← Chapters

တမန်တော်နတ်သား

Vol. 8 Ch. 119

တမန်တော်နတ်သား

Vol. 8 Ch. 119

သန့်စင်သည့်အဖြူရောင် အတောင်ပံများ ခတ်လိုက်သည်နှင့် လေပြင်းများ ဖြစ်ပေါ်လာခဲ့တော့သည်။

ဖရန့် တကယ်ပင် တမန်တော်နတ်သားတစ်ပါးအဖြစ် ပြောင်းလဲသွားပြီး မြင့်မားသည့် ကောင်းကင်ယံထက်တွင် လွင့်မျောနေကာ ဖုန့်လင်းကို အပေါ်စီးမှ ကြည့်နေခဲ့သည်။

"တမန်တော်နတ်သားဗီဇလား!"

ဖုန့်လင်း ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေရင်း စိတ်ထဲတွင် သတိထားမှုများ ပြည့်လာခဲ့သည်။

"ငါ အလုပ်ခန့်ထားတဲ့ ပါရမီရှင်တစ်ယောက်က မျှော်လင့်ထားတဲ့အတိုင်းဘဲ ငါ နိုးထထားတဲ့ ဗီဇကို ချက်ချင်းပြောနိုင်တာပဲ!" ဖရန့်အနေနှင့် အောင်ပွဲမှာ သူ့လက်ထဲတွင် ရောက်နေပြီသားဟု ခံစားနေရပြီး အေးစက်စွာ ရယ်မောလိုက်သည်။ "ဖုန့်လင်း၊ မင်းက ကြယ်တာရာကျင့်ကြံသူနယ်ပယ်ရဲ့ အလယ်အဆင့်ကို ရောက်နေတယ်ဆိုပြီး ဘာမဆိုလုပ်နိုင်လိမ့်မယ်လို့ ထင်နေရင်၊ မင်း အရမ်းကို ရိုးသားလွန်းပြီး ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ။ မင်း ငါတို့ ဧရာမဆေးဝါးကုမ္ပဏီရဲ့ အခြေခံကို လျှော့တွက်ထားတာပဲ။ မင်းတောင် ရှေးဟောင်းနတ်ဆေးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အာနိသင်တွေကို သိနေရင် ငါ အဒါကို မသောက်ဘူးလို့ ထင်လား? ဒါကို စားပြီးတဲ့နောက်ပိုင်း ငါ တမန်တော်နတ်သားဗီဇကို နိုးထနိုင်ခဲ့တယ်။ ဒီဟာက ပြောင်းလဲခြင်းအဆင့် ရှေးဦးဗီဇတစ်မျိုးပဲ! ငါ့ရဲ့ အစစ်အမှန်ပုံစံကို ဖော်ပြဖို့ ဖိအားပေးနိုင်တဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်။ ပြီးတော့ မင်း နာနာခံခံနဲ့ သေရမယ့်အချိန်ကို စောင့်ဖို့ ပြင်ထားလိုက်!"

"ခင်းဗျား အဓိပ္ပါယ်မရှိတဲ့စကားတွေ တအားပြောလွန်းတယ်!" ဖုန့်လင်း အေးစက်စွာ ကြားဖြတ်လိုက်ပြီး နောက်ဆုတ်မသွားဘဲ ရှေ့တိုးကာ လက်ဦးမှု စယူလိုက်သည်။

ရုပ်ရှင်ထဲက ဗီလိန်တွေအားလုံးက စကားအများကြီး ပြောချင်လို့ သေရတာပါ။

ဖရန့်မှာ တမန်တော်နတ်သားဗီဇပဲရှိရှိ နတ်ဆိုးဗီဇပဲရှိရှိ ဘယ်သူဂရုစိုက်နေမှာလဲ? သူ့လမ်းကို လာပိတ်ရင်တော့ ဖုန့်လင်း သနားညှာတာမှု ပြနေမှာမဟုတ်ပါဘူး။

ငှက်လူသားတစ်ယောက်က လွဲလို့ သူက ဘာမှမဟုတ်ပါဘူး။ ဒီလိုဆိုတော့ ကဲ ဒီငှက်ကို ဖျက်ဆီးလိုက်ရအောင်။

ဗာဂျရာ နဂါးလက်သည်း!

