← Chapters

အခန်း (၅၀၃)

Vol. 34 Ch. 503

အခန်း (၅၀၃)

Vol. 34 Ch. 503

လီယွင်၏ စကားလုံးများသည်‌ ပေါ့ပါးပြီး လေးနက်တည်ကြည်လျက် ရှိနေ၏။ စိတ်လှုပ်ရှားသည့် အရိပ်အယောင်ဟူ၍ တစ်ခုလေးမှ မရှိချေ။ ထို့အတူ သတ်ဖြတ်လိုခြင်း ဆန္ဒများလည်း မထင်ပေါ်ခဲ့ချေ။ သို့ပေမဲ့ စကားလုံးတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မိုးခြိမ်းသံကဲ့သို့ပင် ချင်ဟောင်၏ နားထဲသို့ ရောက်ရှိသွားခဲ့၏။

ချင်ဟောင်၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် တုန်ယင်သွားခဲ့သည်။ “စီနီယာ”

ချင်ဟောင်သည် မနည်း အားတင်းကာ ပြုံးလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ဂျူနီယာ အနေနဲ့ တကယ့်ကို စဉ်းစားဆင်ခြင်မှု ကင်းမဲ့စွာ ပြုလုပ်ခဲ့ပါတယ်။ စီနီယာကို ဒီလိုမျိုး ရန်ပြုချင်တာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်...”

“မရဘူး”

လီယွင်သည် ထိုစကားစုကို ပြောဆိုလိုက်၏။ သူ၏ အကြည့်များသည် စူးရှလျက် ရှိနေ၏။ တချို့သော အရာများကို သူသည် စီမံခန့်ခွဲရန်အတွက် စိတ်ဝင်စားလှသည် မဟုတ်ချေ။ ထို့အပြင် လောကကြီးပေါင်း များစွာကို ပေါင်းစပ်ခဲ့ပြီးသည့်နောက် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် သူ့ကို အလုံးစုံ ဦးညွတ်ရလိမ့်မည်ဟုလည်း သတ်မှတ် မထားခဲ့ချေ။ သို့ပေမဲ့ သူ့အပေါ် မကောင်းသည့် ခံစားချက်များ တည်ရှိပြီး နောက်ကျောကို ဓားနှင့်ထိုးရန် ပြင်ဆင်လျက်ရှိနေသည့် လူတစ်ယောက်ကိုတော့ သူက ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။

ထို့အတူ လူသိရှင်ကြား သူ့ကို လာရောက်ကာ စိန်ခေါ်ခဲ့သည့် လူတစ်ယောက်သည် ကျိန်းသေပေါက် ပြစ်ဒဏ် ကျခံသင့်သည် မဟုတ်ပါလား။ မဟုတ်ပါက လူပေါင်းများစွာတို့သည် တော်ဝင်သဲကန္တာရမြို့ထဲသို့ ရောက်ရှိလာခဲ့ပြီး သူ့ကို လာရောက်ကာ စိန်ခေါ်နေပေလိမ့်မည်။

မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည့် ကျင့်ကြံသူများစွာတို့သည် သက်ရှိသတ္တဝါ အားလုံး၏ အထင်အမြင်များကို ဂရုမစိုက်တော့ချေ။ ထိုသို့ဆိုလျှင်တောင်မှ ၎င်းတို့သည် ကိုယ်ပြောဆိုခဲ့သည့် အရာများကို ကိုယ်တာဝန်ခံရန် လိုအပ်၏။ သူ့အနေနှင့် တခြားသောသူများ၏ စိတ်ခံစားချက် များကို ဂရုမစိုက်ခြင်းဟု ဆိုခြင်းမှာ သူ၏ တံခါးဝသို့ လာရောက်ကာ အော်ဟစ်ဆဲဆိုရန် ခွင့်ပြုပေးထားခြင်း မဟုတ်ချေ။

