အခန်း (၅၀၁)
Vol. 34 Ch. 501
ခဏလောက်ကြာပြီးသည့်နောက် ချင်ကလန်၏အတွင်းမှာတော့ ….
ကလန်ခေါင်းဆောင်၏ လက်ထဲရှိ ကျောက်စိမ်းပြားက လင်းလက်သွားခဲ့၏။ ၎င်းသည် ထင်ပေါ်လာခဲ့သည့် အကြောင်းအရာများ ကို ကြည့်ရှုပြီးနောက် မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။
"ထင်ထားတဲ့အတိုင်းပဲကိုး"
ချင်ကလန် ခေါင်းဆောင်၏ မျက်နှာတစ်ခုလုံးသည် သုန်မှုန်သွားခဲ့၏။ သူသည် အံကြိတ်ပြီးနောက် ရေရွတ်လိုက်၏။ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများအပြည့် ဖြစ်တည်လာပြီး မနီးမဝေးတွင် ရှိနေသည့် ပဌ္စမအကြီးအကဲကို လှမ်းကာကြည့်ရှုလိုက်သည်။
"အင်း …. နှစ်ပေါင်းများစွာအမွေအနှစ်တွေနဲ့ တည်ရှိခဲ့တဲ့ ချင်ကလန်ကတော့ အခု ခင်ဗျား တစ်ယောက်တည်းကြောင့် ကပ်ဘေးကြီးကို ကြုံရတော့မယ်။ "
“ဟမ် …”
ပဌ္စမအကြီးအကဲသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူ၏ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ သူသည် အနောက်ကို လှမ်းဆုတ်လိုက်ပြီးနောက် သူ၏အသံက လေးနက်သွားခဲ့သည်။ "ဘာကိုဆိုလိုတာလဲ။ ချင်ကလန်က များပြားတဲ့ အမွေအနှစ်တွေ ရှိသလို များပြားတဲ့ မုန်တိုင်းတွေ၊ အခက်အခဲတွေကြားမှာ ကျော်ဖြတ်နေထိုင်လာတဲ့ လူတွေကြီးပဲ။ ဘယ်လိုအရာမျိုးကို ကြီးမားတဲ့ ကပ်ဘေးကြီး လို့ ခေါ်မှာလဲ။”
“ကျုပ်ဘိုးဘေးကြီးကို စိတ်ထိန်းဖို့ ပြောခဲ့တုန်းက ခင်ဗျား ဘာပြောခဲ့လဲ" ချင်ကလန်၏ ခေါင်းဆောင်သည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တလက်လက် တောက်ပသည့် အလင်းတန်းများနှင့် ပြည့်နှက်လျက်ရှိနေပြီး ပူပြင်းလွန်းလှသည့် နေလုံးကြီးကဲ့သို့ပင် ဖြစ်တည်နေ၏။ မည်သူမှသည် သူ့ကို သေသေချာချာ မကြည့်ရှုရဲချေ။
"ကလန်ခေါင်းဆောင် … ဘာဖြစ်လို့လဲ" ဆယ့်သုံးယောက်မြောက် အကြီးအကဲသည် ကလန်ခေါင်းဆောင်ကို လှမ်းမေးလိုက်၏။
ထိုအချိန်မှာတော့ ပဌ္စမမြောက် အကြီးအကဲသည် အခြေအနေမကောင်းတော့ကြောင်း နားလည်လိုက်မိ၏။ သူသည် ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းမရှိဘဲ ပိတ်မိနေ၏။ ထိုကဲ့သို့သောအရာမျိုးကို ပြုလုပ်မည် ဆိုလျှင်တောင်မှ တစ်ဖက်လူများသည် သူ့ကို ကောင်းကောင်း ဖိနှိပ်ထားမှာ သေချာ၏။ ဘိုးဘေးကြီး ဘာဖြစ်ခဲ့သည်ကို သူ သေသေချာချာ သိရှိရန် လိုအပ်လာခဲ့သည်။
"ခင်ဗျားဘာသာ ကြည့်တော့"
ချင်ကလန်၏ ခေါင်းဆောင်သည် ကျောက်စိမ်းပြားကို လှမ်းပစ်ပေးပြီး အေးစက်စက် ပြောလိုက်၏။
ဆယ့်သုံးယောက်မြောက် အကြီးအကဲသည် ကျောက်စိမ်းပြားကို အရင်ဖမ်းယူပြီး အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ ဆုံးအောင်မဖတ်ရသေးခင်မှာဘဲ သူ၏ မျက်နှာတစ်ခုလုံးသည် အေးခဲသွား၏။ သူသည် ကျောက်စိမ်းပြားကို ဘေးတစ်ဖက်ရှိ လူတစ်ယောက်ဆီသို့ လှမ်းကာပေးလိုက်သည်။
