← Chapters

အောင်သွယ်တော်ဘွားဘွားရှောင်

Vol. 26 Ch. 427

အောင်သွယ်တော်ဘွားဘွားရှောင်

Vol. 26 Ch. 427

ရှောင်လင်းယွီက ရှောင်မိသားစုကို ပြန်လာကတည်းက ဂနာမငြိမ်ဖြစ်နေသည်။ သူမက မတ်တပ်ရပ်လိုက်ပြီး တံခါးကို ကြည့်လိုက် ပြီးတော့ သူမက ကြိမ်ကုလားထိုင်ပေါ်မှာ ထပ်ပြီး ပြန်ထိုင်လိုက်ဖြင့် ရှုပ်နေလေသည်။

အကဲခတ်နှေးတဲ့သူတစ်ယောက်တောင် ရှောင်လင်းယွီစိတ်ထဲမှာ တစ်ခုခုဖြစ်နေတာကို ပြောနိုင်သည်။

ဘွားဘွားရှောင်က ပန်းတချို့ကို ဂရုစိုက်နေပြီး ခြံထဲမှာ စိုက်နေခဲ့သည်။ သူမက ၎င်းကိုပြုမိသွားတော့ မေးလိုက်သည်။

“ယွီအာ တစ်ခုခုဖြစ်လို့လား?”

“မဟုတ်ဘူး မဟုတ်ပါဘူး!”

ရှောင်လင်းယွီက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

ကုန်းထျန်းဟောင်နဲ့ ကျန်းထောင် ထပ်ပြီး ရန်ဖြစ်ကြမှာကို သူမတကယ်ကို စိုးရိမ်နေသည်။ ‌အစတုန်းကတော့ သူမက သူတို့နဲ့အတူ ကုန်းမိသားစုကို လိုက်သွားချင်ခဲ့သည်။ ဒါပေမယ့်လည်း ဒါက ယောက်ျားလေးတွေကြားက ကိစ္စဖြစ်ပြီး သူတို့သာသူတို့ ဖြေရှင်းမည့်အကြောင်း ကုန်းထျန်းဟောက်က ပြောခဲ့သည်။ ဒါကြောင့် သူမက အိမ်ကို အရင်ဆုံး ပြန်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် အခုသူမက အိမ်မှာရှိနေခဲ့ပြီး သူမရဲ့စိုးရိမ်မှုကလည်း လျော့ကျမသွားပေ။

ဘွားဘွားရှောင်က သူမကို မယုံပေ။

သူမက သင်္ကာမကင်းဖြင့်

“သမီး ဒီလောက်ဂနာမငြိမ်ဖြစ်နေတာ အသိသာကြီးကို။ ထျန်း‌ဟောက်နဲ့စကားများထားတာလား?”

“ဟင်အင်း မဟုတ်ပါဘူး။ သမီးတို့ စကားမများထားပါဘူး”

ရှောင်လင်းယွီက ခေါင်းခါပြီး ပြောလိုက်သည်။

“သမီး…သမီးမှာ ချိန်းထားတဲ့ မိတ်ဆွေတစ်ယောက်ရှိလို့။ သူက အချိန်မီမပေါ်လာသေးဘူးလေ။ ဒါကြောင့် သူ့ကိုစိတ်ပူနေတာ”

သူမက ကျန်းထောင်ကို မချစ်ပေမယ့်လည်း ကျန်းထောင်ကို သူငယ်ချင်းတစ်ယောက်လိုမျိုး တကယ်ဆက်ဆံသည်။ သူမကိုယ်သူမ ဒီသုံးပွင့်ဆိုင်အချစ်ထဲမှာ ငြိသွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

