အဆုံးသတ်လမ်း
Vol. 8 Ch. 114
ဘွမ်း! ဘွမ်း! ဘွမ်း!
အဖြူရောင်ရောင်ခြည်တန်းများမှာ လေထုကို ဖောက်ထွင်းသွားသည်။ ဤအဖြူရောင်ရောင်ခြည်တန်းများတွင် အရာအားလုံးကို ဖြိုခွဲနိုင်သည့် အလွန်မြင့်မားသော အပူချိန် ပါဝင်နေခဲ့သည်။
ဤအဖြူရောင်ရောင်ခြည်တန်းများအောက်တွင်၊ အရာဝတ္ထုများမှာ ၎င်းတို့၏အခြေခံအကျဆုံးအက်တမ်များအဖြစ် အပြည့်အဝ ပြိုကွဲသွားကြသည်။
ပိုင်ရိုလ်စစ်အမှုန်အမြောက်များသည် ကြယ်တာရာခေတ်အစိုးရများမှ အသုံးပြုခြင်းကို တားမြစ်ထားသော ကြီးမားသည့် ဖျက်ဆီးနိုင်စွမ်းရှိသည့် လက်နက်ကြီးများဖြစ်သည်။
သို့သော် ဧရာမဆေးဝါးကုမ္ပဏီသည်ပင် ကိုယ်ပွားစစ်တပ်တစ်ခုလုံးကို စေလွှတ်လိုက်သောကြောင့်၊ မားစ်ဂြိုဟ်တော်လှန်ရေးတပ်အနေဖြင့် ယဥ်ကျေးနေရန် အကြောင်းမရှိတော့ပဲ ၎င်းတို့၏ ဝှက်ဖဲကို ထုတ်ပြလိုက်သည်။
ထိုအားကောင်းသော ကိုယ်ပွားများနှင့် ၎င်းတို့၏စစ်လက်နက်ပစ္စည်းများအားလုံးသည် ပိုင်ရိုလ်စစ်အမှုန်အမြောက်များ၏တိုက်ခိုက်မှုကို ခံရပြီးနောက် အမှုန်အမွှားများအဖြစ် ပြိုကွဲသွားကြပြီး ကိုယ်ပွားစစ်တပ်မှာ ပြင်းထန်သည့် ဆုံးရှုံးမှုများ ကြုံတွေ့နေခဲ့ရလေ၏။
ဤနေရာသည် ၎င်းတို့၏မူလဌာနချုပ်နှင့် နီးကပ်သောကြောင့်၊ မားစ်ဂြိုဟ်တော်လှန်ရေးတပ်များမှာ အဆုံးမရှိသော တပ်ကူများ ရှိနေခဲ့သည်။
ဧရာမဆေးဝါးကုမ္ပဏီမှာ အကြိမ်ကြိမ်ရှုံးနိမ့်နေပြီး ရှီထိုက်မြို့၏ တစ်ဝက်နီးပါးကို မားစ်ဂြိုဟ်တော်လှန်ရေးတပ် က သိမ်းပိုက်ထားပြီးဖြစ်၏။
စစ်ပွဲအခြေအနေမှာ အလျင်အမြန်ပြောင်းလဲနေခဲ့သည်။
ဤပဋိပက္ခ၏ အဓိကတရားခံဖြစ်သည့် ဖုန့်လင်းပင် ယခုအခြေအနေကို မယုံနိုင်သလို ခံစားနေရသည်။
အနာဂတ်ပြဿနာများကို ရှောင်ရှားရန်အတွက် ထိုလူများကို သုတ်သင်ပြီးကတည်းက၊ ဖုန့်လင်းမှာ ဧရာမဆေးဝါးကုမ္ပဏီတွင် နှိမ့်ချသည့်ပုံရိပ်ကို ဆက်ထိန်းထားခဲ့သည်။
ဘွမ်း!
