အခန်း (၅၀၀)
Vol. 34 Ch. 500
“ဟမ်”
ကျောက်စိမ်းလေဟာနယ်နန်းတော် ဘိုးဘေးကြီး၏ စကားစုသည် တစ်ဖက်လူအား တကယ်ကို အငိုက်မိသွားစေ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ အတွေးကို မည်သူက သေသေချာချာ သိရှိမည်နည်း။
“မကြာခင် သိရမှာပဲ မဟုတ်ဘူးလား။”
ထိုသူက ခဏလောက်စဉ်းစားလိုက်၏။ လောကကြီးသုံးခုကြား တိုက်ပွဲဖြစ်ပွားနေသည် မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်၏။ အသက်စွမ်းအင်များသည် ပြန်လည်ကာ မကောင်းမွန်သေးချေ။ ထို့ကြောင့် တခြားသော လောကကြီးတစ်ခုနှင့် ပေါင်းစပ်ခြင်း ဆိုသည်မှာ ကျိန်းသေပေါက်သေလမ်းကို တွန်းပို့ လိုက်ခြင်းနှင့် ဆင်တူ ပေလိမ့်မည်။
ဟုတ်ပေ၏။ ကောင်းကင်မူလလောကကြီးနှင့် နှိုင်းယှဉ်နိုင်သည့် လောကတစ်ခုခုနှင့် ပေါင်းစပ်သည် ဆိုပါက မြေအင်မော်တယ် လောကကြီးသည် သံသယရှိစရာမလိုပါဘဲ ကြိုဆိုမိမှာပင်။ ထိုကဲ့သို့သောလောကမျိူးဆိုလျှင် သူတို့သည် မည်သို့ပင် လာလာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာ သေချာ၏။ သို့ပေမဲ့ ထိုထက်ပိုမိုကာ အားကောင်းသည့် လောကကြီးနှင့်သာ ပေါင်းစပ်ခဲ့သည်ဆိုပါက ကျိန်းသေပေါက် မနှစ်မြို့စရာများ ဖြစ်လာပေလိမ့်မည်။
“ဘယ်သူက သေသေချာချာပြောနိုင်မှာလဲ။”
ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဘိုးဘေးကြီးက ပြောဆိုလိုက်၏။ သူ၏ အသိအမြင်အရဆိုလျှင် မြေအင်မော် တယ်လောက နှင့် ပေါင်းစပ်မှုမလုပ်ခင် ကောင်းကင်မူလလောကနှင့် ခရမ်းရောင် နက်နဲလောကတို့ ပေါင်းစပ်ခဲ့သည်မှာ မကြာသေးချေ။ ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင် သခင်သည် မည်သို့မှ အချိန်မပေးဘဲ တစ်ခုပြီးတစ်ခုကို အလျင်အမြန်နှင့် ပေါင်းစပ်နေသည့်ပုံပေါ်၏။ ထို့ကြောင့် နောက်ထပ် လောကတစ်ခုခုနှင့် ပေါင်းစပ်သည့် အချိန်တွင် အန္တိမအဆင့် ကျင့်ကြံသူများပါ တည်ရှိသည့်လောကမျိုး ပါဝင်လာလျှင် အားလုံး ဒုက္ခရောက်မည်မဟုတ်ပါလား။
“တစ်လှမ်းချင်းစီပဲ ကြည့့်ကြတာပေါ့။” ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဘိုးဘေးကြီးသည် ထပ်မံကာ ပြောဆိုလိုက်၏။
ခရမ်းရောင်နက်နဲလောက ကြီး၏ တောင်ထွတ် တစ်ခုပေါ်တွင်တော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် တော်ဝင်အင်ပါယာ ပိုင်လီသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် ရပ်လျက်ရှိသည်။
