ကျားဖြူဆိုးယုတ်သွေး
Vol. 167 Ch. 2505
ရှေးဟောင်းမြို့တော်၏ အထက်မှာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ် ၆ဦးက ထိုသည်ကို တွေ့မြင်သောအခါ သူတို့မှာ တွေဝေရှုပ်ထွေးသောအမူအရာများနှင့် သနားဂရုဏာသက်နေသောအကြည့်များ ထွက်ပေါ်လာကြသည်။
“ဘယ်လောက်နှမြောဖို့ကောင်းလဲ... ဒီကောင်လေးက ငယ်လွန်းသေးတော့ အတွေ့အကြုံသိပ်မရှိဘူ... သူက သူ့ရဲ့ပတ်ဝန်းကျင်ကို လျစ်လျူရှုမိပြီး ဒီလိုကပ်ဘေးနဲ့ ကြုံတွေ့ရတယ်ဆိုတော့.. အာ..”
ဂမ္ဘီရသက်တံက သက်ပြင်းချလိုက်၏။
ဂမ္ဘီရတိမ်စိုင်က ပြောလိုက်၏။
“သူသာ ပို့ဆောင်ရေးအဆောင်ကို အချိန်မီဆုတ်ဖြဲနိုင်ခဲ့မယ်ဆိုရင် သူက ထွက်ပြေးလွတ်နိုင်ခဲ့မှာ... ကံဆိုးစွာနဲ့ပဲ...”
“ဒီလိုမျိုးပါရမီရှင်တစ်ယောက်က အဆူရာတိုက်ပွဲမြေမှာ သေဆုံးသွားရတယ်ဆိုတော့... ဘယ်လောက်နှမြောဖို့ကောင်းလဲ”
“အရွယ်မတိုင်ခင် သေဆုံးခဲ့တဲ့သူတွေကို ပါရမီရှင်လို့တောင် ဆိုလို့မရတော့ဘူး... သမိုင်းတစ်လျှောက်မှာ အရွယ်မတိုင်ခင် သေဆုံးခဲ့တဲ့ ပြိုင်စံရှားတွေဘယ်လောက်တောင်ရှိနေပြီလဲ... သူတို့ကို ဘယ်သူက မှတ်မိသေးလို့လဲ”
သူတို့ငါးယောက်က ဆွေးနွေးပြောဆိုနေစဥ် နတ်မိမယ်ကြိုးကြာသည် သူမ၏ ငေးငိုင်ရာကနေ နိုးထမလာသေးသည့်အလား မျက်မှောင်အနည်းငယ်ကြုတ်၍ နှုတ်ဆိတ်နေ၏။
“ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ပြန်ပြီးတော့ ပြင်ဆင်ရတော့မယ်”
ဂမ္ဘီရသက်တံက ခါးသက်စွာပြုံးလိုက်၏။
“ဆူဇီမိုက မှတ်တမ်းတစ်ခုကို တကယ်ပဲ ဖန်တီးနိုင်ခဲ့တယ်... အခုသူက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရောက်လာနိုင်တဲ့အချိန်မှာပဲ သူက သေဆုံးသွားပြီး ဖယ်ရှားခံရတော့မယ်”
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ကျင့်ကြံသူများ သေဆုံးသွားသည်နှင့် သူတို့၏ အမည်များက ဖယ်ရှားရှင်းလင်းခံရပေမည်။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်သည် နတ်မိမယ်ဂမ္ဘီရကြိုးကြာ၏ လက်ထဲမှာရှိနေပြီး သူမက အဆင့်-၁၀ အဖြစ် ဆူဇီမို၏ အကဲဖြတ်တန်ဖိုးကို ယခုအချိန်ထိ မရေးသားရသေးပေ။
နတ်မိမယ်ကြိုးကြာက အတန်ကြာသည့်အထိ မလှုပ်မယှက်ရှိနေသည်ကို ဂမ္ဘီရသက်တံတွေ့မြင်သောအခါ သူက ရှေ့သို့တက်လှမ်းလိုက်၏။ သူသည် အဆင့်-၁၀မှာရှိသော ဆူဇီမို၏ သတင်းအချက်အလက်များအားလုံးကို ဖယ်ရှားရှင်းလင်းဖို့အတွက် သူမ၏ လက်ထဲက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို လှမ်းယူလိုက်၏။
“တစ်ခုခုလွဲနေတယ်”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက သူမ၏ ခေါင်းကို ခါပြလိုက်၏။
“ဘာဖြစ်လို့လဲ”
