← Chapters

မင်းကို သေမျိုးကမ္ဘာထဲကို ပြုတ်ကျအောင် ရိုက်မယ်

Vol. 8 Ch. 120

မင်းကို သေမျိုးကမ္ဘာထဲကို ပြုတ်ကျအောင် ရိုက်မယ်

Vol. 8 Ch. 120

ကျာပွတ်တံဆိပ်တော်ထဲတွင် တန်ချိန်တစ်သောင်းမျှရှိသည့် အင်အားပါဝင်နေခဲ့သည်။

ဖုန့်လင်းခန္ဓာကိုယ်မှာ ကြယ်ပျံတစ်စင်းကဲ့သို့ ကောင်းကင်မှ အလျင်အမြန် ထိုးကျလာပြီး၊ လက်တစ်ဖက်ကို ကျာပွတ်အဖြစ်သုံးကာ ဤငှက်လူသားကို ကောင်းကင်ပေါ်မှ ကျလာအောင် ရိုက်ချလိုနေပြီး သူ့အတောင်ပံများကို ချိုးဖဲ့ပြီး မြေပေါ်သို့ ကျစေချင်ခဲ့သည်။

ဘွန်း!

လက်ကျာပွတ်မှာ ​မြင့်မြတ်အလင်းဒိုင်းနှင့် တိုက်မိသွားပြီး အသန်မာဆုံး ကျာပွတ်နှင့် အခိုင်မာဆုံး ဒိုင်းတို့ တိုက်မိသကဲ့သို့ ကြီးမားသည့် သက်ရောက်မှုလှိုင်းများ ဖြစ်ပေါ်စေခဲ့သည်။

ခရက်!

ဖရန့်အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး အကြောက်တရားနှင့် ပြည့်သွားခဲ့၏။

မြင့်မြတ်သည့်အလင်းဒိုင်းပေါ်တွင် သာမန်မျက်စိနှင့်ပင် မြင်ရနိုင်သည့် အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။

"ငါ့အတွက် ဆင်းလာစမ်း!" ဖုန့်လင်းမျက်နှာတွင် ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ ကျာပွတ်မှာ ဖိနှိပ်နိုင်စွမ်းရှိသည့်အားနှင့် ရိုက်ချလိုက်ပြီး ဖရန့်၏ အတောင်ပံများကို ရက်စက်စွာ ထိသွားခဲ့တော့၏။

သူ့အတောင်တစ်ဖက် ချက်ချင်းပင် ကျိုးသွားခဲ့သည်။

ဖုန့်လင်းမှ ဖရန့်ကို ဆုပ်ကိုင်ထားပြီး လေထဲမှနေ၍ အလျင်အမြန်ပင် ထိုးကျလာတော့၏။

ဖရန့်မှာ အလွန်အမင်း ကြောက်ရွံ့နေပြီး သွေးရူးသွေးတန်းဖြင့် ရုန်းကန်နေခဲ့ကာ ဖုန့်လင်း၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်ချင်နေခဲ့သည်။ သို့သော်လည်း ဖုန့်လင်း၏ လက်များမှာ စပါးအုံးများကဲ့သို့ သူ့အနားတွင် အသက်မရှုနိုင်လောက်အောင် တင်းကျပ်နေခဲ့ရာ ဖရန့်မှာ လွတ်မြောက်အောင် ရုန်းရန် မဖြစ်နိုင်ခဲ့ပေ။ ပြောရလျှင် ရုန်းလေလေ ပိုတင်းကျပ်လာလေလေပင်။ ဤသည်မှာ ဖရန့်ကို အသက်ရှူရ ခက်ခဲစေပြီး မွန်းလာစေခဲ့သည်။

ဤအတိုင်းသာ ဆက်သွားမယ်ဆိုလျှင် ဖရန့်အနေဖြင့် သူ သေမှာ အသေအချာပင်ဖြစ်သည်က်ို သိနေခဲ့၏။ ထို့အတွက်ကြောင့် သူ ယခုအချိန်တွင် ကြောက်ရွံ့မှုနှင့် အလွန်အမင်း ထိတ်လန့်မှုတို့ကို ခံစားနေခဲ့ရသည်။

တမန်တော်နတ်သားဗီဇ ပိုင်ရှင်တစ်ယောက်အနေနဲ့ သဘာဝအတိုင်း သူ့စွမ်းရည်တွေကို သူ အကောင်းဆုံးသိထားပါတယ်။

