← Chapters

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

Vol. 8 Ch. 118

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

Vol. 8 Ch. 118

"ပြေးဟေ့ မြန်မြန်ပြေးဟ!"

"ဒီကောင်က အရူးပဲ!"

"သူ့ဆီက ဖြာထွက်လာတဲ့ စွမ်းအင်လှိုင်းတွေက ကြယ်တာရာကျင့်ကြံသူတစ်ယောက်ရဲ့ အဆင့်ကိုရောက်နေပြီ!"

လေကျည်ဆန်များမှာ လေထုထဲတွင်ဖြတ်သန်းနေခဲ့ပြီး ကျည်ဆန်အစစ်များကဲ့သို့ မြန်ဆန်ကာ မိုးပေါက်များကဲ့သို့ ထူထပ်နေခဲ့သည်။ သူတို့၏ ဖျက်စီးနိုင်စွမ်းမှာ ကြီးမားလွန်းလှသည်။

သုတေသီအားလုံးမှာ ကစဥ့်ကလျား ထွက်ပြေးနေကြသည်။

ကြမ်းတမ်းရက်စက်တဲ့ ကျားတစ်ကောင်လို အားကောင်းပြီး ဆိုးယုတ်တဲ့ဝံပုလွေတစ်ကောင်လို ရက်စက်သည်။

ဖုန့်လင်း သူ့ရဲ့မျက်နှာအစစ်ကို ထုတ်ပြလိုက်တဲ့အချိန်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်လိုက်ပြီး အသက်များကို ရက်ရက်စက်စက် ရိတ်သိမ်းနေခဲ့သည်။

ဒီသုတေသီတွေက ကြက်တစ်ကောင်ကိုတောင် မဖမ်းနိုင်လောက်အောင် အားနည်းနေပုံရပေမယ့် သူတို့အားလုံးက သွေးအေးလူသတ်သမားတွေပါ။ သိပ္ပံပညာဆိုတဲ့ခေါင်းစဥ်အောက်မှာ လူတွေ ဘယ်လောက်များများ စတေးခဲ့ကြရသလဲဆိုတာ မသိနိုင်ပါဘူး။

ဖုန့်လင်း သူတို့ကိုသတ်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ဝန်လေးသလို လုံးဝမခံစားခဲ့ရပါဘူး။

မကောင်းတာလုပ်တဲ့လူတွေက သဘာဝအတိုင်ပဲ မကောင်းတဲ့အကျိုးဆက်တွေကို ခံစားရမှာပါ!

လူဆိုးတွေကို သတ်ဖို့ဆိုရင် တစ်ခါတစ်ရံမှာ သူတို့ထက်ပိုပြီး ဆိုးယုတ်ဖို့ လိုပါတယ်။

"တော်လောက်ပြီ!" ဖုန့်လင်း အလျင်အမြန် လုပ်ရှားလိုက်သည်။ ဖရန့် အချိန်မီတုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် ဘေးဘယ်ညာရှိ ဧရာမဆေးဝါးကုမ္ပဏီ၏ လက်ရွေးစင်များ သတ်ဖြတ်ခံလိုက်ခံနေရသည်ကို မြင်လိုက်ရသည်။ ဖရန့်၏ဒေါသမှာ ရုတ်ချည်းပင် မြင့်တက်လာခဲ့လေ၏။ " အစိမ်းရောင် လူသန်ကြီး သူ့ကိုသတ်လိုက်!"

ဝုန်း!

*သုံးမီတာအမြင့်ရှိသော အစိမ်းရောင် ဧရာမလူသန်ကြီး ခုန်ထွက်လာကာ၊ မြေပြင်ကို တုန်ခါသွားစေခဲ့သည်။ သူ၏ ကြွက်သားများနှင့်ခန္ဓာကိုယ်မှာ ဖုန့်လင်း၏ ရှေ့ရှိဧရိယာတွင် ကာလိုက်ရင်း ဒိုင်းတစ်ခုကဲ့သို့ လေကျည်ဆန်များကို ကာကွယ်ပေးခဲ့သည်။

