← Chapters

သခင်ကြီးကျန်းရဲ့ဒေါသ

Vol. 26 Ch. 437

သခင်ကြီးကျန်းရဲ့ဒေါသ

Vol. 26 Ch. 437

“သခင်ကြီး ဘာဖြစ်လို့လဲ?”

အိမ်တော်ထိန်းကျန်းက အခန်းထဲကိုဝင်လာတုန်း သခင်ကြီးကျန်းရဲ့ ဒေါသူပုန်ထနေတဲ့အကြည့်ကို မြင်လိုက်သည်။

သခင်ကြီးကျန်းက နှုတ်‌ခမ်းစေ့လိုက်ကာ သူ့ဒေါသတွေကို ဖိနှိပ်ထားရင်း ခပ်တင်းတင်းပင် အမိန့်ပေးလိုက်လေသည်။

“ချင်ယန်ကို သွားခေါ်ချေ”

အိမ်တော်ထိန်းကျန်းက အံ့ဩသွားသည်။ သခင်မလေးက သခင်ကြီးကို ဘယ်လိုရန်စလိုက်မှန်း သူမသိပေ။ ဒါပေမယ့်လည်း သူက တာဝန်ကို တလေးတစားဆောင်ရွက်ဆဲဖြစ်သည်။

သူလှည့်သွားတော့မလို့မှာပဲ သခင်ကြီးကျန်းက သူ့ကိုတားလိုက်သည်။

“နေဦး၊ ဒီပုံကိုယူပြီး တစ်ယောက်ယောက်ကို သရုပ်ခွဲကြည့်ခိုင်းလိုက်”

အိမ်တော်ထိန်းကျန်းရဲ့အကြောတွေ တရွရွဖြစ်သွားသည်။

သူက အမိန့်ကိုလိုက်နာကာ

“ဟုတ်ကဲ့ပါ သခင်ကြီး!”

ပြီးနောက်မှာ အိမ်တော်ထိန်းကျန်းက နားမလည်နိုင်စွာမေးကာ

“သခင်ကြီး၊ အဲ့ဒီပုံက တခုခုဖြစ်နေလို့လား?”

သခင်ကြီးကျန်းက အေးစက်စွာပြောကာ

“ငါမမှားဘူးဆိုရင် အဲ့ဒီပုံမှာ ပြဿနာကြီးရှိနေတယ်”

ပြီးနောက်မှာ သူက ကြမ်းပြင်ကို တုတ်ကောက်နဲ့ရိုက်ချလိုက်ပြီး တင်းတင်းမာမာပြောကာ

“ငါလှည့်စားခံလိုက်ရတာဖြစ်မယ်”

အိမ်တော်ထိန်းကျန်းရဲ့ သူငယ်အိမ်တွေ တသိမ့်သိမ့်တုန်သွားသည်။ သခင်ကြီးက လိမ်ညာခံလိုက်ရပြီး ညာသွားတဲ့သူက ချင်ယန်ဖြစ်နေသည်။ အိမ်တော်ထိန်းကျန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

“သခင်ကြီးက အသက်ရနေပြီ။ သူက တစ်ဘဝလုံး ပြိုင်ဆိုင်လာတာ။ အခု သူက ဂျူနီယာလေးတစ်ယောက်ဆီကနေ လှည်စားခံလိုက်ရတာကိုး။ သူအလိုလိုဒေါသထွက်မှာပဲလေ”

ဒါပေမယ့်လည်း အဲ့ဒီချင်မိသားစုကကလေးက တကယ်သတ္တိကောင်းတာပဲ။

အိမ်တော်ထိန်းကျန်းက သူ့ခေါင်းကိုခါကာ ထွက်သွားသည်။

တကယ်တော့ အိမ်တော်ထိန်းကျန်းက တစ်ဝက်ပဲမှန်သည်။ သခင်ကြီးကျန်းက ချင်ယန်ရဲ့ပရိယာယ်ကြောင့် ဒေါသထွက်သွားပေမယ့် သူ့ကို ပိုပြီးဒေါသထွက်စေတာက သူလွှတ်လိုက်တဲ့လုပ်ကြံရေးသမားတွေက အဲ့ဒီကုန်းမိသားစုက ကောင်လေးဆီမှာ အဖမ်းခံလိုက်ရတာဖြစ်သည်။ ၎င်းက မိသားစုအတွက် ဆုံးရှုံးမှုကြီးတစ်ခုပဲဖြစ်သည်။ ပြီးတော့ ၎င်းက ကလေးမလေးရဲ့ပရိယာယ်ကြောင့် ဖြစ်ခဲ့ရသည်။

၎င်းက သူ့ကို ကုန်းကျန်းရှေ့မှာလည်း မျက်နှာပျက်ရစေသည်။ ဒီတော့ သူဘယ်လိုလုပ် ဒေါသမထွက်ဘဲနေနိုင်ပါ့မလဲ?

