← Chapters

အဆုံးမရှိတဲ့ငွေတွေ

Vol. 26 Ch. 434

အဆုံးမရှိတဲ့ငွေတွေ

Vol. 26 Ch. 434

ဟယ်လ်လဖိုင်းတွေကြောင့် အပင်ပျိုတွေက ညှိုးလာတယ်ဆိုတာကိုကြားတော့ ရွာသားတွေ အံ့ဩကုန်ကြသည်။ ဟယ်လဖိုင်းတွေက ဆားမြေပေါ်မှာ ရှင်သန်ကြီးထွားကြမှန်း သူတို့သိသည်။

ဒါပေမယ့် ဘာလို့ တောင်တွေမှာ ဆားမြေတွေရှိနေတာလဲ?

တောင်ရဲ့မြေဆီလွှာသာ ဆားပါနေခဲ့ရင် အရင်က တောင်တွေပေါ်မှာ သစ်ပင်တွေနဲ့ ဆေးပင်တွေ ကြီးထွားပေါက်ရောက်စေနိုင်မှာ မဟုတ်ပေ။ နောက်ပိုင်းကျ ဟယ်လ်လဖိုင်းတွေက နွားဘုရင်ငယ်လေးရဲ့မစင်ကိုအသုံးပြုမှုကြောင့် လာခဲ့ကြတာလို့ ရှောင်မိသားစုပြောတာကို ကြားခဲ့ကြသည်။ နွားဘုရင်ငယ်လေးရဲ့မစင်က ဆားပမာဏတချို့ပါဝင်သည်။ ၎င်းက ဟယ်လ်လဖိုင်းတွေကို ဆွဲဆောင်လိုက်တာဖြစ်နိုင်သည်။

၎င်းက ရွာသားတွေရဲ့သံသယတွေကို ရှင်းလင်းစေခဲ့သည်။ ဟယ်လ်လဖိုင်းတွေက ဖျက်စီးတတ်ပေမယ့်လည်း သူတို့ကိုပထုတ်ဖို့ မခက်ခဲပေ။ သူတို့တွေလုပ်ဖို့လိုတာက ထုံးကျောက်တချို့ဖြူးလိုက်ဖို့ ဖြစ်သည်။ ၎င်းအကျိုးကြောင့် ထောင်ယွမ်ရွာက အိမ်ထောင်စုတိုင်းက ထုံးကျောက်မှုန့်ဝယ်ယူဖို့ မြို့ကိုသွားခဲ့ကြသည်။ ၎င်းက ‌ရောင်းချသူတွေကို အရမ်းပျော်ရွှင်စေသည်။

အိမ်ထောင်စုတိုင်းက ကျင်အနည်းငယ်ပဲဝယ်ရင်တောင် ထောင်ယွမ်ရွာတစ်ရွာလုံး စုပေါင်းလိုက်ရင် ၎င်းက ထုံးကျောက် ကျင်ပေါင်းများစွာဖြစ်သည်။ ၎င်းက စီးပွားရေးကြီးတစ်ခုပဲဖြစ်သည်။

ရှောင်လင်းယွီက အရမ်းများပြားတဲ့ ပမာဏကိုလိုအပ်သည်။ ဒါကြောင့် ရှောင်မိသားစုက ကားကိုအသုံးပြုခဲ့ပြီး ထုံးကျောက်တွေစုဆောင်းဖို့ အနီးအနားမြို့တွေဆီသွားခဲ့ကြသည်။

ရွာသားတွေက ထုံးကျောက်တွေဝယ်ပြီးတော့ အမှုန့်ဖြစ်အောင် ချေလိုက်ပြီး မြေကြီးပေါ်ဖြူးလိုက်သည်။ သူတို့အများစုမှာ သေးငယ်တဲ့လယ်ခင်းတွေရှိကြသည်။ အသီးအနှံခင်းတွေက တစ်မူနှစ်မူပဲရှိသည်။ ရှောင်လင်းယွီ အသီးအနှံအားလုံးကို ဝယ်မယ်လို့ ကတိပေးထားပေမယ့်လည်း သူမက အရည်အသွေးအပေါ်မှာပဲ ဈေးပေးသည်။ အရည်အသွေးပိုကောင်းလေ ဈေးပိုမြင့်လေဖြစ်သည်။ ဒါကြောင့် ရွာသားတွေက သူတို့ရဲ့သီးနှံတွေကို အသေးစိတ်ဂရုစိုက်ကြပြီး မိသားစုကို ဝင်ငွေပိုရှာပေးနိုင်ဖို့ မျှော်လင့်နေကြသည်။

တောင်စာချုပ်တွေကြောင့် ရွာသားအများစုက ကောင်းကောင်းအဆင်ပြေနေကြပြီဖြစ်သည်။ ဒါပေမယ့်လည်း ပိုက်ဆံအများကြီးရှိလာလို့ဆိုပြီး ဘယ်သူမှ အထွန့်တက်ကြမည်မဟုတ်ပေ။