ကံကောင်းပြီး အသက်ရှင်ကျန်ရစ်ခဲ့သော သုတေသီများမှာ ပြေးသူကပြေး တွားသွားသူကသွားနှင့် အဝေးသို့ အလျင်အမြန် ရွှေ့သွားကြသည်။ ဖြစ်နိုင်လျှင် ဖုန့်လင်းဆီမှ ဝေးသထက်ဝေးရန်ကလွဲ၍ ဘာမှ မလိုချင်ကြတော့ပေ။ သူတို့မျက်နှာများမှာ အကြောက်တရားဖြင့် ပြည့်နှက်နေခဲ့သည်။

"ဖုန့်လင်း၊ ငါ မင်းကို တကယ်ပဲ လျှော့တွက်ခဲ့မိတယ်!" ဖရန့် လူတိုင်းကို တွန်းဖယ်ကာ လျှောက်လာခဲ့သည်။ သူ၏ ညာဘက်မျက်လုံးတွင် အဆင့်မြင့်နည်းပညာမျက်မှန်ကို တပ်ဆင်ထားပြီး ဖုန့်လင်းကို စကင်ဖတ်နေခဲ့သည်။ မကြာမီပင် ဒေတာများ ပေါ်လာပြီး ဖရန့် ရှော့ရသွားသည် ၊ " အသက်စွမ်းအင် အညွှန်းကိန်း 45.8၊ မင်းလို အသက်ငယ်ငယ်လေးက ကြယ်တာရာကျင့်ကြံသူနယ်ပယ် ရဲ့ အလယ်အဆင့်ကို ရောက်နေမယ်လို့ ငါ မထင်ခဲ့မိဘူး။ ဘယ်လိုတောင် အထင်ကြီးစရာလဲ!"

ဖုန့်လင်းကို ချီးကျူးနေခဲ့သော်လည်း၊ သူ့အသံထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေခဲ့သည်။

အသက်စွမ်းအင်အညွှန်းကိန်းစကန်ဖတ်စက်တစ်ခုပဲ!

ဖုန့်လင်းမှာ တစ်ဖက်တည်းရှိသည့်မျက်မှန်ကို ချက်ချင်းမှတ်မိလိုက်ပြီး ထိုအရာမှာ အဆင့်မြင့်အဆင့် တိုက်ပွဲပစ္စည်းကိရိယာဖြစ်ကာ ပြိုင်ဘက်၏ ကိန်းဂဏာန်းအချက်အလက်များကို အပြည့်အဝ စကန်ဖတ်နိုင်သည်ကို နားလည်သွားခဲ့သည်။ ထိုပစ္စည်းမှာ သူ ကြယ်တာရာကျင့်ကြံသူနယ်ပယ်၏ အလယ်အဆင့်တွင် ရှိနေသည်ကို အမှန်ပင် ပြောနိုင်ခဲ့သည်။

ကြယ်တာရာကျင့်ကြံသူနယ်ပယ်တွင် အဆင့်တက်မှုတိုင်းသည် ကြီးမားသော တိုးတက်မှုပင်ဖြစ်ပြီး ၎င်းတို့၏ အခြေခံအသက်စွမ်းအင်မှာ ဆယ်ဆတိုးလာမည်ဖြစ်သည်။

ဥပမာ - အလုပ်သင်ကျင့်ကြံသူများတွင် အသက်စွမ်းအင်အညွှန်းကိန်းသည် 1 မှ စသည်။ ကြယ်တာရာကျင့်ကြံသူ(အခြေခံ ကျင့်ကြံသူ)များတွင် အသက်စွမ်းအင်အညွှန်းကိန်းသည် 10 မှ စတင်ပြီး၊ လက်ရွေးစင်ကျင့်ကြံသူများအတွက်မူ ၎င်းတို့၏ အသက်စွမ်းအင်အညွှန်းကိန်းသည် 100 မှ စတင်မည်ဖြစ်သည်။

ကျင့်ကြံခြင်းနယ်ပယ်တိုင်းကို အသက်စွမ်းအင် အညွှန်းကိန်းအပေါ် အခြေခံ၍ အဆင့်ငယ် ငါးဆင့်ခွဲနိုင်သည် -

