အဓိကအောင်မြင်မှု
Vol. 8 Ch. 116
"ဒါက...?"
များစွာသော မျက်လုံးများမှာ အကြည့်ချင်း ဆုံမိကြပြီးနောက်၊ ကြည်လင်သော ကျောက်စိမ်းရောင် ပုံဆောင်ခဲဆီသို့ စုစည်းသွားကြသည်။
"မင်း အစိမ်းရောင် လူသန်ကြီးဆေးရည်ကို ပုံဆောင်ခဲဖွဲ့တာ အောင်မြင်ပြီလို့ ပြောလိုက်တာလား?" မန်နေဂျာဖရန့်မှာ ဤစကားကိုကြားသည်နှင့် ပင့်သက်ရှိုက်လိုက်မိပြီး ယခင်ကကဲ့သို့ မတည်ငြိမ်နိုင်တော့ပေ။
"အမှန်ပဲ" ဖုန့်လင်း ခေါင်းညိတ်လိုက်သည်။ "ဒါက အစိမ်းရောင် လူသန်ကြီး ဆေးရည် အပေါ် မှာ ပြီးပြည့်စုံတဲ့ ပုံဆောင်ခဲဖွဲ့ဆေးဝါးဖန်တီးနည်းစနစ်ကို အသုံးပြုပြီး ရလာတဲ့ အဆုံးသတ်ထုတ်ကုန်ပါ!"
"မင်း တကယ်အောင်မြင်သွားပြီပဲ!"
ဖရန့် မနေနိုင်တော့ဘဲ အနားသို့ လျှောက်လာခဲ့သည်။ သူ လက်ယမ်းပြလိုက်သည်နှင့် ကိုယ်ပွားစစ်သားများ ဆုတ်ခွာသွားပြီး၊ ဖုန့်လင်းကို ဖမ်းဆီးရန် ရည်ရွယ်ချက်မရှိတော့ပေ။
သူတို့ရဲ့ အစောပိုင်းကအကြောင်းပြချက်က ဘာလဲ? နတ်ဘုရားရဲ့ကလေး မဟုတ်တာလား? ဒါက အရေးကြီးလို့လား?
ဤအချိန်တွင်၊ ဖုန့်လင်းအနေဖြင့် သူ့ပါရမီကို အပြည့်အဝသက်သေပြလိုက်ပြီဖြစ်သည်။ နတ်ဘုရားသွေးအစီအရင်ဖြင့် နတ်ဘုရား၏ကလေးဖြစ်လာခြင်းမှာ လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး ဤကိစ္စနှစ်ခုကို နှိုင်းယှဉ်၍မရပေ။
ဖရန့်၏ စိတ်လှုပ်ရှားနေပုံကို မြင်လိုက်သောအခါ၊ မတ်ဆုရှီတ အိုနီဂျင်မှာ သူ့အတွက် အခြေအနေများ အလွန်ဆိုးရွားနေပြီဆိုသည်ကို သိသွားသည်။
ဖုန့်လင်းတွင် ဤကဲ့သို့သော လျှို့ဝှက်လက်နက်ရှိနေမည်ကို သူ မျှော်လင့်မထားခဲ့ပေ။
အရင်က သူသည် ဖုန့်လင်း၏ ယုံကြည်မှုကို ရရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဖော်လန်ဖားခဲ့ပြီး ဖုန့်လင်းမှာ သူ့ကို အပြည့်အဝယုံကြည်ထားသည်ဟု သူ ယူဆခဲ့ကာ ဖုန့်လင်းအနေဖြင့် ဤကဲ့သို့အရာမျိုးကို ဖုံးကွယ်ထားမည်ကို မမျှော်လင့်ခဲ့ပေ။
ဘယ်လိုတောင် ရက်စက်တာလဲ!
မတ်ဆုရှီတ အိုနီဂျင်မှာ ဖုန့်လင်းကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီး သူ၏ သွားများကို ကြိတ်နေရင်း နှလုံးသားထဲတွင် အေးစက်မှုတစ်ခု အလိုအလျောက် မြင့်တက်လာတော့သည်။
ဤငနဲမှာ အသက်ငယ်သော်လည်း၊ အလွန်အမင်း ဉာဏ်များလှသည်။
ယခု ဤသည်မှာ နောက်ဆုံးခေါ်ခံရမည့် နာမည်ဖြစ်ပြီး သူ သို့မဟုတ်
ဖုန့်လင်းသေမည်ပင်!