လူတိုင်းက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတုန်း သူတို့တွေ စတင်စကားပြောခဲ့ကြသည်။

“ကျန်းယန်က ဒီနေ့အလုပ်လုပ်ဖို့ လူနည်းနည်းထပ်ခန့်ထားတယ်”

သူ့စကားထဲမှာ မနာလိုမှုတချို့ပါနေသည်။

“ချန်းပန်းရဲ့မိသားစုက ရှောင်ကျန်းယန်တို့မိသားစုနဲ့ မိတ်ဆွေကောင်းတွေပဲ။ သူ့မိသားစုဆို အလုပ်ခန့်ပြီးနေပြီ”

“မင်းမှန်တယ်။ သူတို့တွေလူနည်းနည်းပဲလိုရင် ရှောင်ချန်းပန်းနဲ့ ရှောင်ချန်းချွန်းတို့ရဲ့မိသားစုတွေကိုပဲ ခန့်ကြလိမ့်မယ်။ ရှောင်မိသားစုက အလုပ်သမားတွေပိုလိုမှ ငါတို့က အလုပ်ခန့်ခံရမှာ”

တချို့တွေက ကျေနပ်နေကြပြီဖြစ်သည်။ သူမက

“အဲ့ဒါလည်းအရမ်းမဆိုးလှပါဘူး။ ရှောင်မိသားစုအတွက် အလုပ်လုပ်ပေးတာနဲ့တင် ကျွန်မမိသားစုက အခုဆို ၃၀၀၀နီးနီးရတယ်။ စဉ်းစားကြည့်လိုက်လေ။ အရင်က ဒါမဖြစ်နိုင်တာပဲ။ ရွာထဲမှာ လျှောက်သွားဖို့ ဘာအလုပ်တစ်ခုတစ်လေမှမရှိဘူး။ ကျွန်မတို့က စုဆောင်းဖို့မပြောနဲ့ စားဖို့သောက်ဖို့အတွက် ငွေရှိရုံလေးတင်။ အခု ရှောင်မိသားစုက မြေပဲတွေနဲ့ ပဲပိစပ်တွေအများကြီးစိုက်ထားတော့ အပိုအလုပ်တွေလာနေပြီလေ”

“နင်မှန်တယ်”

တစ်ယောက်က သဘောတူလိုက်သည်။

“ငါတို့ရွာမှာ သူတို့တွေမပျင်းရိနေသရွေ့ ပိုက်ဆံနည်းနည်းတော့စုနိုင်တယ်။ ငါတို့မှာအခု အိမ်အသစ်တွေဆောက်ဖို့နဲ့ ငါတို့ကလေးတွေရဲ့ အိမ်ထောင်ရေးကိုကူညီဖို့ ငွေရှိနေပြီ”

“ပြောရရင် တောင်တွေပေါ်မှာ ဟယ်လ်လဖိုင်းတွေ ကြီးလာလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ။ သူတို့အပင်ပျိုတွေ အရမ်းဝါနေတာ အံ့ဩစရာမရှိတော့ဘူး”

“ဟုတ်တယ်။ ဟယ်လ်လဖိုင်းတွေက ပုံမှန်ဆို ဆားပါတဲ့မြေတွေကို ပိုသဘောကျတယ်။ သူတို့သာ ဒါကိုစောစောမတွေ့ဘဲ အဖျက်ကောင်တွေကို မှန်မှန်ကန်ကန်မကိုင်တွယ်ဘူးဆိုရင် အပင်ပျိုတွေအားလုံး သေသွားနိုင်တယ်”

“သစ်သီးပင်တွေ၊ ပဲပိစပ်တွေနဲ့ မြေပဲပင်တွေက ရှောင်မိသားစုကို ငွေအတော်လေးဆုံးရှုံးစေလိမ့်မယ်။ ဒါ့ပြင် ရှောင်လင်းယွီက ဒီအပင်ပျိုတွေကိုဝယ်ဖို့ အနည်းဆုံးနှစ်သန်းလောက်သုံးထားတယ်လို့ ငါကြားတယ်”

လူတွေက ပင့်သက်ရှိုက်သွားကြသည်။

“ရှောင်လင်းယွီက ပိုပိုပြီးချမ်းသာလာတာပဲ။ သူက တောင်တွေကိုငှားဖို့ သန်းနည်းနည်းသုံးပြီး အလုပ်လုပ်ဖို့ လူတွေအများကြီးခန့်လိုက်တယ်။ အခု သူက ပင်ပျိုတွေဝယ်ဖို့ အများကြီးသုံးနေပြန်ပြီ။ သူ့ရဲ့ပိုက်ဆံက အလွယ်တကူမကုန်နိုင်သောပဲ”

“မဟုတ်သေးဘူး။ သူက ဘဏ်ကနေ ငါးသန်းခြောက်သန်းလောက် ချေးထားတယ်လို့ ငါကြားတယ်”

“ဘဏ်က သူ့ကို ပိုက်ဆံတွေ ချေးပေးချင်တယ်လား?”

