← Chapters

အခန်း (၅၀၆)

Vol. 34 Ch. 506

အခန်း (၅၀၆)

Vol. 34 Ch. 506

ဒွီး

အလင်းတန်းများ တောက်ပလာခဲ့၏။ ထာဝရမြို့၏ အစီအရင်သည် အသစ်ဝင်ရောက်လာသူ၏ ရှေ့တွင်တော့ ဘာတစ်ခုမှ မဟုတ်သကဲ့သို့ပင်။ မည်သည့် အတားအဆီး၊ အကန့်အသတ်မှ မရှိဘဲ အထဲသို့ လွယ်လွယ်ကူကူဖြင့် ထိုးဖောက် ဝင်ရောက်လာနိုင်၏။ ထို့အပြင် အစီအရင်သည် ထိခိုက်သွားခဲ့သည့် သင်္ကေတမျိုး တစ်ချက်ကလေးမှ မပြသခဲ့ချေ။ ဤနည်းလမ်းသည် တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။

“အင်း... ငါ့ရဲ့ မွေးရပ်မြေက နက်နဲအလင်းလောကရဲ့ လက်ထဲကို ရောက်သွားတာပဲ ဖြစ်မယ်”

ရောင်စဉ် အလင်းတန်းများကြားထဲတွင် ပိန်သွယ်သွယ် လူတစ်ယောက်သည် တောက်ပသည့် မျက်လုံးအစုံနှင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ၎င်း၏ နောက်ကျောဘက်တွင် ဓားတစ်ချောင်းကို လွယ်ပိုးထား၏။ ၎င်း၏ ဆံပင်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေပြီး တကယ့်ကို ကြည့်ကောင်းလှချေသည်။

၎င်းသည် သာမန်ထက် ပိုမိုကာ ထူးခြားလှသည့် လူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း လက်ရှိ အခြေအနေနှင့် မည်သို့မှ မသက်ဆိုင်သည့် လူတစ်ယောက် ကဲ့သို့ပင်။ သံသယရှိစရာ မလိုအောင်ဘဲ ထိုသူ၏ အားအင်အဆင့်သည် အလွန်အမင်း အားကောင်းလွန်းလှ၏။ သို့ပေမဲ့ တစ်ဖက်လူ ပြောဆိုလိုက်သည့် စကားလုံး သည် သူတို့အား ဇဝေဇဝါ ဖြစ်စေ၏။

“မွေးရပ်မြေ ဟုတ်လား”

ဟုန်ရွှမ်သည်သာမက ချီလင်းသည်လည်း မျက်မှောင်ကုတ်လိုက်မိ၏။ တစ်ဖက်လူသည် သူတို့၏ မွေးရပ်မြေမှ မဟုတ်ပေဘူးလား။ သူတို့၏ မွေးရပ်မြေသည် နက်နဲမီးတောက်လောကကြီးဖြစ်ပြီး လက်ရှိ အခြေအနေမှာတော့ အစိတ်အပိုင်း သုံးခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ တစ်ဖက်လူ ပြောဆိုခဲ့သည့် နက်နဲအလင်းလောက ဆိုသည်မှာ ထိုသုံးခုထဲမှ တစ်ခုပင်။

ဤနေရာတွင် မေးခွန်းတစ်ခု ရှိလာ၏။ တစ်ဖက်လူ၏‌‌ မွေးရပ်မြေက မည်သည့်နေရာနည်း။

“ခင်ဗျားက ဘယ်သူလဲ”

ချီလင်းက လေးလေးနက်နက် မေးလိုက်၏။ ဤနေရာကြီးသည် ကောင်းကင်မူလ လောကကြီးနှင့် သက်ဆိုင်သည့် တည်နေရာ မဟုတ်ချေ။ လောက၏ အထောက်အပံ့ မရှိသည့် တည်နေရာ ပတ်လမ်းကြောင်း တစ်ခုဖြစ်၏။ သူသည် လက်ရှိအခြေအနေတွင် အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့်သာ ရှိ၏။ အန္တိမ ကျင့်ကြံခြင်း အဆင့်ဆီသို့ ချဉ်းကပ်နိုင်သည့် အဆင့်မျိုးပင်။

