ပြဿနာအရင်းအမြစ်
Vol. 26 Ch. 433
“ယွီအာ မြေပဲခင်းတွေမှာလည်း အတူတူပဲ။ တချို့နေရာတွေက ငံပြီး တချို့က မငံဘူး”
“ပဲပိစပ်ခင်းတွေလည်း အတူတူပဲ!”
ဖေဖေရှောင်နဲ့ အကြီးဆုံးဦးလေးရှောင်က အမြန်ပြန်လာခဲ့ကြသည်။ သူတို့တွေ ပြန်ရောက်တော့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က အပင်ပျိုလေးတစ်ခုရဲ့ဘေးမှာ ထိုင်နေကြသည်။ သူတို့က စိုးရိမ်တကြီးမေးကာ
“ယွီအာ ဘာဖြစ်လို့လဲ? တစ်ယောက်ယောက်က စိုက်ခင်းတွေကို ဆားရေလောင်းလိုက်တာများလား?”
အပင်ငယ်တစ်သောင်းနဲ့ မြေပဲနဲ့ ပဲပိစပ်အခင်း မူရာချီက သန်းချီတန်သည်။ ၎င်းက ကြီးမားတဲ့ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မည်။ တစ်ယောက်ယောက်သာ ဒါနောက်မှာရှိရင်တော့ သူတို့က ရှောင်မိသားစုကို နက်နက်ရှိုင်းရှိုင်းကြီးမုန်းနေတာ ဖြစ်လိမ့်မည်။
ရှောင်လင်းယွီက ခေါင်းခါလိုက်သည်။ သူမက သာမန်ဖြစ်ပုံရတဲ့ အပင်ပျိုတစ်ခုဆီ လျှောက်သွားပြီး ဖေဖေရှောင်ကိုပြောကာ
“အဖေ ပေါက်ပြားကိုယူပြီး အပင်နားကမြေကြီးတွေကို ဖွပေးဦး”
ဖေဖေရှောင်က အနည်းငယ်နားမလည်နိုင်ဖြစ်သွားပေမယ့် လိုက်နာလိုက်သည်။ သူနဲ့ အကြီးဆုံးဦးလေးရှောင်က ပေါက်ပြားကိုင်ပြီး မြေကြီးကို စတင်ကော်လိုက်သည်။ သူတို့က တစ်ပေနက်တဲ့အထိ ၎င်းကိုတူးလိုက်သည်။
“ရပ်လိုက်တော့!”
ရှောင်လင်းယွီက တူးထားတဲ့မြေကြီးထဲက တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
ဖေဖေရှောင်နဲ့ အကြီးဆုံးဦးလေးရှောင်ကလည်း ၎င်းကို သတိပြုမိလိုက်သည်။ ဖေဖေရှောင်က လည်ဆန့်လိုက်ပြီး အဖြူရောင်သန်ကောင်ကို ဖမ်းလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာနဲ့
“ဟယ်လ်လဖိုင်းသန်ကောင်လား?”
အကြီးဆုံးဦးလေးရှောင်က ပိုးကောင်နဲ့တူတဲ့ သန်ကောင်ကိုကြည့်လိုက်ပြီး
“ငါတို့တွေ အကြောင်းရင်းကို တွေ့သွားပုံပဲ”
ပြီးနောက်မှာ သူက နားမလည်နိုင်စွာမေးကာ
“ဒါပေမယ့် ငါတို့က တောင်တွေကိုရှင်းပြီး ပင်ပျိုတွေကို စိုက်ထားရုံပဲရှိသေးတာ။ ဘယ်လိုလုပ်ဟယ်လ်လဖိုင်းရှိနေရတာလဲ? တစ်တောင်လုံးမှာ သူတို့တွေသွားလာနေတာလား?”
