ချိပ်စည်းလုယူခြင်းအတွက်စည်းကမ်းများ
Vol. 167 Ch. 2494
မင်းသားရှင်းယန်အတွက်တော့ ဆူဇီမိုသည် လုံးဝကို တစောက်ကန်းဖြစ်လေသည်။
သူတို့က အဆူရာတိုက်ပွဲမြေသို့ မဝင်ရောက်ခင် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်တစ်ဦးက ဒုက္ခိတဖြစ်သွားခဲ့ပြီး မင်းသားယီချိုးက ဆိုးဆိုးဝါးဝါးရိုက်နှက်ခံရကာ တိုက်ပွဲမှာပင် ဝင်မပါရဲတော့ပေ။ ဤလူက ရုတ်တရက်ရူးသွပ်သွားပြီး သူ့ကိုတိုက်ခိုက်မလာဘူးဟု ဘယ်သူပြောနိုင်ပါ့မလဲ။
သူသည် လူတိုင်း၏ ရှေ့မှာ အရိုက်မခံလိုပေ။
သူသည် ဤကဲ့သို့ မျက်နှာအပျက်မခံနိုင်ပေ။
မင်းသားရှင်းယန်၏ တုံ့ပြန်မှုကို တွေ့မြင်သောအခါ ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
တကယ်တော့... သူက တိုက်ခိုက်ဖို့ လုံးဝစိတ်ကူးမရှိပေ။
ယခင်က နန်းတော်အပြင်ဘက်မှာ တိုက်ခိုက်ဖို့ရွေးချယ်ခဲ့သည်မှာ မင်းသားယီချိုးသည် သူတို့ကို ဆိုးဆိုးဝါးဝါးအော်ငေါက်ခဲ့သောကြောင့်ဖြစ်၏။ တကယ်ဆိုသူက သတ်ဖြတ်ချင်စိတ်ပင် ဖြစ်ပေါ်ခဲ့၏။
ယခုအချိန်မှာ မင်းသားရှင်းယန်သည် စကားလုံးတချို့ဖြင့် လှောင်ပြောင်လိုက်ရုံသာဖြစ်၏။ ရှဲ့ချင်းချန်က အဲဒါကို လုံးဝဂရုမစိုက်ဘူးဆိုမှတော့ သူကလည်း တိုက်ခိုက်စရာမလိုပေ။
“ဆူဇီမို...”
အခြားတစ်ဘက်မှာ ကောင်းကင်အင်မော်တယ်လောယန်က ရင်တစ်ချက်ထိတ်သွားပြီး သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။
“သူက ဆူဇီမိုလား”
ဤနှစ်များမှာ သူသည် ဆူဇီမိုနှင့်ပတ်သက်သည့် ကောလာဟလများစွာကို ကြားခဲ့ရ၏။ ဆူဇီမိုသည် အရင်တုန်းက နဂါးအသူတရာချောက်နက်ကြယ််မှာ သူကြုံတွေ့ခဲ့ရသည့် ပါချည်ပါချဲ့မဟူရာအင်မော်တယ်ဖြစ်နေသည်ဆိုတော့။
ကောင်းကင်အင်မော်တယ်လောယန်တစ်ယောက်တည်းသာလျှင်မဟုတ်ပေ။ ဆူဇီမို ရှေ့သို့ ထွက်လာသောအခါ အကြည့်ပေါင်းများစွာက တစ်ချိန်တည်းမှာ သူ့အပေါ်သို့ ဆင်းသက်ရောက်ရှိလာ၏။
ဒါ့အပြင် အကြည့်တချို့သည် သိသာထင်ရှားသောရန်လိုစိတ်ဖြင့် ပြည့်နှက်နေကြသည်။
“ဆူဇီမိုလား”
မင်းသားယွီယန်ဘေးမှာ ကျုံးဖေးယွီ၏ မျက်နှာပေါ်တွင် ဆိုးယုတ်အကြည့်တစ်ခုက သိပ်သည်းစုဖွဲ့လာပြီး သူက တီးတိုးရရွတ်လိုက်၏။
“မင်းက ငါ့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပြီဆိုမှတော့... ငါ့ကို အပြစ်မတင်နဲ့တော့”
“ညီကိုကျုံး... ခင်ဗျားက သူနဲ့ရန်ငြိုးရန်စရှိလို့လား”
မင်းသားယွီယန်က မေးလိုက်၏
“ဟင့်အင်း”
ကျုံးဖေးယွီက သူ၏ ပခုံးကို ညင်သာစွာတွန့်ပြလိုက်၏။
“ဒါပေမဲ့... ကျုပ်က ဂျူနီယာညီမမုန့်ယောင်အတွက် လက်ဆောင်အနေနဲ့ သူ့ကိုသတ်ပေးရမယ်... ဆူဇီမိုက ဂျူနီယာညီမမုန့်ယောင် အသည်းအသန်လိုချင်နေတဲ့သူပဲ”
