← Chapters

အခန်း (၁၂၁၉-၁၂၂၄)

Vol. 80 Ch. 1219-1224

အခန်း (၁၂၁၉-၁၂၂၄)

Vol. 80 Ch. 1219-1224

အခန်း ၁၂၁၉ လွန်ကဲသည့်အားကစားနည်းများ

“ဟ-ဟ၊ ဒါပေါ့။”

“မင်းမလုပ်နိုင်တာရော ရှိသေးရဲ့လား?” ကျန်းကျီကျန့် အလွန်အံ့ဩနေခဲ့သည်။

“ငါ့မျက်လုံးထဲမှာတော့ ငါတို့နင်းနင်းက အားလုံးတော်နေတာပဲ!” ချောင်ဝမ်ရှင်းကပါ ဝင်ပြောလာသည်။ “နင်းနင်း ငါ့မိသားစုဝင်ဖြစ်နေတာ တကယ့်ကောင်းချီးပဲ။”

“မင်းပဲမဟုတ်ဘူး။ ငါလဲ မစ္စကုရဲ့သူငယ်ချင်းဖြစ်ခွင့်ရတာ အရမ်းကံကောင်းတယ်လို့ခံစားရတယ်။” ကျန်းကျီကျန့်၏စကားကြောင့် အားလုံးပျော်ရွှင်စွာ ရယ်မောကြတော့သည်။

………..

ကုနင်းတို့အဖွဲ့ထွက်သွားသည်နှင့် ချင်ကျီဖုန်းတစ်ယောက် သူ့အမေထံဖုန်းဆက်တော့သည်။

“အမေ၊ သခင်ကြီးထင်မှာ မြေးမအရင်းရှိသေးတာလား?” ချင်ကျီဖုန်းမေးလိုက်သည်။

“မြေးမအရင်း?” ရုတ်တရက်အမေးကြောင့် ချင်ကျီဖုန်း၏အမေ ကြောင်သွားသော်လည်း၊ “အိုး၊ ဟုတ်သားပဲ။ ကုနင်းလို့ခေါ်တယ်မလား။ မကြာသေးခင်က ထန်ယွင်ဖန်းရဲ့မင်္ဂလာပွဲလုပ်တယ်လေ၊ သတို့သမီးက လွန်ခဲ့တဲ့၁၉နှစ်က သူ့ရည်းစား။ အဲ့တုန်းက ထန်ယွင်ဖန်းတစ်နှစ်လောက်ပျောက်သွားတဲ့အချိန် အမျိုးသမီးတစ်ယောက်နဲ့ ချစ်ခဲ့ကြတာ။ သူတို့မှာ သမီးတစ်ယောက်ရှိခဲ့ပြီး အဲ့ကောင်မလေးက အခုထန်မိသားစုဝင်ဖြစ်နေပြီ။”

“၁၉နှစ်တောင်ဝေးခဲ့တာလား? အဲ့ကောင်မလေးက တကယ်ပဲ သူ့သမီးအရင်းလား?” ချင်ကျီဖုန်းထပ်မေးလိုက်သည်။ ကုနင်းကို မုန်းတာကြောင့် ထန်ယွင်ဖန်း၏သမီးအရင်းဆိုသည့်အဖြစ်မှန်ကို မယုံကြည်ချင်နေရုံသာ။

သူကတော့ ဒဏ်ရာမရခဲ့ပေမယ့် ကျန်းတီနာ၏ဒဏ်ရာကတော့ ပြင်းထန်တာကြောင့် ကျန်းတီနာအတွက် လက်စားချေပေးချင်နေခြင်းဖြစ်သည်။

တကယ်တော့ သူ ကျန်းတီနာကို ချစ်နေခဲ့တာ အတော်ကြာခဲ့ပေပြီ။ ကျန်းတီနာ၏စိတ်ဓာတ်ကမကောင်းသော်လည်း သူကတော့ သည်းခံပေးနိုင်နေတုန်းပင်။ သို့သော်လည်း ကျန်းတီနာကတော့ သူ့အပေါ် ဘာခံစားချက်မှမရှိပါဘဲ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်သာ မှတ်ယူကြောင်းလဲ သိပေသည်။ ဒါကြောင့် ကျန်းတီနာဘေးတွင် အခင်အမင်မပျက်ဆက်လက်နေနိုင်ဖို့ရန်အတွက် သူမချစ်သူဖြစ်လာဖို့ မကြိုးစားခဲ့ခြင်းဖြစ်သည်။

“သူတို့ရုပ်တွေကိုကတော်တော်လေးတူတာဆိုတော့ သေချာပေါက် အဖေနဲ့သမီးပဲဖြစ်မှာပေါ့။” ချင်ကျီဖုန်းအမေ ပြန်ဖြေလိုက်သည်။ “ဒါနဲ့ ဘာလို့မေးတာလဲ?”

“ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်းသိချင်လာလို့။”

“မအေကို လာလိမ်မနေနဲ့။ မင်းပြဿနာထပ်ရှာပြန်ပြီမဟုတ်လား?”

“မဟုတ်လာ၊ မရှာပါဘူး။” ချင်ကျီဖုန်း ချက်ချင်းငြင်းလိုက်သည်။ “ဒီနေ့ ချောင်ဝမ်ရှင်းနဲ့တွေ့လို့။ ထန်မိသားစုမှာ မြေးမအရင်းတစ်ယောက်ရှိတယ်လို့ပြောနေတာ ကြားတာနဲ့ သိချင်လာရုံပါ။”

ချင်ကျီဖုန်းအမေကတော့ သူ့ကိုသတိပေးလိုက်သည်။ “မင်းအဲ့ကောင်မလေးကို ဘယ်လိုတွေးနေနေ၊ သွားမနှောင့်ယှက်တာ ပိုကောင်းမယ်။ ကုနင်းက တကယ်ကိုထူးချွန်တဲ့ကောင်မလေး သူပိုင်တဲ့ကမ္ပဏီတွေက ယွမ်၁ဘီလီယံကျော်တဲ့ရင်းနှီးမြှုပ်နှံမှုရှိတယ်။ ထန်မိသားစုဆိုလဲ သူ့ကိုအရမ်းသဘောကျကြတာ။”

ထိုအကြောင်းသိလိုက်ရတော့ ချင်ကျီဖုန်း အတော်လေးအံ့ဩသွားတော့သည်။ ကုနင်းဒီလောက် ငယ်ငယ်လေးနဲ့အောင်မြင်နေလိမ့်မယ်လို့ သူမယုံကြည်နိုင်ပေ။ ဒါ့အပြင် ထန်မိသားစု၏ ချစ်ခင်မှုနှင့်ဂရုစိုက်မှုကိုလဲ ရထားသေးသည်။

ဒီလိုသာဆို သူမကိုပြန်လက်စားချေဖို့ သူသေချာဂရုစိုက်ပြီး အစီအစဉ်ဆွဲမှဖြစ်တော့မှာပဲ။

…….

ကုနင်းတို့အဖွဲ့ကတော့ သိပ်မကြာလိုက်ပါဘဲ ဘန်ဂျီအမြင့်ခုန်မည့်နေရာသို့ရောက်သွားကြကာ သူတို့အနားကိုနီးလေ အော်သံတွေကိုပိုကြားလာရလေပင်။

“ဝါး၊ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ!” ကောင်းချန်ယွင်ပြောလိုက်သည်။

ကောင်းချန်ယွင်သည် အရင်ကတည်းက အကြိမ်ပေါင်းများစွာ ဘန်ဂျီအမြင့်ခုန်ခဲ့ဖူးတာကြောင့် မကြောက်နေတော့ပေ။ သို့သော်လည်း အမြင့်ကြီးကနေခုန်ချရသည့်ကစားနည်းဖြစ်တာကြောင့် အလွန်ကြောက်ဖို့ကောင်း၍ သူရင်တုန်နေမိတုန်းပင်။

“အာ ငါတော့ ထွက်ပြေးချင်လာပြီ။” အန်းယန်ကတော့ အတော်လေးကြောက်နေပုံရသည်။

“ငါရောပဲ။” ကျူးယွမ်ကျန်းကပါ ထောက်ခံလာသည်။

အန်းယန်နှင့်ကျူးယွမ်ကျန်းတို့ကတော့ အမြင့်ကြောက်ရောဂါရှိရင် ဤတစ်ခေါက်ကစားနည်းတွင် ပါဝင်ကြမည်မဟုတ်ပေ။

“ငါတစ်ခေါက်ခုန်ဖူးတယ်ဆိုပေမယ့် ဒီတစ်ခေါက်လဲ ရင်တုန်နေမိတုန်းပဲ။” ချောင်ဝမ်ရှင်းဆိုသည်။ “နင်းနင်း၊ နင်ရောအရင်က ခုန်ဖူးလား? အခုစိတ်လှုပ်ရှားနေလား?”

