← Chapters

အဲ့ဒီတုန်းက

Vol. 26 Ch. 431

အဲ့ဒီတုန်းက

Vol. 26 Ch. 431

ရှောင်လင်းယွီ တုန်ယင်သွားမိသည်။ ကျန်းထောင်ဆီကနေ သဘောကျခံရတာက အရမ်းအန္တရာယ်ရှိလိမ့်မယ်လို့ သူမတကယ် ထင်မထားခဲ့ပေ။ ဒါပေမယ့်လည်း ဒါကကျန်းထောင်ရဲ့အမှားမဟုတ်မှန်း သူမသိသည်။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့မျက်နှာ အနည်းငယ်ဖြူဖပ်သွားပြီး ကြောက်နေပုံပေါ်‌တာကို မြင်လိုက်ရတာကြောင့် သူ့ရင်ထဲဆို့နင့်လာရကာ သူမကို ပွေ့ဖက်ထားလိုက်မိသည်။

သူက သူမရဲ့ပခုံးလေးတွေကို ပုတ်ပေးလိုက်ပြီး သူမကိုနှစ်သိမ့်ကာ

“ယွီအာ၊ မကြောက်ပါနဲ့။ ကိုယ်အခုဒီမှာရှိနေတာပဲ။ အဆင်ပြေသွားပြီလေ။ ကိုယ်က မင်းနဲ့ ရှောင်မိသားစုဝင်အာလုံးကို ကာကွယ်ပေးမှာ”

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့ရင်ဘတ်ကို မှီလိုက်ပြီး သူ့ရဲ့ နှလုံးခုန်သံနဲ့ ခံ့ညားလှတဲ့အသံကို နားထောင်နေသည်။ သူမရဲ့ ထိတ်လန့်မှုနဲ့ ကြောက်ရွံ့မှုတွေက ဖြည်းဖြည်းချင်း ကျဆင်းသွားခဲ့သည်။

ကုန်းထျန်းဟောက်ရဲ့ရင်ခွင်ဆီကနေ သူမရဲ့ခေါင်းကိုမော့လိုက်ပြီး ခေါင်းညိတ်ကာ

“ဟုတ်တယ်၊ ရှင်အနားမှာရှိနေတော့ ကျွန်မမကြောက်ပါဘူး။ ရှင်က ကျွန်မတို့ကို ကာကွယ်ပေးမှာပဲလေ”

တစ်ချိန်တည်းမှာပဲ သူမရဲ့ ပိုပြီးသန်မာလာချင်တဲ့ဆန္ဒက ပိုပြီးပြင်းထန်လာသည်။ သူမသာ ပိုပြီးသန်မာမလာရင် တခြားသူတွေက သူမကို ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းသလိုမျိုး ဖျက်စီးပစ်လိုက်ကြလိမ့်မည်။

ဒီတစ်ကြိမ်တော့ သူမအရမ်းကံကောင်းသည်။ ကုန်းထျန်းဟောက်က သူမဘေးကိုလာပြီး သူမနဲ့သူမမိသားစုကို ကာကွယ်ခဲ့သည်။

ဒါပေမယ့် သူမရဲ့ဘေးမှာ သူမရှိရင်ရော?

ရှောင်လင်းယွီက စိတ်ဝင်စားစွာမေးကာ

“အဲ့ဒါပြီးတော့ ဘာဖြစ်သွားလဲ?”

ကုန်းထျန်းဟောက်က

“သူ့ရဲ့အချစ်ကို မင်းကလက်ခံဖို့ဆန္ဒမရှိတော့ သူဘယ်လောက်စိတ်ပျက်သွားလဲဆိုတာကို ထောင်ကျီ ကိုယ့်ကိုပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ မင်းကသူ့ကို ကိုယ်ဝန်ရှိနေမှန်း ပြောလိုက်လို့တဲ့။ ပြီးတော့ သူကမင်းကိုယ်ဝန်ရဲ့နောက်ကွယ်က ‌ဇာတ်လမ်းကိုလည်း ကိုယ့်ကိုပြောပြခဲ့တယ်။ အရင်က မင်းက အဲ့ဒီညက ကိုယ်နဲ့အိပ်ခဲ့တဲ့မိန်းကလေးလို့ သံသယတော့ရှိခဲ့တယ်။ ထောင်ကျီဆီက ဇာတ်လမ်းကိုကြားပြီးတော့ ကိုယ့်နှလုံးခုန်သံတွေ ရပ်မတတ်ဖြစ်သွားပြီး အရမ်းစိတ်လှုပ်ရှားသွားခဲ့တယ်”

