← Chapters

နတ်ဘုရား ဖန်တီးခြင်း ပရောဂျက်

Vol. 8 Ch. 117

နတ်ဘုရား ဖန်တီးခြင်း ပရောဂျက်

Vol. 8 Ch. 117

ငါးမီတာကျော်ရှည်သည့် ဤလူသန်ကြီး၏ အရေပြားမှာ စကျင်ကျောက်ကဲ့သို့ အစင်းကျားများဖြင့် ဖုံးလွှမ်းနေပြီး၊ ရိုးရှင်းသော်လည်း နက်ရှိုင်းသည့် မျက်နှာပုံစံရှိနေကာ သူ၏ ကြွက်သားများမှာ ထင်ရှားစွာ ပေါ်လွင်နေခဲ့ပြီး စွမ်းအားပြည့်ဝခြင်းမှ ပေါ်ထွက်လာသည့် ပြည့်စုံသော အလှတရား၏ခံစားချက်ကို ထုတ်ဖော်နေခဲ့သည်။ သူ့ပုံစံမှာ ဒဏ္ဍာရီများထဲမှ ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ ပြီးပြည့်စုံသည့် သက်ရှိပုံစံတစ်ခုကို ကိုယ်စားပြုနေခဲ့သည်။

"ဒါ... ဒါက မှတ်တမ်းဗီဒီယိုထဲက ဆန်းကြယ်တဲ့ ပုံရိပ်ပဲ!" ဖုန့်​လင်း စိတ်ထဲတွင် အသံတိတ်အော်လိုက်မိသည်။

သုတေသနမှတ်တမ်းဗီဒီယိုထဲတွင် လေနှင့်မိုးကြိုးတောင်ပံများ နိုးထလာသော စမ်းသပ်ခံကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည့် အနက်ရောင်အရိပ်တစ်ခုကို သူ တစ်ခါမြင်ဖူးသည်။

ထိုအနက်ရောင်အရိပ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရသော်လည်း သူ ဘယ်တော့မှ ​မေ့လိမ့်မည် မဟုတ်ပေ။ ဖုန့်လင်းမှာ ထိုအနက်ရောင်အရိပ်၏ အထောက်အထားကို မှတ်မိနိုင်ရန် အချိန်ခဏသာလိုခဲ့သည်။

ယခုအချိန်တွင် ထိုငွေရောင်လူသန်ကြီးမှာ ဖန်လုံခန်းအတွင်း၌ လွင့်မျောနေပြီး၊ သားအိမ်ထဲမှ ရေမွှာအရည်ကဲ့သို့ အနီရောင်အရည်များထဲတွင် အိပ်နေခဲ့သည်။ သူ့မျက်နှာမှာ ရိုးသားအပြစ်ကင်းသော ကလေးတစ်ယောက်ကဲ့သို့ အေးချမ်းနေခဲ့သော်လည်း၊ သူ့ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲနိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ထိုစွမ်းအားများ ပွင့်ထွက်လာပါက၊ ကမ္ဘာမြေကိုပင် လှုပ်ခါစေနိုင်လိမ့်မည်ဖြစ်သည်။

"နတ်ဘုရား ဖန်တီးခြင်း ပရောဂျက်!"