“ခုန်ဖူးတယ်၊ အခုတော့ အဆင်ပြေပါတယ်။”

“နင်က တကယ်ကိုစိတ်မာတာပဲ။”

တကယ်တော့ ချောင်ဝမ်ရှင်း ပထမအကြိမ်ခုန်တုန်းကဆို ငိုမိလုမတတ်ပင်။ သို့သော်လည်း နောက်တစ်ခေါက်ထပ်ခုန်ချင်နေသေးပြန်သည်။

“မင်းတို့အားလုံး တစ်ကြိမ်လောက်တော့အနည်းဆုံးလုပ်ဖူးပေမယ့် ငါကတစ်ခါမှမခုန်ဖူးဘူး။” ကျန်းကျီကျန့်ပြောလိုက်သည်။ သူ တကယ်ကိုထွက်ပြေးချင်နေပေပြီ။ သို့သော်လည်း သူကြောက်ပြနေရင် သူ့သူငယ်ချင်းတွေလှောင်ကြမည်စိုးတာကြောင့် သတ္တိတွေကို အတတ်နိုင်ဆုံးစုစည်းထားရသည်။

အန်းယန်နှင့်ကျူးယွမ်ကျန်းတို့က မခုန်ကြတာကြောင့် ဘန်ဂျီစင်အောက်တွင် စောင့်နေခဲ့ကြသည်။

“မင်းတို့ရော ခုန်မှာလား?” ကုနင်း ကောင်းယိနှင့်ချောင်ယတို့ကိုမေးလိုက်သည်။

ကောင်းယိနှင့်ချောင်ယတို့ စိတ်ဝင်စားနေသည့် အကြည့်ချင်းဖလှယ်လိုက်ကြသည်ကို ကုနင်းသတိပြုမိလိုက်တာကြောင့် အဖြေကိုစောင့်မနေတော့ဘဲ။ “ကောင်းပြီလေ၊ မင်းတို့လဲပါကြပေါ့။”

သူတို့နှစ်ဦးသည် ကျွမ်းကျင်သတ်ဖြတ်သူများဖြစ်ကြတာကြောင့် ဤကဲ့သို့လွန်ကဲသည့်အားကစားနည်းများကို အလွန်စိတ်ဝင်စားကြသည်။

“ဒီနေ့ ငါအကုန်ခံမယ်။ ဘယ်သူမှလုမရှင်းကြနဲ့!” ချောင်ဝမ်ရှင်းပြောလိုက်တာကြောင့် ကောင်းချန်ယွင်က ရယ်ကာ၊ “ဘယ်သူမလဲမလုဘူး!”

“နင် ငါ့ကိုလှောင်တာလား?” ချောင်ဝမ်ရှင်း စိတ်ဆိုးသလိုဟန်ဆောင်လိုက်သည်။

“မဟုတ်ပါဘူး။ နောက်တာ၊ နောက်တာ။”

ကစားကွင်းထဲရှိ ဘန်ဂျီစင်အောက်တွင် စောင့်ဆိုင်းနေသူ အနည်းငယ်ရှိသည်။

ဘန်ဂျီအမြင့်ခုန်ခြင်းသည် ပြင်းထန်သည့်ကစားနည်းတစ်မျိုးဖြစ်သော်လည်း ဘေးကင်းမှုတော့ရှိသည်။ သို့သော်လည်း ဆေးပညာရှုထောင့်ဘက်ကကြည့်လျှင်တော့ အလွန်အန္တရာယ်များသည့် ကစားနည်းဖြစ်နေတုန်းပင်။

***

အခန်း ၁၂၂၀ ရှော့ခ်ဖြစ်တော့မယ်

ဘန်ဂျီအမြင့်ခုန်ခြင်းသည် အမြင့်တစ်နေရာကနေ ရုတ်တရက်ခုန်ချရခြင်းဖြစ်တာကြောင့် သွေးဖိအားများကာ ရှော့ခ်ဖြစ်နိုင်ချေရှိသည်။ ဒါကြောင့် ကျန်းမာရေးမကောင်းသူများ ထိုကစားနည်းကို ကစားခြင်းမပြုသင့်ပေ။

ဒါ့အပြင် အသက်အရွယ်ကန့်သတ်ချက်လဲရှိသေးသည်။ အသက်၁၅နှစ်အောက်နှင့် ၄၅နှစ်အထက်များသည် ဘန်ဂျီအမြင့်ခုန်ခြင်းတွင် မပါဝင်သင့်ပေ။

……..

ချောင်ဝမ်ရှင်းတို့အဖွဲ့ စကားပြောလို့ပြီးသည်နှင့် အဆင်သင့်ပြင်ထားရန် ဝင်သွားကြသည်။

ဘန်ဂျီအမြင့်ခုန်စင်မြင့်သည် ၅၆မီတာမြင့်ကာ ကမ္ဘာ့အမြင့်ဆုံး ၃၉မီတာမြင့် ရှုခင်းကြည့်ဓာတ်လှေကားပါဝင်ပေသည်။ ဓာတ်လှေကားကနေပြီး တခြားလူတွေ ဘန်ဂျီအမြင့်ခုန်နေသည်ကိုပါ ကြည့်ရှုနိုင်ပေသည်။

ချောင်ဝမ်ရှင်းတို့ရှေ့တွင် လူသုံးယောက်သာ စောင့်နေကြကာ သူတို့လဲ ခုန်ကြတော့မည်ဖြစ်သည်။

အမြင့်ခုန်သည့် ဖြစ်စဉ်တစ်ခုလုံးသည် ၂မိနစ်၃မိနစ်ခန့်သာကြာတာကြောင့် သူတို့အကြာကြီးစောင့်ရမည်မဟုတ်ပေ။

ဓါတ်လှေကားတစ်ဝက်လောက်ရောက်ချိန်မှာပဲ ကောင်လေးတစ်ယောက် ခုန်ချသွားသည်ကို သူတို့မြင်လိုက်ရသည်။ ထိုကောင်လေးသည် ကြောက်လန့်ကာ အကျယ်ကြီးအော်ငိုနေတာကြောင့် ချောင်ဝမ်ရှင်းနှင့်ကျန်းကျီကျန့်တို့တောင် ပိုလန့်လာကြတော့သည်။

“ရှင်တို့ ကြောက်ကြလား?” ချောင်ဝမ်ရှင်းက ကောင်းယိနှင့်ချောင်ယတို့ကို လှည့်မေးလိုက်သည်။

“မကြောက်ပါဘူး။”

ချောင်ဝမ်ရှင်း ပါးစပ်ပိတ်သွားကာ တိတ်ဆိတ်နေတော့သည်။ တကယ်တော့ ကောင်းယိနှင့်ချောင်ယသည် ကျွမ်းကျင်သတ်ဖြတ်သူများဖြစ်ကာ အန္တရာယ်ကြားတွင် ရှင်သန်ခဲ့ရခြင်းဖြစ်မှန်း သူမ,မသိထားခြင်းကြောင့်ဖြစ်သည်။ ဘန်ဂျီအမြင့်ခုန်ခြင်းသည်က ကြောက်ဖို့အလွန်ကောင်းပေမယ့် အန္တရာယ်ကတော့မရှိပေ။ ထို့အပြင် သူတို့စိတ်တွေကလဲ မာကြသေးသည်။

ကောင်းချန်ယွင်ကတော့ အလွန်မျှော်လင့်နေခဲ့သော်လည်း အမြင့်သို့ရောက်လေ ရင်တုန်လာလေပင်။

နောက်ဆုံး အမြင့်ခုန်ချမည့်စင်နေရာသို့ သူတို့ရောက်သွားချိန်တွင် သူတို့ရှေ့က ဒုတိယမြောက်လူခုန်ဖို့ပြင်နေပြီဖြစ်တာကြောင့် သူတို့အလှည့်ရောက်ရန် ထိုင်စောင့်လိုက်ကြသည်။

အမြင့်ခုန်မည့်စင်နားရှိ စောင့်ဆိုင်းနေရာသည် သိပ်မကြီးဘဲ အလွန်ဆုံးမှ လူ၁၀ယောက်လောက်သာ နေနိုင်ပေသည်။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး။ ငါအရမ်းကြောက်တယ်။ မခုန်ချရဲတော့ဘူး…” အသက်၂၀ ဝန်းကျင်ကောင်မလေးတစ်ယောက်က ရှေ့တစ်လှမ်းပင်မတိုးရဲလောက်အောင် အလွန်ကြောက်နေခဲ့သည်။

“ဖူလင်၊ နင်အခုချိန်မှ နောက်ပြန်ဆုတ်လို့မဖြစ်ဘူးလေ။ နင်နောက်ဆုတ်လိုက်ရင် ကျန်းဇယ်နဲ့ပြိုင်ထားတဲ့ကစားပွဲမှာ ရှုံးသွားမှာပေါ့။ ကျန်းဇယ်တောင် ခုန်ချပြီးသွားပြီ၊ အခုနင့်အလှည့်ပဲ။” နောက်ထပ် အသက်၂၀အရွယ်မိန်းကလေးက သူမကိုမသိမသာ တွန်းပို့နေသည်။

ကုနင်းကတော့ တစ်ခုခုလွဲနေသည်ဟု ခံစားမိလိုက်သည်။ ထိုကောင်မလေးကို သူမကြည့်လိုက်ချိန်မှာတော့ တကယ်ပဲတစ်ခုခုထူးဆန်းနေကြောင်း တွေ့လိုက်ရသည်။

“မခုန်ဘူး၊ ငါအရမ်းကြောက်တယ်။ ငါ့မှာ အမြင့်ကြောက်ရောဂါရှိတယ်။” ကျောက်ဖူလင်မှာ ငိုလုနီးနီးဖြစ်နေပေပြီ။

ကုနင်း၏အကြည့်က ကျောက်ဖူလင်ဆီသို့ရောက်သွားချိန်မှာပဲ သူမစိတ်ထဲ မြင်ကွင်းတစ်ခုရုတ်ချည်းပေါ်လာခဲ့ကာ ကျောက်ဖူလင်တစ်ယောက် အမြင့်ခုန်စင်မှခုန်ချပြီးသည်နှင့် ရှော့ခ်ဖြစ်သွားကြောင်း မြင်လိုက်ရသည်။