တမန်တော်နတ်သားဗီဇက မြင့်မြတ်တဲ့အလင်းကို ထိန်းချုပ်နိုင်ပြီး ပျံသန်းနိုင်တဲ့စွမ်းရည်ကို ပေးပါတယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်က အရမ်းမာကျောတယ်လို့တော့ မဆိုနိုင်ပါဘူး။ သူ အနီးကပ်တိုက်ခိုက်မှုမှာ တစ်ယောက်ယောက်နဲ့ ရင်ဆိုင်ရရင်တောင့် ပြဿနာမရှိသင့်ပါဘူး။ ဒါပေမယ့် ကံဆိုးစွာပဲ ဖုန့်လင်းရဲ့ဗီဇက ခန္ဓာကိုယ်ကို အားဖြည့်ပေးတဲ့ဗီဇဖြစ်ပြီး သူ့ခန္ဓာကိုယ်ရဲ့ မာကျောမှုကို အကန့်အသတ်ထိ မြင့်တက်သွားစေခဲ့သည်။ လူသားမဆန်လောက်တဲ့ထိ မာကျောတယ်လို့တောင် ပြောလို့ရပါတယ်။

ပြီးတော့ သူတို့သာ မြေပြင်ပေါ်ရောက်သွားရင် သူ့အတွက် အဆင်ပြေမှာမဟုတ်တော့ပါဘူး။

"မင်းသေသင့်တယ်!" သူ အကောင်းဆုံးကြိုးစားပြီး လွတ်အောင် ရုန်းထွက်ရန် ကြိုးစားနေခဲ့သော်လည်း ဖုန့်လင်း၏ ခြေလက်များမှာ သူ့ကို တင်းကျပ်စွာ ချည်နှောင်ထားရာ လှုပ်ရှားလို့မရနိုင်ခဲ့ပေ။

ရုတ်တရက်ပင် သူ လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပါးစပ်ကို ဟလိုက်သည်။ သန့်စင်သည့် အဖြူရောင်အလင်းတန်းများ သူ့ပါးစပ်ထဲတွင် စုဝေးနေသည်ကို မြင်နိုင်ခဲ့သည်။

မြင့်မြတ်အလင်းအမြောက်!

ဖရန့် ပါးစပ်ဟပြီး အားကောင်းသည့် အလင်းတန်းရောင်ခြည်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဖုန့်လင်း အလိုအလျောက် မျက်လုံး မှိတ်လိုက်၏။ ဤမျှ နီးကပ်သည့် အကွာအဝေးတွင် ရှောင်ဖို့ နည်းလမ်းမရှိချေ။ မျက်ခွံများကို ပိတ်ထားသော်လည်း သူ့မျက်လုံးများမှာ နာကျင်မှုကို ခံစားနေရဆဲပင်။

အခွင့်ကောင်းပဲ!

ဖုန့်လင်း မျက်လုံးမှိတ်ထားတာကို မြင်လိုက်တော့ ဖရန့်အနေနဲ့ ဒီလိုအခွင့်ကောင်းကို လက်လွတ်ခံနိုင်လိမ့်မတဲ့လား?

သူ့တမန်တော်နတ်သားဗီဇ၏ စွမ်းအင်အားလုံးကို အတောင်ပံများဆီ စုစည်းလိုက်သည်။ ရုတ်တရက် မြင့်မြတ်သည့် စွမ်းအင်ပေါက်ကွဲမှုတစ်ခု ထွက်လာပြီး ကြီးမားသည့် အရှုပ်အထွေးမုန်တိုင်းတစ်ခုကို ဖြစ်စေရင်း ရုန်းထွက်ရန် သူ ကြိုးစားလိုက်သည်။

ဖုန့်လင်းလက်များမှ အတင်းအကျပ် ခွာချခံလိုက်ရပြီး ဖရန့်မှာ ဤအခွင့်အရေးကို အလျင်အမြန် အသုံးချကာ အတောင်ပံများကို အမြန်ခတ်ပြီး အကွာအဝေးကို ခြားလိုက်ကာ ဖုန့်လင်းနှင့် တတ်နိုင်သမျှ ဝေးဝေးနေလိုခဲ့သည်။

"မြင့်မြတ်သည့် မီးလျှံ!"

