← Chapters

အခန်း (၁၂၃၁-၁၂၃၆)

Vol. 80 Ch. 1231-1236

အခန်း (၁၂၃၁-၁၂၃၆)

Vol. 80 Ch. 1231-1236

အပိုင်း ၁၂၃၁ ကျန်းဇယ်၏သံသယ

"ဝိုး ကျောက်ဖူလင်မှာ အောင်မြင်ကျော်ကြားတဲ့ သူငယ်ချင်းတွေ အများကြီးရှိတာပဲ" ကျန်းဇယ်ပြောလိုက်သည်။

ထိုစကားကို ကြားသော ကျန်းယန်နီသည် အနည်းငယ်ထိတ်လန့်သွား၍ တမင်သက်သက် လှောင်ပြောင်လိုက်သည်။ "သူက ကံကောင်းပေမယ့် စိတ်ဓာတ်မကောင်းဘူး၊ ကုနင်းသာ သူ့အကြောင်းပိုသိသွားရင် ထားခဲ့လိမ့်မှာ"

ကျန်းယန်နီက သူ့ကိုယ်သူ ယုံကြည်ချက်မရှိ၍ ကျန်းဇယ်ဘေးမှာ နေနိုင်ဖို့အတွက် အရာအားလုံးလုပ်ပေးသည်။ သို့သော် ကျန်းဇယ်က မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သူဖြစ်ကြောင်း သူမ မသိသေးချေ။

ကျန်းယန်နီ သူ့ကိုရွေးချယ်ရတဲ့အကြောင်းအရင်းတစ်ခုမှာ ကျန်းယန်နီသည် ဘီမြို့မှ မြို့သူတစ်ဦးဖြစ်သည်။

ကျန်းယန်နီမိသားစုသည် စီးပွားရေးလုပ်ငန်းရှိပြီး သူမအတွက် တိုက်ခန်းတစ်ခန်း ဝယ်ပေးထားသည်။

ကျန်းဇယ်သည် မြို့သေးမှလာပြီး သူ့မိသားစုမှာ မချမ်းသာပေ၊ ဒါကြောင့် ဘီမြို့တွင် တိုက်ခန်းမတတ်နိုင်ချေ။ ထို့ကြောင့် ကျန်းဇယ်က ကျန်းယန်နီသူ့ကို ကူညီရန် မျှော်လင့်သည်။

ကျန်းယန်နီတွင် တိုက်ခန်းတစ်ခန်းသာ ရှိသော်လည်း သူမသည် နေစရာအိမ်မရှိသော အခြားလူငယ်များထက် အများကြီး ချမ်းသာသည်။ ထို့အပြင် ကျန်းယန်နီသည် သူမမိသားစုတွင် တစ်ဦးတည်းသောသမီးဖြစ်သည့်အတွက် နောက်တစ်ချိန် သူမမိသားစုစည်းစိမ်များမှာ သူမဟာ ဖြစ်လာမည်ဖြစ်သည်။

ကျန်းဇယ်က ဘီမြို့ရှိ သူ့သူငယ်ချင်းများထဲတွင် မပြေလည်ဆုံးသူဖြစ်၍ သူ့ထက် အဆင့်အတန်းမြင့်သော မိန်းကလေးကို မချဥ်းကပ်ရဲချေ။

"ကြည့်ရတာ သူတို့က ခမ်းနားတဲ့ပါတီတစ်ခုမှာလိုပဲ၊ ပုံမှန်ဆို ချမ်းသာတဲ့သူတွေ အင်အားကြီးတဲ့လူတွေသာ တက်ရောက်ကြတာ၊ ကျောက်ဖူလင်မိသားစုက ဘာအလုပ်လုပ်တာလဲ" ရုတ်တရက် ကျန်းဇယ်မေးလိုက်သည်။

ထိုအမေးကိုကြားသော ကျန်းယန်နီသည် စိတ်တုန်လှုပ်သွားသည်။

"မသိဘူး၊ ဒါပေမယ့် သူက ငါ့မှာကိုယ်ပိုင်တိုက်ခန်းရှိတာ သိတုန်းက အရမ်းမနာလိုဖြစ်နေတာ" ကျန်းယန်နီပြောလိုက်သည်။ ကျောက်ဖူးရန်မိသားစုက တိုက်ခန်းဝယ်ရန် မတတ်နိုင်ကြောင်း သိစေလိုခြင်းဖြစ်သည်။

ဒါသည် သေချာပေါက် အမှန်တရားမဟုတ်ချေ။ ကျန်းဇယ်က ကျောက်ဖူလင်ကို ဆက်စိတ်မဝင်စားစေဖို့အတွက် ကျန်းယန်နီ တမင်တကာပြောလိုက်ခြင်း ဖြစ်သည်။ အမှန်တကယ် ကျောက်ဖူလင်မိသားစုမှာ ကျန်းယန်နီတို့ထက် အဆများစွာ ပိုချမ်းသာသည်။

ထို့အပြင် ကျောက်ဖူလင်တို့မိဘကလည်း သူမအတွက် မြို့လယ်ခေါင်အိမ်တစ်လုံး ဝယ်ပေးထားပြီးဖြစ်သည်။ ယွမ်သန်းပေါင်းများစွာတန်တဲ့ ဝိုင်ထုတ်စက်ရုံလည်း ပိုင်ဆိုင်ပြီး သူမနာမည်နှင့် စျေးကြီးကားလည်း ရှိသည်။ သို့ဖြစ်၍ ကျန်းယန်နီသည် ကျောက်ဖူလင်ကို အလွန်မနာလိုဖြစ်သည်။

သို့သော် ကျောက်ဖူလင်က အိမ်မှာ သူမတစ်ယောက်တည်းအတွက် အလွန်ကြီး၍ တစ်ယောက်တည်းမနေလိုချေ၊ ဒါ့ကြောင့် သူအမြဲတမ်း တိုက်ခန်းငယ်တစ်ခန်း လိုချင်သည်။ သူသည် တက္ကသိုလ်ကျောင်းသူ ဖြစ်ပြီး သူ့မိဘက ထိုအိမ်သည် သူ့အတွက် သင့်တော်သည်ဟု ထင်သည်။ နောင်တစ်ချိန် သူကိုယ်တိုင်အလုပ်ရသည့်အခါ ကိုယ်ပိုင်တိုက်ခန်းဝယ်ရန် ဆုံးဖြတ်ထားသည်။

ကျန်းယန်နီက ခုနကလိုပြောလိုက်ပေမယ့် ကျန်းဇယ်က မဖြစ်နိုင်ဘူးထင်သည်။ "ဟုတ်လား၊ ပုံထဲမှာ သူဝတ်ထားတဲ့အကျီက နာမည်ကြီးတံဆိပ်၊ အနည်းဆုံးယွမ်၁သောင်း‌လောက် တန်တယ်"

ကျန်းယန်နီ မကျေမနပ်ဖြစ်သွားသည်။ "ဘယ်သူသိမှာလဲ အဲ့ဟာက ယွမ်၁၀၀လောက်ပဲ တန်တဲ့အတုဖြစ်နိုင်တာပဲဟာ"

ကျန်းဇယ် ဆက်မပြောပဲ ခေါင်းစဥ်လွှဲလိုက်သည်၊ သို့သော် သူ့စိတ်ထဲတွင် သံသယရှိသေးသည်။ ပြီးရင် အဖြစ်မှန်ရှာရန် ဆုံးဖြတ်လိုက်သည်။

အခု ကျန်းယန်နီသည် ကျန်းဇယ်၏ရည်းစားဖြစ်သော်လည်း ကျန်းဇယ်က သူ၏လူနေမှုအဆင့်အတန်းကို ထပ်မြှင့်နိုင်သည့် အခွင့်အရေးကို လက်မလွှတ်လိုချေ။ ကျောက်ဖူလင် ဘာလုပ်လုပ် ဂရုမစိုက်ပဲ သူမထံမှ အကျိုးအမြတ်သာ ရချင်သည်။

.....

ကုနင်းသည် ထန်ဟိုင်ဖုန်းနဲ့ ပြန်မလိုက်သွားပဲ အိမ်ကို တက်ဆီစီးသွားသည်။

သူမသည် ပျော့ညံ့သောမိန်းကလေးမဟုတ်ကြောင်း သိ၍ သူမမိသားစုဝင်များက တစ်ယောက်တည်းအိမ်ပြန်ရန် သဘောတူလိုက်သည်။ ထို့အပြင် သတိထားသွားဖို့လည်း မှာလိုက်သည်။

ထို့နောက် ကုနင်းက မြစ်ဘေးသွားပြီး အိမ်မပြန်ခင် jiao ကို စိတ်ချင်းဆက်သွယ်နိုင်သော မျက်လုံးအိမ်ထဲထည့်လေသည်။

ရှည်လျားသော တစ်နေ့တာပင်ဖြစ်သည်။

....