မြေအောက်ဓာတ်ခွဲခန်း၏ တံခါး ရုတ်တရက်ပွင့်သွားသည်။
ဖုန့်လင်း လှည့်ကြည့်လိုက်ရာ ဖရန့်မှာ အလွန်လေးနက်သောမျက်နှာအမူအရာဖြင့် လူတစ်အုပ်နှင့်အတူ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ဤလူများအားလုံးမှာ တရုတ်ရိုးရာ အဖြူရောင်ဗြောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး၊ ကိုယ်ပွားစစ်သားများက နှစ်တန်းခွဲ၍ စောင့်ကြပ်လျက် ရှိသည်။ အဖြူရောင်ဝတ်စုံဝတ်ထားသူများထဲတွင် ဖုန့်လင်းမှာ အိုက် ကိုပင် တွေ့လိုက်ရသည်။ ယခုအချိန်တွင် မသိနိုင်သော အချို့အကြောင်းများကြောင့် အိုက်၏လက်တစ်ဖက်မှာ ဖြတ်တောက်ခံထားရပြီး လက်တစ်ဖက်ထဲဖြင့် သူ၏ မျက်နှာမှာဖြူဖပ်ဖြူရော်ဖြစ်နေသည်။
ဤလူအုပ်စုသည် ရှုံးနိမ့်ခဲ့သော ခွေးအုပ်ကဲ့သို့ဖြစ်နေပြီး၊ ယခင် လူသားများကို စမ်းသပ်ခဲ့စဉ်ကကဲ့သို့ စိတ်ဓာတ်မြင့်မားမှုများ လုံးဝမရှိတော့ပေ။
ဖရန့်မှာ လူအုပ်၏ရှေ့သို့လှမ်းလာကာ ကမ္ဘာတုန်လောက်သည့် သတင်းတစ်ခုကို ထုတ်ပြောလိုက်သည်။
"အားလုံးပဲ... ငါတို့ ရှုံးသွားပြီ။ ငါတို့ ဧရာမဆေးဝါးကုမ္ပဏီရဲ့ အခြေစိုက်စခန်းအားလုံး ဆုံးရှုံးလိုက်ရပြီ။ ငါတို့ပဲ ကျန်တော့တယ်!"
"ဘာ? ငါတို့ ဧရာမဆေးဝါးကုမ္ပဏီင ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ?"
"ငါတို့ ဘာဆက်လုပ်သင့်လဲ?ငါတို့ ထွက်ပြေးဖို့လိုတယ်။ မားစ်ဂြိုဟ်တော်လှန်ရေးတပ်ရဲ့ လက်ထဲရောက်သွားရင်တော့ ငါတို့ အားလုံးသေမှာပဲ။"
"ဒါပေမယ့် ငါတို့က မြေအောက်ထဲက လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ငှက်တွေလိုပဲလေ ပြောရရင် ထွက်ပြေးဖို့ လမ်းမရှိဘူး!"
...