ဂမ္ဘီရမီးတောက်က မေးလိုက်၏။
“ဂမ္ဘီရကြိုးကြာ... နင်က အဲဒီကောင်လေးကို အတော်လေးတန်ဖိုးထားတယ်ဆိုတာ ငါသိတယ် ဒါပေမဲ့... သူကသေသွားခဲ့ပြီ.. သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ နေရာတစ်နေရာ မရနိုင်တော့ဘူး”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက လေးနက်စွာပြောလိုက်၏။
“ငါက အဲဒါကိုပြောနေတာမဟုတ်ဘူး... ငါပြောနေတာက သူက ရေကန်ထဲကိုအခုတင် ကျဆင်းသွားတဲ့အချက်ပဲ... သူက ကျုံးဖေးယွီကြောင့် ဖိအားပေးတွန်းပို့ခံလိုက်ရတယ်လို့ ထင်ရပေမယ့် အဲဒါက နဲနဲတော့ ယုတ္တိမတန်ဘူးလို့ နင်တို့တွေ မခံစားရဘူးလား”
ဂမ္ဘီရသက်တံနှင့် အခြားသူများက မည်သည့်စကားမှမဆိုဘဲ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ဆူဇီမိုသည် ရေကန်ထဲသို့ကျဆင်းသွားပြီးနောက် လူတိုင်း၏ ပထမတုံ့ပြန်မှုမှာ တကယ်ပင်အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုဖြစ်ခဲ့၏။
နတ်မိမယ် ဂမ္ဘီရကြိုးကြာက ဆက်ပြောလိုက်၏။
“သူက... စောစောတုန်းက ကောင်းကင်အင်မော်တယ် ခြောက်ဦးနဲ့တိုက်ခိုက်ခဲ့တဲ့အချိန်မှာ သူ့ရဲ့အခြေအနေပေါ်ထိန်းချုပ်နိုင်စွမ်း.. လျှပ်တပြက်တုံ့ပြန်နိုင်စွမ်းနဲ့ ရန်သူတွေနဲ့ရင်ဆိုင်တဲ့ နည်းလမ်းတွေက ပြီးပြည့်စုံတယ်လို့ ဆိုနိုင်တယ်... ဒီကောင်လေးက တိုက်ခိုက်ရည်ခွန်အားမှာ အရမ်းကို ပါရမီအရည်အချင်းရှိတယ်ဆိုတာ ပြပေးနေတယ်”
“သူက ရုတ်တရက်ဘယ်လိုလုပ်ပြီး ရှုံးနိမ့်သွားရတာလဲ... နောက်ပြီး သူက ဒီလိုမျိုး မမှားသင့်တဲ့အမှားကိုကျူးလွန်ပြီး နောက်ဆုတ်စရာနေရာမရှိတော့တဲ့အချိန်မှာ ပို့ဆောင်ရေးအဆောင်ကိုတောက်မှ မဆုတ်ဖြဲခဲ့ဘူး”
ဂမ္ဘီရလေက ကောက်ချက်ချလိုက်၏။
“သူက ထူးခြားအံ့မခန်းတစ်ခုဖြစ်လာဖို့ မျှော်လင့်နေတာဖြစ်ချင်ဖြစ်မှာပေါ့... ဒီကောင်လေးက ဒီတိုင်းထွက်သွားဖို့ မချင့်မရဲဖြစ်နေခဲ့တာပဲ.. အဲဒါကြောင့်မို့ သူက ပို့ ဆောင်ရေးအဆောင်ကိုမဆုတ်ဖြဲခဲ့တာ... အောက်ဘက်က ရေကန်က ဘယ်လောက်ကြောက်စရာကောင်းလဲ သူနားလည်တဲ့အချိန်မှာ အဲဒါက နောက်ကျသွားတာပဲ”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက လက်မခံနိုင်ဟန်ဖြင့် သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
ဂမ္ဘီရသက်တံက စဥ်းစားရခက်သွားပြီးမေးလိုက်၏။
“ဂမ္ဘီရကြိုးကြာ... ဒီကောင်လေးက ကျုံးဖေးယွီရဲ့ ဖိအားပေးတွန်းပို့ခံရတာမဟုတ်ဘဲ ရေကန်ထဲကို တမင်ရည်ရွယ်ချက်ရှိရှိဆင်းသွားတာလို့ နင်က ပြောနေတာလား”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက နှုတ်ဆိတ်နေ၏။
သူမ၏ စိတ်ထဲမှာ တကယ်ပင် ထိုကဲ့သို့သောအတွေးရှိနေ၏။ သို့သော် အဲဒါက ရယ်စရာကောင်းနေလေသည်။
