← Chapters

စုံစမ်းစစ်ဆေးမှု

Vol. 26 Ch. 438

စုံစမ်းစစ်ဆေးမှု

Vol. 26 Ch. 438

ကျန်းထောင်က ဖုန်းချလိုက်ပြီးတော့ ဖုန်းကိုတင်းတင်းကိုင်ထားလိုက်ပြီး သူ့အကြောတွေတောင် ပေါက်ထွက်မတတ်ဖြစ်နေသည်။ သူ့အမူအယာက နာကျင်မှု စိတ်ပျက်မှုတွေနဲ့ တည်ငြိမ်လေးနက်နေသည်။ သူကမျက်လုံးတွေ ပိတ်လိုက်ပြီး ၎င်းတို့ကိုထပ်ဖွင့်လိုက်တဲ့အခါ စူးရှတဲ့မျက်လုံးတွေက စိတ်ပိုင်းဖြတ်ထားမှုတွေ ဆဒ္ဒပြင်းပြမှုတွေနဲ့ ပြည့်နေခဲ့သည်။

အရင်က သူက ရုပ်သေးရုပ်တစ်ရုပ်လိုပဲ ဖြစ်သည်။ သူ့မှာ ကိုယ်ပိုင် အတွေးနဲ့ ခံစားချက်တွေ မရှိနိုင်ပေ။ သူက အရမ်းကျိုးနွံသည်။ ဒီလို‌ဆိုရင်တောင် သူ့ရဲ့ရုပ်သေးဆရာက စိုးရိမ်နေဆဲဖြစ်သည်။

သူက ရုပ်သေးရုပ်နားက အရာအားလုံးကို ဖြတ်တောက်ပစ်ချင်သည်။ ဒါမှ ရုပ်သေးရုပ်က ဆရာသခင်တစ်ယောက်တည်းကိုပဲ ရိုသေကျိုးနွံမှာဖြစ်သည်။

‘အဘိုး အဘိုးဒါကို မလုပ်လိုက်သင့်ဘူး။ ဒီလိုဆိုရင်တော့ ကျွန်တော့်ကို ကျန်းမိသားစုရဲ့အင်အားကို သိမ်းပိုက်ချင်တဲ့အတွက် အပြစ်တင်လို့မရတော့ဘူး’

‘အဘိုးက ကျွန်တော့်ကို ဖိအားပေးတာပဲ။ ကျွန်တော့်မှာ အခုကာကွယ်ရမယ့် တစ်စုံတစ်ယောက်ရှိတယ်။ ကျွန်တော် ဘယ်သူကိုမှ သူ့ကိုထိခိုက်အောင်လုပ်ခွင့်မပြုနိုင်ဘူး။ အဘိုးဆိုရင်တောင်မရဘူး'

ကျန်းထောင်က ဒီခံစားချက်တွေကို သူ့စိတ်ထဲမှာ မျိုသိပ်ထားလိုက်သည်။ သူမက ပျော်ရွှင်မှုကိုရှာတွေ့သွားတာကို သူမြင်ချင်သည်။ ထိုအတွက် သူသန်မာဖို့လိုသည်။ ကျန်းထောင်က ဒီဆုံးဖြတ်ချက်ကို ချပြီးတော့ သူလှုပ်ရှားရတော့မည်။ သူဒီနေရာကိုလွမ်းနေရင်တောင် သူ့မှာနေပိုင်ခွင့် မရှိတော့ပေ။

အဲ့ဒီနေ့က သူက မြို့တော်ကိုပြန်သွားခဲ့ပြီး ရှင်းယင်ခရိုင်ကို စွန့်ခွာခဲ့သည်။ သူက ရှောင်လင်းယွီကို မနှုတ်ဆက်ခဲ့ပေ။ သူမကိုတွေ့ဖို့ သူမျက်နှာမပြရဲဘူးလို့ ခံစားခဲ့ရသည်။

သူမက ဒီလိုကြီးမားတဲ့ရုတ်ရုတ်သဲသဲဖြစ်မှုတစ်ခုကို ဖြစ်စေခဲ့မှန်း ရှောင်လင်းယွီမသိပေ။ ကျန်းထောင်က ဒါကြောင့်ပဲ အမြန်ထွက်သွားတယ်ဆိုတာလည်း သူမမသိခဲ့ပေ။ သူမက အန္တရာယ်ကနေ ကပ်သီလေးလွတ်သွားတယ်ဆိုတာလည်း ဘယ်သူမှ သူမကို မပြောခဲ့ပေ။

ကုန်းထျန်းဟောက်က သူမကို ကာကွယ်ပေးထားခဲ့သည်။

....