“ဟေ့၊ ခဏနေဦး!” ကုနင်း ချက်ချင်းထရပ်ကာ ကျောက်ဖူလင်ကို တားဖို့ကြိုးစားလိုက်သည်။

ချောင်ဝမ်ရှင်းတို့ကတော့ အံ့ဩတကြီးနှင့် ကုနင်းကိုလှည့်ကြည့်ကြလေသည်။

အမြင့်ခုန်စင်ပေါ်ရပ်နေကြသည့် ဝန်ထမ်းနှင့် ကောင်မလေးနှစ်ယောက်ကလဲ လှည့်ကြည့်လာကြသည်။ ကျောက်ဖူလင်ကို ခုန်ချဖို့တွန်းအားပေးနေသည့်ကောင်မလေးကတော့ ကုနင်းကိုမြင်ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားလေသည်။

“သူမခုန်ချချင်ဘူးဆိုမှတော့ မင်းအတင်းတွန်းအားမပေးနေသင့်ဘူး။” ကုနင်းပြောလိုက်သည်။ ထိုကောင်မလေး အသက်အန္တရာယ်ရှိနေကြောင် သူမသိထားပြီဖြစ်တာကြောင့် ကြားဝင်ကာ အသက်ကယ်ဖို့ ဆုံးဖြတ်လိုက်သည်။

“နင်ကဘယ်သူလဲ? ဒါနင့်ကိစ္စမဟုတ်ဘူး။” ကောင်မလေးက ကုနင်းကိုပိတ်ပြောလိုက်ကာ အမူအရာကတော့ တော်တော်လေးမကောင်းပေ။

“သူကြောက်တယ်လို့ ပြောနေတယ်လေ။ ခုန်ချပြီးကာမှ မကောင်းတာတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ? ဘယ်သူ တာဝန်ယူမှာလဲ?” ကုနင်း ကောင်မလေးနားသို့ တိုးသွားလိုက်သည်။ အခုဆို ထိုကောင်မလေး ကျောက်ဖူလင်ကို တွန်းချဖို့ကြံရွယ်နေကြောင်း သူမသေချာသွားပေပြီ။

“အဲ့လောက်ပြဿနာကြီးမဟုတ်ပါဘူး။ ဒီကိုလာတဲ့လူတိုင်း ကြောက်တယ်လို့ပဲ ပြောကြတာ။ တစ်ခါလောက်ခုန်ပြီးရင် အဆင်ပြေသွားတာပါပဲ။ တကယ်တော့ အခုချက်ချင်း ကျွန်တော်တွန်းချလိုက်ရင်တောင် ဘာအန္တရာယ်မှမရှိပါဘူး။” ဝန်ထမ်းကပြောရင်းဆိုရင်း ကျောက်ဖူလင်ကို တွန်းချလိုက်တာကြောင့် ကုနင်း အလွန်လန့်သွားတော့သည်။

“ဟေ့၊ ရပ်လိုက်!” ကုနင်း အမြန်ပြေးသွားသော်လည်း ကျောက်ဖူလင်ကတော့ တွန်းချခံလိုက်ရပေပြီ။

ကျောက်ဖူလင်၏အော်ဟစ်သံကိုကြားလိုက်ရတာကြောင့် ကုနင်းအလွန်ဒေါသထွက်သွားတော့သည်။ သို့သော်လည်း အခုက သူတို့နဲ့စကားများနေဖို့ အချိန်မဟုတ်တာကြောင့် ချောင်ဝမ်ရှင်းတို့ကို ဒီမှာပဲစောင့်နေရန်ပြောပြီး သူမကတော့ ကျောက်ဖူလင်ကို ကူညီဖို့လုပ်တော့သည်။

သူမ ဓာတ်လှေကားထဲဝင်ကာ အမြန်အောက်ဆင်းသွားလိုက်သည်။ ကံကောင်းစွာဘဲ မြေပြင်ကိုပြန်ရောက်ဖို့ အချိန်သိပ်မယူလိုက်ပေ။

ကုနင်း အလျင်စလိုပြုမူနေသည်ကိုမြင်သည်နှင့် ကျသွားသည့်ကောင်မလေး အန္တရာယ်ရှိလောက်ကြောင်း ကောင်းယိနှင့်ချောင်ယတို့ နားလည်လိုက်ကြသည်။

သို့ပေမည့် ကျန်ခဲ့သည့်ချောင်ဝမ်ရှင်းတို့တွေကတော့ ရုတ်တရက်အခြေအနေတွေကို နားမလည်နိုင်လိုက်ကြပေ။

***

အခန်း ၁၂၂၁ မင်းကိုယ်မင်းဘာထင်နေလဲ?

သူတို့လဲ ဘန်ဂျီအမြင့်ခုန်ခဲ့ဖူးကာ ဝန်ထမ်းများက ဘန်ဂျီခုန်မည့်လူကို တွန်းချခြင်းဖြစ်စဉ်က အနည်းငယ်လွန်သည်ဟု ထင်ရသော်လည်း မြင်ရခဲသည့်ဖြစ်စဉ်မျိုးတော့မဟုတပေ။

ကျောက်ဖူလင်နှင့်အတူ ပါလာသည့်မိန်းကလေးကတော့ ကျေနပ်ပြုံး,ပြုံးလို့နေသည်။ အခုတော့ ကုနင်းဘယ်လိုတွေလှုပ်ရှားနေလဲဆိုသည်ကိုပင် သူမဂရုမစိုက်တော့ပေ။

ကုနင်းသည်လဲ ကျောက်ဖူလင်ကိုသာ အာရုံထားကာ ဓါတ်လှေကားထဲသို့ပြေးဝင်လိုက်ပြီး ကျောက်ဖူလင်ကတော့ မထူးဆန်းစွာဘဲ လေထဲတစ်ဝက်မှာတင် အအော်ရပ်သွားခဲ့သည်။ ပြောရရင် ခုန်ချသည့်လူတိုင်း အော်ဟစ်နေကြသည်မှမဟုတ်ဘဲ။ သို့သော်လည်း ကျောက်ဖူလင်ကတော့ မတူပေ။ သူမအခု ရှော့ခ်ဖြစ်နေခြင်းပင်။

လူတစ်ယောက် ရှော့ခ်ဖြစ်သွားပြီဆိုလျှင် ၂-၅မိနစ်အတွင်း သေသွားနိုင်တာကြောင့် ကုနင်းမှာ ကျောက်ဖူလင်ကို အချိန်မီကယ်တင်လိုက်နိုင်ဖို့သာ ဆုတောင်းနေမိတော့သည်။

တစ်မိနစ်အတွင်းမှာပဲ ကုနင်းပထမအလွှာသို့ပြန်ရောက်သွားကာ ချက်ချင်းပြေးထွက်သွားသည်။ သူမပြေးနှုန်းက မြန်လွန်းလှတာကြောင့် နားနေဆောင်ရှိလူတိုင်း အလွန်အံ့အားသင့်နေကြတော့သည်။

“ပြေးတာမြန်လှချည်လား!”

“ငါတကယ်မြင်နေရတာမှဟုတ်ရဲ့လား!”

“…….”

ကုနင်းလဲ ဘန်ဂျီအမြင့်ခုန်စင်အောက်ရှိ ကမ်းနားသို့အမြန်ဆုံးပြေးသွားလိုက်သော်လည်း ကျောက်ဖူလင်ရောက်လာသည်ကို ရပ်စောင့်နေရုံသာတတ်နိုင်လေသည်။

ဘန်ဂျီခုန်ချပြီးနောက် ခုန်ချသူသည် လှေဖြင့် ကမ်းသို့ပြန်ခေါ်လာခြင်းခံရမည်ဖြစ်သည်။

ကုနင်း ကမ်းနားသို့ရောက်သွားချိန်မှာပဲ ကျောက်ဖူလင်ခုန်ချသည့်အရှိန်ကလဲ သေသွားပြီဖြစ်ကာ လှေပေါ်သို့ ရွှေ့နေသည်ကို မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပဲ အသက်နှစ်ဆယ်ဝန်းကျင် ကြည့်ကောင်းသည့်လူငယ်တစ်ဦးကလဲ ကျောက်ဖူလင်ကို အထင်သေးသည့်အကြည့်များဖြင့်ကြည့်နေသည်ကို ကုနင်းသတိထားမိသွားသည်။

ချက်ချင်းဆိုသလိုပဲ ဘန်ဂျီအမြင့်ခုန်စောင့်ဆိုင်းစင်ပေါ်တွင် ကောင်မလေးနှစ်ယောက်ပြောနေသည့် စကားများကို ကုနင်းပြန်အမှတ်ရသွားကာ ထိုလူငယ်သည် ကျန်းဇယ်ဆိုသူဖြစ်မည်မှန်း သိလိုက်ရသည်။ ဒါ့အပြင် ထိုကျန်းဇယ်ကြောင့်သာ ကျောက်ဖူလင် အခုလို အမြင့်ခုန်ဖို့ရောက်ရှိလာခြင်းဖြစ်သည်။

သူတို့တွေ ဘယ်လိုသဘောတူညီချက်မျိုးလုပ်ထားလဲဆိုသည်ကို ကုနင်းမသိသော်လည်း ထိုလူငယ်သည် လူကောင်းတစ်ယောက်မဟုတ်မှန်းတော့ သိလိုက်ရသည်။

ကုနင်း ကျောက်ဖူလင်ကို သနားသွားကာ ထိုလူငယ်ကိုတော့ ဒေါသထွက်သွား၏။

ထိုအချိန်မှာပဲ အန်းယန်နှင့်ကျူးယွမ်ကျန်းတို့ သူမအနားသို့ပြေးလာကြကာ၊ “မစ္စကု၊ ဘာဖြစ်လို့လဲ?”