ယေဘုယျပြောရရင် ဟယ်လ်ဖိုင်းတွေကို အသစ်စက်စက်ပြုပြင်ထားတဲ့လယ်မြေတွေမှာ မတွေ့ရတတ်ပေ။ ဟယ်လ်ဖိုင်းတွေက သီးနှံတွေအတွက် မကောင်းတဲ့ ဆားဓာတ်ပါဝင်မှုများတဲ့နေရာတွေကို ပိုကြိုက်ကြသည်။ ဒါကြောင့် သစ်သီးပင်တွေက ဟယ်လ်လဖိုင်းတွေဆီကနေ ပိုးဝင်ခံရလိမ့်မယ်လို့ သူတို့ထင်မထားခဲ့ပေ။
ဆားမြေပေါ်မှာ ဘာပဲဖြစ်ဖြစ် ကြီးထွားဖို့ခက်သည်။ ဒီဟယ်လ်လဖိုင်းတွေသေသွားပြီးရင် သူတို့က ဆားအကြွင်းအကျန်တွေကို ချန်ရစ်ခဲ့သည်။ ဆားကျန်တွေကြောင့် အနီးအနားနေရာက သစ်ရွက်တွေက အဝါရောင်ပြောင်းပြီး ညှိုးသွားကြသည်။
ဖေဖေရှောင်က နားမလည်နိုင်ဖြစ်သွားသည်။
“ဘာလို့ ဒီမှာ ဟယ်လ်လဖိုင်းတွေ ရှိနေရတာလဲ?”
သစ်ရွက်တွေ အဝါရောင်ပြောင်းသွားဖို့ အနည်းဆုံး ဟယ်လ်လဖိုင်းနှစ်ကောင် ရှိဖို့လိုသည်။ သူတို့တွေ ဟယ်လ်လဖိုင်းတွေရှာရမည်။ မဟုတ်ရင် သစ်ပင်တွေ သေသွားနိုင်သည်။
ရှောင်လင်းယွီက ခနလောက်စဉ်းစားလိုက်ပြီး
“အဲ့ဒါက ရေနဲ့တစ်ခုခုဆက်စပ်နေရမယ်”
တစ်နည်းပြောရရင် ၎င်းက စမ်းရေနဲ့ ဆက်စပ်နေဖို့များသည်။ ဆားမှာ ဘတ်တီးရီယားနဲ့ဆိုင်ပြီး ပိုးသတ်တဲ့သက်ရောက်မှုတချို့ ပါဝင်နေသည်။ ဒါပေမယ့်လည်း ဖြေရှင်းချက်တစ်ခုတည်းကတော့ အရာအားလုံးကို မဖြေရှင်းနိုင်ပေ။
ဘတ်တီးရီးယားတော်တော်များများက ဆားကြောက်ကြပေမယ့် သူတို့ထဲကတချို့က ၎င်းနဲ့ ရှင်သန်ကြသည်။ အကောင်းဆုံးဥပမာကတော့ ဟယ်လ်လဖိုင်းတွေပဲ ဖြစ်သည်။ လူတွေစားသုံးနေတဲ့ဆားက ပြုပြင်ထားပြီး စစ်စီထားသည်။ ဒါကြောင့် ၎င်းတို့ကို ချက်တဲ့ပြုတ်တဲ့ထဲမှာ တွေ့မှာကို စိတ်ပူစရာမလိုပေ။ တစ်ကောင်လောက်ကို မတော်တဆစားမိသွားရင်တောင် ဟယ်လ်လဖိုင်းတွေက အစာအိမ်ထဲမှာ မရှင်သန်နိုင်တဲ့အတွက် ၎င်းကအဆင်ပြေသည်။
စမ်းရေက အရမ်းအာဟာရပြည့်သည်။ ၎င်းက သောက်သုံးသူကို အာဟာရပြည့်ဝစေသည်။ ဖြစ်နိုင်တာကတော့ ၎င်းက ဟယ်လ်လဖိုင်းတွေကို ဆွဲဆောင်လိုက်တာဖြစ်မည်။ အတည်ပြုဖို့တော့ လိုတာပေါ့။
“ဘာရယ်?”
ဖေဖေရှောင်က အံ့ဩသွားသည်။ သူ့ရဲ့သမီးက စမ်းရေကိုဆိုလိုနေမှန်း သူသဘောပေါက်လိုက်သည်။ ၎င်းသာ အမှန်ဆိုရင် သူတို့က ရေကိုထပ်ပြီး အသုံးမပြုနိုင်တော့ဘူးလို့ ဆိုလိုနေသည်။
ဒါဆိုရင် သူတို့ဘာလုပ်ရတော့မှာလဲ?