အန္တိမ ကျင့်ကြံခြင်း အဆင့်ဆီသို့ ချဉ်းကပ်လျက် ရှိနေသည် ဆိုလျှင်တောင်မှ အန္တိမ ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ကွာခြားချက်သည် မိုးနှင့်မြေလိုပင်။ မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် အရှေ့တွင် ရှိနေသည့် လူကို အနိုင်ယူ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

တိုက်ပွဲသာ စတင်မည်ဆိုပါက ကျိန်းသေပေါက် သူသည် ချက်ချင်း ဖိနှိပ် တိုက်ခိုက်ခြင်းကို ခံရပြီး တစ်စက္ကန့်ပင် မကြာခင် သေဆုံးသွားနိုင်၏။ တစ်ဖက်လူ၏ အားအင်အဆင့်သည် အန္တိမ အင်မော်တယ်ဆိုသည့် ကျင့်ကြံခြင်း အဆင့်ထဲတွင် ရှိနေသည့် လူဖြစ်ကြောင်း သူက သေသေချာချာ နားလည်သောကြောင့်ပင်။

ထို့အပြင် နက်နဲအလင်း လောကကြီး၏ အကွာအဝေးက မည်မျှဝေးကွာသနည်း မသိချေ။ တစ်ဖက်လူသည် တည်နေရာ လမ်းကြောင်းထဲမှ ရောက်ရှိလာခြင်း မဟုတ်ဘဲ ရှုပ်ထွေးလှသည့်‌ လေဟာနယ်လမ်းကြောင်းထဲမှ တိုက်ရိုက် ဆိုသလိုပဲ ခရီးသွားလာခဲ့ခြင်းဖြစ်၏။ တစ်ဖက်လူသည် ဤရှုပ်ထွေးလှသည့် တည်နေရာကြီးထဲတွင် မည်မျှ ကြာအောင် ဖြတ်သန်းလာခဲ့သည်ကို မည်သူ သိရှိနိုင်မည်နည်း။

“နက်နဲအလင်းလောကက မင်းတို့ သတ္တဝါတွေက ငါ့ရဲ့မွေးရပ်မြေနားမှာ နေထိုင်နေတယ်။ ဒါတောင်မှ ငါ ဘယ်သူလဲ မေးနေတုန်းလား။ တော်တော်ဆိုးတာပဲ” ထိုလူသည် ကြည့်ကောင်းလှသည့် သွင်ပြင်မူရာမျိုးရှိပြီး လတစ်စင်းကဲ့သို့ ဖြူဖွေးလွန်းလှသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ထက်ရှလှသည့် အလင်းတန်း များသည် နတ်ဘုရားဓားကဲ့သို့ပင် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေ၏။

၎င်းသာ အမိန့်ပေးလိုက်သည်ဆိုပါက ထာဝရမြို့ကြီး တစ်မြို့လုံးသည် သင်္ဂြိုဟ်မြှုပ်နှံသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်၏။ လက်ရှိ အခြေအနေမှာတော့ ထိုသူသည် လှုပ်ရှားတိုက်ခိုက်ခဲ့ခြင်း မရှိဘူးဆိုလျှင်တောင်မှ ၎င်း၏ အော်ရာသီးသန့်ကပင်လျှင် ထာဝရမြို့ကြီး တစ်မြို့လုံးကို တုန်ယင်စေသည်။

သူသည် ထာဝရမြို့ထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများကို အေးစက်စက်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ အားလုံးသော သူတို့သည် ကြက်သီးမွေးညှင်းများ ထသွားသည်အထိ ကြောက်လန့်သွားခဲ့ကြသည်။

ထာဝရမြို့တွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့ကို ဝေ့ဝိုက်ကာ ကြည့်ရှုလိုက်ချိန်မှာတော့ အားလုံးသော သူတို့သည် ကျောရိုးမကြီးများပင် စိမ့်တက်လျက် ရှိနေ၏။

နက်နဲအလင်းလောကက ဤမျှ မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သူ့အနေနှင့် မြန်မြန်ဆန်ဆန်‌ ရောက်ရှိလာခဲ့သည်ဖြစ်သော်လည်း တစ်ဖက်လူသည် သူ၏ရှေ့ ကောင်းကင်မူလလောကကြီး ဆီသို့ ရောက်ရှိနှင့်နေပြီ ဖြစ်သည်။

