တိုးတက်မှုအတွက် ဆုတ်ခွာမှု
Vol. 26 Ch. 429
“မစ္စချင် ထိုင်ပါဦး!”
အိမ်တော်ထိန်းကျန်းက ချင်ယန်ကို နွေးထွေးစွာ ကြိုဆိုလိုက်ပြီး သူမကို လက်ဖက်ရည်တစ်ခွက်ပေးဖို့ အိမ်ဖော်ကို ခိုင်းလိုက်သည်။
“ခနနေရင် သခင်ကြီး ထွက်လာပါလိမ့်မယ်”
ချင်ယန်က ပြုံးလိုက်ပြီး အိမ်ရှင်ကို ယဉ်ကျေးစွနဲ့
“ကျေးဇူးတင်ပါတယ် ဦးလေးကျန်း။ ဦးလေး ကိစ္စတွေကို သွားလုပ်လိုက်ပါဦး။ ကျွန်မ ဒီမှာ ခနလောက်ထိုင်ပြီး အဘိုးထွက်လာတာကို စောင့်လိုက်ပါ့မယ်”
သူမက ကျန်းထောင်ကိုစေ့စပ်ထားတာဖြစ်သည်။ ဒါကြောင့် သူမက ဒီလူတွေကို ကျန်းထောင်ခေါ်သလိုပဲ ခေါ်သည်။
အိမ်တော်ထိန်းကျန်းက ခေါင်းညိတ်လိုက်ပြီး ပြုံးကာ
“ဒီလိုဆိုရင်တော့ ကျွန်တော် အရင်သွားလိုက်ပါဦးမယ်။ ဒီမှာခနလောက်စောင့်ပြီး လက်ဖက်ရည်သောက်နှင့်ပါဦး။ သခင်ကြီး မကြာခင် ထွက်လာပါလိမ့်မယ်”
“ဟုတ်ကဲ့ ကျွန်မနားလည်ပါတယ်။ ဒီလိုဆို ဦးလေးကိစ္စတွေကို အရင်သွားလုပ်လိုက်ပါရှင့်”
ချင်ယန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
အိမ်တော်ထိန်းကျန်းက ချင်ယန်ကို ကျန်းမိသားစုရဲ့ သခင်မလေးအနေနဲ့ အရမ်းသဘောကျနေသည်။ သူမမိသားစုရဲ့နောက်ခံအပြင် သူမက လှပပြီးတော့ နူးညံ့သိမ်မွေ့သေးသည်။ သူမက သခင်လေးအတွက် အကောင်းဆုံးအတွဲအဖက်ပဲဖြစ်သည်။
အိမ်တော်ထိန်းကျန်းထွက်သွားပြီးတော့ ချင်ယန်က သူမရဲ့ဖြူဖွေးပြီး နူးညံ့တဲ့လက်တွေနဲ့ အိတ်ကိုတင်းတင်းကိုင်ထားလိုက်သည်။ သူမရဲ့လက်ချောင်းထိပ်တွေက အနည်းငယ်ဖြူဖပ်နေပြီး သူမရဲ့ အထူဘရန်းဒတ်အိတ်ပေါ်မှာ အမှတ်အသားတွေဆွဲနေသည်။
မကြာခင်မှာ သူမအသံတစ်ခု ကြားလိုက်ရပြီး ချက်ချင်း လက်တွေကို ဖြေလျှော့လိုက်သည်။
“ဟားဟား ယန်အာက ဒီမှာလား?”
သခင်ကြီးကျန်းက သူ့ရဲ့ကြိမ်တုတ်ပေါ်မှာ မှီထားပြီး အိမ်ဖော်တွေရဲ့ အကူအညီနဲ့ လျှောက်လာခဲ့သည်။
ချင်ယန်က အနည်းငယ်ကြောက်ရွံ့နေပေမယ့် အပေါ်ယံမှာတော့ သူမက ယဉ်ကျေးပြီး လေးစားသမှုရှိသညိ။ သူမရဲ့ ထိုင်ခုံကနေ ထရပ်လိုက်ပြီး သခင်ကြီးကျန်းကို နှုတ်ဆက်ဖို့ သွားခဲ့သည်။
“အဘိုး၊ အဘိုးကိုတွေ့ဖို့ သမီးဒီရောက်နေတာ”
သူမက တခြားတစ်ဖက်ကနေ သခင်ကြီးကျန်းကို ကူညီလိုက်သည်။
သခင်ကြီးကျန်း ထိုင်လိုက်ပြီးတော့
“ယန်အာ၊ သမီးလာလည်လို့ အဘိုးကအရမ်းပျော်နေတာ”
ချင်ယန်က
“အစ်ကိုထောင်က အိမ်မှာမရှိဘူးလေ။ သူ့ရဲ့စေ့စပ်ထားတဲ့သူအနေနဲ့ ဒါပေါ့။ အဘိုးကိုစောင့်ရှောက်ဖို့ လာရမှာပေါ့”
“သမီးကတကယ် တွေးတတ်တာပဲ!”