ဒါပေမယ့် သူ ဖုန့်လင်းကို တကယ်ပဲ အနိုင်ရနိုင်ပါ့မလား?
မတ်ဆုရှီတ အိုနီဂျက်၏နှလုံးသားထဲတွင် ကြီးမားသည့် စိုးရိမ်မှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူ၏အသက်အတွက်၊ သူ ဤနေရာတွင်သာ ထိုင်ပြီး သေခြင်းကို စောင့်မျှော်နေရန် ဆန္ဒ မရှိပေ။ သူသည် ထပ်မံခုန်ထွက်လာကာ
ဖုန့်လင်းကို လက်ညှိုးထိုးလိုက်သည်-
"ဒီ အစိမ်းရောင် လူသန်ကြီးဆေးရည် အတွက်၊ ဖုန့်လင်းအနေနဲ့ အရင်ကတည်းက စမ်းသပ်မှုတွေအောင်မြင်ပြီးသားဖြစ်လို့ ဒီလိုမြန်မြန်ထုတ်နိုင်တာပဲ။ ဘာလို့ အရင်က ဒါကိုတမင်ဖုံးကွယ်ထားတာလဲ? သူ့နှလုံးသားထဲမှာ နက်နဲတဲ့ရည်ရွယ်ချက်တွေရှိနေတာ အသေအချာပဲ! မန်နေဂျာဖရန့်၊ အဖွဲ့ခေါင်းဆောင် အိုက်၊ ခင်ဗျားတို့ သူ့ကိုလုံးဝမယုံကြည်သင့်ဘူး!"
တစ်ယောက်အနေဖြင့် အကူအညီမဲ့နေလျှင်ပင် သူ အဓိကအချက်ကို တိတိကျကျ ထောက်ပြနိုင်ခဲ့သည်ဟုပြောနိုင်သည်။
ယခင်က အားလုံးအနေနှင့် ပုံဆောင်ခဲဖွဲ့နည်းစနစ် ကျရှုံးမည်ဟု ခံစားခဲ့ကြရသည်၊ ဒါပေမယ့် ဖုန့်လင်းက သူ့အသက်ကို ကာကွယ်ဖို့ ပြီးပြည့်စုံတဲ့ထုတ်ကုန်တစ်ခုကို ရုတ်တရက်ထုတ်ပြနိုင်ခဲ့တာလား? ဒါက သိပ်ပြီး တိုက်ဆိုင်လွန်းမနေဘူးလား?
ဤအရာသည် သဘာဝအတိုင်းပင် လူအများ၏ နှလုံးသားထဲတွင် သံသယများကို ဖြစ်ပေါ်စေခဲ့သည်။
"မန်နေဂျာကြီး သေချာစဉ်းစားဖို့လိုပညတယ်!" အိုက် ပြောလိုက်သည်။
ဖရန့်မှာ တွန့်ဆုတ်နေခဲ့ပြီး ဖုန့်လင်းကို စိုက်ကြည့်လိုက်သည်။- "ဖုန့်လင်း၊ မင်း ငါတို့ကို ရှင်းပြဖို့လိုနေပြီ"
သူ၏မျက်လုံးများမှာ အေးစက်နေခဲ့သည်။ အကယ်၍ ဖုန့်လင်းအနေဖြင့် သင့်တော်သောရှင်းလင်းချက်ကို မပေးနိုင်ပါက၊ သူ သေချာပေါက် ဒုက္ခရောက်မည်ဖြစ်သည်။
သို့သော်၊ ဖုန့်လင်းမှာ ဤအချိန်တွင် ပုံဆောင်ခဲဖွဲ့ထားသော အစိမ်းရောင် လူသန်ကြီးဆေးရည်ကို ထုတ်ပြရဲခြင်းအတွက် သူ ဤအရာကိုလည်း သဘာဝအတိုင်း ကြိုတင်စဉ်းစားထားပြီးဖြစ်သည်။
