စုံစမ်းစစ်ဆေးမှု
Vol. 26 Ch. 435
“ဘော့စ် ဘော့စ်”
ကုန်းထျန်းဟောက်က သူ့လက်အောက်ငယ်သားတွေနဲ့ နိုင်ငံတကာအစည်းအဝေးလုပ်နေတုန်း စစ်ထူရှင်း က ရုတ်တရက် ဇွတ်ဝင်လာပြီး ကျယ်လောင်စွာအော်ကာ
“ဆိုးရွားတာတစ်ခုခုတော့ ဖြစ်နေပြီ”
ကုန်းထျန်းဟောက်က သူ့ခေါင်းကို လှည့်ပြီး စစ်ထူရှင်းကိုအော်လိုက်တော့သည်။
“ထွက်သွားစမ်း!”
စစ်ထူရှင်းက အနည်းငယ်ရှက်သွားပြီး မတရားအအော်ခံလိုက်ရပုံပေါ်သည်။ သူက သူ့နှာခေါင်းကိုကိုင်လိုက်ကာ အသံတိုးတိုးနဲ့
“ကောင်းပြီလေ။ ကျွန်တော်ထွက်သွားမယ်။ ဘော့စ်အစည်းအဝေးပြီးမှပဲ မရီးကိုတစ်ယောက်ယောက်က စုံစမ်းနေတယ်ဆိုတာကို ဘော့စ်ကိုပြောပြတော့မယ်”
“နေဦး ပြန်လာခဲ့!”
ကုန်းထျန်းဟောက်ရဲ့နားတွေက အတော်လေးပါးတာကြောင့် စစ်ထူရှင်း ရေရွတ်တာကို ကြားလိုက်သည်။ သူက အစည်းအဝေးကိုပိတ်လိုက်ပြီး အကြည့်စူးစူးပစ်လွှတ်လိုက်ကာ
“တစ်ယောက်ယောက်က ယွီအာအကြောင်း စုံစမ်းနေတယ်လို့ မင်းပြောလိုက်တာလား?”
စစ်ထူရှင်းက ခေါင်းညိတ်ကာ
“ဟုတ်တယ်။ တစ်ယောက်ယောက်က မရီးကိုစုံစမ်းနေတယ်။ ကျွန်တော်တို့လူတွေ သူတို့ကို ဖမ်းလိုက်တယ်။ စစ်မေးပြီးသွားတော့ သူတို့က ကျန်းမိသားစုဆီကနေ မရီးကိုစုံစမ်းဖို့ အမိန့်ပေးထားတယ်လို့ ကျွန်တော်တို့ကိုပြောတယ်။ သူတို့က ကျန်းမိသားစုရဲ့ လုပ်ကြံရေးသမားတွေပဲ”
အဲ့ဒီအချိန်မှာ သူ့ရဲ့မျက်နှာက ဒေါသတွေနဲ့ပြည့်သွားပြီး အသံကျယ်ကျယ်ပြောကာ
“ဒါက အဘိုးကြီးကျန်းဆီက အမိန့်ပဲဖြစ်ရမယ်။ ဒီအဘိုးကြီး သူဘာလို့အရမ်းစပ်စုနေရတာလဲ? ဘာလို့ သူမရီးကို ရုတ်တရက် စုံစမ်းနေရတာလဲ?”
ကုန်းထျန်းဟောက်ရဲ့ပုံက တင်းမာသွားပြီး သူ့မျက်လုံးတွေက အန္တရာယ်များသည့်အရိပ်အယောင်များ လက်လာသည်။
“ထောင်ကျီက ပြန်သွားပြီးရုံကို သခင်ကြီးကျန်းက ချက်ချင်းလူတွေလွှတ်လိုက်တယ်။ သူ သတင်းနည်းနည်းရထားတာပဲ ဖြစ်ရမယ်”
“သူနောက်ဆုံးတစ်ခေါက် လွှတ်လိုက်တဲ့သူတွေက အကုန်ကြားဖြတ်ခံလိုက်ရပြီ။ သူဘာမှမရလိုက်ဘူး။ ကြည့်ရတာ သူလက်မလျှော့သေးဘူးနဲ့ တူတယ်”
စစ်ထူရှင်း က အနည်းငယ်နားမလည်နိုင်ဖြစ်သွားပြီး ထပ်မေးကာ
“ဒါပေမယ့် ဘော့စ်၊ ဘာလို့ အဘိုးကြီးကျန်းက ရုတ်တရက်ကြီး မရီးကိုစုံစမ်းချင်ရတာလဲ?”
