ချင်ယန်ရဲ့ဒေါသနဲ့ ရူးမိုက်ဖွယ်မနာလိုမှု
Vol. 26 Ch. 428
ချင်ယန်က ယွမ်၆သန်းကို စုပြီးနောက် လင်ဖေးယန်ရဲ့နေရာကို အပြေးသွားခဲ့သည်။ သူမက ကုန်းထျန်းဟောက်အကြောင်းကို အရမ်းကိုမှ သိချင်နေသည်။ အထူးသဖြင့်တော့ လင်ဖေးယန်ရဲ့လက်ထဲကပုံကို မြင်လိုက်တဲ့အခါမှာ သူမအရမ်းအံ့ဩသွားခဲ့သည်။
‘ကုန်းထျန်းဟောက်က တကယ်ပဲ…’
သူမက စတီယာရင်တိုင်ကို တင်းတင်းဆုပ်ထားလိုက်ပြီး သူမရဲ့သေးသွယ်တဲ့လက်ချောင်းတွေက စတီယာရင်ဘီးထဲ ဝင်လုမတတ်ဖြစ်နေသည်။ သူမရဲ့လှပတဲ့မျက်နှာက မလိုမုန်းထားမှု၊ ရူးမိုက်မှုတွေနဲ့ သဝန်တိုမှုတွေ ပြည့်နေခဲ့သည်။
တစ်ယောက်ယောက်သာ သူမကိုမြင်လိုက်ရင် ဒီလိုအကျည်းတန်တဲ့မိန်းကလေးမျိုးကို လှပတဲ့နတ်သမီးလေးအနေနဲ့ မှတ်မိမှာမဟုတ်ပေ။
သူမကားကို ပါကင်ထိုးပြီးတော့ နေကာာမျက်မှန်ကိုဝတ်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်သည်။ ပြီးနောက်မှာ သူမရဲ့ သီးသန့်လက်ကိုင်အိတ်ကိုယူပြီး ထွက်သွားသည်။ သူမ အိမ်ထဲကိုဝင်လိုက်တာနဲ့ ချင်ယန်က သူမလက်ထဲက ဘဏ်ကတ်ကို တိုက်ရိုက်ပဲပစ်ထည့်လိုက်ပြီး အေးစက်စွာပြောကာ
“ဒီမှာ ၅.၅သန်း!”
သူမက အဖိုးအခကို စရံပေးထားတဲ့အတွက် စုစုပေါင်းက ၆သန်းဖြစ်သည်။
လင်ဖေးယန်က ချင်ယန်ရဲ့ စိတ်ဆိုးနေတဲ့ဟန်ပန်ကို လုံးဝဂရုမစိုက်ပေ။ သူရဲ့ ထိုင်ခုံကို လှည့်လိုက်ပြီး စားပွဲပေါ်က ကတ်ကိုကောက်ယူကာ နှစ်ကြိမ်ပွတ်သပ်လိုက်ပြီး ပြုံးလျက်နဲ့
“မစ္စချင်က တကယ့်ကိုတည့်တိုးသမားပဲ။ ဒီလိုခနလေးအတွင်းမှာ ၅သန်းကျော်ကျော်စုလိုက်တာပဲ”
“လိုရင်းကိုပြော၊ ကျွန်မလိုချင်တဲ့ ပစ္စည်းဘယ်မှာလဲ?”