ချင်ဟောင်သည် ခရမ်းရောင်နက်နဲလောကကြီးကိုပါ ကျော်ဖြတ်ကာဖြင့် ကောင်းကင်မူလလောကကြီး၏ အရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ အဆုံးသတ်မှာတော့ ချီလင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ မိမိ အပြစ်ဒဏ်အတွက် မိမိ ပြန်လည်ကာ ပေးဆပ်ရပေမည်။

“ခင်ဗျားကိုသာ ကျုပ် လက်လွှတ်ပေးလိုက်မယ်ဆိုရင် ကျုပ်ရဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် ဂုဏ်သိက္ခာက ဘယ်ရောက်သွားမလဲ” လီယွင်သည် လက်ကို အသာယမ်းခါလိုက်၏။ မည်သည့် စွမ်းအင်မှ ဖြစ်ပေါ်လာခဲ့ခြင်း မရှိချေ။ သို့ပေမဲ့ ချင်ဟောင်၏ ဝိညာဉ် ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ အက်ကွဲကြောင်းများနှင့် ပြည့်နှက်လာခဲ့၏။ ခဏလောက် ကြာပြီးသည့်နောက် ၎င်း၏ ခန္ဓာကိုယ်သည် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ လောကကြီးမှ ပျောက်ကွယ်သွားခဲ့၏။

“မဟုတ်ဘူး”

ချင်ဟောင်သည် မချင့်မရဲဖြင့် လှမ်းကာ အော်ဟစ်လိုက်၏။ သို့ပေမဲ့ သူသည် အလုံးစုံ ပျောက်ကွယ် သွားခဲ့ပြီဖြစ်သည်။

အဝေးတစ်နေရာရှိ မြေအင်မော်တယ်လောကတွင်တော့ ချင်ကလန်၏ အဖွဲ့ဝင်များ အားလုံးသည် ၎င်းတို့ ဘိုးဘေးကြီး၏ အသက်သွေး ကျောက်စိမ်းပြား ကွဲကြေသွားခဲ့သည်ကို မြင်ခဲ့ရပြီဖြစ်၏။ ပထမဦးဆုံး ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာခဲ့၏။ ပြီးနောက် ထိုအရာကြီးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

“ဒါက”

ချင်ကလန်၏ အကြီးအကဲတစ်ယောက်သည် ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ သူသည် ရေခဲချောက်ကြီး ထဲသို့ ကျဆင်းသွားသလိုပင် ခံစားနေမိ၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် မည်သို့မှ မထိန်းချုပ်နိုင်ဘဲ တုန်ယင်လျက် ရှိနေသည်။

ချင်ဟောင်၏ ကျောက်စိမ်းပြားကြီးသည် ချက်ချင်းဆိုသလိုပဲ အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

ဆွစ် ဆွစ် ဆွစ်

အလင်းတန်းပေါင်း မြောက်များစွာ ဖြတ်သန်းဝင်ရောက်လာခဲ့၏။ ရောက်ရှိလာခဲ့သည့် လူပေါင်းများစွာတို့သည် လေးနက်တည်ကြည်သည့် မျက်နှာသွင်ပြင်နှင့် ပြာမှုန့်များကို လှမ်းကာ ကြည့်ရှုလိုက်သည်။

“ဒါ.. ဒီလို ကံကြမ္မာမျိုး ရောက်ကို ရောက်လာမှာပဲ”

ကလန်ခေါင်းဆောင် မရှိသောကြောင့် ချင်ကလန်၏ ကိစ္စရပ်များကို တာဝန်ယူထားရသည့် တော်ဝင်အကြီးအကဲကြီးသည် သက်ပြင်းကို အသာချကာဖြင့် အကူအညီမဲ့စွာ ပြောလိုက်မိ၏။

“ဘိုးဘေးကြီး သေဆုံးသွားတယ်ဆိုတာက စီနီယာနန်းဆောင်သခင်က ကျုပ်တို့ ချင်ကလန်ကို တိုက်ခိုက်တော့မယ် လို့ ဆိုလိုတာလား” အကြီးအကဲ တစ်ယောက်သည် သုန်မှုန်နေသည့် မျက်နှာနှင့်အတူ လှမ်းကာ ပြောဆိုလိုက်သည်။

