ငါးယောက်တစ်ယောက်
Vol. 167 Ch. 2502
သူက ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော်လည်း သေခြင်းရှင်ခြင်း အတွေ့အကြုံများစွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် စုန့်စဲ၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်၏။
သူက နောက်ကျသွားပြီဆိုမှတော့ လှည့်မကြည့်တော့ပေ။
ဆူဇီမို၏ တိုက်ခိုက်မှုက ကြမ်းကြုတ်ခက်ထန်ပြီး အလွန်တရာမြန်ဆန်၏။ ဤအဆင့်မှာ မည်သည့်အမှားအယွင်းမဆို ဒဏ်ရာအပြင်းအထန် ရရှိသွားစေနိုင်၏။
စုန့်စဲက ဆူဇီမိုကို ကျောပေးထားသည်။ ဖျတ်ခနဲဆို သူက ကွပ်မျက်ခြေလှမ်းများကို ထုတ်ဖော်ပြီး သူ၏ အောက်ဘက်မှာ ဆေဘာတစ်လက် ပေါ်ထွက်လာစေသည်။
ကွပ်မျက်ခြေလှမ်းများသည် လှုပ်ရှားမှုနည်းစနစ်တစ်ခုဖြစ်ရုံသာမက တုံ့ပြန်တိုက်ခိုက်နိုင်သည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။
ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးအောက်မှာ ဆေဘာများစွာက အကြားအလပ်တစ်ခုအဖြစ် ဆုတ်ဖြဲပြီး စုန့်စဲက ထိုနေရာကို ဖြတ်ကျော်ကာ ဘေးဘက်သို့ ရှောင်တိမ်းလိုက်၏။
ထိုတုံ့ပြန်မှုသည် စုန့်စဲ၏ သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ခွန်အားကို တကယ်ပင် ပြသပေးနေ၏။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး၁၀ထဲ ရောက်ရှိလာနိုင်သော မည်သည့်ပညာရှင်ကမှ ကိုင်တွယ်ရ မလွယ်ကူပေ။
အထူးသဖြင့် စုန့်စဲလိုလူမျိုးအတွက်ဖြစ်၏။ သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အာဏာပါးကွက်သားအစောင့်တပ်သားများကြားမှာ နံပါတ်တစ်ဖြစ်လာနိုင်စေဖို့အတွက် သူသည် အဆင့်တူများကြားမှာ မရေမတွက်နိုင်သော အလောင်းများကို နင်းဖြတ်လျှောက်ခဲ့ရပြီး သူ၏ လက်များက သွေးများဖြင့် စွန်းထင်းနေ၏။
စုန့်စဲ၏ တန်ပြန်တိုက်ခိုက်မှုက ရပ်တန့်မသွားခဲ့ပေ။
ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ရှောင်တိမ်းပြီးနောက် စုန့်စဲက ရုတ်တရက် သူ၏ ပါးစပ်ကို ဖွင့်ဟပြီး သတ္ထုချင်းထိခတ်သံကဲ့သို့ စူးရှသော အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
သူသည် တန်ပြန်တိုက်ခိုက်ဖို့အတွက် သူ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို အသုံးပြုလိုက်စဉ် စုန့်စဲက သူ၏ ကွပ်မျက်ဆေဘာကို ဆွဲထုတ်ပြီး နောက်ဘက်မှာရှိသော ဆူဇီမိုကို ခုတ်ပိုင်းချလိုက်၏။
တစ်ချိန်တည်းမှာပင် ကျုံးဖေးယွီ၊ လေ့ရွှမ်၊ ရှဲ့ထျန်ဟွမ်းနှင့် ကောင်းကင်မော်တယ်လောယန်တို့ကလည်း တိုက်ခိုက်ဖို့ပြင်လာကြ၏။
ဆူဇီမိုကို စုန့်စဲတစ်ယောက်တည်းက သတ်ဖြတ်လိုက်မည်ဆိုလျှင် သူတို့သည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းနှင့် ဆူဇီမို၏ အခြားရတနာများကို ခွဲဝေယူဖို့ အကြောင်းပြချက်ရတော့မည် မဟုတ်ပေ။
လူတိုင်းက ဝေစုတစ်ခုကို ရယူချင်ကြသည်။
“ဂါး….”