ဤလူသည် နက်နဲအလင်းလောကကြီး၏ ကာကွယ်စောင့်ရှောက်သူများလား။ သူ၏ အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် မြို့ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ အားအင်အဆင့်ကို ကောင်းကောင်းမြင်နိုင်၏။ အစစ်အမှန် အင်မော်တယ်၊ တော်ဝင်အင်ပါယာ အများအပြားသာ တည်ရှိ၏။ ကောင်းကင်မူလလောကကြီး နှင့်ယှဉ်ပြိုင်တိုက်ခိုက်ရမည် ဆိုပါက ဤကဲ့သို့သော အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ထို့အပြင် သူ၏အထင်အရဆိုလျှင် ကောင်းကင်မူလလောကကြီး၏ အားအကောင်းဆုံးသောလူသည် တော်ဝင် အင်ပါယာများသာဖြစ်၏။ တစ်ဖက်လူများတွင် အစစ်အမှန် အင်မော်တယ်တစ်ယောက် တည်ရှိနေသည် ဖြစ်သောကြောင့် သာမန်ထက်ပိုသည့် အဖွဲ့ဟု သုံးသပ်၍ ရနိုင်သည်။

“စီနီယာ.. ဒီနေရာမှာ နားလည်မှု လွဲနေတာ တစ်ခုခုများ ရှိလား” ဟုန်ရွှမ်သည် မြန်မြန်ဆန်ဆန်ပဲ ရှေ့ဆီသို့ လှမ်းတက်လိုက်လေ၏။ တစ်ဖက်လူသည် အလွန်ပဲ အားကောင်းလှ၏။ ကြည့်ရသည်မှာ တိုက်ခိုက်ရန် လာခဲ့သည့် ပုံလည်း မပေါ်ချေ။

စကားလုံးများကို ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်မူလလောကကြီးနှင့် ပတ်သက်၍ မကောင်းသည့် ခံစားချက်များ ရှိသည့်ပုံ မပေါ်ချေ။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ သူတို့ကလည်း ကောင်းကင် မူလလောကကြီး အပေါ်၌ မကောင်းသည့် ခံစားချက်များ ရှိမနေပေ။

ထို့အပြင် တစ်ဖက်လူ၏ စကားလုံးများကို ကြည့်ရှုရမည်ဆိုလျှင်  နှစ်ပေါင်းများစွာ ထွက်ခွာသွားခဲ့ပြီး ယခုမှ ကောင်းကင်မူလလောကကြီးဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည့် သန္ဓေလောကသားတစ်ယောက် ဖြစ်ပုံ ပေါ်သည်။ ထို့ကြောင့် တိုက်ခိုက်ရန် မလိုတော့ချေ။

အားလုံးတို့သည် မိသားစုများသာ ဖြစ်၏။ သူတို့သည် ကောင်းကင်မူလလောကကြီးထဲသို့ ဝင်ရောက်ရန် ကြိုးစားလျက် ရှိ၏။ ယနေ့အချိန်တွင် သူတို့ကိုယ် သူတို့ ‌ကောင်းကင်မူလလောကကြီးဆီမှ လောကသားများ အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်၏။ ယခင် နက်နဲမီးတောက်လောကဆီမှ လောကသားများဆိုသည့် ဂုဏ်ပုဒ်ကို ဖယ်ရှားလိုက်ပြီ ဖြစ်၏။

“ကျုပ်ရဲ့ အရှေ့မှာ ဘယ်အချိန်တုန်းက ခင်ဗျား စကားပြောဖို့အတွက် အရည်အချင်း ရှိသွားတာလဲ” အဖြူရောင် ဝတ်စုံနှင့်လူသည် အေးစက်သည့် လေသံဖြင့် ပြောဆိုလိုက်၏။ တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် လေဟာနယ်ထဲသို့ နတ်ဘုရားဓားများ ပိုင်းဖြတ်လိုက် သကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသံကြီးများ ထွက်ပေါ်လာခဲ့သည်။