ဂမ္ဘီရရွှံ့ညွှန်က ရယ်မောပြောဆိုလိုက်၏။
“ဒီကောင်လေးက အရမ်းကိုခက်ခဲတဲ့အခြေအနေနဲ့ကြုံတွေ့ရပြီး သူ့ကိုယ်သူ သတ်သေသွားတာများလား”
“ဂမ္ဘီရကြိုးကြာ... ရေကန်ရဲ့အောက်ဘက်ကို ဆိုးယုတ်သွေးချီတွေကနေ စုဖွဲ့ထားတာ... ငါတို့ဆင်းသွားမယ်ဆိုရင်တောင်မှ ငါတို့လည်းအသက်ရှင်နိုင်မှာ မဟုတ်ဘူး”
ဂမ္ဘီရမီးတောက်က ကူကယ်ရာမဲ့စွာပြုံးပြလိုက်၏။
“သူက အဲဒါကို တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲဖြစ်ဖြစ် တခြားကြောင့်ပဲဖြစ်ဖြစ်... သူက ရေကန်ထဲမှာ ကျဆင်းသွားပြီဆိုတော့ ရလဒ်ကတော့ သေဆုံးခြင်းပဲ”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက ပြန်မဖြေဘဲ သူမ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ကာ ရေကန်ကို အတတ်နိုင်ဆုံး ကြိုးစား၍ ထောက်လှမ်းကြည့်လိုက်၏။
သူမ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်ပင်လျှင် သူမ၏ ထောက်လှမ်းမှုက ရေကန်၏ အောက်ခြေသို့ မရောက်ရှိနိုင်ပေ။ ရေကန်၏ အလယ်ကို ထောက်လှမ်းနိုင်ခြင်းက အကန့်အသတ်ဖြစ်နေလေပြီ။
ရုတ်တရက်ဆိုသလို...။
ရေကန်၏ အလယ်မှာ သူမသည် ဆူဇီမို၏ အော်ရာနှင့်အလွန်တရာဆင်တူသော အသက်ဓာတ်အားအတက်အကျတစ်ခုကို အာရုံခံမိလိုက်၏။
“သူက မသေသေးဘူးပဲ”
နတ်မိမယ်ဂမ္ဘီရကြိုးကြာ၏ စကားသံက တုန်လှုပ်နေပြီး သူမ၏ မျက်လုံးက ဝင်းလက်သွား၏။
“ဟမ်...”
အခြားသောပကတိအင်မော်တယ်များ၏ အမူအရာများကလည်း အနည်းငယ်ပြောင်းလဲသွားကြ၏။ နတ်မိမယ်ဂမ္ဘီရကြိုးကြာက ဤကိစ္စနှင့်ပတ်သက်၍ နောက်ပြောင်မှာမဟုတ်သည်ကို သိရှိထားပြီး သူတို့က သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို အလောတကြီးထုတ်ဖော်ကာ ရေကန်ထဲကို ထောက်လှမ်းကြည့်လိုက်၏။
သူတို့သည် ရေကန်ထဲမှာ ဆူဇီမို၏ အသက်ဓာတ်အားအတက်အကျကို တကယ်ပင်အာရုံခံမိလိုက်၏။ အဲဒါက ပြင်းထန်အားကောင်းနေပြီး သူက အသက်ရှင်နေသေးသည်မှာ သိသာလေသည်။
“သူက မသေဘူးလား”
ပကတိအင်မော်တယ်အချို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွား၏။
“သူက မသေဘဲ ဆိုးယုတ်သွေးကန်ထဲမှာရှိနေတယ်ဆိုရင်တောင် သူက ဘယ်လောက်ကြာကြာခံနိုင်မှာလဲ”
ဂမ္ဘီရရွှံ့ညွန်က ဤကိစ္စနှင့်ပတ်သက်၍ သူ၏ သံသယကို ထုတ်ဖော်ပြသလိုက်၏။
ဂမ္ဘီရတိမ်စိုင်က လေးနက်စွာပြောလိုက်၏။
“နောက်ပြီး သူက အသက်ရှင်လျက်ပြန်ထွက်လာနိုင်မယ်ဆိုရင်တောင် ဆိုးယုတ်သွေးစွမ်းအားနဲ့ တိုက်စားခံရပြီး သူ့ရဲ့အမြုတေစိတ်ဝိညာဥ် ဒါမှအမဟုတ် သူ့ရဲ့တာအိုနှလုံးသားက ထိခိုက်ဒဏ်ရာရသွားမယ်ဆိုရင် သူက လုံးဝကို ဒုက္ခိတတစ်ယောက်ဖြစ်သွားမှာပဲ”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် သူ မသေသေးဘူးဆိုရင် သူ့ကို ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကနေ ဖယ်ရှားလို့ မရသေးဘူး”