ဖုန့်လင်းမှာ ဖရန့်၏ အစောပိုင်းက စကားကို သတိရလိုက်ကာ အံ့သြတကြီး အော်လိုက်မိသည်။

"ဒါ အမှန်ပဲ!" ဖရန့်မှာ ဤငါးမီတာအမြင့်ရှိသော လူသန်ကြီးကို ကြည့်နေရင်း စိတ်အားထက်သန်မှုများ မျက်နှာထက်တွင် ပေါ်နေခဲ့သည်။ "တိုက်တန်တွေက ဂရိဒဏ္ဍာရီတွေမှာ လူသန်ကြီးတွေရဲ့ နတ်ဘုရားတွေဖြစ်ပြီး သူတို့က မိခင်ကမ္ဘာမြေဂိုင်ယာကနေ ဆင်းသက်လာတဲ့သူတွေပဲ။ တိုက်တန်ဗီဇက ငါတို့ ခန္ဓာကိုယ်ထဲမှာ အိပ်ပျော်နေပြီးတော့ ငါတို့အနေနဲ့ ရှေးဟောင်းနတ်ဆေးတွေကို ကိုယ်ပွားတွေကို ကျွေးပြီးတဲ့နောက်ပိုင်း တချို့ကိုယ်ပွားတွေမှာ တကယ်ပဲ တိုက်တန်ဗီဇ နိုးထလာခဲ့တယ်။ ဒီဆင့်ကဲပြောင်းလဲလာတဲ့ တိုက်တန်ကြီးက ငါတို့ ဧရာမဆေးဝါးကုမ္ပဏီရဲ့ အပြောက်မြောက်ဆုံးလက်ရာပဲ! ဒါကြောင့်မလို့ ငါတို့ တကယ်လိုချင်တာက ဗီဇဆေးရည်တွေရဲ့ ဖော်မြူလာကို ရှေးဟောင်းနတ်ဆေးရဲ့ အစွမ်းအာနိသင်နဲ့ ပုံစံတူအောင် ထိန်းညှိပြီး၊ သာမန်လူသားတွေကို တိုက်တန်ဖြစ်လာဖို့ လမ်းစဖွင့်ပေးပြီး တဖြည်းဖြည်းနဲ့ လုံးဝပြည့်စုံတဲ့ နတ်ဘုရားလို တိုက်တန်တွေ ဖြစ်လာစေဖို့ပဲ။ အစိမ်းရောင်လူသန်ကြီးဗီဇဆိုတာက အလယ်အလတ်အဆင့် အထွတ်အထိပ်ဗီဇလေးပဲလေ ပြီးတော့ ငါတို့လည်း သိပ်ပြီး မြင့်မြင့်မားမား မှန်းမထားပါဘူး။ ငါတို့ ဒါကို အောင်မြင်ခဲ့ရင်တောင် အစိမ်းရောင်လူသန်ကြီးတွေက အောက်ခြေစစ်သားတွေအဆင့်လောက်ပဲ ရှိမှာပါ။ ငါတို့ တကယ်လိုချင်တာက နတ်ဘုရားတစ်ပါးကို ဖန်တီးဖို့ပဲ!"

သူပြောနေသည့် စကားလုံးတိုင်းနှင့်အတူ သူ့လေသံမှာမြင့်လာခဲ့ပြီး ပို၍ စိတ်လှုပ်ရှားနေသည့်ပုံ ပေါက်လာခဲ့သည်။

"အိုး... ငါ သိပြီ!" ဖုန့်လင်း စိတ်ထဲတွင် ကောက်ချက်ချလိုက်ပြီး သူ့နှလုံးသားထဲမှ ပဟေဠိအတွက် အဖြေကို ရလိုက်သည်။

ဤအဆင့်၌ သူ့အနေဖြင့် ဧရာမဆေးဝါးကုမ္ပဏီ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို နောက်ဆုံးတွင် ထိတွေ့မိလိုက်ပြီဖြစ်သည်။

သူတို့ရဲ့ ရည်မှန်းချက်တွေ ဒီလောက်ကြီးနေမယ်လို့ ဘယ်သူ တွေးထားမိမှာလဲ? တကယ်ပဲ နတ်ဘုရားတစ်ပါးကို ဖန်တီးချင်နေတာပေါ့?

