← Chapters

အခန်း (၄၉၅)

Vol. 34 Ch. 495

အခန်း (၄၉၅)

Vol. 34 Ch. 495

သူ၏ ဤစကားစုများသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏။ လက်တစ်ချောင်းတည်းနှင့်ပင် ကောင်းကင်ကို ထောက်ပံ့နိုင်သည့် ထောက်တိုင်ကို ဖွဲ့စည်းနိုင်၏။ ထိုလက်ချောင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး အရာအားလုံးကို ဖျက်စီးနိုင်စွမ်း ရှိနေပုံပင်။ ထိုလက်ချောင်းကြီး မြောက်လိုက်သည့် အချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသံများသည် တဝုန်းဝုန်းနှင့် ဖြစ်တည်လျက် ရှိနေ၏။

လောကကြီးတစ်ခုလုံးသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အသံများနှင့် ပြည့်နှက်နေခဲ့၏။ အင်ပါယာအဆင့် ကျင့်ကြံသူများပင်လျှင် မည်သို့မှ မနေနိုင်ဘဲ အနောက်သို့ ဆုတ်ခွာသွားရသည်။

"ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို ဖျက်ဆီးတော့မှာလား"

မြေအင်မော်တယ် ောကမှ သက်ရှိသတ္တဝါတို့သည် အ​နောက်သို့ ဆုတ်ခွာလိုက်ရ၏။ ၎င်းတို့သည် အနောက် ခပ်ဝေးဝေးဆီသို့ လှမ်းဆုတ်ပြီးသည့်နောက် မြင်ကွင်းကို ကြည့်ရှုကာဖြင့် ကြောက်လန့်နေကြ၏။ အစစ်အမှန် အင်မော်တယ်များ တိုက်ခိုက်သည့်အချိန်တွင် တစ်ခုကိုမှ မပြုလုပ်ရသေးလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ အစစ်အမှန်သာ တိုက်ခိုက်လိုက်ပါက ကျိန်းသေပေါက် ပျက်စီးခြင်း ငါးပါး စိုက်ပေမည်။

"ဒီတစ်ကြိမ် ချင်ကလန်ဘိုးဘေးကြီးက သူ့သားအတွက် လက်စားချေဖို့ လာခဲ့တာတင်မကဘူး။ အဓိကက ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွက် ဖြစ်ဖို့များတယ်။ "

မြေအင်မော်တယ် လောကတွင် ရှိနေသည့် အင်ပါယာတစ်ယောက်သည် ထိုအရာကို မနည်းပင် ပြောဆိုလိုက်ရ၏။ တော်ဝင်အင်ပါယာအဆင့်တွင် ရှိနေသော တစ်စုံတစ်ယောက်ပင်လျှင် မားမားမတ်မတ် မရပ်တည်နိုင် လောက်အောင် အခြေအနေက တင်းမာခက်ထန်လျက် ရှိနေ၏။ ချင်ကလန်၏ ဘိုးဘေးသည် ထိုကဲ့သို့သော အရာများကို တကယ်ပဲ ပြုလုပ်ခဲ့၏။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ရန်ပြုတာ"

များပြားလှသော ကျင့်ကြံသူများသည် ထိတ်လန့်သွားခဲ့ကြ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို တိုက်ခိုက်ရန် ကြံစည်ရဲသူသည် မည်မျှ ကြမ်းတမ်းလိုက်သနည်း။

အခြားတစ်ဖက်မှာတော့ ထိုအရာများကို တွန်းလှန်နိုင်ရန်အတွက် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ကိုယ်တိုင်ကိုယ်ကျ ပေါ်ပေါက်လာမည်လား။

