← Chapters

ရှောင်လင်းယွီရဲ့ ကြောက်ရွံ့မှု

Vol. 26 Ch. 430

ရှောင်လင်းယွီရဲ့ ကြောက်ရွံ့မှု

Vol. 26 Ch. 430

ချင်ယန်က ကျန်းမိသားစုကနေ ထွက်လာပြီး ဘယ်သူမှ သူမကို မမြင်နိုင်တဲ့နေရာကိုရောက်တော့ သူမရဲ့သနားစရာကောင်းပြီး စိတ်ထိခိုက်တဲ့ပုံစံက ပျောက်ကွယ်သွားခဲ့သည်။ ၎င်းကို အစားထိုးသွားတာက ဘဝင်ခိုက်နေတဲ့အမူအယာနဲ့ ထေ့ငေါ့မှုအနည်းငယ်ပဲဖြစ်သည်။

သူမရဲ့ ဂုဏ်သတင်းကို စွန့်စားရမယ့် ဘာမဆိုမလုပ်ဘူးဆိုပေမယ့် ဒါက သူမက တစ်စုံတစ်ယောက်ကို အသုံးမချနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ။

သခင်ကြီးကျန်းက သူ့ရဲ့ခေါင်းမာမှုနဲ့ ရက်စက်မှုကြောင့် မြို့တော်မှာ နာမည်ကြီးသည်။ သူက ကျန်းထောင်ကို တင်းတင်းကျပ်ကျပ်နံ့ ခိုင်ခိုင်မာမာထိန်းချုပ်ထားကာ သူ့အစီအစဉ်အတိုင်းအတာကို ကျော်လွန်တဲ့ ဘယ်အရာကိုမဆို ခွင့်မပြုထားပေ။ သူက ကျန်းမိသားစုရဲ့အမွေဆက်ခံသူကို ထိခိုက်မယ့် ဘယ်သူ့ကို ဘယ်သူအရာကိုမှလည်း ခွင့်မပြုပေ။

ချင်ယန်က စတီယာရင်ဘီးကို ကိုင်ထားလိုက်သည်။ သူမရဲ့မျက်နှာက ပျော်ရွှင်မှုတွေနဲ့ ရူးသွပ်နေတဲ့အပြုံးတစ်ခုနဲ့ ပြည့်နှက်နေခဲ့သည်။ သူမက ကုန်းထျန်းဟောက်နဲ့ ဘယ်မိန်းကလေးကိုမှ ချစ်သူဖြစ်ခွင့်မပြုပေ။ သူမက ကုန်းထျန်းဟောက်နဲ့ ကံပါလာတာဖြစ်သည်။ သူမက သူနဲ့မရှိနိုင်ဘူးဆိုရင် ဘယ်သူမှလည်း မရှိနိုင်ပေ။

ချင်ယန်က ပြုံးလိုက်ပြီး အဝေးကို မောင်းထွက်သွားသည်။

.....

ကျန်းမိသားစုတွင် သခင်ကြီးကျန်းက သူ့လက်ထဲက ပုံကိုကြည့်လိုက်သည်။ သူ့မျက်လုံးတွေက နက်မှောင်နေပြီး ကြောက်စရာကောင်းတဲ့ မိုးကြိုးလျှပ်စီးတွေနဲ့ ပြည့်နေခဲ့သည်။

ပုံထဲမှာ လူနှစ်ယောက်ရှိသည်။ တစ်ယောက်က ကျန်းထောင်ဖြစ်ပြီး တခြားတစ်ယောက်က ရှောင်လင်းယွီဖြစ်သည်။ ဒါပေမယ့်လည်း ကျန်းထောင်ရဲ့မျက်နှာတစ်ခြမ်းကိုပဲ မြင်နိုင်သည်။ နှစ်ယောက်သားက သစ်ပင်ကြီးတစ်ပင်ရှေ့မှာ စကားပြောပြီး ရယ်မောနေခဲ့ကြသည်။