သူသည် အဝေးတစ်နေရာရှိလေဟာနယ်ထဲသို့ လှမ်းကြည့်နေ၏။ သူ၏ ဘေးတစ်ဖက်တွင်တော့ လူတစ်ယောက်က ရပ်နေပြီး ၎င်း သည် အဆုံးစွန်ထိ တိတ်ဆိတ်ငြိမ်သက်နေသည်။ ခဏလောက် ကြာပြီးသည့်နောက် တော်ဝင်အင်ပါယာ ပိုင်လီသည် သက်ပြင်းကို ချကာ ပြောလိုက်၏။ “နောက်ဆုံးတော့ ပြီးပြီပဲ။”
“ကောင်းကင် မူလလောကကြီး သွားပြီလား။”
တော်ဝင်အင်ပါယာပိုင်လီ၏ ဘေးတစ်ဖက်တွင်ရှိနေသည့် လူသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။ ဤလူသည် ကောင်းကင်တုန်ခါခြင်းဓားကို ကိုင်ဆောင်ကာဖြင့် နိရယအင်ပါယာ နှင့် တိုက်ခိုက်ခဲ့သည့် အင်ပါယာယုညိုမှလွဲ၍ တခြားသူ မဟုတ်ချေ။ လတ်တစ်လော အခြေနေမှာတော့ သူသည် ဒဏ်ရာများကို ပြန်လည် ကောင်းမွန်အောင် ကုသနေရသည်။
ဒဏ်ရာများပြန်လည်ကုသနေရသောကြောင့် သူ၏ အားအင်အဆင့်သည် တော်ဝင်အင်ပါယာ အဆင့်တွင် အနည်းငယ် အားနည်းသွားခဲ့၏။ ထို့ကြောင့် ကောင်းကင်မူလ လောက ကြီး၏ တစ်ဖက်တွင် ဖြစ်တည်နေခဲ့သည့် အကြောင်းအရာများကို မမြင်ရခြင်းပင်။
“မဟုတ်ဘူး”
အင်ပါယာပိုင်လီသည် ခေါင်းကို ခါယမ်း ကာပြောလိုက်၏။ “ကောင်းကင်မူလလောကကြီးက အခြေနေတစ်ခုလုံးကို ပြောင်းပြန် လှန် ပစ်ခဲ့တယ်။”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အင်ပါယာယုညိုသည် မယုံကြည်နိုင်သလို ဖြစ်နေ၏။ သူ သိသလောက် ဆိုလျှင် ကောင်းကင်မူလလောကကြီးတွင် အသိမှတ်ပြုလောက်စရာ စွမ်းအားမြင့် ကျင့်ကြံသူဟူ၍ တစ်ယောက်မှ မရှိချေ။
သူတို့ ခရမ်းရောင်နက်နဲလောကကြီးတောင်မှ မြေအင်မော်တယ် လောကကို ခုခံနိုင်ခဲ့ခြင်းမှာ အင်ပါယာပိုင်လီတစ်ယောက် ် အစစ်အမှန်အင်မော်တယ် အဆင့်ဆီသို့ တက်လှမ်းနိုင်ခဲ့သောကြောင့်ပင်။ ထို့အပြင် မြေအင်မော်တယ်လောကကြီးကလည်း ၎င်းတို့၏ အစစ်အမှန်အင်မော်တယ်များကို မစေလွှတ်ခဲ့သောကြောင့် သက်သာရာရခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့ ကောင်းကင်မူလလောကကြီးကကော …။ အစစ်အမှန်အင်မော်တယ်ဟူ၍ လုံးဝမရှိချေ။ ထို့အပြင် သွားရောက် တိုက်ခိုက်နေသည်မှာ မြေအင်မော်တယ်လောကရှိအစစ်အမှန် အင်မော်တယ် ဖြစ်၏။
အခြေအနေသည် ကောင်းကင်မူလလောကကြီးတစ်ခုလုံး အဆုံးသတ်သို့ ရောက်ရှိသွားမည်ဟု ကြေညာနေသကဲ့သို့ပင်။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင် ဝင်ရောက်ရှုပ်ထွေးခြင်း မပြုလုပ်ပါက ကောင်းကင်မူလလောကကြီး အနေနှင့် ခုခံနိုင်စရာနည်း လမ်းဟူ၍ မရှိချေ။
ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် အသင်္ချေများပြားလှသည့် မျိုးနွယ်စု အားလုံးတို့သည် ရလဒ်တစ်ခုတည်းကိုသာ ရင်ဆိုင်ရမှာ ဖြစ်၏။ အလုံးစုံသုတ်သင် ရှင်းလင်းခံရခြင်းပင်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင် ဝင်ပြီးကူညီခဲ့တာလား။”
အင်ပါယာယုညိုသည် မသေချာ၊ မရေရာသလို လှမ်းကာမေးမြန်းလိုက်၏။ သူ၏အထင်အရဆိုလျှင် ဤကဲ့သို့ ဖြစ်နိုင်ချေ တစ်ခုတည်းသာလျှင်ရှိ၏။
“မဟုတ်ဘူး”
တော်ဝင်အင်ပါယာပိုင်လီသည် ခေါင်းကို ခါယမ်းလိုက်သည်။ “အခု ဝင်ပြီးလှုပ်ရှားခဲ့တဲ့လူက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် မဟုတ်ဘူး။ တခြားလူတစ်ယောက်ပဲ။ အဲလူရဲ့ အားအင်အဆင့်က ကြောက်စရာကောင်းတယ်။”
“ဘယ်လောက်တောင်ကြောက်စရာ ကောင်းတာလဲ။” အင်ပါယာယုညိုသည် မျက်မှောင်ကုတ်လိုက်မိ၏။
“အင်း အန္တိမကျင့်ကြံသူအဆင့်နဲ့ မဝေးလောက်ဘူးထင်တယ်။” တော်ဝင်အင်ပါယာပိုင်လီသည် မနာလိုစွာဖြင့် ပြောလိုက်သည်။
“အန္တိမကျင့်ကြံသူ ဟုတ်လား။”
အင်ပါယာယုညိုသည် သက်ပြင်း ချလိုက်မိ၏။ ၎င်းသည် နှလုံးသားတွင် ဖြစ်တည်လာသည့် အံ့အားသင့်မှုများကို မနည်းပင် ဖိနှိပ်လိုက်ရ၏။
အန္တိမကျင့်ကြံခြင်းနှင့် နီးကပ်နေသည့် စွမ်းအားမြင့် ကျင့်ကြံသူဆိုသည်မှာ ကျိန်းသေပေါက် ကြောက်ရွံ့ဖွယ်ရာကောင်းသည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ မည်မျှကြောက်ရွံ့ဖွယ်ကောင်းကြောင်းကိုတော့ သူ သေသေချာချာ နားမလည်ပေ။
“ဘယ်လို လုပ်လိုက်တာလဲ။” အင်ပါယာယုညိုသည် သံသယ အပြည့်နှင့်ဖြစ်နေသည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်” တော်ဝင်အင်ပါယာ ပိုင်လီက အဖြေပေးလိုက်၏။
“သူက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် စေလွှတ်လိုက်တဲ့လူလား။”
“ဟုတ်တယ်”
တော်ဝင်အင်ပါယာပိုင်လီက ခေါင်းညိတ်လိုက်၏။ သူ၏ မျက်လုံးအကြည့်များသည် လေးနက်လျက်ရှိနေ၏။ ၎င်းသည် အဝေးတစ်နေရာတွင် ရှိနေသည့် ကောင်းကင်မူလလောကကြီးကို လှမ်းကာကြည့်ရှု၏။ ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။
“ကျုပ်တို့ ကောင်းကင် မူလလောကကြီးနဲ့ အပြင်းအထန် မတိုက်ခိုက်ခဲ့တာကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ခန့်မှန်းလို့မရနိုင်ဘူး။”
“ဒါကတော့ အမှန်ပဲ။”
အင်ပါယာယုညိုသည် ခေါင်းညိတ်လိုက်၏။
“တကယ်လို့ ကောင်းကင်မူလလောကကြီးသာ အန္တရာယ်မရှိဘူးဆိုရင် သူတို့က သူတို့ရဲ့ဝှက်ဖဲကို ထုတ်သုံးမှာမဟုတ်ဘူး။ ဒါဆိုရင် ကျုပ်တို့ ခရမ်းရောင်နက်နဲလောကကြီးကတော့....”