စဦး အဆင့်၊ အလယ်အဆင့်၊ နှောင်းပိုင်းအဆင့်၊ မဟာပြည့်စုံခြင်းအဆင့်၊

ပါရာဂွန်အဆင့်။

အသက်စွမ်းအင်အညွှန်းကိန်း 30 အောက်ရှိသော ကြယ်တာရာကျင့်ကြံသူများမှာ စဦးအဆင့် တွင်ရှိသည်။ 30 မှ 60 အထိဆိုလျှင် အလယ်ဆင့်တွင်ရှိမည်ဖြစ်ပြီး အလားတူ 60 မှ 90 ဆိုလျှင် late phase အဖြစ် သတ်မှတ်သည်။

နှောင်းပိုင်းအဆင့် ကြယ်တာရာကျငွကြံသူများအတွက်မူ ၎င်းတို့၏ ဗီဇစွမ်းရည်များအပေါ် ထိန်းချုပ်မှုသည် အလွန်ရင့်ကျက်သော အဆင့်သို့ ရောက်ရှိနေပြီး ၎င်းတို့အနေဖြင့် ပိုမိုမြင့်မားသော ဗီဇအစီအစဥ်သို့ ဆင့်ကဲပြောင်းလဲနိုင်သည်။

သို့သော် ဤသည်မှာ ၎င်းတို့အနေဖြင့် လက်ရှိကျင်ကြံခြင်းနယ်ပယ်၏ အကန့်အသတ်များသို့ ရောက်ရှိသွားပြီဟူ၍ မဆိုလိုပေ။

ကြယ်တာရာကျင့်ကြံသူနယ်ပယ်တွင် အသက်စွမ်းအင်အညွှန်းကိန်း 90 ကျော်ပါက ၎င်းတို့အနေနှင့် မဟာပြည့်စုံခြင်းအဆင့်တွင်ရှိသည်ဟု အဓိပ္ပါယ်ရသည်။

ဤအဆင့်တွင် တစ်ယောက်အနေဖြင့် ၎င်းတို့၏ ဗီဇစွမ်းရည်များကို လုံးဝ ထိန်းချုပ်နိုင်ပြီး ၎င်းတို့၏ ဗီဇများ များသည် ၎င်းတို့၏ အသက်အားကို လှုံ့ဆော်ပေးကာ အသက်စွမ်းအင်အညွှန်းကိန်းကို လူအနည်းငယ်သာ ရောက်နိုင်သော အဆင့်သို့ တိုးမြင့်ပေးနိုင်သည်။

သို့သော် ဤသည်မှာ နောက်ဆုံးအဆင့်မဟုတ်သေးပေ။ မဟာပြည့်စုံခြင်းအဆင့် အထက်၌ ပါရာဂွန်အဆင့် ရှိသေးသည်။

တစ်ယောက်အနေဖြင့် ကြယ်တာရာ ကျင့်ကြံသူနယ်ပယ်တွင် အသက်စွမ်းအင်အညွှန်းကိန်း 100 သို့ ရောက်ပါက၊ ၎င်းတို့အနေနှင့် သီးခြား အကန့်အသတ်များသို့ ရောက်ရှိပြီး သူတို့အဆင့်တွင် မလွှမ်းမိုးနိုင်သော ပြီးပြည့်စုံသည့် ပါရာဂွန် ဖြစ်လာပေလိမ့်မည်။

"မန်နေဂျာကြီး သူ့ကို သတ်လိုက်ပါ!" အိုက် ဘေးမှနေ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့နှလုံးသားတွင် သွေးများယိုစီးနေသကဲ့သို့ ခံစားနေရသည်။ "ဒီသုတေသီတွေကို ကျွန်တော်တို့ အရမ်းအားစိုက်ပြီး မွေးမြူခဲ့ရတာ။ သူက အများကြီးကို သတ်ပစ်လိုက်တယ်။"

ဖရန့် မြေပြင်ပေါ်မှ အလောင်းများကို ကြည့်ရင်း သူ့အမူအရာမှာ အလွန်အမင်းခက်ထန်လာခဲ့သည်။

ဒီလူတွေက မီးတောင်ချော်ရည်ထဲကို ပစ်ချခံခဲ့ရတဲ့သူတွေနဲ့ မတူပါဘူး။ သူတို့က သုတေသီတွေထဲကမှ လက်ရွေးစင် အစစ်အမှန်တွေပါ။ သူတို့ထဲက တစ်ယောက်ကို ဆုံးရှုံးလိုက်တိုင်း သူ့နှလုံးသားမှာ နာကျင်နေခဲ့ရတော့၏။

"အစိမ်းရောင် လူသန်ကြီး သူ့ကိုအဆုံးသတ်လိုက်!" ဖရန့်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး အစိမ်းရောင် လူသန်ကြီးကို သတ်ဖြတ်ရန် အမိန့်ပေးလိုက်တော့သည်။

ဝေါင်း!

