← Chapters

မွန်းစတား

Vol. 167 Ch. 2496

မွန်းစတား

Vol. 167 Ch. 2496

မင်းသားချန်ထျန်ဘက်မှာရှိသော ကောင်းကင်အင်မော်တယ်ပညာရှင်များသည် သူတို့၏ စစချင်းအကြောက်တရားကို ဖိနှိမ်ပြီး ဒေါသထွက်လာကာ အဆူရာကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

ချက်ချင်းပင် နတ်ဘုရားလက်နက်များ၊ ဓမ္မရတနာများ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက တစ်ခုပြီးတစ်ခု ဆင်းသက်လာပြီး အဆူရာ၏ ချုံးချုံးကျနေသော ခန္ဓာကိုယ်ကို ထိခတ်သွား၏။

သိပ်မကြာခင် အဆူရာက အပိုင်းပိုင်းလှီးဖြတ်ခံရပြီး တစ်စစီဖြစ်သွားလေသည်။ သူက ထိုထက်ပို၍ မသေနိုင်တော့ပေ။

ရှဲ့ချင်းချန်နှင့် အခြားသူများ၏ အမူအရာများက သုန်မှုန်သွားကြ၏။

အဲဒါသည် အဆူရာမျိုးနွယ်၏ အလောင်းတစ်လောင်းသာဖြစ်၏။

ထိုသို့ဆိုလျှင်တောင် ၎င်းသည် ကောင်းကင်အင်မော်တယ်တစ်အုပ်စုအပေါ် ကြီးမားစွာ ခြိမ်းခြောက်နိုင်လေသည်။

သူတို့မှာ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် သူတို့၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင် အဆူရာမျိုးနွယ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။

ဤအဆူရာတိုက်ပွဲမြေမှာ စွမ်းအားကြီးမား၍ ကိုင်တွယ်ရခက်ခဲသော အဆူရာများက မရေမတွက်နိုင်အောင် ရှိနေပေဦးမည်။

“သွားကြတာပေါ့”

ရှဲ့ချင်းချန်က အဆူရာတိုက်ပွဲမြေ၏ မြေပုံတစ်ချပ်ကို ထုတ်ယူကာ ဤနေရာနှင့် ယှဉ်ကြည့်ပြီး အလယ်ဗဟိုဒေသသို့ သွားရောက်ဖို့ ပြင်လိုက်၏။

လူတိုင်းသည် အဆူရာတိုက်ပွဲမြေသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာကြခြင်းဖြစ်သည်။ သူတို့သည် ဤနေရာမှာရှိသော ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသောကြောင့် သူတို့သည် မြန်မြန်ဆန်ဆန် မလျှောက်လှမ်းကြဘဲ သူတို့၏ ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်ကြည့်နေကြ၏။

လမ်းတစ်လျှောက်မှာ သူတို့သည် တိတ်ဆိတ်ခြောက်ကပ်၍ အလောင်းများ ပြန့်ကျဲနေသည့် တိုက်ပွဲမြေများကို တွေ့မြင်ခဲ့ရ၏။

ယိုယွင်းပျက်စီး၍ ကြေမွနေသော လက်နက်ပေါင်းများစွာက မြေပြင်ပေါ်မှာ ပြန့်ကျဲနေသည်။

နေရာတချို့မှာ သွေးမြူ၏ ဖုံးလွှမ်းမှုအောက်တွင် အလောင်းတောင်များကို ခပ်ရေးရေးတွေ့မြင်နိုင်ပြီး အဲဒါက အလွန်တရာ တုန်လှုပ်စရာကောင်းနေ၏။

အရင်တုန်းက တိုက်ပွဲက ဘယ်လောက်တောင် ကြောက်စရာကောင်းခဲ့သလဲ စဉ်းစားကြည့်နိုင်လေသည်။

အလောင်းများမှာ မတူကွဲပြားသော သက်ရှိများစွာကို တွေ့မြင်နိုင်၏။ ထိုစဉ်တုန်းက စစ်ပွဲမှာ မျိုးနွယ်စုပေါင်းစုံမှ သက်ရှိများ ပါဝင်ခဲ့ပုံရသည်။

“ဟိုမှာကြည့်စမ်း”

ထိုစဉ်မှာပင် နောက်ဘက်မှ ပိန်ပိန်ပါးပါးကျင့်ကြံသူတစ်ယောက်က မလှမ်းမကမ်းကို လက်ညှိုးထိုးပြလိုက်၏။

