← Chapters

အခန်း (၄၉၇)

Vol. 34 Ch. 497

အခန်း (၄၉၇)

Vol. 34 Ch. 497

"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဘယ်မှာလဲ" ချင်ဟောင်က မေးမြန်းလိုက်သည်။

သူ၏ မျက်လုံးအကြည့်များသည် ဓားသွားကဲ့သို့ပင် ထက်ရှစွာဖြင့် လေဟာနယ်ထဲကို ထိုးခွင်းသွား၏။ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီးနောက်  ၎င်း၏ အော်ရာများသည် ထိပ်ဆုံးဆီသို့ ထိုးတက်သွားခဲ့၏။ သူသည် ကောင်းကင်မူလလောကကြီး တစ်ခုလုံးဆီသို့ သူ၏ အော်ရာများကို ဖြန့်နှံ့လိုက်၏။  သူသည် ကောင်းကင်မူလလောကကြီးသို့ လာရသည်မှာ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ရှာဖွေရန် ဖြစ်၏။

သူ၏ ရှေ့တွင် ရှိနေသောသူသည် ခန့်မှန်း၍မရအောင် အားကောင်းသည် ဆိုလျှင်တောင်မှ ချင်ဟောင်သည် လေးလေးနက်နက် မရှိချေ။ ထို့ပြင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ သေးငယ်လှသော နောက်လိုက်လေး တစ်ယောက်မျှသာ ဖြစ်၏။ သူ့အ​နေဖြင့် ယနေ့ နောက်လိုက်တစ်ယောက်နှင့်သာ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ရသည် ဆိုပါက သူ၏ မျက်နှာကို အနာဂတ်၌ မည်သို့ပြမည်နည်း။

"ရူးကြောင်ကြောင်နဲ့ မာနကြီးနေတာပဲ"

ချီလင်းသည် ခေါင်းကို အသာခါယမ်းလိုက်၏။ သူသည် လက်တစ်ဖက်ကို အသာမြောက်ပြီးသည့်နောက် အော်ဟစ်လိုက်သည်။  "ပျောက်ကွယ်စမ်း"

ထိုစကားထွက်ပေါ်လာပြီးနောက် လေဟာနယ် တစ်ခုလုံးသည် ပိုင်းဖြတ်ခံလိုက်ရပြီး ရေတွက်၍မရအောင် များပြားလှသည့် နိယာမအခြေခံများသည် ပျက်စီးသွားခဲ့၏။ တာအိုစိတ်ဆန္ဒများ ထွန်းတောက်လာခဲ့ပြီး အရာအားလုံးကို ဖိနှိပ်၏။

လက်ရှိအချိန်မှာတော့ ချီလင်းသည် ကောင်းကင်မူလလောကကြီးတစ်ခုလုံး၏ စိတ်ဆန္ဒကို ထမ်းပိုးထားသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းသွားခဲ့၏။ လောကကြီးတစ်ခုလုံးသည် သူနှင့် တစ်သားတည်း ဖြစ်တည်နေသလိုပင်။ သူ၏ လှုပ်ရှားမှုများသည် အနာဂတ်လောကကြီးကို ရည်ညွှန်းနေသကဲ့သို့ပင်။

ပြီးနောက် သူသည် လက်ချောင်းကို အသာမြောက်လိုက်၏။ လောကကြီးထဲတွင် ရှိနေသည့် ကြယ်စင်စုများသည် တစ်ခုပြီး တစ်ခု ပြုတ်ကျလာခဲ့၏။ လောကကြီး တစ်ခုလုံးကလည်း တုန်ယင်နေခဲ့သည်။

လက်တစ်ချောင်းနှင့် ဖန်တီးလိုက်သည့် နိယာများများသည် မိုးကောင်းကင်ယံမှ တစ်ခါတည်း ကျဆင်းလာခဲ့၏။ ​ကောင်းကင်တွင် မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထိုဆန်းကြယ်လှသောလူသည် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေသလိုပင်။

ချင်ဟောင်သည် ခပ်ဝေးဝေး တည်နေရာဆီသို့ လွင့်စင်သွားခဲ့ပြီးနောက် အောက်သို့ပြုတ်ကျလေ၏။

"ဒါက……"

