← Chapters

နဂါးနှင့်မြွေ ပူးပေါင်းတိုက်ခိုက်ခြင်း

Vol. 167 Ch. 2503

နဂါးနှင့်မြွေ ပူးပေါင်းတိုက်ခိုက်ခြင်း

Vol. 167 Ch. 2503

ဆူဇီမိုသည် လက်နှစ်ဖက်ဖြင့် ဓားပညာရပ်များကို ဆင့်ခေါ်ပြီး သူ၏ အကြည့်က အေးစက်လာ၏။

သူ့ထံမှ အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး တိမ်စိုင်များကြားထဲ တဖြည်းဖြည်းထိုးတက်သွား၏။

ကောင်းကင်၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာသည့်အခါ ကြယ်များက နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။

ကမ္ဘာမြေ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာသည့်အခါ နဂါး မြွေတို့က ပေါ်ထွက်လာပေလိမ့်မည်။

ဘယ်ဘက်လက်မှာ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ညာဘက်လက်မှာ ကမ္ဘာမြေသတ်ဖြတ်ခြင်း။

ဆူဇီမိုသည် ဓားပညာရပ်နှစ်ခုကို ကိုင်ဆွဲကာ စုန့်စဲကို နေရာမှာပင် သတ်ဖြတ်ဖို့ပြင်လိုက်၏။

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရမ်းကို သန်မာအားကောင်းနေသည်။

ကောင်းကင်အာဏာပါးကွက်သားအစောင့်တပ်သားများ၏ နံပါတ်တစ်အနေဖြင့် စုန့်စဲသည် အပြစ်ပေးခြင်းနှင့် သတ်ဖြတ်ခြင်းကို တာဝန်ယူထားရ၏။ သူ့မှာ သံမဏိသတ်ဖြတ်လိုစိတ်တစ်ခုရှိသော်လည်း သူက အဲဒါကို ခံနိုင်ရည်မရှိပေ။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသန်းပေါင်းများစွာက ဆူဇီမို၏ ဘယ်ဘက်လက်ထဲမှာ ကောင်းကင်သတ်ဖြတ်ခြင်းဓားတစ်လက်အဖြစ်စုဖွဲ့သွားပြီး ခုတ်ပိုင်းကျဆင်းလာ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်က ပြောင်းလဲ၍ မြေပြင်က လှုပ်ခါသွား၏။

စုန့်စဲ၏ ဦးခေါင်းထက်မှာ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားချီကနေ စုဖွဲ့ထားသော နတ်နဂါးတစ်ကောင်က ခပ်ရေးရေးပေါ်ထွက်လာ၏။

သူ၏ နောက်ဘက်မှာ မိုးပျံမြွေတစ်ကောင်က မြေကြီးထဲကနေ ရုန်းထွက်လာသည်။

နဂါးနှင့်မြွေတို့က အတူပူးပေါင်းတိုက်ခိုက်ပြီး ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း၏ ပူးပေါင်းမှုတစ်ရပ်ဖြစ်လာခဲ့၏။

ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားချီက သတ်ဖြတ်ခြင်း၏ စံပြယုဂ်ဖြစ်၏။

ဘေးပတ်န်းကျင်ရှိ ဆိုးယုတ်ချီများမှာလည်း အဆုံးစွန်သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုပါဝင်နေ၏။

ထိုနှစ်ခုက အလွန်တရာဆင်တူနေပြီး ထို့ကြောင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားချီက များစွာဖိနှိမ်မခံရပေ။ ထို့ကြောင့်ပင် ဆူဇီမိုသည် နဂါးမြွေဓားချီကို စုဖွဲ့နိုင်ခဲ့ခြင်းဖြစ်၏။

စုန့်စဲ၏ အမူအရာက အကြိမ်ရေအနည်းငယ်ပြောင်းလဲသွားပြီး သူ၏ ရင်ထဲမှာ မုန်တိုင်းတစ်ခု တိုက်ခတ်လာ၏။

သူသည် သူတို့၏ တိုက်ပွဲမှာ ဤအခြေအ​နေထိ တကယ်ပင်ဖိအားပေးခံလာရပြီဖြစ်သည်။

သူသည် ဆူဇီမို၏ တိုက်ခိုက်မှုကို ခုခံနိုင်သည်နှင့်အမျှ သူက အန္တရာယ်ကနေရှောင်လွှဲနိုင်မည်ကို သိရှိထားသည်။

အခြားတစ်ဘက်မှာ ကျုံးဖေးယွီနှင့် အခြားလူများက ရုန်းထွက်လာတော့မည်ဖြစ်၏။

သို့သော်လည်း သူ့အနေဖြင့် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကနေ မထိမခိုက်ရုန်းထွက်နိုင်ဖို့က ခက်ခဲနေဆဲဖြစ်သည်။

ဝေါ...

ဤအကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်မှာ စုန့်စဲက သူ၏ မျိုးဆက်သွေးကို အကန့်အသတ်ထိ လှည့်ပတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ဆူနာမီသံတစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။ ဧရာမကွပ်မျက်ဆေဘာတစ်လက်က သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာလေသည်။

မျိုးဆက်သွေးနယ်မြေ...။

ကွပ်မျက်ဆေဘာက ဆူဇီမို၏ ဘယ်ဘက်လက်ထဲရှိ ကောင်းကင်သတ်ဖြတ်ခြင်းဓားကို ခုတ်ပိုင်းချလိုက်၏။

ဘုန်း...

ဆေဘာနှင့်ဓားက ကျယ်လောင်သောမြည်သံနှင့် ထိတွေ့ရိုက်ခတ်သွား၏။

စုန့်စဲ၏ မျိုးဆက်သွေးနယ်မြေက ပြင်းထန်စွာလှုပ်ခါပြီး လဲပြိုကျတော့မည်မတတ်ပေ။

ကောင်းကင်သတ်ဖြတ်ခြင်းဓားကတော့... ၎င်းသည် အပိုင်းပိုင်းကြေမွ၍ အမြုတေချီစီးကြောင်းများအဖြစ် ပြောင်းလဲကာ လေထဲမှာပြန့်ကျဲသွား၏။

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ ပူးပေါင်းတိုက်ခိုက်မှုက ဆင်းသက်ရောက်ရှိလာ၏။

စုန့်စဲက သူ၏ ခြေဖဝါးအောက်မြေပြင်ကနေ ရုန်းထွက်လာနေသည့် မိုးပျံမြွေကို လျစ်လျူရှုပြီး လေထဲရှိနတ်နဂါးကို လက်ပြန်ခုတ်ပိုင်းချလိုက်၏။

ချွင်...

ဆေဘာက နတ်နဂါး၏ ဦးခေါင်းနှင့် ထိတွေ့ရိုက်ခတ်ပြီး နှစ်ဘက်စလုံးက ဆတ်ခနဲတုန်ခါသွား၏။

အချိန်နှင့် လေဟာနယ်က အေးခဲရပ်တန့်သွားသည့်အလားပင်။

ထို့နောက်ချက်ချင်းပင် နဂါးကြေးခွံများစွာက နတ်နဂါး၏ ကိုယ်ပေါ်ကနေကွာကျလာပြီး ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားချီ၏ နတ်နဂါးက နေရာမှာပင် ရပ်တန့်သွား၏။

ထိုအခိုက်အတန့်မှာ စုန့်စဲသည် သူ၏ နောက်ဘက်မှာ ဝင်ရောက်လာသည့် ဓားချီမိုးပျံမြွေနဂါးကို ခုခံဖို့ အချိန်မရတော့ပေ။ သူက သူ၏ အမြုတေချီကိုသာ ထုတ်လွှတ်ပြီး အဲဒါက သူ့ခန္ဓာကိုယ်ပေါ်ရှိ အာဏာပါးကွက်သားချပ်ဝတ်တန်ဆာထဲသို့ တလိပ်လိပ်တိုးဝင်ကာ အစီအရင်အင်းကွက်များကို ပေါ်ထွက်လာစေ၏။

မိုးပျံမြွေနဂါးက သူ၏ နောက်ကျောကို ပြင်းထန်စွာထိခတ်သွား၏။

ဖွီ...

စုန့်စဲက မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ပါးစပ်ထဲကနေသွေးများက ပန်းထွက်လာ၏။

သူဝတ်ဆင်ထားသော အာဏာပါးကွက်သားချပ်ဝတ်တန်ဆာပေါ်ရှိ အလင်းရောင်က လျင်မြန်စွာမှေးမှိန်သွား၏။

အာဏာပါးကွက်သားချပ်ဝတ်တန်ဆာသည် သတ္တုပျက်အဖြစ်ပြောင်းလဲသွားပြီဖြစ်သော်လည်း ၎င်းသည် ကမ္ဘာသတ်ဖြတ်ခြင်းဓားချီထံမှ ပျက်စီးထိခိုက်မှုအများစုကို ခုခံပေးခဲ့၏။

သူသည် အသက်ရှုချိန်အနည်းငယ်အတွင်း လက်ရှိထိခိုက်ဒဏ်ရာများကနေ သက်သာနိုင်မည် မဟုတ်ပေ။

“ဖောက်...”

