← Chapters

ချင်ယန်ရဲ့ အကြောက်တရား

Vol. 26 Ch. 439

ချင်ယန်ရဲ့ အကြောက်တရား

Vol. 26 Ch. 439

“သခင်ကြီး ဓာတ်ပုံရဲ့ ရလဒ်တွေရပါပြီ”

အိမ်တော်ထိန်းကျန်းက မျက်နှာပေါ်မှာ ဒေါသရိပ်ရေးရေးနဲ့ တ‌လေးတစားပြောလိုက်သည်။

“ပြော!”

သခင်ကြီးကျန်းက အေးစက်စွာပြောကာ သူ့မျက်လုံးတွေက အေးစက်ပြီးတင်းမာလို့နေသည်။

အိမ်တော်ထိန်းကျန်းက

“ဓာတ်ပုံကို ကွန်ပြူတာနဲ့ ပြုပြင်ထားတာပါ”

ပြီးနောက်မှာ အိမ်တော်ထိန်းကျမ်းက သူ့လက်ထဲက ပုံနှစ်ပုံကို အိမ်တော်ထိန်းကျန်းကို ပြလိုက်သည်။ ပုံထဲကတစ်ပုံက ကျန်းထောင်နဲ့ ရှောင်လင်းယွီရဲ့ပုံဖြစ်သည်။ တခြားတစ်ပုံက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီပုံဖြစ်သည်။

ဒါပေမယ့်လည်း ယောက်ျားလေးကလွဲရင် ပုံနှစ်ပုံက လုံးဝအတူတူပဲဖြစ်သည်။

သစ်ပင်ကြီးတစ်ပင်ဘေးမှာ ယောက်ျားလေးက ရှောင်လင်းယွီကို ဖက်နေသည်။ သူ့မျက်နှာက သူမကိုကြည့်ဖို့ အနည်းငယ်လှည့်ထားသည်။ သိသိသာသာပဲ ပုံနှစ်ပုံထဲက တစ်ပုံကတော့ အတုဖြစ်ရမည်။

တူညီတဲ့မိန်းကလေးတစ်ယောက်တည်းနဲ့ တည်နေရာအတူတူမှာ လုပ်ဆောင်ချက်အတူတူကို ပြုလုပ်နေဖို့ကတော့ ကုန်းထျန်းဟောက်နဲ့ ကျန်းထောင်တို့အတွက် မဖြစ်နိုင်ပေ။

ပုံနှစ်ပုံကိုဘေးတိုက်ယှဉ်ထားကြည့်လိုက်တဲ့အခါ ဘယ်တစ်ပုံကအစစ်ဖြစ်ပြီး ဘယ်ဟာကအတုဆိုတာကို ကောင်းကောင်းမြင်နိုင်တဲ့လူတစ်ယောက်ကတော့ အကြည့်တစ်ချက်နဲ့တင် ချက်ချင်းပြောနိုင်သည်။

ပုံထဲမှာ ကျန်းထောင်ရဲ့ ခန္ဓာကိုယ်လှုပ်ရှားပုံက ရင်းနှီးပူးကပ်နေပေမယ့် မျက်လုံးတွေက မှေးမိန်နေသည်။

တခြားပုံထဲက ယောက်ျားလေးကတော့ လုံးဝဆန့်ကျင်ဘက်ပဲဖြစ်သည်။ ပုံထဲမှာတောင် သူ့ရဲ့စူးရှတဲ့မျက်လုံးတွေက ချစ်ခင်ကြင်နာမှုနဲ့ နူးညံ့မှုတွေပြည့်နေတယ်ဆိုတာကို ပြောနိုင်သည်။

သခင်ကြီးကျန်းက ပုံနှစ်ပုံကိုမြင်တော့ မျက်နှာထားက ချက်ချင်းမှောင်မိုက်သွားသည်။ သူ့ရဲ့စူးရှတဲ့မျက်လုံး‌တွေက မှောင်မိုက်တဲ့မီးတောက်ကြီးတွေနဲ့ ပြည့်နှက်နေပြီး ပေါက်ထွက်လာဖို့ စောင့်ဆိုင်းနေသည်။ သူ့ တုတ်ကောက်ကို ကိုင်ထားလိုက်ပြီး သူ့လက်မပေါ်က ကျောက်စိမ်းလက်စွပ်ကို ပွတ်သပ်လိုက်သည်။

အိမ်တော်ထိန်းကျန်းက ရှင်းပြကာ

“သခင်ကြီး၊ သခင်လေးကုန်းနဲ့ ဒီမိန်းကလေးရဲ့ပုံက မူရင်းပါ။ သခင်လေးကုန်းကို သခင်လေးအဖြစ်ပြောင်းဖို့ တစ်ယောက်ယောက်က ဖိုတိုရှော့ထားတာ”

“ကောင်းတယ်၊ ပြည့်စုံလိုက်တာမှ!”