ချင်ကလန်အတွင်းမှ အဆင့်မြင့် အကြီးအကဲများ အားလုံးတို့သည် ထိုအရာကိုကြည့်ရှုပြီးနောက် မည်သူမှ အသံ မထွက်နိုင်တော့ချေ။ ဘိုးဘေးကြီးသည် နာမည်ပင် သေသေချာချာမရှိသော အင်မော်တယ် တစ်ယောက် အောက်တွင် တိုက်ကွက်သုံးကွက်ဖြင့် ရှုံးနိမ့်ခဲ့သည်လား။ ထို့ပြင် ထိုလူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ နောက်လိုက်ဟု ပြောဆိုခဲ့သည်။ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အခြေခံကို ပိုင်ဆိုင်နေသောကြောင့် ဤကဲ့သို့ ပြုလုပ်နိုင်ရသနည်း။
သူတို့၏ ဘိုးဘေးကြီးသည် အလွန်မောက်မာစွာဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားရောက်ကာ ရန်ပြုရဲ ၏။ တကယ်တမ်း ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ချင်ကလန်သည် တကယ့်ကို သေးကွေးလွန်းခဲ့သည်။
"ပဌ္စမ ဘိုးဘေး"
ချင်ကလန် အတွင်းမှာတော့ တစ်စုံတစ်ယောက်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ခင်ဗျား အကြိမ် တစ်ထောင်လောက် သေသင့်တယ်"
လက်ရှိအချိန်မှာတော့ သူသည် နှလုံးသားထဲရှိ ဒေါသများကို မည်သို့မှ မဖိနှိပ်နိုင်တော့ချေ။ ရှိရှိသမျှသော လူအားလုံးသည် ပဌ္စမဘိုးဘေးအား ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရန်မပြုရန် ပြောဆိုခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင် ထုတ်ဖော်ခဲ့သည့် နည်းလမ်းများကို ကြည့်ရှုရမည်ဆိုလျှင် ၎င်းတို့သည် တစ်ဖက်လူကို မည်သို့မှ မရင်ဆိုင်နိုင်ကြောင်း သိရှိပြီးသားဖြစ်၏။ သို့ပေမဲ့ ပဌ္စမဘိုးဘေးသည် စမ်းသပ်လိုစိတ် ရှိခဲ့၏။ သူတစ်ယောက်တည်းလျှင်သာ ထိုသို့ပြုလုပ်ချင်သည်မက ဘိုးဘေးကြီးကိုပါ ထိုသို့ပြုလုပ်ရန် သွေးဆောင်ခဲ့၏။ အခုကြည့်ရသည်မှာ ချင်ကလန်တစ်ခုလုံးသည် ကပ်ဘေးကြီးထဲသို့ ကျရောက်သွားပြီ ဖြစ်သည်။
“ဟမ် …”
ပဌ္စမအကြီးအကဲသည် အသံတစ်ခုကို ထုတ်ဖာ်လိုက်၏။ သူ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခု လွဲမှားနေကြောင်းကို နားလည်လိုက်မိ၏။
"ဘိုးဘေးကြီးက အခုသေတွင်းထဲကို ရောက်နေပြီ။ ဘိုးဘေးကြီးကို ဒီလိုလုပ်အောင် အကြံပြုခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ချင်ကလန်တစ်ခုလုံးရဲ့ ဒေါသကိုခံသင့်တယ် မဟုတ်လား။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နဲ့ ရင်ဆိုင်ဖို့ ခင်ဗျားလိုလူမျိုးက စဉ်းစားရဲသေးတယ်။ အခုတော့ သွားပြီပဲ"