စုန့်စဲက သူ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ဆူဇီမိုကလည်း သူ၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်ပြီး ကျယ်လောင်သော ဟိန်းဟောက်သံက သူ၏ လည်ချောင်းအနက်ပိုင်းထဲကနေ ထွက်ပေါ်လာ၏။
နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို အသံပိုင်းလျှို့ဝှက်အတတ်များစွာနှင့် ပေါင်းစပ်ထားပြီး မိုးပြာနဂါးဟိန်းသံကို အခြေခံအုတ်မြစ်အဖြစ်ထားကာ ဖန်တီးထားလေသည်။ ဤနေရာမှာရှိသော ဆိုးယုတ်သွေးချီကပင် အဲ့ဒါကို မဖိနှိမ်နိုင်ပေ။
နဂါးဟိန်းသံက ထွက်ပေါ်လာပြီး စုန့်စဲ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို ချက်ချင်းပင် ဖိနှိမ်လိုက်၏။
ကျုံးဖေးယွီနှင့် အခြားသုံးယောက်က နဂါးဟိန်းသံလျှို့ဝှက်အတတ်မှာ ပါဝင်သော ကြောက်စရာကောင်းသည့်စွမ်းအားကို အာရုံခံပြီးသည့်အခါ သူတို့၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူတို့က ပေါ့ပေါ့ဆဆ မပြုလုပ်ရဲပေ။
ရှဲ့ထျန်ဟွမ်းသည် ကောင်းကင်ဖီးနစ်ဟိန်းသံကို တတ်မြောက်ထားသော်လည်း သူသည် အဆူရာတိုက်ပွဲမြေမှာ ဆိုးယုတ်ချီဖြင့် ဖိနှိမ်ခြင်းခံထားရပြီး အဲဒါကို မထုတ်ဖော်နိုင်ပေ။ သူက နောက်သို့သာဆုတ်၍ လောလောဆယ်မှာ နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ရှောင်တိမ်းရလေသည်။
ကျုံးဖေးယွီ၊ လေ့ရွှမ်နှင့် ကောင်းကင်မော်တယ်လောယန်တို့ကတော့ မည်သူကမှ နောက်မဆုတ်ကြပေ။ သူတို့က သူတို့၏ အသံပိုင်းလျှို့ဝှက်အတတ်များကို ထုတ်ဖော်ပြီး တန်ပြန်တိုက်ခိုက်လိုက်ကြ၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိ နဂါးဟိန်းသံလျှို့ဝှက်အတတ်သည် သူနှင့်အဆင့်တူများကြား တိုက်ခိုက်မှုများမှာ အမြဲတမ်းလိုလို အောင်မြင်မှုရရှိခဲ့သည်။
နီးကပ်သော အကွာအဝေးမှာ အားနည်းသော ကိုယ်ကာယနှင့် ကျင့်ကြံသူများသည် နေရာမှာပင် သေသည့်တိုင်အောင် လှုပ်ခါသွားကြပေလိမ့်မည်။
လူတစ်ယောက်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက တစ်မူထူးခြားမှု ရှိလျှင်တောင် သူတို့သည် ကြီးမားသော ရိုက်ချက်တစ်ခုနှင့် ကြုံတွေ့ရပြီး စိတ်အာရုံပျက်ယွင်းသွားပေလိမ့်မည်။
သို့သော် ယခု သူသည် အဆူရာတိုက်ပွဲမြေမှာ ရောက်ရှိနေပြီး အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို မထုတ်ဖော်နိုင်ဘဲ ဆူဇီမို၏ ခွန်အားက ၎င်း၏ အထွတ်အထိပ်နှင့် ဝေးကွာနေ၏။
နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ စွမ်းအားကလည်း သိသိသာသာလျော့ကျသွား၏။
ဒါ့အပြင် စုန့်စဲက အနီးကပ်တိုက်ခိုက်ရည်မှာ အထူးပြုပြီး သူမှာ သန်မာသောကိုယ်ကာယနှင့် မျိုးဆက်သွေးရှိလေသည်။
ကျုံးဖေးယွီ၊ လေ့ရွှမ်နှင့် ကောင်းကင်မော်တယ်လောယန်တို့၏ ကူညီထောက်ပံ့မှုနှင့်အတူ နဂါးဟိန်းသံလျှို့ဝှက်အတတ်က သက်ရောက်မှုများစွာ မရှိတော့ပေ။