ချလွမ် ဟူသည့် အသံနှင့်အတူ တစ်ဖက်လူသည် အနောက်သို့ လွင့်စင်သွားခဲ့၏။ ဟုန်ရွှမ်သည် ကြီးကြီးမားမား တိုက်ခိုက်ခံလိုက်ရကြောင်း ခံစားလိုက်မိ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့ပြီး နန်းတော်နှင့် သွားရောက်ကာ တိုက်မိ၏။ ကံကောင်းစွာဖြင့် နောက်ဆုံးအချိန်တွင် ချီလင်း၏ ကူညီမှုကြောင့် သူသည် အသက်ဘေးမှ လွတ်မြောက်ခဲ့၏။ ထိုသို့ဆိုလျှင် မသေဆုံးခဲ့ဘူး ဆိုလျှင်တောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့၏။

“ခင်ဗျား... မဆိုးဘူးပဲ”

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူသည် ချီလင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောဆိုလိုက်၏။ ၎င်း၏ သာမန်ဆန်လွန်းလှသည့် တိုက်ခိုက်ချက်အရ အားအပြည့် မဟုတ်ဘူး ဆိုလျှင်တောင်မှ တစ်ဖက်လူသည် သေဆုံးသွားနိုင်ကြောင်း သူက သိရှိ၏။

“ကျုပ် နက်နဲမီးတောက်လောကက လာတာ။ နက်နဲအလင်းလောကက မဟုတ်ဘူး။ ဒီနေရာမှာ နားလည်မှု လွဲနေတယ်” ချီလင်းသည် ဝင်ရောက်ကာ ရှင်းပြလိုက်၏။ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသည့် အခြေအနေမျိုးနှင့် ကြုံနေရသည့် အချိန်မှာတော့ သူသည်  ပြန်လည်ကာ ခွန်းတုံ့ပြန် ပြောဆိုနေမိသည်။

“နက်နဲမီးတောက်လောကကြီး ဟုတ်လား”

ထိုစကားကိုကြားရသည့် အချိန်မှာတော့ ထိုလူက နှာခေါင်းရှုံ့လိုက်၏။ “အရမ်းကို ရှေးကျတဲ့ လောကကြီး တစ်ခုပဲ။ ဒါပေမဲ့ ပျက်စီးသွားခဲ့တာ ကြာပြီပဲ။ ဒီနေ့ခေတ်မှာ နက်နဲအလင်း လောကကြီးကသာ နက်နဲမီးတောက်လောကကြီးရဲ့ ဆက်ခံသူလို့ သူတို့ကိုယ် သူတို့ သုံးသပ်ထားခဲ့ကြတယ်။ ဒီတော့ ခင်ဗျားက နက်နဲမီးတောက်လောကက လာတယ်လို့ ပြောနေမှတော့ နက်နဲအလင်းလောကက လာတယ်လို့ ပြောတာနဲ့ ဘာကွာခြားနေမှာလဲ”

နက်နဲအလင်းလောကမှ သက်ရှိသတ္တဝါများ အားလုံးတို့သည် နက်နဲမီးတောက်လောကမှ အမွေအနှစ်များကို ဆက်ခံခဲ့သည့် ဖြစ်သောကြောင့် အလွန်ပင် မောက်မာ ဂုဏ်ယူဝံ့ကြွားစွာ နေထိုင်ကြ၏။ ၎င်းတို့သည် သူတို့ကိုယ် သူတို့ နက်နဲမီးတောက်လောကကြီးဆီမှ ဆင်းသက်လာခဲ့သည့် လူများဖြစ်ကြောင်း အမှန်ပင် ပြောဆို ဝံ့ကြွားစွာဖြင့် နေထိုင်ခဲ့ကြ၏။ ထို့ကြောင့်ပင်လျှင် ချီလင်း၏ စကားသည် သူ့ကိုယ်သူ နက်နဲအလင်းလောကမှ လာသည်ဖြစ်ကြောင်း တစ်ဖက်လူကို ထင်မှတ်မှားစေ၏။

“မဟုတ်ဘူး”

ချီလင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ကျုပ်က နက်နဲမီးတောက်လောက မဖျက်ဆီး ခံရတည်းက ဒီကိုရောက်လာတာ”

“ဟမ်”