ဧရာမလှံတစ်လက်က ဆူဇီမို၏ ဦးခေါင်းကို ထိုးဖောက်လိုက်သော်လည်း မည်သည့်သွေးမှ ပေါ်ထွက်မလာခဲ့ပေ။ ထိုဦးခေါင်းသည် ခေါင်းသုံးလုံးလက်ခြောက်ဖက်​ကနေ စုဖွဲ့ထားသော ဦးခေါင်းများထဲမှတစ်လုံးဖြစ်၏။

အဲဒါက ကြေမွသွားလျှင်တောင် သူ့အပေါ်မှာ သက်ရောက်မှုများစွာမရှိပေ။

ဘေးကနေစောင့်ကြည့်နေသောယွဲ့ဟိုင်က နောက်ဆုံးမှာ တိုက်ခိုက်လိုက်ပြီဖြစ်၏။

သူ၏ အချိန်ကိုက်လှုပ်ရှားမှုက အတော်လေးစေ့စပ်လေသည်။ စုန့်စဲက အန္တရာယ်ကျရောက်နေသော်လည်း သူက စုန့်စဲ၏ အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ သို့မဟုတ် ပျက်စီးထိခိုက်မှုကို တားဆီးဖို့ မပြုလုပ်ခဲ့ပေ။

မည်သို့ပင်ဆိုစေ သူ့အတွက်တော့ စုန့်စဲကို ဆူဇီမိုက သတ်ဖြတ်လိုက်မည်ဆိုလျှင်တောင် ပြိုင်ဘက်တစ်ယောက်လျော့ကျသွားခြင်း ဖြစ်ပေလိမ့်မည်။

ယွဲ့ဟိုင်က တိုက်ခိုက်၍ ဆူဇီမိုထံသို့ ပြေးဝင်လိုက်၏။

ထိုအချိန်မှာ ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားချီကို ကိုင်ဆွဲထား၏။

သူက ယွဲ့ဟိုင်၏ ပြုမူလှုပ်ရှားမှုကို အာရုံခံမိသော်လည်း သူက စိတ်အာရုံပျက်ယွင်းဖို့အချိန်မရဘဲ အဲဒါကို လျစ်လျူရှု​လိုက်၏။

သူသည် စုန့်စဲကို သတ်ဖြတ်ပြီးမှ ယွဲ့ဟိုင်ကို ကိုင်တွယ်လို​၏။

စုန့်စဲမှာလည်း ဝှက်ဖဲများစွာရှိပြီး သူသည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားချီ၏ ပူးပေါင်းတိုက်ခိုက်မှုကနေ ရှင်သန်နိုင်ခဲ့သည်ဆိုတော့...။

“နှမြောစရာပဲ”

ဆူဇီမိုက ညည်းတွားရေရွတ်လိုက်၏။

သူက အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်နိုင်မည်ဆိုလျှင် သို့မဟုတ် အဆင့် ၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည်အထိ ကျင့်ကြံထားနိုင်ခဲ့မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားက နှစ်ဆ သို့မဟုတ် ထို့ထက်ပိုလာပေလိမ့်မည်။ စောစောကအ​ခြေအနေကလည်း သိသိသာသာကွာခြားသွားပေလိမ့်မည်။

ဘုန်း...

အခြားတစ်ဘက်မှာ ကျုံးဖေးယွီက မြေပြင်အကျဥ်းထောင်ပန်းချီကားနတ်ဘုရားစွမ်းအားကနေ ရုန်းထွက်ပြီး ဝင်ရောက်လာ၏။

ကောင်းကင်အင်မော်တယ်လောယန်နှင့် ရှဲ့ထျန်ဟွမ်းကလည်း တစ်ချိန်တည်းနီးပါးမှာ ပြေးဝင်လာကြ၏။

သတ်ဖြတ်ခြင်းစာလုံးပညာရပ်နှင့် ပါရမီတံတားသည် အန္တိမနတ်ဘုရားစွမ်းအားများဖြစ်သော်လည်း သူတို့နှစ်ခုက သူတို့နှစ်ယောက်ကို ခြိမ်းခြောက်ဖို့မလုံလောက်ပေ။