သခင်ကြီးကျန်းက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ သူ့ရဲ့ခံ့ညားတဲ့မျက်နှာက ကြင်နာတဲ့အပြုံးတစ်ခုကိုတောင် သယ်ဆောင်နေသည်။ သူက ချင်ယန်ကို သူ့ရဲ့မြေးချွေးမအနေနဲ့ အရမ်းသဘောကျသည်။ သူမမှာ ကောင်းမွန်တဲ့မိသားစုနောက်ခံ၊ လှပတဲ့အသွင်အပြင်နဲ့ အရေးအကြီးဆုံးဖြစ်တဲ့ အရမ်းကြင်နာတတ်တဲ့ပင်ကိုယ်စရိုက်ရှိသည်။ သူမက သူ့ရဲ့မြေးအကြီးဆုံးအတွက် အသင့်တော်ဆုံးအတွဲအဖက်ပဲဖြစ်သည်။
ချင်ယန်က သခင်ကြီးကျန်းနောက်ကို ခနလိုက်ခဲ့သည်။ ရုတ်တရက် သူမက ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတဲ့အမူအယာတစ်ခု ပြလိုက်သည်။ သူမကြည့်ရတာ စိတ်လွတ်နေပုံပေါ်သည်။
သခင်ကြီးကျန်းက မျက်လုံးကြုတ်လိုက်ရင်း သူ့မျက်လုံးထဲမှာ တောက်ပတဲ့အလင်းတစ်ခု လက်ခနဲဖြစ်သွားသည်။
“ယန်အာ ဘာဖြစ်လို့လဲ? သမီးစိတ်ထဲမှာ တစ်ခုခုဖြစ်နေလို့လား?”
သခင်ကြီးကျန်းမေးတော့ ချင်ယန်က ခေါင်းခါလိုက်သည်။
“မဟုတ်ပါဘူး အဘိုး။ သမီးအဆင်ပြေပါတယ်”
သခင်ကြီးကျန်းရဲ့စူးရှတဲ့အကြည့်က ချင်ယန်ရဲ့ ဖြူဖွေးပြီးးနူးညံ့တဲ့မျက်နှာကို တမင်တကာစိုက်ကြည့်နေသည်။ သူက သူမရဲ့အဖြေကို လုံးဝမယုံပေ။ သခင်ကြီးကျန်းက ပြတ်ပြတ်သားသားမေးကာ
“သမီးဘာလို့ မရွှင်မပြဖြစ်နေတာလဲ? ဘာလို့အရမ်းဝမ်းနည်းနေပုံ ပေါ်နေတာလဲ? ငါက အသက်ကြီးနေမေယ့်လည်း မျက်မမြင်နားမကြားမဟုတ်သေးပါဘူး။ သမီးစိတ်ထဲတစ်ခုခုဖြစ်နေလား မဖြစ်ဘူးလားဆိုတာကို အကြည့်တစ်ချက်နဲ့တင် ပြောနိုင်တယ်”
ဒီအကြောင်းပြောရင်း သူက တင်းတင်းမာမာနဲ့
“အဘိုးကိုပြောပြ။ ဒါ ကျန်းထောင်နဲ့ ဆက်စပ်နေလို့လား?”
သခင်ကြီးကျန်းက အရမ်းလည်ဝယ်သည်။
ချင်ယန်က ဘယ်လိုလုပ် သူဆီကနေ တစ်ခုခုဖုံးထားနိုင်ပါ့မလဲ?
ဘာပဲဖြစ်ဖြစ် ၎င်းက ကျန်းထောင်နဲ့ဆက်စပ်နေတယ်ဆိုရင် သခင်ကြီးကျန်းက ၎င်းကို အာရုံစိုက်မည်ဖြစ်သည်။
ချင်ယန်ရဲ့မျက်နှာက ဖြူဖပ်နေသည်။ သူမက သူမရဲ့အိတ်ကို တင်းတင်းကျပ်ကျပ်ပွတ်သပ်နေသည်။ သိပ်မကြာခင်ပဲ သူမရဲ့မျက်လုံးတွေက နီရဲလာပြီး မျက်ရည်တွေကျလာသည်။
သူမက စိတ်ထိခိုက်ပြီး ဝမ်းနည်းတဲ့မျက်နှာနဲ့
“အဘိုး သမီး အစ်ကိုထောင်နဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလို့ရမလား?”