“အဲ့ဒီအချိန်က ထောင်ကျီ မင်းကိုကြိုက်မကြိုက်ကို ကိုယ်ဂရုမစိုက်နိုင်တော့ဘူး။ ကိုယ့်ခံစားချက်တွေကို ထပ်ပြီးဖုံးကွယ်ထားဖို့ မဖြစ်နိုင်တော့မှန်း ကိုယ်သိလိုက်တယ်။ အဲ့ဒီတုန်းက မင်းဆီကို လာပြီး မင်းကိုကိုယ့်လက်တွေနဲ့ဆုပ်ကိုင်ထားချင်တာကလွဲရင် ဘာကိုမှမလိုချင်ခဲ့ဘူး”

“ဒါကြောင့် မင်းကိုရှာဖို့ ကိုယ်ထောင်ယွမ်ရွာကို လာခဲ့တယ်”

အဲ့ဒီအချိန်က ကုန်းထျန်းဟောက်က သူမရဲ့အိမ်ရှေ့ကို သူ့ခရီးဆောင်အိတ်နဲ့ ရုတ်တရက်ရောက်ချလာတာကို ရှောင်လင်းယွီ တွေးမိလိုက်သည်။ ယန်စစ်မင်ကလည်း သူမကို ကိုယ်ဝန်အကြောင်း မေးမြန်းဖို့ အဲ့ဒီမှာရှိနေခဲ့သည်။ ကုန်းထျန်းဟောက်က အဲ့ဒီနေ့က ယန်စစ်မင်နဲ့ စကားများလာခဲ့သည်။ ၎င်းက အရမ်းရယ်စရာကောင်းတယ်လို့ ရှောင်လင်းယွီတွေးမိနေဆဲပင်။

ကုန်းထျန်းဟောက်က အနည်းငယ်နားမလည်နိုင်ဖြစ်သွားကာ

“ယွီအာ မင်းဘာလို့ရယ်နေတာလဲ?”

ရှောင်လင်းယွီက ခေါင်းခါကာ

“ရှင်လာပြီးတော့ ယန်စစ်မင်နဲ့စကားများခဲ့တဲ့နေ့အ‌ကြောင်းကို ကျွန်မတွေးနေတာ။ အဲ့ဒါရယ်စရာကောင်းတယ်လို့ ကျွန်မထင်တယ်။ အဲ့ဒီတုန်းက ရှင်ကအတော်လေးချောတယ်လို့ ကျွန်မထင်ခဲ့တာ”

“…”

ကုန်းထျန်းဟောက်က မပျော်မရွှင်ဖြစ်သွားသည့်ပုံစံဖြင့်

“ယွီအာ ကိုယ်က အဲ့ဒီတုန်းကပဲ ချောတာမဟုတ်ပါဘူး။ ကိုယ်ကအမြဲတမ်းချောနေတာလေ ဟုတ်ပြီလား?”

ဆက်ဆံရေးတစ်ခုမှာ သူတို့ရဲ့ပါတနာတွေက သူတို့ကိုယ့်ကို လိုထင်လဲဆိုတာကို လူတွေဂရုစိုက်ကြသည်။ ဒါပေမယ့် ပုံမှန်ဆိုရင်တော့ အမျိုးသမီးတွေက ဒါကို အမျိုးသားတွေထက် ပိုစိုးရိမ်သည်။

ရှောင်လင်းယွီက မျက်စိကစားလိုက်ကာ

“အင်းအင်း ဟုတ်ပါတယ်။ ရှင်ကနေ့တိုင်းချောနေတာပါ ရပြီလား?”

ကုန်းထျန်းဟောက်က ခေါင်းညိတ်ကာ

“အင်း၊ မင်းကလည်း ကိုယ့်မျက်လုံးထဲမှာ နေ့တိုင်းလှနေတာ”

ရှောင်လင်းယွီ “…”

ပြီးနောက်မှာ ရှောင်လင်းယွီက တစ်စုံတစ်ခုကို တွေးနေဟန် ပေါ်သည်။ သူမက မတ်တပ်ရပ်လိုက်ပြီး ကုန်းထျန်းဟောက်ရဲ့ကော်လံကိုဆွဲကာ အသံကျယ်ကျယ်နဲ့မေးလိုက်သည်။

“ရှင်က ကျွန်မဗိုက်ထဲကလေးက ရှင့်ကလေးမှန်း သိပြီးကာမှ ကျွန်မဆီကိုလာခဲ့တာလို့ပြောခဲ့တယ်နော် ဟုတ်တယ်မလား? ဒီတော့ နောက်ဆုံးကျ ရှင့်ပန်းတိုင်က ကလေးပဲပေါ့?”