အစိမ်းရောင် လူသန်ကြီးမှာ ခေါင်းကိုမော့ကာ ကောင်းကင်သို့ ဦးတည်၍ ဟိန်းလိုက်သည်။ ဤဟိန်းသံမှာ ကျယ်လောင်လွန်း၍ နားများပင် အူစေနိုင်လောက်သည်။ အားကောင်းသောလှသေည အသံလှိုင်းများမှာ လေစီးကြောင်းအားလုံးကို အရိုင်းဆန်စွာ လှုပ်ခတ်စေခဲ့သည်။

နောက်ခဏတွင် အစိမ်းရောင် လူသန်ကြီးမှာ တောရိုင်းသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖုန့်လင်းဆီသို့ လေးဘက်ထောက်၍ ကဆုန်ပေါက်ကာ ပြေးဝင်လာခဲ့သည်။

"ဟမ်?" ဖုန့်လင်း၏ မျက်လုံးထဲတွင် တည်​ငြိမ်သော အလင်းတစ်ခု လက်သွားခဲ့ပြီး ၎င်းမှာ သူ့ပစ်မှတ်၏ ဝိညာဉ်ကို ဝါးမျိုနိုင်သည့် တွင်းနက်ကြီးတစ်ခုနှင့် တူနေခဲ့၏။ သူ့စိတ်စွမ်းအင်များ ရုတ်တရက် စီးထွက်လာပြီး သူ့မျက်ခုံးနှစ်ခုကြားမှ တိုက်ရိုက်ထိုးဖောက်ထွက်လာခဲ့သည်။

ဖုန့်လင်း၏ စိတ်ဗီဇမှာ ၉ အမှတ်အထိ ရောက်ရှိပြီးဖြစ်ကာ သူ့စိတ်စွမ်းအင်ကို အလွန်အမင်းအားကောင်းစေခဲ့သည်။ ထိုစွမ်းအင်မှာ မမြင်ရသည့် ဓားတစ်ချောင်းကဲ့သို့ အစိမ်းရောင် လူသန်ကြီး၏ စိတ်ထဲသို့ တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။

အစိမ်းရောင် လူသန်ကြီးမှာ နာကျင်မှုကြောင့် ဟိန်းဟောက်လိုက်ပြီး သူ့လက်များဖြင့် ခေါင်းကိုကိုင်ကာ မြေပြင်ပေါ်တွင် လူးလှိမ့်နေရင်း မချိမဆံ့ အော်ဟစ်နေခဲ့သည်။ သူ့ဦးနှောက်မှာ ကော်အဖြစ်ပြောင်းလဲသွားသည်ဟု ခံစားနေရပြီး အလွန်အမင်း နာကျင်နေခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ?" ဖရန့် အံ့အားသင့်သွားခဲ့လေ၏။ "ဒီလူဝါကောင်ကို အမြန်သတ်ပစ်လိုက်စမ်း!"

"ဒီလူဖြူတွေကို သတ်ပစ်လိုက်စမ်း!"

ဖုန့်လင်းကလည်း အမိန့်တစ်ခု ပေးလိုက်သည်။

အစိမ်းရောင် လူသန်ကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ ဘယ်အမိန့်ကို လိုက်နာရမည်မှန်း မသိတော့ပေ။

"မြန်မြန် သူ့ကို သတ်လိုက်!" ဖရန့် ဆက်အမိန့်ပေးလိုက်သည်။

"သူတို့အားလုံးကို သတ်လိုက်!"

ဖုန့်လင်းလည်း အလားတူပင် ပြောလိုက်သည်။

...