ဖုန့်လင်းအနေဖြင့် ရှေးဟောင်းနတ်ဆေးများက တိုက်တန်ဗီဇကို တစ်စုံတစ်ယောက်ကို နိုးထစေနိုင်သည်မှာ မထူးဆန်းနေခဲ့ပေ။

အမှန်တွင် ထိုရှေးဟောင်းနတ်ဆေးဆိုသည်မှာ "မဟာမြူမှုန်ကံကြမ္မာဆေးလုံး" ဖြစ်ပြီး၊ လူသားများအား ၎င်းတို့၏ အမြင့်ဆုံးအလားအလာစွမ်းရည်ကို ထုတ်လွှတ်စေနိုင်သော နတ်ဆေးတစ်မျိုးပင်။

တစ်ယောကနေဖြင့် သိထားရမည်မှာ "လေနှင့်မိုးကြိုးတောင်ပံများ" ဆိုသည်မှာ တရုတ်ရှေးဟောင်းဒဏ္ဍာရီများရှိ မိုးကြိုးနတ်ဘုရား၏ စွမ်းရည်ဖြစ်ပြီး၊ မိုးကြိုးနတ်ဘုရား၏ အစွမ်းမှာ တိုက်တန်များထက် မည်သည့်နည်းနှင့်မျှ မလျော့သည့်အပြင် ပို၍ပင်သာလွန်နိုင်သည်။

သို့သော် ထိုစမ်းသပ်ခံ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသောကြောင့် နိုးထလာသောဗီဇ၏ စွမ်းအားအပြည့်အဝကို မပြသနိုင်ခဲ့ခြင်းသာ ဖြစ်သည်။

"ဖုန့်လင်း၊ ငါ့နောက်ကို လိုက်ခဲ့!" အိပ်ပျော်နေသော တိုက်တန်၏ ကြီးကျယ်ခမ်းနားမှုကို ဖုန့်လင်းအား ပြပြီးနောက်၊ ဖရန့်မှာ ဖုန့်လင်းကို ဤနေရာ၏ အနက်ရှိုင်းဆုံးအထိ ခေါ်သွားသည်။ ဤနေရာတွင် အခြားကြီးမားလွန်းသည့် ဖန်လုံခန်းတစ်ခုရှိပြီး အတွင်းရှိအရည်များမှာ အနီရောင်တောက်နေပြီး ပလက်တီနမ်ကဲ့သို့တောက်ပနေခဲ့သည်။ သို့သော် အနံ့အသက်မှာမူ အလွန်ဆိုးရွားသည်။ရှင်းလင်းစွာပင် ဤအရာသည် အမျိုးအမည်မသိနိုင်သည့် ဇီဝသက်ရှိအချို့ထံမှ ရရှိလာသည့်သွေးပင်။

"ဖုန့်လင်း၊ ဒါက နတ်ဘုရားသွေးအစီအရင်ပဲ။ အရင်တုန်းက မင်းကို ငါ ခေါ်ယူခဲ့တာက ဒဏ္ဍာရီလာပုံပြင်တွေနဲ့ ဗီဇဗေဒအပေါ်မှာ မင်းက နက်နက်နဲနဲ နားလည်ထားတဲ့အတွက်ပဲ။ လူသားတွေကို နတ်ဘုရားတွေအဖြစ် ငါတို့ ဖန်တီးချင်ရင် နေရာတိုင်းက အရည်အချင်းရှိတဲ့လူတွေကို စုဆောင်းပြီး သူတို့ကို ငါတို့လူတွေ ဖြစ်အောင် ပြောင်းရလိမ့်မယ်။ မင်း ဒီထဲကိုဝင်လိုက်ရင်၊ မင်းရဲ့အားနည်းတဲ့သွေးမျိုးဆက်ကို ပြိုင်ဘက်ကင်းလောက်အောင် ကြီးမြတ်တဲ့ နတ်ဘုရားရဲ့သားတော် သွေးမျိုးဆက်အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်။ အဲ့အချိန်ကျရင် မင်းက တကယ်ပဲ ငါတို့ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပဲ။ မင်းရဲ့ ပြီးပြည့်စုံတဲ့ ပုံဆောင်ခဲဖွဲ့နည်းစနစ်နဲ့ဆိုရင် တိုက်တန်ဗီဇဆေးရည်ကို ပုံဆောင်ခဲလုပ်ဖို့ ခက်ခဲမှာမဟုတ်ဘူးဆိုတာ ငါ ယုံတယ်။ မင်းကိုယ်တိုင် အဒါကို သုံးရင်း တိုက်တန်ဗီဇကို နိုးထပြီး တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲပြီးတော့ ထိပ်ဆုံးဆီကို နီးသထက်နီးလာလိမ့်မယ်... စစ်မှန်တဲ့နတ်ဘုရားတစ်ပါးဖြစ်လာဖို့ လမ်းစပေါ့..." ဖရန့်၏ လက်များမှာ လေထဲသို့ မြှောက်ထားပြီး သူ့မျက်နှာပေါ်တွင် ရူးသွပ်သော အမူအရာများ ပေါ်နေခဲ့သည်။