"ကျွန်တော် အရင်က ဒါကိုမထုတ်ပြရတဲ့အကြောင်းက ပုံဆောင်ခဲဖွဲ့နည်းစနစ်က မပြည့်စုံသေးလို့ပါ။ ကျွန်တော် နေ့တိုင်း ဆေးဘက်ဝင်ပါဝင်ပစ္စည်းတွေကိုယူပြီး အိမ်မှာသုတေသနလုပ်ခဲ့ပါတယ်။ ကျွန်တော် အကြိမ်ရာချီကြိုးစားပြီးမှ တစ်ခါပဲ အောင်မြင်ခဲ့တာပါ။ ဒါကြောင့် နည်းစနစ်ကို ပြည့်စုံအောင်လုပ်ဖို့ အာရုံစိုက်နေတာ၊ လုံးဝပြည့်စုံသွားမှ တင်ပြချင်လို့ စောင့်နေခဲ့တာပါ"
ဤအကြောင်းပြချက်မှာ အနည်းငယ်အားနည်းနေသော်လည်း၊ ယုံကြည်နိုင်ဖွယ်တော့ရှိသည်။
ဖရန့်၏ တင်းမာနေသောမျက်နှာအမူအရာမှာလည်း ပြေလျော့သွားခဲ့သည်။
ဖုန့်လင်း ဆက်ပြောလိုက်သည်- "ဒီမှာရှိတဲ့လူတိုင်းက ကျွန်တော့်အတွက် သက်သေခံနိုင်ပါတယ်။ ကျွန်တော် နေ့တိုင်း ကြိုးစားပြီး သုတေသနလုပ်ခဲ့တာကို"
သုတေသီအားလုံး တိတ်ဆိတ်သွားကြသည်၊ သူတို့အနေနှင့် ငြင်းဆိုနိုင်သော်လည်း၊ အမှန်တရားသည် မြေအောက်ဓာတ်ခွဲခန်းရှိ စောင့်ကြည့်စက်များတွင် ဖမ်းယူပြီးသားဖြစ်လိမ့်မည်။ သူတို့ လိမ်ချင်လျှင်ပင် အကျိုးမရှိပေ။
သို့သော်၊ သဘာဝအတိုင်း သူတို့အနေဖြင့် ဖုန့်လင်းအတွက် ရပ်တည်ပြောဆိုရန်မှာ မဖြစ်နိုင်ပေ။ နောက်ဆုံးတွင်၊ သူတို့သည် တိတ်တိတ်နေရန်သာ ရွေးချယ်နိုင်ခဲ့လေသည်။
သို့သော် ဆိတ်ဆိတ်နေခြင်းသည်လည်း သဘောတူမှုတစ်ခုပင် ဖြစ်သည်!
ဖရန့် ဤအချက်ကို အလွန်ရှင်းလင်းနေခဲ့သည်။
သူသ ဖုန့်လင်းဆီသို့ လျှောက်လာပြီး ကျောက်စိမ်းရောင်ပုံဆောင်ခဲကို ယူကာ စစ်ဆေးလိုက်သည်။ သူ ဤအရာကို အပြည့်အဝမယုံကြည်သေးပေ။ "တကယ့်အကျိုးသက်ရောက်မှုကိုတော့ ငါတို့ စမ်းသပ်ပြီးမှပဲ သိရမှာပေါ့"
"ဒါက သဘာဝကျပါတယ်" ဖုန့်လင်း ဘာကိုမှ ရှင်းပြရန် မကြိုးစားခဲ့ဘဲ သူ့တွင် ပြင်းထန်သော ယုံကြည်မှုများ
ပြည့်နေသည့်ပုံစံ ပြုမူနေခဲ့သည်။
ဖုန့်လင်း၏ယုံကြည်ချက်ရှိနေမှုကို မြင်လိုက်သောအခါ၊ ဖရန့်မှာ အကူအညီမဲ့နေသော်လည်း ဖုန့်လင်းကို ပို၍ အလေးထားလာခဲ့သည်။ သို့သော်
ဖုန့်လင်းယုံကြည်ချက်ရှိနေခြင်း၏
စစ်မှန်သည့်အရင်းအမြစ်မှာ သူ၏အင်အားပင်ဖြစ်ပြီး၊ ဤကျောက်စိမ်းရောင်ပုံဆောင်ခဲတစ်ခု မဟုတ်ကြောင်း သူမသိခဲ့ပေ။