ကုန်းထျန်းဟောက်ရဲ့အမူအယာက အနည်းငယ်ပြောင်းလဲသွားသည်။ သူက ချက်ချင်းရှင်းပြကာ

“မဟုတ်ဘူး ယွီအာ၊ ကိုယ်ရှင်းပြတာကို နားထောင်ဦး”

ရှောင်လင်းယွီက ခပ်ရေးရေးပြုံးကာ

“ကောင်းပြီ ကျွန်မရှင့်ရဲ့ရှင်းပြချက်ကို နားထောင်မယ်။ ရှင်ဘယ်လိုလာဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”

ကုန်းထျန်းဟောက်က သူ့နဖူးက ချွေးတွေကို သုတ်လိုက်သည်။

‘ငါ့ကိုအရူးလုပ်ဖို့အထိ ယွီအာကအရမ်းထက်လွန်းတယ်’

ကုန်းထျန်းဟောက်က သူမကို အမှန်ကိုပြောပြလာခဲ့သည်။

“ယွီအာ ကိုယ်ကမင်းကို ဒုတိယတစ်ကြိမ်မှာ ချစ်မိသွားတာကို မင်းသိပါတယ်။ ကိုယ်က အဲ့ဒါကိုချုပ်ထိန်းထားခဲ့ရုံတင်။ နောက်ပိုင်းကျ မင်းက ကိုယ့်ကလေးကို ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာကို သိသွားတော့ ကိုယ်အပျော်လွန်သွားတာ။ မင်းက ကိုယ့်ရဲ့ဇနီးဖြစ်ဖို့ ကံပါလာတာလို့ ခံစားမိခဲ့တယ်”

“တစ်ချိန်တည်းမှာပဲ ဆက်ဆံရေးတွေကိုလာရင်တော့ မင်းက အလျှော့မပေးမှန်း ကိုယ်သိတယ်။ မင်းက ထောင်ကျီကိုသဘောကျပြီး ထောင်ကျီကမင်းကိုသဘောကျရင်တော့ အဆင်ပြေတယ်လေ။ ကိုယ်မင်းကို ဆုတောင်းပေးမှာပေါ့။ ဒါပေမယ့်လည်း မင်းကထောင်ကျီကိုမှ သဘောမကျဘဲ။

မင်းသဘောမကျတဲ့ယောက်ျားတစ်ယေယက်နဲ့ အဆုံးသတ်သွားရတာကို ကိုယ်မြင်ရမယ်ဆိုရင် အဲ့ဒါက မင်းကို မီးတွင်းထဲ တွန်းချသလိုပဲဖြစ်မှာပေါ့။ ပြီးတော့ ထောင်ကျီမှာက ရှုပ်ထွေးတဲ့မိသားစုနောက်ခံရှိတယ်လေ။ မင်းကိုဝေဒနာခံစားစေရမှာထက်စာရင် မင်းကို ကိုယ့်အတောင်ပံတွေအောက်မှာပဲ ကာကွယ်ထားတာပိုကောင်းတာပေါ့။

မင်းကို ဘာထိခိုက်မှုမှ ကိုယ် လုံးဝခံစားစေမှာမဟုတ်ဘူး။ ပြီးတော့ မင်းကိုလည်း ဘယ်သူမှထိခိုက်ခွင့်မပြုဘူး။

ထောင်ကျီကလည်း ဒါကို ကောင်းကောင်းနားလည်တယ်။ ဒီတော့ ကိုယ်တို့ကြားထဲကအရာအားလုံးကို သိပြီးသွားတော့ သူက ခေါင်းငုံ့ပြီးတော့ပဲ ရိုးရိုးသားသားဆုတောင်းပေးခဲ့တယ်”

ရှောင်လင်းယွီက ဒါကိုကြားတော့ မျက်တောင်ခတ်မိလိုက်သည်။ ဒီကိစ္စက... အရမ်း ရင်ထဲထိစရာပဲ။

“ယွီအာ ကိုယ်ကိုယုံပါ!”