“ဘာလို့လဲဆိုတော့ ထောင်ကျီက ယွီအာကို သဘောကျနေလို့လေ။ သခင်ကြီးကျန်းက ရှာတွေ့သွားတာနေမှာပေါ့”
ကုန်းထျန်းဟောက်က ဘာကိုမှ ဖုံးကွယ်မနေပေ။ ဒါ့အပြင် ဘာကိစ္စကိုမှ ထပ်ဖုံးကွယ်ဖို့ မမလိုတော့ဘူးလေ။ သူနဲ့ ရှောင်လင်းယွီက ချစ်ကြိုက်နေကြပြီဖြစ်ပြီး စေ့စပ်တော့မှာ ဖြစ်သည်။ ထောင်ကျီက ယွီအာကို သဘောကျရင်တောင် သူကအရမ်းသဘောထားပြည့်သည်။ သူက သူတို့ရဲ့ဆက်ဆံရေးကို ကြားဝင်မှာမဟုတ်ပေ။
“အမ်?”
စစ်ထူရှင်း က အံ့ဩသွားသည်။
“အဲ့ဒီရေခဲတုံးက တကယ် မရီးကိုကြိုက်တာလား? မရီးကရောသိလား?”
ပြီးနောက်မှာ သူ့မျက်လုံးတွေက ပြင်းပြတဲ့အတင်းအဖျင်းပြောချင်စိတ်တွေနဲ့ ပြည့်သွားသည်။ သခင်လေးကျန်းနဲ့ သူ့ဘော့စ်က တကယ့်ကို သူငယ်ချင်းကောင်းတွေဖြစ်သည်။ သူတို့သဘောကျနေတဲ့လူက တူညီတဲ့မိန်းကလေးဖြစ်နေရင်တောင် ဖြစ်သည်။
ဒါပေမယ့်လည်း သူ့ဘော့စ်က ပိုသာသည်။ သူက မရီးကို ကိုယ်ဝန်ရှိပြီးစေလေပြီ။ ရှောင်လင်းယွီက သူ့ကိုမကြိုက်ရင်တောင် ကလေးက သူ့ဘော့စ်အတွက် ကြီးမားတဲ့အကူအညီပဲဖြစ်သည်။ ဒါပေမယ့် ကံကောင်းစွာပဲ သူ့ဘော့စ်ရဲ့ကြိုးစားမှုတွေက ရောင်ပြန်ဟပ်လာသည်။
စစ်ထူရှင်းရဲ့မျက်လုံးတွေက လက်ခနဲဖြစ်သွားကာ စူးစမ်းစွာမေးရင်း
“ဘော့စ်၊ ဘော့စ်နဲ့ သခင်လေးကျန်းက မိန်းကလေးတစ်ယောက်တည်းကို ကြိုက်နေတာပဲ။ ဒါကြောင့် ဘော့စ်တို့ စကားများထားတာလား?”
ကုန်းထျန်းဟောက်က သူ့ကို မျက်စိကစားပြလိုက်ကာ မပျော်မရွှင်နဲ့
“မင်းတီဗီဒရာမာကြည့်တာ အရမ်းများသွားတာလား။ မင်းကိုစိတ်ပျက်စေလို့တော့ စိတ်မကောင်းပါဘူး။ ငါတို့တွေ စကားများမထားဘူး”
ထောင်ကျီက အရမ်းသဘောထားကြီးတဲ့ ယောက်ျားတစ်ယောက်ဖြစ်သည်။ ပြီးတော့ သူ ရှောင်လင်းယွီကို သဘောကျတာကြောင့်ပဲ သူမနဲ့အတူမရှိနိုင်ပေ။ ဒါကြောင့် သူရပ်တန့်လိုက်သည်။
စစ်ထူရှင်း၊ “…”
ဘာလို့ သူတို့ စကားမများတာလဲ?
စိတ်ပျက်စရာကြီး!
ကုန်းထျန်းဟောက်က သူ့ကို တစ်ချက်ကြည့်ကာ
“ဘာလို့လဲ? မင်းစိတ်ပျက်သွားတာလား?”
စစ်ထူရှင်းကသာ ဟုတ်တယ်လို့ပြောရင်တော့ ပညာအပြခံရတော့မည့်ပုံပင်။
စစ်ထူရှင်းတစ်ယောက် တသိမ့်သိမ့်တုန်သွားပြီး ခေါင်းခါကာ
“မဟုတ်ပါဘူး ဘယ်ကသာ”
ကုန်းထျန်းဟောက်က စကားလမ်းကြောင်းဆီပြန်သွားကာ
“အဲ့ဒီလူတွေ တစ်ခုခုရှာတွေ့သွားလား? သူတို့တွေ သတင်းပြန်ပို့လိုက်လား?”
စစ်ထူရှင်းက ခေါင်းခါကာ
“သူတို့တွေ ဘာမှရှာမတွေ့သေးဘူး”
“တစ်ခုခုကတော့ မဟုတ်သေးဘူး”
ကုန်းထျန်းဟောက်ရဲ့မျက်လုံးတွေက အေးစက်သွားကာ
“သူတို့တွေ ဘာမှရှာမတွေ့ရင် သခင်ကြီးကျန်းက ဘယ်လိုလုပ်ယွီအာအကြောင်းကို သိမှာလဲ?”