ဤတစ်ကြိမ်တွင် ဘိုးဘေးကြီး သေဆုံးသွားပြီ ဖြစ်သောကြောင့် ချင်ကလန်သည် ကျိန်းသေပေါက် ယခင်ကကဲ့သို့ အောင်မြင်မှုမျိုးနှင့် ရပ်တည်နိုင်တော့မည် မဟုတ်ချေ။ အစစ်အမှန် အင်မော်တယ် မရှိသည်ဆိုပါက အချိန်မရွေး ၎င်းတို့သည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိသွားနိုင်၏။

မြေအင်မော်တယ်လောကထဲတွင် ရှိနေသော လူများသည် ချင်ကလန်၏ ဘိုးဘေးကြီး သေဆုံးသွားသည်ကို သိရှိသည် ဆိုပါက နောက်ခဏအတွင်း လာရောက် ကျူးကျော်မှာ သေချာ၏။ ကလန်ခေါင်းဆောင် ပြန်ရောက်လာသည်အထိ တောင့်ခံထားနိုင်မည်လား ဆိုသည်က မသေချာလှချေ။ ထို့အပြင် အစစ်အမှန် အင်မော်တယ်အဆင့် အကာအကွယ် အစီအရင်ဆိုသည်မှာ အနှိုင်းမဲ့ မဟုတ်ချေ။ အဆင့်တူ တစ်စုံတစ်ယောက်သာ ရောက်ရှိလာမည်ဆိုပါက လွယ်လွယ်ကူကူဖြင့် ချိုးဖြတ်သွားပေလိမ့်မည်။ သိသာ ထင်ရှားလှသည့် အားအင်စိုက်ထုတ်မှုကိုပင် ပြုလုပ်ရမည် မဟုတ်ချေ။

မုန့်ရှင်းကျီတစ်ယောက် လွင့်မျောတိမ်တောင်ကို ဖျက်ဆီးခဲ့သည့် အကြောင်းအရာကို ပြန်လည်ကာ ကြည့်ရှုရန် လိုအပ်၏။ ဤအတားအဆီး မရှိသည်ဆိုပါက ချင်ကလန်သည် အကာအကွယ် အတားအဆီး တစ်ခုမှ မရှိသည့် ခံတပ်ကြီး တစ်ခုကဲ့သို့ ပြိုလဲသွားမှာ သေချာသည်။

“ဖြစ်နိုင်ချေကို ကျုပ်တို့ ဖယ်ရှားထားလို့ မရဘူး”

ကျိုင်းတုတ်ကြီးကို ကိုင်ဆောင်ထားသည့် အဘိုးအိုသည် ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်နှင့် လုပ်လျက် ရှိ၏။ သူသည် တကယ်ပင် ဒုက္ခရောက်လျက် ရှိသည့် မျက်နှာသွင်ပြင်မျိုးနှင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ ချင်ကလန်သည် ဤကဲ့သို့သော အန္တရာယ်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ တစ်ခါမှ မထင်မှတ်ခဲ့ချေ။ ဘိုးဘေးကြီး သေဆုံးသွားခဲ့ပြီး ကလန် ခေါင်းဆောင်ကလည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သို့ သွားလျက်ရှိ၏။

“ကလန်ခေါင်းဆောင်ကို ပြန်လာဖို့ သတင်းပို့လိုက်ရမလား” စီနီယာ အကြီးအကဲတစ်ယောက်က လှမ်းကာ ပြောဆိုလိုက်သည်။

ဘိုးဘေးကြီး သေဆုံးသွားခဲ့ပြီဖြစ်၏။ ကလန်ခေါင်းဆောင်သည် အားကောင်းလွန်းလှသည့် အစစ်အမှန် အင်မော်တယ်အဆင့်နှင့် နီးကပ်လျက်ရှိသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင် အစစ်အမှန် အင်မော်တယ်တစ်ယောက် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အရှေ့တွင်တော့ စကားပြောဆိုရန်အတွက် ထိုက်တန်လှသည့် လူတစ်ယောက် မဟုတ်ကြောင်း သိသာထင်ရှားလှ၏။