အမှန်တွင် ဖုန့်လင်းအနေဖြင့် အစိမ်းရောင် လူသန်ကြီးဆေးရည်ကို ပုံဆောင်ခဲအဖြစ် ဖွဲ့စည်းနိုင်ခဲ့သော်လည်း၊ စမ်းသပ်မှုမပြုလုပ်ရသေးပေ။
အကယ်၍ ဤကျောက်စိမ်းရောင်ပုံဆောင်ခဲတွင် အကျိုးသက်ရောက်မှုရှိပါက၊ အရာအားလုံး အဆင်ပြေလိမ့်မည်ဖြစ်ပြီး သူ၏ ဟန်ဆောင်မှုကို ဆက်လုပ်ကာ ဆေးမီးဖိုအင်မော်တယ်ဂိုဏ်း၏ ဒဏ္ဍာရီလာ အပျက်အယွင်းများအတွင်းသို့ ဝင်ရောက်ရန် အခွင့်အလမ်းကို စောင့်နိုင်မည်ဖြစ်သည်။
အကယ်၍ ပုံဆောင်ခဲမှာ အကျိုးသက်ရောက်မှုမရှိပါက၊တိုက်ရိုက်ပင် သူ၏အင်အားကို ပြကာ ဤနေရာမှ ထွက်ပေါက်ရှာမည်ဖြစ်သည်။
"စားလိုက်!" ဖရန့်မှာ ပုံဆောင်ခဲကို ကိုယ်ပွားစစ်သားတစ်ဦး၏လက်ထဲသို့ ထည့်ပေးရင်း အမိန့်ပေးလိုက်သည်။
ကိုယ်ပွားစစ်သားမှာ ဘာစကားမှမပြောဘဲ ချက်ချင်းပင်စားလိုက်သည်။
တဂျွတ်ဂျွတ်မြည်သံနှင့်အတူ၊ သူ့ဗိုက်အတွင်းသို့ ကျောက်စိမ်းရောင်ပုံဆောင်ခဲကို မျိုချလိုက်သည်။
နောက်တစ်ခဏတွင်၊ ကိုယ်ပွားစစ်သားမှာ ပုံမှန်မဟုတ်သော အခြေအနေသို့ ရောက်သွားသည်။ သူ၏ဗိုက်နေရာတွင် မျက်စိဖြင့်မြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့် ကျောက်စိမ်းရောင်စွမ်းအင်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ အလျင်အမြန်ပျံ့နှံ့သွားခဲ့သည်။ သူ့အရေပြားမှာ ဖောက်ထွင်းမြင်နေရပြီး လူတိုင်းမှာ အတွင်းထဲရှိ ကျောက်စိမ်းရောင်စွမ်းအင်၏လှုပ်ရှားမှုကို မြင်နိုင်ခဲ့သည်။
ကိုယ်ပွားများမှာ ဉာဏ်ရည်မြင့်မားမှုမရှိသော်လည်း၊ အသက်ရှင်လိုသည့် ပင်ကိုယ်ဗီဇအချို့ရှိနေပြီး ကိုယ်ပွားစစ်သားမှာ နာကျင်မှုကို ခံစားနေရသောကြောင့်၊စူးရှစွာ စတင် အော်လာတော့၏။ သူ၏ကြွက်သားများသည် တုန်ရီနေပြီး၊ ကျောက်စိမ်းရောင်စွမ်းအင်သည် သူ့ခန္ဓာကိုယ် အတွင်းအပြင်ကို အစိမ်းရောင်ဆိုးလိုက်သည်။
သို့သော်၊ ဤသည်မှာ အရေပြားအရောင်ပြောင်းခြင်းလောက် မရိုးရှင်းပေ။
ဂျွတ်၊ ဂျွတ်၊ ဂျွတ်!