သခင်ကြီးကျန်းက ချက်ချင်းပဲ စိတ်ဆိုးနေတဲ့အသံနဲ့အော်လိုက်ကာ
“အဓိပ္ပာယ်မရှိတာ! အိမ်ထောင်ရေးဆိုတာ ကြီးမားတဲ့ကိစ္စတစ်ခုပဲ။ ဘယ်လိုလုပ် ငါတို့က ဒါကို ကလေးကစားသလိုမျိုး ဖျက်ပစ်လို့ရမှာလဲ? ချင်ယန် ဒါကဘာကိုဆိုလိုတာလဲ? ငါ့ကျန်းထောင်နဲ့ ငါ့မိသားစုကို မင်းက ဘယ်လိုလူစားမျိုးထင်နေတာလဲ?"
ချင်ယန်ရဲ့ခန္ဓာကိုယ်က တုန်ယင်လာပြီး မျက်နှာက အနည်းငယ်ပိုပြီး ဖြူဖပ်လာသည်။ သူမရဲ့အမူအယာက နာကျည်းနေပြီး ဖြူစင်နေကာ သူမကို လူတွေသနား ချင်ခင်မိလာစေသည်။
သခင်ကြီးကျန်းရဲ့စူးရှတဲ့မျက်လုံးတွေက ချင်ယန်ကို ခနလောက် စိုက်ကြည့်လိုက်ပြီး သူက သိက္ခာရှိတဲ့ဟန်ပန်နဲ့မေးကာ
“ယန်အာ၊ သမီးဘာလို့ ကျန်းထောင်နဲ့ စေ့စပ်တာကို ဖျက်ချင်ရလဲဆိုတာကို အဘိုးကိုပြောပြ”
ချင်ယန်က သူမပါးစပ်ကို ဟလိုက်ပေမယ့် တစ်ခုခုပြောဖို့ သူမအရမ်းရှက်ရွံ့နေခဲ့သည်။
သခင်ကြီးကျန်းက ခပ်ပေါ့ပေ့ါ သက်ပြင်းချလိုက်ကာ
“အဘိုးကိုပြောပြ။ စေ့စပ်တာဖျက်ချင်ရတဲ့ သမီးရဲ့အကြောင်းပြချက် ဘာလဲ? စိတ်မပူပါနဲ့၊ အဘိုး သမီးကို အပြစ်မတင်ဘူး"
ချင်ယန်ရဲ့မျက်ရည်တွေက မိုးစက်တွေလိုပဲ ချက်ချင်းစီးကျလာသည်။
သူမက ရေရွတ်ကာ
“အဘိုး….”
သူမက ဆက်ပြီး
“အစ်ကိုထောင်၊ သူ့မှာ သူသဘောကျပြီးသား မိန်းကလေးရှိတယ်။ သမီး..သမီးက အစ်ကိုထောင်ရဲ့ပျော်ရွှင်မှုကိုပဲ ဖြည့်ဆည်းပေးချင်တာ”
သူမရဲ့မျက်နှာက မျက်ရည်တွေနဲ့ ပြည့်နေခဲ့ပေမယ့် ၎င်းက သူမရဲ့အလှကို လုံးဝမထိခိုက်ပေ။ ချင်ယန်က မြို့တော်မှာ သူမရဲ့လှပမှုအတွက် နာမည်ကြီးသည်။ ကျန်းမိသားစုကို မလာခင်က သူမက ငိုရမယ့်ဖြစ်ရပ်တစ်ခု လုပ်ဆောင်ရမှာကိုသိခဲ့သည်။ ဒါကြောင့် သူမက နှုတ်ခမ်းနီကလွဲရင် ဘာမိတ်ကပ်မှ လိမ်းမလာပေ။ ၎င်းက သူမပြုလုပ်မယ့် နောက်ဆုံးအလျှော့ပေးမှု ဖြစ်သည်။
ချင်ယန်ရဲ့ မျက်ရည်တွေ စီးကျလာသည်။ သူမကြည့်ရတာ အရမ်းနုနယ်ပြီး သနားစရာပုံပေါ်နေပေမယ့် လှပနေသေးသည်။ ဒါပေမယ့်လည်း ရှိနေတဲ့တစ်ယောက်တည်းသောသူက သခင်ကြီးကျန်းပဲဖြစ်သည်။
သခင်ကြီးကျန်းက ကျန်းမိသားစုကိုပဲ စိတ်ဝင်စားတာမလို့ ချင်ယန်ရဲ့လှပမှုကို အလိုလိုပဲ သတိမထားမိပေ။ ဒါပေမယ့် ချင်ယန်ပြောလိုက်တာကိုတော့ သူသတိထားမိလိုက်သည်။
“သမီးဘာပြောလိုက်တာ?”