ဒါကြောင့် သူ့ဒေါသက လက်သည်ဆီကိုပဲ တိုက်ရိုက်သွားလိုက်သည်။ ပြောရရင် သခင်ကြီးကျန်းက တကယ်ရယ်ရသည်။ အရင်က ပုံက သံသယဝင်စရာလို့ အိမ်တော်ထိန်းကျန်းက သူ့ကိုသတိပေးခဲ့သည်။ ဒါပေမယ့်လည်း ကျန်းမိသားစုရဲ့သခင်မလေးက အနည်းဆုံးတော့ နည်းနည်းလောက်ပရိယာယ်များ‌သင့်ကြောင်း သခင်ကြီးကျန်းက ဆိုခဲ့သည်။ ဒါပေမယ့် သခင်မလေးက သူ့ကို လှည့်စားခဲ့တာလေ။

ဒါဘယ်သူ့အမှားလဲ?

ဘာပဲဖြစ်ဖြစ် ၎င်းကြောင့် သခင်ကြီးကျန်းက လုပ်ကြံရေးသမားတွေကိုရော ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးလိုက်ရသည်။ သဘာဝကျကျပဲ ချင်ယန်က တန်ဖိုးကို ပြန်ပေးဆပ်ရလိမ့်မည်။

တဖက်မှာလည်း သခင်ကြီးကုန်းက ဖုန်းချလိုက်ပြီးတော့ သူ့အမူအယာက ထူးထူးခြားခြားစိတ်ဆိုးနေသည်။

“ကျန်းဟွိုက်ယွမ်က ဟာသပဲ။ သူဘယ်ခေတ်မှာ နေနေတာလဲ?”

သခင်ကြီးကုန်းက ရေရွတ်ကာ

“သူ့မြေးကို ဘယ်လိုလုပ် ဒီလိုမျိုး ထိန်းချုပ်ပြီးတော့ အပြစ်မရှိတဲ့သူကို ထိခိုက်စေရတာလဲ?”

ကျန်းဟွိုက်ယွမ်က သူ့မြေးချွေးမကို စုံစမ်းနေတယ်လို့ သူ့မြေးပြောတာကို ကြားလိုက်တော့ အံ့ဩသွားပြီး သံသယတွေပြည့်သွားသည်။ ဘာလို့ ကျန်းဟွိုက်ယွမ် က ရုတ်တရက်ကြီး ယွီအာကို စုံစမ်းရတာလဲ?

သူက ကျန်းဟွိုက်ယွမ် နဲ့ သူ့တစ်ဘဝလုံးနီးနီး တိုက်ခိုက်လာခဲ့ပြီး သူ့ကို ကောင်းကောင်းကြီးသိသည်။ သူက ကောင်မလေးကို အကြောင်းရင်းမရှိဘဲ စုံစမ်းမှာမဟုတ်ပေ။ နောက်ပိုင်းကျ ကျန်းထောင်ကလည်း ကောင်မလေးကို သဘောကျနေကြောင်း သူ့မြေးပြောတာကို ကြားလိုက်သည်။ ဒါပေမယ့်လည်း သူ့မြေးက ကောင်မလေးနဲ့ အတူတူရှိသွားကြတော့ ယှဉ်ပြိုင်မှုကနေ နောက်ဆုတ်သွားခဲ့သည်။

မကောင်းတဲ့အဘိုးကြီးကျန်းဟွိုက်ယွမ်က တစ်နည်းနည်းနဲ့ သတင်းရခဲ့သည်။ ကောင်မလေးက ကျန်းထောင်ကြိုက်နေတဲ့သူမှန်း သူသိသွားခဲ့သည်။ သူက ကောင်မလေးကို ထိခိုက်အောင် စီစဉ်ထားသည်။

ကျန်းဟွိုက်ယွမ်က အတော်လေးအသက်ကြီးနေပြီဖြစ်သည်။ ဒါပေမယ့်လည်း သူက ကျန်းမိသားစုရဲ့အင်အားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားဆဲပင်။ သူ့မှာ သံသယများတဲ့အကျင့်စရိုက်ရှိသည်။

အဲ့ဒါပင်ပန်းဖို့မကောင်းဘူးလား?

သူဒီတိုင်းလေးပဲ အနားယူပြီး ဘဝကို ပျော်မွေ့နေတာက ပိုပြီးမလွယ်ကူစေဘူးလား?

သူ့အဘိုးပြောတာကိုကြားလိုက်ပြီး ကုန်းထျန်းဟောက်က ပြုံးလိုက်သည်။

“အဘိုး အဘိုးအရမ်းဒေါသထွက်နေဖို့ မလိုပါဘူး။ သခင်ကြီးကျန်းက အမြဲတမ်း ဘဝင်ကိုင်လွန်း အာဏာပြလွန်းပြီး ခေါင်းမာတဲ့လူတစ်ယောက်မှန်း ကျွန်တော်တို့သိတာပဲ”