အရိုးကျိုးသံများကို ကြာနေရသည်။ ကိုယ်ပွားစစ်သားမှာ အလျင်အမြန်ကြီးထွားလာပြီး၊ အရပ်ရှည်လာကာ ခန္ဓာကိုယ်လုံးပတ်မှာလည်း ကျယ်ပြန့်လာခဲ့ရင်း ကြည့်မိသည့်လူများ အံ့အားသင့်လောက်အောင် ရှည်လျားသောအရပ်အမြင့်သို့ ရောက်သွားခဲ့သည်။
ခဏအကြာတွင်၊ ကိုယ်ပွားစစ်သားမှာ အရပ်သုံးမီတာကျော်ရှည်ပြီး အစိမ်းရောင်ကြေးနီအရေပြားရှိသော လူသန်ကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူ၏ရက်စက်ကြမ်းကြုတ်သော အော်ရာမှာ ကြည့်မိသူတိုင်း၏ နှလုံးသားများကို တုန်လှုပ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူသားတစ်ဦးကို ကြည့်နေရခြင်း မဟုတ်ဘဲ ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ခံစားချက်ကို ပေးနေခြင်းကြောင့်ပင်။
အစိမ်းရောင်လူသန်ကြီး၏မျက်လုံးများမှာ သွေးရောင်အလင်းများဖြင့် ပြည့်နှက်နေပြီး၊ ရက်စက်မှုများကို ဖော်ထုတ်နေကာ အသက်ပြင်းပြင်းရှုနေခဲ့သည်။
ဖရန့်၏မျက်နှာတွင် အရိုင်းဆန်သည့် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူ ရောင်ခြည်သေနတ်ကို ထုတ့ကာ အစိမ်းရောင်လူသန်ကြီးဆီသို့ ပစ်ခတ်လိုက်သည်။
အစိမ်းရောင်လူသန်ကြီးမှာ မရှောင်ဘဲ၊ မူလနေရာတွင်သာ ရပ်နေခဲ့သည်။ ရောင်ခြည်အလင်းတန်းများ ထိမှန်သောအခါ၊ ရောင်ခြည်အလင်းတန်း၏စွမ်းအင်ကို အစိမ်းရောင်လူသန်ကြီး၏ အရေပြားက စုပ်ယူလိုက်သည်။ အစိမ်းရောင်လူသန်ကြီး၏ခန္ဓာကိုယ်အတွင်းမှ အသံများ မြည်လာပြီး၊ အနည်းငယ် ပိုကြီးလာကာ ပိုမိုမာကျောလာခဲ့သည်။
ဖုန့်လင်း ဘေးမှ အေးစက်စွာ စောင့်ကြည့်နေခဲ့ပြီး ဤ အစိမ်းရောက်လူသန်ကြီး၏စွမ်းရည်သည် သူ့ကျောက်တုံးမျောက်ဗီဇ၏စွမ်းရည်နှင့် အနည်းငယ်ဆင်တူနေသည်ကို တွေ့လိုက်ရသည်။
ကျောက်တုံးမျောက်ဗီဇမှာ စွမ်းအင်အကျိုးသက်ရောက်မှုများကို သီးခြားခွဲထုတ်နိုင်ပြီး၊ ဤအစိမ်းရောင်လူသန်ကြီးမှာမူ ရောင်ခြည်အလင်းတန်း၏ ရေဒီယိုသတ္တုကြွမှု(ရောင်ခြည်ဖြာထွက်မှု)ကို စုပ်ယူကာ မိမိကိုယ်ကို အားဖြည့်နိုင်သည်။ စွမ်းရည်အတိအကျမှာ မည်သည့်အရာဆိုသည်ကို ဖုန့်လင်း စဉ်းစားနေခဲ့သည်။
ထို့အပြင်၊ အစိမ်းရောင်လူသန်ကြီးဗီဇမှာ အထွတ်အထိပ်ဗီဇတစ်ခုဖြစ်နိုင်သော်လည်း၊ ၎င်းကို ဗီဇဆေးဝါးဖြင့် အတင်းအကျပ်နိုးထစေခဲ့ခြင်းဖြစ်သည့်အတွက် အရည်အသွေးနိမ့်မည်မှာ အသေချာပင်။ အစိမ်းရောင်လူသန်ကြီး၏ အသက်စွမ်းအင်အညွှန်းကိန်းမှာ သိပ်မြင့်မည်မဟုတ်ဘဲ၊ သူ့ထက် အရမ်းသာလိမ့်မည်မဟုတ်ပေ။