သခင်ကြီးကျန်းက သံသယအပြည့်ဖြင့် ခပ်မာမာမေးလိုက်သည်။
သူက ချင်ယန်ရဲ့မျက်လုံးတွေကို အတွေ့အကြုံရှိပြီးစူးရှတဲ့အကြည့်နဲ့ စိုက်ကြည့်နေခဲ့သည်။ သူက မရိုးသားမှုအရိပ်အယောင်ကို ရှာချင်နေသည်။
ချင်ယန်က ခေါင်းညိတ်ကာ
“ဟုတ်တယ်”
သူမက ဆက်ပြောရမလားဆိုတာကို မသိဘဲ ခနလောက် တုံ့ဆိုင်းသွားသည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အံကြိတ်ကာ
“တကယ်တော့ သမီးတို့မစေ့စပ်ခငင်ကတည်းက အစ်ကိုထောင်က သမီးကို တစ်ကြိမ်လာရှာဖူးတယ်။ အဲ့ဒီအချိန်က သူပြောတာက…
သူပြောတာက သူကသမီးနဲ့စေ့စပ်မှာ မဟုတ်ဘူးတဲ့။ သူ့မှာ သဘောကျရတဲ့ မိန်းကလေးရှိတယ်တဲ့။ သူက သမီးကို စေ့စပ်တာကို ငြင်းစေချင်နေတာ”
သခင်ကြီးကျန်းက သူ့ရဲ့လမ်းလျှောက်တုတ်ကို မြေကြီးကို ပြင်းပြင်းထန်ထန်ပစ်ချလိုက်သည်။
“အဲ့ဒီအကောင်!”
သခင်ကြီးကျန်းက ချင်ယန်ကို သံသယမဝင်ပေ။ သူမရဲ့သတို့သားလောင်းကို စွပ်စွဲဖို့ ဘာလို့သူမက အလိမ်ညာတစ်ခု လုပ်ရမှာလဲ?
ပြီးတော့ သူမက သခင်ကြီးကျန်းလိုလူကို လိမ်ညာပါ့မလား?
ဒီတော့ တစ်ခုတည်းသော ရှင်းပြချက်က သူမက အမှန်ကိုပြောနေတာပဲ ဖြစ်သည်။
ချင်ယန်က သူမခေါင်းကို အနည်းငယ်ငုံ့လိုက်သည်။ တောက်ပတဲ့အလင်းတစ်ခု သူမမျက်လုံးထဲမှာ ဝင်းလက်သွားသည်။ ပြီးနောက်မှာ သူမရဲ့ခေါင်းကို ထပ်မော့လိုက်ပြီး သခင်ကြီးကျန်းကို သနားချင့်စဖွယ်နဲ့ စိတ်ထိခိုက်စွာ ကြည့်လိုက်သည်။
“အဘိုး၊ သမီး အစ်ကိုထောင်ကို သဘောကျတယ်။ ဒါပေမယ့် အစ်ကိုထောင်က သမီးကို သဘောမကျတာ သိသာနေတာပဲ။ အစ်ကိုထောင်ရဲ့ပျော်ရွှင်မှုအတွက် သမီးထွက်ပေးဖို့နဲ့ အစ်ကိုထောင်ကို ကူညီဖို့ပဲ ဆန္ဒရှိတယ်”
အဲ့ဒီအကြောင်းပြောရင်း ချင်ယန်က ရှေ့နည်းနည်းတိုးကာ သခင်ကြီးကျန်းရဲ့အင်္ကျီလက်ကို သည်းခံပြီး သတိထားကာ ဆွဲလိုက်သည်။
သူမက အသနားခံရင်းငိုကာ
“အဘိုး၊ အဘိုး….သမီးတို့ ဆန္ဒတွေကိုပဲ ခွင့်ပြုလိုက်ပါ။ နော်?”