ကျန်းဇယ်လည်း သူ့အဆောင်ကို ပြန်ရောက်ပြီးနောက် ကျောက်ဖူလင်ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။

ထိုအချိန်တွင် ကျောက်ဖူလင်က ရေချိုးပြီး ဆံပင်အခြောက်ခံနေသည်။

ကျန်းဇယ်ဖုန်းခေါ်သည်ကို တွေ့တော့ ကျောက်ဖူလင်က သူ့ဖုန်းနံပါတ်ကို ဘလော့မလုပ်ရသေးကြောင်း သတိရသွား၍ ချက်ချင်းဘလော့လိုက်သည်။

သူမက ကျန်းဇယ်ကို တကယ်ကြိုက်ခဲ့ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်သော်လည်း သူမအတွက် ဂုဏ်သိက္ခာမှာ ပိုအရေးကြီးသည်။

ဘာလို့ သူအဲ့လိုလုပ်တာလဲ။

ကျန်းဇယ် နားမလည်နိုင်ဖြစ်နေသည်။

ကျောက်ဖူလင်က သူဖုန်းခေါ်သည်ကို လက်မခံသည့်အတွက် WeChat ကနေ မက်ဆေ့ချ်ပို့လိုက်သည်။

ကျန်းဇယ် : မင်းဘာလို့ ငါ့ဖုန်းကို မကိုင်တာလဲ။

သူ မေးရန် ပို့လိုက်သည့်အခါ မက်ဆေ့ချ်ပို့မရတော့ချေ၊ ကျောက်ဖူလင်က သူ့ကို သူငယ်ချင်းစာရင်းမှ ဖျက်လိုက်ပြီဖြစ်သည်။

ကျန်းဇယ် ဒေါသထွက်ပြီး ကြမ်းပြင်ပေါ် ဖုန်းကိုင်ပေါက်မတတ်ဖြစ်သွားသည်။

နောက်နေ့မနက်တွင် ကျောက်ဖူလင်ရဲ့ အတန်းဖော်များက သူ့ကိုတွေ့လိုက်သည့်အခါ စုပြုံဝန်းရံလာကြသည်။ သူတို့က ကျောက်ဖူလင် WeChatအခိုက်အတန့်မှာ တင်ထားသော ဓာတ်ပုံများကို တွေ့ပြီးပြီဖြစ်၍ အားကျနေကြသည်။

ကျောက်ဖူလင်မှာ အခု လူအများ၏ စိတ်ဝင်စားမှုကို ခံရသဖြင့် မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။

"ဟိုင်း ဖူလင် မနေ့က နင်တင်ထားတဲ့ဓာတ်ပုံတွေ တွေ့လိုက်တယ်၊ နင်က ကုနင်းသူငယ်ချင်းလား" ကျန်းယန်နီက ကျောက်ဖူလင်ကို မေးလိုက်သည်။

"အင်း မနေ့က ပါတီမှာ တွေ့ကြတာ" အတန်းဖော်တွေရှေ့တွင် ကျောက်ဖူလင် ပြန်ဖြေလိုက်သည်။

***

အပိုင်း ၁၂၃၂ ငါနဲ့ဝေးဝေးနေ

"နင်တို့က သူငယ်ချင်းကောင်းတွေလား" ကျန်းယန်နီ ထပ်မေးလိုက်သည်။ သူက ကျောက်ဖူလင်သည် ကုနင်း၏သူငယ်ချင်းကောင်းဖြစ်သည်ဆိုသည့်စကားကို လုံးဝ မကြားလိုချေ။

ကျောက်ဖူလင်က သူမထက် အဘက်ဘက်က သာသည်ကို လက်မခံချေ။

"နင်တို့က သူငယ်ချင်းကောင်းတွေလား"

"နတ်ဘုရားမလေးကူက ခင်လို့ကောင်းလား"

"..."

အတန်းဖော်များလည်း သိချင်လိုကြသည်။ ခုလိုမေးရခြင်းမှာ ကုနင်းသည် နာမည်ကြီးကျော်ကြားသူဖြစ်ပြီး သူတို့၏ဘဝနှင့် အလွန်အလှမ်းဝေးသောကြောင့် ဖြစ်သည်။

သာမန်လူမျက်လုံးထဲတွင် နာမည်ကြီးသူအများစုမှာ မောက်မာကြသည်။

"သူက ခင်လို့ကောင်းတယ်၊ ပါတီမှာ သူနဲ့စတွေ့တုန်းက အင်တာနက်ပေါ်မှာ အဲ့လောက်နာမည်ကြီးမှန်း မသိခဲ့ဘူး၊ ငါ့ထက်ငယ်ပေမယ့် ရင့်ကျက်တယ်၊ အို ဓာတ်ပုံထဲမှာထက် အပြင်မှာ ပိုချောတယ်" ကျောက်ဖူလင် ပြောလေသည်။

"ဟုတ်လား ငါလည်း သူ့ကို အပြင်မှာ မြင်ဖူးချင်လိုက်တာ"

"မကောင်းတဲ့လူတွေနဲ့ ရန်ဖြစ်တဲ့အခါ ရက်စက်ကြမ်းတမ်းပေမယ့် ကြည့်ရတာ ပုံမှန်ဆိုရင် ခင်မင်ဖို့ကောင်းပြီး သိမ်မွေ့မယ့်ပုံပဲ"

"..."

ကုနင်းအကြောင်း ဆက်တိုက်ချီးကျူးနေကြသည်။

ထိုအချိန်တွင် သူတို့ဆရာမရောက်လာ၍ ကိုယ့်နေရာကိုယ်ပြန်သွားကြလေသည်။

ကျန်းယန်နီသည် မနေ့ညက ကျောက်ဖူလင်နှင့် ကုနင်းတို့ ခင်မင်သွားကြသည်ကို သိရပြီး ပို၍ မနာလိုဖြစ်နေသည်။

အကယ်၍ ကျောက်ဖူလင်သာ နာမည်ကျော်ကြားသူတစ်ယောက်၏ သူငယ်ချင်းဖြစ်လျှင် အတန်းဖော်များက သူမကို ပို၍ ထောက်ခံကြမှာဖြစ်သည်။

ကျန်းယန်နီ လက်သီးဆုပ်လိုက်သည်။ ကျောက်ဖူလင် သူ့ထက် ပိုလူသိကြမှာကို မလိုလားချေ။

...

မနက်၈နာရီထိုးသောအခါ ကုနင်းသည် မနက်စာစားပြီးပြီ ဖြစ်သည်။ ခဏအနားယူပြီးနောက် နဉ်ချန်ခိုင်ကို ဖုန်းဆက်လိုက်သည်။ "ဟိုင်း ဦးလေးနဉ်၊ အခု စကားပြောလို့ အဆင်ပြေလား"

"ရတယ် ဘာကိစ္စလဲ" နဉ်ချန်ခိုင်က ခုမှ အိမ်ကထွက်လာပြီး ကားပါကင်ကို လမ်းလျှောက်တုန်းဖြစ်သည်။

"ခိုကျီ က ဘယ်တော့လောက် မိတ်ကပ်အလှကုန်ပစ္စည်းတွေ ထုတ်နိုင်မလဲ?" ကုနင်းမေးလိုက်သည်။

"အဲ့လိုလုပ်ဖို့ ဟိုတစ်နေ့က စဉ်းစားထားတယ်၊ ဒါပေမဲ့ ငါတို့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေက အမြဲလိုလို ပစ္စည်းပျက်နေတော့ နောက်ထပ် မိတ်ကပ်အလှကုန်ဘက်ကို လုပ်ဖို့ မရသေးဘူး။" နဉ်ချန်ခိုင် ပြောလိုက်သည်။

"အမ် ခိုကျီ က တစ်လအတွင်း မိတ်ကပ်အလှကုန်ထုတ်လိမ့်မယ်လို့ ကျွန်မ တစ်ယောက်ယောက်နဲ့ လောင်းထားတယ်၊ အဲ့တော့ ချက်ချင်း ဒီကိစ္စကို လုပ်မှ ရမယ်" ကုနင်း ပြောလိုက်သည်။ "လုပ်ပြီးရင် ဘီမြို့ကို ပစ္စည်းပို့ထားလိုက်ပါ"

"ဘယ်လို၊ ဘယ်သူနဲ့လောင်းခဲ့တာလဲ" နဉ်ချန်ခိုင်ရယ်သွားသည်။ ကုနင်းက ခိုကျီ ရဲ့ သူဌေးဖြစ်ပြီး သူတို့ဆီမှာ မိတ်ကပ်ပစ္စည်းထုတ်မထုတ်ဆိုတာ သူမသဘောသာဖြစ်သည်။ ကုနင်းသာ ဖြစ်ချင်ရင် တစ်ပတ်အတွင်း မိတ်ကပ်အလှကုန်များကို ထုတ်လုပ်နိုင်သည်။

"အမ သူက ကျွန်မကို ခိုကျီ သူဌေးမှန်း မသိဘူး" ကုနင်း ပြုံးပြီးပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် လူတွေကလည်း ခိုကျီ မိတ်ကပ်အလှကုန်ထုတ်တာ လိုချင်တာဆိုတော့ အရင် အစမ်းထုတ်ကြည့်တာပေါ့"

"ရတယ် ပြဿနာမရှိဘူး" နဉ်ချန်ခိုင် သဘောတူလိုက်သည်။

မနက်၈:၃၀တွင် ကုနင်းနှင့် သူမ ဘော်ဒီဂတ်တို့က လေဆိပ်သို့ သွားလေသည်။

....