ဖုန့်လင်း သူ့နှလုံးသားကို ဖြေလျှော့နိုင်ခဲ့သည်။ ဖရန့်အနေနှင့် ဤအစိမ်းရောင်လူသန်ကြီးကို ထိန်းချုပ်ကာ သူ့ကိုတိုက်ခိုက်လာပါက၊ သူ ၎င်းကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိလိမ့်မည်ဖြစ်သည်။
ဖုန့်လင်းအနေနဲ့ အစိမ်းရောင်လူသန်ကြီးရဲ့ အားနည်းချက်ကိုတောင် သိထားပြီး၊ ဒီအားနည်းချက်ကနေတဆင့် အစိမ်းရောင်လူသန်ကြီးကို နှိမ်နင်းနိုင်မယ်ဆိုတာကိုပါ သိထားပါတယ်။ ဖရန့်မှာသာ ရုတ်တရက် မကောင်းတဲ့အကြံရှိလာခဲ့ရင်၊ သူ အရမ်းအံ့သြသွားမှာ အသေအချာပါပဲ။
"ဖုန့်လင်း၊ အရမ်းကောင်းတယ်။ မင်းရှိနေရင် ငါတို့ ဧရာမဆေးဝါးကုမ္ပဏီ တစ်ကျော့ပြန်လာနိုင်မှာ အသေအချာပဲ။ အတူတူ ထွက်သွားရအောင်" ဖရန့်မှာ ဖုန့်လင်း၏ ပခုံးကို ပုတ်ပြီး ပြုံးလိုက်သည်။ ယခင်က အေးစက်နေသည့် သဘောထားများ လုံးဝပျောက်သွားပြီး ဖုန့်လင်းအပေါ် အသိအမှတ်ပြုမှုမှာ ပိုမိုမြင့်တက်သွားတယ်။
အစိမ်းရောင်လူသန်ကြီးဆေးရည်အပေါ်မှာ ပုံဆောင်ခဲဖွဲ့နည်းစနစ်ရဲ့ အောင်မြင်မှုက သူတို့ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရစေတဲ့ နောက်ဆုံးကောက်ရိုးတစ်မျှင် ဖြစ်သွားပါတယ်။ အမှန်တရားက လူတိုင်းရှေ့မှာ ရှိနေပြီး ပုံဆောင်ခဲဖွဲ့နည်းစနစ်က ပြည့်စုံနေပါပြီ။
တကယ်စွမ်းဆောင်နိုင်စွမ်းရှိတဲ့လူတစ်ယောက်က အမြဲတမ်း အခြားသူတွေရဲ့ မျက်လုံးထဲမှာ ကွဲပြားနေမှာပါ။
ဖုန့်လင်း ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ရင်း ရယ်မောလိုက်ကြသည်။ အစောပိုင်းက မပျော်ရွှင်မှုတွေက အိပ်မက်တစ်ခု ဖြစ်သွားသလိုပါပဲ။
ဖရန့် သူ့အကြည့်ကို ရွှေ့လိုက်ပြီး ကိုယ်ပွားစစ်သားများကို မတ်ဆုရှီတ အိုနီဂျင်ဆီသို့ လှုပ်ရှားရန် တိတ်တဆိတ် အချက်ပြလိုက်သည်။
"သူ ခင်ဗျားတို့ကို လှည့်စားနေတာ!" မတ်ဆုရှီတမှာ ဤအခြေအနေကို မြင်လိုက်သည့်အခါ မကျေမနပ်ဖြစ်ပြီး စူးရှစွာအော်လိုက်တယ်။ သူ ရုန်းကန်နေခဲ့ပြီး အလျင်အမြန် ပြောလိုက်သည် "သူက မားစ်ဂြိုဟ်တော်လှန်ရေးတပ်ရဲ့ သူလျှိုဖြစ်နိုင်တယ်။ ဘာလို့ မားစ်ဂြိုဟ်တော်လှန်ရေးတပ်က ကျုပ်တို့ရဲ့ လျှို့ဝှက်ချက်တွေကို ဒီလောက်အများကြီး သိနေရတာလဲ? ဒီနေ့တွေမှာ ကျွန်တော်တို့ဆီ ရောက်လာတဲ့သူ တစ်ယောက်ပဲရှိတယ်!"