ဒုက္ခနှင့်ကြုံတွေ့နေရသည့် တစ်ဦးတည်းသောသူမှာ လေ့ရွှမ်ဖြစ်လေသည်။

တဒင်္ဂအခိုက်အတန့်ထွက်ပေါ်လာသည့်ခဏမှာပင် သေခြင်းရှင်ခြင်းတိုက်ပွဲပေါင်းများစွာကနေ သူရရှိထားသည့် အတွေ့အကြုံက ဤအန္တိမနတ်ဘုရားစွမ်းအားသည် အလွန်တရာ အန္တရာယ်များကြောင်း သူ့ကို သတိပေးနေ၏။

လေ့ရွှမ်က ပေါ့ပေါ့ဆဆမပြုမူရဲဘဲ အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို ဆက်တိုက်ထုတ်ဖော်လိုက်၏။

သို့သော်လည်း အန္တရာယ်အငွေ့အသက်က ပျက်ပြယ်မသွားဘဲ ပို၍ပင်အားကောင်းလာ၏။

တိုက်ပွဲမြေမှာ ကမ္ဘာတုန်လောက်စရာ ထိတွေ့ရိုက်ခတ်မှုများကြားတွင် ထူးဆန်းသောဗုံသံကိုပင် ကြားလိုက်ရလေသည်။

“မဟန်တော့ဘူး”

ရုတ်တရက်လေ့ရွှမ်က ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ဆူဇီမို၏ အကဲဖြတ်တန်ဖိုးကို အမှတ်ရသွား၏။

ဆူဇီမိုသည် လူတစ်ယောက်၏ ဘဝသက်တမ်းကို လျှော့ချနိုင်သည့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို အထူးလေ့ကျင့်ထားကြီး အဲဒါက အလွန်တရာစွမ်းအားကြီးမားကြောင်း ဖော်ပြထား၏။

လေ့ရွှမ်သည် စဥ်းစားနေဖို့အချိန်မရဘဲ သူ၏ မျိုးဆက်သွေးကို အကန့်အသတ်ထိလှည့်ပတ်ကာ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်၏။

သူ၏ နောက်ဘက်မှာ အလျှံညီးညီးနေများက ပေါ်ထွက်လာပြီး ကျိန်းစပ်နေသော အရောင်အဝါတစ်ခုကို ဖြာထုတ်ကာ ချစ်ချစ်တောက်ပူလောင်သော မီးတောက်များက လျှံထွက်လာ၏။

တစ်ခဏချင်းမှာပင် အလျှံညီးညီးနေ ၇ စင်း ​ပေါ်ထွက်လာ၏။

အန္တရာယ်အငွေ့အသက်က ပျက်ပြယ်သွားခြင်း မရှိသေးပေ။

မီးတောက်များကြားမှာ ပြတ်သားသောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီ သူက သူ၏ မျိုးဆက်သွေးကို နောက်တစ်ဖန်မြှင့်တင်လိုက်၏။

မျိုးဆက်သွေးနယ်မြေအတွင်းမှာ ယခင်အလျှံညီးညီးနေ ၇ စင်းအပြင် နောက်ထပ်နေ ၂ စင်း ပေါ်ထွက်လာ၏။

အလျှံညီးညီးနေ ၉ စင်းက ဆင်းသက်ရောက်ရှိလာပြီး လောကကို ထိန်ထိန်လင်းသွားစေ၏။

နေ ၉ စင်း ထွက်ပေါ်လာခြင်း။

ယန်ယန်အင်မော်တယ်နိုင်ငံ၏ ထိပ်သီးကျင့်ကြံရေးနည်းစနစ် မဟာနေမင်းသုတ္တန်သည် တော်ဝင်မိသားစုသာ ကျင့်ကြံနိုင်သောတစ်စုံတစ်ရာဖြစ်လေသည်။

ဒဏ္ဍာရီအရ ထိုနေ ၉ စင်းထွက်ပေါ်ခြင်းသည် မဟာနေမင်းသုတ္တန်၏ ကျင့်ကြံမှု၏ အထွတ်အထိပ်ဖြစ်သည်ဟု ဆိုလေသည်။

သည့်ယခင်က လေ့ရွှမ်သည် အခြားသူများနှင့် တိုက်ခိုက်ခဲ့စဥ် သူသည် အလွန်ဆုံး အလျှံညီးညီးနေ ၈ စင်းကိုသာ ထုတ်ဖော်ခဲ့၏။

သို့သော်ယခု ဆူဇီမို၏ သာမန်ကာလျှံကာ နတ်ဘုရားစွမ်းအားတစ်ခုက သူ၏ အသန်မာဆုံးဝှက်ဖဲကို ထုတ်ဖော်ဖို့ ဖိအားပေးလာခဲ့၏။

