← Chapters

သခင်ကြီးကျန်းရဲ့ အံ့ဩသွားမှု

Vol. 26 Ch. 436

သခင်ကြီးကျန်းရဲ့ အံ့ဩသွားမှု

Vol. 26 Ch. 436

သခင်ကြီးကျန်းက သခင်ကြီးကုန်း‌ဆီကနေ ဖုန်းရတော့ ပထမဆုံးပြုံးကာ

“‌ဟေ့ ကုန်း၊ မင်းအခုဘယ်မှာ ပုန်းနေတာလဲ? မင်းအခု ငကြောက်တစ်ကောင်လိုလုပ်နေတာလား?”

သခင်ကြီးကုန်းက ချက်ချင်းပဲ သူ့ကိုဖုန်းထဲကနေ ကြိမ်းမောင်းကာ

“အဓိပ္ပာယ်မရှိတာ၊ ဟေ့ကောင် ကျန်း၊ မင်းကမှ ငကြောက်”

“မင်းက ငကြောက်မဟုတ်ရင် ဘာလို့မင်းကို ငါမြို့တော်မှာ ရှာမတွေ့တာလဲ?”

သခင်ကြီးကျန်းက ပျက်ရယ်ပြုကာ

“မင်းသွားပုန်းနေပြန်တာလား?”

သခင်ကြီးကျန်းက တကယ်တော့ သူ့ကို စမ်းသပ်နေခြင်းဖြစ်သည်။ သခင်ကြီးကုန်းက ဘယ်မှာလဲ‌ဆိုတာကို သူသိချင်သည်။ ဒါမှ သူ ကုန်းမိသားစုတစ်ခုလုံးကို ပြောလို့ရမှာဖြစ်သည်။ သူတို့သိသွားတာနဲ့ သခင်ကြီးကုန်းကို သွားနှောင့်ယှက်ကြလိမ့်မည်။

သခင်ကြီးကုန်းက ကျန်းမာရေးမကောင်းမှန်း သူသိသည်။ အရင်တစ်ခေါက်က သူက သူ့တူဆီကနေ ရန်စခံလိုက်ရပြီး သတိလစ်သွားခဲ့သည်။ သူထပ်ပြီး ရန်စမခံရသင့်တော့ကြောင်း ဒေါက်တာကပြောခဲ့သည်။ ဒါပေမယ့်လည်း သခင်ကြီးကျန်းက သခင်ကြီးကုန်းကို ပိုပြီးဒုက္ခခံရစေချင်သည်။ ၎င်းကနေ သူသေသွားရင် အကောင်းဆုံးပဲဖြစ်သည်။

သခင်ကြီးကုန်းမရှိရင် ကောင်လေးတစ်ယောက်ရဲ့ပဲ့ကိုင်မှုအောက်မှာ ကုန်းမိသားစုတစ်ခုလုံး ရွတ်တွသွားလိမ့်မည်။ ၎င်းက သူ့ရဲ့အိမ်မက်ပဲဖြစ်သည်။

ပြီးတော့ ကျန်းမိသားစုက မကြာခင် ကုန်းမိသားစုကို ကျော်တက်တော့မှာဖြစ်သည်။ သခင်ကြီးကုန်းက အနားမှာရှိနေသရွေ့ ကျန်းမိသားစုက အမြဲတမ်းပဲ ဒုတိယနေရာရောက်နေမည် ဖြစ်သည်။

ကျန်းဟွိုက်ယွမ်က သခင်ကြီးကုန်းနဲ့ သူ့တစ်ဘဝလုံး တိုက်ခိုက်လာခဲ့တာဖြစ်သည်။ ပြီးတော့ သူကအမြဲတမ်းဒုတိယနေရာမှာပဲ ရှိခဲ့သည်။ သူက သခင်ကြီးကုန်းကို ဆွဲချပစ်ချင်သည်။ ဒါမှ ကျန်းမိသားစုက မြို့တော်မှာ အကောင်းဆုံးမိသားစုဖြစ်လာမည်ဖြစ်သည်။

ဒါပေမယ့် သခင်ကြီးကုန်းက အရူးမဟုတ်ပေ။ သူ့ရဲ့ကျန်းမာရေးက တိုးတက်လာတာကို ပြသဖို့ သခင်ကြီးကုန်းက အသံကျယ်ကျယ်နဲ့

“ဟေ့ကောင် ကျန်း၊ ငါက အေးဆေးပြီးငြိမ်သက်တာကိုလိုတယ်လို့ပဲ ဒေါက်တာကပြောတာ။ ဒါပေမယ့် ငါပေကျင်းမှာဆိုရင်တော့ အဲ့လိုနေလို့မရဘူးလေ”

သခင်ကြီးကုန်းရဲ့တက်ကြွတဲ့အသံကို သခင်ကြီးကျန်းကြားတော့ မျက်ခုံးတွေကို တင်းတင်းဆန့်လိုက်သည်။ အဘိုးကြီးရဲ့အသံက နာမကျန်းတာကိုခံစားနေရဖို့ အရမ်းအားကောင်းလွန်းနေသည်။ သူက တကယ်ပဲ ပြန်လည်အားဖြည့်ဖို့ အေးဆေးတဲ့နေရာတစ်ခု ရှာတွေ့သွားတာလား?