ရူးသွပ်နေသည့် ခွေးတစ်ကောင်ကဲ့သို့ သူ ဟစ်အော်နေပြီး မတော်တဆ အမှန်တရားကို မှန်းဆမိသွားသည်။
အစက အရမ်းတည်ငြိမ်နေခဲ့တဲ့
ဖုန့်လင်းအနေနဲ့ ဒီစကားကို ကြားတဲ့အခါမှာ မတတ်သာဘဲ သူ့နှလုံးသား တုန်ရီသွားသည်ဟု ခံစားခဲ့ရသည်။
ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဖရန့်အနေနဲ့ မတ်ဆုရှီတရဲ့စကားကို နောက်ထပ် နားမထောင်တော့ပါဘူး။ သူ လလက်ဝှေ့ယမ်းပြလိုက်သည်နှငိ့ ကိုယ်ပွားစစ်သားများမှာ မတ်ဆုရှီတကို ဆွဲယူပြီး မီးတောင်ချော်ရည်ထဲ ပစ်ချလိုက်တော့၏။ ခဏအတွင်းပင် သူ့ မုန့်ကြွပ်တစ်ခုဖြစ်အောင် လောင်ကျွမ်းခံလိုက်ရပြီး သူ၏စူးစူးဝါးဝါးအော်သံများ ပျောက်ကွယ်သွားကာ အရိုးတစ်ချောင်းပင် ကျန်ခဲ့ခြင်းမရှိချေ။
အခြားသုတေသီတွေအနေနဲ့ အသက်တောင် ပြင်းပြင်း မရှူရဲကြတော့ပါဘူး။ သူတို့အနေနဲ့ ယုန်တွေအားလုံးကို အမဲလိုက်ပြီးတဲ့နောက်မှာ အသတ်ခံရတဲ့ အမဲလိုက်ခွေးတွေရဲ့ ဝမ်းနည်းမှုကို ခံစားရပေမယ့်၊ ဒီဖြစ်ရပ်ကနေ အသက်ရှင်ကျန်ရစ်နိုင်တဲ့ စိတ်သက်သာမှုကို ပိုခံစားနေရပါတယ်။
"ဖုန့်လင်း၊ သူ့စကားကို ဂရုမစိုက်နဲ့။ သူက သွေးရူသွေးတမ်းပြောနေတာပဲ" ဖရန့် ပြုံးပြီး ဖုန့်လင်းကို နှစ်သိမ့်ပေးလိုက်သည်။ "သွားရအောင်၊ အခု မင်းကို နတ်ဘုရားသွေးအစီအရင် ခံယူဖို့ လုပ်ပေးမယ်!"
"ကျွန်တော်တို့ အရင်ဆုံး ထွက်မသွားသင့်ဘူးလား?" ဖုန့်လင်း အံ့သြတကြီး မေးလိုက်သည်။
ဖရန့်ရဲ့ နောက်ထပ်စကားတွေက
ဖုန့်လင်းနှလုံးသားကို အောက်ဆုံးထိ နှစ်မြုပ်သွားစေခဲ့လေတော့၏။ "စိတ်မပူနဲ့၊ ငါတို့မှာ အချိန်ရှိသေးတယ်။
မထွက်သွားခင် ဖြေရှင်းဖို့ လိုနေတဲ့ အရာတွေ၊ ယူသွားချင်တဲ့ အရာတွေ ရှိသေးတယ်။ မထွက်သွားခင် အချိန်အတွင်းမှာပဲ ငါတို့ မင်းကို နတ်ဘုရားသွေးအစီအရင် ခံယူဖို့ အဆင်ပြေအောင် ကူညီပေးလိုက်မယ်။"
ဖုန့်လင်း ငြင်းချင်ပေမယ့်၊ ဖရန့်ရဲ့ မျက်လုံးထဲက နိမိတ်မကောင်းတဲ့ အေးစက်မှုကို သတိထားလိုက်မိတဲ့အခါမှာ ဘာမှ ပြန်မပြောတော့ပါဘူး။
"ဟုတ်ကဲ့" ဖုန့်လင်းမှာ အရမ်းပျော်နေသလို ဟန်ဆောင်လိုက်၏။ သူ့စိတ်ထဲက ခံစားချက်တွေကို မျက်နှာပေါ်မှာ ဘာမှမထုတ်ပြခဲ့ပါဘူး။
သေခါနီးမှာ မတ်ဆုရှီတပြောခဲ့တဲ့စကားတွေက လုံးဝအသုံးမဝင်တာတော့ မဟုတ်ဘူးပဲ။ ဖရန့်က သူ့ကို အပြည့်အဝ မယုံကြည်သေးပါဘူး။ နောက်ဆုံး အာမခံချက်တစ်ခု သူ လိုချင်နေပါသေးတယ်။