ပုံထဲမှာ ကျန်းထောင်က အရမ်းပျော်နေပုံပေါ်သည်။

သခင်ကြီးကျန်းက သူ့မြေးရဲ့မျက်နှာပေါ်က ဒီအမူအယာကို သူကလေးတုန်းက ခွေးနဲ့ ဖြစ်ရပ်ပြီးကတည်းက မမြင်ရတော့ပေ။

အိမ်တော်ထိန်းကျန်းက ပုံကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူက နားမလည်နိုင်စွာ မေးကာ

“သခင်ကြီး၊ ဒါက…ဒီဓာတ်ပုံက အတုလား? ကွန်ပျူတာနဲ့လုပ်ထားတဲ့ တစ်ခုခုလိုမျိုးလေ။ အကြီးဆုံးသခင်လေးကို ကျွန်တော်တို့ ဘယ်တုန်းကမှ ဒီလိုမျိုး မမြင်ဖူးဘူး။ ကျွန်တော်တို့ ဒါကို စစ်ဆေးကြည့်သင့်လား?”

သခင်လေးက ဒီလိုမျိုးပျော်ရွှင်နေတာကို အရင်တုန်းက သူတစ်ခါမှ မမြင်ခဲ့ဖူးပေ။

သခင်ကြီးကျန်းက ဓာတ်ပုံကိုကိုင်ကာ

“ငါ့ကိုအရူးလုပ်ဖို့ ချင်ယန်က ပုံအတုတစ်ခုကို သုံးရဲမယ်လို့ ငါမထင်ဘူး။ ဟေ့ ကျန်း၊ စုံစမ်းဖို့ တစ်ယောက်ယောက်လွှတ်လိုက်။ ဒီမိန်းမက ဘယ်သူလဲဆိုတာ မင်းရှာရမယ်။ လိုအပ်ရင် သူ့ကို ဒီလောကကနေ ပျောက်ကွယ်သွားအောင်လုပ်လိုက်။ ကျန်းမိသားစုရဲ့‌အမွေခံကို ထိခိုက်စေဖို့ ငါလုံးဝ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး”

အိမ်တော်ထိန်းကျန်းက ဒါကိုကြားတော့ အံ့ဩသွားခဲ့သည်။

ပြီးနောက်မှာ သူက သင်္ကာမကင်းနဲ့

“သခင်ကြီး၊ သခင်မလေးချင်က ဒီပုံကို ဘယ်ကရတာလဲ? အရင်က ခရိုင်လေးကိုစုံစမ်းဖို့ ကျွန်တော်တို့လည်း လူလွှတ်ဖူးတာပဲ။ အကုန်လုံးက ပုံမှန်ပဲ ဥစ္စာ”

သခင်ကြီးကျန်းက

“သူလည်းမသိဘူးလို့ပြောတယ်။ တစ်ယောက်ယောက် သူ့ကို ပို့လိုက်တာတဲ့”

“သခင်ကြီး၊ အဲ့ဒါကိုယုံလား?”

အိမ်တော်ထိန်းကျန်းက ပိုပိုပြီး သံသယဝင်လာသည်။

“အရေးမကြီးဘူး။ သူဒီပုံကို ဘယ်လိုရလာလဲ ငါမသိပေမယ့် အဲ့ဒီမှာ ကျန်းထောင် သဘောကျနေတဲ့ မိန်းမတစ်ယောက်ရှိတာတော့ အမှန်ပဲ”

သခင်ကြီးကျန်းက ဒေါသတကြီးနဲ့

“ချင်ယန်က ဒါကိုအတည်ပြုပြီးပြီဖြစ်ရမယ်။ မဟုတ်ရင် သူဒီကိုလာပြီး ရှိုးတစ်ခုလုံး လုပ်သွားဖို့ လိုမှာမဟုတ်ဘူး”