ရမ္ဘီရသက်တံက လေးနက်စွာပြောလိုက်၏။
“ဂမ္ဘီရကြိုးကြာပြောတာက အဓိပ္ပါယ်ရှိတယ်... ဒါပေမဲ့ သူက ဒီကပ်ဘေးကနေ ရှောင်လွှဲနိုင်ခဲ့ပြီးရင် သူ့ရဲ့အရင်တိုက်ခိုက်ရည်ခွန်အားကို ပြန်ရနိုင်မလားဆိုတာ မသိရဘူး... နောက်ပြီး သူက ဒုက္ခိတဖြစ်သွားဖို့ ဖြစ်နိုင်ခြေများနေတယ်”
“သူ့ကို ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ထဲမှာ ထည့်ထားဖို့ ငါအကြံပြုတယ်... ဒါပေမဲ့ သူ့ကိုလောလောဆယ်မှာ အောက်ဆုံးအဆင့်မှာပဲ ထားနိုင်မယ်”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက ခေါင်းညိတ်ပြလိုက်၏။ သူမသည် ဤအဆိုပြုချက်နှင့်ပတ်သက်၍ ကန့်ကွက်စရာမရှိပေ။
ပုံရိပ်တစ်ခုက ရေကန်ထဲသို့ ဖြည်းဖြည်းချင်းဆင်းသက်လာ၏။
နတ်မိမယ်ဂမ္ဘီရကြိုးကြာ၏ ခန့်မှန်းချက်က မမှားပေ။ ဆူဇီမို ရေကန်ထဲသို့ ဝင်ရောက်လာခြင်းသည် သူ၏ တွက်ချက်မှုများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်လေသည်။
ရေကန်ထဲသို့ ကျဆင်းလာပြီးနောက် ရေကန်ထဲရှိကြွယ်ဝသော ဆိုးယုတ်သွေးက သူတွေးထင်ထားသည်ထက် များစွာပိုမိုကြောက်စရာကောင်းနေ၏။
ဆိုးယုတ်သွေးချီက ရေကန်တစ်ကန်အဖြစ် စုဖွဲ့ထားခဲ့ပြီဖြစ်သည်။ ထိုစွမ်းအား၏ အဆင့်ကို စဥ်းစားကြည့်နိုင်လေသည်။
ဆိုးယုတ်သွေးစွမ်းအား၏ အဆုံးမဲ့စီးကြောင်းတစ်ခုက ချွေးပေါက်များကနေတစ်ဆင့် ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ အသက်ဓာတ်များအားလုံးကို ဖျက်ဆီးပစ်ချင်နေ၏။
သူ၏ အသိစိတ်ထဲသို့ပင် ဆိုးယုတ်သွေးစွမ်းအားက ချင်းနင်းဝင်ရောက်လာ၏။
အဆုံးမဲ့သော ရူးသွပ်ပေါက်ကွဲ၍ ရုန့်ရင်းကြမ်းတမ်းသည့် စိတ်ခံစားချက်များက သူ၏ တာအိုနှလုံးသားကို ရိုက်ခတ်လာ၏။
သို့သော်လည်း သူ၏ တာအိုနှလုံးသားက ခိုင်မာပြီး ကိုင်လှုပ်၍မရနိုင်ဘဲ သူ၏ ကြည်လင်းရှင်းလင်းမှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်၏။ သူက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ခပ်မြန်မြန်ရွတ်ဆိုပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံပကတိရေကို အသက်သွင်းကာ သူ၏ ဘေးပတ်လည်မှာ အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဤလျှို့ဝှက်အတတ်သည် မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဉ်ကနေ ဆင်းသက်လာပြီး ရေကန်ထဲမှာ သူ၏ အကြီးမားဆုံးသက်ရောက်မှုကို ထုတ်ဖော်နိုင်၏။