ကျုံးဖေးယွီပြန်လည်မဝင်စားခင်က သူသည် မုန့်ယောင်၏ စီနီယာအစ်ကိုဖြစ်ခဲ့၏။ သူပြန်ဝင်စားလာပြီးနောက် သူမသည် သူ့အပေါ် အခေါ်အဝေါ်ကို ပြောင်းလဲခဲ့ခြင်းမရှိပေ။
ကျုံးဖေးယွီနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံမှ စုန့်စဲအပြင် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲဝင်သော တခြားလေးယောက်ကလည်း ဆူဇီမိုကို မတူညီသော အမူအရာများဖြင့် ကြည့်လာကြ၏။
သူတို့က တစ်ခုခုကို အကွက်ချကြံစည်နေသည့်ပုံပေါ်လေသည်။
အဆင့်-၄ လေ့ချွမ်၊ အဆင့်-၇ ယွဲ့ဟိုင်၊ အဆင့်-၈ ကောင်းကင်အင်မော်တယ်လောယန်နှင့် အဆင့်-၁၀ မင်းသားထျန်ဟွမ်း...။
သူတို့ထဲမည်သူကမှ ဆူဇီမိုနှင့် ရန်ငြိုးရန်စမရှိပေ။ သို့သော်လည်း ဆူဇီမိုက တဗူးဂမ္လီရကျင့်စဥ် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ပိုင်ဆိုင်ထားသည်ဆိုတာ လူတိုင်းက သိရှိထား၏။
ပုံမှန်အားဖြင့် ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ရှိနေတတ်၏။ လူတိုင်းမှာထိုကဲ့သို့သော အတွေးများရှိသည်ဆိုလျှင်တောင် သူတို့က အခွင့်အရေးများစွာမရှိခဲ့ပေ။
သို့သော်ယခု... ဆူဇီမိုက အဆူရာတိုက်ပွဲမြေသို့ ဝင်ရောက်ရန် ရှဲ့ချင်းချန်အတွက် ဂိုဏ်းကနေထွက်ခွာလာခဲ့၏။ သူတို့အတွက်တော့ ထိုအရာသည် ကောင်းကင်ဘုံက ပို့ပေးလိုက်သော အခွင့်အလမ်းတစ်ရပ်ဖြစ်လေသည်။
ကျင့်ကြံမှုနယ်ပယ်တူများကြားတိုက်ပွဲတစ်ခုမှာ သူတို့၏ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များက လုယူခံရမည်ဆိုလျှင် သူတို့၏ အရည်အချင်းနိမ့်ကျခြင်းအတွက် သူတို့ကိုယ်သူတို့သာ အပြစ်တင်ရပေမည်။
သူတို့က လောဘတက်လာသော်လည်း သူတို့က အဲဒါကိုထုတ်ဖော်ပြသခြင်းမရှိပေ။ သိပ်မကြာခင် သူတို့သည် ဆူဇီမိုသတိထားမိသွားလိမ့်မည်ကိုစိုးပြီး သူတို့၏ အကြည့်များကို ရုပ်သိမ်းလိုက်ကြ၏။
သို့သော်လည်း တကယ်တမ်းမှာတော့ ဆူဇီမို၏ အာရုံခံသတိစိတ်က ထက်ရှပြီး သူတို့၏ အမူအရာများကို ဖတ်မိနိုင်လေသည်။ သူသည် သူတို့၏ အတွေးအကြံအများစုကို ခန့်မှန်းမိသွားခဲ့ပြီဖြစ်၏။
သူက မှင်သေသေဖြင့် ရှိနေသော်လည်း သူ၏ ရင်ထဲမှာ စိုးရိမ်ပူပန်မှုတစ်စွန်းတစ်စပေါ်ထွက်လာ၏။
ရှဲ့ချင်းချန်ပြာပုံအရ အဆူရာတိုက်ပွဲမြေမှာ သားရဲတောကောင်များ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ချိတ်ပိတ်ထားနိုင်သော ထူးဆန်းသည့် ဆိုးယုတ်သွေးချီတစ်ခုရှိလေသည်။
အဲဒါသည် သူ၏ ပင်ကိုနတ်ဘုရားစွမ်းအား အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်၍မရနိုင်ဟု အဓိပ္ပါယ်ရလေသည်။
သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးမားစွာလျော့ကျသွားပေလိမ့်မည်။