ချင်ယန်ရဲ့ လှည့်ကွက်ကလေးတွေက တခြားသူတွေကို အရူးလုပ်နိုင်ပေမယ့် သူတော့မပါပေ။ ဒါပေမယ့် ဒါက သူ့မျက်လုံးထဲက ချင်ယန်ရဲ့ဂုဏ်သိက္ခာကိုတော့ ကျဆင်းမသွားစေပေ။ ကျန်းမိသားစုရဲ့ အနာဂတ်သခင်မတစ်ယောက်အနေနဲ့ သူမအကြံထုတ်တတ်တာလည်း ကောင်းမွန်သည်။ မဟုတ်ရင် ကြွေထည်လေးတစ်ခုကတော့ ကျန်းထောင်ကို အားအင်ဆုတ်ယုတ်သွားစေလိမ့်မည်။

“ဟေး ကျန်း၊ အဲ့ဒီနေရာကို တစ်ယောက်ယောက် အမြန်လွှတ်ပြီး အကြီးဆုံးသခင်လေးအကြောင်းအကုန်လုံးကို တိတ်တဆိတ်စုံစမ်းခိုင်းလိုက်။ သူ့အနားက မိန်းမတွေကို အာရုံစိုက်ခိုင်းထား”

သခင်ကြီးကျန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ!”

အိမ်တော်ထိန်းကျန်းက ပြန်ဖြေလိုက်ပြီးနောက်မှာ အိမ်တော်ထိန်းကျန်း ထွက်သွားခဲ့သည်။

........

ကျန်းထောင် ထောင်ယွမ်ရွာကိုလာပြီးတော့ ‌ရှောင်မိသားစုအိမ်မှာ နေ့လည်စာစားခဲ့သည်။ ခနလောက်နေပြီးတော့ သူက အမြန်ပဲထွက်သွားသည်။ သူက အလျင်လိုနေသည်။ သူက သူ့အဘိုးကို အစီရင်ခံဖို့ ရုံးချုပ်ကိုပြန်သွားရမည် ဖြစ်သည်။ မဟုတ်ရင် သူထပ်ပြီး သံသယဝင်လာလိမ့်မည်။

ကျန်းထောင် ထွက်သွားပြီးတော့ ရှောင်လင်းယွီက စူးစမ်းစွာမေးကာ

“ရှင် အစ်ကိုကျန်းကို အတိအကျဘာပြောလိုက်တာလဲ? သူက ဘယ်လိုလုပ် အမှန်ကို အရမ်းမြန်မြန်လက်ခံသွားတာလဲ?”

ကျန်းထောင်က သူမကို သဘောကျခဲ့မှန်း သူမသိသည်။ သူက သူမကိုဝန်ခံခဲ့ပေမယ့် သူမက ငြင်းခဲ့သည်။

ကုန်းထျန်းဟောက်က သူမရဲ့လက်ကို ဆွဲယူလိုက်ပြီး နှုတ်ခမ်းကွေးလိုက်သည်။

သူက ပြုံးကာ

“ကိုယ်ဘာပြောနိုင်မှာလဲ? ကိုယ်သူ့ကို အမှန်ကိုပဲ ပြောလိုက်တာလေ”

ရှောင်လင်းယွီက သူ့ကို သင်္ကာမကင်းနဲ့ ကြည့်လိုက်သည်။

ကုန်းထျန်းဟောက်က သူမရဲ့ဆံမြိတ်တွေကို သပ်လိုက်ပြီး ညင်ညင်သာသာသက်ပြင်းချကာ

“မင်းစိုးရိမ်ဖို့မလိုပါဘူး။ ထောင်ကျီနဲ့ ကိုယ်က အတူတူကြီးပြင်းလာတာပဲ။ ကိုယ်သူ့အကျင့်စရိုက်ကို ကောင်းကောင်းကြီးသိတယ်။ သူက တသီးတခြားပုံပေါ်တယ်။ ဒါပေမယ့်လည်း သူက အပြင်ဘက်မှာသာ မာပြီးတော့ အတွင်းက နူးညံ့တယ်။ သူက အရမ်းကြင်နာတဲ့လူတစ်ယောက်ပါ"