ထိုနေရာတွင် ကြေမွနေသော အလောင်းတစ်လောင်းအောက်မှာ ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းတစ်ခု ဖြာထွက်နေသည့် တစ်စုံတစ်ရာရှိနေပုံရ၏။ အဆူရာတိုက်ပွဲမြေမှာ အရာတိုင်းက ယိုယွင်းပျက်စီး၍ အရောင်အဝါ မှေးမှိန်နေ၏။

သူတို့လာရာ လမ်းတစ်လျှောက်မှာ မလှမ်းမကမ်းမှ ထိုအစိမ်းရောင်အလင်းလုံးသည် တစ်ခုတည်းသော အလင်းရောင်ဖြစ်ဖို့များလေသည်။

“အဲဒါ ရတနာတစ်ခုပဲ”

တစ်ချိန်တည်းနီးပါးမှာပင် အတွေးတစ်ခုစီက လူတိုင်း၏ စိတ်ထဲသို့ ဖျတ်ခနဲဝင်ရောက်လာ၏။

နှစ်ပေါင်းများစွာကြာပြီးတာတောင် ဤကဲ့သို့သော အလင်းရောင်တစ်ခုကို ဖြာထွက်နေနိုင်သည့်အတွက် ဤရတနာမှာ ထူးခြားအံ့မခန်းစွမ်းအားတစ်ခု သေချာပေါက်ပါဝင်နေပေလိမ့်မည်။

အဲဒါကို ခပ်ပါးပါးသွေးမြူများက ဖုံးကွယ်ထားပြီး အဲဒါကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။ ပုံပန်းသဏ္ဌာန်အရ အဲဒါသည် မညီညာသော ကျောက်တုံးတစ်တုံးနှင့် တူနေ၏။

အဆူရာတိုက်ပွဲမြေမှာ အခွင့်အလမ်းနှင့် ရတနာတချို့ရှိသည်ဟု ရှဲ့လင်က ပြောခဲ့လေသည်။

“ကျုပ်တစ်ချက်သွားကြည့်လိုက်မယ်”

ပိန်ပိန်ပါးပါးကျင့်ကြံသူကား ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိမ်ကာ ထိုနေရာသို့ သွားရောက်ဖို့ ပြင်လိုက်၏။

“မသွားနဲ့”

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး ထိုလူကို အချိန်မီတားဆီးလိုက်၏။

“ညီအစ်ကိုဆူ ဘာမှားနေတာလဲ”

ရှဲ့ရှင်းချန်ကား ရင်တစ်ချက်ထိတ်သွားပြီး အလိုလိုမေးမြန်းလိုက်၏။

“ခင်ဗျား တစ်ခုခုလွဲနေတာ သတိထားမိလို့လား”

“ကျုပ်မသိဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

အစိမ်းရောင်ကျောက်တုံးက ဘာဖြစ်သည်ဆိုတာကို သူ မပြောနိုင်ပေ။ သို့သော်လည်း သူ၏ အာရုံခံသတိစိတ်က အန္တရာယ်အငွေ့အသက်တစ်ခုကို အာရုံခံမိနေ၏။

ဆူဇီမို၏ သတိပေးချက်ကို ကြားသောအခါ လူတိုင်းသည် ပေါ့ပေါ့ဆဆ မပြုမူရဲတော့ဘဲ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို အလောတကြီး ထုတ်ဖော်၍ အကြိမ်အနည်းငယ် စစ်ဆေးကြည့်လိုက်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာကို ရှာမတွေ့ကြပေ။

“ကျုပ်တို့က ဒီအတိုင်းပဲ ထွက်သွားရမှာပေါ့”

ရှဲ့ရှင်းချန်က ပြောလိုက်၏။

သူက မည်သည့်ပြဿနာကိုမှ ရှာမတွေ့သော်လည်း သူသည် ဆူဇီမိုကို ယုံကြည်ထားဆဲဖြစ်၏။ သို့သော်လည်း အခြားသူများက တွေဝေတုံ့ဆိုင်းနေကြသည်။

မည်သို့ပင်ဆိုစေ ရတနာက သူတို့၏ ရှေ့တည့်တည့်မှာ ရှိနေပြီး မည်သူကမှ အဲဒါကို လက်လွှတ်မခံလိုပေ။

အဲဒါသည် သူတို့၏ ကံကြမ္မာများကို ပြောင်းလဲပြီး သူတို့ကို တစ်ဟုန်ထိုးမြင့်မားစေမည့် ကြီးမားသော အခွင့်အလမ်းတချို့ဖြစ်နေမည်ဆိုလျှင် ဘယ်လိုလုပ်မလဲ။