“အရင်က ငါတို့က ငွေအပ်ဖို့ပဲ ဘဏ်သွားဖို့ သိခဲ့ကြတာ။ ဘဏ်က လူတွေကို ပိုက်ဆံချေးပေးမယ်လို့လည်း ဘယ်သူကတွေးမိမှာလဲ? ဒါပေမယ့် သူက ဘဏ်ကနေ ပိုက်ဆံတွေအများကြီးချေးလိုက်တယ်။ သူ့ရဲ့မိသားစုက ဘဏ်ကိုပိုင်တာလား?”

ရွာသားတွေက ၎င်းကို မယုံနိုင်ဖြစ်နေကြသည်။

“ဒါပေမယ့် ဒါက သူလုပ်နိုင်စွမ်းရှိလို့လေ။ ဘဏ်က လူတွေကို အလကားသက်သက်ပိုက်ဆံမချေးဘူးလို့ ငါကြားဖူးတယ်။ စိတ်ဝင်စားမှုများတာဆိုတာ ရှိတယ်။ ငါးသန်းက နှစ်နှစ်စာတည်းအတွက် ချေးငွေလို့ ချိုးယင်ငါ့ကိုပြောဖူးတယ်။ နှစ်နှစ်ပြီးရင် သူ ခြောက်သန်း‌ပြန်ပေးရမှာ”

“ခြောက်သန်း၊ အပိုတစ်သန်းရှိနေတာပဲ”

“ဒါဘာလို့ လူတိုင်းက ဘဏ်ကနေ ပိုက်ဆံမချေးနိုင်လဲဆိုတာလေ။ ဘဏ်က ငါတို့လိုလူတွေကို ပိုက်ဆံချေးချင်မယ်ထင်လား?”

နောက်ဆုံးမှာတော့ ခေါင်းစဉ်က ပြန်ရောက်လာပြန်သည်။

“ရှောင်ကျန်းယန်ရဲ့မိသားစုက ဒီဟယ်လ်လဖိုင်းတွေကို အချိန်မီရှာတွေ့သွားတာ ကောင်းတဲ့ကိစ္စပဲ။ မဟုတ်ရင် အကျိုးဆက်တွေက စိတ်မကူးရဲစရာဖြစ်လာလိမ့်မယ်”

“ဟုတ်တယ် သူတို့တွေ သန်းချီ‌ဆုံးရှုံးမှာ”

“သူတို့ကိုရှာတွေ့ခဲ့တာ ရှောင်လင်းယွီလို့ ငါချိုးယင်ဆီက ကြားခဲ့တယ်”

“သူက တကယ်တော်တာပဲ”

“ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က မကြာခင်လက်ထပ်တော့မှာလေ။ ပြီးတော့ နေ့စွဲတောင်သတ်မှတ်ပြီးပြီ”

“သူတို့နှစ်ယောက်လုံးက ငယ်ရွယ်ပြီး တစ်ယောက်ကိုတစ်ယောက် သဘောကျကြတယ်။ ကလေးအကျိုးအတွက်ဆိုရင်တောင် သူတို့တွေ ကလေးမမွေးလာခင် သေချာပေါက် လက်ထပ်လို့ရတယ်”

“ကလေးက သခင်လေးကုန်းနဲ့ တကယ်ဆိုင်တာလို့ နင်တို့ထင်လား?”

“ဖြစ်သင့်တာပဲလေ။ ‌ရက်သတ်မှတ်ပြီးတော့ သခင်ကြီးကုန်းဘယ်လောက်ပျော်သွားလဲဆိုတာ နင်မမြင်ဘူးလား? သူ့‌မြစ်လေးမွေးလာရင် စားသောက်ပွဲအတွက် တစ်ရွာလုံးကိုဟိုတယ်ဖိတ်မယ်လို့ သူလူတိုင်းကိုပြော‌တယ်။ ရွာသားတွေ လေယာဉ်စီးရဖို့တောင် သူကတိပေးထားသေးတယ်”

“အဲ့ဒီမိသားစုက ဘယ်လောက်တောင်ချမ်းသာတာလဲ? ငါတို့ရွာထဲမှာ မိသားစုရာပေါင်းများစွာရှိတယ်။ ဟိုတယ်ကြီးတစ်ခုမှာ စားသောက်ပွဲလုပ်ဖို့ တကယ်ဈေးကြီးမှာပဲ”

“သူပြောတာပဲလေ။ သူကတိတည်နိုင်မလား မတည်နိုင်ဘူးလားဆိုတာကို ငါသိချင်မိတယ်”

***

All Chapters