ဖုန့်​လင်းမှာ တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။ ဖရန့်၏ မျက်လုံးများထဲတွင် စိတ်ကစဥ့်ကလျားဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။

"တကယ့်ကို ရူးသွပ်နေတာပါ့လား!" သူ့စိတ်ထဲတွင် တိတ်တဆိတ် မှတ်ချက်ချလိုက်သည်။

"ဖုန့်လင်း၊ ဝင်လိုက်ပါ။ နတ်ဘုရားရဲ့သားတော်တစ်ပါး ဖြစ်သွားတာနဲ့ မင်းက ငါတို့နဲ့ တူသွားမှာပဲ!" ဖရန့် လေးနက်စွာ ဖိတ်ခေါ်လိုက်သည်။

ဖုန့်လင်း မည်သည့်မှတ်ချက်မျှ မပေးခဲ့ဘဲ ရှေ့သို့လျှောက်သွားခဲ့၏။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ကို လေ့လာနေခဲ့ပြီး တစ်ခုခုမှားယွင်းနေသည်ဟု သူ ခံစားနေရသည်၊ ဒီနေရာက ရှေးဟောင်းဒဏ္ဍာရီလာအပျက်အယွင်းတစ်ခု ဖြစ်သင့်တယ်မဟုတ်လား?

ဘာလို့ သိပ္ပံဓာတ်ခွဲခန်းတစ်ခုနဲ့ တူနေရတာလဲ?

သူပဲ မှားပြီး ခန့်မှန်းမိတာလား၊ ဒါမှမဟုတ် မတ်ဆုရှီတ အိုနီဂျင်ကပဲ သူ့ကို လိမ်ခဲ့တာလား?...

မဟုတ်သေးဘူး!

ဖု​န့်လင်းအနေနှင့် သူစိမ်းများကို အလွယ်တကူ ယုံကြည်လေ့မရှိသလို၊ မတ်ဆုရှီတ အိုနီဂျင်ကဲ့သို့သော ခွေးအ စိတ်ဓာတ်နှင့်တူသည့် ဂျပန်လူမျိုးကို ပို၍ပင် မယုံကြည်ပေ။

ဤအချိန်အတွင်း အခြားသုတေသီများထံမှ အဖြေများကို သူ ရှာနေခဲ့ပြီး၊ တူညီသည့်မေးခွန်းကို မေးကြည့်ခဲ့သည်။

သူတို့စကားများက မတ်ဆုရှီတ အိုနီဂျင် ပြောခဲ့သည်ကို အတည်ပြုပေးခဲ့သည်။ မားစ်ဂြိုဟ်၏အတွင်းပိုင်းရှိ ဤလျှို့ဝှက်နေရာသည် အမှန်ပင် ရှေးဟောင်းဒဏ္ဍာရီလာအပျက်အယွင်းတစ်ခု ဖြစ်သည်။

ဖြစ်နိုင်တာက ဧရာမဆေးဝါးကုမ္ပဏီအနေနဲ့ လျှို့ဝှက်ချက်အားလုံးကို ရွှေ့ပြောင်းပြီး ဝှက်ထားတာလား?