ယွီယင်ကား စိတ်ထဲမှာ မရိုးမရွဖြစ်လာခဲ့၏။ သို့သော်လည်း သူက မဆင်မခြင်မပြုမူရဲပေ။ မျက်လုံးစွေကြည့်ပြီး သူက အကြံတစ်ခုထုတ်ကာ အကဲစမ်းမေးလိုက်၏။

“တာအိုရောင်းရင်းဆူ… ခင်ဗျားက သတိထားတာ နည်းနည်းပိုရာကျမနေဘူးလား”

စစချင်း ရတနာကို ရှာတွေ့ခဲ့သော ပိန်ပိန်ပါးပါးကျင့်ကြံသူက အဲဒါကို မချုပ်တည်းနိုင်တော့သည်မှာ ကြာခဲ့ပြီဖြစ်၏။ သူက ထိုစကားကို ကြားသောအခါ အလောတကြီးဝင်ပြောလိုက်၏။

“ဟုတ်တယ်… ဟုတ်တယ်… ခင်ဗျားတို့တွေ ဒီမှာ ခဏနေခဲ့ကြ… ကျုပ်တစ်ယောက်ထဲတစ်ချက်သွားကြည့်လိုက်မယ်”

ဆူဇီမိုသည် ဤလူများနှင့် အမှတ်မထင်တွေ့ဆုံခဲ့ရုံသာဖြစ်ပြီး သူတို့နှင့် ပတ်သက်ဆက်နွယ်မှု များစွာမရှိပေ။ သူက သူတို့ကို သတိတစ်ချက်ပေးခဲ့သည်မှာ စေတနာထားရာကျနေခဲ့လေပြီ။

သူက ဤလူကို မရမကတားဆီးနေမည်ဆိုလျှင် တစ်ဖက်လူက သူ့ကို မျက်မုန်းကျိုးလာနိုင်သည်။

ဆူဇီမိုက ထပ်မံ၍ မဖျောင်းဖျတော့ဘဲ မှင်သေသေဖြင့်ပြောလိုက်၏။

“ပေတစ်ရာ ပတ်လည်အတွင်းမှာ လူတိုင်းရဲ့ ဘေးကင်းလုံခြုံမှုကို ငါ အာမခံပေးနိုင်တယ်… အဲဒီအတိုင်းအတာထက် ကျော်သွားမယ်ဆိုရင်တော့ တစ်ခုခုဖြစ်လာခဲ့ရင် မင်းတို့တွေကို ငါကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး”

အစိမ်းရောင်အလင်း ဖြာထွက်နေသည့် ကျောက်တုံးက ပေတစ်ရာမက ကွာဝေးသည်မှာ သိသာလေသည်။

ဆူဇီမို၏ စကားက တစ်ဖက်လူကို အမှန်တကယ် သတိပေးလိုက်ခြင်းဖြစ်၏။ သို့သော်လည်း ပိန်ပိန်ပါးပါးကျင့်ကြံသူက အဲဒါကို အသိအမှတ်မပြုဘဲ မကျေမနပ်ပြောဆိုလိုက်၏။

“ခင်ဗျားက မှားယွင်းအကဲဖြတ်မိတာဆိုရင်ရော ဘယ်လိုလုပ်မလဲ… နောက်ပြီး ကျုပ်လက်ထဲမှာ ပို့ဆောင်ရေးအဆောင်ရှိတယ်… အန္တရာယ်တစ်ခုခု ကြုံတွေ့ရမယ်ဆိုရင်တောင် ကျုပ်က အချိန်မရွေး ထွက်ပြေးနိုင်တယ်”

ထိုသို့ပြောရင်း ပိန်ပိန်ပါးပါးကျင့်ကြံသူက ပို့ဆောင်ရေးအဆောင်ကို ထုတ်ယူကာ သူ၏ လက်ထဲမှာ ဆုပ်ကိုင်ပြီး အဲဒါကို အချိန်မရွေးချိုးခြေဖို့ ပြင်ထား၏။

တကယ်တော့ ဆူဇီမိုက လွဲလျှင် ရှဲ့ရှင်းချန်နောက်သို့ လိုက်ပါလာသော မည်သည့်ကျင့်ကြံသူကမှ သူ့ကို ချိပ်စည်းရအောင် အမှန်တကယ်ကူညီပေးလိုခြင်း မဟုတ်ပေ။