အဆင့်-၆ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာ အဆင့်-၉ ကောင်းကင်အင်မော်တယ်များစွာနှင့် ဆန့်ကျင်တိုက်ခိုက်ရန် အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားသည် သူ၏ အလုံးစုံအင်အားကို မြှင့်တင်ဖို့အတွက် အလွန်တရာ အရေးပါလေသည်။
အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားမရှိဘဲ သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲဝင်သော ဤပြန်ဝင်စားမွန်းစတားများနှင့် ဆန့်ကျင်တိုက်ခိုက်ရာမှာ အသာစီးရရှိချင်မှရရှိပေတော့မည်။
တကယ်တော့ သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းသည် ကျင့်ကြံမှုနယ်ပယ်ပေါ်သာ မူတည်နေခြင်း မဟုတ်ပေ။
အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားမရှိလျှင်တောင် ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရည်တွင် ကျင့်ကြံမှုနယ်ပယ်တူမှာ မည်သူ့ကိုမဆို ဖိနှိမ်နိုင်သည်ဟု ပကတိယုံကြည်မှုရှိလေသည်။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးဆယ်ယောက်ထဲဝင်သော ဤပြန်ဝင်စားမွန်းစတား ၆ယောက်က အတူပူးပေါင်းမည်ဆိုလျှင်တောင် သူသည် သူ့ကိုယ်သူ စိုးရိမ်ပူပန်နေခြင်းမရှိပေ။
သူ၏ အစွမ်းအစအရ သူက သူတို့ကို မနိုင်ဘူးဆိုလျှင်တောင် မထိမခိုက်ရုန်းထွက်နိုင်လေသည်။
သို့သော်လည်း ထိုသို့ဆိုလျှင် သူ့အနေဖြင့် ရှဲ့ချင်းချန်ကို စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းရအောင် ကူညီပေးဖို့ ခက်ခဲသွားပေတော့မည်။
ဒါ့အပြင် သူက ရှဲ့ချင်းချန်ဘက်မှာရှိနေသောကြောင့် ထိုသူကလည်း ပို၍ပင်ကြီးမားသော အဟန့်အတားများနှင့် ရင်ဆိုင်လာရဖို့ရှိလေသည်။
ဆူဇီမိုက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ညီကိုရှဲ့... ကျုပ်က ဒီတစ်ခေါက်ခင်ဗျားကိုကူညီပေးရင်းနဲ့ ခင်ဗျားကိုပါ ဒုက္ခရောက်သွားစေနိုင်တယ်... ချိပ်စည်းကို ကျုပ်တို့အရယူဖို့က သိပ်ပြီးမရိုးရှင်းတော့ဘူး”
ရှဲ့ချင်းချန်က အေးအေးဆေးဆေးပင် ပြုံးပြလိုက်၏။
“ညီကိုဆူ... ကျုပ်ကိုစိုးရိမ်မနေနဲ့... ခင်ဗျားရောက်မလာဘူးဆိုရင် ကျုပ်မှာ အခွင့်အရေးလုံးဝတောင်မရှိဘူး... ဒါပေမဲ့အခုတော့ ကျုပ်က မျှော်လင့်ချက်ပါးပါးလေးကို အနည်းဆုံးတွေ့မြင်နေရပြီ”
ဆူဇီမိုက ခေါင်းညိတ်၍ မည်သည့်စကားမှ ထပ်မပြောတော့ပေ။
“အားလုံးပဲ ဒီကိုရောက်လာကြပြီပေါ့”
ထိုစဥ်မှာပင် အဝေးကနေ လူတစ်ယောက်က ပျံသန်းလာ၏။ သူရောက်မလာခင်မှာပင် သူ၏ အသံက ထွက်ပေါ်လာလေသည်။
ထိုသူက ပကတိအင်မော်တယ်ရှဲ့လင်ဖြစ်၏။
နှစ်တစ်သောင်းတွေ့ဆုံပွဲ၌ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာတုန်းက ဤလူက ဧည့်ခံကျင်းပပေးခဲ့၏။