မြေအောက်ဓာတ်ခွဲခန်းအတွင်း ကြောက်ရွံ့နေသည့် ငိုသံများ မြည်ဟီးခဲ့လာသည်။ ဤကြက်ဥလူသားများအားလုံး အလွန်အမင်းထိတ်လန့်နေကြပြီး ဆင်ခြင်တုံတရားများ လုံးဝပျောက်ဆုံးနေခဲ့တော့၏။
ဧရာမဆေးဝါးကုမ္ပဏီနှင့် မားစ်ဂြိုဟ်တော်လှန်ရေးတပ်တို့မှာ ကမ္ဘာမကြေ ရန်သူများဖြစ်ပြီး အကယ်၍ သူတို့သာ မားစ်ဂြိုဟ်တော်လှန်ရေးတပ်၏ လက်ထဲသို့ ရောက်သွားပါက သူတို့၏ကံကြမ္မာသည်လည်း ဆိုးရွားလိမ့်မည်မှာ အသေအချာပင်။ ယခင်က သူတို့အနေနှင့် လူသားများကို စမ်းသပ်ခဲ့ကြပြီး၊ စာရွက်ပေါ်တွင် ထိုစမ်းသပ်ခံလူသားများသည် သေဒဏ်ချမှတ်ခံထားရသူများဖြစ်သည်ဟု ဆိုသော်လည်း၊ အမှန်တွင် ထိုသူများသည် မားစ်ဂြိုဟ်တော်လှန်ရေးတပ်မှ အကျဉ်းသားများသာဖြစ်သည်။
တစ်ယောက်အနေဖြင့် ဧရာမဆေးဝါးကုမ္ပဏီ၏လက်များသည် မားစ်ဂြိုဟ်တော်လှန်ရေးတပ်၏သွေးများဖြင့် ညစ်ပတ်နေသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အကယ်၍ သူတို့ဖမ်းဆီးခံရပါက၊ သူတို့ခံစားရမည့်အရာကို မြင်ယောင်ကြည့်ရန်ပင် မဝံ့မရဲဖြစ်နေကြသည်။
လူသားများကို စမ်းသပ်နေစဉ်က သူတို့၏လုပ်ရပ်များကို ရက်စက်သည်ဟု မခံစားမိခဲ့ကြသော်လည်း၊ ယခုအချိန်တွင် အားလုံးမှာ အလွန်အမင်း ကြောက်ရွံ့နေခဲ့ကြတော့၏။
ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့သည် လူအုပ်တစ်ခုလုံးသို့ အလျင်အမြန်ပျံ့နှံ့သွားသည်။ သူတို့၏ရှေ့ရှိ ဤလမ်းကြောင်းအတိုင်းဆက်သွားပါက အမှောင်ထုကိုသာမြင်ရမည်ဖြစ်ပြီး၊ အတိုင်းအဆမဲ့သည် မျှော်လင့်ချက်ကင်းမဲ့မှုကိုသာ ခံစားနေခဲ့ရသည်။
ဖုန့်လင်းမှာ သူတို့ကြားတွင် ရပ်နေခဲ့သော်လည်း၊ သူ့အမူအရာတွင် သိသာထင်ရှားသော အပြောင်းအလဲမရှိခဲ့ဘဲ သူ အရမ်း မစိုးရိမ်နေခဲ့ပေ။
သူ၏ကျင့်ကြံခြင်းအခြေခံနှင့်မတူ သူ့နှလုံးသားထဲတွင် စိုးရိမ်စရာမရှိပေ။
ဤသည်မှာ စွမ်းအားရှိနေခြင်း၏ အကျိုးကျေးဇူးပင်။
သူ့ကိုယ်သူ အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုရှိနေပြီး အခြေအနေမှာ မည်မျှပင်ခက်ခဲသွားပါစေ၊ အရှုံးမှအနိုင်သို့ ပြန်လည်ပြောင်းလဲနိုင်သည့် မျှော်လင့်ချက်ရှိနေခဲ့၏။
ကြာ်တာရာကျင့်ကြံသူတစ်ဦးအနေဖြင့်၊ ဤသုတေသနပညာရှင်များကဲ့သို့ အားနည်းပြီး အသတ်ခံရန် အဆင်သင့်စောင့်နေရသည့် သိုးများဖြစ်ရန် သူ့အတွက် မဖြစ်နိုင်ပေ။
သူ့နှလုံးသားထဲတွင် အတွေးတစ်ခုပေါ်လာပြီး၊ မန်နေဂျာဖရန့်ကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။
ဆေးဝါးလုပ်ငန်းမှာ လက်ဝါးကြီးအုပ်ထားတဲ့ ဒီကုမ္ပဏီကြီးက ဒီလောက် မြန်မြန် ပြိုလဲသွားမယ်လို့ ဘယ်သူတွေးထားမှာလဲ။
အခုအချိန်မှာ ဧရာမဆေးဝါးကုမ္ပဏီအနေနဲ့ နက်ရှိုင်းစွာ ကျဆင်းနေပြီဖြစ်လို့၊ ပိုပြီး အန္တရာယ်များတဲ့ အခြေအနေတွေနဲ့ ကြုံလာရင် သူတို့ရဲ့လျှို့ဝှက်ချက်တွေ အားလုံး ပေါ်လာမယ်မဟုတ်လား?