“လုပ်စရာလေးရှိလို့။” ကုနင်း ရှည်ရှည်ဝေးဝေးရှင်းပြမနေပေ။

လှေပေါ်တွင်….

ဝန်ထမ်းသည် ကျောက်ဖူလင် သတိလစ်နေသည်ကို မြင်သော်လည်း အရင်ကလဲ ဤကဲ့သို့ဖြစ်ဖူးနေကျဖြစ်တာကြောင့် ကိစ္စကြီးဟု မတွေးပေ။

သို့သော်လည်း ကျောက်ဖူလင်၏ခြေတွေလက်တွေက အေးစက်နေကာ မျက်နှာကလဲ ဖြူဖျော့နေပြီး အပူချိန်တွေဆက်တိုက်ကျနေသည်ကို သူသတိထားမိသွားသည်နှင့် တစ်ခုခုမှန်းနေပြီမှန်း သိသွားသည်။

နောက်ထပ်ဝန်ထမ်းတစ်ယောက်က ချက်ချင်းပင် သွေးဖိအားတိုင်းသည့်ကိရိယာကို ထုတ်ယူလာလေသည်။

သွေးပေါင်ချိန်တိုင်းကြည့်ပြီးနောက်မှာတော့ ကျောက်ဖူလင်၏သွေးပေါင်ချိန်က ဆက်တိုက်ထိုးကျနေသည်ကို တွေ့ရှိသွားတော့သည်။ ဒါမကောင်းတဲ့လက္ခဏာပဲ၊ “မဟုတ်သေးဘူး၊ ဒီကောင်မလေးသေတော့မယ်!” ဝန်ထမ်းနှစ်ယောက်လဲ အလွန်ထိတ်လန့်သွားကြတော့သည်။

ဘန်ဂျီခုန်ချစင်ပေါ်က ကောင်မလေးသည် တစ်ချိန်လုံး ကျောက်ဖူလင်ကို စောင့်ကြည့်နေလေသည်။ ကျောက်ဖူလင် သတိလစ်နေသည်ကိုမြင်ပြီးနောက်မှာတော့ သူမအလွန်ကျေနပ်သွားတော့သည်။

ချောင်ဝမ်ရှင်းနှင့် ကောင်းချန်ယွင်တို့မှာ ထိုသို့သတိလစ်သွားတတ်သည့် အဖြစ်မျိုးမြင်တွေ့ဖူးတာကြောင့် အထွေအထူးမမှတ်ယူကြပေ။

သို့ပေမည့် ကောင်းယိနှင့်ချောင်ယကတော့ ကုနင်း အလျင်စလို ကျောက်ဖူလင်ဆီသို့ပြေးသွားသည်ကို မြင်ထားတာကြောင့် ထိုမျှရိုးရှင်းသည်ဟု မထင်ကြပေ။

လှေကမ်းပြန်ကပ်လာသည်နှင့် ဝန်ထမ်းတစ်ယောက်က ကျောက်ဖူလင်ကိုကျောပေါ်တင်ကာ ဆေးရုံပို့ဖို့လုပ်ပေမည့် ကုနင်းက တားလိုက်သည်။

“ဖယ်ပေး!” ကုနင်း သူ့လမ်းကိုပိတ်ရပ်လာတာကြောင့် ထိုဝန်ထမ်းဒေါသထွက်သွားတော့သည်။

ကျန်းဇယ်ဆိုသူကတော့ သူ့ရှေ့မှာ ကျောက်ဖူလင် သတိလစ်နေသည်အားမြင်နေရတာတောင် ထိုအတိုင်းရပ်နေတုန်းပင်။

“သူ့ကိုအောက်ချလိုက်၊ ငါ ကယ်နိုင်တယ်။” ကုနင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သော်လည်း ဝန်ထမ်းတွေကတော့ သူမကိုမယုံကြပေ။

“မင်းက ကယ်နိုင်တယ်? သူဘာဖြစ်နေတယ်ဆိုတာရော သိရဲ့လား? သူအခု ရှော့ခ်ဖြစ်နေတာ။” ဝန်ထမ်းကပြန်ပြောလိုက်သည်။

ကုနင်း ကူညီပေးချင်နေကြောင်း နားလည်တာကြောင့် စေတနာဖြင့်သတိပေးလိုက်သည်။

သူတို့နားရှိလူများလဲ ကြောက်လန့်သွားကာ ကျန်းဇယ်လဲ အပါအဝင်ပင်။ ကျောက်ဖူလင်က ရှော့ခ်ဖြစ်ပြီး အသက်တောင်ဆုံးရှုံးတော့မှာလား!

“အခုချက်ချင်း ဆေးရုံပို့ကြလေ!” ကျန်းဇယ်အမြန်အော်လိုက်သည်။ သူက ကျောက်ဖူလင်ကို ဤနေရာသို့ခေါ်လာသူဖြစ်တာကြောင့် ဤသို့ဆိုးရွားသည့်မတော်တဆမှုကို သူတာဝန်မယူချင်ပေ။

တကယ်တော့ သူက ကျောက်ဖူလင်ကို ဟာသလုပ်ချင်ရုံသာဖြစ်ပြီး သူမအသက်ဆုံးရှုံးသည်အထိတော့ မဖြစ်စေလိုပေ။

“သူ့ကိုပေး၊ ငါ သူ့ကိုကယ်ပေးနိုင်တယ်။” ကုနင်း၏အသံက ပိုလို့ခက်ထန်လာခဲ့သည်။

“မင်းကိုယ်မင်းဘာထင်နေလဲ?” ကျန်းဇယ်ချက်ချင်း ကုနင်းကို ကြိမ်းမောင်းလိုက်လေသည်။ သူ့မျက်လုံးထဲမှာတော့ ကုနင်းသည် သာမာန်မိန်းမငယ်လေးတစ်ယောက်ဖြစ်ကာ မယုံကြည်နိုင်ပေ။

ကုနင်းအတွက်တော့ သူနဲ့စကားများပြီးအချိန်ဖြုန်းနေဖို့မရှိပေ။ ဝန်ထမ်းက ကျောက်ဖူလင်ကို သူမထံမပေးလိုမှတော့ လုရုံသာရှိတော့တာပေါ့။

“မင်း…” ဝန်ထမ်းမှာ ဒေါသထွက်သွားသော်လည်း ကုနင်းကိုမယှဉ်နိုင်ပေ။ ကုနင်း စွမ်းအင်သလင်းကျောက်တစ်လုံးကိုထုတ်ကာ ကျောက်ဖူလင်ပါးစပ်ထဲသို့ထည့်ပေးပြီး မြိုချသွားအောင်လုပ်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ကျောက်ဖူလင်၏ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ရန်အတွက် သူမ၏မှော်စွမ်းအားကိုလဲ ကျောက်ဖူလင်၏ကိုယ်ထဲသို့ တိုက်ရိုက်ပေးသွင်းလိုက်သည်။

ချောင်ဝမ်ရှင်းတို့တွေကတော့ ကုနင်းကိုမမြင်ရတာကြောင့် သူမအခုအောက်ဆင်းပြီး ဘာတွေလုပ်နေမှန်း မသိကြပေ။

ကုနင်း ကျောက်ဖူလင်ကို ဆေးလုံးတိုက်လိုက်သည်နှင့် ကျန်းဇယ်ပြေးလာခဲ့သည်။

“မင်းသူ့ကို ဘာတွေမြိုချခိုင်းလိုက်တာလဲ?” ကျန်းဇယ်အော်ဟစ်လိုက်လေသည်။

***

အခန်း ၁၂၂၂ ကျန်းဇယ်

ကုနင်းလဲ ကျန်းဇယ်ကိုး အေးစက်စက်ကြည့်ပေးလိုက်တာကြောင့် ကျန်းဇယ် ကြောက်လန့်သွားကာ ရှေ့တစ်လှမ်းတောင် ဆက်မတိုးရဲတော့ပေ။ ကုနင်း၏အမူအရာက အလွန်လေးနက်နေကာ၊ “သူ့ကို ငါကယ်ပေးနိုင်တယ်လို့ ပြောထားတယ်လေ။ ငါ့ဘက်ကလိုလိုလားလား ကူညီချင်နေမှတော့ တစ်ခုခုဖြစ်လာရင်လဲ ငါတာဝန်ယူမယ်။”

“မင်းက တာဝန်ယူမယ်? လာနောက်နေတာလား? သူ့ကိုလွှတ်လိုက်၊ မဟုတ်ရင် ငါရဲခေါ်လိုက်မှာ!” ကျန်းဇယ် ဒေါသတကြီးအော်လိုက်ပြန်သည်။

“ဒါဆိုလဲ ခေါ်လိုက်လေ။” ကုနင်းပြန်ပြောလိုက်သည်။

“ရိုင်းလိုက်တာ။”

“သူ့ကိုယ်သူ အရမ်းတော်ထက်နေတဲ့ဆရာဝန်ကြီးများထင်နေလားပဲ?”