ပဌ္စမအကြီးအကဲသည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ ချက်ချင်းပဲ အလင်းတန်းတစ်ခု အသွင်ပြောင်းကာဖြင့် အပြင်ဘက်လောကဆီသို့ ထွက်ပြေးလိုက်၏။ အမြန်နှုန်းသည် တကယ့်ကို မြန်လှချေ၏။ တိမ်များဆီသို့ ပျံသန်းသွားပြီးနောက် လဆီသို့ ထိုးတက်သွားလု မတတ်ပင်။ ၎င်းသည် ချက်ချင်းဆိုသလိုပဲ မိုင်တစ်သောင်း အကွာအဝေးကို ရောက်ရှိသွားခဲ့သည်။
ကံဆိုးစွာဖြင့် တစ်စုံတစ်ယောက်သည် သူ့ထက်ပိုမိုကာ မြန်ဆန်နေ၏။
"ဒီအချိန်မှာ ထွက်ပြေးတာ နောက်ကျသွားပြီ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီ သွားတော့” ချင်ကလန်၏ ခေါင်းဆောင်သည် အေးစက်စက် အော်ဟစ်လိုက်သည်။ သူသည် မြေပေါ်သို့ ခြေတစ်ချက် ဆောင့်ပြီးနောက် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးက တုန်ခါသွား၏ လေထုထဲတွင် အဖြူရောင် လှံတစ်စင်းက ဖြတ်သန်းပြီး ရှေ့ဆီသို့ ရောက်ရှိလာသည်။
ဘုန်း …။
လှံ၏ စွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ဖိနှိပ် နိုင်စွမ်းလည်း ရှိ၏။ ကလန်ခေါင်းဆောင်သည် ကြီးမားသည့် ဖိအားများကို ထုတ်ဖော်လျက် ရှိနေ၏။ ၎င်းသည် မိုးကောင်းကင် အင်ပါယာတစ်ယောက်ကဲ့သို့ပင် ဖြစ်လေ၏။
" မကောင်းတော့ဘူး။"
ပဌ္စမအကြီးအကဲ၏ နှလုံးသားများသည် တုန်ယင်သွားခဲ့၏။ ချက်ချင်းဆိုသလိုပဲ ၎င်းသည် ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီးနောက် လက်သီးတစ်လုံးကို ထိုးလွှတ်လိုက်၏။ သူသည် ကလန်ခေါင်းဆောင်၏ လှံနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ခြင်းသာ ဖြစ်သည်။
ဖြစ်တည်လာသော လှိုင်းအဟုန်များသည် ပတ်ဝန်းကျင် တစ်ခုလုံးကို သက်ရောက်သွားခဲ့၏။ ပဌ္စမအကြီးအကဲ၏ မျက်နှာတစ်ခုလုံးက ဖြူလျော်သွားခဲ့၏။ ကြားထဲတွင် ကွာခြားချက်များ တည်ရှိနေသည် ဆိုလျှင်တောင်မှ ကလန်ခေါင်းဆောင်သည် ကျိန်းသေပေါက် သံသယရှိစရာ မလိုအောင် အားကောင်း၏။ သူသည် လက်ကို ပြန်ရုတ်ပြီးသည့်နောက် သူ၏ လက်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်တည်လာကာ သွေးများစီးကျလာသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။
"ကျုပ်ကို တစ်ခါတည်း သတ်ပစ်ဖို့ ရည်ရွယ်နေတာလား" ပဌ္စမအကြီးအကဲက အေးစက်စက် အော်ဟစ်လိုက်သည်။
ချင်ကလန်ခေါင်းဆောင်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ၎င်း၏ ခြေလှမ်းများသည် လေးလံလွန်းပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို တုန်ခါစေသည်။ သူသည် မျက်လုံးကိုပြူးကျယ်စွာဖြင့် ဖွင့်ထားခဲ့၏။ မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်းဆန္ဒများအား မည်သို့မှ ဖုံးကွယ် မထားခဲ့ချေ။
"ဘိုးဘေးကြီးဆီ ရောက်တော့မှ အဲ့စကားကိုပြောတော့"
"ကလန်ခေါင်းဆောင် ကျုပ်တို့ သူနဲ့ပြောပြီး အချိန်ဖြုန်းနေဖို့မလိုဘူး။ သူ့ကို တူတူဝိုင်းတိုက်ပြီး ဖမ်းချုပ်ရ အောင်"
