော့ပေ။

သူ တုန်လှုပ်နေမိသည်မှာ အဖွဲ့၏

အသန်မာဆုံးဖြစ်သူ ကျားရိုင်းသည် စိတ်ညှို့ခံထားရပြီး အခြေအနေပြောင်းလဲသွားကာ ကိုယ့်အဖွဲ့သားချင်းကို ပြန်တိုက်ခိုက်နေခြင်းဖြစ်သည်။ ၎င်းမှာ သူတို့ကို အခွင့်မသာသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ဒီနေ့ကတော့ အခြေအနေတွေ တိုးတက်လာမယ်ဆိုတဲ့ အလားအလာ လုံးဝမရှိပုံပင်!

ဖုန့်လင်းမှာ မတွေ့ရသည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ဤမျှ တိုးတက်လာမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ သူ၏နည်းစနစ်နှင့် တိုးတက်မှုများမှာ ထူးဆန်းနေခဲ့သည်။

အစောပိုင်း အစီအစဉ်မှာ အဖွဲ့၏စွမ်းအားဖြင့် ဖုန့်လင်းကို ချိုးနှိမ်ရန်ဖြစ်သော်လည်း၊ ယခုအခါတွင် သူတို့၏ကိုယ်ပိုင်အသက်ကိုပင် အာမခံနိုင်ခြင်း မရှိတော့ပေ!

"အာ?" ထိုအချိန်တွင် ဖုန့်လင်းဆီမှ သိချင်စိတ်ပြင်းပြနေသည့်အသံတစ်ခု ထွက်လာခဲ့သည်။

သူ၏အသက်စွမ်းအင်မှာ လုခ်ထက် အနည်းဆုံး သုံးဆခန့် ပိုမည်ဖြစ်သည်။ ဆက်တိုက်ထိုးနှက်နေခဲ့သော်လည်း၊ သူ့ပြိုင်ဘက်မှာ နည်းလမ်းပေါင်းစုံဖြင့် ရှောင်တိမ်းနေနိုင်ဆဲဖြစ်သည်။

လုခ်အနေနှင့် တိုက်ပွဲများစွာတွင် တိုက်ခိုက်သတ်ဖြတ်ခဲ့ဖူးသော ကြယ်တာရာ ကျင့်ကြံသူတစ်ဦးဖြစ်နေသည်မှာ အံ့အားသင့်စရာမဟုတ်တော့ပေ။ သူ့တွင် တိုက်ခိုက်ရေးအတွေ့အကြုံများ အလွန်ကြွယ်ဝနေခဲ့သည်။

ဤအကြောင်းကြောင့်ပင် ဖုန့်လင်း သူတို့အား အသက်ရှင်လျက် လွတ်မြောက်ခွင့် လုံးဝမပေးနိုင်တော့ချေ - တစ်ယောက်ကိုတောင်မှပေါ့။

အကြောင်းပြချက်မှာ ရိုးရှင်းလွန်းသည် - လူသေတွေကပဲ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားနိုင်တယ်!

မဖြစ်မနေအခြေအနေမဟုတ်ပါက၊

ဖုန့်လင်းမှာ ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း၏အပျက်အယွင်းများကို ရယူရန် အခွင့်အလမ်းကို စွန့်လွှတ်မည် မဟုတ်ပေ။ ဤသည်မှာ ဤလူများ သေကိုသေရမည့် အကြောင်းရင်းပင်!

မိုးကောင်းကင်မှောက်လှန်သည့် တူတံဆိပ်တော်!

သူ၏လက်သီးများမှာ မိုးခြိမ်းနေသကဲ့သို့ဖြစ်နေပြီး လက်သီးချက်များမှာ ထိမ်းမနိုင်သိမ်းမရဖြစ်နေခဲ့သည်။

ဖုန့်လင်း ရှေ့ကိုတိုးကာ ညှာတာမှုကင်းမဲ့စွာ ထိုးနှက်လိုက်သည်။

လုခ် ကျန်နေသေးသည့် ခွန်အားအကုန်လုံးကို စုစည်းရင်း အနည်းငယ်မျှသာ ခုခံနိုင်ခဲ့သည်။

လက်သီးချက်များသည် ဒေါသထွက်နေသော လေပြင်းမုန်တိုင်းများနှင့်တူနေပြီး လုခ်မှာ ထိုမုန်တိုင်းများအတွင်း၌ ယိမ်းထိုးနေသော မြက်ပင်ကဲ့သို့ဖြစ်နေကာ ပြိုလဲတော့မည့်အရေးသို့ ရောက်ရှိနေခဲ့လေ၏။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အကြာကသာ ဖြစ်ပါက၊ သူ့အနေနှင့်

ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်ကို အသုံးပြုကာ ဖန်းလင်း၏လက်သီးချက်များအောက်မှ အနည်းဆုံး ရာနှင့်ချီသော နည်းစနစ်များကို ထိန်းထားနိုင်မည်ဖြစ်သည်။

ယခုအချိန်တွင်မူ၊ သူ နည်းစနစ်တစ်ခုတည်းကိုပင် မကိုင်တွယ်နိုင်တော့ပေ။

လက်သီးချက်တိုင်းတွင်၊ သူ့ခန္ဓာကိုယ်မှာ တောင်တစ်လုံးဖြင့် ဖိကြိတ်ခံနေရသကဲ့သို့ ခံစားရပြီး၊ ပြိုကွဲတော့မည့်အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

သူ့မျက်နှာမှာ နီရဲလာပြီး၊ သွေးများကို ရုတ်တရက် အန်ထုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို လေနှင့်မီးအစွမ်းများဖြင့် ဝန်းရံထားခဲ့သော်လည်း၊

ဖုန့်လင်း၏လက်သီးချက်များအောက်တွင် ၎င်းတို့မှာ တဖြည်းဖြည်းချင်း ငြိမ်းသွားခဲ့သည်။

ဖုန့်လင်း၏ ရေစီးနေသကဲ့သို့ လက်သီးချက်များကြားတွင် လုခ်ကို လုံးဝနစ်မြုပ်စေခဲ့ပြီး အနိုင်ရရန် သို့မဟုတ် အသက်ရှင်ရန်ပင် မျှော်လင့်ချက် အလင်းရောင်မျှ မရှိတော့ပေ။

သူ စိတ်ကြီးဝင်ပြီး ဖုန့်လင်းကို ထိန်းချုပ်ရန် အဖွဲ့ငယ်တစ်ခုသာ ခေါ်ဆောင်လာမိသည့်အတွက် နက်ရှိုင်းစွာ နောင်တရနေခဲ့သည်။ သူ့အတွက် ယနေ့ လွတ်မြောက်ရန် ခက်ခဲမည့်ပုံပေါ်သည်!

သို့သော်လည်း သူ ဤကဲ့သို့ မသေလိုပေ။ သူ၏ နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရင်း တောင်းပန်လိုက်သည်- "ဖုန့်လင်း၊ ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်ကို မင်းကို ငါသင်ပေးခဲ့တာပါ။ ငါတို့အချင်းချင်း ရင်းနှီးတယ်လို့တောင် ပြောလို့ရတယ်လေ မင်း တကယ်ပဲ ငါတို့အားလုံးကို အဆုံးသတ်ဖို့လိုလို့လား?

ဖုန့်လင်း၏မျက်လုံးများမှာ မလှုပ်ရှားခဲ့ဘဲ အေးစက်နေသည်။ ရှေ့သို့ခုန်လိုက်ခြင်းကိုသာ အဖြေအဖြစ်ပေးလိုက်သည်။

ဗာဂျရာနတ်ဆိုးသက်ဆင်းခြင်းဖြင့် သူ့လက်မောင်းများကို ကြီးမားသောစွမ်းအားများရှိနေသည့် ဗာဂျရာတင်းပုတ်ကြီးသဖွယ် အားပြင်းစွာ ဝင့်လိုက်ကာ လုခ်၏ဦးခေါင်းကို ညှာတာမှုကင်းစွာ နှစ်ခြမ်းကွဲအောင် ရိုက်ခွဲလိုက်သည်။

လုခ်အနေနဲ့ ဒီလိုဖြစ်လာမယ်ဆိုတာကိုသာ ကြိုသိခဲ့ရင်၊ ဒီလမ်းကို လျှောက်မှာ မဟုတ်ပါဘူး !

လုခ်၏ကြိုတင်သိမှုမှာ မှန်နေခဲ့သည်။

ဖုန့်လင်းက သူတို့အားလုံးကို အဆုံးသတ်ချင်နေခဲ့တာပဲ!

All Chapters