သူတို့နှစ်ဦးစလုံး အမိန့်များကို ဆက်တိုက်ပေးနေခဲ့ပြီး ထိုအမိန့်များမှာ အစိမ်းရောင် လူသန်ကြီး၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

အစိမ်းရောင် လူသန်ကြီးမှာ ဘယ်သူ့အမိန့်ကို နာခံရမည်မှန်း မသိတော့ပေ။ တစ်ခုမှာ အမိန့်နာခံရမည့် ပင်ကိုသိစိတ်ဖြစ်ပြီး၊ အခြားတစ်ခုမှာ သူ၏စိတ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသော အသွင်မဲ့ တိုက်တွန်းချက်တစ်ခုဖြစ်ကာ သူ့ကို နောက်ထပ် အမိန့်နာခံစေလိုခဲ့သည်။

သူ့အမူအရာမှာ ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ပြီး နွားသိုးတစ်ကောင်နှင့် တူသော မျက်လုံးများမှာ သွေးရောင်တောက်လာခဲ့သည်။ သူ့အကြည့်ထဲရှိ ရူးသွပ်နေသည့် ပုံစံမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ရုတ်တရက်ပင် သူ ဟိန်းသံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ကို ဖျက်ဆီးတော့မည့် သားရိုင်းတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အစိမ်းရောင် လူသန်ကြီး လှိမ့်ချပြီး ခုန်လိုက်ကာ သူ၏ကြီးမားသော လက်သီးများမှာ တူကြီးများကဲ့သို့ သူထိမိသမျှအရာအားလုံးကို ချေမွနေခဲ့သည်။ သူ၏ကြောက်မက်ဖွယ်ကောင်းသော အင်အားမှာ အပြည့်အဝထုတ်လွှတ်ခြင်းကို ခံခဲ့ရပြီး မြေပြင်ကို အဆက်မပြတ် တုန်ခါသွားစေခဲ့သည်။

ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့သော အားနည်းသည့် သုတေသီများမှာ အလွန်အမင်း ကံမကောင်းခဲ့ကြပေ။အလွန်ဝေးကွာသည့်နေရာများတွင် ၎င်းတို့ ပုန်းအောင်းနေခဲ့သော်လည်း လူတိုင်း အသားနှစ်များဖြစ်ကာ ကြေမွသွားခဲ့ကြသည်။

ဖုန့်လင်း၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးတွင်၊ အစိမ်းရောင် လူသန်ကြီးမှာလည်း သူ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ခဲ့သည်။

"မင်း ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ?" ဖရန့်အမူအရာမှာ အလွန်အမင်းလေးလံနေခဲ့ပြီး သူ၏ အစိမ်းရောင် လူသန်ကြီးအပေါ် ထိန်းချုပ်မှုအားလုံးမှာ လုံးဝဆုံးရှုံးသွားကြောင်း သတိထားမိလိုက်သည်။ "ငါ အစိမ်းရောင် လူသန်ကြီးရဲ့ ဦးနှောက်ထဲမှာ မိုက်ခရိုချစ်ပ်တစ်ခု ထည့်ထားတယ်လေ ဘာလို့များ သူက မင်းရဲ့အမိန့်ကို နာခံနေရတာလဲ?"

"ဒါက ဘာခက်ခဲလို့လဲ" ဖုန့်လင်း အေးစက်စွာ ရယ်မောလိုက်သည်။ ''အစိမ်းရောင် လူသန်ကြီးဆေးရည်ကို ပုံဆောင်ခဲအဖြစ်ဖွဲ့တဲ့အချိန်တုန်းက ကျုပ်မှာ ကြိုတင်ကာကွယ်မှုတွေ မရှိဘူးလို့ ခင်ဗျား တကယ်ထင်နေတာလား? အစိမ်းရောင် လူသန်ကြီးက လူသားတွေဖန်တီးထားတဲ့ သတ်ဖြတ်ခြင်းစက်တစ်ခုသက်သက်ပဲမဟုတ်ဘူး၊ သူကလည်း သက်ရှိအရာတစ်ခုပါပဲ!"