တိုက်ပွဲကို အဝေးမှကြည့်ရှုနေသော ကျောက်စိမ်းလေဟာနယ် နန်းတော်၏ ဘိုးဘေးသည် မျက်စိသူငယ်အိမ်များ ကြုံ့သွားခဲ့၏။ သူ၏ နှလုံးသားတစ်ခုလုံးသည် တင်းကြပ်သွားသလိုပင် ခံစားလိုက်ရ၏။ သူသာ မမှားဘူးဆိုပါက ယခု လွင့်စင်သွားသူသည် ချင်ကလန်၏ ဘိုးဘေးမှလွဲ၍ တခြားမဟုတ်ချေ။

ဤလူသည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက နာမည်တစ်လုံးနှင့် ရပ်တည်ခဲ့သော ချင်ကလန်၏ ဘိုးဘေးကြီးပင် ဖြစ်၏။ မယုံကြည်နိုင်ဖွယ်ရာ အဆင့်ဆီသို့ ရောက်ရှိနေပြီး နက်နဲလှသည့် အခြေခံများကို ပိုင်ဆိုင်ခဲ့သူ တစ်ယောက်ဟုလည်း သတ်မှတ်ရပေမည်။ မကြာခင် အန္တိမအဆင့်သို့ ချိုးဖျက်နိုင်သည့် လူတစ်ယောက်  ဖြစ်ဖို့လည်း များ၏။ သို့ပေမဲ့ လက်ရှိ တစ်ဖက်လူသည် တိုက်ခိုက်ချက် တစ်ခုကိုတောင် ပီပီပြင်ပြင် ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

​ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နောက်လိုက်သည် မည်မျှအားကောင်းသည့် စွမ်းအင်ကို ပိုင်ဆိုင်နေရသနည်း။ ကျောက်စိမ်းလေဟာနယ် နန်းတော်၏ ဘိုးဘေးသည် အသက်ကိုပင် မနည်းရှုနေရ၏။ သူသည် စိတ်ခံစားချက်များကို တည်ငြိမ်အောင် မနည်းထိန်းသိမ်းလိုက်ရ၏။ လက်ရှိအချိန်မှာတော့ သူသည် ကံ​ကောင်းသည် ဟု ခံစားနေမိသည်။

သူ့ကိုယ်သူ ထိန်းသိမ်းထားနိုင်ခဲ့၏။ အလျင်စလို ပြုလုပ်ချင်သည့် စိတ်များကို သူက ထိန်းသိမ်းထားနိုင်ခဲ့၏။ မဟုတ်ပါက ယခုလွင့်စင်သွားခဲ့သည့် လူသည် သူသာလျှင် ဖြစ်ပေလိမ့်မည်။ ပို၍ အရေးကြီးမားသည်မှာ သူ၏ အားအင်အဆင့်သည် ချင်ကလန်ဘိုးဘေးကိုပင် မှီသည် မဟုတ်ချေ။ ထို့ကြောင့် ယခုကဲ့သို့ လွင့်စင်သွားပါက ရိုးရိုးရှင်းရှင်း ဖြစ်လိမ့်မည် မဟုတ်ချေ။

ခပ်ဝေးဝေးတည်နေရာတွင်တော့ ချင်ကလန် ဘိုးဘေး၏ ခန္ဓာကိုယ်ဆီ၌ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့၏။ ၎င်းသည် ကြမ်းတမ်းစွာ အော်ဟစ်လိုက်၏။

“ဟမ့် …. ဒီလိုအရည်အချင်းနဲ့ နောက်လိုက်က  ဘယ်လိုလုပ်ပြီး ကျုပ်ကို နာကျင်အောင် လုပ်လို့ရမှာလဲ"

အော်ဟစ်သံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ၎င်း၏ လက်ထဲတွင် တောက်ပလှသည့် ဓားရှည်တစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုဓားရှည်ကြီးသည် ကောင်းကင်နှင့် မြေကြီးကို ဆွဲခွဲနိုင်သည့် အော်ရာများကို ထုတ်ဖော်နေ၏။ တိုက်ခိုက်ချက်တစ်ခုကို ပြုလုပ်လိုက်လျှင် ကောင်းကင်မူလလောကကြီး တစ်ခုလုံး ဖျက်ဆီးခံရနိုင်၏။