နတ်ဘုရားသွေးအစီအရင် တည်ရှိသည့် နေရာသို့ နီးကပ်လာသည်နှင့်အမျှ၊ သူ့နှလုံးသားမှာ ပို၍ပင် လေးလံလာခဲ့သည်။ သူ နောက်ထပ်စောင့်ဆိုင်းနေ၍ မရတော့ပေ။

"ငါ့ရဲ့ နဂိုမူလသွေးမျိုးဆက်ကို စွန့်လွှတ်ပြီး လူဖြူမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုလုပ်နိုင်မှာလဲ?"

"နတ်ဘုရားရဲ့သားတော်ဆိုတာက ဘာမလို့လဲ?"

"ငါ့သွေးမျိုးဆက်က အဝါရောင်မျိုးနွယ်တွေကနေ ဆင်းသက်လာပြီး နဂါးမျိုးနွယ်ဝင်တွေရဲ့ မျိုးဆက်ပဲ!"

"ဒါက နတ်ဘုရားရဲ့သားတော်ဆိုတာထက် အဆပေါင်းတစ်သောင်းလောက် သာလွန်နေတယ်မဟုတ်လား?"

ဖုန့်လင်း ရုတ်ချည်းပင် ရက်စက်သည့် လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်ပြီး သူ၏စွမ်းအားအကုန်လုံးကိုသာမက သူ့ဒေါသများကိုပါ ထည့်သွင်းထားခဲ့သည်။

ဤလက်သီးချက်၏အားမှာ လေးလံပြီး ပြင်းထန်သည့် အရှိန်အဟုန်တစ်ခု ပါဝင်နေကာ သူ့ပစ်မှတ်ကို လုံးဝ ချေမွပစ်ချင်နေခဲ့သည်။

"ဘွမ်း!"

ဧရာမခေါင်းလောင်းတစ်လုံးကို ထိုးနှက်ရာမှ ထွက်ပေါ်လာသကဲ့သို့သော မြည်သံကြောင့် ဖန်လုံခန်းတစ်ခုလုံး တုန်ခါသွားခဲ့သည်။

ဖုန့်လင်း ထိတ်လန့်သွားသည်။ သူ့ရဲ့ ခွန်အားအပြည့်နဲ့ ထိုးလိုက်တဲ့လက်သီးချက်က ကျရှုံးသွားလား?

ဒီဖန်လုံခန်းက ဘာပစ္စည်းနဲ့ လုပ်ထားမှန်း မသိပေမယ့် အရမ်းမာနေခဲ့ပါတယ်။ ဖုန့်လင်းရဲ့ ခွန်အားနဲ့တောင် မခွဲနိုင်ခဲ့ပါဘူး။ သတ္တုစပ်တွေထက်တောင် ပိုမာနေသလို ခံစားခဲ့ရသည်။

ဖရန့်နှင့် အခြားသူများမှာလည်း ထိတ်လန့်တုန်လှုပ် သွားကြသည်။

"မင်းဘာလုပ်နေတာလဲ?" သူ၏ ရှော့ရမှုမှ ပြန်လည်ရုန်းထွက်ပြီးနောက် ဖရန့်၏မျက်လုံးများ အတွင်းတွင် အေးစက်သည့် သံသယများ ရှိနေခဲ့သည်။

ဖုန့်လင်း ခေါင်းလှည့်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြုံးလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ဖန်လုံခန်းကို ကျွန်တော် ခွဲနိုင်မလားဆိုတာ စမ်းကြည့်တာပါ။"

ဒီအခြေအနေထိ ရောက်နေပြီဆိုမှတော့ သူအတွက် ဘာမှဝှက်ထားစရာ မလိုတော့ပါဘူး။

"ဘာ? မင်းဘာကိုဆိုလိုတာလဲ?"