“ကောင်မလေးက ရှော့ခ်ဖြစ်သွားတာကို!”

“….”

အနားရှိလူများက ကုနင်းကိုဝိုင်းဝန်းပြစ်တင်လာကြပေမယ့် ကုနင်းကတော့ ဂရုစိုက်မနေပေ။ အန်းယန်နှင့် ကျူးယွမ်ကျန်းတို့မှာ ကုနင်းကို ကာကွယ်ပြောဆိုပေးလိုကြသော်လည်း သူတို့နှစ်ယောက်အသံက ဆူညံနေသည့် လူအုပ်ကြီးကို မတိုးဖောက်နိုင်ပေ။

သို့သော်လည်း ထိုအချိန်လေးမှာပဲ ကျောက်ဖူလင်၏မျက်နှာအရောင်က နဂိုအတိုင်းပြန်ဖြစ်လာခဲ့သည်။ “ကြည့်၊ ကြည့်၊ ကောင်မလေးရဲ့မျက်နှာ ပြန်ရဲလာပြီ!”

အစောတုန်းကဆို ကျောက်ဖူလင်၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေကာ အခုတော့ ကွာခြားသွားပေပြီ။

ရုတ်တရက်ဆိုသလိုပဲ ဆူညံနေသည့်လူအုပ်ကြီး ချက်ချင်းငြိမ်ကျသွားကာ အားလုံး ကျောက်ဖူလင်၏မျက်နှာကို စပ်စုချင်စိတ်များဖြင့် ဝိုင်းကြည့်လာတော့သည်။ ကုနင်း လူ့အသက်ကို တကယ်ပဲကယ်တင်နိုင်လိမ့်မယ်လို့တော့ မယုံကြသေးပေ။

ကံမကောင်းစွာဘဲ ကျောက်ဖူလင်က ပြန်သတိရမလာခဲ့ပေ။

“သူ သတိမရသေးဘူးလေ။ မျက်နှာအရောင်ပုံမှန်ဖြစ်ရုံနဲ့ ဘာမှအကျိုးမထူးဘူး။”

တကယ်တော့ ကျောက်ဖူလင်၏ကိုယ်တွင်း သွေးများပြန်လည် လည်ပတ်လာတာကကိုပင် ကောင်းသည့်လက္ခဏာဖြစ်သည်။

နောက်တစ်စက္ကန့်အတွင်းမှာပဲ ကျောက်ဖူလင်၏မျက်လုံးတို့ ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

ကုနင်း၏အရည်အချင်းအပေါ် မေးခွန်းထုတ်နေသည့် ထိုလူမှာတော့ ချက်ချင်းဆိုသလို ပါးဖြတ်ရိုက်ခံလိုက်ရာကာ နောက်တစ်ခွန်းမထွက်ရဲတော့ပေ။

အစောပိုင်းက ကုနင်းကို စကားဖြင့်ဝိုင်းဝန်းတိုက်ခိုက်နေကြသည့်လူများလဲ ပါးစပ်ပိတ်သွားကြသည်။

ကုနင်းအတွက် ကျောက်ဖူလင်ကို ပုံမှန်အတိုင်းပြန်ဖြစ်လာအောင် ကူညီပေးဖို့ တစ်မိနစ်သာကြာခဲ့လေသည်။

ဖြစ်စဉ်က မြန်ဆန်လှတာကြောင့် ဝန်ထမ်းများလဲ သူတို့ခေါင်းဆောင်ထံ သတင်းပို့ချိန်မရလိုက်ပေ။

တကယ်တော့ ကုနင်း မှော်စွမ်းအားတွေကိုပါ ကျောက်ဖူလင်၏ကိုယ်ထဲသို့ တိုက်ရိုက်သွင်းပေးခြင်းကြောင့်သာ အခုလိုမြန်မြန်ဆန်ဆန် ပြန်သတိရလာခြင်းဖြစ်သည်။

“တော်သေးတာပေါ့၊ မင်းသတိပြန်ရလာပြီ။” ကျန်းဇယ် အခုမှ စိတ်အေးသွားတော့သည်။

ကျောက်ဖူလင်ပြန်ကောင်းလာမှတော့ သူအပြစ်တင်နေလို့မရတော့ပေ။

ဘေးလူများကလဲ ကုနင်းကို ဝိုင်းဝန်းချီးကျူးလာလေသည်။

“တကယ်ကြီး ပြန်သတိရလာတာပဲ!”

“အံ့ဩဖို့ကောင်းလိုက်တာ။”

“မယုံနိုင်စရာပဲ။”

“……”

ကုနင်းအပေါ် ပြောဆိုဆက်ဆံပုံတွေက ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲသွားကြသော်လည်း ပြန်တောင်းပန်သူကတော့ဖြင့် တစ်ယောက်မှမရှိပေ။

ကံကောင်းစွာဖြင့် ကုနင်းကလဲ စိတ်ထဲထားတတ်သူမဟုတ်ပေ။

“ဘာ-ဘာတွေဖြစ်သွားတာလဲ?” ကျောက်ဖူလင် သတိပြန်ရလာသော်လည်း ချက်ချင်းကြီး အခြေအနေကို နားမလည်နိုင်ခဲ့ပေ။

“မင်း အစောကတင် ရှော့ခ်ဖြစ်သွားတာ၊ ဒီမိန်းကလေးက မင်းအသက်ကို ကယ်ပေးလိုက်တာ။”

“ဟုတ်တယ်၊ မင်း ဒီကောင်မလေးကို ကျေးဇူးတင်သင့်တယ်!”

“တကယ်အံ့ဩဖို့ကောင်းတာပဲ။”

ထိုစကားကြောင့် ကျောက်ဖူလင်လဲ ဘန်ဂျီခုန်ခြင်းကြောင့် သူမရှော့ခ်ဖြစ်သွားမှန်း နားလည်သွားတော့သည်။

ထိုအကြောင်းသိလိုက်သည်နှင့် ကြောက်လန့်တုန်လှုပ်သွားကာ၊ “ကျွန်-ကျွန်မ….”

“မင်းအခုအဆင်ပြေသွားပြီ၊ သွားအနားယူကြရအောင်။” ကုနင်း နှစ်သိမ့်ပေးလိုက်လေသည်။ ကျောက်ဖူလင် အခုမှသတိရလာခြင်းဖြစ်တာကြောင့် လမ်းမလျှောက်နိုင်သေးပေ။ ဒါကြောင့် ကုနင်းကပဲ ကျောပိုးကာ သယ်ပေးခဲ့သည်။

ကျောက်ဖူလင် ရှက်ကိုးရှက်ကန်းဖြစ်သွားပေမယ့် ကုနင်းကတော့ သူမကိုငြင်းဆန်ဖို့အခွင့်အရေးလေးတောင် မပေးခဲ့ပေ။

ထိုမြင်ကွင်းကိုကြည့်ပြီး ဘေးလူတွေကတော့ ကုနင်းကိုထပ်လို့ ချီးကျူးကြပြန်သည်။

“တော်တော်ကြင်နာတတ်တာပဲ။”

“ဟုတ်ပါ့!”

“…..”

ဝန်ထမ်းများသည်လဲ ကျောက်ဖူလင် သတိရလာတော့မှ စိတ်အေးသွားကာ သူတို့အလုပ်နေရာသို့ ပြန်ထွက်သွားကြသည်။

ကျန်းဇယ်ကတော့ အစမှအဆုံးတိုင်အောင် ကျောက်ဖူလင်ကို ထိချင်စိတ်ရှိပုံမပေါ်ပေ။ သို့သော်လည်း ကျောက်ဖူလင်က သူနဲ့အတူလာခြင်းဖြစ်တာကြောင့် သူမကို ထားပစ်ခဲ့လို့မရ၍ ကုနင်းနောက်က လိုက်သွားခဲ့သည်။

အန်းယန်နှင့် ကျူးယွမ်ကျန်းတို့မှာ ဝင်ကူပေးလိုကြပေမည့် ကုနင်းက တားလိုက်သည်။ “နင်တို့ ဒီမှာပဲစောင့်နေလိုက်ကြ၊ ငါတစ်ယောက်တည်း လုပ်လို့ရတယ်။”

ဒီတော့ အန်းယန်နှင့် ကျူးယွမ်ကျန်းတို့လဲ လိုက်မသွားကြတော့သည်။

အနီးတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိတာကြောင့် ကုနင်းလဲ ကျောက်ဖူလင်ကို ထိုထဲသို့ခေါ်သွားကာ ကျန်းဇယ်လဲလိုက်သွားခဲ့သည်။ ထို့နောက် ကုနင်းက၊ “မင်းဘာသာ တခြားဝိုင်းမှာထိုင်ပြီး ကိုယ့်အတွက်ကိုယ် ရှင်းလိုက်ပါ။”

ထိုစကားကြောင့် ကျန်းဇယ်ဒေါသထွက်သွားသလို ရှက်လဲရှက်သွားလေသည်။ အကြောင်းကတော့ ဤနေရာသည် နိုင်ငံခြားသားများလာရောက်လည်ပတ်ကြသည့် နာမည်ကြီးနေရာမျိုးဖြစ်တာကြောင့် ဤဆိုင်ရှိ လက်ဖက်ရည်ကြမ်းလေးတစ်ခွက်ကတင် ယွမ်တစ်ရာကျော်ကာ အရာရာတိုင်းက ဈေးကြီးလှပေသည်။