ကုန်းထျန်းဟောက်နဲ့ ကျန်းထောင်တို့ကြားက သူမကြားခဲ့တဲ့ စကားအရ ကျန်းထောင်က သူမသွားခင် သူမကို ဂရုစိုက်ပေးဖို့ ကုန်းထျန်းဟောက်ကို တောင်းဆိုခဲ့သည်။ ဒါပေမယ့်လည်း သူပြန်ရောက်လာတော့ သူ့ရဲ့ညီအစ်ကိုကောင်းက ရှောင်လင်းယွီနဲ့အတူတူရှိနေတာကို ကျန်းထောင်မြင်လိုက်သည်။ သူ့နေရာမှာဘယ်သူမဆို သစ္စာဖောက်ခံရတယ်လို့ ခံစားရလိမ့်မည်။ ပြီးတော့ နည်းလမ်းကျကျဆိုရင် ၎င်းကို ထိမ်ချန်ထားမှုရဲ့အပြစ်လို့ပဲ ခေါ်နိုင်မည်။

ရှောင်လင်းယွီက သူမကြောင့် ညီအစ်ကိုနှစ်ယောက်ကို မတိုက်ခိုက်စေချင်ပေ။ သူတို့ရဲ့စကား ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ သူမသိချင်နေသည်။ ရှောင်လင်းယွီက ပေါင်တွေကို ပွတ်လိုက်သည်။

ဘွားဘွားရှောင်က ရှောင်လင်းယွီရဲ့ရှင်းပြချက်ကိုကြားပြီး ခေါက်းညိတ်လိုက်သည်။

“ယွီအာ၊ သမီးမှာ လာရမယ့် သူငယ်ချင်းတစ်ယောက်ရှိတာလား?”

“အင်း!”

ရှောင်လင်းယွီက ဖာသိဖာသာ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် သူဘယ်မှာလဲ?”

ဘွားဘွားရှောင်က မေးကာ

“သူ့ကိုခေါ်ဖို့ ငါတို့တစ်ယောက်ယောက် လွှတ်လိုက်သင့်လား?”

ဒါပေမယ့်လည်း ရှောင်လင်းယွီက ၎င်းအပေါ်မှာ လုံးဝစိတ်ရောက်မနေပေ။ ဘွားဘွားရှောင်ရဲ့စကားတွေက တစ်ဖက်နားထဲကဝင်ပြီး တစ်ဖက်နားထဲကထွက်သွားသည်။

သူက ဖာသိဖာသာပြန်ဖြေကာ

“အင်း!”

ဘွားဘွားရှောင် “…”

ဒါက ယွီအာ ဘာကိုဆိုလိုတာလဲ?

ဘွားဘွားရှောင်က ရှောင်လင်းယွီရဲ့မျက်နှာ ရှေ့မှာ လက်ခါပြလိုက်သည်။ ၎င်းက ရှောင်လင်းယွီကို အသိပြန်ဝင်လာစေခဲ့သည်။ သူမက ဘွားဘွားရှောင်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး

“အဘွား ဘာဖြစ်လို့လဲ?”

ဘွားဘွားရှောင်က ပြုံးကာ

“မင်းကဘာဖြစ်လဲလို့ ငါ့ကိုပြန်မေးနေတာလဲ။ ဒါက အဘွား သမီးကို မေးရမှာလေ”

“ဟမ်? ဘယ်လို?”

ရှောင်လင်းယွီက နားမလည်နိုင်ဖြစ်သွားသည်။

“‌အဘွားပြောလိုက်တယ်လေ။ သမီးအဝေးက သူငယ်ချင်းက ဒီကိုလာမှာလား? သူ့ကိုသွားခေါ်ဖို့ တစ်ယောက်ယောက်လိုလားလို့?”