'မဖြစ်နိုင်တာ'

သခင်ကြီးကုန်းက ငယ်ငယ်တုန်းက သူ့နှလုံးနားမှာ ကျည်ဆန်ထိခဲ့ဖူးကြောင်း သူသိသည်။ ၎င်းက ခွဲစိတ်ကုသဖို့ မဖြစ်နိုင်ခဲ့ပေ။ ကျည်ဆံက သူ့ကျန်းမာရေးကို ထိခိုက်ခဲ့ပြီး ပုံမှန်ဆို သူက အသံကျယ်ကျယ်စကားမပြောနိုင်ပေ။

ဒါပေမယ့် အခုကျ…

သခင်ကြီးကျန်းက ပြုံးကာ

“ဟေး ကုန်း၊ မင်းအသံက အားအင်တွေပြည့်နေတာပဲ။ ကြားရတာ မင်းပိုကောင်းလာပုံပဲ”

“မင်းထင်သလိုပဲ။"

သခင်ကြီးကုန်းက ပြန်‌ဖြေလိုက်သည်။

“ငါဘာပြဿနာမှမရှိဘဲ နောက်ထပ် ရှစ်နှစ်ဆယ်နှစ်လောက်နေနိုင်တယ်လို့ ဒေါက်တာပြောတယ်”

ရှစ်နှစ် ဆယ်နှစ်!

သခင်ကြီးကျန်းရဲ့ သူငယ်အိမ်တွေ တင်းကျပ်သွားပြီး သူ့အမူအယာက မယုံကြည်နိုင်မှုတွေနဲ့ ပြည့်သွားသည်။

‘အဲ့ဒီကောင်ကုန်းရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းသွားပြီလား?’

သခင်ကြီးကျန်းက ဒါကိုတစိမ့်စိမ့်တွေးနေတုန်း သခင်ကြီးကုန်းက သူ့ခေါ်ဆိုမှုရဲ့ ရည်ရွယ်ချက်ဆီသွားလိုက်သည်။

“ဟေ့ ကျန်း၊ မင်းလတ်တလော မိန်းကလေးတစ်ယောက်ကို စုံစမ်းနေတာလား?”

သခင်ကြီးကျန်းသူငယ်အိမ်တွေ တင်းကြပ်သွားရသည်။

“မင်းဘယ်လိုသိတာလဲ?”

သူက သူ့လုပ်ကြံရေးသမားတွေဆီကနေ ပထမရက်တွေတုန်းက အဆက်မပြတ်တင်ပြချက်တွေရ‌ခဲ့ပေမယ့် အဲ့ဒါပြီးကတည်းက သူတို့တွေလုံးဝတိတ်ဆိတ်နေခဲ့ကြသည်။ သခင်ကြီးကျန်းမှာ မကောင်းတဲ့ခံစားချက်တစ်ခု ရှိနေသည်။

သခင်ကြီးကုန်းက စိတ်ဆိုးမာန်ဆိုးပြောကာ

“ငါဘယ်လုပ်သိရမှာလဲ? မင်းစုံစမ်းဖို့လုပ်နေတဲ့လူက ငါ့မြေးချွေးမပဲ။ အခု သူတို့က ဟောက်အာရဲ့ထိန်းသိမ်းမှုအောက်မှာ။ ဒီအကြောင်းကို ငါမသိဖို့ မင်းဘယ်လိုလုပ်များ မျှော်လင့်နေတာလဲ?”

သခင်ကြီးကျန်းရဲ့မျက်လုံးတွေ တုန်ယင်သွားပြီး ဖုန်းက ပြုတ်ကျတော့မတတ်ဖြစ်သွားသည်။

သူက မယုံနိုင်စွာပြောကာ

“မင်းဘာပြောလိုက်တာ? အဲ့ဒီမိန်းကလေးက မင်းမြေးချွေးမလို့ ပြောလိုက်တာလား?”

“ဟုတ်တယ်လေ”

သခင်ကြီးကုန်းက ခိုင်ခိုင်မာမာပြန်ဖြေလိုက်သည်။ ပြီးတော့ သူက ခပ်တင်းတင်းထပ်ပြောကာ

“ဟေ့ ကျန်း၊ မင်းဘာလို့ ငါ့မြေးချွေးမကို ရုတ်တရက်ကြီး စုံစမ်းနေရတာလဲ? ပြီးတော့ မင်း ငါ့မြေးချွေးမအကြောင်းကို ဘယ်လိုလုပ်သိတာလဲ?”