ကျန်းဇယ်သည်က သာမာန်ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်အတွက် တတ်နိုင်ရင်တောင် ကျောက်ဖူလင်အတွက်ပါ ယွမ်တစ်ရာ အကုန်မခံချင်ပေ။ ဒါကြောင့် သူနှာတစ်ချက်မှုတ်ကာ ထွက်သွားတော့သည်။

ကျောက်ဖူလင် ဘာဖြစ်ဖြစ် အစကတည်းက သူဂရုစိုက်တာမှမဟုတ်ဘဲ။

ကျောက်ဖူလင်ကတော့ ကုနင်းဘာကြောင့် ထိုသို့လုပ်လိုက်မှန်း နားမည်ဖြစ်နေကာ ကျန်းဇယ်ထွက်သွားသည့်အတွက် စိတ်ပျက်သွားသော်လည်း ကုနင်းက သူမအသက်ကို ကယ်တင်ပေးထားသူဖြစ်တာကြောင့် ဘာမှမပြောခဲ့ပေ။ ထို့အပြင် လောလောဆယ် သူမအားကုန်အားပြတ်ဖြစ်နေတာကြောင့် အနားယူဖို့လိုပေသည်။

ကျောက်ဖူလင်ကို မှော်စွမ်းအားဖြင့်ပါ ကုသပေးပြီးပြီဖြစ်တာကြောင့် သူမခန္ဓာကိုယ်သည် ကောင်းမွန်နေပြီဖြစ်သော်လည်း အားအင်ပြန်ရဖို့အတွက်တော့ အချိန်ပေးရပေမည်။

***

အခန်း ၁၂၂၃ ကျန်းယန်နီ၏အကြံအစည်

ကုနင်း ကျောက်ဖူလင်ကို ထိုင်ဖို့နေရာမချပေးခင် လက်ဖက်ရည်တစ်အိုးမှာလိုက်သည်။

“မင်းနဲ့ အစောကကောင်မလေးရယ်ကောင်လေးရယ်ရဲ့ ဆက်ဆံရေးကို သိလို့ရမလား?” ကုနင်း ကျောက်ဖူလင်ကို မေးလိုက်သည်။

“ကောင်မလေးက ကျွန်မအတန်းဖော်ပါ၊ ကောင်လေးကတော့ ကျွန်မတို့ထက် တစ်တန်းကြီးတဲ့ စီနီယာ။”

“အွန်း၊ မင်းကြားချင်မှာမဟုတ်တဲ့ စကားတစ်ခွန်းတော့ ငါပြောရဦးမယ်။ အဲ့ကောင်မလေးက မင်းအပေါ် တကယ်မကောင်းဘူး။ အနည်းဆုံးတော့ ငါခံစားမိတာကိုပြောတာပေါ့။ ကောင်လေးကလဲ လူကောင်းမဟုတ်ဘူး။ မင်းဘာလို့ သူတို့နဲ့အတူ ဒီလိုအန္တရာယ်များတဲ့ ကစားနည်းကို လာကစားလဲ ငါမသိပေမယ့် မင်းရှော့ခ်ဖြစ်ပြီးရောက်လာတုန်းက ကောင်လေးရဲ့ မင်းကိုအထင်သေးသလိုကြည့်နေတဲ့အကြည့်တွေကို ငါမြင်လိုက်တယ်။”

“ဘာ?” ကျောက်ဖူလင် အံ့ဩသွားသည်။ ကျန်းဇယ် သူမကို ဒီလောက်ထိ ဂရုမစိုက်ဘဲရှိလိမ့်မည်ဟု သူမ မယုံချင်ပေ။

ကုနင်းကပဲ ဆက်ပြီး၊ “ယုံတာမယုံတာတော့ မင်းအပိုင်းပေါ့၊ ငါကတော့ မင်းကောင်းဖို့အတွက်ပြောပေးတာ၊ ဒီလောက်ပဲ။ မင်းကိုယ်မင်း ကာကွယ်သင့်တယ်။”

ကုနင်း သူမကို ထိုစကားများပြောလာသည့်အတွက် ကျောက်ဖူလင် စိတ်မဆိုးခဲ့ပေ။ ထိုအစား အတွေးတွေထဲ လမ်းပျောက်နေလေသည်။

သူမသည့် ရိုးရှင်းသည့်စိတ်ထားရှိသော်လည်း မိုက်မဲတုံးအနေသူတော့မဟုတ်တာကြောင့် တစ်ယောက်ယောက်က သူမကို ကူညီကာ အမှန်တရားကိုထောက်ပြလာသည်နှင့် သိမြင်နိုင်ပေသည်။ ဒါကြောင့် မကြာလိုက်ပါဘဲ အရင်က သူမသတိမထားမိနိုင်ခဲ့သည့် ပြဿနာများစွာကို သူမသတိပြုမိသွားတော့သည်။

သူမအရင်က ကျန်းဇယ်ကို ဖွင့်ပြောခဲ့ကာ သူက သတ္တိရှိသည့်မိန်းကလေးတွေကိုသာ သဘောကျကြောင်း ပြန်ပြောခဲ့သည်။ ထို့အပြင် သူက ရိုလာကိုစတာ၊ ဘန်ဂျီအမြင့်ခုန်ခြင်းနှင့် တခြားသောလွန်ကဲသည့်ကစားနည်းများကို နှစ်သက်၍ သူ့ချစ်သူကောင်မလေးကိုလဲ သူနှင့်အတူ ထိုကစားနည်းများလိုက်ကစားနိုင်ဖို့ မျှော်လင့်သည်ဟု ပြောခဲ့သည်။ သူမသာ လိုက်လုပ်နိုင်လျှင် သူ သူမကိုလက်ခံပေးပေလိမ့်မည်။

ကျောက်ဖူလင်တွင် အမြင့်ကြောက်ရောဂါရှိတာကြောင့် သူမလဲ လက်လျှော့ခဲ့လိုက်သည်။

သို့ပေမည့် သူမအတန်းဖော် ကျန်းယန်နီက သူမကိုစိတ်ခေါ်ကြည့်ဖို့ အားပေးကာ ဘန်ဂျီအမြင့်ခုန်ခြင်း သူမတွေးသလောက်ကြောက်ဖို့မကောင်းကြောင်းနှင့် ကျန်းဇယ်ကိုသာ သူမတကယ်သဘောကျပါက သူ့အချစ်ကုရဖို့ ကြိုးစားတိုက်ခိုက်ကြသင့်ကြောင်း ပြောလာသည်။

ကျန်းယန်နီ၏အားပေးမှုကြောင့်ပဲ ကျောက်ဖူလင် သဘောတူလိုက်တော့သည်။ သူမလုုပ်မည်ဟု သဘောတူခဲ့သော်လည်း အခုတော့ တကယ်တမ်း ကျန်းယန်နီ၏အကြံအစည်တွေအောက် ကျရောက်ခဲ့ခြင်းဖြစ်မှန်း နားလည်သွားပေပြီ။

ဒါတင်မကသေး ကျန်းယန်နီက ကျန်းဇယ်အတွက်နဲ့ ကျောက်ဖူလင် နောက်ကွယ်တယ် တခြားသောကိစ္စရပ်များစွာလဲ လုပ်ခဲ့သေးသည်။

တစ်ခုခုတော့ လွဲနေပြီမှန်း ကျောက်ဖူလင် နားလည်သွားတော့သည်။

ကျန်းယန်နီ သူမအပေါ်လုပ်ခဲ့သည့်လုပ်ရပ်များအား အမြင်မှန်ရသွားပြီးနောက်မှာတော့ ကျောက်ဖူလင် ဒေါသထွက်သွားတော့သည်။

……..

ထိုအချိန်တွင် ကျန်းယန်နီသည် ဘန်ဂျီခုန်ချဖို့ အဆင်သင့်ဖြစ်နေပေပြီ။

ဤကစားနည်းကို အရင်ကလဲ အကြိမ်ပေါင်းမနည်းလုပ်ခဲ့ဖူးတာကြောင့် လုံးဝကြောက်မနေဘဲ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

ကျောက်ဖူလင်၏အမူအရာပြောင်းလဲသွားသည်ကိုမြင်ပြီးနောက် သူမအမှန်တရားကို သိမြင်သွားပြီမှန်း ကုနင်းသိလိုက်ကာ ထွက်သွားဖို့ ထရပ်လိုက်သည်။ “မင်းဒီမှာပဲ ကောင်းကောင်းအနားယူလိုက်၊ ငါလက်ဖက်ရည်ဖိုး ရှင်းပေးခဲ့မယ်။”

“ခဏလေးနေပါဦး။” ကျောက်ဖူလင် လှမ်းတားလိုက်သည်။ “ငါ့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နင့်ကြောင့်သာ မဟုတ်ရင် အခုဆို သေနေလောက်ပြီ။”

ကျောက်ဖူလင်သည် အလွန်ငယ်ရွယ်လေးကာ လွယ်လွယ်မသေချင်သေးပေ။

“အာ.. နင် ငါ့ကိုထောက်ပြပေးခဲ့တာအတွက်လဲ ကျေးဇူးတင်ပါတယ်။ နင့်ကြင်နာမှုကို ပြန်တောင်ဆပ်သင့်တာကို။ နင်က ဘေလ်တောင် ထပ်ရှင်းပေးဦးမယ်။ အားနာစရာကောင်းလိုက်တာ။”

ကုနင်းအတွက်တော့ လက်ဖက်ရည်ဖိုးက အနည်းအကျဉ်းဖြစ်သော်လည်း ကျောက်ဖူလင်ကတော့ ကုနင်းကို သူမအတွက် ငွေမရှင်းပေးခိုင်းသည်ဟု တွေးမိသည်။

“ရပါတယ်၊ ကိစ္စမရှိဘူး။” ကုနင်းပြောပြီးနောက် ထွက်သွားတော့သည်။

ကျောက်ဖူလင် တစ်ခုခုထပ်ပြောချင်သေးသော်လည်း ကုနင်းက ထွက်သွားနှင့်ပေပြီ။

…….