ချင်ယန်က လင်ဖေးယန်ကို စူးစူးရှရှကြည့်လိုက်သည်။ သူမရဲ့ များသောအားဖြင့် နူးညံ့ပြီး သာယာတဲ့အသံက အခုအချိန်မှာ ထူးထူးခြားခြားအေးစက်ကာ တင်းမာနေသည်။
လင်ဖေးယန်က အံဆွဲထဲက စာရွက်စာတမ်းအိတ်ကိုယူလိုက်ပြီး ချင်ယန်ဆီ တွန်းပို့ပေးလိုက်သည်။
သူက ပြုံးကာ
“ငါ့မှာပိုက်ဆံရတာနဲ့ ကောင်းတာတွေကိုပေးမယ်လို့ ကတိပေးခဲ့သားပဲ။ ငါက စကားတည်မှန်း မင်းသိပါတယ်”
ချင်ယန်က လုံးဝ နားမထောင်ချင်ပေ။ သူမ စာရွက်စာတမ်းအိတ်ကို မြင်လိုက်တာနဲ့ ၎င်းကိုဖွင့်ဖို့မစောင့်နိုင်တော့ဘဲ အထဲက ပစ္စည်းကို ထုတ်လိုက်သည်။ ပြီးနောက်မှာ ဓာတ်ပုံတစ်ပုံထွက်ကျလာသည်။ ချင်ယန်ရဲ့ သူငယ်အိမ်တွေ တင်းကျပ်သွားသည်။ သူမရဲ့ မျက်လုံးတွေက မယုံကြည်နိုင်မှုတွေနဲ့ပဲ ပြည့်နေခဲ့သည်။ ဓာတ်ပုံထဲရှိ ကုန်းထျန်းဟောက်ကို နောက်ကျောကိုသာ မြင်ရတာတောင် သတိပြုမိနိုင်သည်။ သူမက သူ့ကို ကောင်းကောင်းကြီးသိသည်။ တခြားတစ်ယောက်က နက်မှောင်ဖြောင့်စင်းတဲ့ဆံပင်ရှည်နဲ့ အဖြူရောင်ဂါဝန်နဲ့ မိန်းကလေးဖြစ်သည်။
ကုန်းထျန်းဟောက်က မိန်းကလေးတစ်ယောက်ကို ဖက်ထားပြီး သူ့မျက်နှာတစ်ခြမ်းက မိန်းကလေးဘက်ကို လှည့်ထားသည်။ ဒါပေမယ့်လည်း ကုန်းထျန်းဟောက်ရဲ့နူးညံ့တဲ့အမူအယာကို ချင်ယန် မြင်လိုက်သည်။ ကုန်းထျန်းဟောက်က မိန်းကလေးတစ်ယောက်နဲ့ အရမ်းရင်းနှီးပူးကပ်နေမယ်လို့ သူမမျှော်လင့်မထားခဲ့ပေ။
သူမက စာရွက်စာတမ်းအိတ်ထဲက ပစ္စည်းတွေကို မြန်မြန်သွန်မချခင်မှာ မျက်လုံးတွေက ခနလောက် ပြူးကျယ်သွားသည်။ စာရွက်အပိုင်းတချို့ ထွက်ကျလာသည်။ သူမက ပါဝင်တဲ့စာရွက်တွေကို မြန်မြန်လှန်လှော ကြည့်လိုက်သည်။
ခနကြာပြီးတော့ သူမရဲ့အမူအယာက ညိုမည်းသွားသည်။ ပြီးနောက်မှာ ၎င်းက ပုတ်သင်ညိုတစ်ကောင်လိုပဲ ပြာနှမ်းပြီး ဖျော့တော့သွားပြီးတော့ နီရဲသွားသည်။ သူမက ဒေါသထွက်ပြီး စိတ်ဆိုးနေတဲ့အမူအယာနဲ့ လက်ထဲက အချက်အလက်တွေကို စားပွဲပေါ် ပစ်လိုက်သည်။
သူမက လင်ဖေးယန်ကိုကြည့်ရင်း မျက်လုံးတွေက ဒေါသတွေနဲ့ ပြည့်နေခဲ့သည်။
သူမက အသံကျယ်ကျယ်နဲ့
“မဖြစ်နိုင်တာပဲ။ ရှင် ကျွန်မကို လိမ်နေတာ!”
“ကုန်းထျန်းဟောက်က မိန်းကလေးတွေနဲ့ မနီးကပ်မှန်း မြို့တော်က လူတိုင်းသိတယ်။ သူက ယောက်ျားတွကို သဘောကျတယ်ဆိုတဲ့ ကောလဟာလတောင်ရှိသေးတယ်။ သူက ဘယ်လိုလုပ် မိန်းမတစ်ယောက်နဲ့ ပက်သက်နိုင်မှာလဲ? ပြီးတော့ အဲ့ဒါကလည်း တောကလေးတစ်ယောက်နဲ့ ကိုယ်ဝန်သည်မိန်းမ?”