ဖုန့်လင်းလက်များမှာ လက်သည်းများအသွင်ဖြစ်နေပြီး ယင်းလက်သည်းများဖြင့် ပိုင်းဖြတ်လိုက်တော့သည်။ သူ့လက်သည်းအားမှာ လေထုကို ဖြတ်သန်းကာ ဖြန့်ကျက်သွားပြီး သူ့ရန်သူကို တိုက်ခိုက်လိုက်၏။

ဖရန့်မှာ လေထဲတွင် လွင့်မျောနေခဲ့ပြီး မောက်မာသည့်အမူအရာတစ်ခု မျက်နှာထက်တွင် ရှိနေခဲ့သည်။ ဖုန့်လင်းဆီက အဝေးတိုက်ခိုက်မှုရဲ့ လျင်မြန်မှုနဲ့ ရက်စက်ကြမ်းတမ်းမှုကို သူ မသိထားခဲ့ပါဘူး။ မကြာခင်မှာပင် သူ့မျက်နှာပေါ်၌ သွေးထွက်ဒဏ်ရာတစ်ခု ပေါ်လာခဲ့ပြီး မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။ သူ့အတောင်ပံများမှာ ရှုပ်ပွသွားခဲ့ပြီး ကြည့်ရသည်မှာ သနားစရာကောင်းနေခဲ့သည်။

"မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ!" ဖရန့် သူ့ကိုယ်သူ တည်ငြိမ်စေရန် အားယူလိုက်သည်။ သူ့ဆံပင်နှင့်မျက်နှာတို့မှာ ဖုန်မှုန့်များဖြင့် ပေကျံနေခဲ့လေ၏။ ဖရန့် လေထဲသို့ ထပ်မံ ပျံတက်သွားကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

''မင်း သေဖို့ တောင်းဆိုနေတာပဲ''

သူ့အတောင်ပံများကို အားပြင်းစွာ ခတ်လိုက်သည်နှင့် အမွှေးများမှာ တောက်ပလာပြီး ထောင်မတ်လာကာ ရှေ့သိုဦးတည်၍ ကျည်ဆန်မိုးရွာနေသကဲ့သို့ ဖုန့်လင်းဆီသို့ ချိန်၍ ပစ်လိုက်သည်။

ဖုန့်လင်း ရှောင်ရန်လုပ်နေစဥ်မှာပင် ရုတ်တရက် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသည့်ဖိအားတစ်ခုမှာ သူ့အပေါ်ကျလာခဲ့ပြီး သူ့လှုပ်ရှားမှုများကို ကန့်သတ်လိုက်သည်။

မြေဆွဲအား ဗီဇပဲ!

ဖုန့်လင်း ဖရန့်ပိုင်ဆိုင်ထားသည့် အခြားဗီဇစွမ်းရည်ကို အမှတ်ရလိုက်သည်။ ရှင်းလင်းစွာပင် ဖရန့်အနေနှင့် သူ့လှုပ်ရှားမှုများကို ထိန်းချုပ်ပြီး တိုက်ခိုက်မှုကို မရှောင်နိုင်အောင် လုပ်နေခြင်းပင်။

ဒီလိုဆိုမှတော့ သူ မရှောင်နေတော့ပါဘူး။ သူ့လက်နှစ်ဖက်ကို ရင်ဘတ်တွင် ထားလိုက်ပြီး ဒိုင်းတစ်ခုကဲ့သို့ သူ၏ အရေးကြီးသည့်နေရာများကို ကာကွယ်ထားကာ အရေပြားမှာ မာကျောလာခဲ့ရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်စိမ်းရောင်ရင့်ရင့်ဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ဘန်း၊ ဘန်း၊ ဘန်း!

သံမဏိချင်းထိခတ်သံများမှာ မိုးကြိုးမုန်တိုင်းထဲမှ လေပြင်းတိုက်သံနှင့် ဆင်တူနေခဲ့လေ၏။

ငှက်မွှေးများမှာ ဖုန့်လင်းကို ထိမှန်သွားသည်။ သို့သော်လည်း အကျိိုးဆက်မှာ အားလုံး ကွေးညွှတ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ကျသွားလေ၏။

ဖုန့်လင်းရဲ့ အဝတ်အစားတွေ စုတ်ပြဲသွားတာကလွဲရင် ဒဏ်ရာသေးသေးလေးတောင် မရခဲ့ပါဘူး။

"ဘာ?" ဖရန့်မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားခဲ့သည်။ သူ့ရဲ့ သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုက ရုတ်ချည်းပင် အကျိုးမရှိဖြစ်သွားခဲ့ပြီး သူ့ကို ကြောင်အသွားစေခဲ့သည်။

ခန္ဓာကိုယ်ကို အားဖြည့်တဲ့ဗီဇတစ်ခုကို ဖုန့်လင်း နိုးထထားတာလား?