သခင်ကြီးကုန်းက စကားတွေကို ရွတ်ထုတ်ပစ်လိုက်သည်။

“ချင်မိသားစုက မိန်းကလေးက ငါ့ကိုဆွဲချနိုင်မယ်လို့ထင်တဲ့ထိတောင် လည်ဝယ်နေတာပဲ”

သူက ကောင်မလေးရဲ့လှည့်စားတတ်တဲ့သဘာဝကို လက်ခံပေးခဲ့တဲ့သူဆိုတာကို အဘိုးကြီးမေ့နေပုံပေါ်သည်။ အိမ်တော်ထိန်းကျန်းက တိတ်ဆိတ်နေသည်။

ကျန်းမိသားစုရဲ့သခင်မလေးအနေနဲ့ သူမက ချိုမြိန်ပြီး ရိုးအနေလို့တော့မရပေ။ ကျန်းမိသားစုက ဉာဏ်နီဉာဏ်နက်များပြီး ရက်စက်တတ်တဲ့သခင်မလေးတစ်ယောက် လိုအပ်သည်။ ဒါပေမယ့်လည်း ဒီမိန်းကလေးက မိသားစုထဲကို ဝင်မလာခင်မှာတင် ကျန်းမိသားစုကို ဆန့်ကျင်ပြီး လျှို့ဝှက်ကြံစည်ခဲ့သည်။

သခင်ကြီးကျန်းရဲ့မျက်နှာက မှောင်မိုက်သွားပြီး အမိန့်မပေးခင် ခနလောက်တွေးဆလိုက်ကာ

“ချင်မိန်းကလေးက ဒီပုံကိုဘယ်ကရလာလဲဆိုတာ ငါရှာဖို့လိုတယ်”

၎င်းက ကျန်းထောင်ပါဝင်မနေတဲ့အတွက် ကျန်းဟွိုက်ယွမ်က ဒီဟာကို ဆက်ပြီးဂရုမစိုက်ချင်တော့ပေ။ သူက ကုန်းမိသားစုကကလေးကို ကောင်းကောင်းနားလည်သည်။ သူက သူ့ရဲ့ကိုယ်ရေးကိုယ်တာကို အရမ်းတန်ဖိုးထားတဲ့လူဖြစ်သည်။

ဒါပေမယ့်လည်း ချင်မိသားစုကမိန်းကလေးက ဒီပုံကို သူ့လက်နဲ့ရအောင် စီစဉ်နိုင်ခဲ့သည်။ ၎င်းက သူမမှာ အဆင့်တစ်ခုထိ အစွမ်းအစရှိတာကို ဆိုလိုနေသည်။

ဒါပေမယ့်လည်း သခင်ကြီးကျန်းအတွက်ကတော့ အရမ်းအစွမ်းအစရှိတဲ့အမျိုးသမီးက ထိန်းချုပ်ဖို့မလွယ်ကူလှပေ။ ဒါ့အပြင် နောက်ထပ်အကြောင်းရင်းတစ်ခု ရှိသေးသည်။

ဘာလို့ ချင်ယန်က ကုန်းထျန်းဟောက်ရဲ့မျက်နှာကို ကျန်းထောင်နဲ့ လဲလိုက်တာလဲ?

သူမက သူ့ရဲ့လက်ကို အသုံးပြုပြီး ပုံထဲက ဒီမိန်းကလေးကို ဖယ်ရှားပစ်ချင်တာ ရှင်းလင်းသည်။

ဒါပေမယ့် ဘာလို့ သူမကအဲ့လို လုပ်ချင်ရတာလဲ?

ပုံကို မရောစပ်ထားဘူးဆိုရင်တော့ ၎င်းက နားလည်နိုင်ဖွယ်ရှိသည်။ ဘယ်မိန်းကလေးကမှ သူတို့ရဲ့သတို့သားလောင်းက တခြားမိန်းကလေးတစ်ယောက်နဲ့ ရောနှောနေတာကို အလိုရှိမှာမဟုတ်ပေ။ ၎င်းကို နားလည်နိုင်သည်။

ဒါပေမယ့်လည်း ပုံက အစစ်တောင်မဟုတ်ပေ။ ပုံထဲကမိန်းကလေးက ကုန်းထျန်းဟောက်နဲ့ ချစ်ကြိုက်နေတာဖြစ်ပြီး ကျန်းထောင်မဟုတ်ဘူးလေ။

သူမရဲ့သတို့သားလောင်းနဲ့ ဘာမှမဆိုင်တဲ့မိန်းကလေးကို ဖယ်ရှားဖို့ သူ့လက်ကို ချင်မိန်းကလေး အသုံးချချင်ရတာက ကျိုးကြောင်းမဆီလျော်ပေ။