ဖုန့်လင်းကို စူးစိုက်ကြည့်နေသည့်

ဖရန့်၏ မျက်လုံးများမှာ အတိတ်နိမိတ်မကောင်းမှုများ ပိုမိုကြီးထွားလာခဲ့တော့၏။

သူ ခံစးနိုင်တာကတော့ ဖုန့်လင်းက အရင်ကနဲ့မတူတော့ပါဘူး။ ဖုန့်​လင်းဆီကနေ အသွင်မဲ့အော်ရာတစ်ခု ဖြာထွက်နေကာ ရိုးသားပြီး အပြစ်ကင်းတဲ့ သိုးငယ်လေးက သူ့အရေခွံကို ချွတ်ပစ်လိုက်ပြီး လူသားတွေကို စားချင်နေတဲ့ ဆိုးယုတ်တဲ့ ဝံပုလွေတစ်ကောင် အဖြစ် ပြောင်းလဲသွားသလိုပါပဲ။

ဖုန့်လင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်၊ "ဘာကိုဆိုလိုတာလဲ ဟုတ်လား? ကျွန်တော် ကြက်ဥလူသားတစ်ယောက်ဖြစ်ချင်စိတ် မရှိယုံပါပဲ။"

သူတို့အားလုံး ချက်ချင်းနားလည်သွားကြတော့၏။

"ဒါဆို အရင်က အရာအားလုံးက ဟန်ဆောင်မှုသက်သက်ပဲလား?" ဖရန့်၏ အမူအရာမှာ အလွန်အမင်းလေးလံသွားခဲ့သည်။ မတ်ဆုရှီတ အိုနီဂျင် မသေခင် ပြောခဲ့တဲ့စကားကို သူ ပြန်သတိရမိလိုက်၏။ "မင်းက တကယ်ပဲ မားစ်ဂြိုဟ်တော်လှန်ရေးတပ်ရဲ့ သူလျှိုလား?"

"မဟုတ်ဘူး" ဖုန့်လင်း ခေါင်းခါလိုက်သည်။ "ကျွန်တော်က ဒီကိစ္စတွေနဲ့ မပတ်သက်ချင်တဲ့ သာမန်လူတစ်ယောက်ပါပဲ။ ခင်ဗျားတို့ကသာ ကျွန်တော့်ကို အတင်းအကျပ် တွန်းအားပေးနေကြတာ!"

သူ့စကားတွေကို ကြားပြီးတဲ့နောက်မှာ ဖရန့် အံ့အားသင့်သွားပါတယ်။ ဖုန့်လင်း လိမ်နေပုံမပေါ်ခဲ့ပါဘူး။ သူမျက်နှာထား နည်းနည်းပြေလျော့သွားပြီး မေးခွန်းပြောင်းလိုက်သည်။ " မင်းကို ငါ အလုပ်ခန့်ခဲ့တာလေ၊ မင်း တကယ်ပဲ ငါ့ရဲ့ကြင်နာမှုကို ရန်လိုမှုနဲ့ ပြန်ဆပ်ဖို့ လုပ်နေတာလား? "

"ကျုပ်ကို သုံးနှစ်သားကလေးလို့ ထင်နေတာလား? ခင်ဗျား ကျုပ်ကို အလုပ်ခန့်ခဲ့တဲ့ ရည်ရွယ်ချက်အစစ်ကို ခင်ဗျား မသိဘူးလို့ ကျုပ်ကို မပြောနဲ့နော်? အစကတည်းက ခင်ဗျား ကျုပ်ကို ကမ္ဘာမြေဆီ ပြန်ခွင့်ပေးဖို့ ရည်ရွယ်ချက် မရှိဘူး။ ကျုပ် ဘိုးဘေးတွေရဲ့ သွေးမျိုးဆက်ကိုတောင် ပြောင်းပစ်ပြီး ဘာမဟုတ်တဲ့ နတ်ဘုရားရဲ့သားတော်အဖြစ် ပြောင်းလဲဖို့ ကြံစည်နေတာ! ဝမ်းနည်းပါတယ်၊ ကျုပ်က ဒီလိုကျောရိုးပျော့တဲ့ ကြက်ဥလူသားတစ်ယောက်ဖြစ်ချင်စိတ် မရှိဘူး" ဖုန့်လင်း လှောင်ပြောင်ပြီး ပြောလိုက်တဲ့စကားတွေက စူးရှလွန်းနေပြီး အခြားသုတေသီတွေရဲ့ မျက်နှာတွေကို ဒေါသကြောင့် နီရဲသွားစေခဲ့တော့၏။