အရင်က ကျန်းယန်နီနှင့် ကျောက်ဖူလင်တို့က အတန်းချိန်ပြီးသည့် ကြားချိန်များတွင် အချင်းချင်း စကားပြောကြသည်၊ သို့‌သော် အခု သူတို့ တစ်ယောက်ကိုတစ်ယောက် ရှောင်နေကြသည်။

နေ့လယ် ၁၂နာရီထိုးသောအခါ ကျောက်ဖူလင်သည် ထထွက်သွားသည်။ အရင်တုန်းကလို သူမနှင့် အတူတူထမင်းစားရန် ကျန်းယန်နီကို မခေါ်တော့ချေ။

ကျန်းယန်နီကလည်း ကျောက်ဖူလင်နှင့် သူငယ်ချင်း ဆက်မဖြစ်ချင်သော်လည်း သူ့ကို ကျောက်ဖူလင်ထားခဲ့သည်ကို ရှက်သွားသည်။

ကျောက်ဖူလင် တစ်ခုခုကို သိသွားတာဖြစ်နိုင်သည်ဟု သူမတွေးလိုက်သည်။ သို့သော် ဘာမှန်း မသိချေ။

"ဟေး ဖူလင် ခဏနေဦးလေ ဘာလို့ ငါ့ကို မစောင့်တာလဲ" ကျန်းယန်နီက ကျောက်ဖူလင်နောက် အမှီလိုက်သွားသည်။

"ငါတို့ ဆက်ပြီးသူငယ်ချင်းဖြစ်ဖို့ လိုသေးတယ်လို့ ထင်နေတာလား" ကျောက်ဖူးရန်က အေးစက်စွာဖြင့် ကျန်းယန်နီကို မေးလိုက်သည်။

ကျောက်ဖူလင်က ကျန်းယန်နီကို စိတ်ဆိုးပေမယ့် သူမနဲ့ ရန်မဖြစ်တော့ချေ။

ကျန်းယန်နီ စိတ်ရှုပ်သွားသည်။ သူထပ်မမေးခင်မှာဘဲ ကျောက်ဖူလင်က ပြောသည်၊ "ကျန်းယန်နီ ငါတို့ သူငယ်ချင်းတွေမဟုတ်တော့ဘူး၊ နင့်ကိုလည်း ထပ်မမြင်ချင်တော့ဘူး၊ နင် ငါ့နောက်ကွယ်မှာ ကျန်းဇယ်ကို လုယူဖို့ ဘာလုပ်ခဲ့လဲဆိုတာ ငါသိတယ်၊ အခုကစပြီး ငါနဲ့ ဝေးဝေးနေတော့"

ထို့နောက် ကျောက်ဖူလင်သည် တုန့်ဆိုင်းမှုမရှိပဲ လှည့်ထွက်သွားလေသည်။

ထိုစကားကို ကြားသော ကျန်းယန်နီသည် သူမ ကျန်းဇယ်ကို လုဖို့အတွက် လုပ်ထားတာကို ကျောက်ဖူလင်သိသွားကြောင်း သိလိုက်ရသည်။

ကျန်းယန်နီ ထိတ်လန့်သွားသည်၊ သူ့နားကို သူမယုံနိုင်ဖြစ်နေသည်။ ကျောက်ဖူလင်သိသွားလိမ့်မယ်လို့ သူမထင်ထားချေ။

ဘယ်လိုပဲဖြစ်ဖြစ် အခု ကျောက်ဖူလင် သိသွားပြီဆိုတော့ သူလည်း ဆက်လက် ဟန်ဆောင်စရာမလိုချေ။

....

ကျန်းဇယ်က ကျောက်ဖူလင် ကန်တင်းသို့သွားရာလမ်းတွင် စောင့်နေသည်။ ကျောက်ဖူလင် ဘာလို့ သူ့ကို အကြောင်းအရင်းမရှိ ဘလော့သွားလဲဆိုတာကို သိချင်လိုသည်။

ကျောက်ဖူလင် ပေါ်လာသည်ကို တွေ့တွေ့ချင်း ကျန်းဇယ်သည် သူမဆီ လျှောက်သွားပြီး ရပ်လိုက်သည်။ "ကျောက်ဖူလင် မင်းဘာလို့ ငါ့ဖုန်းနံပါတ်နဲ့ WeChat ကို ဘလော့ရတာလဲ"

***

အပိုင်း ၁၂၃၃ အရှက်မမဲ့ဘူး

"ဘာလို့လဲဟုတ်လား၊ ကိုယ့်ကိုယ်ကို ဘာလို့လဲမသိဘူးလား" ကျောက်ဖူလင်ရွဲ့ပြုံးပြုံးလိုက်သည်။ "ကျန်းဇယ် ငါဘာအမှားလုပ်မိလို့ နင်ကျန်းယန်နီနဲ့ ပေါင်းပြီး ငါ့ကို ရယ်စရာလုပ်လဲ ငါမသိဘူး၊ နင်ငါ့ကို မကြိုက်ဘူးဆိုရင် တိုက်ရိုက်ပြောလို့ရတယ်၊ ငါ့ကို ငြင်းရင်‌တောင် ငါစိတ်ဆိုးမှာ မဟုတ်ဘူး၊ နင့်ကို လက်လျှော့လိုက်တော့မလို လုပ်ထားတာကို ပြီးတော့မှ ငါ့ကို မျှော်လင့်ချက်တွေလာပေးတယ်၊ ပြီးတော့ ငါ့ကို လူရယ်စရာဖြစ်အောင်လုပ်တယ်၊ ငါသာ ကံမကောင်းခဲ့ရင် သေနေပြီ"

"မင်း..." ကျန်းဇယ် လန့်သွား၍ မျက်လုံးပြူးသွားသည်။ သူတို့ရဲ့ ညစ်ညမ်းတဲ့လျှို့ဝှက်ချက်ကို ကျောက်ဖူလင်သိသွားပြီဆိုတာကို မယုံနိုင်ဖြစ်နေသည်။

ထိုအချိန်တွင် ကျန်းယန်နီရောက်လာသည်။ ကျန်းဇယ်နဲ့ ကျောက်ဖူလင် စကားပြောနေသည်ကို တွေ့သောအခါ သူ စိတ်တိုသွားသည်။ သို့သော် သူဘာမှမပြောရသေးခင် ကျန်းဇယ်က သူ့ကို မေးလိုက်သည်။ "မင်း သူ့ကို ပြောလိုက်တာလား"

သူနဲ့ကျန်းယန်နီပေါင်းပြီး ကျောက်ဖူလင်ကို မကောင်းတာလုပ်ထားမှန်း သူသိသည်၊ သို့သော် အထူးသဖြင့် ကျောက်ဖူလင်မိသားစုက အလွန်ချမ်းသာကြောင်း သိပြီးနောက် ထိုအကြောင်းကို ကျောက်ဖူလင်သိသွားလိမ့်မည်ဟု လုံးဝမတွေးမိချေ။

အခုကျောက်ဖူလင် အကုန်သိသွားသည်ကို သိရ၍ သူအလွန်အံ့သြသွားသည်။

"ဘာကိုလဲ" ကျန်းယန်နီသည် ခုမှရောက်လာတာဖြစ်၍ ကျန်းဇယ်သူ့ကို ဘာမေးနေလဲဆိုတာ နားမလည်ချေ။

"နင်တို့၂ယောက်လုံး ပြောတာမဟုတ်ဘူး၊ ငါ့ဟာငါ သိသွားတာ" ကျောက်ဖူလင် ပြောသည်။ "ငါက သိတာနောက်ကျသွားပေမယ့် ငတုံးတော့မဟုတ်ဘူး"

အမှန်တကယ်တော့ ကျောက်ဖူလင်သည် ကုနင်းကို ကျေးဇူးတင်သင့်သည်။ အကယ်၍ ကုနင်း၏ အကြံပေးချက်ကြောင့်သာမဟုတ်လျှင် သူမဒီအဖြစ်မှန်ကို သိမည်မဟုတ်ပါ။