"မြင့်မြတ်အလင်း ထွန်းလင်းခြင်း!"

"မြင့်မြတ်အလင်း အပြစ်ဒဏ်!"

...

ဖရန့်မှာ လေထုထဲသို့ ခပ်မြင့်မြင့် ပျံတက်သွားခဲ့သည်။ မြေပြင်နှင့် သူ့ကြား မီတာ ၁၀၀ ခန့် ကွာဝေးသည့် အမြင့်တွင် ရှိနေခဲ့ရာ ဖုန့်လင်းအနေဖြင့် သူ့နားကပ်ရန် မဖြစ်နိုင်ချေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် အလင်းများ ဖြာထွက်နေပြီး ရက်စက်သည့်တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့တော့၏။

သူ့အတောင်ပံများမှ ထွက်လာသည့် အသွင်မဲ့ မြင့်မြတ်သည့် အလင်းပေါက်ကွဲမှုများမှာ အလင်း၊ မီး၊ လျှပ်စီး ဟူသည့် အမျိုးမျိုးသော စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ ဖုန့်လင်းဆီသို့ အရူးအမူး ပစ်ခတ်နေခဲ့သည်။

မြင့်မြတ်သည့်အလင်း၏ ပမာဏမှာ သမုဒ္ဒရာတစ်စင်းကဲ့သို့ ကျယ်ပြန့်နေဲ့၏။ ဖုန့်လင်းမှာ မြင့်မြတ်သည့် အလင်းစွမ်းအင်ထဲတွင် နောက်တစ်ကြိမ် အပြည့်အဝ နှစ်မြုပ်ခံလိုက်ရသည်။

မင်းက စွမ်းအင်သက်ရောက်မှုကို ခုခံနိုင်တယ်ဆိုရင်တောင် ဘာဖြစ်လဲ? ဖရန့်မှာ ဖုန့်လင်း မည်မျှကြာကြာ ခုခံနိုင်မည်ဆိုသည်ကို ကြည့်လိုနေခဲ့သည်။

ကြယ်တာရာကျင့်ကြံသူတစ်ယောက်အနေနှင့် ဖရန့်မှာ အချက်တစ်ခုကို နားလည်ထားသည်။ ကမ္ဘာပေါ်က စွမ်းရည်တွေအားလုံးမှာ ပိုအားနည်းတာနဲ့ ပိုအားကောင်းတာပဲ ကွာခြားပါတယ်။ မကျော်လွှားနိုင်တဲ့အရာဆိုတာ မရှိပါဘူး။

မကျော်လွှားနိုင်တဲ့စွမ်းရည်သာ ကမ္ဘာပေါ်မှာ တကယ် ရှိမယ်ဆိုရင်၊ ပိုင်ဆိုင်ထားတဲ့သူက နတ်ဘုရားတစ်ပါးပဲ ဖြစ်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် ဒီငနဲက နတ်ဘုရားဖြစ်နိုင်မလား? သေချာတာပေါ့ မဖြစ်နိုင်ပါဘူး!

စွမ်းရည်တိုင်းမှာ အကန့်အသတ်တွေ ရှိပါတယ်။ သူ့အနေနဲ့ သူ့တမန်တော်နတ်သားဗီဇရဲ့ စွမ်းအားကို အရမ်း ယုံကြည်မှုရှိနေပြီး အခြားဗီဇတွေနဲ့ယှဉ်ရင် အားနည်းတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ဖရန့်မှာ မြင့်မြတ်သည့် အလင်းများကို အားကုန်သုံး၍ ထုတ်လွှတ်လိုက်ပြီး ဖုန့်လင်း၏ ​ကာကွယ်မှုကို ဖြိုခွင်းရန် အားကောင်းသည့် တရစပ် တိုက်ခိုက်မှုများကို အသုံးပြုချင်နေခဲ့သည်။

တကယ်တော့ သူ့ခန့်မှန်းချက်က မှန်ပါတယ်။

အဆုံးမရှိသော မြင့်မြတ်သည့်အလင်းများမှာ ဖုန့်လင်းကို အဘက်ဘက်မှ ဝန်းရံလာခဲ့ကာ ဖုန့်လင်းအနေနှင့် စွမ်းအင်သမုဒ္ဒရာထဲသို့ ကျသွားပြီး မည်သည့်အချိန်တွင်မဆို နစ်မြုပ်သွားနိုင်သည်ဟု ခံစားနေရတော့၏။