အသံပိုင်းလျှို့ဝှက်အတတ်အချို့က လေထဲမှာ ထိတွေ့ရိုက်ခတ်ပြီး သိပ်မကြာခင် ပျက်ပြယ်သွားကြ၏။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး၁၀ထဲမှ ဤလူများသည် သူတွေးထင်ထားသည်ထက် ကိုင်တွယ်ရပိုမိုခက်ခဲနေ၏။
“ဟမ်…”
ဆူဇီမို၏ အမူအရာက ပြောင်းလဲမသွားပေ။ ရုတ်တရက် သူ၏ ပုံရိပ်က ဖျတ်ခနဲလက်ပြီး နောက်တစ်ဖန် ပျောက်ကွယ်သွား၏။
ရွှစ်…
စုန့်စဲ၏ လက်ပြန်ရိုက်ချက်က အရာမထင်တော့ပေ။
ရုတ်တရက်ဆိုသလို…
သူ၏ ဘေးမှာ ဆူဇီမိုက နောက်တစ်ဖန်ပြန်လည်ပေါ်ထွက်လာ၏။ သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး သူက လက်ညှိုးဓားတစ်လက်ကို စုဖွဲ့လိုက်၏။ သူ၏ လက်ချောင်းထိပ်ဖျားကနေ ထက်ရှသော အော်ရာတစ်ခု ဖြာထွက်လာပြီး သူက စုန့်စဲ၏ ဦးခေါင်းနောက်ဘက်သို့ ပစ်ထုတ်လိုက်၏။
ချွင်….
စုန့်စဲက လှည့်မကြည့်ဘဲ သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး သူ၏ နံကြားအောက်ဘက်ကနေ ကွပ်မျက်ဆေဘာက ရုတ်တရက်ထွက်ပေါ်ကာ ဆူဇီမို၏ လက်ညှိုးဓားနှင့် ထိတွေ့ရိုက်ခတ်သွား၏။
သူတို့နှစ်ယောက်စလုံးက အနည်းငယ်တုန်ခါသွား၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုက ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို ထုတ်ဖော်လိုက်၏။ သူ၏ လက်ခြောက်ဘက်က လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲလှုပ်ရှားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ကာ ကျုံးဖေးယွီ၊ လေ့ရွှမ်နှင့် ကောင်းကင်မော်တယ်လောယန်တို့ ရှိရာဘက်သို့ အန္တိမနတ်ဘုရားစွမ်းအား ၄ခုကို ထုတ်ဖော်လိုက်၏။
“မြေပြင်အကျဉ်းထောင် ပန်းချီကား”
ရုတ်တရက် ကြီးမားသော လှောင်ချိုင့်တစ်ခုက ကျုံးဖေးယွီ၏ ခြေဖဝါးအောက်မှာ ပစ်လွင့်ထွက်ပေါ်လာပြီး သူ့ကို ချက်ချင်းပင် လွှမ်းခြုံလာ၏။
“တဒင်္ဂအခိုက်အတန့်”
အန္တိမနတ်ဘုရားစွမ်းအားက ချက်ချင်းပင် ဆင်းသက်ကာ လေ့ရွှမ်ကို ခုတ်ပိုင်းချလိုက်၏။
“သတ်ဖြတ်ခြင်းစာလုံးပညာရပ်”
တတိယမြောက် နတ်ဘုရားစွမ်းအားက ပစ်လွင့်ထွက်ပေါ်လာပြီး ကောင်းကင်အင်မော်တယ်လောယန် ရှိရာသို့ ပစ်ဝင်သွား၏။
“ပါရမီတံတား”
ရွှေရောင်တံတားတစ်စင်းက ဆူဇီမို၏ ခြေဖဝါးအောက်ကနေ ဆန့်တန်း၍ လေထုကို ဆုတ်ဖြဲကာ ရှဲ့ထျန်ဟွမ်းရှိရာသို့ ဝင်ရောက်လာလေသည်။
အန္တိမနတ်ဘုရားစွမ်းအား ၄ခုကို ဆက်တိုက်ထုတ်ဖော်ဖို့ အမြုတေစိတ်ဝိညာဉ်အပေါ် လိုအပ်ချက်က အလွန်တရာ မြင့်မားလေသည်။
အမြုတေစိတ်ဝိညာဉ်က လုံလောက်အောင် သိပ်သည်းကျစ်လစ်မှု မရှိလျှင် အဲဒါက နေရာမှာပင် လဲပြိုကျသွားဖို့ အခွင့်များလေသည်။
ဆူဇီမိုက တိုက်ခိုက်လိုက်သည့် ခဏမှာပင် အဲဒါက ငါးယောက်တစ်ယောက် ဖြစ်နေ၏။
အန္တိမနတ်ဘုရားစွမ်းအား ၄ခုအနေဖြင့် ကျုံးဖေးယွီနှင့် အခြား၃ယောက်ကို သတ်ဖြတ်ဖို့က မလွယ်ကူသော်လည်း သူက တစ်ခဏမျှ အချိန်ဆွဲထားနိုင်မည်ဖြစ်သည်။