သို့ပေမဲ့ ကောင်းကင်မူလလောကကြီးဆီသို့ ထိုဓားကျဆင်းလာသည်နှင့် တစ်ပြိုင်နက် ချီလင်းသည် ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။ လောကထဲတွင် များပြားလှသည့် တာအို၏ နိယာမများ ဖြစ်တည်လာခဲ၏။ နတ်ဘုရားစွမ်းအင်များ သည် ရေတံခွန်တစ်ခုမှ ပြုတ်ကျလာသည့် ရေများကဲ့သို့ပင် ကောင်းကင်ယံမှ ကျဆင်းလာခဲ့၏။ ထိုစွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့ဆီမှတဆင့် ချင်ကလန်ဘိုးဘေးဆီသို့ တည့်တည့် ရောက်ရှိသွားသည်။

ချလွမ် …။

သံသံချင်း ထိတွေ့သံ ထွက်ပေါ်လာခဲ့၏။ ဓားအလင်းတန်းများသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့၏။ အကျိူးဆက်အနေဖြင့် လေဟာနယ်ထဲတွင် များပြားလွန်းသည့် တာအို၏နိယာမ ချိန်းကြိုးများ ဖြစ်တည်လာခဲ့ပြီး အရာအားလုံးကို စတင်ကာ စည်းခတ်၏။

ထိုကဲ့သို့သော မြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ အားလုံးသောသူတို့သည် ကြက်သီးမွေးညင်းများပင် ထကုန်ကြ၏။ ၎င်းတို့သည် မြင်ကွင်းကို ကြည့်ရှုနေရချိန်မှာတော့ စကြာဝဠာကြီးထဲ၌ ရပ်တည်လျက်ရှိနေသည့် ပုရွတ်ဆိတ်ကလေးများ ကဲ့သို့ပင် ခံစားနေမိကြသည်။

" ကောင်းကင်တာအိုရဲ့ ကိုယ်ပွားလား"

လူပေါင်းများစွာတို့သည် ထိုအတွေးကိုသာ တွေးမိကြ၏။ တစ်စက္ကန့်အတွင်း ထိုအတွေးကို ပြောင်းလဲလိုက်၏။ ကောင်းကင်တာအိုသည်သာ လူသားအဖြစ် ဖြစ်တည်နေပါက ကောင်းကင်မူလလောကကြီးအနေဖြင့် ၎င်း၏ တည်ရှိမှုကို ပြန်လည်သုံးသပ်ရန် လိုအပ်လာပေလိမ့်မည်။ ကောင်းကင်တာအို ထိုကဲ့သို့ လှုပ်ရှားတိုက်ခိုက်နိုင်ခြင်း ဆိုသည်မှာ နိယာမများထက် ပိုမိုကာ သာလွန်သည့် အရာဖြစ်၏။ ကောင်းကင်တာအိုသည် အတွေးနှင့် ကိုယ်ပိုင် စိတ်ကူးစိတ်သန်း တည်ရှိသည့်အရာမျိုး မဟုတ်ပေ။ ထိုကဲ့သို့ တည်ရှိနေသည် ဆိုပါက အားလုံး ဒုက္ခရောက်သွားနိုင်၏။ ကောင်းကင်တာအိုသည်သာ မျိုးနွယ်စုတစ်ခုကို သဘောမတွေ့ပါက လွယ်လွယ်ကူကူနှင့် သုတ်သင်နိုင်စွမ်း ရှိပေလိမ့်မည်။ အကုန်လုံး သောက်ကျိုးနည်းကုန်မည့် ကိစ္စမျိုးပင်။

ဘုတ်

ချီလင်းသည် ရှေ့သို့ လှမ်းတက်လာခဲ့၏။ အားကောင်းလှသည့် စွမ်းအင်များသည် ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ ခဏလေးအတွင်းမှာပဲ ရှုပ်ထွေးလှသည့် လေဟာနယ်တစ်ခုလုံးသည် တုန်ခါလျက် ရှိနေ၏။ မြေအင်မော်တယ် လောကတွင် ရှိနေသည့် သက်ရှိများသည် ၎င်းတို့၏ နှလုံးသားများကို တူနှင့်ထုနေသလိုပင် ခံစားနေမိကြ၏။ ၎င်းတို့၏ အကြည့်သည် ချီလင်းဆီသို့ ရောက်ရှိနေကြ၏။

ဂလု …။

တစ်စုံတစ်ယောက်က တံတွေးကိုပင် မျိုချလိုက်မိသည်။

"သူထွက်လာပြီ သူငါတို့ကို တိုက်ခိုက်တော့မှာလား"