ကျောက်တုံးမျောက်ဗီဇက အားကောင်းပြီး မီးနဲ့ရေဒဏ်ကို ခံနိုင်စွမ်းရှိတယ်ဆိုပေမယ့်၊ သူ့မှာလည်း အကန့်အသတ်ရှိပါတယ်။

နောက်ပြီး မြင့်မြတ်တဲ့အလင်းရဲ့ စွမ်းအင်ထုတ်လွှတ်မှုပမာဏနဲ့ ပြင်းအားက အရမ်းမြင့်လွန်းနေပြီး ဖု​န့်လင်းရဲ့ ခံနိုင်ရည်အကန့်အသတ်ကို ကျော်နေပါပြီ။

ကျောက်တုံးလို မာကျောတဲ့ သူ့အရေပြားတောင် အရည်ပျော်တော့မယ်လို့ သူခံစားနေရပါတယ်။

သူ့ရဲ့ခုခံနိုင်စွမ်းက မလုံလောက်သေးပါဘူး။ ဒါက ဘာလို့လဲဆိုတော့ ကျောက်တုံးမျောက်ဗီဇရဲ့ အားဖြည့်မှုအဆင့်က မလုံလောက်သေးလို့ပဲ ဖြစ်ရမယ်!

ဒါဆိုလည်း၊ အမှတ်တွေ ထပ်ထည့်လိုက်ရအောင်!

ကျောက်တုံးမျောက်ဗီဇကလည်း ပြောင်းလဲခြင်းအဆင့် ဗီဇအမျိုးအစားဆိုတော့ ပင်ကိုယ်အားဖြင့် သိပ်ကွာခြားမှုမရှိပါဘူး။ ဒီအချိန်မှာ အနိုင်ရမယ့်သူက သူတို့ဗီဇကို အများဆုံးအားဖြည့်ထားတဲ့သူပဲ ဖြစ်ပါလိမ့်မယ်။

ကံကောင်းတာက ဖုန့်လင်းမှာ အရင်ကသိမ်းထားတဲ့ အခမဲ့ဗီဇအမှတ် ၂ မှတ် ကျန်နေပါသေးတယ်။

ဒါဆို အရင်ဆုံး တစ်မှတ် ထည့်လိုက်ရအောင်!

ဖုန့်လင်း ချက်ချင်းထည့်လိုက်သည်။ ကျောက်တုံးမျောက်ဗီဇ၏ အားဖြည့်မှုအချိုးမှာ ၃ မှ ၄ သို့ရောက်သွားပြီး အသက်စွမ်းအင်အညွှန်းကိန်းမှာ ၄၅.၈ မှ ၅၄.၆ အထိ တက်သွားသည်။ ၈.၈ တိုးသွားတာပါ။

ဗီဇအမှတ်ကို ပေါင်းထည့်လိုက်သည်နှင့် ဖုန့်လင်းမှာ သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်အတွင်းမှ အနွေးစီးကြောင်းများ လည်ပတ်လာခဲ့ပြီး သူ့ကို အလျင်အမြန် သက်သာလာစေခဲ့သည်။

ဖုန့်လင်း၏ အရေပြားပေါ်တွင် စီးဆင်းနေသည့် အလင်းတန်းအလွှာတစ်ခု ဖြာထွက်နေသည်ကို မြင်နိုင်ပြီး အပြင်ဘက်မှ မြင့်မြတ်အလင်းများကို ကာကွယ်ပေးသည့် သီးခြားအတားအဆီးတစ်ခုပုံစံ ဖြစ်ပေါ်လာခဲ့ကာ အလင်းများကို စိမ့်မဝင်နိုင်စေရန် တားဆီးထားခဲ့သညိ။

ဖုန့်လင်းအပေါ်မှ ဖိအားများ သိသိသာသာ လျော့ကျသွားပြီး သူ မတ်တပ်ထလိုက်သည်။ သို့သော် ဤအချိန်မှာပင် မြင့်မြတ်သည့်အလင်းဖြင့် ဖန်တီးထားသည့် လှံတစ်ချောင်းမှာ ထိုးဖောက်ဝင်လာခဲ့တော့၏!