သူသည် စုန့်စဲနှင့် တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ဖို့ တစ်ခဏမျှ အခွင့်အရေးကို ရရှိလာပေလိမ့်မည်။
စုန့်စဲကလည်း ထိုအချက်ကို ကောင်းကောင်းသဘောပေါက်လေသည်။
“မင်း ဘယ်လိုတောင် ရဲတင်းနေတာလဲ”
သူက အကြောက်အလန့် ကင်းမဲ့ပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။ သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီး သူက ဘယ်ဘက်လက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်၍ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်၏။
“ကိုယ်လက်အင်္ဂါ ဆွဲဖြုတ်ခြင်း”
မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ကွပ်မျက်သုတ်သင်ဖို့အတွက် မဟာနတ်ဘုရားစွမ်းအား ၁၀ခု ရှိလေသည်။ ထိုနတ်ဘုရားစွမ်းအားများထဲမှ တစ်ခုချင်းစီတိုင်းက အလွန်တရာစွမ်းအားကြီးမားပြီး ရက်စက်ကြမ်းတမ်းလေသည်။
ပုံမှန်အားဖြင့် တော်ဝင်မိသားစု၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော သို့မဟုတ် မဟာကျင်းအင်မော်တယ်နိုင်ငံအပေါ် ကြီးမားစွာအကျိုးပြုထားသော ကျင့်ကြံသူများသာလျှင် အဲဒါကို ကျင့်ကြံဖို့ အဆင့်မီလေသည်။
ကိုယ်လက်အင်္ဂါဆွဲဖြုတ်ခြင်းက ထိုမဟာနတ်ဘုရားစွမ်းအားများထဲမှာ တစ်ခုဖြစ်သည်။
စုန့်စဲသည် ဤနတ်ဘုရားစွမ်းအားကို ကျင့်ကြံထားနိုင်သည့်အချက်သည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ သူ၏ အဆင့်အတန်းက တကယ်ပင် မနိမ့်ကျကြောင်း သက်သေပြပေးနေ၏။
နတ်ဘုရားစွမ်းအားက ဆူဇီမို၏ ဘေးပတ်လည်မှာ အဆက်မပြတ်လှည့်ပတ်လာ၏။
ထိုအန္တိမနတ်ဘုရားစွမ်းအား စွမ်းအားကြီးမားနေသည့်အကြောင်းအရင်းမှာ ၎င်းတွင် သတ်ဖြတ်ခြင်းစွမ်းအားသာမက ချုပ်နှောင်ခြင်းစွမ်းအားပါ ပါဝင်နေသောကြောင့်ဖြစ်၏။
ချက်ချင်းပင် ဆူဇီမို၏ လည်ပင်း၊ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်တို့မှာ သံခြေကျင်းအချုပ်နှောင်များက ပေါ်ထွက်လာပြီး သူ့ကို တင်းကျပ်စွာ ချုပ်နှောင်လိုက်၏။
တစ်ချိန်တည်းမှာပင် ထိုသံခြေကျင်းများသည် တုတ်ခိုင်သော ချိန်းကြိုးငါးခုနှင့် ချိတ်ဆက်ထား၏။ ထိုချိန်းကြိုးများ၏ အခြားတစ်ဖက်ချင်းစီက နတ်မြင်းငါးကောင်ကို ရစ်ပတ်ထားပြီး သူတို့က ခွန်အားကို တစ်ချိန်တည်းမှာ စိုက်ထုတ်ကာ ဦးတည်ဘက် ငါးခုခွဲ၍ ပြေးထွက်လိုက်ကြသည်။
“ဟမ်”
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ခြေလက်အဆစ်များမှ နာကျင်မှုခံစားချက်တစ်ခုကို တကယ်ပင်ရရှိလိုက်၏။
အဲဒါက မသန်မာသော်လည်း သူက ရင်တစ်ချက်ထိတ်သွား၏။
စုန့်စဲသည် ကိုယ်လက်အင်္ဂါဆွဲဖြုတ်ခြင်းကို ထုတ်ဖော်ပြီးနောက် ရပ်တန့်မသွားပေ။ သူက သူ၏ ဆေဘာကို ကိုင်မြှောက်ပြီး ရှေ့သို့တက်လှမ်းကာ ဆူဇီမို၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။
ရွှစ်….