ရှောင်လင်းယွီက တောင်တွေပေါ် ထပ်သွားခဲ့သည်။

ညိုးနွှမ်းရခြင်းရဲ့ရင်းမြစ်ကို အစောပိုင်းက ရှာတွေ့ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် အကျိုးဆက်များများစားစားမရှိတော့ပေ။ အရင်က အပင်တစ်ဝက်နီးနီး ပိုးကျမတတ်ဖြစ်ခဲ့သည်။ အခု အရွက်တွေက ပြန်လည်စိမ်းစိုလာသည်။ ရက်အနည်းငယ်အတွင်းမှာ အပင်ပျိုတွေအားလုံးက ပြန်လည်အသက်ဝင်လာကြသည်။

“ယွီအာ၊ ဒီပင်ပျိုတွေကို ကုပြီးသွားပြီပဲ”

စိုက်ပျိုးရေးအကြောင်းဘာမှမသိတဲ့ ကုန်းထျန်းဟောက်က အထင်ကြီးသွားသည်။

“ကံကောင်းစွာနဲ့ပဲ ဟယ်လ်လဖိုင်းတွေကို စောစောတွေ့ခဲ့ပြီး အချိန်မီအကဲဖြတ်နိုင်ခဲ့တယ်”

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ရှင်းပြလိုက်ပြီး ဖြည်းညင်းစွာသက်ပြင်းချကာ

“ကျွန်မတကယ် ကျေးဇူးတင်နေတာ။ မဟုတ်ရင် ဒီမူရာကျော်လောက်ကမြေတွေက မြေပဲနဲ့ပဲပိစပ်တွေက အချည်းနှီးဖြစ်သွားလောက်တယ်”

ကုန်းထျန်းဟောက်က ပြုံးကာ

“ပိုးကောင်တွေက အဲ့လောက် အန္တရာယ်ရှ်ိတာလား?”

“ဟုတ်တယ်”

ရှောင်လင်းယွီက

“မြေပဲတွေပွင့်တဲ့ရာသီရောက်တော့မှာ၊ ဟယ်လ်လဖိုင်းတွေသာရှိ‌နေရင် အပွင့်တွေက အရမ်းမြန်မြန်ညှိုးကုန်လိ့မ်မယ်။ ပြီးရင် မြေပဲတွေကြီးတော့မှာမဟုတ်ဘူး။ ပဲပိစပ်တွေလည်း အတူတူပဲ”

“သေးငယ်တဲ့ပိုးကောင်တစ်ကောင်မှာ ဒီလိုဖျက်ဆီးရေးစွမ်းအားရှိမယ်လို့ ကိုယ်မထင်ထားခဲ့ဘူး”

ကုန်းထျန်းဟောက်က အံ့အားသင့်စွာပြောလိုက်သည်။

ရှောင်လင်းယွီက ခေါင်းခါကာ

“လူတစ်ယောက်က ပြည်နယ်တစ်ခုကို မဖြိုချနိုင်ပေမယ့် ကြီးမားတဲ့လူတစ်စုဆိုရင်ရော? ဒါလည်းအတူတူပဲလေ။ ဟယ်လ်လဖိုင်းတစ်ကောင်နှစ်ကောင်က အဆင်ပြေပေမယ့် သူတို့အုပ်စုကြီးတစ်ခုက စိုက်ခင်းတစ်ခုလုံးကို ဖျက်‌ဆီးပစ်နိုင်တယ်”

“ယွီအာ သမီးဒီမှာရှိနေတာကြာလှပြီ။ ဒီနေ့ နေတော်တော်ပူတယ်။ သမီးနဲ့ ထျန်းဟောက် အရင်ပြန်လိုက်သင့်တယ်”

မေမေရှောင်က ကောက်ရိုးဦးထုတ်တစ်လုံးနဲ့ လျှောက်လာကာ

“ဘာပဲဖြစ်ဖြစ် ကြည့်တာကလွဲရင် သမီးတို့လုပ်နိုင်တာလည်း ရှိတာမှမဟုတ်ဘဲ”

“…”

ရှောင်လင်းယွီရဲ့ပါးစပ်အစွန်းတွေတရွရွဖြစ်သွားသည်။ သူမရဲ့အမေအရင်းကပဲ သူမကို အရမ်းဒဲ့ဒိုးပြောနိုင်လိမ့်မည်။

ကုန်းထျန်းဟောက်က သဘောတူစွာခေါင်းညိတ်ကာ

“ယွီအာ၊ အခုမင်းလည်း တကယ်ဘာမှသိပ်မကူညီနိုင်ပါဘူး။ အရင်သွားကြရအောင်”