လူတိုင်း၏ ထင်မြင်ချက်အရ အဲဒါသည် မဖြစ်နိုင်သောတစ်စုံတစ်ရာ ဖြစ်နေသောကြောင့်ပင်။

လူတိုင်းသည် အဆူရာတိုက်ပွဲမြေသို့ လိုက်ပါလာခဲ့သည်မှာ ဤနေရာမှာရှိသော ရတနာများနှင့် အခွင့်အလမ်းများကြောင့်ဖြစ်သည်။

ယခုအချိန်မှာ ရတနာတစ်ခုက သူတို့၏ ရှေ့တည့်တည့်မှာ ရှိနေ၏။ သူတို့က အဲဒါကို ရယူနိုင်သည်နှင့် သူတို့သည် ကျောက်စိမ်းအဆောင်များကို ချိုးခြေပြီး ဤနေရာကနေ ထွက်ခွာနိုင်လေသည်။

ချိပ်စည်းအတွက် တိုက်ခိုက်ဖို့ကို သူတို့ထဲမှ မည်သူကမှ များစွာဂရုမစိုက်မနေပေ။

“သတိထားဦး”

ရှဲ့ရှင်းချန်က ထိုလူကို မတားဆီးနိုင်ဘူးဆိုတာ သိလိုက်ပြီး သတိပေးရုံသာ တတ်နိုင်လေသည်။

ပိန်ပိန်ပါးပါးကျင့်ကြံသူက ခေါင်းညိတ်ပြပြီး သူ၏ ဘယ်ဘက်လက်ထဲရှိ ပို့ဆောင်ရေးအဆောင်နှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွား၏။

သူက ဆူဇီမို၏ သတိပေးချက်ကို ဂရုမစိုက်သော်လည်း သူက ပေါ့ပေါ့ဆဆ မပြုမူရဲပေ။ သူသည် တစ်လမ်းလုံး စိတ်ထဲမှာ တင်းကျပ်လေးလံနေပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ကာ အဘက်ဘက်ကို အာရုံစိုက်၍ နားစွင့်ထား၏။ ပြုမူလှုပ်ရှားမှု အနည်းငယ်ရှိလာလျှင် သူ့လက်ထဲရှိ ပို့ဆောင်ရေးအဆောင်ကို ချိုးခြေဖို့ ပြင်ထားလေသည်။

တစ်ခဏချင်းမှာပင် ပိန်ပိန်ပါးပါးကျင့်ကြံသူက ပေတစ်ရာအကွာအဝေးသို့ ရောက်ရှိသွားပြီး မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ရပေ။

ခဏနေပြီးနောက် သူက နောက်ဆုံး အစိမ်းရောင်အလင်း ဖြာထွက်နေသည့် ကျောက်တုံးရှေ့သို့ ရောက်ရှိသွားသည်။

ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်၍ ထူးခြားသည့်အရာ ဘာမှရှိမလာခဲ့ပေ။

ပိန်ပိန်ပါးပါးကျင့်ကြံသူက အနည်းငယ် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်၏။ သူက သူရှေ့မှာရှိသော ကျောက်တုံးကို စိုက်ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။

ကျောက်တုံးက ကုလားအုပ်ဘို့ပုံသဏ္ဌာန်ရှိပြီး မညီမညာဖြစ်နေ၏။ ၎င်းအပေါ်မှာ အစိမ်းရောင်သားမွေးတချို့ ရှိနေပြီး အဲဒါက အစိမ်းရောင်အလင်း မဟုတ်ပေ။

ပိန်ပိန်ပါးပါးကျင့်ကြံသူက ဤကဲ့သို့သောအရာကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ဘဲ အလိုလိုဆောင့်ကြောင့်ထိုင်ချကာ အနီးကပ်တစ်ချက်ကြည့်လိုလေသည်။

ထိုစဉ်မှာပင် အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာလေသည်။

မြေပြင်က ကွဲထွက်သွားပြီး မြေကြီးထဲကနေ သံချေးတက်နေသော မှိန်းတစ်လက် ပစ်လွင့်ထွက်ပေါ်ကာ ပိန်ပိန်ပါးပါးကျင့်ကြံသူ၏ ရင်ဘက်ကို ချက်ချင်းပင် ထိုးဖောက်လိုက်၏။