များပြားလှသည့် အကြီးအကဲများသည် လှမ်းထွက်လာကြ၏။ ၎င်းတို့၏ အော်ရာများသည် ရှေးတောင်တန်းကြီးများကဲ့သို့ပင် တောင့်တင်းခိုင်မာလွန်းလှ၏။
ဘုန်း ….။
ထိုစကားစု မပြီးသေးခင်မှာပဲ စတုထ္ထမြောက် အကြီးအကဲသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်အား အစစ်အမှန် နဂါးတစ်ကောင်က လှမ်းခြုံထားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်နေ၏။
အခြားသော မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများနှင့် အဘိုးအိုတစ်ယောက်သည် လက်ဝါးရိုက်ချက် တစ်ခုကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်၏။ ၎င်းကို ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်မှ ဆင်းသက်လာသည့် စစ်နတ်မင်းကြီး တစ်ပါးကဲ့သို့ပင်။
"သေစမ်း"
ချင်ကလန်၏ ခေါင်းဆောင်ကလည်း အော်ဟစ်လိုက်၏။ ၎င်း၏လှံသည် လေဟာနယ်ထဲကို ထိုးခွင်းသွားသည်။
"မောက်မာလိုက်တာ" ပဌ္စမအကြီးအကဲသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ၎င်း၏ လက်ထဲ၌ ရှေးကျပြီး ရိုးရှင်းလွန်းလှသည့် ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်၏။ ချက်ချင်းပဲ ထိုအရာဆီမှ လင်းလက်လွန်းသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။
အင်ပါရီယန်ဓား ပေါ်ပေါက်လာသည့် အချိန်မှာတော့ စူးရှသည့် အသံများသည် ကောင်းကင်ယံတစ်ခုလုံးကို ပြန်နှံ့သွားခဲ့၏။ သို့ပေမဲ့ အကျိုးသက်ရောက်မှု မရှိခင်မှာပဲ ချင်ကလန်၏ အကြီးအကဲ တစ်ဒါဇင်ကျော်တို့သည် ရုတ်တရက် ရောက်ရှိလာကာ တိုက်ခိုက်ကြ၏။ တော်တော်များများသည် တဖက်လူထက် ပိုမိုကာ အားကောင်းသောကြောင့် ကျိန်းသေပေါက် အသာစည်း ရယူထားသည်။
ဘုန်း ….။
အား ….။
ပထမဆုံး ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် အော်သံတစ်ခုက ယှဉ်တွဲ ပေါ်ပေါက်လာ၏။ လူတစ်ယောက်သည် အရုပ်ကျိုးပြတ် လွင့်စင်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကွဲကြေကာ သွေများသည်လည်း ကျဆင်းနေ၏။
အသက်ကို ကောင်းကောင်း မရှုရသေးခင်မှာပဲ ကြီးမားလှသည့် လက်ကြီးတစ်ဖက်သည် ရောက်ရှိလာကာ ၎င်းကို ဖမ်းဆုပ်လိုက်၏။ ထိုလက်ကြီးသာ ဖိညစ်လိုက်ပါက ကျိန်းသေပေါက် ၎င်းအနေဖြင့် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားမှာ သေချာသည်။ ၎င်းသည် ငြိမ်ငြိမ်သက်သက်နှင့် ငြိမ်နေရုံသာ ရှိတော့သည်။
"ပဌ္စမအဘိုးကြီး ခင်ဗျားလုပ်ခဲ့တာတွေအတွက် ခင်ဗျားသွားပြီးတော့ ဝန်ခံတော့"
ချင်ကလန်၏ ခေါင်းဆောင်သည် မထူးခြားနားသကဲ့သို့ပင်။ လှံကို လက်ဖက်နှင့် ကိုင်ဆွဲပြီး တခြားတစ်ဖက်ဖြင့် ပဌ္စမအကြီးအကဲကို ဖမ်းဆုပ်ထား၏။ သူက လေးလေးနက်နက်ဖြင့် ပြောခဲ့ခြင်း ဖြစ်၏။