လင်ဖေးယန်က မတုန်လှုပ်ပေ။
သူ့လက်တွေကို ဖြန့်ကာ
“မစ္စချင်၊ ကျွန်တော့်ကို လာဒေါသထွက်နေလို့တော့ အကျိုးမရှိပါဘူး။ ဒါ ငါ့စုံစမ်းမှုရဲ့ အမှန်တရားပဲလေ။ ငါက မင်းရဲ့အသိုင်းအဝိုင်းမှာ ကောင်းတဲ့သတင်းမရှိလောက်ပေမယ့် ငါက မှန်ကန်တဲ့ စုံစမ်းရေးသမားတစ်ယောက်မှန်း မင်းသိတာပဲ”
ချင်ယန်က မျက်လုံးပြူးသွားပြီး မယုံနိုင်စွာမေးကာ
“မဖြစ်နိုင်တာကြီး၊ ကုန်းထျန်းဟောက်က မိန်းမတွေကို သဘောမကျပါဘူး”
လင်ဖေးယန်က သူမကိုကြည့်လိုက်ပြီး အနည်းငယ် အထင်အမြင်သေးသွားသည်။
သူက ထပ်ပြီးတော့
“ငါ့ရဲ့စုံစမ်းမှုကို မစ္စချင်မယုံမှတော့ မင်းကိုယ်တိုင်စုံစမ်းဖို့ တစ်ယောက်ယောက် လွှတ်လိုက်လို့ရတာပဲ! ဘာပဲဖြစ်ဖြစ် ကုန်းထျန်းဟောက်က ဒီမိန်းကလေးကို ကောင်းကောင်းကာကွယ်ထားမှာ။ အစွမ်းအစမရှိတဲ့သူတွေကတော့ ဖော်ထုတ်ခံရမှာပဲ”
“သူတို့သာအဖမ်းခံရပြီး ဝန်ခံလိုက်ရင်တော့…
အကျိုးဆက်တွေကို ငါမင်းကို ပြောဖို့လိုမယ် မထင်တော့ဘူး”
ချင်ယန်က သူမရဲ့လှပတဲ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်သည်။
သူမရဲ့မျက်လုံးတွေက လင်ဖေးယန်ကို ဒေါသတကြီးကြည့်ရင်း မယုံနိုင်မှုတွေနဲ့ ပြည့်နေခဲ့သည်။ လင်ဖေးယန်က အမှန်တရားကို လုပ်ဇာတ်ခင်းနေမှန်း သူမသေချာသည်။
လင်ဖေးယန် က ထေ့ငေါ့လိုက်ပြီးတော့
“မစ္စချင်၊ ကုန်းထျန်းဟောက်က တခြားမိန်းမတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့အချက်ကို မင်းလက်မခံချင်မှန်း ငါသိတယ်။ ဒါပေမယ့်လည်း ဒါကအမှန်တရားပဲလေ။ ငါ့မှာ ကုန်းထျန်းဟောက်နဲ့ ဘာရန်ငြှိုးမှမရှိဘူး။ ဘာလို့ သူ့ကိုလုပ်ကြံဖို့ ငါက လုပ်ဇာတ်ခင်းရမှာလဲ? မင်းဆီကနေ နောက်ထပ်ငါးသန်း ငွေညှစ်ဖို့နဲ့ ငါက ဒီအလိမ်ကို လုပ်ထားတယ်လို့ ထင်နေတာလား? ငါက ဒီနယ်ပယ်မှာ ဆက်အလုပ်လုပ်ချင်သေးတယ်။ ပြီးတော့ ငါ့မှာရှိတဲ့အရာတွေကို မင်းတို့လူတွေကို ငါးသန်းကျော်ကျော်နဲ့ ရောင်းပစ်နိုင်တယ်”
သူက ယုတ်မာတဲ့လူဖြစ်သည်။ သူက ပိုက်ဆံတွေ ပိုများတဲ့ပိုက်ဆံတွေကို သဘောကျသည်။ သူ့မှာ အထက်တန်းလွှာအသိုင်းအဝိုင်းကလူတော်တော်များများရဲ့ လျှို့ဝှက်ချက်တွေရှိပြီး လူတွေက သူ့ကို ပထုတ်ဖို့ကလွဲရင် ဘာမှအလိုမရှိကြပေ။ ဒါပေမယ့်လည်း တူညီတဲ့အကြောင်းရင်းကြောင့်ပဲ ဒီလူတွေက လင်ဖေးယန်ရဲ့ ဘေးကင်းမှုကို ကာကွယ်ကြပြန်သည်။ ဒါကြောင့် သူက သူ့အလုပ်ကြောင့်ပဲ လုံခြုံနေခြင်းဖြစ်သည်။