ရှောင်လင်းယွီက ဒီအချက်ကို သဘောတူလိုက်သည်။ သူမက ကျန်းထောင်ကို အကြာကြီးမသိလာခဲ့ပေမယ့် သူက အပေါ်ယံမှာပဲ မဖော်ရွေတာကို သူမသိသည်။ သူနဲ့ရင်းနှီးလာပြီးတော့ သူက အရမ်းရိုးသားပြီး ကြင်နာတဲ့လူမှန်း သူမသိရှိသွားသည်။

“သူက ငယ်ငယ်ကတည်းက သူ့အဘိုးဆီကနေ ဖိနှိပ်ခံထားရတာ။ ဒါကြောင့် သူ့ဘဝသူ မနေနိုင်ဘူး။ သူက ဘာလူ့ခံစားချက်မှတောင် ပြလို့မရဘူး*

ကုန်းထျန်းဟောက်ရဲ့လေသံက အေးဆေးပေမယ့် ကျန်းထောင်အတွက် သနားမှုနဲ့ ကိုယ်ချင်းစာမှုကို တစ်ယောက်သာပဲကြားနိုင်သည်။

“ဘာရယ်?”

ရှောင်လင်းယွီက အရမ်းအံ့ဩသွားသည်။

“သူက ဘာလူ့ခံစားချက်မှတောင် ပြလို့မရဘူးလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူ့မှာ ဘယ်လိုအဘိုးမျိုးရှိနေတာလဲ? သူက ကျန်းထောင်ကို လူတစ်ယောက်လိုရော မြင်ရဲ့လား?”

ကုန်းထျန်းဟောက်က သက်ပြင်းချလိုက်သည်။

“မမြင်ဘူးလေ။ ကျန်းထောင်ရဲ့အဘိုးက ကျန်းမိသားစုရဲ့အကျိုးကိုပဲကြည့်မယ့် ‌အမွေခံတစ်ယောက်ပျိုးထောင်ချင်တာ။ ထောင်ကျီက ငယ်ငယ်လေးကတည်းက သူ့မိဘတွေ‌ဆီကနေ အခွဲခံထားရတာ။ သူ့မှာ ဘာခံစားချက်အဆက်အသွယ်မှ ခွင့်ပြုမထားဘူး”

ရှောင်လင်းယွီက မယုံနိုင်စွာ မျက်လုံးပြူးသွားခဲ့သည်။

“သူ့အဘိုးက မယုံနိုင်စရာပဲ”

“ထောင်ကျီက ခုနစ်နှစ်တုန်းက ခွေးတစ်ကောင်မွေးချင်ခဲ့တာ”

ကုန်းထျန်းဟောက်က ဆက်ပြောခဲ့သည်။

“သူ့အဘိုးက မွေးခွင့်ပြုခဲ့ပေမယ့် ရလဒ်ကဘယ်လိုမှန်း မင်းသိလား?”

“ဘာလဲ?”

ရှောင်လင်းယွီရဲ့အသံက အနည်းငယ်စိုးရိမ်နေသည်။ သူမမှာ ဆိုးရွားတဲ့ခံစားချက်တစ်ခုရှိနေသည်..

“နောက်ဆုံးကျတော့ ခွေးကို အရေခွံခွာပြီး ခွေးသားစတူးလုပ်ပစ်လိုက်တယ်။ ပြီးတော့ အိမ်မွေးတိရစ္ဆာန်ရဲ့အသားကိုစားဖို့ သူ့အဘိုးက ထောင်ကျီကို ဖိအားပေးခဲ့တယ်”