ဒီလူတွေက သူမကို လူမမာတစ်ယောက်လို ခံစားရအောင်လုပ်နေတာပဲ။ သူမက ဘယ်လိုစားရမလဲဆိုတာပဲ သိတဲ့လူလိုမျိုးခံစားရအောင် လုပ်နိုင်သည့်လူက သိပ်မများပေ။

ဒါပေမယ့်လည်း ရှောင်လင်းယွီက သူမရဲ့ ကြီးမားတဲ့ကိုယ်ဝန်ကို ထိကြည့်လိုက်ပြီး သူမက လူမမာတစ်ယောက်နဲ့ တကယ်ဘာမှမကွာတာကို သဘောပေါက်သွားသည်။

ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က တောင်ပေါ်က ဆင်းလာခဲ့ကြသည်။ သူတို့တွေ အိမ်ကိုရောက်တော့ ရှောင်လင်းယွီက အနည်းငယ်ပင်ပန်းနေခဲ့သည်။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို အနားယူဖို့ ပြန်ပို့လိုက်ပြီးတော့ ကုန်းမိသားစုကို ပြန်သွားခဲ့သည်။ ကုန်းထျန်းဟောက်က သခင်ကြီးကျန်းသတင်းရဲ့ ဇစ်မြစ်အကြောင်းကို အရမ်းစိုးရိမ်နေသည်။ ၎င်းက ယွီအာအတွက် ဖုံးကွယ်ထားတဲ့အန္တရာယ်တစ်ခုကို ကိုယ်စားပြုနေသည်။

ဒီလူက လုပ်ပိုင်ခွင့်သုံးခုနဲ့ ပြည့်နေရမည်။ ပထမအနေနဲ့ သခင်ကြီးကျန်းဆီကို သတင်းရောက်ဖို့ သူနဲ့ နီးကပ်နေရမည်။ ဒုတိယအနေနဲ့ သူတို့က ရှောင်လင်းယွီရဲ့တည်ရှိမှုအကြောင်းကို သိရှိပြီး ၎င်းကို သခင်ကြီးကျန်းရဲ့ရှေ့ကို ရည်ရွယ်ချက်ရှိရှိ ဆွဲခေါ်လာခဲ့ရမည်။

ဒါ‌ပေမယ့် ဘာလို့လဲ?

ရှောင်လင်းယွီကို ဖယ်ရှားဖို့လေ။

တတိယအနေနဲ့ ပန်းတိုင်ကတော့ သခင်ကြီးကျန်းကိုနားလည်ပြီး ရှောင်လင်းယွီကိုကိုင်တွယ်ဖို့ သူ့လက်ကို သုံးစေချင်နေသည်။

ဒါကြောင့် ဒီကြိုးကိုင်သူက တကယ့်တရားခံဖြစ်ပြီး ကုန်းထျန်းဟောက်က သူတို့ကိုရှာဖွေရမည်။ သူ့ရဲ့စီစစ်ပိုင်းဖြာမှုတွေအရတော့ ထိုသူက အမျိုးသမီးဖြစ်ဖို့များသည်။ ပြီးတော့ ဒီမိန်းကလေးက ကျန်းထောင်ကို မှီနေတာဖြစ်နိုင်သည်။ သူမရဲ့မျက်လုံးထဲမှာတော့ ရှောင်လင်းယွီက သူမရဲ့အချစ်ပြိုင်ဘက်ဖြစ်သည်။

‌ရှောင်လင်းယွီကို ဖယ်ထုတ်ဖို့ သခင်ကြီးကျန်းရဲ့လက်ကို အသုံးပြုတာက အစီအစဉ်ကောင်းတစ်ခုပဲဖြစ်သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့ချစ်သူဖြစ်နေလိမ့်မယ်လို့ အဲ့ဒီလူက ထင်မထားခဲ့ပေ။ ဒါ့ပြင် သခင်ကြီးကျန်းကလည်း ဒါကို မျှော်လင့်မထားခဲ့ပေ။

သူ့မိသားစုရဲ့လုပ်ကြံရေးသမားတွေ ဖမ်းဆီးခံထားရကြောင်း သခင်ကြီးကုန်းက သခင်ကြီးကျန်းကို ပြောခဲ့သည်။ သူတို့တွေ ပြန်လာမှာမဟုတ်ပေ။ ၎င်းက သတိပေးချက်ပဲဖြစ်သည်။

သတိပေးချက်က သခင်ကြီးကျန်းကို အရှက်တကွဲ‌ဖြစ်စေသည်။ အဲ့ဒီအရှက်တကွဲဖြစ်မှုက ‌ဒေါသအဖြစ်ပြောင်းသွားသည်။

သူအဲ့ဒီဒေါသကို ပုံချလို့ရမယ့်လူကလည်း တစ်ယောက်ပဲရှိသည်…

***

All Chapters