အဘိုးကုန်းက

“ငါသိတယ်လေ။ ဒါကြောင့် ငါသူ့အတွက် အရမ်းစိတ်မကောင်းဖြစ်နေတာ။ သူကျသွားတာနဲ့ ကျန်းမိသားစုက ကျရှုံးသွားတော့မယ့်အတိုင်း သူကလုပ်နေတာ. အဲ့လိုဖြစ်ခဲ့ရင်တောင် အဲ့ဒါသူ့အမှားပဲ။ သူ့အသက်အရွယ်ရနေတာတောင် အာဏာကို အရမ်းပြင်းပြင်းထန်ထန်ကိုင်တွယ်ထားဖို့ ဘယ်သူကပြောနေလို့လဲ? သူသာ လက်လွှတ်မပေးဘဲ သူ့အငယ်တွေကို ကြီးထွားဖို့ ခွင့်ပြုမပေးရင် သူတို့တွေ ဘယ်လိုလုပ် ပိုသန်မာလာတော့မှာလဲ?”

စစ်ထူရှင်းက သခင်ကြီးကုန်းကို လက်မထောင်ပြလိုက်ပြီး ပြုံးဖြဲဖြဲလုပ်ကာ

“သခင်ကြီး သခင်ကြီးက ပိုမြင်တတ်ပြီး ပွင့်လင်းတာပဲ။ ‌သခင်ကြီးရဲ့အင်အားကို ဟိုးအရင်ကတည်းက ဘော့စ်ကိုပေးထားတာ”

သခင်ကြီးကုန်းက ဂုဏ်ယူစွာပြောကာ

“ဒါပေါ့၊ ငါက သေတဲ့ထဲ အပင်ပန်းခံချင်မယ်ထင်လို့လား?”

စစ်ထူရှင်းက ခေါင်းညိတ်ကာ

“ဒီတော့ ဘာလို့အဘိုးကြီးကျန်းက ဒါကိုမသိရတာလဲ? သူ့ဘဝက အရမ်းပင်ပန်းဖို့ကောင်းတာပဲ”

ကုန်းထျန်းဟောက်က မျက်လုံးကစားလိုက်ကာ

“အဘိုးကျန်းက ဒီသတင်းကို ဘယ်ကရလာလဲ ငါသိချင်မိတယ်”

စစ်ထူရှင်းရဲ့ မျက်လုံးတွေ လင်းလက်သွားပြီးတော့

“ဘော့စ် ကျွန်တော်တို့ ဘာလို့ကျန်းမိသားစုကို သွားပြီး မေးမကြည့်တာလဲ?”

ကုန်းထျန်းဟောက်က ခေါင်းခါကာ

“မလိုဘူး၊ ထောင်ကျီဒါကို ကိုင်တွယ်ပလေ့စေ”

ပြီးနောက်မှာ သူက မျက်မှောင်ကြုတ်လိုက်ကာ

“သူက ကျန်းမိသားစုရဲ့အင်အားကိုရဖို့ တိုက်ခိုက်ချင်မှတော့ ငါသူ့ကိုကူညီမယ်။ လောလောဆယ်ကတော့ အဘိုးကြီးအသက်ရှင်နေသရွေ့ သူဘယ်တော့မှ သူ့လွတ်လပ်မှုကို ရမှာမဟုတ်ဘူး”

သခင်ကြီးကုန်းက အသံကျယ်ကျယ်ချောင်းဟန့်လိုက်သည်။ ဘာတွေပဲဖြစ်ဖြစ် သခင်ကြီးကျန်းက ဒီလူတွေရဲ့ စီနီယာဖြစ်သည်။ သူ့အကြောင်းကို ဒီလိုမျိုး မပြောဆိုသင့်ပေ။

စစ်ထူရှင်းက ချောင်းဟန့်တာကိုကြားလိုက်ပြီး လျှာထုတ်ပြလိုက်သည်။

သူက ခေါင်းညိတ်လိုက်ကာ

“ဘော့စ် ဘော့စ်မှန်တယ်။ အဲ့ဒီအဘိုးကြီးကျန်းမသေရင် သခင်လေးကျန်းက ဘာလွတ်လပ်ခွင့်မှ ရမှာမဟုတ်ဘူး။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ သခင်လေးကျန်းကို ကူညီသင့်တယ်”

သခင်ကြီးကုန်း “...”

ဒီလူငယ်နှစ်ယောက်က ငါ့ရှေ့မှာတင် ကျန်းဟွိုက်ယွမ်ကို ဘယ်လို မှန်မှန်ကန်ကန်ကိုင်တွယ်ရမလဲဆိုတာကို ဇာတ်တိုက်နေကြတာပဲ။

သခင်ကြီးကုန်းက စိတ်ထဲကနေ သက်ပြင်းချကာ

“အနာဂတ်ကို လူငယ်မျိုးဆက်တွေ ပိုင်တယ်။ မင်းတို့တွေ အဲ့ကောင်ကျန်းကို ရင်ဆိုင်ချင်ရင်‌တော့ သတိထားကြ‌ဦး။ သူက မြေခွေးအိုကြီး၊ ပြီးတော့ ကိုင်တွယ်ဖို့မလွယ်ဘူး”

“ဟုတ်ကဲ့!”

***

All Chapters