နန်းဆောင်သခင်သည်သာ ဖိနှိပ်ရန် ကြိုးစားသည်ဆိုပါက ကလန်ခေါင်းဆောင်သည် ကျိန်းသေပေါက် သေဆုံးသွားမှာ သေချာ၏။ ချင်ကလန်၏ ကံကြမ္မာသည် ဆိုးရွားသည့် အခြေအနေဆီသို့ လှမ်းလျှောက်လျက် ရှိနေသည်။

“ကလန်ခေါင်းဆောင် ပြန်လာမယ်ဆိုရင်ကော ဘာထူးခြားမှာမို့လဲ” အကြီးအကဲသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွတ်သွားသည့် အတိုင်းပင်။ ကြည့်ရသည်မှာ သူ၏ ပခုံးထက်သို့ ကြီးမားလှသည့် ကျောက်တုံးကြီး ကျဆင်းလာသကဲ့သို့ပင်။ သူ့ကို လေတိုက်လိုက်သည်နှင့် လဲကျတော့မည့် ဟန်ပန်မျိုး ယိုင်နဲ့နဲ့ ဖြစ်လို့နေ၏။

သက်ပြင်းရှည်ကြီးချပြီးသည့်နောက် သူက ဆက်လက်ကာ ပြောဆိုလိုက်သည်။ “ကလန်ခေါင်းဆောင် ပြန်လာမယ်ဆိုရင်တောင်မှ အခြေအနေက ပြောင်းလဲသွားနိုင်မှာ မဟုတ်ဘူး။ သူ ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီကို ဆက်သွားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဒါကမှ မျှော်လင့်ချက် ရှိအုံးမယ်”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တခြားသူတွေနဲ့ မတူဘူး။ တမူထူးခြားတဲ့ လူတစ်ယောက်လေ။ ပြီးတော့ ဉာဏ်ပညာနဲ့ ပြည့်စုံတယ်။ အပြစ်ကင်းစင်တဲ့လူတွေကို ထည့်သွင်းပြီး ပြစ်ဒဏ်ချမှာ မဟုတ်ပါဘူး။ ပြီးတော့ ချင်ကလန်က ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို မလေးစားတဲ့ အပြုအမူမျိုးတွေ မလုပ်ခဲ့ဘူး လေ” ဘေးမှာရှိသည့် အကြီးအကဲက ပြောလိုက်၏။ ပြောပြီးသည့်နောက် သူသည့် လှည့်ကာ ထွက်သွားခဲ့၏။

အကြီးအကဲ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကျန်သောသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်မိ၏။ သူတို့သည် ဘာလုပ်ရမှန်း သေသေချာချာ မသိချေ။ သို့ပေမဲ့ ကလန်ခေါင်းဆောင် ထွက်ခွာသွားသည်ဖြစ်ကြောင့် သူတို့သည် အထဲတွင်ဖြစ်နေသည့် ကိစ္စရပ်များ အားလုံးကို တော်ဝင်အကြီးအကဲကြီးဆီ သတင်းပို့ ရမှာဖြစ်၏။ တော်ဝင်အကြီးအကဲက နေဆိုပါက သူတို့သည် ရွေးချယ်ခွင့် မရှိဘဲ နေထိုင်ရပေလိမ့်မည်။

“ဟင်း....”

ဆယ့်သုံးယောက်မြောက် အကြီးအကဲသည် သက်ပြင်းကို ချလိုက်၏။ သူသည် အကူအညီမဲ့စွာ ပြောလိုက်၏။ “ခင်ဗျားတို့ လုပ်နိုင်တာက ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်လက်ခံလိုက်ဖို့ပဲ။ သမိုင်းမှတ်တမ်းတလျှောက် တကယ့်ကို အားကောင်းလှပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးက တစ်ညအတွင်း ပျက်စီးသွားတာနဲ့ ကြုံဖူးတယ် မဟုတ်လား။ ကျုပ်တို့က ကျုပ်တို့ ရန်ပြုလို့ မရနိုင်တဲ့ တစ်စုံတစ်ယောက်ကို သွားပြီးတော့ ရန်ပြုခဲ့မိတယ်လေ။ ချင်ကလန်က ...................”

ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှာတော့ ....

လီယွင်သည် ချင်ဟောင်ကို အမှတ်မထင်ဆိုသလိုပဲ သတ်ဖြတ်ခဲ့ပြီးပြီဖြစ်၏။ ၎င်းကို ကြည့်ရှုရသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကို ဖိကာ သတ်ဖြတ်လိုက်သကဲ့သို့ပင်။ အသွင်အပြင်၊ အမူအရာ တစ်ခုလုံးသည် မည်သို့မှ စိတ်လှုပ်ရှားသည့် ဟန်ပန်အမူအရာမျိုး မရှိခဲ့ချေ။ ခန္ဓာကိုယ်ကို အသာလှည့်ပြီးသည့်နောက် ထိုင်ခုံပေါ်‌ ထိုင်ချလိုက်၏။ ရေနွေးခွက်ကို အသာကောက်ယူပြီးနောက် တစ်ငုံ ငုံလိုက်သည်။

အနားတွင် ရှိနေသည့် ချီလင်းကို တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်၏။ “ဒီအတောအတွင်းမှာ ကောင်းကင်မူလ လောကကြီးရဲ့ ကောင်းကင်တာအိုနဲ့ ခင်ဗျား ပေါင်းစပ်တဲ့ အမြန်နှုန်းက နည်းနည်းလေး နှေးသွားနိုင်လိမ့်မယ်”

“အင်း”

ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ချီလင်းသည် ခေါင်းကိုမော့ကာဖြင့် ဇဝေဇဝါနှင့် မေးမြန်းလိုက်သည်။ “စီနီယာဆီက တခြားအမိန့်တွေ ရှိပါသေးလား”

“မရှိပါဘူး”

လီယွင်သည်‌ ရေနွေးခွက်ကို အသာချကာဖြင့်‌ ပြောလိုက်၏။ “အရာအားလုံးက သူ့အခြေအနေနဲ့ သူ့အတိုင်း လုပ်နေကြတာပဲလေ။ ပြီးတော့ ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ဖို့ ခင်ဗျား အရမ်း အလျင်လိုလွန်းတယ် ဆိုရင် အနာဂတ်မှာ ကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားနိုင်တယ်”

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်လာခြင်းအားဖြင့် ၎င်း၏ ပုံမှန် အသိအမြင်များ အားလုံးကို ပြန်လည်ကာ ရရှိစေခဲ့၏။ သို့သော်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ပြန်လည်ကာ ထွက်ခွာသွားသည် ဆိုသည်နှင့် သူ၏ တစ်ကိုယ်ရေ၊ တစ်ကာယ ခံစားချက်များ အားလုံးကို ကောင်းကင်တာအိုက အလုံးစုံ ဖိနှိပ်သွားပေလိမ့်မည်။

ဤအခြေအနေသည် လီယွင် မြင်ချင်သည့် အရာမျိုး မဟုတ်ချေ။ လူတစ်ယောက်သည် ခံစားချက် ကင်းမဲ့စွာဖြင့် ကောင်းကင်တာအို အသုံးပြုနိုင်သော ရုပ်သေးရုပ်ကဲ့သို့ ပြောင်းလဲသွားမည်ကို သူက မမြင်ချင်ပေ။ ချီလင်းသည်သာ ကောင်းကင်တာအို၏ ရုပ်သေးရုပ်တစ်ခု ဖြစ်သွားသည်ဆိုပါက ကျိန်းသေပေါက် လီယွင် ဖန်တီးထားသည့် အရာမျိုး မဟုတ်တော့ဘဲ ကောင်းကင်တာအို ဖန်တီးသည့်အရာ ဖြစ်သွားပေလိမ့်မည်။ ထိုအရာသည် သူ့အတွက် ကျိန်းသေပေါက် ဆုံးရှုံးမှု တစ်ခုကဲ့သို့ပင်။

All Chapters