အတွေ့အကြုံရင့်တဲ့ ကြယ်တာရာကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဖရန့်ရဲ့ ခန့်မှန်းချက်က မဆိုးပါဘူး။ ကျောက်တုံးမျောက်ဗီဇရဲ့စွမ်းရည်တစ်ချို့ကို သူ ချက်ချင်းပြောနိုင်ခဲ့ပါတယ်။

ဖုန့်လင်းရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှုက သူ့စိတ်ကူးထားတာထက် ကျော်နေခဲ့ပြီး သံမဏိလို မာကျောတဲ့ သူ့အမွှေးတွေတောင် ဖုန့်လင်းရဲ့ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။

အတောင်ပံမွှေးများမှာ မိုးစက်မိုးပေါက်များကဲ့သို့ ထူထပ်နေခဲ့သည်။ ဤမျှများပြားသည့် အတောင်ပံမွှေးတိုက်ခိုက်မှုများကို ဖုန့်လင်း တစ်ခုချင်းစီ တောင့်ခံလိုက်ပြီး နောက်ဆုံး၌ သူ့တွင် စုတ်ပြဲနေတဲ့ အတွင်းခံတစ်ထည်သာ ကျန်ခဲ့ကာ သူ၏ အခြားအဝတ်အစားအားလုံးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။

သူ၏ အဝတ်ဗလာနီးပါးဖြစ်နေသည့် ခန္ဓာကိုယ် ထွက်ပေါ်လာခဲ့သည်။ သူ့ကြွက်သားများမှာ အချိုးကျနေပြီး လူသားပုံစံရှိသည့် ရှေးဟောင်းမျောက်တစ်ကောင်ကဲ့သို့ ကျန်းမာကြံ့ခိုင်ဖျတ်လတ်သည့် ခန္ဓာကိုယ်ရှိကာ ခွန်အားနှင့် အရိုင်းဆန်သည့် အလှတရားများ ပြည့်နှက်နေခဲ့လေ၏။

ကြယ်တာရာကျင့်ကြံသူတစ်ယောက်အနေနဲ့ ဖုန့်လင်း ဒီအခြေအနေကို အရေးမစိုက်ပါဘူး။ သူ ဆက်ပြီး တိုက်ခိုက်နေကာ အဝတ်မရှိတာကို ဂရုမစိုက်နေခဲ့ပေ။ "လာစမ်း!"

လက်သီးတစ်ချက်ချင်းစီမှ သာမန်မျက်စိနှင့်ပင် ရှင်းရှင်းလင်းလင်း မြင်ရပြီး ဖောက်ထွင်းမြင်နိုင်သည့် လက်သီးအားတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ လေလှိုင်းများမှာ လေအမြောက်တစ်ခု၏ စွမ်းအားနှင့်အတူ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ဆီကို တက်သွားခဲ့လေ၏။

မိုးခြိန်းသကဲ့သို့ ပေါက်ကွဲသံများ အဆက်မပြတ် မြည်ဟီးနေခဲ့သည်။ ဤသည်ကိုမြင်ပြီး ဖရန့်မှာ သူ့အတောင်ပံများနှင့် သူ့ကိုယ်သူ ရစ်ပတ် ကာကွယ်လိုက်ပြီး လက်သီးအားမှဖြစ်တည်လာသော ပြင်းထန်လှသည့် မုန်တိုင်းကို တားဆီးလိုက်၏။

သူ့အတောင်မွှေးများ ဖုန့်လင်းကို ဘာမှမလုပ်နိုင်သည်ကို မြင်ပြီးနောက် ဖရန့် သူ့လက်များကို လှုပ်ရှား၍ လက်ဝါးကပ်တိုင်ပုံစံလုပ်ကာ ရင်ဘတ်ရှေ့တွင် ထားလိုက်သည်။ တောက်ပနေသော အလင်းတစ်ခုမှာ ပို၍လင်းလက်လာပြီး လက်ဖဝါးများအလယ်တွင် အထင်အရှား ပေါ်လာခဲ့သည်။