သူ နတ်ဘုရားရဲ့ကလေးဖြစ်သွားပြီး၊ လူဖြူမျိုးနွယ်တစ်ယောက် ဖြစ်သွားရင်၊ သူတို့နဲ့ အတူတူပဲ ဖြစ်သွားမှာပါ။ အဲ့အချိန်ကျ သူတို့ ဘာမှ စိုးရိမ်စရာ မလိုတော့ပါဘူး။
"ငါ့နောက်ကို လိုက်ခဲ့!" ဖရန့် ပြောလိုက်ပြီး၊ အတွင်းပိုင်း ဗဟိုချက်ဆီကို သွားသည့် သတ္တုလိုဏ်ခေါင်းကို ဖွင့်လိုက်သည်။
သူတို့အုပ်စုမှာ ဖရန့်နောက်ကို လိုက်သွားခဲ့ကြ၏။
ဒီက မီးတောင်ချော်ရည်တွေက အပြင်ဘက်နဲ့ သီးသန့်ခွဲခြားထားပါတယ်။ ပတ်ဝန်းကျင်က အရမ်းပူပေမယ့်၊ သည်းမခံနိုင်တဲ့အထိတော့ မဟုတ်သေးပါဘူး။
မကြာမီပင် လူတိုင်း နောက်ဆုံးအဆင့်သို့ ရောက်သွားပြီး တံခါးမှာ တိတ်တဆိတ် ပွင့်သွားခဲ့လေ၏။
ဤလျှို့ဝှက်နေရာမှာ ဧရာမစက်လုံးပုံသဏ္ဍာန်ဖြစ်နေခဲ့သည်။ ဘေးပတ်လည်ရှိနံရံများမှာ မည့်သည့်ပစ္စည်းများဖြင့် တည်ဆောက်ထားမှန်း မသိရသော်လည်း လေလုံနေပြီး အပြင်မှ မီးတောင်ချော်ရည်များထံမှ လုံးဝသီးခြားခွဲထုတ်ခံထားရသည်။
ထိုနေရာလွတ်၏ အလယ်တွင် ကြီးမားသော ဖန်လုံခန်းတစ်ခုရှိပြီး၊ အတွင်း၌ ငါးမီတာအမြင့်ရှိသည့် ငွေရောင်လူသန်ကြီးတစ်ဦးကို မြင်တွေ့နိုင်သည်။
ထိုငွေရောင်လူသန်ကြီး၏ ကြွက်သားများမှာ ပေါက်ကွဲနိုင်သည့်စွမ်းအားဖြင့် လှိုင်းထနေပြီး အရေပြားမှာ စကျင်ကျောက်ကဲ့သို့ဖြစ်နေကာ ခန့်ညားလှသည့် ခံစားမှုတစ်ခု ဖြာထွက်နေခဲ့သည်။
ဤငွေရောင်လူသန်ကြီးမှာ လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး၊ တစ်ယောက်အနေဖြင့် သူ့အနားသို့ ကပ်လာသည်နှင့် တပြိုင်နက် မွန်းကျပ်စေသော ဖိအားကို ခံစားရမည်ဖြစ်သည်။
ဤဖိအားမှာ အသက်စွမ်းအင် ကွာဟမှုကြောင့် ဖြစ်ပေါ်လာသော ဖိအားပင်။
ဖုန့်လင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်နေခဲ့သည်။ သူ၏ အသက်စွမ်းအင်အညွှန်းကိန်းမှာ ၄၅.၈ အထိ ရောက်ရှိပြီးဖြစ်သော်လည်း၊ ဤငွေရောင်လူသန်ကြီးထံမှ အလွန်ပြင်းထန်သည့် ခြိမ်းခြောက်မှုကို ခံစားနေရသည်။
အတိအကျဆို ဒီလူသန်ကြီးရဲ့ အသက်စွမ်းအင်အညွှန်းကိန်းက ဘယ်လောက်တောင် မြင့်နေတာလဲ?
လက်ရွေးစင် ကျင့်ကြံသူတစ်ယောက်လား?
ဖရန့်မှာ ဖုန့်လင်း၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်ရင်း ကျေနပ်ဝမ်းမြောက်နေကာ သူ့မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဖုန့်လင်း... မအံ့သြနဲ့။ မင်း အခု မြင်နေရတာက ငါတို့ကုမ္ပဏီရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ။ပြီးတော့ ဒါက..."
"နတ်ဘုရား ဖန်တီးခြင်း ပရောဂျက်ပဲ!"