မကောင်းဆိုးဝါးဆန်၍ အေးစက်နေသော ဆေဘာစိတ်ဆန္ဒက လွှမ်းခြုံကျဆင်းလာ၏။
ဆူဇီမိုသည် ညှဉ်းပန်းနှိပ်စက်ခံနေရသော ငရဲခန်းတစ်ခုထဲမှာ ရောက်ရှိသွားသည်အလားပင်။ မရေမတွက်နိုင်သော တစ္ဆေငယ်များက သူ၏ အနားမှာ ရစ်ဝဲနေပြီး သူတို့၏ လက်များထဲမှာ ညှဉ်းပန်းနှိပ်စက်စရာ ပစ္စည်းအမျိုးမျိုးကို ဆုပ်ကိုင်ထားကြ၏။ သူတို့က မကောင်းဆိုးဝါးဆန်ဆန် ရယ်မော၍ သူ့ကို အချိန်မရွေး အပြစ်ပေးဖို့ ပြင်နေကြ၏။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ အဆင့်-၅ စုန့်စဲက ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်စွာ တန်ပြန်တိုက်ခိုက်လာခဲ့၏။
ရုတ်တရက်ဆိုသလို….
ဆူဇီမို၏ ဦးခေါင်းထက်မှာ ပြိုးပြိုးပြက်ပြက် ကြယ်တာရာကောင်းကင်တစ်ခု ပေါ်ထွက်လာ၏။ သန်းပေါင်းများစွာသော ကြယ်အလင်းရောင်များက ဖြာဆင်း၍ သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်ပြီး သူ၏ ခွန်အားကို ဆပွားတိုးလာစေ၏။
ဂမ္ဘီရစိတ်ဝိညာဉ်ခုနစ်စင်ကြယ်ကားချပ်က ဆင်းသက်လာပြီး သူက စုန့်စဲ၏ ကွပ်မျက်ဆေဘာစိတ်ဆန္ဒကနေ ချက်ချင်းပင် ရုန်းထွက်လာနိုင်ခဲ့၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ကိုယ်လက်အင်္ဂါဆွဲဖြုတ်ခြင်း၏ ချုပ်နှောင်မှုကနေ ရုန်းထွက်ဖို့အတွက် ကြယ်စွမ်းအားကို အသုံးချလိုက်၏။ ဖျတ်ခနဲဆို သူက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို အသုံးချပြီး စုန့်စဲ၏ ဘေးမှာ ပြန်လည်ပေါ်ထွက်လာကာ တိုက်ခိုက်ဖို့အခွင့်အလမ်းကို ချိန်ဆလိုက်၏။
စုန့်စဲက ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ပြီး လက်ပြန်ခုတ်ပိုင်းချလိုက်၏။
ဤတစ်ခေါက်မှာ ဆူဇီမို၏ ပုံရိပ်က ပေါ်ထွက်လာပြီးနောက် ရပ်တန့်မသွားခဲ့ပေ။ ဖျတ်ခနဲဆို သူက ပျောက်ကွယ်သွားပြီး စုန့်စဲ၏ အခြားတစ်ဖက်မှာ ပြန်လည်ပေါ်ထွက်လာ၏။
တစ်ခဏချင်းမှာပင် ဆူဇီမိုက တည်နေရာကို လေးကြိမ်ဆက်တိုက် ပြောင်းလဲခဲ့၏။
စုန့်စဲသည် အဲဒါကို မကိုင်တွယ်နိုင်တော့ဘဲ ဆူဇီမို ဆင်းသက်မည့်နေရာကို မခန့်မှန်းနိုင်တော့ပေ။ ထို့ကြောင့် ဆူဇီမိုသည် နောက်ဆုံးမှာ ဟာကွက်တစ်ခုကို ရှာတွေ့သွား၏။