သခင်ကြီးကျန်းက ချင်ယန်ရဲ့ပခုံးကို ပုတ်လိုက်ပြီး အရမ်းပြတ်ပြတ်သားသားနဲ့
“ယန်အာ စိတ်မပူနဲ့။ အဘိုးရဲ့မျက်လုံးထဲမှာ ထောင်အာအတွက် သမီးတစ်ယောက်ပဲ ထိုက်တန်တယ်။ တခြားကြောင်တွေ ခွေးတွေကတော့ ငါ့ကျန်းမိသားစုရဲ့တံခါးကို ခြေချဖို့တောင် မတွေးသင့်ဘူး”
“ဒါပေမယ့်…ဒါပေမယ့်…”
ချင်ယန်က တတတုံ့တုံ့ဆိုင်းဆိုင်းနဲ့
“အစ်ကိုထောင် သူက…”
သခင်ကြီးကျန်းက သူ့လက်ကို ခါပြလိုက်ပြီး အထက်စီးဆန်တဲ့ဟန်ပန်နဲ့
“သူ့မှာသူ့အိမ်ထောင်ရေးကို ထိန်းချုပ်ပိုင်ခွင့်မရှိဘူး”
ချင်ယန်က အနည်းငယ်တုံ့ဆိုင်းစွာပြောကာ
“ဒါပေမယ့် အစ်ကိုထောင်ရဲ့စိတ်က သမီးနဲ့မှ မရှိဘဲ။ နောက်ကျလို့ သမီးတို့လက်ထပ်ရင် ပျော်ရွှင်ရမှာမဟုတ်ဘူး”
“အချစ်က လက်ထပ်ပြီးတော့မှ လာလို့ရတယ်”
သခင်ကြီးကျန်းက ခေါင်းမာစွာ ပြောကာ
“ယန်အာ၊ သမီးနဲ့ကျန်းထောင်က အသင့်တော်ဆုံးအတွဲအဖက်ပဲ။ တခြားကိစ္စတွေကို သမီးစိုးရိမ်ဖို့မလိုဘူး။ ကျန်းထောင်ရဲ့ သတို့သမီးအဖြစ်ပဲနေ။ အဘိုးက သမီးအတွက် အားလုံးဂရုစိုက်ပေးမယ်”
သူက သခင်ကြီးကျန်းရဲ့စိတ်ကို မပြောင်းနိုင်မှန်း ချင်ယန်သိသည်။ သူမက ခနလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ၊ ကျေးဇူးပါ အဘိုး!”
သခင်ကြီးကျန်းက သူမရဲ့ပခုံးကိုပုတ်လိုက်ကာ
“ယန်အာ၊ အဘိုး ပင်ပန်းနေတယ်”
ချင်ယန်က ချက်ချင်းပဲ
“အဘိုး သမီးမှာလုပ်စရာကိစ္စရှိသေးတာပဲ။ သမီးအရင်ပြန်လိုက်ဦးမယ်”
“အေးအေး!”
သခင်ကြီးကျန်းက ခေါင်းညိတ်လိုက်သည်။
ချင်ယန်က သူမရဲ့ လက်ကိုက်အိတ်ကို ယူလိုက်ပြီး ထွက်သွားဖို့ပြင်နေတုန်းမှာ လက်ချော်သွားပြီး သူမအိတ်က ပြုတ်ကျသွားသည်။ နှုတ်ခမ်းနီနဲ့ မျက်နှာလိမ်းခရင်မ်လိုမျိုး အလှပြင်ပစ္စည်းတွေ ထွက်ကျလာသည်။
ဒါပေမယ့်လည်း သခင်ကြီးကျန်းက အိတ်ထဲက တွက်ကျလာတဲ့ တခြားပစ္စည်းတစ်ခုဆီကနေ အာရုံစိုက်ခံလိုက်ရသည်။
“တောင်းပန်ပါတယ် အဘိုး!”
ချင်ယန်က ခေါင်းငုံ့လိုက်ပြီး တောင်းပန်စွာပြောကာ
“သမီးလက်ချော်သွားတာ။ အဘိုးရှေ့မှာ သမီး တည်ငြိမ်မှုတွေ ပျောက်သွားတာပဲ။ အဘိုး တကယ်တောင်းပန်ပါတယ်!”
သူမက ကြမ်းပြင်ပေါ်ပြုတ်ကျသွားတဲ့ ပစ္စည်းတွေကို အမြန်ကောက်ယူလိုက်သည်။ ပြုတ်ကျသွားတဲ့ ဓာတ်ပုံကိုသူမမြင်တော့ ချက်ချင်းပဲ ဖြူဖပ်သွားသည်။ သူမက သခင်ကြီးကျန်းရဲ့ အမူအယာကို ကြည့်လိုက်သည်။
သူမက ဓာတ်ပုံကိုယူလိုက်ပြီး အဲ့ဒါကို သူမအိတ်ထဲ ထည့်နေတုန်း သခင်ကြီးကျန်းက
“အဘိုး ပုံကိုကြည့်ဦးမယ်ထ”
***