ဖုန့်လင်းမှာ လှံကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်ပြီး လှံဦးကို အားနှင့် ဖိချေလိုက်ရာ အလင်းမှုန်များအဖြစ် ပြိုကွဲသွားခဲ့သည်။

စွမ်းအင်သမုဒ္ဒရာထဲမှ သူ ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့ပြီး အရာအားလုံးနှင့် သီးခြားဖြစ်နေသည့် နတ်ဘုရားညှို့ဓာတ်တစ်မျိုး ဖြာထွက်နေခဲ့တော့သည်။

"ဘာ?" ဖရန့်မှာ အံ့အားသင့်သွားခဲ့သည်။ ဒီလောက်ကြာကြာ တိုက်ခိုက်နေတာတောင် ဖုန့်လင်းမှာ ဒဏ်ရာအသေးလေးတစ်ခုမှ မရှိသေးတာကို မယုံနိုင်ခဲ့ပါဘူး။

တမန်တော်နတ်သားဗီဇက ပြောင်းလဲခြင်းအဆင့် ဗီဇအမျိုးအစားတစ်မျိိုးဖြစ်ပြီး မြင့်မြတ်တဲ့ အလင်းကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ ဒီအစွမ်းက အရမ်းကြောက်ဖို့ကောင်းတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး သူ့ တမန်တော်နတ်သားဗီဇရဲ့ အားဖြည့်မှုအချိုးက ၃ မှတ်ပါ။

ဒါတောင် ဖုန့်လင်းရဲ့ဗီဇစွမ်းရည်တွေကို မနိုင်နိုင်ဘူးလား?

ဖရန့်မှာ အနားကပ်ရန် မဝံ့ရဲတော့ဘဲ မြင့်မြတ်သည့်အလင်းကိုသုံး၍ ဆက်တိုက်နေခဲ့သည်။ ဒါပေမယ့် အခုချိန်မှာ ဖုန့်လင်းကျောက်တုံးမျောက်ဗီဇရဲ့ အားဖြည့်မှုအဆင့်က ဖရန့်ထက် သာနေပါပြီ။ ဒါကြောင့် ဖရန့်ကို လုံးဝ မကြောက်တော့ပါဘူး။

နှစ်ခုလုံးက ပြောင်းလဲခြင်းအဆင့် ဗီဇတွေပဲ၊ တိုက်ကြရအောင်!

ဖရန့်မှာ မြင့်မြတ်သည့် အလင်းစွမ်းအင်ကို အမျိုးမျိုးသော တိုက်ခိုက်မှုများအဖြစ် ပြောင်းလဲနေခဲ့သည်။

ဖုန့်လင်းအမူအရာမှာ တည်ငြိမ်နေခဲ့ပြီး သူ မြင်သမျှ လှုပ်ရှားမှုတိုင်းကို တုံ့ပြန်နေခဲ့သည်။ မြင့်မြတ်သည့်အလင်းစွမ်းအင် မည်မျှပင် ပြင်းထန်ပူလောင်နေစေကာမူ ယခုအချိန်တွင် အပြည့်အဝ အသာစီးရသွားပြီဖြစ်၍ အားလုံးပျောက်ကွယ်သွားခဲ့သည်။

ဒါပေမယ့် သူ အနိုင်ရဖို့အတွက်လည်း အချိန်တိုအတွင်းမှာ မဖြစ်နိုင်သေးပါဘူး။

ပျံသန်းနိုင်တဲ့အစွမ်းက တမန်တော်နတ်သားဗီဇရဲ့ အခြေခံစွမ်းရည်ဖြစ်ပေမယ့် အခုချိန်မှာတော့ ဖုန့်လင်း ရင်ဆိုင်နေရတဲ့ အခက်ခဲဆုံးပြဿနာ ဖြစ်နေခဲ့ပါတယ်။

ဖရန့်အနေနဲ့ လေထဲက အမြင့်တစ်နေရာမှာ ရှိနေပြီး ဖုန့်လင်းမှာ သူ့အနားကို ကပ်ဖို့ နည်းလမ်းမရှိပါဘူး။ ဒါက တကယ့်ကို စိတ်ရှုပ်စရာပါပဲ။