ကုန်းထျန်းဟောက်ရဲ့လေသံက သိသိသာသာကို အနည်းငယ်ဒေါသထွက်နေသည်။

“ထောင်ကျီက အဲ့ခွေးကို နှစ်နှစ်မွေးခဲ့တာ။ အဲ့ဒီနှစ်နှစ်အတွင်း ထောင်ကျီနဲ့ အဲ့ဒီခွေးက နေ့ရောညရော အတူရှိခဲ့တာ။ ပြီးတော့ သူတို့ရင်းနှီးမှုကလည်း အရမ်းကောင်းမွန်တယ်။ သူ့အဘိုးက ခွေးသားကိုဗိုက်ထဲထည့်ဖို့ ထောင်ကျီကို ဖိအားပေးခဲ့တယ်”

“သူ့အဘိုးက ရူးနေတာလား?”‌

ရှောင်လင်းယွီက အံ့ဩသွားသည်။

“‌ဒီလို သွေးအေးပြီး အကြင်နာကင်းတဲ့အဘိုးမျိုး ဘယ်လိုလုပ်ရှိနိုင်ရတာလဲ?”

ကုန်းထျန်းဟောက်ရဲ့အဘိုးကလည်း အရမ်းကြင်နာသည်။ ဒါကြောင့် ကျန်းထောင်ရဲ့အဘိုးက သူ့မြေးအရင်းကို အရမ်းရက်ရက်စက်စက်နဲ့ အကြင်နာကင်းစွာဆက်ဆံလိမ့်မယ်လို့ သူမ တကယ်ပုံမဖော်နိုင်ခဲ့ပေ။ ကုန်းထျန်းဟောက်က ထေ့ငေါ့စွာနဲ့

“သခင်ကြီးကျန်းက အရမ်းအထက်စီးဆန်တယ် ခေါင်းမာတယ်။ ရက်စက်ပြီး ကရုဏာကင်းတဲ့လူတစ်ယောက်ပဲ။ သူက ထောင်ကျီကို အမွေခံလမ်းကြောင်းနဲ့ လွဲချော်ခွင့်ပြုမထားဘူး”

“အကုန်လုံးက သူ့ထိန်းချုပ်မှုအောက်မှာပဲရှိရမယ်။ ထောင်ကျီကို သက်ရောက်စေတဲ့ဘယ်အရာမဆို ကရုဏာကင်းကင်းဖြတ်ချပစ်ရမယ်။ အကောင်းဆုံးဥပမာကတော့ အဲ့ဒီအိမ်မွေးခွေးပဲ”

ရှောင်လင်းယွီရဲ့မျက်လုံတွေက နီရဲနေပြီဖြစ်ပြီး မျက်လုံးအစွန်းတွေမှာ မျက်ရည်အစွန်းအစတွေ ပါဝင်နေသည်။ ၎င်းက သနားပြီး ကိုယ်ချင်းစာပြီး ကျန်းထောင်အတွက် စိတ်ပူမှုပဲဖြစ်သည်။ ဒီလို အရပ်ရှည်ပြီး သန်မာပုံရတဲ့လူတစ်ယောက်က သနားစရာကောင်းတဲ့မိသားစုနောက်ခံရှိလိမ့်မယ်လို့ သူမ ထင်မထားခဲ့ပေ။

“အရင်က ကိုယ် ရှင်းယင်ခရိုင်ကိုလာတော့ သူက မိန်းကလေးတစ်ယောက်ကို ချစ်နေတယ်ဆိုပြီး ထောင်ကျီ ကိုယ့်ကိုပြောခဲ့တယ်။ သူ့ကိုလိုက်ချင်နေခဲ့တာတဲ့”

ကုန်းထျန်းဟောက်က အမှန်အတိုင်းပဲပြောလာခဲ့သည်။

“အဲ့ဒီအချိန်က ကိုယ်က သူ့အတွက် ပျော်ရွှင်ပြီး စိတ်ပူသွားခဲ့တာ။ သူ့အတိတ်ရဲ့အရိပ်ကနေထွက်နိုင်ပြီး တစ်ယောက်ယောက်ကို ထပ်ချစ်နိုင်လို့ ကိုယ်ဝမ်းသာသွားခဲ့တာ။ ဒါပေမယ့် သူ့အဘိုးက အမှန်ကိုသိသွားတာနဲ့ အဲ့ဒီမိန်းကလေးအတွက်ကိုလည်း ကိုယ်စိုးရိမ်ခဲ့မိတယ်။ အဲ့ဒီမိန်းကလေးက မင်းလို့ ဘယ်သူကသိမှာလဲ”