"ဖူလင် အဲ့တာ အထင်လွဲနေတာ၊ ငါ မင်းကို ရယ်စရာဖြစ်အောင် လုပ်ဖို့ စိတ်ကူးမရှိဘူး" ကျန်းဇယ် စိုးရိမ်နေသည်။

"နင်ဘာလုပ်ထားလဲဆိုတာ သေချာသိမှာပါ၊ အခုကစပြီး နင်တို့၂ယောက်လုံး ငါနဲ့ဝေးဝေးနေကြ" ကျောက်ဖူလင် ပြောပြီးတော့ ထွက်သွားရန်လုပ်ပေမယ့် ကျန်းဇယ်က တားလိုက်သည်။

"ကျန်းဇယ်" ဒါကို မြင်တော့ ကျန်းယန်နီ စိတ်တိုသွားသည်။

ကျောက်ဖူလင် အကုန်သိသွားပြီဆိုမှတော့ ကျန်းဇယ်သာ ကျောက်ဖူလင်ကို ပြန်စိတ်မဝင်စားရင် သူတို့၂ယောက်လုံး ထပ်ရှင်းပြရန် မလိုချေ။

ဒါကို တွေးပြီး ကျန်းယန်နီ ဒေါသထွက်လေသည်၊ သို့သော် သူက ကျောက်ဖူလင်ကို အပြစ်တင်သည်။

ကျန်းဇယ်က ကျောက်ဖူလင်မိသားစုအကြောင်း စိတ်ဝင်စားနေသော်လည်း ကျန်းယန်နီက ဒါကို ကျော်ဖူးလင်၏ အမှားဟု ယူဆသည်။

ကျန်းယန်နီသည် ကျန်းဇယ်ကို အလွန်ချစ်သည်ဖြစ်၍ ဆီလျော်အောင် မစဥ်းစားနိုင်ဖြစ်သည်။

"ငါ့ကို လွှတ်" ကျောက်ဖူလင် စိတ်တိုပြီး ကျန်းဇယ်၏လက်ကို ဖယ်ထုတ်လိုက်သည်။

"ဖူလင်" ကျန်းဇယ် စိတ်ပူပန်နေသည်။

"ကျန်းဇယ် ငါ နင့်လောက် မျက်နှာပြောင် မတိုက်ဘူး၊ အဲ့အကြောင်းကိုသာ လူတွေသိရင် နင်တို့ပဲ အရှက်ကွဲမှာ" ကျောက်ဖူလင်သည် အေးစက်စွာပြောပြီး ထွက်သွားသည်။ ဒီတစ်ခါ ကျန်းဇယ်သည် လူသိသွားမည်စိုး၍ သူ့ကို မတားရဲတော့ချေ။

သို့သော် သူသည် အလျှော့မပေးသေးပါ၊ ကျောက်ဖူလင်၏မိသားစုအကြောင်း အသေးစိတ်သိအောင် စုံစမ်းဖို့ ဆုံးဖြတ်ထားသည်။ တကယ်လို့ ကျောက်ဖူလင်မိသားစုက ကျန်းယန်နီတို့ထက် သာလျှင် ကျန်းယန်နီအပေါ် အပြစ်ပုံချပြီး ကျောက်ဖူလင်ရဲ့ ခွင့်လွှတ်ခြင်းကို ရယူမှာဖြစ်သည်။

နောက်တစ်နည်းအားဖြင့် ကျန်းဇယ်သည် သူလိုချင်တာကို မရရအောင် ယူမည်သာဖြစ်သည်။

"ကျန်းဇယ် ရှင် ဒါဘာအဓိပ္ပာယ်လဲ၊ သူသိသွားပြီဆိုတာကို ဘာလို့ ထပ်ရှင်းပြဖို့ လုပ်နေတာလဲ၊ အခု နောင်တရနေပြီလား?" ကျောက်ဖူလင်ထွက်သွားပြီးနောက် ကျန်းယန်နီက ကျန်းဇယ်ကို မေးလိုက်သည်။

"မဟုတ်ဘူး အထင်မလွဲနဲ့၊ သူက လူတွေကို လိုက်ပြီးစွပ်စွဲတတ်တဲ့ မကောင်းတဲ့ကောင်မလို့ ပြောဖူးတယ်မဟုတ်လား၊ ငါတို့နာမည်ထိခိုက်အောင်လို့ မကောင်းတာတစ်ခုခုလုပ်မှာစိုးလို့" ကျန်းဇယ် ပြန်ငြင်းလိုက်သည်။

ကျောက်ဖူလင်မိသားစုက ကျန်းယန်နီတို့ထက်သာကြောင်း သေချာမသိရမချင်း ကျန်းယန်နီနှင့် ဆက်ဆံရေးကောင်းအောင် ထိန်းထားဖို့လိုသည်။ သို့မှသာ တကယ်လို့ ကျောက်ဖူလင်မိသားစုက ကျန်းယန်နီတို့လောက် မကောင်းခဲ့လျှင် ကျန်းယန်နီနှင့် ဆက်တွဲနိုင်မည်ဖြစ်သည်။

"တကယ်လား" ကျန်းယန်နီက သူ့စကားကို ယုံသော်လည်း ကျန်းဇယ်ကို ထပ်မေးလိုက်သည်။

"တကယ်ပါ" ကျန်းဇယ် ပြောသည်။

သူအဲ့လိုပြောသည့်အတွက် ကျန်းယန်နီလည်း ဆက်မပြောတော့ပဲ ထမင်းအတူတူစားရန် သွားလေသည်။

....

နေ့လယ် ၁နာရီတွင် ကုနင်းနှင့် သူ့ဘော်ဒီဂတ်များက အက်ဖ်မြို့ကို ရောက်ကာ တက္ကစီစီးပြီး နေ့လယ်စာသွားစားကြသည်။

ဒီနေ့မှာ တနင်္ဂလာနေ့ဖြစ်ပြီး ကုနင်းကတော့ မနက်ဖြန်မှသာ အတန်းသွားတက်ရန် ဆုံးဖြတ်လိုက်သည်။

အခု ကုနင်းသည် အက်ဖ်မြို့ကို ပြန်ရောက်လာပြီဖြစ်၍ သူ့သူငယ်ချင်းများကို ထမင်းအတူတူစားရန် ခေါ်ဖို့ တွေးလိုက်သည်၊ WeChatအဖွဲ့ထဲတွင် သူတို့ကို @လုပ်ကာ ခေါ်လိုက်သည်။

ကုနင်းသည် WeChatအဖွဲ့ထဲတွင် စကားပြောခဲသည်၊ ထို့ကြောင့် သူ့သူငယ်ချင်းများက သူ့မက်ဆေ့ချ်ကို တွေ့တော့ ပျော်သွားကြသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အနားနီးနေပြီဖြစ်သော်လည်း သူတို့သည် အနားယူဖို့အချိန် လိုအပ်သေးသည်။

သူတို့က ကုနင်းကို နာမည်ကြီးကြယ်၅လုံးဟိုတယ်တွင် ပင်လယ်စာစားချင်ကြောင်း ပြောကာ ကုနင်းသဘောတူလိုက်သည်။ သူမတွင် ပိုက်ဆံမရှားပေ။

ပင်လယ်စာအကြောင်းပြောရင်း ကုနင်းသည် အခု သူမ၏စိတ်ဝိညာဉ်အာကာပြင်ထဲတွင် ဧရာမအဝါရောင်ငါးပုတ်သင်ရှိကြောင်း ရုတ်တရက် သတိရသွားသည်။ ထိုငါးသည် ရှားပါးပြီး အလွန်တန်ဖိုးကြီးသည့်ငါးဖြစ်၍ ကုနင်းက အခုချက်ချင်းမထုတ်သေးချေ။

သခင်ကြီးလင်က ထန်မိသားစုဆီ လာလည်တော့မှ စပရိုက်အနေနဲ့ ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

....