ထို့ကြောင့် နှစ်ယောက်လုံး ဤအနေအထားတွင် မတိုးသာ မဆုတ်သာ ဖြစ်နေခဲ့တော့သည်။

ဖုန့်လင်း ဒါကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းဖို့ လိုတယ်ဆိုတာ သိထားပါတယ်။ မဟုတ်ရင် မားစ်ဂြိုဟ်တော်လှန်ရေးတပ် ဒီကိုဝင်လာတဲ့ အချိန်ကျ သူတို့တစ်ယောက်မှ လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။

ဖုန့်လင်းအနေနဲ့လည်း မားစ်ဂြိုဟ်တော်လှန်ရေးတပ်နဲ့ ထပ်ပြီးမဆက်ဆံချင်တော့ပါဘူး။

သူ သိနေတာက မားစ်ဂြိုဟ်တော်လှန်ရေးတပ်က အခုအချိန်မှာ နိုင်နေသလိုထင်ရပေမယ့် သူတို့ ကျရှုံးဖို့ ကံပါလာပြီးသားပါ။ (author note - ရင်မှာဝမ်းနည်းကြေကွဲ ရှုံးနိမ့်ဖို့ ကံပါလာကြတယ်)

ဘာလို့လဲဆိုတော့ နေအဖွဲ့အစည်းညွှန်ပေါင်းအစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မရှိသေးလို့ပါ။ ညွှန်ပေါင်းအစိုးရက နေအဖွဲ့အစည်းတစ်ခုလုံးရဲ့ အင်အားကို စုစည်းထားတဲ့ အဖွဲ့ဖြစ်ပြီး လက်နက်အရာမှာဖြစ်စေ သိပ္ပံနည်းပညာနဲ့ အရင်းအမြစ်တွေမှာဖြစ်စေ မားစ်ဂြိုဟ်တော်လှန်ရေးတပ်အနေနဲ့ ပြိုင်ဘက်မဖြစ်နိုင်ပါဘူး!

တစ်ယောက်အနေနဲ့ မားစ်ဂြိုဟ်က နေအဖွဲ့အစည်းထဲမှာ အသေးငယ်ဆုံးဂြိုဟ်တစ်ခုပဲ ဖြစ်တယ်ဆိုတာ သိထားရပါမယ်။

"အာ?" ဖုန့်လင်း သူ့အကြည့်ကို ရွှေ့မိသွားသည်။ သူ ရုတ်တရက် သတိထားလိုက်မိတာက အိုက်က အံ့အားသင့်နေတဲ့အနေအထားနဲ့ သူ့ရဲ့မူလနေရာမှာ ရပ်နေတာကိုပါပဲ။ အိုက်က ကျင့်ကြံထားခြင်း မရှိတဲ့အတွက် ဒီအခြေအနေကနေ လွတ်မြောက်အောင် လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖရန့်နဲ့ဖုန့်လင်း တိုက်ခိုက်နေတာက အရမ်းပြင်းထန်နေတာတောင် အိုက်က ဘာဒဏ်ရာမှ မရဘူးလား?

ဒါက တိုက်ဆိုင်တာမဖြစ်နိုင်ပါဘူး!

ဖြစ်နိုင်တာက...

ဖုန့်လင်းမျက်လုံးများထဲတွင် နောက်ပြောင်ကျီစယ်လိုသည့် အကြည့်တစ်ခုရှိနေပြီး ဖရန့်ကို စိုက်ကြည့်လိုက်သည်။

ဖရန့်က ရည်ရွယ်ချက်ရှိရှိ တိုက်ပွဲကို အို​ က်ဆီကနေ ဝေးဝေးကို ရွှေ့ချင်နေတာပဲ။ ဘာလို့လဲဆိုတော့ အိုက်က သူ့ရဲ့ကိုယ်ရေးအရာရှိဖြစ်နေတဲ့အတွက် သူ အိုက်ကို မသေစေချင်ပါဘူး။

အခုချိန်မှာ ဖုန့်လင်း အခြေအနေကို နားလည်သွားတာနဲ့ ချက်ချင်းပဲ အိုက်ဆီကို ရွှေ့သွားခဲ့သည်။

ဖရန့်မှာလည်း ဖုန့်လင်း၏ ရည်ရွယ်ချက်ကို ချက်ချင်းသိသွားခဲ့ပြီး အကူအညီမဲ့နေခဲ့သော်လည်း အော်ဟစ် သတိပေးလိုက်တော့သည်။