လက်ရှိ အခြေနေမှာတော့ အင်ပါယာယုညို၏ စိတ်အခြေနေတစ်ခုလုံးသည် လေးပင်သွားခဲ့၏။ သူသည် မြေအင်မော်တယ် လောကကြီး ကို စိုးရိမ်ပူပန်ခြင်းမရှိပေ။ ကောင်းကင် မူလလောကကြီးသည် ရန်ပြု၍ မရအောင် နက်ရှိုင်းသည့် အခြေခံများ ပိုင်ဆိုင်သည်ဖြစ်ကြောင်း သိရှိသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင ့်ကောင်းကင်မူလလောကကြီးသည် ဖိအားဒဏ်များမှ လွတ်မြောက်သွားမှာ သေချာ၏။ ထိုသို့ဆိုလျှင် ဖိအားဒဏ်များကို မည်သူကခံရမည်နည်း။ ကျိန်းသေပေါက် တော်ဝင်အင်ပါယာပိုင်လီ တစ်ယောက်ထဲသာ အစစ်အမှန် အင်မော်တယ်ရှိသော ခရမ်းရောင်နက်နဲ လောကကြီးပင် ဖြစ်ပေလိမ့်မည်။
“တာအိုရောင်းရင်းပိုင်လော်က အချိန်တိုအတွင်း အင်မော်တယ်ဖြစ်လာသင့်ပြီ။ သူ့ရဲ့လက်ရှိအခြေအနေက လုံလောက်နေပြီ။ သူ့ကိုယ်သူသာ အားကိုးမယ်ဆိုရင် နှစ်ပေါင်းတစ်သန်းလောက်ကြာရင် အင်မော်တယ် ဖြစ်ရင် ဖြစ်လာနိုင်လိမ့်မယ်။ တကယ်လို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို တစ်ကြိမ်လောက် သွားရင် အချိန်ကာလတိုအတွင်း အင်မော်တယ်ဖြစ်လာဖို့ ခက်ခဲမှာ မဟုတ်ဘူး။ “ တော်ဝင်အင်ပါယာပိုင်လီက ပြောဆိုလိုက်၏။ သူ့အနေနှင့် အင်မော်တယ်ဖြစ်ပြီးနောက် တခြားသော သူများထက် ပိုမိုကာ အားကောင်းသွားသည်ဟု ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ချေ။ အားလုံးသော သူတို့သည် တူညီသည့် အခြေအနေတွင် တည်ရှိသည်ဟု သူတို့က ထင်မှတ်ထား၏။
တိကျသည့် လမ်းညွှန်ပြသချက်များကိုရသည်ဆိုပါက အားလုံးသော သူတို့သည် အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်မှာ သေချာသည်။
“နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ကျုပ်လည်း နောက်ဆုံး ခြေလှမ်းတော့ လှမ်းနိုင်ရမယ်။” အင်ပါယာယုညိုသည် လေးနက်တည် ကြည်သည့်လေသံဖြင့်ပြောဆိုလိုက်သည်။ သူသည် ထိုအရာနှင့်ပတ်သက်၍ ယုံကြည်ချက်ရှိလို့နေ၏။
“နှစ်ပေါင်းတစ်ထောင်အတွင်း ခရမ်းရောင်နက်နဲလောကကြီး က ကျိန်းသေပေါက် တိုးတက်လာမှာပဲ။ မြေအင်မော်တယ် လောကအနေနဲ့ ကျုပ်တို့ကိုအထင်မြင်မသေးရဲစေရဘူး။”
အင်ပါယာပိုင်လီ၏ မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ ထိုအပြုံး သည် ကြာကြာမခံခဲ့ပေ။ အလုံးစုံပဲ အေးခဲသွားခဲ့သည်။ သူသည် တစ်စုံ တစ်ခုကို စဉ်းစားမိသွားပုံပေါ်၏။ ပြီးနောက် ကောင်းကင်မူလလောကကြီး ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။
နှစ်ပေါင်း တစ်ထောင်ဆိုသည်မှာ ကြာရှည်လှသည်မဟုတ်သလို တိုလှသည်လည်းမဟုတ်ပေ။ သူတို့လို ကျင့်ကြံသူများအတွက်တော့ တစ်ခါတံခါးပိတ် ကျင့်ကြံမည်ဆိုလျှင် နှစ်တစ်ထောင်လောက်ကြာမြင့်သည် မဟုတ်ပါလား။