"ဘုရားသခင်ရဲ့သွေးကို စော်ကားတဲ့ အပြစ်သား။ ငါက ဘုရားသခင်ရဲ့နာမည်နဲ့ မင်းရဲ့အပြစ်တွေကို စီရင်မယ်။ ဒီသန့်ရှင်းတဲ့အလင်းအောက်မှာ သန့်စင်ခံဖို့ အသင့်ပြင်ထားလိုက်စမ်း!" ဖရန့် ကျယ်လောင်စွာ ကြွေးကြော်လိုက်ရင်း လက်ဖဝါးများကို တွန်းထုတ်လိုက်သည်။

တမန်တော် မြင့်မြတ်အလင်း လက်သီး!

ကောင်းကင်နိုင်ငံတော်မှ နတ်ဘုရားအလင်းကဲ့သို့ တောက်ပနေသည့် သန့်စင်သည့်အဖြူရောင်အလင်းတန်းမှာ ချက်ချင်းပင် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သေမျိုးကမ္ဘာကို သန့်စင်လိုက်သည်။

ဖရန့် လက်သီးဖြင့် ထိုးလိုက်သည်နှင့် အဖြူရောင်အလင်းတန်းတိုင်လုံးတစ်ခုမှာ ဖုန့်လင်းကို ဝါးမြိုသွားခဲ့သည်။

ဖုန့်လင်းမှာ လက်နှစ်ဖက်ကို မျက်နှာရှေ့တွင် ကာကွယ်ထားခဲ့ပြီး ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဤအဖြူရောင်အလင်းတွင် အလွန်ပြင်းထန်သည့် အပူနှင့် အရာအားလုံးကို သန့်စင်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းအင်များ ပါဝင်နေခဲ့သည်။

ဖုန့်လင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးကို အပ်ဖြင့် ထိုးသလို နာကျင်မှုမျိုးကို ခံစားခဲ့ရသည်။ မြင့်မြတ်သည့် အလင်းမှာ အကျိတ်များကဲ့သို့ ဖြစ်နေပြီး ယင်းနှင့် ထိမိသည့် ကျန်းမာသော ဆဲလ်များကို သတ်ပစ်နေခဲ့သည်။

​တောက်ပနေသည့် မြင့်မြတ်အလင်း၏ စီရင်မှုအောက်တွင် ဖုန့်လင်းမှာ လုံးဝသန့်စင်ခံရတော့မယ့် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။

"ပြောင်းလဲခြင်းအဆင့် ရှေးဦးဗီဇကတော့ ထင်တဲ့အတိုင်းပဲ!" ဖုန်လင်းမှာ မတတ်သာဘဲ သက်ပြင်းချလိုက်မိသည်။ ဒါက သူအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီလောက်ကြီးမားတဲ့ စွမ်းအင်သက်ရောက်မှုကို ခံစားရတာဖြစ်ပြီး တကယ်ကို အံ့သြစရာပါပဲ။

ဖုန့်လင်းမှာ ကျောက်တုံးမျောက်ဗီဇ၏ မီးနဲ့ရေတို့အပေါ် ခံနိုင်ရည်ရှိမှုကို အပြည့်အဝ အသက်သွင်းလိုက်သည်။ ပေါ်ထွက်လာသည့် အလင်းဖျော့ဖျော့ အလွှာတစ်ခုမှာ ဒိုင်းတစ်ခုကဲ့သို့ မြင့်မြတ်သည့် အလင်းကို ကာကွယ်ပေးနေပြီး အလင်းများ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်မသွားအောင် တားဆီးပေးခဲ့သည်။

ဖရန့်မှာ သူ၏ တရစပ်တိုက်ခိုက်မှုများကို ဆက်လုပ်နေခဲ့သည်။ သူ့အတောင်ပံများကို ခတ်နေပြီး လေထဲတွင် လှည့်ပတ်ပျံနေခဲ့၏။ မြင့်မြတ်သည့် အလင်းတန်းရောင်ခြည်များကို လေးဘက်လေးတန်မှ ပစ်လွှတ်လိုက်ရာ ဖုန့်လင်းကို အပြည့်အဝ ဝါးမြိုသွားခဲ့သည်။