ဖုန့်လင်းအနေနဲ့လည်း သူတို့နဲ့ စကားအများကြီးပြောဖို့ မလိုတော့ပါဘူး။

ရည်ရွယ်ချက်မတူတဲ့လူတွေနဲ့ အတူတူရောနှောလို့ မရနိုင်ပါဘူး!

ဖုန့်လင်း သူ၏ ကျောက်တုံးမျောက်ဗီဇကို အသက်သွင်းလိုက်ပြီး စွမ်းရည်များကို ထုတ်လွှတ်လိုက်သည်။ အသက်စွမ်းအင်အညွှန်းကိန်းရဲ့ဖိအားတွေက လှိုင်းသဏ္ဍာန် ဖြန့်ထွက်သွားပြီး လူတိုင်းကို အံ့အားသင့်စေခဲ့ရင်း အသက်ရှုရ ခက်လာကြပြီး နောက်ပြန်ဆုတ်သွားစေခဲ့သည်။

"မန်နေဂျာ ဖရန့်၊ အရင်က လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ဖူးတဲ့အတွက်၊ ခင်ဗျားတို့အားလုံးကို ကျုပ် ထွက်သွားခွင့်ပေးမယ်။ ကျုပ်ကို လွန်းပျံယာဥ်ရဲ့ထိန်းချုပ်ခွင့်နဲ့ ရှေးဟောင်းဒဏ္ဍာရီလာ အပျက်အယွင်းတွေရဲ့လျှို့ဝှက်ချက်တွေကို လွှဲပေးမယ်ဆိုရင်ပေါ့။ မဟုတ်လို့ မားစ်ဂြိုဟ်တော်လှန်ရေးတပ်ရဲ့လက်ထဲရောက်သွားရင် ခင်ဗျားတို့အားလုံး အပြင်းအထန် နှိပ်စက်ခံရမှာပဲ။ ခင်ဗျား သဘောမတူရင် သနားညှာတာမှု မပြတဲ့အတွက် ကျုပ်ကိုအပြစ်မတင်နဲ့" ဖုန့်လင်း ရက်စက်တော့မည်ပုံဖြင့် ပြောလိုက်သည်။ သူ တစ်ယောက်တည်းက ဒီမှာရှိတဲ့လူတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ဖို့ လုံလောက်နေပါပြီ။

"မင်းက ကြယ်တာရာကျင့်ကြံသူ တစ်ယောက်ဖြစ်နေပြီပဲ၊ မင်းကိုယ်မင်း အရမ်းကို လျှို့ဝှက်ထားခဲ့တာပဲ!"

ဖုန့်လင်းဆီမှ အသက်စွမ်းအင်အညွှန်းကိန်း၏ ဖိအားကို ခံစားလိုက်ရသည်နှင့် ဖရန့် သူ့မျက်လုံးများကို ကျဉ်းလိုက်သည်။ သူ့အကြည့်ထဲတွင် အငြိုးအတေး အာဃာတများပြည့်နေခဲ့သည်။ " မင်းကို ငါ တကယ် လျှော့တွက်ခဲ့မိပုံပဲ။ပြီးတော့ ကျေးဇူးကန်းတဲ့ခွေးတစ်ကောင်ကို ငါ ခေါ်ခဲ့မိတာပဲ။ ငါ့အတွက် သူ့ကိုဖမ်းလိုက်ကြစမ်း!"