“ဒီတော့ မစ္စချင်၊ မင်းဒေါသတွေကို ပေါက်ကွဲချင်ရင် တစ်ယောက်ယောက်သာရှာလိုက်။ ငါကမင်းရဲ့ လက်ဝှေ့ထိုးအိတ်မဟုတ်ဘူး”
လင်ဖေးယန်ရဲ့မျက်နှာပေါ်က အပြုံးကပျောက်ကွယ်သွားပြီး သူက အရမ်းတည်ငြိမ်နေပုံပေါ်သည်။ ချင်ယန် မြန်မြန်ပဲအသိပြန်ဝင်လာခဲ့သည်။
“…”
သူမက လင်ဖေးယန် ရှေ့မှာ အကျည်းတန်တဲ့အခြမ်းအနည်းငယ်ကို ပြသခဲ့သည်။ ချင်ယန်ရဲ့မျက်လုံးတွေက ချက်ချင်းပဲ သတိနဲ့ စိုးရိမ်မှုတွေကို ပြသနေသည်။ သူမရဲ့ ခေါင်းကိုမော့လိုက်ပြီး အခန်းပတ်လည်ကို ကြည့်လိုက်သည်။ သူမက ဗီဒီယိုကင်မရာနဲ့ တခြားပစ္စည်းတွေကို စစ်ဆေးကြည့်ချင်ခဲ့သည်။ မှတ်တမ်းတင်ထားတာသာပျံ့သွားရင် သူမရဲ့ဂုဏ်သတင်းက ဖျက်ဆီးခံလိုက်ရလိမ့်မည်။ သူမက ၎င်းကိုဖြစ်ခွင့် မပြုနိုင်ပေ။
ချင်ယန်ရဲ့မျက်လုံးတွေထဲမှာ ရက်စက်တဲ့အလင်းတစ်ခု လက်ခနဲဖြစ်သွားသည်။
လင်ဖေးယန်က လူတွေရဲ့အမူအယာတွေကို ဖတ်တဲ့အခါမှာ အမြဲတမ်းတော်သည်။ ချင်ယန်ရဲ့အမူအယာကိုကြည့်ပြီး သူမ ဘာကိုရှာနေမှန်း သူသိလိုက်သည်။
သူက စိတ်မဝင်စားစွာနဲ့
“မစိုးရိမ်ပါနဲ့၊ ဒါကငါအလုပ်လုပ်တဲ့နေရာ။ ဘာလုံခြုံရေးကင်မရာတို့ အဲ့ဒီလိုမျိုးဟာတွေ ဘာမှမရှိဘူး”
ပြီးတော့ များစွာသောမကောင်းတဲ့ကိစ္စတွေကို ဒီနေရာမှာ လုပ်ကိုင်နေတာလေ။ တခြားသူတွေ သူ့ကို ဆန့်ကျင်ဖို့သုံးနိုင်မယ့်အရာမျိုးကို သူက ဘာလို့ မှတ်တမ်းတင်ထားရမှာလဲ?
သူက အရမ်းတုံးအဖိုအထိတော့ သူ့ဘဝကို အရမ်းတန်ဖိုးထားသည်။
ချင်ယန်က အလွယ်တကူမယုံနိုင်ဘဲမေးကာ
“တကယ်လား?”
လင်ဖေးယန်က သူမကို ရှင်းမပြချင်တော့ပေ။
“ယုံချင်ယုံ မယုံချင်နေ”
ချင်ယန်မှာ သူ့ကိုယုံဖို့ကလွဲရင် ရွေးစရာမရှိပေ။ ချင်ယန်က သူမရဲ့ဆံပင်ရှည်တွေကို သပ်လိုက်ပြီး ပျက်ရယ်ပြုပြီး အထင်သေးတဲ့အပြုံးနဲ့မေးကာ
“ရှင့်မှာ ကုန်းထျန်းဟောက်နဲ့ အဲ့ဒီမိန်းမရဲ့ဓာတ်ပုံရှိသေးလား? ဒီပုံထဲမှာ ကျွန်မ မိန်းမရဲ့နောက်ကျောကိုပဲမြင်ရပြီး သူ့မျက်နှာကို မမြင်ရဘူး။ ကျွန်မ အဲ့ဒီမိန်းမကို မြင်ချင်တယ်။ သူဘယ်လိုလုပ် ကုန်းထျန်းဟောက်ကို ဆွဲဆောင်လိုက်နိုင်တာလဲ?”