ဒါက သူ့အတွက် အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်မလား?
သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်များ မထိန်းနိုင်ဘဲ မြင့်တက်လာခဲ့သည်။
အရာရာမှာ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
သူ့ဘေးပတ်လည်ရှိ သုတေသီများ၏ ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာအမူအရာများကို ရင်ဆိုင်နေရသော်လည်း၊ မန်နေဂျာ ဖရန့်၏မျက်နှာတွင် တည်ငြိမ်သည့်အမူအရာရှိနေပြီး အလွန်ယုံကြည်မှုရှိပုံပေါက်နေခဲ့သည်။
သူ့မျက်လုံးများမှာ သုတေသီများကို စစ်ဆေးကြည့်လိုက်ပြီး၊ ဖုန့်လင်း၏ မျက်နှာထက်တွင် ထိတ်လန့်မှုသိပ်မရှိသည်ကို သတိထားမိလိုက်သောအခါ၊ သူ အားရကျေနပ်စွာ ခေါင်းညိတ်ရင်း ဆက်ပြောလိုက်သည်-
"အားလုံးပဲ၊ စိတ်မပူပါနဲ့။ ကံကောင်းချင်တော့ ငါတို့ကုမ္ပဏီမှာ သီးသန့်အာကာသလွန်းပျံယာဉ်တစ်စီး ရှိနေပါသေးတယ်။ ငါတို့ အိုလန်ပတ်စ် မီးတောင်ကြီးအောက်မှာရှိတဲ့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကနေ တဆင့် ထွက်ခွာနိုင်တယ်။ မင်းတို့အားလုံးက ဧရာမဆေးဝါးကုမ္ပဏီရဲ့ လက်ရွေးစင်တွေပဲ။ ငါတို့အတူတူ ဒီကနေထွက်ခွာပြီး အသက်ရှင်ကျန်နိုင်ရင် ဧရာမဆေးဝါးကုမ္ပဏီကို ပြန်တည်ဆောက်နိုင်တယ်!"
အမှောင်ဆုံးအချိန်များတွင် အလင်းရောင်မှိန်မှိန်တစ်ခုပေါ်လာခြင်းပင်။
"မန်နေဂျာကြီးက မျှော်လင့်ထားသလိုပဲ ကိစ္စတိုင်းအတွက် အရန်အစီအစဉ်တွေ အမြဲရှိနေတယ်!"
"အမှန်ပဲ သေသွားတဲ့လူတွေက စစ်မှန်တဲ့ အဆင့်မြင့်သိပ္ပံနည်းပညာတွေကို နားမလည်တဲ့ အဆင့်နိမ့်သုတေသီတွေပါ။ ငါတို့ အသက်ရှင်ကျန်ရင် ဧရာမဆေးဝါးကုမ္ပဏီကို ပြန်တည်ဆောက်နိုင်မှာပါ!"
"မင်းတို့ ဘာတွေစောင့်နေကြတာလဲ? မားစ်ဂြိုဟ်တော်လှန်ရေးတပ်တွေ မကြာခင် ငါတို့ကို တိုက်ခိုက်လာတော့မယ်။ မြန်မြန်ထွက်သွားကြရအောင်!"
...