ဒါပေမယ့် သခင်ကြီးကျန်းက ၎င်းကို စေ့စေ့စပ်စပ်တွေးကြည့်လိုက်တာနဲ့ အ‌ဖြေက မကြာခင်သူ့ဆီရောက်လာသည်။ သူမက ပုံထဲက တကယ့်ယောက်ျားကို ချစ်နေတာဖြစ်ရမည်။ ဒါက သူမဘာလို့ ပုံထဲက မိန်းကလေးကို ဖယ်ရှားပစ်ဖို့လိုတာလဲဆိုတာ ဖြစ်သည်။

သခင်ကြီးကျန်းရဲ့မျက်လုံးတွေက မီးဝင်းဝင်းတောက်လို့နေသည်။ သူ့မျက်နှာက မဲမှောင် အေးစက်နေပြီး ကြောက်စရာကောင်းနေပေမယ့် သူ့အမူအယာကတော့ ပုံမှန်လိုပဲ တည်ငြိမ်အေးဆေးနေသည်။

ချင်ယန်ရောက်လာတော့ သူမက သခင်ကြီးကျန်းကို နှုတ်ဆက်လိုက်သည်။ သခင်ကြီးကျန်းရဲ့အမူအယာကိုမြင်တော့ သူမရဲ့တစ်ကိုယ်လုံးတုန်ယင်သွားပြီး သူမစိတ်က ဆို့နင့်လာသည်။ သူမရဲ့အမူအယာကလည်း ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနဲ့ မသိုးမသန့်ဖြစ်မှုတို့ကို ပြသနေသည်။

ဘာလို့သခင်ကြီးကျန်းက ရုတ်တရက် သူမကိုခေါ်လိုက်မှန်း မသိပေ။ ဒါပေမယ့် သူမတံခါးကနေဝင်လာပြီး သခင်ကြီးကျန်းရဲ့ ကြောက်စရာကောင်းပြီးလန့်စရာ မျက်နှာထားကိုမြင်လိုက်တော့ နှလုံးတွေတုန်ယင်လာပြီး ဆိုးရွားတဲ့ခံစားချက်တစ်ခု ရှိနေခဲ့သည်။ သူမရဲ့ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး ခနလောက်တွေးတောလိုက်သည်။ ပြီးနောက်မှာ သူမခေါင်းကိုမော့လိုက်ပြီး အညင်သာဆုံးနဲ့ ‌အကောင်းမွန်ဆုံးအပြုံးကို ပြသလိုက်သည်။

သူမက သတိရှိရှိနဲ့ခေါ်ကာ

“အဘိုး!”

သခင်ကြီးကျန်းက ပုံနှစ်ပုံကို သူမရဲ့မျက်နှာကို ပစ်ထည့်လိုက်သည်။ သူက ထိန်းမထားတော့ပေ။ ပုံနှစ်ပုံရဲ့အစွန်းက စူးရှသည်။ သူတို့က ချင်ယန်ရဲ့ ဖြူဖွေးပြီး နူးညံ့တဲ့မျက်နှာကို ပိုင်းဖြတ်သွားပြီး သွေးထွက်နေတဲ့ဒဏ်ရာတစ်ခု ချက်ချင်းပေါ်လာသည်။

ချင်ယန်ရဲ့မျက်လုံးအိမ်တွေ တသိမ့်သိမ့်တုန်သွားသည်။ သူမအံ့ဩနေတုန်း ဒဏ်ရာရထားတဲ့မျက်နှာကို လက်နဲ့ ချက်ချင်းပဲ အလိုလိုအုပ်လိုက်သည်။ ပြီးနောက်မှာ သူမက စေးကပ်တဲ့တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ ကြည့်လိုက်တော့ ၎င်းက သွေးတွေဖြစ်နေသည်။

ဒီမိန်းကလေးက သူမရဲ့အလှကို အရမ်းတန်ဖိုးထားသည်။ သူမမှာ ဝက်ခြံလေးတစ်ခုရှိရင်တောင် ၎င်းက သူမဘဝရဲ့အဆုံးသတ်ပဲဖြစ်သည်။ အလိုလိုပဲ သူမအရမ်းကြောက်ရွံ့သွားသည်။ ၎င်းက သူမစိတ်ထဲမှာတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာနဲ့ ဘာမှမကွာပေ။ ၎င်းက သူမ ရင်ဆိုင်လိုက်ရတဲ့ အပြင်းထန်ဆုံးကိစ္စပဲဖြစ်သည်။ ဒါပေမယ့်လည်း သူမက မှားယွင်းကြောင်း သက်သေ‌ပြလာခဲ့တော့သည်။

“ချင်ယန်၊ မင်း အဘိုးကို ရှင်းပြချက်တစ်ခုလောက် မပေးတော့ဘူးလား?”

***

All Chapters