ကုနင်း ဆိုင်ထဲကထွက်သွားပြီးနောက် ဘန်ဂျီအမြင့်ခုန်စင်ရှိရာသို့ တန်းပြန်လာခဲ့သည်။ သူမဓါတ်လှေကားထဲ ဝင်လိုက်ပြီးနောက်မှာပဲ ကျန်းယန်နီလဲ ဘန်ဂျီခုန်ပြီးနောက် ကမ်းဘက်သို့ပြန်သွားကာ ကျန်းဇယ်က သူမကိုကမ်းပေါ်တွင် စောင့်ပေးနေသည်အား တွေ့လိုက်ရသည်။

ကျန်းယန်နီ ကမ်းပေါ်လှမ်းတက်သည်နှင့် ကျန်းဇယ်က ချက်ချင်းပင် သူမလက်မောင်းကို လှမ်းထိန်းပေးနေသည်က အရမ်းကိုတွဲဖက်ညီနေပုံပေါ်လေသည်။

ကံကောင်းစွာဘဲ ကျောက်ဖူလင် သတိထားမိသွားပြီဖြစ်သည်။

“ကျောက်ဖူလင်ရော?” ကျန်းယန်နီ ချက်ချင်းမေးလိုက်သည်။

ကျောက်ဖူလင် သတိလစ်သွားရုံသာဆိုလျှင် ကျန်းဇယ်လဲ ရယ်စရာကောင်းသည်ဟုတွေးကာ သူမရှုံးနိမ့်သည့်အပေါ် ဝမ်းသာနေမည်ဖြစ်ပေမည့် အခုတော့ ထိုသို့လုပ်ဖို့ စိတ်အခြေအနေမရှိနေပေ။

“ကျောက်ဖူလင် ရှော့ခ်ဖြစ်သွားလို့ ကောင်မလေး တစ်ယောက်က ကယ်ထားတယ်။ အခုတော့ လက်ဖက်ရည်ဆိုင်ထဲမှာ သွားနားနေတယ်။”

“ဘာ? တကယ်ကြီးလား?” ကျန်းယန်နီလဲ လန့်သွားလေသည်။

သူမ ကျောက်ဖူလင်ကို လှောင်ရယ်ဖို့ကြံထားရုံသာဖြစ်ပြီး သတ်ဖို့အထိတော့ စိတ်မကူးထားပေ။ ကျောက်ဖူလင်သာ သေသွားလျှင် သူမလဲ အပြစ်လွတ်မည်မှမဟုတ်ဘဲ။

ကျောက်ဖူလင်သည် သူမသဘောကျနေသည့်အမျိုးသားကို ကြွေသွားခဲ့တာကြောင့် ကျန်းယန်နီ အခုလို ကျောက်ဖူလင်ကို မကောင်းကြံနေခြင်းဖြစ်သည်။ ကျောက်ဖူလင်သည် ကျန်းဇယ်ကို သဘောကျသလို ကျန်းယန်နီသည်လဲ ကျန်းဇယ်ကိုသဘောကျပေမည့် ကျောက်ဖူလင်ကတော့ မသိထားပေ။

ဒါကြောင့်ပဲ ကျောက်ဖူလင်သည် ကျန်းယန်နီ၏တစ်ဖက်သက် အချစ်ပြိုင်ဘက်ဖြစ်လာခဲ့သည်။

ကျောက်ဖူလင်သည် သူမထက်ပိုလှသလို စာပေဘက်မှာလဲ ပိုတော်တာကြောင့် သူမအမြဲမနာလိုဖြစ်ရသည်။

သူတို့ ကျန်းဇယ်ကို အတူတူတွေ့ခဲ့ကြတာတောင် ကျန်းဇယ်ကတော့ ကျောက်ဖူလင်ကို ပိုအာရုံထားနေတာကြောင့် ကျန်းယန်နီ ပိုလို့တောင် မနာလိုဖြစ်ရတော့သည်။ ဒါကြောင့်ပဲ ကျန်းဇယ် သူမကိုပဲ အာရုံစိုက်လာစေရန် လှည့်ကွက်အနည်းငယ်သုံး၍ ကျောက်ဖူလင်ကို နာမည်ဖျက်တော့သည်။

ကျန်းယန်နီ သရုပ်ဆောင်ကောင်းလှတာကြောင့် ကျန်းဇယ်ကလဲ သူမကိုယုံကြည်သွားကာ ကျောက်ဖူလင်ကို အမြင်မကြည်တော့ပေ။

***

အခန်း ၁၂၂၄ နောက်မှလုပ်တာပေါ့

ကျန်းယန်နီသည် ကျောက်ဖူလင်လောက် ဆွဲဆောင်မှုရှိရှိမလှသော်လည်း သူမပုံစံနှင့်သူ အတော်လေးလှပသူဖြစ်သည်။

နောက်ပိုင်း ကျန်းဇယ်က ကျန်းယန်နီကို ထမင်းစားဖို့ ရုပ်ရှင်ကြည့်ဖို့ ဖိတ်လာတတ်သည်။

ကျန်းဇယ်၏အာရုံစိုက်မှုကို သူမအောင်အောင်မြင်မြင်ရယူနိုင်သွားပြီမှန်း ကျန်းယန်နီ သိနေပေမည့် ရှက်သလိုရွံ့သလိုဟန်ဆောင်ကာ ကျန်းဇယ်ကိုယ်တိုင် ဖွင့်ပြောလာမည်ကို စောင့်နေခဲ့သည်။

တစ်ခေါက်ကတော့ ကျန်းဇယ်က သူမကိုအရက်သွားသောက်ဖို့ ဖိတ်လာခဲ့သည်။ သူ တစ်ခွက်သောက်ပြီးသည်နှင့် နောက်ဆုံးမှာတော့ ကျန်းယန်နီမျှော်လင့်နေသလို ဖွင့်ပြောလာခဲ့တော့သည်။ ကျန်းယန်နီကတော့ ပြောနေစရာမလို သေချာပေါက် လက်ခံခဲ့တာပေါ့။ ဒါ့အပြင် နှစ်ယောက်သား ဟိုတယ်တွင် အခန်းတစ်ခန်းယူကာ တစ်ညတာပင် ဖြတ်သန်းခဲ့သေးသည်။

သို့သော်လည်း ကျောက်ဖူလင်ကိုတော့ သူမတို့တွဲနေပြီဆိုသည့်အကြောင်း မပြောခဲ့ကြပေ။ ကျန်းယန်နီသည် စိတ်ပုတ်သည့်မိန်းကလေးဖြစ်တာကြောင့် ကျောက်ဖူလင်နှင့် သူငယ်ချင်းဆက်ဆံရေးကို မဖြတ်သိမ်းခင် လှောင်ရယ်နိုင်စရာအချက်ရဖို့ ကြံစည်လေသည်။ ဒါကြောင့်ပဲ ကျန်းဇယ်နှင့်ပေါင်းကာ ကျောက်ဖူလင်ကို ဟာသလုပ်ခဲ့ခြင်းဖြစ်သည်။

“ဆံပင်အမြင့်စည်းထားတဲ့ တီရှက်အပွနဲ့ တော်တော်လေးလှတဲ့ကောင်မလေးလား?” ကုနင်း၏ပုံစံကို ပုံဖော်ပြရင်း ကျန်းယန်နီမေးလိုက်သည်။

ထိုအမေးကြောင့် ကျန်းဇယ်အံ့ဩသွားလေသည်။ “ဟုတ်တယ်၊ မင်းဘယ်လိုလုပ်သိတာလဲ?”

အတည်ပြုချက်ရလိုက်သည်နှင့် တစ်ခုခုကတော့ မှားနေပြီမှန်း ကျန်းယန်နီ ခံစားမိသွားတော့သည်။ “ကျွန်မတို့ ဘန်ဂျီစင်ပေါ်မှာရှိနေတုန်းက ကျောက်ဖူလင်က ကြောက်ပြီး မခုန်ချဘူးလုပ်နေသေးတယ်။ ကျွန်မလဲ သူ့ကို စမ်းကြည့်ဖို့ပြောပေမယ့် အဲ့ကောင်မလေးက ဝင်တားရောပဲ။ ပြီးတော့ ဝန်ထမ်းက ကျောက်ဖူလင်ကို တွန်းချလိုက်တာနဲ့ အဲ့ကောင်မလေးကလဲ ချက်ချင်း ဓာတ်လှေကားထဲ ပြေးဝင်သွားတာ။ အဲ့တုန်းကတော့ ဘာမှထွေထွေထူးထူးအတွေးမရှိပေမယ့် အခုပြန်တွေးကြည့်မှ နည်းနည်းထူးဆန်းနေသလိုပဲ။ ကျောက်ဖူလင် အန္တရာယ်ရှိလာမယ်လို့ အဲ့ကောင်မလေးဘယ်လိုလုပ်သိနေတာလဲ?”