လူတိုင်း အလွန်တက်ကြွလာကြပြီး၊ ခဏမျှပင် အချိန်မဖြုန်းလိုဘဲ ချက်ချင်းထွက်ခွာလိုနေကြသည်။
သို့သော် ဖုန့်လင်းမှာ တိတ်ဆိတ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဖရန့် စကားများတွင် လူတိုင်းအတူတကွထွက်ခွာနိုင်မည်ဟု တိတိကျကျ မဖော်ပြခဲ့ပေ။ သူ၏စကားလုံးများတွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပါယ်များ ရှိနေသည်။
လူတိုင်း၏ စိတ်မရှည်မှုများကြောင့် လေထုမှာ တင်းမာလာသော်လည်း၊
ဖရန့်မှာမူ သူ၏မူလနေရာတွင် အေးစက်သောမျက်နှာအမူအရာဖြင့် ရပ်နေခဲ့လေသည်။
"ကံမကောင်းစွာနဲ့ပဲ၊ အာကာသလွန်းပျံယာဉ်က အရွယ်အစားသေးပြီး လူ ၅၀ ပဲ ဆန့်တယ်။ အားလုံးပဲ ငါ ဝမ်းနည်းပါတယ်။ ငါတို့ ဧရာမဆေးဝါးကုမ္ပဏီက အသုံးမဝင်တဲ့လူတွေကို မလိုအပ်ဘူး။ အစစ်အမှန်စွမ်းရည်ရှိသူတွေပဲ ငါနဲ့အတူ ထွက်ခွာခွင့်ရမှာပါ!"
"ဘာ?" အံ့အားသင့်နေသည့်အသံများဖြင့် လေထုမှာ ပြည့်နှက်သွားခဲ့သည်။
အတွေးတစ်ချက်သည် ကောင်းကင်ဘုံ ကိုဦးတည်နိုင်သကဲ့သို့၊ ငရဲပြည်သို့လည်း ဦးတည်သွားနိုင်သည်။
သူတို့အားလုံး ဝမ်းသာမှုကို ခံစားနေရစဉ်၊ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
လက်ရှိတွင် သုတေသီ ၁၀၀ ကျော်ရှိနေခဲ့သည်။ ဆိုလိုတာက ဒီနေရာမှာရှိတဲ့ လူဦးရေတစ်ဝက်ကျော်က ထွက်ခွာခွင့်မရဘူးပေါ့?
သူတို့သာ ဤနေရာမှ ထွက်ခွာနိုင်ပါက အသက်ရှင်နိုင်မည်ဖြစ်ပြီး ကျန်ခဲ့ပါက သေဆုံးမည်မှာ အသေအချာပင်။
ဘယ်သူသေမယ်၊ ဘယ်သူရှင်မယ်ဆိုတာကိုကို ဘယ်သူမှ မသိနိုင်ပါဘူး။ လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး အလွန်လေးလံသွားသည်ကို ခံစားလိုက်ရသည်။
ဖရန့်မှည သူတို့၏တုံ့ပြန်မှုများကို ဂရုမစိုက်ခဲ့ပေ။ သူ၏ ကိုယ်ရေးမိုက်ခရိုချစ်ပ် ကို အသက်သွင်းကာ လေထဲတွင် အမည်စာရင်းတစ်ခုကို ပြသလိုက်အြီးနောက် အော်လိုက်သည်
"အန်ဒရူး!"
"ကျေးဇူးတင်ပါတယ် မန်နေဂျာဖရန့် ဒီကနေထွက်ခွာပြီးရင် ဧရာမဆေးဝါးကုမ္ပဏီကို ပြန်တည်ဆောက်ဖို့ ကျွန်တော် အပြည့်အဝ ကြိုးစားမှာပါ!" ပိန်ပါးသော ရွှေရောင်ဆံပင်ရှိသည့် သုတေသီတစ်ဦးမှာ မျက်နှာထက်တွင် ပျှော်ရွှင်မှုများရှိနေခဲ့ပြီး ဤနေရာမှ ထွက်သွားနိုင်ရန် ရွေးချယ်ခံလိုက်ရပြီဟု ထင်နေခဲ့သည်။
သို့သော် နောက်တစ်ခဏတွင် ဖရန့်၏ စကားများက သူ၏နှလုံးသားကို ချောက်ကမ်းပါးအောက်ထိ ကျဆင်းသွားစေခဲ့သည်။
"အန်ဒရူး၊ မင်းရဲ့အောင်မြင်မှုတွေက အရမ်းအားနည်းနေသေးတယ်။ ငါတို့နဲ့အတူ မထွက်ခွာနိုင်ဘူး!"