ဘွားဘွားရှောင်က ထပ်ပြောလိုက်သည်။

ရှောင်လင်းယွီက ခေါင်းခါလိုက်သည်။

“ဟင့်အင်း..မလိုပါဘူး”

ပြီးနောက်မှာ သူမက တံခါးရှေ့က ပုံရိပ်နှစ်ခုကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ

“သူက ဒီမှာရောက်တောင်နေပြီ”

ပြီးနောက်မှာ သူမက ထရပ်လိုက်ပြီး ကျန်းထောင်နဲ့ ကုန်းထျန်းဟောက်ဆီ တည့်တည့်လျှောက်သွားလိုက်သည်။ သူမက အတော်လေးစိုးရိမ်နေတဲ့လေသံနဲ့

“ရှင်တို့တွေအဆင်ပြေကြရဲ့လား?”

ပြီးနောက်မှာ သူမမျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး ဘာရန်ဖြစ်ထားတဲ့အရိပ်အယောင်မှ မတွေ့လိုက်ပေ။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့လက်ကို ကိုင်ထားလိုက်ပေမယ့် သူ့ဒဏ်ရာတွေနဲ့ ဆွဲယူလိုက်သည်။

“ယွီအာ ကိုယ်အဆင်ပြေပါတယ်။ ကိုယ် ထောင်ကျီကို အားလုံးရှင်းပြပြီး သူလည်း နားလည်သွားပြီလေ။ ကိုယ်တို့တွေ ထပ်ပြီးရန်မဖြစ်တော့ပါဘူး။ ဟုတ်တယ်မလား ထောင်ကျီ?”

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို သင်္ကာမကင်းကြည့်လိုက်ပြီးနောက် ကျန်းထောင်ကို ကြည့်လိုက်သည်။ သူမက မယုံကြည်နိုင်စွာဖြင့်

“တကယ်လား?”

ကျန်းထောင်က ချက်ချင်းခေါင်းညိတ်ကာ

“ဟုတ်တယ်လေ အမှန်ပဲ”

သူက ဒါကိုပြောတော့ ခနလောက်ရပ်လိုက်သည်။ သူရဲ့အမူအယာက လေးနက်နေပြီး စစ်မှန်ကာ

“လင်းယွီ ဂုဏ်ပြုပါတယ်။ မင်းနဲ့ ဟောက်က လက်ထပ်ရတော့မှာပဲ”

ရှောင်လင်းယွီက ပြုံးကာ

“ကျေးဇူးပါ!”

ကျန်းထောင်က ကိစ္စတွေကို တွေးဆကြည့်လိုက်လို့ အကောင်းဆုံးဖြစ်သွားသည်။ ဒီယောာက်ျားနှစ်ယောက်သာ မိန်းကလေးတစ်ယောက်အတွက် အချင်းချင်းစိတ်ဝမ်းကွဲသွားပြီး သတင်းသာ ပေကျင်းကို ပျံ့သွားရင် ၎င်းက ကြီးမားတဲ့ဒုက္ခကြီးတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။ ၎င်းက ရှောင်လင်းယွီကိုလည်း အာရုံစိုက်မှုတွေရဲ့အလယ်မှာ ရှိနေစေလိမ့်မည်။ ဒါပေမယ့်လည်း ၎င်းက ဒုက္ခတွေကိုဆိုလိုနေတဲ့အတွက် သူမက ၎င်းကို အလိုမရှိပေ။

ကျန်းထောင်က ထပ်ပြီး

“လင်းယွီ နောက်ကျလို့ ကုန်းထျန်းဟောက်က မင်းကို ဆိုးဆိုးရွားရွားဆက်ဆံရင် မင်းကိုယ်စား ငါသူ့ကို သင်ခန်းစာပေးလိုက်မယ်”

ရှောင်လင်းယွီက ကျေးဇူးတင်စွာ ပြုံးကာ

“ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ်။ အစ်ကိုကျန်း”

အဲ့ဒီအချိန်မှာ ဘွားဘွားရှောင်က ကျန်းထောင်ကိုကြည့်လိုက်ပြီး ပြုံးကာ

“ယွီအာ ဒီတော့ ဒါက သမီးသူငယ်ချင်းပေါ့။ ဒါသမီးစောင့်နေတဲ့လူလား?”