နေ့လယ်စာစားပြီးနောက် ကုနင်းနှင့် သူ့ဘော်ဒီဂတ်များက ဖုန်းဟွာဇိမ်ခံအိမ်ရာဆီသို့ ပြန်သွားသည်။

သူတို့ ရောက်သွားသောအခါ ကုနင်းက တစ်အောင့်နေ ကားသုံးမည်ဖြစ်၍ ကောင်းယိကို ကားဆေးရန် ပြောလိုက်သည်။

Land Rover သည် ကားဂိုထောင်ထဲတွင် အကြာကြီး ရပ်ထားသည်ဖြစ်၍ ကားပေါ်တွင် ဖုန်အလိပ်လိုက်တက်နေသည်။

ကုနင်းသည် အိမ်ထဲရောက်သည့်အခါ ကုနင်းအိပ်ချင်လာ၍ အခန်းထဲတွင် ခဏအိပ်ရန် ဆုံးဖြတ်လိုက်သည်။

ကောင်းယိသည် သူ့တိုက်ခန်းကို ပြန်မသွားပဲ ကုနင်း၏ကား‌ကို ဆေးပေးရန် နေခဲ့သည်။

နာရီဝက်ကြာသောအခါ ကုနင်းနိုးလာပြီး အိမ်မှ ထွက်သွားလေသည်။

***

အပိုင်း-၁၂၃၄ တွေ့ဖူးနေသလိုပဲ

သူမကားမှာ သန့်ရှင်းရေးလုပ်ပြီးပြီဖြစ်၍ မောင်းထွက်သွားသည်။

ကုနင်းက သူမကျောင်းနေဖက်သူငယ်ချင်းများနှင့်သွားတွေ့သည်ဖြစ်၍ ဘော်ဒီဂတ်များလိုက်လာရန် မလိုချေ။ ကောင်းယိနှင့် ချောင်ယတို့သည် စုံတွဲဖြစ်၍ သူတို့လည်း ကိုယ်ပိုင်အချိန်လိုအပ်သည်။

အမှန်တကယ် ကုနင်းသည် သူတို့အပေါ် ရက်‌ရောပြီး ကြင်နာသည်။ သူတို့ဘဝသူတို့ လွတ်လွတ်လပ်လပ်နေရန် အချိန်ရှိပြီး အမြဲတမ်းသူမဘေးတွင် နေရန်မလိုချေ။

ကုနင်းသည် အိမ်ပြောင်းပြီးတစ်ယောက်တည်းနေလိုသည်၊ သူမက ပျော့ညံ့သောမိန်းကလေး မဟုတ်သည့်အတွက် ဘော်ဒီဂတ်ကို တစ်နေကုန် သူ့အနားခေါ်ထားရန် မလိုချေ။ ကိစ္စတစ်ခုခုကို သူမလုပ်ရန် မသင့်တော်လျှင် ကောင်းယိနှင့် ချောင်ယကို သူ့အစား သွားလုပ်ပေးရန် ပြောသည်။

....

ကုနင်းအိမ်ပြန်မလာခင် ကုမန့်က သူမအချိန်ရှိလျှင် အက်ဖ်မြို့ရှိ Kameiအလှပြင်ဆိုင်ကို တစ်ချက်ဝင်ကြည့်ရန် ပြောသည်။

ကုမန့်သည် ကုချင်နှင့် နေ့တိုင်းဖုန်းပြောသော်လည်း Kameiအလှပြင်ဆိုင်စီးပွားရေးကို စိတ်ပူနေသေးသည်။

ထို့ကြောင့် ကုနင်းသည် အခု သူအားပြီဖြစ်၍ Kameiအလှပြင်ဆိုင်ဆီ သွားလေသည်။

အက်ဖ်မြို့တွင် Kameiအလှပြင်ဆိုင်မှာ အလွန်နာမည်ကြီးသည်၊ ထိုဆိုင်၏ အသားအရေထိန်းသိမ်းသည့်ပစ္စည်များက အကျိုးသက်ရောက်မှုရှိပြီး လုံခြုံစိတ်ချရသည်။

အခု ကုချင်တွင် ဆိုင်ခွဲထပ်ဖွင့်ရန် ငွေအလုံအလောက်ရှိသော်လည်း ထိုစီးပွားရေးနှင့် ပတ်သတ်ပြီး ပိုအကျွမ်းဝင်ရန် လိုအပ်သေးသည်ဟု သူမထင်သည်။

Kameiအလှပြင်ဆိုင်၏ သူဌေးအနေနှင့် ကုချင်သည် ဆိုင်တွင် အလုပ်သိပ်လုပ်စရာ မလိုချေ။ ပုံမှန်ဆို စာရင်းစစ်ပြီး ဧည့်သည်များနှင့် စကားပြောရင်း အချိန်ကုန်စေသည်။

အက်ဖ်မြို့ရှိ လူကုန်ထံအမျိုးသမီးသည် ကုချင်၏သူငယ်ချင်းများ ဖြစ်လာကြသည်။ သို့သော် ဟောက်ကတော်နှင့်အမျိုးသမီးလုတို့မှာ ကုချင်၏ အခင်ဆုံးသူငယ်ချင်းများ ဖြစ်သည်။

ဝမ်ဆူးဖန်သည် ကုချင်ဆိုင်၏ အကြီးဆုံးလက်ထောက်ဖြစ်ပြီး ပစ္စည်းစစ်ဆေးရန်အတွက် တာဝန်ရှိသည်။ Kameiအလှပြင်ဆိုင်တွင် ပစ္စည်းကုန်သည့်အခါ ဝမ်ဆူးဖန်က ကိုလိန်း ကို ပစ္စည်းထပ်မှာရန် ဆက်သွယ်လေ့ရှိသည်။

ဒါသည် ခက်ခဲသော အလုပ်မဟုတ်သော်လည်း လွယ်ကူသောအလုပ်လည်း မဟုတ်ချေ။

ကံကောင်းစွာဖြင့် ဝမ်ဆူးဖန်မှာ လုံ့လဝီရိယရှိပြီး ယုံကြည်စိတ်ချရသည့်အတွက် သူ့အလုပ်ကို ကောင်းမွန်စွာ လုပ်နိုင်ခြင်းဖြစ်သည်။

....

ကုနင်း ဆိုင်ထဲဝင်လာသည်ကို တွေ့သောအခါ ကုချင်သည် အပြုံးဖြင့် သူမဆီလျှောက်သွားသည်။ "ဟိုင်း နင်းနင်း"

ဒီရက်ပိုင်းတွင် ကုနင်းပြန်လာမည်ကို သိ၍ မအံ့သြသွားချေ။ ထို့အပြင် သူတို့မတွေ့တာ အလွန်ကြာပြီဖြစ်၍ ကုနင်းကို အရမ်းလွမ်းနေသည်။

"ဟိုင်း အန်တီချင်" ကုနင်းပြုံးပြသည်။ "ဆိုင်မှာ အကုန်အဆင်ပြေရဲ့လား၊ ကျွန်မမရှိတုန်း ပြဿနာဖြစ်သေးလား"

Kameiအလှပြင်ဆိုင်မှာ အခုဆိုလျှင် အလွန်နာမည်ကြီးပြီး အောင်မြင်သည့်အတွက် ပြိုင်ဖက်စီးပွားရေးသမားများက ပြဿနာရှာမည်ကို ကုနင်းစိုးရိမ်သည်။ အရင်ကလည်း ဖြစ်ဖူးသည်။

"အားလုံး အဆင်ပြေတယ်၊ ဘယ်သူမှ ပြဿနာလာမရှာဘူး" ကုချင်ပြောလိုက်သည်။

လက်ရှိစီးပွားရေးအခြေအနေကို သူအရမ်း ကျေနပ်သည်။ ကုနင်းထုတ်လုပ်သည့် အသားအရေထိန်းသိမ်းရေးထုတ်ကုန်ပစ္စည်းကြောင့် အမျိုးသမီးအများစုမှာ သူတို့၏ ပုံမှန်ဧည့်သည်များ ဖြစ်လာကြသည်။

လူများက Kameiအလှပြင်ဆိုင်၏ နာမည်ကြီးမှုကို မနာလိုဖြစ်ကြသည်၊ သို့သော် အခု ဘယ်သူမှ ပြဿနာမရှာရဲ‌တော့ချေ။ Kameiအလှပြင်ဆိုင်၏ မန်ဘာဝင်ထားသူအများစုမှာ အက်ဖ်မြို့၏ လူကုန်ထံအမျိုးသမီးများဖြစ်၍ ဘယ်သူမှ သူတို့ကို ရန်မစရဲချေ။

အချို့စီးပွားရေးသမားများက ကိုလိန်း ရဲ့ ဖုန်းနံပါတ်ကို ကုချင်ဆီမှ ရပြီး သူ့တို့ကိုယ်ပိုင်ဆိုင် ပြန်ဖွင့်ကြသည်။

ကုချင်သည် ကိုလိန်း ၏ဖုန်းနံပါတ်ကို အခြားသူများအား ပေးလိုသည်၊ သူ့ထက် ပိုအောင်မြင်လာမည်ကို မစိုးရိမ်ချေ။

ဒါသည် ကုနင်း၏ကုမ္ပဏီဖြစ်ပြီး အကယ်၍ လူများစွာက ကိုလိန်း က ပစ္စည်းကို ရောင်းကြလျှင် အမြတ်ရမည်သာဖြစ်သည်။ ထို့အပြင် Kameiအလှပြင်ဆိုင်တွင် အမြဲတမ်းဧည့်သည် VIP အရေအတွက်အများကြီးရှိပြီး အများစုမှာ သူတို့အသားအရေထိန်းသိမ်းဖို့အတွက် နောက်တစ်နေရာ မသွားလိုချေ။