ရှဲ့လင်က ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး သူ၏ အကြည့်က ဆူဇီမိုအပေါ်သို့ ဆင်းသက်ရောက်ရှိသောအခါ ခဏရပ်တန့်သွား၏။
သူသည် ဆူဇီမိုအပေါ် နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုရှိခဲ့၏။ အရင်တုန်းက ထိုသူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို ရရှိခဲ့၏။
သို့သော်လည်း နှစ်သုံးထောင်မျှလောက်နှင့် အရင်တုန်းက ဤကမ္ဘာမြေအင်မော်တယ်သည် အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည့်အထိ ကျင့်ကြံလာနိုင်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
ဒါ့အပြင် သူသည် နန်းတော်ရှေ့မှာ ထိန်းမနိုင်သိမ်းရမနည်းလမ်းများနှင့်အတူ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ အဆင့်ရပ်တည်ချက်မြင့်မားသော ပညာရှင်တစ်ဦးကိုပင် ဒုက္ခိတဖြစ်အောင်လုပ်ခဲ့လေသည်။
“ဒီတစ်ခေါက် ချိပ်စည်းအတွက် တိုက်ပွဲက အဆူရာတိုက်ပွဲမြေမှာဆိုတာ အားလုံးပဲ သိပြီးကြပြီပေါ့”
ရှဲ့လင်က ပြောလိုက်၏။
“နောက်ပြီးကျရင် ချိပ်စည်းကို လုယူဖို့အတွက် စည်းမျဥ်းစည်းကမ်းတွေအကြောင်း ငါပြောပြပေးမယ်”
“ချိပ်စည်းအတွက်တိုက်ပွဲက တစ်လကြာလိမ့်မယ်”
“အဆူရာတိုက်ပွဲမြေရဲ့အလယ်မှာ ယိုယွင်းပျက်စီးနေတဲ့ ရှေးဟောင်းမြို့တော်တစ်မြို့ရှိတယ်... မင်းတို့တွေက အဆူရာတိုက်ပွဲမြေကို ဝင်ရောက်ပြီးရင် ရှေးဟောင်းမြို့တော်ကို တတ်နိုင်သမျှမြန်မြန်ရောက်အောင်သွားရမယ်”
“လမ်းမှာ အဆူရာတွေ... ယက္ခတွေနဲ့ စွမ်းအားကြီးမားတဲ့ သားရဲတောကောင်တွေ အများကြီးရှိနေလို့ပဲ... သူတို့တွေက ဆိုးယုတ်သွေးချီရဲ့တိုက်စားခံရပြီး သူတို့ရဲ့စိတ်တွေက လွတ်နေပြီး ရှေးဟောင်းမြို့တော်အပြင်ဘက်မှာ လှည့်လည်သွားလာနေကြလို့ပဲ... မင်းတို့တွေက အပြင်ဘက်မှာကြန့်ကြာနေမယ်ဆိုရင် အဲဒီသက်ရှိတွေရဲ့ အဆက်မပြတ်တိုက်ခိုက်တာကို ကြိတ်မှိတ်ခံစားရလိမ့်မယ်”
“ရှေးဟောင်းမြို့တော်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းစွမ်းအားတစ်ခုရှိတယ်... အဆူရာမျိုးနွယ်က စိတ်လွတ်နေကြပေမယ့် သူတို့တွေက အဲဒီနားကို ချဥ်းကပ်ရဲမှာမဟုတ်ဘူး”
“ရှေးဟောင်းမြို့တော်ရဲ့အလယ်မှာ သွေးချီကနေစုဖွဲ့ထားတဲ့ ကန်ကြီးတစ်ကန်လည်းရှိတယ်... အဲဒါက ထူးဆန်းတဲ့ ဆိုးယုတ်သွေးချီရဲ့ မူလဇာစ်မြစ်လည်းဖြစ်တယ်”
“စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းက အဲဒီရေကန်ရဲ့အလယ်က အထီးကျန်ကျွန်းတစ်ကျွန်းပေါ်မှာ တည်ရှိလိမ့်မယ်”
ခဏမျှရပ်တန့်ပြီးနောက် ရှဲ့လင်က ဆက်ပြောလိုက်၏။