"မန်နေဂျာဖရန့် ခင်ဗျား အဲ့လို လုပ်လို့မရဘူး။ကျွန်တော် ရှေးဟောင်းနတ်ဆေးတွေကို လေ့လာပြီးတော့ ဖွံ့ဖြိုးရေးအတွက် အစီအစဉ်တစ်ခု ရေးဆွဲထားပြီးပြီ!" အန်ဒရူး မလိုလားစွာဖြင့် ကန့်ကွက်လိုက်သည်။
"ဒါပေမယ့် ထိရောက်မှုရှိလား?"ဖရန့်၏ စကားများမှာ အန်ဒရူးအား သေဒဏ်စီရင်နေသကဲ့သို့ အေးစက်နေခဲ့သည်။
အန်ဒရူး စတင်၍ စူးရှစွာ ငိုကြွေးလိုက်သည်။ ဖရန့်မှာ သူ၏ငိုသံများကို နောက်ထပ်နားထောင်လိုခြင်း မရှိတော့ပေ။ သူ လက်ညှိုးညွှန်ပြလိုက်သည်နှင့် ကိုယ်ပွားစစ်သားနှစ်ဦး ထွက်လာကာ အန်ဒရူးကို အလွယ်တကူပင် ဖမ်းဆီးလိုက်သည်။
ကြမ်းပြင်မှာ တိတ်တဆိတ် ပွင့်သွားပြီး အင်္ဂါဂြိုဟ်၏အတွင်းပိုင်းသို့ တိုက်ရိုက်ဆက်သွယ်ထားသော သတ္တုလမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုနေရာတွင် မီးတောင်ချော်ရည်များ ပြင်းထန်စွာ ဆူပွက်နေပြီး အကယ်၍ တစ်စုံတစ်ဦးသာ ထိုအတွင်းသို့ ကျသွားပါက အရိုးတစ်ချောင်းတစ်လေမျှပင် ကျန်လိမ့်မည် မဟုတ်ပေ။
အန်ဒရူး လုံးဝ ထိတ်လန့်သွားပြီး တောင်းပန်လိုက်သည်။ "ကျွန်တော် အခု မထွက်သွားချင်တော့ပါဘူး၊ ဒီမှာပဲ နေမယ်၊ ရလား? မြန်မြန် ကျွန်တော့်ကို လွှတ်ပေးပါ!"
"မဖြစ်နိုင်ဘူး" ဖရန့်၏မျက်နှာထက်တွင် ခံစားချက်များ ရှိမနေခဲ့ပေ။ "မင်းသိထားတဲ့ လျှို့ဝှက်ချက်တွေက အရမ်းများနေပြီ။ မားစ်ဂြိုဟ်တော်လှန်ရေးတပ်ရဲ့လက်ထဲ ရောက်သွားခွင့် မပေးနိုင်ဘူး။ ငါ ဝမ်းနည်းပါတယ်။"
သူ့လက်ဟန်ပြလိုက်သည်နှင့် ကိုယ်ပွား စစ်သားများမှာ အန်ဒရူးကို ထိုလမ်းကြောင်းအတွင်းသို့ ပစ်ချလိုက်သည်။ မီးတောင်ချော်ရည်အတွင်းသို့ ကျဆင်းသွားစဉ် အန်ဒရူး၏ မချိတင်ကဲနာကျင်နေသည့် အသံများမှာ လေထုကို ဖြတ်သန်းသွားသည်။ သို့သော် မကြာမီပင် အရာအားလုံး တိတ်ဆိတ်သွားခဲ့တော့၏။
''လီယာ!'' ဖရန့် အမည်စာရင်းကို ဆက်ဖတ်လိုက်သည်။ လူဖြူခပ်ဝဝတစ်ဦး စူးရှစွာ အော်လိုက်သည်။ သူ လွတ်မြောက်လိုခဲ့သော်လည်း ကိုယ်ပွားစစ်သားများ၏ ဖမ်းဆီးမှုကို ခံလိုက်ရသည်။ ကိုယ်ပွားစစ်သားများမှ လမ်းကြောင်းအတွင်းသို့ ပစ်ချနေစဥ် သူ့ပုံစံမှာ အော်မြည်နေသည့် ဝက်တစ်ကောင်ကဲ့ဖြစ်နေပြီး သူ့အရိုးများပင် မကျန်တော့ပေ။
''ကရိုဆော့ဗ်!''