ဖုန့်လင်းမှာ အလင်းထဲတွင် နစ်မြုပ်နေခဲ့သည်။ အချိန်အတန်ကြာသည်အထိ လှုပ်ရှားမှုမရှိသည်ကို ကြည့်ရလျှင် သန့်စင်မှုမှာ အလုပ်ဖြစ်သွားပုံပင်။

အချိန်တချို့လွန်ပြီးနောက် ဖရန့်မှာ သူ့အတောင်ပံများကို ပြန်ရုပ်သိမ်းလိုက်သည်။ သို့သော် မြေပြင်ပေါ်သို့ ဆင်းတော့မည့် အချိန်တွင်ပင် ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး ထပ်မံ၍ လေထဲသို့ အလျင်အမြန် ထွက်ပြေးလိုက်သည်။

တောက်ပသည့် မြင့်မြတ်အလင်းများ ပျောက်ကွယ်သွားပြီးနောက် အဝတ်ဗလာ ခန္ဓာကိုယ်တစ်ခု မြေပြင်ပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဒါက ဖုန့်လင်းမဟုတ်ရင် ဘယ်သူဖြစ်လိမ့်မလဲ?

"ဘာ? မြင့်မြတ်တဲ့အလင်းက အလုပ်မဖြစ်ဘူးလား?" ဖရန့် အံ့သြသွားခဲ့၏။

ဒီဖုန့်လင်းက တကယ်ဆို ဘယ်လိုဗီဇတွေ နိုးထထားတာလဲ? သူ တကယ်ပဲ ဒဏ်ရာတစ်ခုမှ မရဘူးလား?

ဖရန့် စိတ်ထဲတွင် ရုတ်ချည်းပင် ကြောက်ရွံ့မှုများ စတင်ဝင်ရောက်လာတော့၏။

"ငါ့အတွက် ဆင်းလာစမ်း!" ဖရန့် အာရုံမစိုက်နိုင်သည့် အချိန်တွင် ဖုန့်လင်းမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး လေထဲသို့ ခုန်တက်လိုက်သည်။ လက်သည်းပုံစံဖြစ်နေသည့် သူ့လက်များဖြင့် အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။

ဖရန့်မှာ အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိဘဲ သူ့အတောင်ပံမှ များပြားလှသည့် အမွှေးများ ပါသွားပြီး အတောင်တစ်ဖက်တွင် အလွန်ကြည့်ရဆိုးသည့် အမွှေးမရှိသော အကွက်ကြီး ဖြစ်သွားခဲ့သည်။

"ခင်းဗျားက ငှက်လူသားဆိုရင်ရင်တောင်၊ ကျုပ် ခင်ဗျားရဲ့အတောင်ပံမွှေးအကုန်လုံးကို နှုတ်ပစ်ပြီး ခင်ဗျားကို အမွှေးပြောင်နေတဲ့ငှက်ဖြစ်အောင် လုပ်ပစ်မယ်!" ဖုန့်လင်း ရက်စက်စွာ ပြောလိုက်သည်။ လက်သည်းသဏ္ဌာန် လက်များဖြင့် ရက်စက်စွာ ပိုင်းဖြတ်လိုက်ရာ လက်သည်းအားမှာ လေထုကို ဖြတ်၍ ဖရန့်ဆီသို့ ဦးတည် ရွေ့လျားသွားခဲ့သည်။

မြင့်မြတ်တဲ့အလင်းဒိုင်း!

ဖရန့်မှာ မြင့်မြတ်သည့်အလင်းဒိုင်းကို အသက်သွင်းလိုက်ပြီး လေထဲမှ အားကို တားဆီးခဲ့၏။

အခြေအနေများမှာ ဆန့်ကျင်ဘက်ဖြစ်သွားခဲ့ပြီး ဖုန့်လင်းမှာ အသာစီးရသွားသည်ဖြစ်ရာ သဘာဝအတိုင်း သူ ယဉ်ကျေးနေမှာ မဟုတ်ပါဘူး။ သူ့အင်အားမှာ အကန့်အသတ်မဲ့နေသကဲ့သို့ ဖြစ်နေပြီး လက်သည်းတိုက်ခိုက်မှုများကို ဆက်လုပ်နေခဲ့ကာ မြင့်မြတ်သည့်ဒိုင်း၏ အလင်းရောင် မှိန်သွားပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်အထိ ထပ်ခါထပ်ခါ တိုက်ခိုက်နေခဲ့သည်။