"စိတ်ထိန်းချုပ်မှုလား!" ဖရန့် ချက်ချင်း နားလည်သွားခဲ့သည်။ "ငါ ဒါကို အရင်ကတည်းက တွေးမိသင့်တာပဲ။ မင်းက စိတ်ဗီဇ ကို နိုးထပြီးသားဆိုတော့၊ မင်းအတွက် စိတ်ညှို့ပညာကို လေ့လာဖို့က သိပ်မခက်ခဲဘူးပဲ။"

ဘေးနားမှာရှိနေသည့် အိုက်မှာ ရုတ်တရက် ဉာဏ်အလင်းရသွားသလို ခံစားခဲ့ရသည်။ "အရင်တုန်းက၊ ငါ့ရဲ့ မင်းအပေါ် ဆန့်ကျင်တဲ့ခံစားချက်တွေကို ဝေဝါးသွားအောင် မင်း ဒါကိုသုံးခဲ့တာလား?"

သူ ရုတ်တရက် ဖုန့်လင်းအပေါ်တွင် အရင်က ခံစားခဲ့ရသော နားမလည်နိုင်သည့် စိတ်သဘောထားကောင်းများကို သတိရမိသွားသည်။။ အခု သူ ပြန်တွေးကြည့်လိုက်တော့ အရာအားလုံးက အရမ်းကို ထူးဆန်းနေပါတယ်။

ဖုန့်လင်း အေးစက်စွာ ရယ်လိုက်သည်။ "ခင်ဗျား အဲ့လောက်ထိ မတုံးသေးဘူးပဲ!"

"မင်း..." အိုက်၏အမူအရာမှာ မုန်းတီးနေသည့်ပုံသို့ ပြောင်းသွားတော့၏။

ဘန်း!

ဖုန့်လင်း မြေပြင်ကို အပြင်းအထန် ဆောင့်နင်းပြီး လေထဲကို ခုန်တက်လိုက်ကာ ဖရန့်ဆီသို့ တိုက်ရိုက် ပစ်ဝင်လိုက်သည်။

သူ့လက်နှစ်ဖက်စလုံးနှင့် လက်ဟန်များ ပုံဖော်လိုက်သည်။ လက်တစ်ဖက်က ယန်၊ အခြားတစ်ဖက်က ယင်ဖြစ်နေကာ ယင်နဲ့ယန်မှာ အတူအကွ ပေါင်းစပ်သွားပြီး အဆုံးမရှိသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။။

ပုံသဏ္ဍာန်မရှိသည့် လှိုင်းများ ဖြာထွက်လာပြီး ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့တော့၏။

ဖရန့်နှင့်အိုက်မှာ ချက်ချင်းပင် သက်ရောက်မှုကို ခံလိုက်ရပြီး လက်ဟန်များ၏ အဆုံးမရှိသည့် ပြောင်းလဲမှုများကြောင့် အသိစိတ်များ လေးလံလာကြတော့သည်။

ယင်-ယန် ကြေးမုံ တံဆိပ်တော်။

ဖုန့်လင်း ချက်ချင်းလှုပ်ရှားလိုက်ပြီး အင်အားကိုထုတ်ပြကာ အသာစီးရယူချင်နေခဲ့သည်။

သူခိုးအုပ်စုကို နှိမ်နင်းဖို့ဆိုရင် သူခိုးခေါင်းဆောင်ကို အရင်နှိမ်နင်းရလိမ့်မယ်။

သူ ဖရန့်ကို နှိမ်နင်းလိုက်နိုင်ရင် ဒီတိုက်ပွဲက ချက်ချင်းပြီးသွားမှာပါ။ ဖုန့်လင်း အချိန်ဆွဲမနေချင်ပါဘူး။

အိုက်၏အသိစိတ်မှာ ဝေဝါးနေသကဲ့သို့ မျက်ခွံများမှာလည်း လေးသထက် လေးလာပြီး သတိလစ် သွားတော့မည်ဖြစ်သည်။

"နိုးထစမ်း!" ဖရန့် ရုတ်တရက် ဟိန်းဟောက်လိုက်သည်နှင့် သူ့မျက်လုံးများတွင် အလင်းတစ်ခု ဖြတ်သန်းသွားပြီး ချက်ချင်း သတိပြန်ရလာကာ ဖုန့်လင်းနှင့် သူ့ကြားမှ အကွာအဝေးကို ချက်ချင်းခွာလိုက်သည်။