ကုန်းထျန်းဟောက်က ခါးသီးစွာပြုံးကာ

“အဲ့ဒီအချိန်က ကိုယ်က မင်းကို စိတ်ယိုင်နေပြီ။ ဒါပေမယ့်လည်း သူ့ရဲ့အကျိုးအတွက် ကိုယ်အဲ့ဒါကို ထုတ်မပြခဲ့ဘူး။ ကိုယ်ထောင်ကျီကို သစ္စာမဖောက်သင့်ဘူးလို့ ကိုယ့်ဟာကိုယ် ပြောနေခဲ့တာ။ နောက်ပိုင်းကျတော့ ထောင်ကျီက တခြားမိသားစုတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လက်ထပ်တော့မယ့် ကောလဟာလတွေ မြို့တော်မှာရှိလာတယ်။ ကောလဟာလကို အတည်ပြုဖို့ ထောင်ကျီက မြို့တော်ကို ပြန်သွားဖို့လိုတယ်။

ဒါပေမယ့်လည်း မြို့တော်ကိုပြန်သွားပြီးတော့ သူနဲ့ပက်သက်ပြီးတစ်ခုခုထူးဆန်းနေတာကို သူ့အဘိုးက မြန်မြန်ဆန်ဆန်ပဲသိသွားခဲ့တယ်။ ကျန်းထောင်ကလည်း ဒါကို မျှော်လင့်မထားခဲ့ဘူး။ သူက ကိုယ့်ကိုခေါ်ပြီး မင်းကို ကာကွယ်ခိုင်းခဲ့တယ်”

“ဘာလို့လဲ?”

ဒါကိုကြားပြီး ရှောင်လင်းယွီက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

ပြီးနောက်မှာ သူမမျက်လုံးပြူးလိုက်ပြီး မယုံနိုင်စွာမေးကာ

“ကျွန်မလည်း အဲ့ဒီခွေးလိုမျိုး အဆုံးသတ်သွားမှာ သူကြောက်လို့များလား?”

ကုန်းထျန်းဟောက်က တည်တည်ငြိမ်ငြိမ်ခေါင်းညိတ်ကာ

“ဟုတ်တယ်။ သူ့ရဲ့ပြောင်းလဲမှုအနည်းငယ်က မင်းကြောင့်ဆိုတာကို သူ့အဘိုးသိသွားရင် သေချာပေါက် လှုပ်ရှားမှုလုပ်လိမ့်မယ်”

ဒါကိုကြားတော့ ရှောင်လင်းယွီရဲ့မျက်နှာက ဖြူဖပ်သွားခဲ့ပြီး ချွေးစီးတွေတောင် ထွက်လာခဲ့သည်။

“ဒါပေမယ့်…ဒါပေမယ့် ကျွန်မ သူ့ကို ငြင်းခဲ့တယ်လေ။ သူ့အဘိုးက ကျွန်မနောက်ကို လိုက်နေဦးမှာလား?”

ရှောင်လင်းယွီက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။ သူမရဲ့ ဘဝနှစ်ခုစလုံးမှာ ဒီလိုအန္တရာယ်မျိုးထဲ မရောက်ဖူးခဲ့ပေ။

ကုန်းထျန်းဟောက်က သေချာစွာပြောကာ

“အဘိုးကျန်းက ကျန်းထောင်ကိုသက်ရောက်စေတဲ့ ဘယ်သူ့ကိုမဆို အအလွတ်မပေးဘူး”

“ရူးတာပဲ…ဒါရူးတာပဲ!”

ရှောင်လင်းယွီက ဒေါသတကြီးရေရွတ်လိုက်မိတော့သည်။

***

All Chapters