လင်ဖေးယန်က မနာလိုမှုတွေနဲ့ပြည့်နေတဲ့ ချင်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး တွေးကာ
‘ဒီမိန်းကလေးမှာ ကုန်းထျန်းဟောက်ကိုရဖို့ အစွမ်းအစမရှိဘူးပဲ။ ဒါကြောင့် သူကမနာလိုနေတာ။ ရုပ်ပေါက်ချက်။ ဒါပေမယ့် ငါသူ့လို မိန်းမတွေကို သဘောကျတယ်။ အနည်းဆုံးတော့ သူတို့အဆုံးသတ်တွေလာတော့မယ်ဆိုတာကို သိတယ်လေ'
လင်ဖေးယန်က လျစ်လျူရှုစွာနဲ့
“ကုန်းထျန်းဟောက်ရဲ့ဓာတ်ပုံက အရမ်းရဖို့လွယ်တယ်လို့ မင်းထင်နေလား? ဒီဓာတ်ပုံကိုယူဖို့ ငါမိတောင်အမိခံရတော့မလို့”
ချင်ယန် “…”
ကုန်းထျန်းဟောက်ရဲ့ ဓာတ်ပုံတစ်ပုံကိုယူဖို့ တကယ့်ကို ခက်ခဲသည်။ မဟုတ်ရင် အင်တာနက်ပေါ်မှာ သူ့ပုံတွေ နည်းနည်းလေးပဲရှိမှာ မဟုတ်ဘူးလေ။
ချင်ယန်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး လင်ဖေးယန်ကို
“ရှင် ဒီကိစ္စကို ကျွန်မအတွက် ဖုံးထားပေးရမယ်။ မြို့တော်မှာ သတင်းတစ်ခုခုကြားရင် ရှင့်ကိုဇာတ်သိမ်းပစ်မယ်”
ဒါကိုပြောပြီးတော့ သူမက စားပွဲပေါ်က စာရွက်စာတမ်းတွေကို ယူလိုက်ပြီး အမြန်ထွက်သွားသည်။ ဒီသတင်းရဲ့စစ်မှန်မှုကို သူမ အတည်ပြုရမည်။ ၎င်းက အတုဆိုရင်တော့ အဆင်ပြေသည်။ အမှန်ဆိုရင်တော့ အဲ့ဒီမိန်းမ…အဲ့ဒီမိန်းမ..
ရူးသွပ်မှုနဲ့ ရက်စက်မှုအရိပ်အယောင်တစ်ခု ချင်ယန်ရဲ့မျက်နှာပေါ်မှာ လက်ခနဲဖြစ်သွားသည်။
ချင်ယန်ထွက်သွားပြီးတော့ လင်ဖေးယန်က ထေ့ငေါ့မှုတွေပြသကာ
“ကျစ်ကျစ်၊ ဒီသူတော်ကောင်းယောင်ဆောင်တဲ့မိန်းမက ကုန်းထျန်းဟောက်အကြောင်းကိုပဲ ဂရုစိုက်တာပဲ။ သူ့သတို့သားလောင်းအကြောင်း စကားတစ်ခွန်းတောင် မေးမသွားဘူး”
ဘာပဲဖြစ်ဖြစ် လင်ဖေးယန်က သူ့အလုပ်ဆီ ပြန်လှည့်လိုက်သည်။
......
ချင်ယန်က သူမရဲ့ဗီလာကို ပြန်လာခဲ့သည်။ အလုပ်သမားတွေကို မောင်းထုတ်ပြီးတော့ သူမက ပစ္စည်းတွေကို စတင်ထုရိုက်ခဲ့သည်။ ပြီးနောက်မှာ အလုပ်သမားတွေက ပစ္စည်းတွေ ကွဲပျက်သွားတဲ့အသံတွေကို ကြားလိုက်ရသည်။
ချင်ယန်က သူမရဲ့ဖြူဖွေးပြီး နူးညံ့တဲ့လက်တစ်ဖက်ထဲမှာ စာရွက်အပိုင်းတစ်ခုကို တင်းတင်းဆုပ်ထားခဲ့သည်။ သူမက ၎င်းကို အပိုင်းအစတွေအဖြစ် ဖျက်ဆီးပစ်ချင်သည်။ ဒီစာရွက်မှာ လင်ဖေးယန် ရဲ့စုံစမ်းမှုက ရလဒ်တွေပါဝင်နေသည်..
ကျန်းထောင်နဲ့ ကုန်းထျန်းဟောက်က မိန်းမတစ်ယောက်တည်းကို ကြိုက်နေကြသည်။
မိန်းမတစ်ယောက်တည်းကို!
***