ထိုစကားကို ကြားရသည့် အချိန်မှာတော့ တစ်ဖက်လူ၏ မျက်လုံးများက မှေးကျဉ်းသွားခဲ့၏။ တစ်ဖက်လူ၏ အေးစက်သည့် အကြည့်များက ပိုမိုကာ စူးရှလာခဲ့၏။ “ခင်ဗျား လာနောက်နေတာလား။ နက်နဲမီးတောက် လောကကြီးက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ပျက်စီးသွားခဲ့ပြီ ဆိုတာကို သိလား”

ဤမျှ ရှည်လျားလှသည့် နှစ်များအတွင်း အန္တိမ ကျင့်ကြံခြင်း အထက်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများမှ အပ မည်သည့် စွမ်းအားမြင့် ကျင့်ကြံသူမှသည် အသက်ရှင်ကျန်ရစ်လိမ့်မည် မဟုတ်ချေ။ အစစ်အမှန် အင်မော်တယ် တစ်ယောက်ပင်လျှင် ဤမျှ အသက်ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။

ဤချီလင်းသည် ၎င်း၏ အဆင့်မှာ သိသာထင်ရှားလှသည့် အရာမျိုး မဟုတ်ဘူး ဆိုလျှင်တောင်မှ ၎င်း၏ အော်ရာ များသည် အစစ်အမှန် အင်မော်တယ်အဖြစ် ဖော်ညွှန်းလျက် ရှိနေ၏။ မည်ကဲ့သို့ အသက်ရှင်နေထိုင်နေသနည်း။ ဤကဲ့သို့ ရှည်လျားလှသည့် နှစ်ပေါင်းများစွာအထိ အသက်ရှင် နေထိုင်နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် ပထမဆုံး ဤလူသည် သူ့ကို လာရောက်လှည့်ပတ် လိမ်ညာနေသည်ဟု ထင်မှတ်နေခြင်းပင်။

“ဘယ်လို သက်သေပြမှာလဲ” သူက လှောင်ပြောင်သလို လှမ်းကာ မေးလိုက်၏။

“ကျုပ် သက်သေ မပြနိုင်ဘူး” ချီလင်းက ခေါင်းကို ခါယမ်းလိုက်၏။ အတိတ်တုန်းကသာဆိုလျှင် သူ့အနေနှင့် နားလည်လွယ်၏။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ထူးခြားလှသည့် အလင်းတန်းများနှင့် လွှမ်းခြုံလျက် ရှိနေ၏။ ထိုအလင်းတန်းများသည် သူ၏ လက်ကျန် သက်တမ်းကို ထုတ်ဖော်ပြသနေခြင်းသာ ဖြစ်၏။ လက်ရှိ ထိုအရာများ အားလုံး မရှိတော့သောကြောင့် သူ၏ အရှေ့မှလူသည် ထိုအရာများကို သတိပြုမိလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူ့အရှေ့မှ လူအတွက်တော့ အကြောင်းပြချက်များ ထုတ်ဖော်ပြောဆိုလိမ်ညာနေခြင်းဟု ထင်မှတ်စရာ ဖြစ်လို့နေခဲ့၏။

“ဒီတော့ ခင်ဗျား ကျုပ်ကို လာလိမ်နေတာလား”

ထိုလူသည် ကျုပ်သိပါတယ်ဆိုသော မျက်နှာသွင်ပြင်မူယာမျိုးဖြင့် လှမ်းပြောလိုက်၏။ သူ၏ လက်တစ်ဖက်ကို အသာမြှောက်ကိုင်လိုက်သည့် အချိန်မှာတော့ သူ၏ နောက်ကျော်ဘက်တွင် ရှိနေသည့် ဓားရှည်သည် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများ ထွက်ပေါ်လာခဲ့ပြီး တည်နေရာ တစ်ခုလုံးကို ခုတ်ပိုင်းရန်အတွက် အဆင်သင့် ဖြစ်နေပုံပင်။ မည်သည့် အချိန်တွင်မဆို ဓားခုတ်ပိုင်းချက် တစ်ခုကို ထုတ်ဖော် တိုက်ခိုက်တော့မည်ဟု ထင်မှတ်မှားရသည်။

“ခင်ဗျားသာ သံသယရှိတယ်ဆိုရင် ကောင်းကင်မူလလောကကြီးဆီကို သွားပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆီ စုံစမ်းလိုက်ပေါ့” ချီလင်းက ထပ်မံကာ ပြောဆိုလိုက်၏။

All Chapters