ကျန်းဇယ်သည်လဲ သံသယရှိလာခဲ့သည်။ “ကျောက်ဖူလင် အရမ်းကြောက်နေတာမြင်တော့ မတော်တဆတစ်ခုခုဖြစ်သွားမှာစိုးလို့ရော မဖြစ်နိုင်ဘူးလား?”

“အွန်း၊ အဲ့လိုလဲဖြစ်နိုင်တာပဲ။”

“ကျွန်မတို့ ကျောက်ဖူလင်ကို သွားရှာကြဦးမလား?” ကျန်းယန်နီမေးလိုက်သည်။ သူမတို့အစကတည်းက အတူတူလာခြင်းဖြစ်တာကြောင့် တစ်ယောက်တည်း ပစ်ထားခဲ့ဖို့ မသင့်တော်ပေ။

“မင်းသွားချင်ရင်သွားလိုက်လေ၊ ငါတော့ အပြင်မှာပဲစောင့်တော့မယ်။” လက်ဖက်ရည်ဆိုင်ထဲတွင် ကုနင်းကြောင့် သူစိတ်တိုခဲ့ရသည့်အကြောင်းကိုတော့ ကျန်းဇယ်မပြောပြခဲ့ပေ။

ကျန်းယန်နီလဲ လက်ခံကာ ထွက်သွားလေသည်။

ကျောက်ဖူလင် သူတို့တွေကို မုန်းနေပြီဖြစ်သော်လည်း လောလောဆယ်တော့ အတူတူပြန်ခဲ့လိုက်သည်။ သူတို့နဲ့အတူ ကစားကွင်းထဲမှ ထွက်လာပြီးနောက်မှာတော့ တစ်ယောက်တည်း တက္ကစီငှားကာ အိမ်ပြန်ခဲ့တော့သည်။

ကျောက်ဖူလင် တစ်လမ်းလုံးဘာမှမပြောခဲ့ပေ။ ကျန်းယန်နီနှင့် ကျန်းဇယ်တို့ကတော့ ကျောက်ဖူလင် ကြောက်နေတုန်းဖြစ်မည်ဟုတွေးကာ တစ်ခုခုမူမမှန်ဖြစ်နေကြောင်း မခံစားမိကြပေ။

…….

ကျောက်ဖူလင်ကို ကျန်းယန်နီပြန်သွားရှာနေချိန် ကုနင်းတို့အဖွဲ့သည်လဲ ဘန်ဂျီခုန်ဖို့ အဆင်သင့်ဖြစ်နေကြပေပြီ။ ကောင်းချန်ယွင်က အရင်ဆုံးခုန်မည့်သူပင်။

ကောင်းချန်ယွင်သည် အကြိမ်းပေါင်းမနည်း ခုန်ခဲ့ဖူးပေမည့် အခုထိတော့ ကြောက်နေတုန်းပင်။ ဒါကြောင့် အမြင့်ကနေပြုတ်ကျသွားသည်နှင့် တပြိုင်နက် အသံပြဲကြီးဖြင့် အော်ဟစ်တော့သည်။ ဒီနည်းလမ်းက မကောင်းသည့်ခံစားချက်တွေကို ဖြေလွှတ်ပေးဖို့ရန် နည်းလမ်းကောင်းတစ်ခုဟုလဲ ဆို၍ရသည်။

အန်းယန်နှင့် ကျူးယွမ်ကျန်းတို့ကတော့ မြစ်ဘေးတွင်စောင့်နေကြသည်။

ချောင်ဝမ်ရှင်းတို့ ဘယ်အချိန် ပြီးမလဲမသိတာကြောင့် တစ်ခါတည်း ကမ်းဘေးတွင် လာစောင့်နေလိုက်ခြင်းဖြစ်သည်။

ကောင်းချန်ယွင် အော်ဟစ်လိုက်သည်နှင့် အန်းယန်နှင့် ကျူးယွမ်ကျန်းတို့လဲ သူတို့သူငယ်ချင်းမှန်း မှတ်မိသွားကြသည်။ ကောင်းချန်ယွင်အတွက် စိုးရိမ်သွားမိသော်လည်း မရယ်မိဘဲမနေနိုင်ကြပေ။

ကောင်းချန်ယွင်ခုန်ချသွားစဉ် ကျန်လူများကတော့ အချိန်ကုန်သက်သာစေရန် နောက်တစ်လှည့်အတွက် ကိရိယာများတပ်နေကြပြီဖြစ်သည်။

“အမ်၊ ကျီကျန့် နင်အရင်လုပ်လိုက်ပါလား။” ချောင်ဝမ်ရှင်း အခုမှ ကြောက်နေတာကြောင့် ဦးစားပေးလိုက်သည်။

“ဘာလို့ မင်းအရင်မခုန်တာလဲ?”

“ငါအရမ်း စိတ်လှုပ်ရှားနေလို့။ စိတ်ပြန်ငြိမ်ဖို့ အချိန်လိုတယ်။”

ဒီတော့ ကျန်းကျီကျန့်လဲ အသင့်အနေအထားပြင်လိုက်သည်။

သူတို့နှစ်ယောက်လုံး အရမ်းစိတ်လှုပ်ရှားနေကြမှန်း ကုနင်းသတိထားမိလိုက်တာကြောင့်၊ “နင်တို့နှစ်ယောက်လုံး အရမ်းစိတ်လှုပ်ရှားနေကြရင် ကောင်းယိကိုပဲ အရင်ခုန်ခိုင်းလိုက်ပါလား။”

“ရတယ်လေ။” ကောင်းယိသဘောတူလိုက်သည်။

“ကောင်းလိုက်တာ!” ကျန်းကျီကျန့် ဝမ်းသာသွားကာ ချက်ချင်းပြန်သွားထိုင်လိုက်တော့သည်။ သူ့အလှည့်ကာ မကြာခင်ပြန်ရောက်လာမည်ဆိုသော်လည်း ခဏလောက်ထပ်နားချင်နေမိတုန်းပင်။

မကြာလိုက်ပါဘဲ ကောင်းချန်ယွင် ခုန်လို့ပြီးသွားကာ ဝန်ထမ်းက ကောင်းယိကိုယ်ပေါ်တွင် လုံခြုံရေးကြိုးထိန်းများ ခိုင်လားသေချာပြန်စစ်ပေးသည်။

ကောင်းချန်ယွင် ကမ်းပေါ်သို့ပြန်တက်လာသည်နှင့် အန်းယန်နှင့် ကျူးယွမ်ကျန်းတို့ ချက်ချင်းတွဲကူလိုက်ကြသည်။

ကောင်းချန်ယွင် အရမ်းကြီးမကြောက်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ ပျော့ခွေနေကာ လျောလျောရှူရှူမလှုပ်ရှားနိုင်ပေ။

ကံကောင်းလို့ အရမ်းမဆိုးတာကြောင့် အချိန်အနည်းငယ်ကြာရင် ဒါမှမဟုတ် အိမ်ပြန်ရေမိုးချိုးလိုက်ရင် ကောင်းသွားမည်ဖြစ်သည်။

ကောင်းယိ ခုန်ဖို့အဆင်သင့်ဖြစ်နေပေပြီ၊ ဤသည်က သူ့အတွက် ဘန်ဂျီခုန်ခြင်း ပထမဆုံးအတွေ့အကြုံပင်။

ဝန်ထမ်း၏ညွှန်ကြားချက်ကိုနားထောင်ပြီးနောက်မှာတော့ ကောင်းယိ ချက်ချင်းပင် ခုန်ချသွားကာ အော်သံတစ်ချက်တောင် ထွက်မလာပေ။

ပုံမှန်အားဖြင့် ဘန်ဂျီခုန်သည့်လူများသည် ကြောက်ကြတာကြောင့်ရော တစ်ခါတလေ စိတ်ဖိအားကိုလွှတ်ပေးသည့်သဘောဖြင့် အော်ဟစ်တတ်ကြသည်။ သို့ပေမယ့် ကောင်းယိသည်တော့ လုံးဝမကြောက်သလို ရှက်တတ်သူဖြစ်တာကြောင့် လုံးဝမအော်ခဲ့ပေ။

“ကောင်းယိ လုံးဝမအော်ဘူးပဲ!!” ချောင်ဝမ်ရှင်း အလွန်အံ့ဩသွားခဲ့သည်။

“နည်းနည်းလေးမှ ကြောက်ပုံမရဘူး။” ကျန်းကျီကျန့်ပြောလိုက်သည်။ သူ့တို့အမြင်မှာတော့ ဘန်ဂျီခုန်သူတစ်ဦး နည်းနည်းလေးမှမအော်လျှင် ဒါမကြောက်လို့ဘဲဟုသာ မှတ်ယူကြသည်။

နောက်တစ်လှည့်ကတော့ ချောင်ဝမ်ရှင်းပင်။

ကောင်းယိ၏ခန္ဓာကိုယ်က သန်စွမ်းတာကြောင့် ခုန်ချပြီးနောက် မသက်မသာလုံးဝမခံစားရပေ။ သူ့အမူအရာကလဲ ပုံမှန်အတိုင်းဖြစ်နေကာ လှေပေါ်တွင် စောင့်နေသည့် ဝန်ထမ်းများပင် အံ့အားသင့်နေကြသည်။

All Chapters