ထိုသို့ဆိုလျှင်တောင် ရေကန်ထဲရှိ ဆိုးယုတ်သွေးချီ၏ စွမ်းအားက အဘက်ဘက်ကနေ တလိပ်လိပ်တိုးဝင်လာနေ၏။ ကောင်းကင်ဘုံပကတိရေ၏ ဓမ္မတာအိုက အဲဒါကို လုံးဝမခုခံနိုင်ပေ။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ကျားဖြူအထွတ်အမြတ်ဝိညာဥ်ကနေ ဆင်းသက်လာသည့် လျှို့ဝှက်အတတ်သုတ္တန်ကို အလောတကြီးရွတ်ဆိုလိုက်၏။
သူသည် ထိုသုတ္တန်၏ အဓိပ္ပါယ်ကို နားမလည်သော်လည်း စကားလုံးတစ်လုံးရွတ်ဆိုလိုက်တိုင်း သူ၏ ဘေးပတ်လည်မှဖိအားက လျော့ကျသွား၏။
သူထင်မှတ်ထားသည့်အတိုင်းဖြစ်လာနေသည်။
သည့်ယခင်က အဲဒါသည် သူ၏ ခန့်မှန်ချက်သာ ဖြစ်ခဲ့သည်။
သို့သော် ယခု... အဆူရာတိုက်ပွဲမြေမှာရှိသည့် ဆိုးယုတ်သွေးချီသည် အထွတ်အမြတ်တောကောင်ကျားဖြူနှင့် တစ်နည်းတစ်ဖုံပတ်သက်နေသည်မှာ သေချာသလောက်နီးပါးရှိလာသည်။
အဲဒါသည် ကျားဖြူဆိုးယုတ်သွေးဖြစ်လေသည်။
ဆူဇီမိုက လျှို့ဝှက်အတတ်သုတ္တန်ကို ထပ်တလဲလဲရွတ်ဆိုနေပြီး သူ့အပေါ်သက်ရောက်နေသည့် ဆိုးယုတ်သွေးစွမ်းအား၏ တိုက်ခိုက်မှုက တဖြည်းဖြည်းလျော့ကျသွား၏။
အစကတော့... ဆူဇီမိုသည် ရေကန်ထဲရှိ ဆိုးယုတ်သွေးများအတွက် အပြင်လူတစ်ယောက်သာဖြစ်၏။ ထို့ကြောင့်ပင် သူက အရူးအမူးတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
သို့သော်လည်း ဆူဇီမိုသည် ကျားဖြူအထွတ်အမြတ်ဝိညာဥ်ကနေဆင်းသက်လာသည့် လျှို့ဝှက်အတတ်ကို ထပ်တလဲလဲရွတ်ဆိုနေပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကျားဖြူနှင့်ဆင်တူသည့် အော်ရာတစ်ခုက ပေါ်ထွက်လာ၏။ အဲဒါသည် ရေကန်တစ်ခုလုံးရှိ ဆိုးယုတ်သွေးနှင့်အတူ အဆက်အဟပ်မိလာခဲ့၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ပကတိအင်မော်တယ်တစ်ဦးက ဆိုးယုတ်သွေးကန်ထဲသို့ ကျဆင်းလာမည်ဆိုလျှင်တောင် သူက ၎င်း၏ တိုက်စားမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သို့သော်လည်း ကြောက်စရာကောင်းသောတိုက်ဆိုင်မှုတချို့ဖြင့် ဆူဇီမိုသည် ကျားဖြူအထွတ်အမြတ်ဝိညာဥ်ကနေဆင်းသက်လာသည့် လျှို့ဝှက်သုတ္တန်တစ်ခုကို ကျင့်ကြံထားခဲ့ပြီး သူက ကျားဖြူတစ်ကောင်၏ အော်ရာကို ပိုင်ဆိုင်လာခဲ့၏။
ဘေးပတ်လည်မှာရှိသော ဆိုးယုတ်သွေး၏ စွမ်းအားသည် ကျားဖြူ၏ အော်ရာရှိသော တစ်ယောက်ယောက်အပေါ် ရန်လိုလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့သည့်အတွက် စိတ်သက်သာရာရသွား၏။
သူကျဆင်းလာစဥ် ရေကန်အောက်ခြေမှာ သူရွတ်နေသောလျှို့ဝှက်သုတ္တန်နှင့် အပြန်အလှန်တုံ့ပြန့်နေသည့် အခြားသောအရပ်တစ်ဘက်မှ ထူးဆန်းသော ချိတ်ဆက်မှုတစ်ခုကို ခပ်ရေးရေးဖမ်းမိလိုက်၏။
ဆူဇီမိုက ထိုချိတ်ဆက်မှုနောက်သို့ လိုက်ပါသွားပြီး ရေကန်၏ အောက်ဘက်သို့ တဖြည်းဖြည်းတိုးဝင်လာခဲ့လေသည်။