“…”

ရှောင်လင်းယွီက သူမကိုယ်သူမ ခေါင်းညိတ်ဖို့ တန်းအားပေးလိုက်သည်။

“ဟုတ်တယ် အဘွား၊ ဒါက ကျန်းထောင်လေ။ သမီး ခရိုင်မှာတုန်းက သိလာတဲ့ သူငယ်ချင်းတစ်ယောက်ပေ့ါ။ အစ်ကိုကျန်း ဒါကျွန်မအဘွားပါ”

“မင်္ဂလာပါ အဘွား!”

ကျန်းထောင်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ လူငယ်လေး!”

ဘွားဘွားရှောင်က ဖော်ရွေတဲ့အပြုံးနဲ့ ပြန်ဖြေလိုက်သည်။

“ဒီတစ်လျှောက်လုံးလာခဲ့ရတော့ မင်းအတွက် ပင်ပန်းနေရောပေါ့”

သူ့အဘိုးရဲ့ကြီးစိုးမှုကြောင့် ကျန်းထောင်က ဘွားဘွားရှောင်လိုဖော်ရွေတတ်တဲ့လူကြီးတွေကို တွေ့တဲ့အခါမှာ ခံစားချက်တစ်မျိုးကို အမြဲခံစားရသည်။ အရင်က သူ့ကိုယ်သူ မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ မေးခွန်းထုတ်ဖူးသည်။

‘ဘာလို့ အဘိုးက အရမ်းနိုင်လိုမင်းထက်ကျပြီး သွေးအေးနေရတာလဲ? ဘာလို့ သူက ကလေးတွေကို တုန်နေအောင်ချစ်တဲ့ တခြားသာမန်အဘိုးအဘွားတွေလိုမျိုး မဟုတ်ရတာလဲ? ဖြစ်နိုင်ရင် ငါ ဆင်းရဲပေမယ့် ချစ်ခင်တဲ့မိသားစုတစ်ခုမှာပဲ မွေးဖွားလာလိုက်တော့မယ်။ ဒါပေမယ့် ဘယ်သူမှ ကိုယ့်မွေးဖွားပိုင်ခွင့်ကို မရွေးချယ်နိုင်ကြဘူးလေ။ ငါ့အတွက်လည်း အတူတူပဲဥစ္စာ'

ကျန်းထောင်ရဲ့အေးစက်တဲ့မျက်နှာက ရှားပါတဲ့ အပြုံးစစ်စစ်တစ်ခုကို ပြသနေသည်။

“အဘွား ခရီးကအရမ်းလည်း မပင်ပန်းပါဘူး။ အဘွား ဘာလို့အရမ်းနုနေရတာလဲ? အဘွားက အဘွားအိုတစ်ယောက်ဖြစ်နေတာကိုတောင် ကျွန်တော်မယုံနိုင်သေးဘူ! အဘွားဆံပင်တွေက ဖြူတောင်မဖြူသေးဘူး”

ဘွားဘွားရှောင်က သူမရဲ့အနက်ရောင်ဆံပင်တွေကို အလိုလိုထိကြည့်လိုက်ပြီး ဂုဏ်ယူစွာပြောကာ

“ဟားဟား၊ ငါကဒီနေ့ ၇၃နှစ်ပြည့်တာကွဲ့ ။ ငါ့မှာ ‌ဆံပင်ဖြူပါးပါးလေးတွေရှိခဲ့ပေမယ့် ဒီကိုပြန်ရောက်ပြီးတော့ သူတို့တွေက မှော်ဆန်ဆန်ပျောက်ကုန်တယ်လေ”