ရှောင်လင်းယွီက ခေါင်းခါကာ
“ပြောဖို့တော့ခက်တယ်။ အမေပြန်လာဖို့ သမီးတို့အရင်စောင့်ရအောင်”
ဖေဖေရှောင်ရဲ့အမူအယာက စိုးရိမ်နေသည်။
ရှောင်လင်းယွီက ပြုံးကာ
“အဖေ မစိုးရိမ်ပါနဲ့။ ဟယ်လ်လဖိုင်းတွေက ဖျက်စီးဖို့လွယ်ပါတယ်။ သမီးတို့တွေ ထုံးကျောက်နည်းနည်းဖြူးလိုက်ဖို့ပဲလိုတာ”
ဟယ်လ်လ်ဖိုင်းတွေက ဆားကိုသဘောကျသည်။ ဒါကြောင့် အယ်လ်ကာလီတွေက သူတို့ရဲ့ သဘာဝရန်သူဖြစ်သည်။ သူတို့တွေ အယ်လ်ကာလီကို ကြုံတွေ့လိုက်ရတာနဲ့ တွန့်ရှုံ့ပြီး သေသွားလိမ့်မည်။ ဒါကြောင့် သူတို့က ကိုင်တွယ်ဖို့လွယ်ကူတဲ့ အဖျက်ကောင်တွေပဲ ဖြစ်သည်။ သူတို့တွေက စမ်းရေဆီကနေ ဆွဲဆောင်ခံလိုက်ရရင်တောင် တူညီတဲ့ဟန်ကြောင့်ပဲ အဆုံးသတ်ခံရနိုင်သည်။ ကိစ္စတွေကို ကယ်တင်လို့ရနိုင်သေးသည်။
ဖေဖေရှောင်ရဲ့မျက်လုံးတွေ လင်းလက်သွားသည်။ သူက သူ့ခေါင်းနောက်ကို ပုတ်လိုက်ပြီး ပြုံးကာ
“ဟားဟား သမီးပြောတာ ဟုတ်သားပဲ”
ဒါပေမယ့်လည်း ရှောင်လင်းယွီအဖို့တော့ ဒါကကောင်းတဲ့ကိစ္စတစ်ခုပဲ ဖြစ်သည်။ ဒီနည်းလမ်းနဲ့ဆို သူမရဲ့သီးနှံတွေကအရမ်းထူးခြားတယ်လို့ ရွာသားတွေထင်မှာ မဟုတ်တော့ပေ။ သူမရဲ့သီးနှံတွေသာ ဆက်ပြီးကြီးထွားနေရင် တစ်ယောက်ယောင်ကတော့ တစ်စုံတစ်ခုကို ဧကန်သံသယရှိလာတော့မည်။
လူတိုင်းက နွားဘုရင်ငယ်လေးဆီက မစင်ကိုသုံးနေကြတာလေ။ ဒါဆို ဘာလို့ ရှောင်လင်းယွီက သူတို့သီးနှံတွေထက် အများကြီးပိုသာတဲ့သီးနှံတွေကို စိုက်ပျိုးနိုင်နေရတာလဲ?
ဟယ်လ်လဖိုင်းတွေရဲ့ရောက်ရှိလာမှုက သူတို့ရဲ့ သံသယရှိမှုကို လျော့ကျစေသည်။ ရှောင်လင်းယွီရဲ့သီးနှံတွေက လူတိုင်းရဲ့ဟာလိုပဲ ရောဂါကူးစက်နိုင်တယ်လို့ ၎င်းကဆိုလိုနေသည်။
သူတို့ခနလောက်ထပ်စောင့်ခဲ့ပြီးနောက် မေမေရှောင်က ရေတစ်ပုလင်းနဲ့ ရောက်လာသည်။ မေမေရှောင်က ရေပုလင်းကို ရှောင်လင်းယွီကို ပေးလိုက်သည်။
ရှောင်လင်းယွီက
“ဦးလေး၊ ပိုးကောင်ကို မြေကြီးပေါ် ချလိုက်ပါ့လား?"