ထို့ကြောင့် Kameiအလှပြင်ဆိုင်သည် အမြတ်ရဆဲပင်ဖြစ်သည်။

"ကောင်းတာပေါ့။" ကုချင်က အစစအရာရာအဆင်ပြေကြောင်းပြောသည်ကို ကြားသောအခါ ကုနင်း စိတ်သက်သာရာရသွားသည်။

"တကယ်လို့ တစ်ယောက်ယောက်ပြဿနာရှာရင် ကျွန်မကို အချိန်မရွေးပြောနော်" ထပ်ပြောလိုက်သည်။

"အင်း ပြောမယ်" ကုချင်သည် စိတ်နွေးထွေးသွားသည်။

ကုနင်းက သူမနှင့် သူမမိသားစုကို အများကြီးကူညီပေးထားသော်လည်း တစ်ခါမှ ပြန်ပေးဆပ်ရန် မပြောချေ။

"ချင် ဒါဘယ်သူလဲ" လူကုန်ထံအမျိုးသမီးတစ်ဦးက ကုနင်းကို မြင်မြင်ချင်း စိတ်ဝင်စားသွားသည်။

"တွေ့ဖူးနေသလိုပဲ" သူမ ဆက်ပြောသည်။

"အို ဒါကျွန်မတူမလေး ကုနင်း" ကုချင်က ဂုဏ်ယူစွာဖြင့် ဖြေလိုက်သည်။

"ကုနင်းလား JadeBeautyရတနာဆိုင်ရဲ့ တည်ထောင်သူမဟုတ်လား" လူကုန်ထံအမျိုးသမီးမှာ စိတ်လှုပ်ရှားသွားသည်။

သူမသည်လည်း ကျောက်စိမ်းအလှရတနာဆိုင်၏ အမြဲတမ်းဧည့်သည်ဖြစ်ကြောင်း သိသာသည်။ ထို့အပြင် သူလည်း ကုနင်းအကြောင်း တော်တော်ကြားထားပုံပေါက်သည်။

"ဟုတ်တယ် သူပဲ" ကုချင်ပြောလိုက်သည်။

လူကုန်ထံအမျိုးသမီးက ကုချင်ကို သိမှတော့ သူတို့ ငြင်းစရာမလိုချေ။

***

အပိုင်း ၁၂၃၅ ထောင်ကျားယိ

"တွေ့ရတာ ဝမ်းသာပါတယ်" ကုနင်းက ထိုအမျိုးသမီးကို ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်သည်။

"မိန်းက‌လေးကု တွေ့ရဝမ်းသာပါတယ်၊ သမီးအကြောင်း အများကြီးကြားထားတယ်၊ အခုဆို သမီးက ငါတို့မြို့ရဲ့ ဂုဏ်ပဲ" လူကုန်ထံအမျိုးသမီးသည် ကျော်ကြားပြီး အရည်အချင်းရှိသောမိန်းကလေးကို တွေ့ရ၍ စိတ်လှုပ်ရှားသွားသည်။

"ချီးကျုးလို့ ကျေးဇူးတင်ပါတယ်။" ကုနင်း အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ငါ့ကလေးတွေကိုလည်း သမီးလို ထူးချွန်ထက်မြက်စေချင်လိုက်တာ" လူကုန်ထံအမျိုးသမီးက ပြောလေသည်။

ကုနင်း သည် သူနှင့် ခဏစကားပြောပြီး‌နောက် ဆိုင်မှ ထွက်လာသည်။

....

ချူးဖေ့ဟန် နှင့် အခြားသူတို့သည် ၅း၃၀မှကျောင်းဆင်းမည်ဖြစ်သည်၊ အခု ၅နာရီပဲ ရှိသေး၍ ကုနင်းသည် သူတို့ကို အပြင်မှာ စောင့်ရန် သွားသည်။

သို့သော် သူကျောင်းဂိတ်ပေါက်ဝရောက်သည့်အခါ သူမရဲ့အတန်းပိုင်ဆရာမ ကျန်းချိုးဟွာ အလျင်အမြန်ထွက်လာတာကို မြင်လိုက်သည်။ ကြည့်ရတာ ကိစ္စတစ်ခုခုဖြစ်ပုံရသည်။

ကျန်းချိုးဟွာ သည် ကုနင်း ၏အတန်းပိုင်ဆရာမဖြစ်ပြီး အရင်က သူ့ကို ကောင်းကောင်းဂရုစိုက်ပေးသည့်အတွက် ကုနင်း သည် ဘာမှမလုပ်ပဲ ရပ်မကြည့်နိုင်ပေ။ ထို့ကြောင့် သူ့ဆရာမဆီသို့ လျှောက်သွားသည်။

"ပါမောက္ခကျန်း ဘာဖြစ်လို့လဲ၊ သမီးကူညီပေးရမလား" ကုနင်း မေးလိုက်သည်။

ကျန်းချိုးဟွာ သည် ကုနင်း ကို မြင်လိုက်သည့်အချိန်တွင် အံ့သြသွားသည်။ "ကုနင်း သမီးဘယ်တုန်းက ပြန်ရောက်တာလဲ"

"မနက်ကမှ ပြန်ရောက်တာ၊ မနက်ဖြန်ဆို ကျောင်းလာမလို့" ကုနင်း ပြန်ဖြေလိုက်သည်။

ကျန်းချိုးဟွာ သည် သူ့မေးခွန်းကို ပြန်မဖြေ၍ ထပ်မေးလိုက်သည်၊ "ပါမောက္ခZhang တစ်ခုခုအဆင်မပြေဘူးလား၊ သမီးကူညီပေးရမလား"

ကျန်းချိုးဟွာ ခဏတုန့်ဆိုင်းသွားသည်၊ ထို့နောက် ပြောလေသည်၊ "ငါ့သမီးက သူ့အတန်းဖော်နဲ့ ရန်ဖြစ်ပြီး မြေကြီးပေါ်တွန်းချခံရတာ ဒဏ်ရာရသွားလို့ စန်ထရယ်ဆေးရုံကို ပို့လိုက်တယ်တဲ့၊ အခုချက်ချင်း သူ့ကို သွားကြည့်မှ ဖြစ်မယ်"

ကျန်းချိုးဟွာ သည် သူ့သမီး၏အခြေအနေကို အတော်စိတ်ပူနေသည်။

"သမီးအဲ့ကို လိုက်ပို့လိုက်မယ်" ကုနင်း ပြောလိုက်သည်။

"ကျေးဇူးပါပဲ" ကျန်းချိုးဟွာ သည် အရေးပေါ်ဖြစ်နေ၍ ပြောသည်။

ထို့နောက် ကျန်းချိုးဟွာ သည် ကုနင်း ကားပေါ်တက်ပြီး ကူးနင်သည် စန်ထရယ်ဆေးရုံသို့ အမြန်မောင်းသွားသည်။

ကျန်းချိုးဟွာသည် ပုံမှန်ဆို အရှိန်မြန်မြန်မောင်းသည်ကို ကြောက်သော်လည်း အခု သူ့သမီးကို စိုးရိမ်လွန်းနေသည်။

စန်ထရယ်ဆေးရုံကို ၁၀မိနစ်အတွင်း ရောက်သွားသည်။

ကျန်းချိုးဟွာ ကားပေါ်က ဆင်းဆင်းချင်း သူ့သမီး၏ဆရာမကို ဖုန်းခေါ်လိုက်သည်၊ သို့သော် သူ့သမီးမှာ ခုထိ မရောက်သေးချေ။

နောက်ထပ်၅မိနစ်လောက် စောင့်ပြီးနောက် ကျန်းချိုးဟွာ ၏သမီးနှင့် သူ့သမီးဆရာမကို တွေ့ရသည်။

ကျန်းချိုးဟွာ ၏သမီးမှာ ဒီနှစ်ဆိုလျှင် ၁၄နှစ်ပြည့်မည်ဖြစ်ပြီး ၈တန်းတက်နေသည်။ ဒဏ်ရာမပြင်း၍ သူ့ဆရာမက လူနာတင်ယာဥ်ကို မခေါ်လိုက်ချေ။ ဆေးရုံသို့ ကျောင်းကားဖြင့်သာ ခေါ်လာသည်။

ကျန်းချိုးဟွာ ၏သမီးသည် ကားပေါ်ကဆင်းသောအခါ နှာဖူးကို လက်ဖြင့်ကာထာပြီး ဆရာမငယ်လေးတစ်ယောက်က သူ့ကို ထူပေးထားသည်။

"ကျားယိ" ကျန်းချိုးဟွာ သည် သူ့သမီးထံ တစ်ခါတည်း ပြေးသွားသည်၊ ကူးနင်လည်း နောက်မှလိုက်သွားသည်။

"အမေ" ထောင်ကျားယိ သည် သူ့အမေကို မြင်လိုက်သည့်အချိန်တွင် ငိုပါလေသည်။

"အမေ သမီးအခုအရမ်း မကျေနပ်ဘူး၊ သမီး ဝမ်ရှောက်စုန့် ကို ရည်းစားစာမပေးဘူးဆိုတာကို သူတို့က မယုံဘူး၊ သမီးကို ပါးရိုက်ပြီး တွန်းချတယ်..."