မြင့်မြတ်သည့်အလင်းစွမ်းအင်ရောင်ခြည်တန်းများမှာ ဆက်လက်ပစ်လွှတ်နေခဲ့သော်လည်း ဖုန့်လင်းမှာ အားလုံးကို ပျောက်ကွယ်သွားစေခဲ့သည်။ အိုက်ဆီသို့ရောက်သည်နှင့် လက်တစ်ဖက်တည်းဖြင့် အိုက်ကို မြှောက်လိုက်ပြီး သဲအိတ်အဖြစ်သုံးကာ ဖရန့်ဘက်သို့ ပစ်လိုက်သည်။

ဖရန့်၏တိုက်ခိုက်မှုများမှာ နှောင့်ယှက်ခံလိုက်ရသည်။ မြင့်မြတ်တဲ့အလင်းရောင်ခြည်တန်းတစ်ခုခုနဲ့သာ အိုက် ထိမိသွားရင် သူ့ခန္ဓာကိုယ်က ဘာမှမရှိတဲ့အထိ သန့်စင်ခံလိုက်ရမှာပါ။

အိုက်ကို သူ့ဆီ ဖမ်းယူရန် ဖရန့် ပျံသွားတော့မည့်အချိန်တွင် ဖုန့်လင်း၏ ပုံရိပ်မှာ ရုတ်တရက်ပင် ဖြတ်ကနဲလက်သွားခဲ့သည်။ လေထုအလယ်တွင် အိုက်၏ ခန္ဓာကိုယ်ကို ပျဥ်ချပ်တစ်ခုအဖြစ် သုံးလိုက်ပြီး သူ့ကိုယ်သူ ပိုမြင့်သည့်နေရာသို့ ပစ်တင်လိုက်တော့သည်။

အိုက်ခန္ဓာကိုယ်မှာ ပြောင်းပြန်အားသက်ရောက်မှုကြောင့် မြေပြင်ဆီသို့ လွှင့်စင်သွားခဲ့ပြီး အမြောက်ဆန်တစ်ခု၏အားမျိုးဖြင့် မြေပေါ်သို့ အပြင်းအထန် ကျသွားခဲ့သည်။ သူ့အရိုးအားလုံးမှာ အစိတ်စိတ်အပိုင်းပိုင်းကျိုးကြေသွားပြီး သေလုမျောပါးဖြစ်သွားခဲ့သည်။

"ရွံစရာကောင်းလိုက်တာ!" ဖရန့်မှာ ဒေါသကြောင့် တုန်ယင်နေခဲ့သည်။ ဒါပေမယ့် ဖုန့်လင်းက စက္ကန့်နဲ့အမျှ သူ့နားကို ပိုပိုနီးကပ်လာနေပါပြီ။

မြင့်မြတ်တဲ့ အလင်းဒိုင်း!

ဖုန့်လင်း သူ့ခါးအားကို သုံး၍ အပြင်းအထန် လှည့်ပတ်လိုက်ပြီး "ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး" ထဲမှ လက်သီးတိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်ကာ မြင့်မြတ်သည့်အလင်းဒိုင်းကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားစေခဲ့တော့သည်။

ဖုန့်လင်း သူ့ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး မည်သို့မည်ပုံလုပ်လိုက်သည်မသိ ဖရန့်၏ နောက်ကျောဘက်သို့ ရောက်သွားခဲ့သည်။ ထိတ်လန့်ဖွယ် ဆွဲဖြုတ်မှုတစ်ခုဖြင့် သွေးများစိုရွှဲနေသည့် အတောင်ပံတစ်ဖက်မှာ သူ့လက်ထဲသို့ ရောက်လာခဲ့လေ၏။

ဖရန့်မှာ နာကျင်မှုနဲ့ကြောင့် ဟိန်းဟောက်လိုက်ပြီး မချိမဆံ့ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

သူ့အမွှေးတွေကို ဆုံးရှုံးသွားတဲ့ ဖီးနစ်တစ်ကောင်က ကြက်တစ်ကောင်ထက်

ပိုမသာပါဘူး။

အတောင်ပံတွေကျိုးသွားတဲ့ တမန်တော်နတ်သားတစ်ပါးအနေနဲ့ ဖရန့်က တမန်တော်နတ်သားဖြစ်နေတုန်းပဲလား?

All Chapters