ကောင်းကင်မူလလောကကြီးထဲရှိ အားလုံးသောသူတို့၏ မျက်နှာသည် ဖြူလျော်သွားခဲ့ကြ၏။ ၎င်းတို့သည် ကောင်းကင်ပေါ်ရှိ ကြီးမားလှသော ထောက်တိုင်ကြီးကို ကြည့်ရှုနေကြ၏။ ထိုအရာကြီး ကျဆင်းလာသည် ဆိုပါက ​ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့် အန္တရာယ်များနှင့် ရင်ဆိုင်ရမှာ သေချာ၏။ လောကကြီးသည် တော်တော်ပင် အားနည်းသွားပေလိမ့်မည်။ မကြာသေးခင်ကပင် ကျင့်ကြံသူတစ်ချို့သည် သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့ကြပြီး လောကကြီးတစ်ခုလုံး ပျက်စီးသွားတော့မည့် အော်ရာများ ထွက်ပေါ်နေ၏။ ဤကဲ့သို့သော အရာမျိုးသည် သာမန်လူများ ခုခံနိုင်သည့် အရာမျိုးမဟုတ်ချေ။

လောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် တကယ့်ပင် ဆိုးရွားလှသည့် ခံစားချက်များကို ရရှိနေ၏။ သေခြင်းတရားသည် သူတို့၏ ရှေ့ဆီသို့ ရောက်ရှိလာမည်ကို စောင့်မျှော်ကာ ကြည့်ရှုနေရသကဲ့သို့ပင်။ တော်တော်များများသည် ထွက်ပြေးချင်မိ၏။ သို့ပေမဲ့ ၎င်းတို့သည် တွေး​တောခြင်းကိုသာ ပြုမူနိုင်၏။  ခန္ဓာကိုယ်သည် ထိုကဲ့သို့ ပြုလုပ်နိုင်စွမ်းမရှိချေ။ မည်သည့်နေရာသို့ ထွက်ပြေးရမည်နည်း။ ချင်ဟောင်၏ တိုက်ခိုက်မှုသည် လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းထား၏။ မည်သို့ပြေးပြေး သူတို့သည် ထိုတိုက်ခိုက်ချက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် တစ်ဖက်လူသည် လက်ချောင်းတစ်ချောင်းတည်းနှင့် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်၏။

"ကောင်းကင်မူလလောကကြီးကတော့ သွားပြီပဲ " တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

ကောင်းကင်မူလလောကကြီးသည် ယခင်တုန်းက ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံခဲ့ရသေးချေ။ အင်မော်တယ်တစ်ယောက် လာရောက် တိုက်ခိုက်ခြင်းသည် ကောင်းကင်မူလ​လောကကြီးကို ပျက်စီးခြင်း အဖြစ်သို့ ရောက်ရှိစေလိမ့်မည်။

ဂျိန်း  ဂျိန်း ….။

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လှိုင်းအဟုန်များသည် တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့သွားခဲ့၏။ ခရမ်းရောင် လောကကြီးနှင့် မြေအင်မော်တယ် လောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာတို့ပင်လျှင် သက်ရောက်မှုကို ခံနေရ၏။ လူပေါင်းများစွာတို့သည် ကောင်းကင်မူလလောကကြီး တည်ရှိရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုလျက် ရှိနေကြ၏။ သူတို့၏ အမြင်အရဆိုလျှင် တည်နေရာတစ်ခုလုံးကို တောက်ပသည့်အလင်းတန်းများသည်သာ လွှမ်းခြုံလျက် ရှိနေ၏။

"ချင်ကလန် ဘိုးဘေးကြီးရဲ့ အော်ရာတွေပဲ။ တခြားအော်ရာတစ်ခုခု ပေါ်မလာသေးဘူး။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ဝင်ပြီးတိုက်ခိုက်ဖို့ အစီအစဉ် မရှိဘူးထင်တယ်"

မြေအင်မော်တယ် လောကရှိ ချင်ကလန်ဘိုးဘေးအကြောင်းကို သိရှိသော တစ်စုံတစ်ယောက်က တီးတိုး ပြောဆိုလိုက်သည်။

"ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သာ ဝင်ပြီးမလှုပ်ရှားဘူးဆိုရင် ကောင်းကင်မူလလောကကြီးက တကယ့်ကို ကပ်ဘေးဆိုက်ပြီပဲ"

"ကောင်းကင်မူလလောကကြီးကတော့ သွားပြီပဲ"

ခရမ်းရောင် နက်နဲလောကထဲမှာတော့  ….. လတစ်စင်းကဲ့သို့ ဖြူစွတ်သည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် အင်ပါယာပိုင်လီသည် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေပြီး အလွန်ပင် ဆန်းကြယ်လွန်းလှသည့် လူတစ်ယောက်၏ အော်ရာများ ထွက်ပေါ်နေ၏။

ကောင်းကင်မူလလောကကြီး၌ ဖြစ်တည်နေသောအော်ရာများကို ကြည့်ရှုပြီးနောက် သူသည် အမှတ်မထင်ပဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။ အေးစက်သည့် အလင်းတန်းများသည် သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာခဲ့၏။ လက်ရှိအချိန်မှာတော့ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံး၌ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားများ ဖြစ်တည်လာခဲ့၏။

ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင် နက်နဲလောကကြီးတွင် များပြားလှသည့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည် ဆိုလျှင်တောင်မှ ယခုမြေအင်မော်တယ်လောက ရောက်ရှိလာချိန်မှာတော့ ၎င်းတို့ မူရင်းလောကနှစ်ခုသည် မဟာမိတ်အဖြစ် ရပ်တည်ရပေလိမ့်မည်။ ကောင်းကင်မူလလောကကြီးသာ မရှိတော့ပါက ခရမ်းရောင် နက်နဲလောကသည်လည်း  အန္တရာယ်အတွင်း ကျရောက်သွားမှာဖြစ်သည်။

အစစ်အမှန် အင်မော်တယ်ဟူ၍ တစ်ယောက်တည်းသာရှိသောကြောင့် အားလုံး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရန်မှာ မည်သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် လက်ရှ ိအော်ရာများကို ထုတ်ဖော်နေသော လူသည် သူ့အထက် အဆပေါင်းများစွာ ပို၍အားကောင်း၏။ ကိုယ်တိုင် ကောင်းကင်မူလလောကကြီးထဲသို့ သွားရောက်၍ ကာကွယ်ပေးသည် ဆိုလျှင်တောင်မှ အကျိုးသက်ရောက်မှု သိပ်ရှိလှမည် မဟုတ်ချေ။ ထို့ကြောင့် သူ့အနေဖြင့် ခရမ်းရောင် နက်နဲလောကကြီးကိုသာ အာရုံစိုက်ပြီး  ကောင်းကင်မူလလောကကြီးကို လျစ်လျူရှုရပေလိမ့်မည်။

အင်မော်တယ် ပိုင်လီသည် ထိုစကားစုကို သွားကြားထဲမှ လေသံဖြင့် ရွတ်ဆိုလိုက်မိ၏။

မြေအင်မော်တယ်လောက၏ အခြေခံသည် တကယ်ကို နက်နဲလွန်းလှ၏။ အစစ်အမှန် အင်မော်တယ်တစ်ယောက် သည် မထင်မှတ်ဘဲ ရောက်ရှိလာခဲ့သည်။

ထာဝရ အစစ်အမှန်အင်မော်တယ်နှင့် အင်မော်တယ် ကျန်းထျန်တို့ကိုပါ ထည့်သွင်းတွက်ချက်မည် ဆိုပါက အစစ်အမှန်အင်မော်တယ် လေးယောက် တည်ရှိနေပြီ ဖြစ်၏။ မြေအင်မော်တယ် လောကထဲတွင် ပုန်းအောင်းနေသည့် တခြားသောအင်မော်တယ်များ ရှိ၊ မရှိကို သူ သေသေချာချာ မသိသေးချေ။