ချင်ကလန်ဘိုးဘေးကြီးအား လွင့်စင်အောင် တိုက်ခိုက်နိုင်စွမ်း ရှိနေသော လူတစ်ယောက်  ….. ထိုကဲ့သို့သော လူကို အင်ပါယာများပင်လျှင် ကြောက်ရွံ့ရမှာ ဖြစ်၏။ အစောတုန်းက ကောင်းကင်မူလလောကကြီးထဲရှိ သက်ရှိများကို သုတ်သင်ရန် ကြံစည်နေသည့် လူပေါင်းများစွာတို့သည် လက်ရှိအချိန်မှာတော့ သူတို့ကိုယ်တိုင် သုတ်သင်ခံရမည်ဖြစ်ကြောင်း အတွေး ဝင်လာမိကြ၏။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ချင်ကလန်၏ ဘိုးဘေးကြီးသည် တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားမိ၏။ သူ၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ သူသည် ဒေါသတကြီးဖြင့် အော်ဟစ်ပြီးသည့်နောက် လက်သီးချက်တစ်ခုကို ထုတ်ဖော်ကာဖြင့် သူ့ဆီသို့ ရောက်ရှိလာသော စွမ်းအင်လှိုင်းများကို ထိုးနှက်လိုက်သည်။

ဘုန်း ….။

လောကကြီးတစ်ခုလုံးကို တုန်ခါစေနိုင်သည့် စွမ်းအင်လှိုင်းများသည် နေရာအနှံ့၌ ဖြစ်တည်နေ၏။ ခပ်ဝေးဝေးတည်နေရာတွင် ရှိနေသော ခရမ်းရောင် နက်နဲလောကကြီးပင်လျှင် ထိုစွမ်းအင်လှိုင်းများ၏ သက်ရောက်မှုကို ခံစားလိုက်ရ၏။

တိုက်ခိုက်ချက် တစ်ခုကို ရင်ဆိုင်ပြီးနောက် ချီလင်းသည် မလှုပ်ရှားဘဲ ငြိမ်ငြိမ်သက်သက် တည်ရှိနေတုန်းပင်။ ၎င်း၏ ဝတ်စုံသည် လေနှင့်အတူ လှုပ်ခါလျက် ရှိနေပြီး ၎င်းသည် လောက၏ စိတ်ဆန္ဒကို သယ်ပိုးထားသည့် သာမန်ထက်ပိုသော လူတစ်ယောက်ကဲ့သို့ပင်။ ကောင်းကင်တာအိုနှင့် ပေါင်းစပ်ခဲ့ပြီးနောက် သူ၏ စိတ်ခံစားချက်များ အားလုံးသည် တကယ်ပင် တည်ငြိမ်အေးချမ်းလျက် ရှိနေလေ၏။  အားအင်အဆင့်အရ ပိုမို တိုးတက်သွားခဲ့သလို လက်ရှိလောကတွင် ရှိသည့်လူများ မော့ကြည့်ရမည့် အရာမျိုး ဖြစ်လာခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်မှ လွဲ၍ မည်သူမှသည် သူနှင့် တုဖက်ပြိုင်ကာ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

"မဖြစ်နိုင်ဘူး …. အဟွတ် အဟွတ်"

ချင်ကလန်၏ ဘိုးဘေးသည် အနောက်ဖက်သို့ လွင့်စင်ကာ ပြုတ်ကျလေ၏။ ကြမ်းတမ်းလွန်းသည့် တိုက်ခိုက်ချက်ကို ခံလိုက်ရသောကြောင့် သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူရော်လျက် ရှိနေ၏။ သွေးတစ်လုတ် အန်ထုတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် နာကျင်မှုများကို ခံစားလာမိသည်။

ကြည့်ရှုနေသူများအတွက် ဤမြင်ကွင်းသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ကောင်းကင်မူလလောကထဲတွင် ရှိနေသည့် တစ်ဖက်လူသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် တိုက်ခိုက်ချက် ကို တိုက်ခိုက်ခဲ့၏။ သုံးချက်တိတ် တိုက်ခိုက်ပြီးနောက် ချင်ကလန်၏ ဘိုးဘေးကြီးသည် အလုံးစုံ ရှုံးနိမ့်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပျက်စီးသွားခဲ့ရ၏။

အဆင့်တူချင်းတွင် ရှိနေသော ကျင့်ကြံသူတစ်ယောက်အား ဤသို့ဆိုးရွားစွာ ဖြစ်ပွားစေဖို့ဆိုလျှင် ချီလင်းသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်ကို ပိုင်ဆိုင်နေသနည်း။

All Chapters