ထောင်ကျားယိ ပါးမို့ပေါ်တွင် လက်ဝါးရာများ ကျန်နေသည်။

ဒါကို မြင်ရသော ကုနင်းပင်လျှင် ဒေါသထွက်သွားသည်။

ထောင်ကျားယိ ဒဏ်ရာအပြင်းအထန်မရသည်ကို ကုနင်း သတိထားမိ၍ ချက်ချင်း ဆေးကုသမှုခံယူရန် မပြောချေ၊ သို့သော် ဟိုအနိုင်ကျင့်သူများကို ဒီတိုင်းအလွတ်ပေးမည်မဟုတ်ချေ။

"အရင်ဆုံး ဒဏ်ရာကို စစ်ဆေးရမယ်၊ ပြီးရင် တရားမျှတအောင် လုပ်ရမယ်" ကျန်းချိုးဟွာ သည် စိတ်တိုတိုဖြင့် ပြောသည်။ သူမသည် ခုလိုအကြောင်းအရင်းမရှိ အရှက်ခွဲသည်ကို သည်းမခံနိုင်ချေ၊ အကယ်၍ ဒီကိစ္စကို သေချာမဖြေရှင်းလျှင် ထောင်ကျားယိ စိတ်ထဲတွင် စိတ်ဒဏ်ရာအကြီးကြီး ကျန်ခဲ့မည်ဖြစ်သည်။

ထောင်ကျားယိ ဆရာမက ဒါကို နည်းလမ်းကောင်းဟု မထင်ချေ။ "ပါမောက္ခကျန်း ခုကိစ္စက ထောင်ကျားယိ အပြစ်မဟုတ်မှန်း ကျွန်မသိတယ်၊ ဒါပေမယ့် လက်လျှော့လိုက်တာကောင်းမယ်၊ အဲ့ကောင်မလေးမိသားစုက အရမ်းအင်အားကြီးတယ်"

ထိုဆရာမသည် မျက်နှာကြီးရာ ဟင်းဖတ်ပါသူဖြစ်ကြောင်း သိသာသည်။

"ကျွန်မသမီး ဒဏ်ရာရတာကို မြင်တာတောင် ခုလိုပြောရလား၊ ဆရာမဆိုတာ ကျောင်းသားတွေကို ကာကွယ်ပေးရမှာလေ" ကျန်းချိုးဟွာ စိတ်တိုသွားသည်။

ဆရာမငယ်သည် စိတ်မတိုသွားပါ၊ သို့သော် ရွဲ့ပြောလေသည်၊ "ပါမောက္ခကျန်း စေတနာနဲ့ ပြောပြတာ၊ နားမထောင်ဘူးဆိုရင် နောက်ဆက်တွဲရလဒ်ကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါ"

"အို ဟုတ်လား၊ ဒီတစ်ခေါက် ကျွန်မတို့ တရားမျှတအောင်လုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ" ကုနင်း ပြောလိုက်သည်။

ကျန်းချိုးဟွာ တွင် နောက်ခံမရှိကြောင်းသိ၍ သူမကို ကူညီလိုသည်။ သူမမိသားစုနောက်ခံကြောင့် သူများကို တစ်ခါမှ အနိုင်မကျင့်ဖူးချေ၊ ဒါပေမယ့် ဟိုအနိုင်ကျင့်သူများကို ဆုံးမရန် ဝန်မလေးချေ။

"ပါမောက္ခကျန်း စိတ်မပူနဲ့ ကျွန်မကူညီပေးမယ်" ကုနင်း သည် ကျန်းချိုးဟွာ ကို နှစ်သိမ့်ပေးသည်။

ကျန်းချိုးဟွာ က ကူးနင်တွင် အထက်လူကြီးများနှင့် အဆက်အသွယ်ရှိကြောင်းသိ၍ စိတ်မပူချေ။

"ကျေးဇူးပဲနော်" ကျန်းချိုးဟွာ ကျေးဇူးတင်၍ ပြောလိုက်သည်။

ထောင်ကျားယိ ဆရာမကတော့ ကုနင်း သည် ဤကိစ္စကို မပြောင်းလဲနိုင်ဘူးဟု ထင်သည်။

***

အပိုင်း ၁၂၃၆ အန်းကွမ်းမင်နှင့်ထပ်တွေ့ပြန်တယ်

"ကောင်းပြီ စိတ်ကြိုက်လုပ်ကြပါ" ဆရာမငယ်က ပြန်ပြောသည်။

ထို့နောက် သူတို့သည် ထောင်၏ ဒဏ်ရာကို သွားစစ်ဆေးသည်။

ထောင်ကျားယိ၏ဆရာမမှာ အနည်းငယ်ကပ်ဖားတတ်သော်လည်း တာဝန်ယူသောဆရာမတစ်ယောက်ဖြစ်သည်၊ ထောင်ကျားယိကို တစ်ယောက်တည်းမထားခဲ့ချေ။

ဖောင်ဖြည့်ရန် သွားရာတွင် ကုနင်း သည် အန်းကွမ်းမင် နှင့် တိုးလေသည်။

"ဟိုင်း မိန်းကလေးကူး မတွေ့တာကြာပြီနော်" အန်းကွမ်းမင် မျက်လုံးပြူးသွားသည်။

"မိန်းကလေးကု ဘာဖြစ်တာလဲ" အန်းကွမ်းမင် အကြည့်မှာ ဒဏ်ရာရထားသော ‌ထောင်ကျားအပေါ် ‌ရောက်သွားသည်။

"ဒါရိုက်တာအန်း တွေ့ရဝမ်းသာပါတယ်" ကုနင်း သည် အန်းကွမ်းမင် ကို ပြန်နှုတ်ဆက်လိုက်သည်။ "အမ် သူက ကျွန်မအတန်းပိုင်းဆရာမရဲ့ သမီး၊ အတန်းဖော်လုပ်လိုက်တာ ဒဏ်ရာရသွားလို့ အခုဆေးစစ်နေတာ"

အန်းကွမ်းမင် ခေါင်းငြိမ့်ပြသည်။ ကုနင်းက ဒဏ်ရာဆေးစစ်မယ့်အကြောင်း ပြောသည့်အခါ သူမဘာလာလုပ်ကြောင်း သိသွားသည်။

သို့သော် ထောင်ကျားယိ ဆရာမသည် ကုနင်း က အန်းကွမ်းမင် ကို ဒါရိုက်တာအန်းဟု ခေါ်လိုက်ခြင်းကြောင်း အံ့သြသွားသည်။ ကုနင်း က ဒီဆေးရုံ၏ဒါရိုက်တာနှင့် သိမယ်လို့ မထင်မိချေ၊ ပြီး‌တော့ သူတို့ကြည့်ရတာ ရင်းနှီးပုံ ပေါက်သည်။ ကြည့်ရတာ ကုနင်း သည် ချမ်းသာသောမိသားစုအသိုင်းအဝိုင်းမှ ဆင်းသက်လာပုံပေါ်သည်။

ဒါကို ကြည့်ရင်း ဆရာမက ဖြစ်နိုင်သည်ဟု ယုံကြည်သွားသည်၊ မဟုတ်လျှင် ကုနင်း က ထိုအနိုင်ကျင့်သူများကို အပြစ်ပေးမည်ဟု အတင်းတောင်းဆိုမှာ မဟုတ်ချေ။

"မိန်းကလေးကု ငါ့နောက် လိုက်ခဲ့ပါ" အန်းကွမ်းမင် ပြောလိုက်သည်၊ ဒါသည် သူတို့ဖောင်ဖြည့်ရန် မလိုကြောင်း ပြသည်။

ဒါကိုကြားရသောအခါ ထောင်ကျားယိ ဆရာမသည် ထပ်၍ အံ့သြသွားပြန်သည်။

"ကျေးဇူးတင်တယ်နော် ဒါရိုက်တာအန်း။" ကူးနင်ပြောလေသည်။

ထို့‌နောက် သူတို့ အန်းကွမ်းမင် နောက်လိုက်ပြီး ဗီအိုင်ပီခန်းသို့သွားကာ ထောင်ကျားယိ ကို ဆေးစစ်သည်။

ခဏအကြာတွင် ဆေးစစ်ချက်ရလဒ် ထွက်လာသည်။ ထောင်ကျားယိ သည် ခဏတာသတိလစ်သွားခဲ့သည်ဖြစ်၍ သူ့ဒဏ်ရာကို ချက်ချင်းကုသဖို့လိုသည်။