သို့ပေမဲ့ ခရမ်းရောင်နက်နဲလောက ကြီးနှင့် မြေအင်မော်တယ်လောကတို့ ပေါင်းစပ်ခဲ့ပြီးသည့်နောက်မှာတော့ နှစ်တစ်ထောင်ဆို သည်မှာ ကြာရှည်သွားခဲ့ပုံပေါ်၏။ ထိုအခြင်းအရာကိုကြည့်ရှုမည်ဆိုလျှင် နှစ်ပေါင်းတစ်ထောင်အတွင်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် မည်မျှ များပြားသည့် လောကများနှင့် လိုက်လံကာ ပေါင်းစပ်နေဦးမည်နည်း။ ထိုသို့ဆိုလျှင် ခရမ်းရောင် နက်နဲ လောကကြီးဆိုသည်မှာ တည်ရှိချင်မှ တည်ရှိပေတော့မည်။
“ကြည့်ရတာ ကျုပ်တို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီကို ထပ်ပြီးသွားဖို့ လိုနေပြီပဲ။ “ တော်ဝင်အင်ပါယာပိုင်လီက ပြောဆို လိုက်၏။ ခရမ်းရောင်နက်နဲလောကကြီးရဲ့ အနာဂတ် မည်သို့ဖြစ်မည်ကို သူသိရှိရန် လို၏။ အနာဂတ်ကို သိရှိမှသာလျှင် ကြိုတင်ကာ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နိုင်ပေလိမ့်မည်။ သူ့အနေနှင့် ခရမ်းရောင်နက်နဲလောကကြီးကို ကာကွယ်ပေးချင်သည် ဆိုပါက ထိုက်တန်သော ပမာဏကို ပေးအပ်ရန်ရှိ၏။
တော်ဝင်အင်ပါယာပိုင်လီသည် စိတ်ဆုံးဖြတ်ချက်ကိုချပြီးသည့် နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီသို့ အလျင်အမြန် သွားလိုက်သည်။
မြေအင်မော်တယ်လောက ထဲတွင် ရှိနေသည့်ချင်ကလန်တစ်ခုလုံးသည် တုန်လှုပ်လျက်ရှိနေ၏။ အားလုံးသောသူတို့သည် အလုံးစုံ ဆွံ့အလျက်ရှိနေ၏။ အချိန်အတော်ကြာသည်အထိ ထိုဆွံ့အမှုမှ ပြန်လည်၍ မကောင်းမွန်သေးချေ။ သူတို့ ဘိုးဘေး၏ အော်ရာ ရုတ်တရက် ပျောက်ကွယ်သွားသည့်အချိန်မှာတော့ ဘိုးဘေးကြီးမည်သည့်နေရာ သွားခဲ့ကြောင်း မည်သူမှ မသိရှိတော့ချေ။
ဘိုးဘေးကြီး၏ ဝိညာဉ်ကျောက်ပြားသည်သာ အကောင်းအတိုင်းမရှိသည်ဆိုပါက ကျိန်းသေပေါက် ဘိုးဘေး ကြီးသည် အလုံးစုံ သုတ်သင်ခံလိုက်ရပြီ ဟု အားလုံးက ထင်မှတ်မှာ သေချာ၏။ ထိုသို့ဆိုလျှင်တောင်မှ လက်ရှိဘိုးဘေးကြီးပိုင်ဆိုင်သော ဝိညာဉ်ကျောက်ပြားသည် အလုံးစုံ မှေးမှိန်လျက်ရှိနေပြီး ထိုအပေါ်တွင် အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေခဲ့၏။ ဘာကိုကိုယ်စား ပြုသနည်း။
ဘိုးဘေးကြီးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ ၎င်း၏ အသက်ပင်လျှင် အန္တရာယ်ကြားသို့ ကျရောက်နေ၏။
ဘိုးဘေးကြီးသည် ကောင်းကင်မူလ လောကကြီးဆီသို့ သွားခဲ့ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို စိန်ခေါ်ခဲ့သည်လား။ ထို့ကြောင့် စီနီယာ နန်းဆောင်သခင်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် ရိုက်နှက်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။