ဦးလေးရှောင်က ပြောသလို လုပ်လိုက်သည်။
ရှောင်လင်းယွီက အဖုံးကိုလှည့်လိုက်ပြီး ပိုးကောင်ပေါ်ကို ရေကိုတည့်တည့်လောင်းချလိုက်သည်။ အကောင်က တွန့်လိမ်သွားသည်။ ၎င်းရဲ့ခေါင်းက ရေကိုစုပ်နေသလိုမျိုး ဘယ်ညာလှည့်နေသည်။ ပြီးနောက်မှာ ပိုးကောင်က အရင်ကထက် ပိုပြီးကြီးလာတာကို သူတို့မျက်လုံးတွေနဲ့ မြင်လိုက်နိုင်သည်။ ဟယ်လ်လဖိုင်းက စမ်းရေဆီကနေ ထုတ်နုတ်ခံလိုက်ရတယ်ဆိုတာကို ၎င်းက သက်သေပြခဲ့သည်။
အကြီးဆုံးဦးလေးရှောင်က အံ့အားသင့်စွာ မေးလိုက်သည်။
“ယွီအာ ဒါဘယ်လိုရေမျိုးလဲ?”
ရှောင်လင်းယွီက အရမ်းတည်တည်ငြိမ်ငြိမ်နဲ့
“ဒါသာမန်ရေမဟုတ်ဘူး။ ရှောင်ကွမ်းရဲ့ မစင်ကိုသုံးပြီး ထူးခြားတဲ့တစ်ခုကိုပြုလုပ်ဖို့ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီက သမီးမိတ်ဆွေကို တောင်းထားတာ”
အဲ့ဒီအချိန်မှာ ရှောင်လင်းယွီက ရည်ရွယ်ချက်ရှိရှိနဲ့
“ဦးလေး ဒါက လက်တွေ့စမ်းသပ်ချက်တစ်ခုတင်။ ပမာဏအများကြီးမရှိဘူး။ ဦးလေးလျှို့ဝှက်ထားဖို့ သမီးမျှော်လင့်တယ်”
အကြီးဆုံးဦးလေးရှောင်က ၎င်းရဲ့အရေးပါမှုကို ရှင်းရှင်းလင်းလင်းသိလိုက်သည်။ သူက ခေါင်းညိတ်ကာ
“သေချာတာပေ့ါ”
ကုန်းထျန်းဟောက်အတွက်ကတော့ သူကလယ်သမားမဟုတ်တဲ့အတွက် ဒီအကြောင်းကို ဂရုမစိုက်ပေ။
ရှောင်လင်းယွီက မြေကြီးပေါ်က ပိုးကောင်ကိုကြည့်လိုက်သည်။
“ကြည့်ရတာ ကျွန်မတို့တွေ ပြဿနာအရင်းအမြစ်ကို တွေ့သွားပုံပဲ။ အဖေ ဦးလေး၊ ထုံးကျောက်ဝယ်ဖို့ တစ်ယောက်ယောက်ခေါ်လိုက်ပါ။ အမေ ရှောင်ကွမ်းရဲ့မစင်က ဟယ်လ်လဖိုင်းတွေကို ဆွဲဆောင်နိုင်တယ်လို့ ရွာသားတွေကို ပြောပေးပါဦး။ ပြီးတော့ သူတို့ဟာအတွက်လည်း ထုံးကျောက်တွေ ပြင်ခိုင်းထားလိုက်ဦး”
မေမေရှောင်က ခေါင်းညိတ်ကာ
“ဟုတ်ပြီ”
ပြီးနောက်မှာ သူမက ရှောင်လင်းယွီကိုကြည့်ဘိုက်ပြီး စိတ်လေးစွာနဲ့
“ယွီအာ၊ သမီးတစ်နေ့ခင်းလုံး အလုပ်များနေတာ။ သွားပြီး အနားယူလိုက်ဦး။ အမေတို့တွေ ကျန်တာကို ဂရုစိုက်လိုက်မယ်”
“ဟုတ်ကဲ့!”
ပြီးတော့ သူမက ကိုယ်ဝန်ရှိနေတာလေ။ သူမ ခနလောက်မတ်တပ်ရပ်နေလိုက်တာနဲ့ကို ပင်ပန်းလာသည်။
“ဒါဆိုရင် အဖေ အမေ ဦးလေး၊ ကျွန်တော်တို့ အရင်သွားဦးမယ်"
ကုန်းထျန်းဟောက်က ပြောလိုက်ပြီး ရှောင်လင်းယွီပြန်ဖို့ ကူညီပေးလေသည်။
***