နေ ၉ စင်းထွက်ပေါ်ခြင်းကို ထုတ်ဖော်ပြီးနောက် သူ၏ ရင်ထဲရှိ အန္တရာယ်အငွေ့အသက်က နောက်ဆုံးမှာ ပျက်ပြယ်သွား၏။

တဒင်္ဂအခိုက်အတန့် နတ်ဘုရားစွမ်းအားက လေ့ရွှမ်ပေါ်သို့ ဆင်းသက်မလာနိုင်ခင် အဲဒါသည် အလျှံညီးညီးနေ ၉ စင်းဖြင့် အမြုတေချီများအဖြစ် လောင်ကျွမ်းခံလိုက်ရပြီး လောကထံ ပျက်ပြယ်သွား၏။

လေ့ရွှမ်က နေရာမှာပင် မတ်တတ်ရပ်၍ သူ၏ အသက်ရှုသံက မတည်မငြိမ်ဖြစ်နေပြီး ရင်တလှပ်လှပ်ခံစားနေရ၏။

သူ၏ လျင်မြန်သောတုံ့ပြန်မှုကြောင့်မဟုတ်လျှင် ဘယ်လောက်ကြောက်စရာကောင်းသည့် အကျိုးဆက်များဖြစ်ပွားလာမည်ကို သူ မသိနိုင်ပေ။

လေ့ရွှမ်က သူ့ကိုယ်သူဖြည်းဖြည်းချင်းဣန္ဒြေဆယ်ပြီး ဆူဇီမိုကို တန်ပြန်တိုက်ခိုက်ဖို့ ရှေ့သို့အလောတကြီး ပြေးတက်မသွားပေ။

“ဒီငနဲက သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားနဲ့ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၂၄ ပဲဝင်တာလား... ဘယ်လိုမျိုး ဟာသလဲ”

ရုတ်တရက်လေ့ရွှမ်က ဒေါသထွက်သွား၏။

ဤကဲ့သို့သောနည်းလမ်းများသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရောက်ဖို့ လုံလောက်လေသည်။

တစ်ချိန်တည်းမှာပင် လေ့ရွှမ်က တစ်ဖန်ပြန်လည်စဥ်းစားတွေးတောလိုက်၏။

ယခုအချိန်မှာ ဆူဇီမိုသည် အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်၏။ သူက ဤကဲ့သို့သောနည်းလမ်းများကို ထုတ်ဖော်နိုင်နေမည်ဆိုလျှင် သူက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည်အထိ ကျင့်ကြံပြီးပါက ဘာတွေဖြစ်လာမလဲ။

“မင်းသေဖို့အချိန်တန်ပြီ”

ကျုံးဖေးယွီက အရင်ဆုံးရောက်ရှိလာ၏။ သူက လှုပ်ရှားမှုမပြုလုပ်ခင်မှာပင် ဓားအလင်းတန်းတစ်ခုက ပေါ်ထွက်လာခဲ့ပြီဖြစ်၏။

အဲဒါက ဖျတ်ခနဲပျောက်ကွယ်သွား၏။

ဆူဇီမိုက တုံ့ပြန်ဖို့အချိန်မရဘဲ သူ၏ အာရုံခံသတိစိတ်နှင့်အတူ အလိုလိုရှောင်တိမ်းလိုက်၏။

ဖောက်...

ဆူဇီမို၏ ဦးခေါင်းတစ်လုံးနှင့်လက်နှစ်ဖက်က ထိုးဖောက်ခံလိုက်ရဆဲဖြစ်၏။

တိုက်ပွဲ၏ ဤနေရာအရောက်မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်က သုံးစားလို့ မရတော့သလောက်နီးပါးပင်။

ရှဲ့ထျန်ဟွမ်းနှင့် ကောင်းကင်အင်မော်တယ်လောယန်၏ လျှို့ဝှက်အတတ်များကလည်း ဆင်းသက်ရောက်ရှိလာ၏။

ယွဲ့ဟိုင်နှင့် စုန့်စဲက အရှိန်အဟုန်ကို စုစည်းနေစဥ် လေ့ရွှမ်ကလည်း နေ ၉ စင်းထွက်ပေါ်ခြင်းနှင့်အတူ လျှောက်လှမ်းလာခဲ့ပြီဖြစ်၏။

ပညာရှင် ၆ ဦးက အတူပြန်လည်ပူး​ပေါင်းမိသွားကြပြီဖြစ်လေသည်။

All Chapters