ရှောင်လင်းယွီက တိတ်ဆိတ်သွားတော့ သူ့ရဲ့ရည်ရွယ်ချက်ကို သူမပြန်ပြီးမေးခွန်းထုတ်မလားဆိုတာကို ‌ကုန်းထျန်းဟောက် စိုးရိမ်သွားသည်။

“ကိုယ်က အရင်က သမီးရည်းစားဆက်ဆံရေးဆိုတာကို မသိခဲ့ဘူး။ ဒါပေမယ့် အခုနားလည်သွားပြီ။ နောက်ကျရင် ကိုယ်တူညီတဲ့အမှားတစ်ခုကိုပဲ ထပ်မလုပ်ဘူး”

ရှောင်လင်းယွီက ယုတ်မာစွာရယ်မောကာ

“အိုး၊ နောက်ကျရင် ရှင်ကတူညီတဲ့အမှားတစ်ခုကို ထပ်လုပ်ဖို့အခွင့်အရေးရှိသေးတယ်ထင်တယ်ပေါ့”

ကုန်းထျန်းဟောက်က ချက်ချင်းတုန်ယင်သွားပြီး ခေါင်းခါကာ

“မဟုတ်ပါဘူးကွာ။ မင်းက ကိုယ့်တစ်ဘဝလုံး ကိုယ့်ဇနီးပဲဥစ္စာ”

သူက အရမ်းလေးနက်နေသည်။

ရှောင်လင်းယွီက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အရမ်းကြီးလည်းအတည်မယူပါနဲ့ဦး”

ကုန်းထျန်းဟောက်က စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ သူက သူ့ရင်ဘတ်ကိုပုတ်လိုက်ပြီး

“ယွီအာ မင်းက ကိုယ့်ကိုသေအောင်ခြောက်နေတာပဲ”

ရှောင်လင်းယွီက ဒါကိုရယ်စရာကောင်းတယ်လို့ ထင်သည်။ တစ်ချိန်တည်းမှာပဲ သူမကပျော်ရွှင်ပြီး စိတ်ထဲမှာ ချိုမြိန်သွားသည်။ ကုန်းထျန်းဟောက်က အရမ်းအင်အားရှိတဲ့လူတစ်ယောက်လေ။ ဒါတောင်မှ သူက သူမရှေ့မှာ အရမ်းထိတ်လန့်နေသည်။ သူက သူမကို အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံသည်။

သူမ ဘာတွေထပ်ပြီး တောင်းဆိုနိုင်ဦးမှာလဲ?

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့အပြုံးကိုကြည့်လိုက်ပြီး မျက်လုံးတွေလေးနက်လာသည်။

သူက ရှောင်လင်းယွီကို ပွေ့ဖက်လိုက်ပြီး

“ယွီအာ ကိုယ့်ခံစားချက်တွေကို ထပ်ပြီးသံသယမဝင်ပါနဲ့တော့။ ကိုယ်ကအရင်ကမှားခဲ့ပေမယ့် အခုကိုယ်သေချာတွေးကြည့်ပြီးသွားပြီ။ မင်းကိုအဆုံးရှုံးခံဖို့က အခုပိုပြီးမဖြစ်နိုင်တော့ဘူး”

“ဟင်း ကောင်းတာပေါ့!”

ရှောင်လင်းယွီက ပြုံးကာပြောလိုက်သည်။

“အဟမ်း အဟမ်း...”

အဲ့ဒီအချိန်မှာ ဘေးကနေ ချောင်းဟန့်သံတစ်ခု ထွက်လာသည်။ ဒီချောင်းဟန့်တာက ရှောင်လင်းယွီကို အရမ်းထိတ်လန့်သွားစေသည်။ သူမက မြန်မြန်ဆန်ဆန်ပဲ ‌ကုန်းထျန်းဟောက်ရဲ့ရင်ခွင်ထဲကနေ ထွက်လိုက်ပြီး ရောက်လာတဲ့သူကိုကြည့်ဖို့ လှည့်လိုက်သည်။

“အမေ!”

ရှောင်လင်းယွီက ရှက်သွေးဖြန်းလျက် ခေါ်လိုက်သည်။ သူမရဲ့အမေက ဘယ်တုန်းကပြန်ရောက်လာပြီး ဘယ်လောက်ကြာအောင်ကြည့်နေမှန်း သူမမသိပေ။ ရှောင်လင်းယွီရဲ့မျက်နှာက ပူထူနေသည်။

ကုန်းထျန်းဟောက်က အရမ်းအေးဆေးသက်သာနေကာ လုံးဝရှက်မနေပေ။

သူက ပြုံးပြီးတော့ခေါ်လိုက်ကာ

“အမေ!”