"သူ့ဘဝနဲ့ ပညာရေးကို ထိခိုက်မှာလား" ကျန်းချိုးဟွာ စိတ်တုန်လှုပ်နေသည်။

"ပုံမှန်ပါပဲ၊ တစ်ပတ်လောက်တော့ အိမ်မှာ နားသင့်တယ်၊ အကယ်၍ နေရထိုင်ရမသက်သာရင် ဆေးရုံပြန်လာပြီး ထပ်ဆေးစစ်ရမယ်" ဆရာဝန် ပြောသည်။

တကယ်တော့ ကုနင်း သည် ထောင်ကို ပကတိအတိုင်းပြန်ကောင်းအောင် လုပ်ပေးနိုင်ပေမယ့် အခုချက်ချင်း ကျန်းချိုးဟွာ ကို မပြောပြနိုင်ချေ။

ထို့နောက် ဆရာဝန်သည် ထောင်ကျားယိ ၏ ဒဏ်ရာကို ကုသပေးသည်။

ထိုအချိန်တွင် ကုနင်း က အန်းကွမ်းမင် ကို မေးလိုက်သည်၊ "ဒါရိုက်တာအန်း အန်းချင် ဒီနေ့ ဂျူတီကျလား"

"ဟုတ်တယ်" အန်းကွမ်းမင် ပြန်ဖြေသည်။

"ကောင်းလိုက်တာ၊ မတွေ့တာ အတော်ကြာပြီ သူလည်း ရုံဆင်းတော့မှာဆိုတော့ အတူတူ ထမင်းစားဖို့ခေါ်သွားရမယ်။" ကုနင်း ပြောလိုက်သည်။

ကုနင်း သည် ဒီကိုမလာခင်တုန်းက မတွေးမိသော်လည်း အခု အတူတူညစာစားရန် သူမကို ခေါ်လိုသည်။

အကယ်၍ အန်းချင်က သူမဒီကို ရောက်နေတာကို မပြောလျှင် စိတ်ဆိုးမည်ဖြစ်သည်။

"အိုး ခုတစ်လော သူစိတ်အခြေအနေမကောင်းဘူး၊ ဒါပေမဲ့ ဘာဖြစ်နေမှန်းမပြောပြဘူး၊ ဖြစ်နိုင်ရင် ငါ့ကို ကူညီပြီး သူ့ကို နှစ်သိမ့်ပေးပါဦး" အန်း ပြောလိုက်သည်။ သူစိတ်ပူနေပုံရသည်။ အန်းချင် မှာ သူငယ်ချင်းသိပ်မရှိချေ၊ ပြီးတော့ ကုနင်း က ကြင်နာတတ်ကြောင်း သူသိသည်။

ကုနင်း သဘောတူလိုက်သည်၊ အန်းချင် က သမီးရည်းစားကိစ္စကြောင့် မပျော်ရွှင်ဖြစ်နေတာဟု ထင်လိုက်သည်။

အန်းချင် သည် သူ့ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းသူတစ်ဦးဖြစ်၍ ရုတ်တရက် ဘာလို့ မပျော်ရွှင်ရကြောင်းကို ထိုအကြောင်းပြချက်မှလွဲ၍ မစဥ်းစားမိချေ။

"ကောင်းပါပြီ၊ ကျွန်မ သူ့ကို မေးလိုက်ပါ့မယ်" ကုနင်း ပြောလိုက်သည်။

ထောင်ကျားယိ ဒဏ်ရာဆေးထည့်ပြီးသောအခါ ကုနင်း သည် ဆရာဝန်ကို ဆေးစာရေးခိုင်းသည်၊ ထို့နောက် ကျန်းချိုးဟွာ ကို ပေးလိုက်သည်။

"ပါမောက္ခကျန်း အခုပိုက်ဆံသွားရှင်းထားပြီး ပြီးရင် ဆေးကုသခနဲ့ စိတ်ဒဏ်ရာအတွက် နစ်နာကြေးတောင်းလို့ရတယ်" ကုနင်း က ကျန်းချိုးဟွာ ကို ပြောလိုက်သည်။

အန်းကွမ်းမင် က ပြေစာသည် ကုနင်း အတွက် အရေးကြီးသည်ကို သိရ၍ သူမအစား မရှင်းပေးချေ။

"ကောင်းပြီ" ကျန်းချိုးဟွာ ပြောပြီး ထွက်သွားသည်။

ကုနင်း သည် သူနှင့်မလိုက်သွားပဲ အခန်းထဲတွင် နေခဲ့သည်။

ကုနင်း က အန်းကွမ်းမင် နှင့် ရင်းနှီးသည်ကို သိရသည့်အခါ ထောင်ကျားယိ ဆရာမက ကုနင်း သည် အင်အားကြီးသောမိသားစုကဖြစ်ကြောင်း လုံးဝသေချာသွားသည်။ ကုနင်း အပေါ် သူ့ဆက်ဆံရေးမှာလည်း ပြောင်းလဲသွားသည်။

ထောင်ကျားယိ ကို အနိုင်ကျင့်သောကောင်မလေးမှာလည်း ချမ်းသာတဲ့မိသားစုက ဖြစ်သော်လည်း ထိုကောင်မလေးမိသားစုမှာ အန်းကွမ်းမင် လောက် အရှိန်အဝါမရှိချေ။ ထို့ကြောင့် ထောင်ကျားယိ ဆရာမက ထိုကောင်မလေး သေချာပေါက် အပြစ်ပေးခံရတော့မည်ဟု တွေးလိုက်သည်။

ကျန်းချိုးဟွာ က ပြေစာရှင်းရန် ထွက်သွားချိန်တွင် ကုနင်း သည် အန်းချင် ကို ဖုန်းခေါ်လိုက်ပြီး သူအခု စန်ထရယ်ဆေးရုံရောက်နေကြောင်း ပြောလိုက်သည်။ ကုနင်း က သူ့ကို သူ့အတန်းဖော်တွေနှင့်အတူ ညစာစားရန် ဖိတ်ခေါ်လိုက်သည်။

အန်းချင် သည် ခုတလော စိတ်အခြေအနေမကောင်းသော်လည်း ကုနင်း ကို မြင်ရ၍ စိတ်လန်းလာသည်။

ထို့နောက် ကုနင်း က WeChatအဖွဲ့ထဲတွင် မက်ဆေ့ချ်ပို့လိုက်ပြီး နောက်မှ တွေ့တော့မည်ဟု ပြောလိုက်သည်။

ကုနင်း က ကျန်းချိုးဟွာ ကို ကူညီမည်ဟု ဆုံးဖြတ်ထား၍ သူတို့ကို အိမ်ပြန်လိုက်ပို့သင့်သည်ဟု ထင်သည်။

"ပါမောက္ခကျန်း သမီးကို ယုံကြည်တယ်ဆိုရင် သမီးအကြံကို ပြောပြပေးမယ်" ကုနင်း က ကျန်းချိုးဟွာ ပြန်ရောက်လာသောအခါ ပြောလေသည်။

"ရတယ်" ကျန်းချိုးဟွာ ပြောသည်။

"ဟိုကောင်မလေးရဲ့ မိဘတွေ အထူးသဖြင့် သူ့အဖေ မနက်ဖြန် ၉နာရီ ကျောင်းကို လာခဲ့ဖို့ မျှော်လင့်တယ်" ကုနင်း ပြောလိုက်သည်။

ထောင်ကျားယိ ဆရာမသည် ဤကိစ္စကို ကုနင်း အရေးတယူလုပ်မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ကုနင်း ဆက်ပြောသည်၊ "ပါမောက္ခကျန်း တစ်ရက်‌လောက်ခွင့်ယူပြီး ကျောင်းသားရေးရာဌာနမှာ ဒဏ်ရာနဲ့ပတ်တသတ်ပြီး သူတို့ကို သွားတွေ့ရမယ်"

"ကောင်းပြီ ကျွန်မ ဟိုကောင်မလေးရဲ့ဆရာကို ပြောလိုက်မယ်၊ ပြီးရင် သူ့ဆရာမက သူ့မိဘတွေဆီ ဆက်သွယ်လိမ့်မယ်" ထောင်ကျားယိ ဆရာမ ပြောလေသည်။

"ကောင်းပြီ" ကုနင်း ပြန်ပြောလိုက်သည်၊ ထောင်ကျားယိ ဆရာမသည် ဖုန်းခေါ်ရန် ထွက်သွားသည်။

ထောင်ကျားယိ ဆရာမ မရှိတုန်း ကုနင်း သည် ထောင်ကျားယိ ကို မေးခွန်းအနည်းငယ်မေးလေသည်။

***

စာစဉ် ၈၀ ပြီး၏။

All Chapters