ကောင်းကင်မူလလောကကြီးနှင့် ခပ်ဝေးဝေးတည်နေရာတွင်တော့ အော်ရာများကြောင့် ဖြစ်တည်လာသည့် သက်ရောက်မှုများသည် လျော့ပါးမနေချေ။ ရွှေကျီးကန်းကလန်၏ ဘိုးဘေးနှင့် တခြားသော သူများသည် နဝေတိမ်တောင် အမူအရာများနှင့် ဖြစ်တည်လျက် ရှိနေလေ၏။ ၎င်းတို့သည် တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းလျက် ရှိနေပြီး အတွင်းကလီစာများ ပျက်စီးကုန်သလို ခံစားနေမိကြ၏။

"ငါ ဒီလိုပဲ သေတော့မှာလား။ ဒီအင်ပါယာက ဒါမျိုးမခံဘူး"

ရွှေကျီးကန်းကလန်၏ ဘိုးဘေးက အော်ဟစ်လိုက်၏။ သူသည် အခုမှ အင်ပါယာဖြစ်လာရုံသာ ရှိသေး၏။ ဤကဲ့သို့ အဆုံးသတ်သွားမည်ကို မည်သို့မှ လက်မခံနိုင်ချေ။

"မဟုတ်သေးဘူး ကြည့်ရတာ ငါတစ်စုံတစ်ခုကို မှတ်ထားဖို့လိုတယ်။ "

တစ်စုံတစ်ခုကို နားလည်သွားပြီးသည့်နောက် ရွှေကျီးကန်းကလန်၏ ဘိုးဘေးက သတိဝင်သွားခဲ့သည်။

"လူသေတွေက နာကျင်မှုကို မခံစားရဘူးလေ"

လူသေများသည် နာကျင်မှုကို မခံစားရရုံသာမက သိစိတ်လည်း ရှိလိမ့်မည် မဟုတ်ချေ။ ထိုအရာကို တွေးပြီးနောက် ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် မျက်လုံးကို ဖြေးညှင်းစွာ ဖွင့်လိုက်၏။

အားကောင်းလှသည့် အလင်းတန်းများသည် လင်းလက်လျက် ရှိနေ၏။ သူသည် လက်ကိုအသာမြောက်ပြီး သူ၏မျက်လုံးကို ဖုံးကွယ်လိုက်ရ၏။ လက်ရှိအချိန်မှာတော့ ချင်ကလန်၏ ဘိုးဘေးတိုက်ခိုက်ချက်အောက်၌ သူတို့မသေဆုံးသေးချေ။

"ဘယ်သူ ငါတို့ကို ကယ်တင်လိုက်တာလဲ"

ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် လက်ချောင်းများကြားထဲမှ အပြင်ဖက်သို့ လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ မတ်မတ်ရပ်လျက် ရှိနေသော လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုသူသည် အားလုံးသောသူတို့ကို နောက်ကျောပေးကာဖြင့် ချင်ကလန်ဘိုးဘေးကို ရင်ဆိုင်လျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် များပြားလှသည့် တာအို၏ နိယာမများ ဖုံးလွှမ်းလျက် ရှိနေသည်။

"ဒါ…  ဒါ….  စီနီယာ နန်းဆောင်သခင်လား" ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် တီးတိုးရေရွတ်လိုက်၏။ သို့ပေမဲ့ သူသည် ချက်ချင်းပဲ ထိုဖြစ်နိုင်ချေကို ဦးနှောက်ထဲမှ ဖယ်ရှားလိုက်၏။

ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို သူသည် အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူး၏။ သူရှေ့မှလူသည် စီနီယာ နန်းဆောင်သခင် မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် မဟုတ်ဘူးဆိုလျှင် ဤကဲ့သို့ အရေးအကြောင်း အခြေအနေမျိုး၌ ရှေ့သို့ထွက်ကာ လာရောက်ကယ်တင်သူသည် မည်သူဖြစ်သနည်း။

All Chapters