(မြန်မာအခေါ်မှိန်းက လှံသွားနှစ်ခုပါတဲ့ အရိုးရှည်တပ်လက်နက်ပါ။ ဤဇာတ်လမ်းမှာ အသုံးပြုတဲ့မှိန်းဆိုတာက လှံသွားသုံးခုပါတဲ့လက်နက်ဖြစ်ပါတယ်။ အဆိုပါလက်နက်မျိုး မြန်မာမှာသုံးတာ ကျတော်မတွေ့ဖူးတဲ့အတွက် မှိန်းဟုသာ သုံးနှုန်းထားပါတယ်။)

ထို့နောက် ချက်ချင်းပင် ကုလားအုပ်ဘို့ပုံသဏ္ဌာန်ကျောက်တုံးကလည်း ကြွတက်လာပြီး ရုပ်ဆိုး၍ ကြောက်စရာကောင်းသော မျက်နှာတစ်ခုကို ပေါ်ထွက်လာစေ၏။ ရုတ်တရက် ၎င်းက သူ၏ သွေးသံရဲရဲပါးစပ်ကို ဖြဲပြီး ပိန်ပိန်ပါးပါးကျင့်ကြံသူ၏ ဦးခေါင်းကို ဝါးမြိုလိုက်၏။

အရာရာတိုင်းက အရမ်းကို လျင်မြန်စွာ ဖြစ်သွားခဲ့သည်။

ဖောက်…

ငေးငိုင်နေသော အမူအရာနှင့်အတူ ပိန်ပိန်ပါးပါးကျင့်ကြံသူ၏ လည်ပင်းက ပြတ်ထွက်သွားပြီး လတ်ဆတ်သောသွေးများက ပန်းထွက်လာခဲ့၏။

သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်မပြေးနိုင်ခင်မှာပင် သူ၏ ဦးခေါင်းက ရုပ်ဆိုးသော မွန်းစတား၏ ဝါးမြိုခြင်းခံလိုက်ရ၏။

မွန်းစတားက အချက်အနည်းငယ်ကိုက်၍ ပိန်ပိန်ပါးပါးကျင့်ကြံသူ၏ ဦးခေါင်းကို ခြေမွှဖျက်ဆီးလိုက်၏။

ထိုလူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီး သူက နေရာမှာတင် သေဆုံးသွားသည်။

ဦးခေါင်းမဲ့အလောင်းက အားနည်းစွာဖြင့်​ နေရာမှာတင် ဒူးထောက်ကျသွားပြီး ပိန်ပိန်ပါးပါးကျင့်ကြံသူ၏ လက်ဖဝါးက တဖြည်းဖြည်းပြေလျော့သွား၏။ သူ သေဆုံးချိန်မှာတောင် သူ၏ ပို့ဆောင်ရေးအဆောင်ကို မချိုးခြေနိုင်ခဲ့ပေ။

ဟာ…

ရှဲ့ရှင်းချန်နှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။

သူတို့သည် ဤကဲ့သို့ ရုပ်ဆိုးသော သတ္တဝါတစ်ကောင်ကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။ ၎င်းမှာ အစိမ်းရင့်ရောင် အသားအရေရှိပြီး သံမှိန်းတစ်လက်ကို ကိုင်စွဲထား၏။ ၎င်း၏ ဦးခေါင်းက ကုလားအုပ်ဘို့ပုံသဏ္ဌာန်ဖြစ်ပြီး ၎င်းမှာ အစိမ်းရောင်သားမွေး ခပ်ပါးပါးတစ်လွှာ ရှိလေသည်။ ၎င်းသည် ဆိုးယုတ်တစ္ဆေတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော အမူအရာတစ်ခုကို ထုတ်ဖော်ထား၏။

ထိုမွန်းစတားက ရှဲ့ရှင်းချန်နှင့် အခြားသူများကို မျက်ထောင့်နီဖြင့် စိုက်ကြည့်နေ၏။

ဂျွတ်… ဂျွတ်…

မွန်းစတားသည် ပိန်ပိန်ပါးပါးကျင့်ကြံသူ၏ ဦးခေါင်းကို သူ၏ ပါးစပ်ထဲမှာ ကိုက်ဝါးနေဆဲဖြစ်ပြီး ဦးခေါင်းခွံနှင့် သူ၏ သွားများ ကြိတ်ချေသည့်အသံက အလွန်တရာကြောက်စရာကောင်းနေ၏။ လတ်ဆတ်သောသွေးများက သူ၏ ထက်ရှသော သွားစွယ်များကြားကနေ စီးကျလာနေလေသည်။

All Chapters