မေမေရှောင်က ရုတ်တရက် အရေးကြီးတဲ့အရာတစ်ခုကို တွေးမိသွားဟန်တူကာ

“ယွီအာ၊ တောင်ပေါ်မှာစိုက်ထားတဲ့သစ်ပင်တွေက ဝါပြီးတော့ ညှိုးတော့မယ့်လက္ခဏာတွေပြနေတယ်”

သစ်သီးပညာရှင်နှစ်ယောက်က ပင်ပျိုတွေစိုက်ပြီးတော့ ပြန်သွားခဲ့ကြသည်။ သူတို့နဲ့အတူတူ ပင်ပျို့တချို့တောင် ယူသွားကြသေးသည်။

ဒီတော့ အခုပြဿနာတစ်ခုရှိလာသောကြောင့် မေမေရှောင်က ရှောင်လင်းယွီဆီလှည့်လာခဲ့သည်။

ရှောင်လင်းယွီက မျက်မှောင်ကြုတ်ကာ သင်္ကာမကင်းနဲ့

“ညှိုးသွားတယ်?”

သစ်ပင်တွေကို စမ်းရေနဲ့လောင်းထားတာဖြစ်ပြီး သူတို့ကို စိုက်ပျိုးရေးနေရာလွတ်ထဲမှာ ပျိုးထားခဲ့တာဖြစ်တဲ့အတွက် မညှိုးသွားသင့်ပေ။

“ဟုတ်တယ်!”

မေမေရှောင်က ခေါင်းညိတ်ကာ

“အမေလည်း ဘာဖြစ်သွားမှန်းမသိဘူး”

စမ်းရေနဲ့စိုက်ထားသမျှအကုန်လုံးက ကောင်းမွန်ပြည့်စုံသည်။ အရင်ကဒီလိုမျိုး တစ်ခါမှမဖြစ်ခဲ့ဘူးပေ။ ၎င်းက အရမ်းထူးဆန်းသည်။

“အမေတို့စိုက်ထားတဲ့အပင်တွေကို ကျွမ်းကျင်သူတွေနဲ့ ပရော်ဖက်ဆာတွေရဲ့ညွှန်ကြားမှုအောက်မှာ သင့်တော်အောင်စိုက်ထားခဲ့တာပဲ။ ချက်ကျလက်ကျပြောရရင် ဒါမဖြစ်သင့်ဘူးမလား?”

မေမေရှောင်က မျက်မှောင်ကြုတ်လိုက်သည်။

ရှောင်လင်းယွီက

“အမေ သမီးတစ်ချက်သွားကြည့်လိုက်မယ်"

တောင်တွေမှာ တပ်ဆင်ထားတဲ့ ကေဘယ်လ်ကားတစ်စီးရှိသည်။ ဒါကြောင့် သူတို့တွေ စိုက်ခင်းကို တိုက်ရိုက်ရောက်နိုင်သည်။ ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ကူညီခဲ့သည်။

သူတို့သုံးယောက်က ပလက်ဖောင်းပေါ်ရောက်သွားကြပြီး ကေဘယ်လ်ကားပေါ်တက်ကာ တောင်ဆီသွားခဲ့ကြသည်။ ကေဘယ်လ်ကားထဲကနေတောင် သစ်သီးပင်အများစုက ညိုးနွမ်းနေကြတာကို ရှောင်လင်းယွီမြင်နိုင်သည်။

ကုန်းထျန်းဟောက်က

“ယွီအာ ကိုယ်တစ်ယောက်ယောက်ကို ပရောဖက်ဆာယွီနဲ့ ပရော်ဖက်ဆာကျီတို့ကို ပြန်ခေါ်ခိုင်းလိုက်သင့်လား?”

ရှောင်လင်းယွီက ခေါင်းခါကာ

“အခြေအနေကို တစ်ချက်အရင်သွားကြည့်ရအောင်”

သူမရဲ့သစ်သီးပင်တွေက ထူးခြားသည်။ သာမန်လူတွေတော့ ဘာကိုမှ သတိမထားမိလောက်ပေမယ့် သစ်ပင်တွေကိုအချိန်ကုန်ခံလေ့လာပြီးတဲ့နောက်မှာ ပရော်ဖက်ရှင်နယ်တွေက သတိထားမိသွားကြလိမ့်မည်။ ဒါကြောင့် လုံးဝကြီးလိုအပ်တာမဟုတ်သရွေ့ သူမ ပရော်ဖက်ဆာတွေကို ‌ခေါ်မည်မဟုတ်ပေ။

ကေဘယ်လ်ကားပေါ်ကနေဆင်းပြီးတော့ သူမက သစ်တော်သီးပင်အတန်းကို လျှောက်သွားလိုက်သည်။

ရှောင်လင်းယွီက သစ်တော်ပင်တစ်ပင်ရဲ့ဘေးကိုလာပြီး ၎င်းပေါ်က အဖြူရောင်နဲ့ အဝါရောင်သစ်ရွက်တွေကို သတိပြုမိသွားခဲ့သည်။

***

All Chapters