စစ်ထူရှင်းက မတုံ့ပြန်လိုက်မီ ခနလောက် အံ့ဩသွားသည်။ သူက လေးလေးနက်နက်နဲ့
“ဘော့စ်၊ မရီးအကြောင်းသတင်းတွေက သခင်ကြီးကျန်းနားထဲကို ရောက်ပြီးနေလောက်ပြီလို့ ဆိုလိုတာလား။"
ကုန်းထျန်းဟောက်က ခေါင်းညိတ်ကာ
“ဒါဖြစ်နိုင်ချေရှိတာမဟုတ်ဘူး။ သေချာနေတာပဲ”
စစ်ထူရှင်းက အရမ်းဒေါသထွက်သွားကာ အသံကျယ်ကျယ်ဆဲရေးရင်း
“အဲ့ဒီခွေးမသားတွေ၊ သူတို့ကိုအရှင်လက်လက် အရေခွံဆုတ်ပစ်မယ်!”
သူ့ရဲ့စစ်ဆေးမှုအပြီးမှာ သူတို့တွေက မှားယွင်းတဲ့သတင်းပေးလိုက်လိမ့်မယ်လို့ သူမျှော်လင့်မထားခဲ့ပေ။
ကုန်းထျတ်းဟောက်က ခနလောက်စဉ်းစားလိုက်ပြီး
“နောက်ဆုံးတစ်ကြိမ်တုန်းက သခင်ကြီးကျန်းက သာမန်ကင်းထောက်နည်းနည်းပဲလွှတ်လိုက်ပြီး ငါအကုန်လုံးကို ဖုံးဖိလိုက်တယ်။ ဒါပေမယ့်လည်း သခင်ကြီးကျန်းက သတင်းကို တစ်နေရာရာကနေကြားလာပြီး သူ့သံသယတွေ ထပ်တက်လာတယ်။ ဒါကြောင့် သူက ဒီတစ်ကြိမ်မှာ လုပ်ကြံရေးသမားတွေပို့လိုက်တာ။ သူက အမှန်တရားရဲ့ရင်းမြစ်ကို တကယ်ရဖို့လိုတယ်”
ဒီအကြောင်းပြောရင်း သူက ပျက်ရယ်ပြုစွာနဲ့ အထင်အမြင်သေးစွာဖြင့်
“အဘိုးကြီးက ထောင်ကျီအပေါ်မှာ သူ့ထိန်းချုပ်မှုတန်ဖိုးကို သေချာစေတာပဲ။ မိသားစုလုပ်ကြံရေးသမားတွေကို လေ့ကျင့်ဖို့ခက်တယ်။ ဒီလုပ်ကြံရေးသမားတွေက တာဝန်ကို သာမန်မယူဘူး။ ဒါပေမယ့်လည်း သခင်ကြီးကျန်းက ထောင်ကျီကို သက်ရောက်စေတာကို ကာကွယ်ဖို့အတွက်နဲ့ သူတို့ကို အသုံးချခဲ့တယ်။ အဆုံးကျတော့ သူ့လူတွေက ငါတို့လက်ထဲကျသွားတာပဲလေ”
အဲ့ဒီအချိန်မှာ ကျန်းထောင်က ကျန်းမိသားစုရဲ့အင်အားကို အမြန်ဆုံးသိမ်းယူဖို့လိုအပ်မှန်း ကုန်းထျန်းဟောက်သဘောပေါက်သွားခဲ့သည်။ သခင်ကြီးကျန်းက ဒါကိုဆက်လုပ်နေရင် သူက ယွီအာကို ထိခိုက်ရင်း အဆုံးသတ်မှာလား?
လောလောဆယ်မှာ ကုန်းထျန်းဟောက် ယွီအာနဲ့ သူမမိသားစုကိုကာကွယ်ဖို့ အဲ့ဒီမှာ ရှိနေသည်။ ဒါပေမယ့် သူက သတိပေါ့ဆပြီး ယွီအာကိုဖမ်းဆီးဖို့ လုပ်ကြံရေးသမားတွေကို ခွင့်ပြုမိလိုက်ရင်ရော?
ကုန်းထျန်းဟောက်က ခနလောက်တွေးလိုက်ကာ
“လုပ်ကြံရေးသမားတွေကို ဖမ်းထားလိုက်ဦး။ သူတို့ကို မင်းလက်တွေ့စမ်းသပ်ဖို့ ငါလွှဲခဲ့မယ်။ အခု ငါအဘိုးကို စကားသွားပြောလိုက်ဦးမယ်”
စစ်ထူရှင်း “…”
***