“နောက်ဆုံးနေ့မှာ ရေကန်ကိုဖြတ်ကျော်ပြီး အထီးကျန်ကျွန်းနဲ့ ရှေးဟောင်းမြို့တော်ကို ပေါင်းကူးပေးမယ့် ပါရမီတံတားတစ်စင်းပေါ်ထွက်လာမယ်... အထီးကျန်ကျွန်းပေါ်ကိုရောက်အောင်သွားပြီး စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို လုယူဖို့ အဲဒါက မင်းတို့အတွက်တစ်ခုတည်းသော အခွင့်အရေးပဲ”
“အဲဒါမတိုင်ခင် လူတိုင်းက စိတ်ဝိညာဥ်ရေကန်ကို မဖြတ်ကျော်မိစေဖို့ သတိထားရမယ်”
“အဲဒီရေကန်က တစ်နှစ်ပတ်လုံး အခြားနေရာတွေမှာထက် အဆတစ်ရာပိုပြီးသိပ်သည်းတဲ့ ဆိုးယုတ်သွေးချီနဲ့ ပြည့်နှက်နေတယ်... အဲဒီရေကန်ကိုဖြတ်ကျော်မိတဲ့ ဘယ်သက်ရှိမဆို သွေးချီရဲ့ဝါးမျိုတာခံရလိမ့်မယ်... နောက်ပြီး ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ပကတိအင်မော်တယ်ခြောက်ယောက်ကလည်း ရှေဟောင်းတိုက်ပွဲမြေကို မင်းတို့နဲ့အတူဝင်ရောက်လာလိမ့်မယ်... သူတို့က ချိပ်စည်းအတွက် တိုက်ပွဲကို အာရုံစိုက်ထားပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို အချိန်နဲ့တစ်ပြေးညီပြင်ဆင်ပေးနေလိမ့်မယ်”
ကျင့်ကြံသူများစွာက စိတ်အားထက်သန်၍ စိတ်လှုပ်ရှားလာကြ၏။
သူတို့သည် သူတို့၏ အစွမ်းအစများကို ထုတ်ဖော်ပြသပြီး ချိပ်စည်းအတွက်တိုက်ပွဲမှာ ထင်ရှားပေါ်လွင်နိုင်မည်ဆိုလျှင် သူတို့သည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ သေချာပေါက် ရပ်တည်လာနိုင်ပေလိမ့်မည်။
အဲဒါသည် အဆင့်သတ်မှတ်ပေါ်မှာရှိသော ကျင့်ကြံသူများစွာအတွက်လည်း ရှားရှားပါးပါးအခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
ရှဲ့လင်က ပြောလိုက်၏။
“တကယ်တော့... ဒီတစ်ခေါက် အဆူရာတိုက်ပွဲမြေမှာ နတ်ဘုရားလက်နက်တွေ... ရှေးဟောင်းအမွေအနှစ်တွေနဲ့ အခွင့်အလမ်းတချို့ကလည်း ရှိနေနိုင်တယ်... အဲဒါကတော့ မင်းတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ကံကြမ္မာအခွင့်အလမ်းပေါ် မူတည်လိမ့်မယ်။”
ထို့နောက် ရှဲ့လင်က သူ၏ သိုလှောင်အိတ်ထဲကနေ အဆောင်များစွာကို ထုတ်ယူပြီး သူ၏ လက်ကို ဝေ့ယမ်းလိုက်၏။
အဆောင်များက စိတ်ဝိညာဥ်အလင်းတန်းများအသွင်ပြောင်းလဲသွားပြီး ကျင့်ကြံသူတစ်ယောက်ချင်းစီ၏ ရှေ့မှာ တစ်ခုစီ ဆင်းသက်လာခဲ့၏။
“အဲဒါက ရိုးရှင်းတဲ့ ပို့ဆောင်ရေးအဆောင်တစ်ခုပဲ”
ရှဲ့လင်က ပြောလိုက်၏။
“လူတိုင်းက ဘာပဲပြောပြော ဂိုဏ်းကြီးတွေနဲ့အဖွဲ့အစည်းကြီးတွေက ပါရမီရှင်တွေပဲ... ယန်ယန်းအင်မော်တယ်နိုင်ငံက အဆူရာတိုက်ပွဲမြေမှာ မင်းတို့တွေကို မသေစေချင်ဘူး”
“မင်းတို့တွေက ကိုယ်မတတ်နိုင်တဲ့အန္တရာယ်နဲ့ကြုံတွေ့ရမယ်ဆိုရင် မင်းတို့က အဲဒီပို့ဆောင်ရေးအဆောင်ကို ဆုတ်ဖြဲလိုက်တာနဲ့ အဆူရာတိုက်ပွဲမြေကနေ ထွက်ခွာပြီး ဒီနေရာကို ချက်ချင်းပြန်ရောက်လာနိုင်လိမ့်မယ်”