ပြီးနောက်မှာ သူက ခနလောက်ရပ်လိုက်သည်။ သူ့လေသံက ထူးထူးခြားခြား တည်ငြိမ်နေပြီး အသံကျယ်ကျယ်နဲ့တင်းတင်းမာမာပြောကာ

“ကျန်းဟွိုက်ယွမ် ငါမင်းကိုသတိပေးနေတာ။ ငါ့မြေးချွေးမကို ထိခိုက်အောင် မင်းတစ်ခုခုလုပ်ရဲရင် မင်းသေချာပေါက် နောင်တရလိမ့်မယ်”

သခင်ကြီးကျန်းက မယုံသင်္ကာဖြစ်နေတုန်းဖြစ်သည်။

“ငါက မင်းရဲ့မြေးချွေးမကို စုံစမ်းနေတယ်လို့ မင်းပြောတာလား? ဟေ့ ကုန်း၊ မင်းငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား? ငါက ရှင်းရှင်းလင်းလင်းကို ကျန်းထောင်သဘောကျနေတဲ့သူကို စုံစမ်းနေတာ”

“ဟေ့ ကျန်း၊ ငါကမင်းကို လိမ်နေတယ်လို့ သံသယဝင်နေတာလား?”

သခင်ကြီးကုန်းက ဒေါသထွက်သွားသည်။

“ငါက မင်းကိုလိမ်ဖို့ လိုလို့လား? မင်းထောင်ကျီရဲ့သဘောကျနေတဲ့သူက ငါ့မြေးချွေးမနဲ့ ဘာဆိုင်လို့လဲ? ဒါ့ပြင်...”

သခင်ကြီးကုန်းက ခနလောက်ရပ်လိုက်ပြီး ခပ်ပြတ်ပြတ်ပင် ဆက်ပြောလေသည်။

“မင်းရဲ့ကျန်းထောင်က အဲ့ဒီချင်မိသားစုက ကလေးနဲ့ စေ့စပ်လိုက်တယ်လို့ ငါကြားတယ်။ မင်းရဲ့ဖိနှိပ်ထားမှုအောက်မှာ ကျန်းထောင်က တခြားမိန်းကလေးကို သဘောကျရဲမယ်ထင်လို့လား?”

သခင်ကြီးကျန်းရဲ့မျက်နှာက မှောင်မိုက်သွားပြီး ခေါင်းတွေထိုးကိုက်လာသည်။

“ပြီးတော့ မင်းက မင်းမြေးကို မသိဘူးလား? သူက ချင်မိသားစုက မိန်းကလေးကို စေ့စပ်ထားမှတော့ သူ့ကိုအရှက်ရစေမယ့်ဟာမျိုး ဘာမှလုပ်မှာမဟုတ်ဘူး။

ဟေ့ ကျန်း၊ မင်းက အသက်ကြီးလာတာနဲ့အမျှ ပိုပိုပြီး ဗရုတ်သုတ်ခခေါင်းဖြစ်လာတာပဲ။ မင်းမှာ မြေးကောင်းတစ်ယောက်ရှိပြီးသား။ မင်းသူ့ကို ပုံမှန်အတိုင်း ပျိုးထောင်လို့ရပေမယ့် မင်းက မင်းမြေးကို ခံစားချက်မရှိတဲ့စက်ရုပ်ကြီးဖြစ်အောင် ပြောင်းပစ်လိုက်တယ်။ ဒါမင်း မြင်ချင်တာလား?

ထောင်ကျီက ကျန်းမိသားစုကို အနာဂတ်မှာ အမြင့်ကောင်းကောင်းရောက်အောင် မြှင့်တင်နိုင်ခဲ့ရင်တောင် အဲ့ဒါကိုမြင်ဖို့ မင်းကရှိနေမှာမလို့လား? ဒီကမ္ဘာမြေပေါ်မှာ မင်းဘယ်နှနှစ်များ နေရဦးမယ်လို့ ထင်နေတာလဲ?”

“ကုန်းကျန်း!”

ကျန်းဟွိုက်ယွမ်ရဲ့မျက်နှာက ပိုပြီးမှောင်မိုက်သွားကာ သူ့ဒေါသတွေ လိမ့်တက်လာသည်။

“ကောင်းပြီ ဒါငါပြောချင်တာအကုန်ပဲ။ မင်း ငါအကြံပေးတာကို ဂရုစိုက်ချင်စိုက် မစိုက်ချင်နေ။ မင်းရွေးချယ်မှုပဲ”

ဒါကိုပြောပြီးတော့ သခင်ကြီးကုန်းက ချက်ချင်းပင် ဖုန်းကိုချပစ်လိုက်တော့သည်။

***

All Chapters