တိုက်ခိုက်မှုအနည်းငယ်ဖလှယ်အပြီးတွင် တမန်တော်နတ်သားဗီဇ၏ အားနည်းချက်တချို့ကို သူ မြင်နိုင်ခဲ့သည်။

တမန်တော်နတ်သားဗဇပိုင်ဆိုင်ထားသူများတွင် ပျံသန်းနိုင်စွမ်းနှင့် မြင့်မြတ်သည့်အလင်း၏ စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

ဒါပေမယ့် ဒါက အားနည်းချက်မရှိဘူးလို့ မဆိုလိုပါဘူး။ ဒီတမန်တော်နတ်သားဗီဇက ပြောင်းလဲခြင်းအဆင့် ဗီဇပဲဖြစ်ပြီး ပြည့်စုံတဲ့ဗီဇ မဟုတ်သေးပါဘူး။

ပြီးတော့ ဖရန့်မှာလည်း အတောင်ပံတစ်စုံပဲရှိပြီး တမန်တော်နတ်သားတွေထဲမှာ အဆင့်အနိမ့်ဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ သူ့စွမ်းရည်တွေက အရမ်းကြီး မသန်မာနေပါဘူး၊ အားနည်းချက်တော့ ရှိမှာပါ။

ဖုန့်လင်းအနေနဲ့ ဖရန့်ရဲ့ အသက်စွမ်းအင်အညွှန်းကိန်းက သူ့ထက် သိသိသာသာမြင့်နေပေမယ့် ဖရန့်က လေထဲမှာပဲ လွင့်မျောနေပြီး ဆင်းမလာရဲဘူးဆိုတာ သတိထားမိသွားသည်။

ဒါက ဘာကိုဆိုလိုတာလဲ? ရှင်းနေတာပဲ - ဖရန့်အနေနဲ့ အနီးကပ်တိုက်ခိုက်မှုကို ကြောက်နေတာပါ!

သူ့ခန္ဓာကိုယ်က အားနည်းတဲ့အတွက် သူ ဖုန့်လင်းနားကို မကပ်ရဲပါဘူး။

ဤအရာကို သိပြီးနောက် ဖုန့်လင်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ မင်းက ဆင်းမလာချင်ဘူးဆိုတော့ မင်းနဲ့တွေ့ဖို့ ငါ တက်လာရမှာပေါ့!

သူ့အော်ရာမှာ ပြောင်းသွားခဲ့သည်။ စွမ်းအားစုဆောင်းပြီးသည့်နောက် လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး ဖရန့်ထက်ပင် ပိုမြင့်သည့်နေရာအထိ ရောက်သွားတော့၏။

သူ့ခန္ဓာကိုယ်မှာ ကျွမ်းထိုးမှောက်ခုန် ဖြစ်သွားပြီး ကောင်းကင်မှကျလာသည့် ​ကြယ်ပျံတစ်စင်းနှင့် တူနေခဲ့သည်။ သူ့လက်တစ်ဖက်တွင် ကြီးမားသည့် သည့် ခွန်အားများထည့်သွင်းထားပြီး ကျာပွတ်နှင့်လေးလံစွာ ရိုက်ချလိုက်သကဲ့သို့ အောက်ကို ရိုက်ချလိုက်သည်။

ဖြန်း၊ ​ဖြန်း၊ ဖြန်း!

ကျာပွတ်မကျလာခင်မှာပင် လေထုထဲတွင် အဖြူရောင်အမာရွတ်တစ်ခုကို မြင်နိုင်ပြီး ပေါက်ကွဲသံများ မြည်လာခဲ့သည်။

နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ်တံဆိပ်တော်!

ဖုန့်လင်း၏မျက်လုံးများမှာ ပစ်မှတ်ကို မလွတ်တမ်းကြည့်နေခဲ့ပြီး မျက်နှာထက်တွင် ရက်စက်သည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။

မင်းက ဒဏ္ဍာရီထဲက မြင့်မြတ်တဲ့တမန်တော် နတ်သားဖြစ်နေရင်တောင် ဘာအရေးလဲ?

မင်း သေမျိုးကမ္ဘာထဲကို ပြုတ်ကျသွားတဲ့အထိ ဆိုးဆိုးဝါးဝါးဖြစ်အောင် ငါ ရိုက်ပြမယ်!

All Chapters