ဒါကိုမြင်လိုက်တော့ ဖုန့်လင်း နည်းနည်း နောင်တရသလို ခံစားခဲ့ရပါတယ်၊ ဒါပေမယ့် သူ အရမ်းတော့ မအံ့သြပါဘူး။

စိတ်ဗီဇက အခြေခံဗီဇလေးတစ်ခုပါပဲ။ သူ ၉အမှတ်အထိ အားဖြည့်ထားပေမယ့် ရှေးဦးဗီဇ နိုးထပြီးသား ကြယ်တာရာကျင့်ကြံသူ တစ်ယောက်ကို စိတ်ညှို့နိုင်တဲ့အထိတော့ မဖြစ်နိုင်သေးပါဘူး။

သူ၏အဖွင့်ထိုးစစ် ကျရှုံးသွားပြီးနောက် ဖုန့်လင်း နည်းစနစ်များကို ပြောင်းလိုက်သည်။ သူ့လက်နှစ်ဖက်လုံးမှာ အရိုးမရှိသည့် ဧရာမစပါးအုံးကြီးတစ်ကောင်ကဲ့သို့ ဖရန့်ဆီသို့ တိုးဝင်လာကာ ဖမ်းဆီးလိုနေခဲ့သည်။

အင်မော်တယ်နှောင်ကြိုးတံဆိပ်တော်!

သူ့လက်မောင်းများမှာ လိမ်ယှက်သွားပြီး ဖြည်ရန်မဖြစ်နိုင်သည့် သေမင်း ကြိုးထုံးများအသွင်ဖြစ်သွားခဲ့သည်။ ဒါနဲ့သာဆိုရင် ဒဏ္ဍာရီထဲက အင်မော်တယ်တွေတောင် ဖမ်းဆီးခံရနိုင်သည့်ပုံ ပေါက်နေခဲ့ပါတယ်။

"ဘန်း!"

အဖြူရောင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

"ဘာပဲ?" ဖုန့်လင်း ရှော့ရသွားခဲ့ပြီး ဖရန့်၏ ကျောဘက်မှ မြင့်မြတ်သည့်ပုံပေါ်နေသော သန့်စင်သည့်အဖြူရောင် အတောင်ပံတစ်စုံ ရုတ်တရက်ပေါ်လာသည်ကို တွေ့လိုက်ရလေ၏။ အတောင်ပံများအပေါ်မှ အမွှေးများမှာ ဓားကဲ့သို့ ချွန်ထက်ပြီး အေးစက်သည့် သံမဏိကဲ့သို့ မာကျောနေခဲ့ကာ ဖရန့်ကို ကာကွယ်ရန်အတွက် လွှမ်းပတ်ထားခဲ့သည်။

ဖုန့်လင်းမှာ နှင်းကဲ့သို့သော အတောင်ပံဖြူများကို အားကုန် ဆုပ်ကိုင်လိုက်ရာ မီးပွားများ ထွက်လာခဲ့လေသည်။

သို့သော် အတောင်ပံများကို တစ်ချက်ခတ်လိုက်သည်နှင့် အားတစ်ခုမှာ ဖုန့်လင်းကို အဝေးသို့ တွန်းထုတ်လိုက်သည်။

ဆွစ်ရှ် ဆွစ်ရှ် ဆွစ်ရှ်~

အတောင်ပံများကို အမြန်ခတ်လိုက်သည်နှင့် လေမုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဖရန့် ဆက်လက် ပျံတက်သွားကာ ကောင်းကင်ထက်တွင် လွင့်မျောနေပြီး ဖုန့်လင်းကို အပေါ်စီးမှ စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများမှာ ငွေဖြူရောင် ပြောင်းသွားပြီး မျက်နှာထက်တွင် မည်သည့်ခံစားချက်မှ မပေါ်နေခဲ့ပေ။ သူ့ပုံစံမှာ ကောင်းကင်ဘုံမှ တမန်တော်နတ်သားတစ်ပါးက သူ့အောက်ရှိ သေမျိုးကမ္ဘာကို စိုက်ကြည့်နေသကဲ့သို့ပင်။

All Chapters