ဖရန့် ရုတ်တရက်အော်ဟစ်လိုက်သည်နှင့် ကိုယ်ပွားစစ်သားများမှာ ချက်ချင်းပင် တိုက်ခိုက်ရန် ပြေးလာကြသည်။။

ဖရန့်နှင့် အိုက်မှာ အေးစက်စွာ ရယ်နေခဲ့သည်။ ဖုန့်လင်း ကိုယ်ပွားစစ်သားတွေလက်ထဲမှာ သေသွားတဲ့မြင်ကွင်းကို သူတို့ ကြိုမြင်နေခဲ့သလိုပါပဲ။

သို့သော်လည်း နောက်တစ်ခဏတွင်ပဲ သူတို့မျက်လုံးများ ပြူးသွားခဲ့သည်။"

"ငါ့အချိန်တွေကို မဖြုန်းစမ်းနဲ့"

ဖုန့်လင်း ရယ်လိုက်ပြီး လက်သီးချက်များ ထုတ်လိုက်သည်။

မိုးကောင်းကင် မှောက်လှန်သည့် တူတံဆိပ်တော်!

သူ ချက်ချင်းပင် အသေသတ်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ့လက်သီးချက်၏ အားမှာ ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ လေးလံနေခဲ့သည်။

ကိုယ်ပွားများမှာ ရင်ဘတ်များ ကြေမွသွားပြီး ချက်ချင်းပင် လဲကျသေဆုံးသွားကြလေ၏။

"ဘာ?" အိုက် အံ့အားသင့်နေပြီး ဒေါသထွက်သွားခဲ့သည်။ "သူ့ကို မြန်မြန်သေအောင် ပစ်ကြစမ်း!"

ကျန်နေသည့် ကိုယ်ပွားစစ်သားများမှာ ၎င်းတို့၏ ရောင်ခြည်သေနတ်များကို ဆွဲထုတ်ပြီး ဖုန့်​လင်းကို ပစ်လိုက်​ကြ၏။

နီရဲနေသည့် စွမ်းအင်ရောင်ခြည်များ ဖြတ်လာသော်လည်း ဖုန့်လင်းမှာ မူလနေရာတွင်ပင် ငြိမ်နေခဲ့ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကျောက်စိမ်းရောင်တောက်သွားပြီး စွမ်းအင်ရောင်ခြည်များကို လုံးဝ ကာကွယ်လိုက်ရာ မည်သည့်ထိခိုက်မှုမှ မခံစားခဲ့ရပေ။

ဘန်း၊ ဘန်း၊ ဘန်း!

သူ့လက်ချောင်းများကို တောက်လိုက်သည်နှင့် အသွင်မဲ့ လေစီးကြောင်းများမှာ ကျည်ဆန်များကဲ့သို့ ဖြစ်လာပြီး သုတေသီများဆီသို့ ပစ်လွှတ်လိုက်သည်။ ဤကြက်ဥလူသားများမှာ အလွန်ပျော့ပြီး ကျိုးပဲ့လွယ်နေခဲ့သည်။ သူတို့ခန္ဓာကိုယ်များတွင် ဒဏ်ရာများဖြစ်လာခဲ့ပြီး နေရာတိုင်းမှ သွေးများယိုစီးကျလာကာ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။

သဘာဝအတိုင်း ဖုန့်လင်း စလှုပ်ရှားလိုက်တာနဲ့ ဘယ်သူ့ကိုမှ မညှာတော့ဘဲ အားလုံးကိုသတ်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်လိုက်သည်။!

(note-ကိုယ်ပွားစစ်သားဆိုတာ ဖတ်ရတာထောက်နေလို့ နောက်အပိုင်းတွေကျ ကလုန်းစစ်သားလို့ပဲ ထားလိုက်ပါတော့မယ်)

All Chapters