"ကျန်းထျန်းဖေး!"
"ဆာဘူရို အီနိုမိုတို!"
...
ဖရန့်မှာ စာရင်းရှိနာမည်များကို ဆက်ဖတ်နေခဲ့သည်။သူ့ပုံစံမှာ သေဆုံးခြင်း၏နတ်ဘုရားတစ်ပါးကဲ့သို့ သေမျိုးများအပေါ် တရားစီရင်မှုများကို ကြေညာနေခဲ့သည်။တစ်စုံတစ်ဦး၏ အမည်ကို ဖော်ပြလိုက်သည်နှင့် ထိုလူမှာ စိတ်မချမ်းမြေ့ဖွယ် သေဆုံးမည်မှာ အသေအချာပင်။
ဤအားနည်းသော သုတေသီများမှည ကြံ့ခိုင်သော ကိုယ်ပွားများရှေ့တွင် အကူအညီမဲ့နေခဲ့သည်။ သူတို့ပုံစံမှာ ဟင်းချိုအိုးပူပူထဲသို့ ပစ်ချခံနေရသော ပေါက်စီများကဲ့သို့ပင်။
ကျန်ရှိသော သုတေသီများမှာ သူတို့၏မူလနေရာတွင် ရပ်နေကြပြီး ဆိုးရွားစွာ တုန်ယင်နေကြသည်။ သူတို့လုပ်ဖော်ကိုင်ဖက်များ၏ ကြောက်မက်ဖွယ်သေဆုံးမှုကို ကြည့်နေခဲ့ရသော်လည်း၊ မည်သူမျှ ကန့်ကွက်ရန် မဝံ့ရဲကြပေ။ အကယ်၍ ဖရန့်သာ စိတ်ဆိုးသွားပါက သူတို့၏အမည်များကို အခေါ်ခံရနိုင်ပြီး၊ အမှန်တကယ်ပင် မတရားသဖြင့် သေဆုံးရမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
ဧရာမဆေးဝါးကုမ္ပဏီမှာ ၎င်း၏လမ်းဆုံးသို့ ရောက်သွားပြီဖြစ်ရာ၊ ဤလူများတွင်လည်း သွားစရာနေရာ မရှိတော့ပေ။
ဖုန့်လင်းမှာ အရာအားလုံးကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူ့မျက်နှာတွင် ထိတ်လန့်မှု ရှိနေပုံရသော်လည်း၊ သူ့နှလုံးသားထဲတွင်မူ အေးစက်စွာ ရယ်နေခဲ့သည်။
ဤကိုယ်ပွားများသည် မူလက သုတေသီများကိုယ်တိုင် စမ်းသပ်ဖန်တီးခဲ့ကြသော အရာများပင်။ သို့သော် ယခုအခါတွင် သူတို့ဖန်တီးခဲ့သောအရာများ၏လက်ထဲတွင် သေဆုံးနေကြသည်။ ဤအရာသည် တစ်နည်းနည်းဖြင့် သင့်လျော်နေပုံရသည်။
ဘယ်လိုတောင် ကြီးမားတဲ့ သံသရာလည်မှုတစ်ခုလဲ!