ရွာထဲက သူမအသက်အရွယ်လူတွေမှာ တစ်ခေါင်းလုံးဆံပင်ဖြူတွေ ရှိကြသည်။ သူမက အနက်ရောင်ဆံပင်နဲ့ တစ်ယောက်တည်းသောသူဖြစ်သည်။ သူမက ၎င်းကြောင့်ပဲ အရမ်းငယ်ပုံပေါ်သည်။ ဒီအကျိုးသက်ရောက်မှုက ရှောင်မိသားစုက စမ်းရေကြောင့်ဆိုတာကို ဘွားဘွားရှောင်မသိပေ။

ဘွားဘွားရှောင်က ခုနစ်ဆယ်ကျော်ပြီဆိုတာကိုကြားတော့ ကျန်းထောင် အရမ်းအံ့ဩသွားခဲ့သည်။

“မဖြစ်နိုင်တာကြီး၊ အဘွား အဘွားက ခြောက်ဆယ်ထဲပဲ ရှိသေးပုံပေါ်တယ်။ အဘွားက ခုနစ်ဆယ်ထဲရောက်နေမယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး။ အဘွားက အဘွားက တကယ့်ကိုနုတာပဲ"

သူတို့သာ မြို့ကြီးထဲမှာဆိုရင်တော့ သူအရမ်း အံ့ဩသွားမှာမဟုတ်ပေ။ ပြီးတော့ ပလတ်စတစ်ဆာဂျရီကလည်း ဖြစ်နိုင်ချေတစ်ခုပဲလေ။ ဒါပေမယ့်လည်း ကျေးလက်ကအဘွားအိုတစ်ယောက်အတွက် အရမ်းနုနေပုံပေါ်တာတော့ ရှားပါးသည်။

ရှောင်လင်းယွီက ပြုံးပြီး ရှင်းပြကာ

“အဲ့ဒါဘာလို့လဲဆိုတော့ အဘွားက ခမ်လင်းမြို့က ပြန်ရောက်ပြီးတော့ သူ့နေ့ရက်တွေက ပျော်စရာကောင်းလာလို့လေ။ ပြောကြသလို စိတ်လာရင် ပိုနုသွားတာပဲဥစ္စာ!”

ဘွားဘွားရှောင်က သဘောတူကာ ရယ်မောလိုက်သည်။

“ယွီအာ မှန်လောက်တယ်။ ငါဒီကိုပြန်လာပြီးတော့ စိုးရိမ်ရမယ့်ကိစ္စ နည်းနည်းပဲရှိတော့တယ်

ဒုက္ခနည်းတော့ ဆံပင်ဖြူနည်းတာပေါ့!”

ဘွားဘွားရှောင်က အရမ်းပွင့်လင်းပြီး ရွှင်ပျသူတစ်ယောက်ဖြစ်သည်။ ပြီးတော့ သူမရဲ့ကလေးတွေနဲ့ မြေးတွေက ထောင်ယွမ်ရွာမှာ တိုးတက်လာကြတာကိုမြင်တော့ ပျော်ရွှင်နေခဲ့သည်။

ဘွားဘွားရှောင်က ပျော်ရွှင်စွာ ပြုံးကာ

“လူငယ်လေး၊ မင်းကအရမ်းခန့်တာပဲ။ မင်း လက်တွဲဖော်ရှာတွေ့ပြီလား? အဘွား မင်းကို တစ်ယောက်ယောက် မိတ်ဆက်ပေးရမလား? မစိုးရိမ်ပါနဲ့၊ သူက လုံးဝကောင်းမွန်တဲ့ မိန်းကလေးပါ...”

ရှောင်လင်းယွီ ကျန်းထောင်ရဲ့အမူအယာပြောင်းလဲမှုကို မြင်လိုက်ပြီး ဘွားဘွားရှောင်ကို ချက်ချင်းကြားဖြတ်လိုက်သည်။

“အဘွား ဧည့်သည်ကရောက်ရုံရှိသေးတာကို အဘွားက အောင်သွယ်တော်တောင်လုပ်နေပြီ။ အဘွားက သမီးသူငယ်ချင်းကို ကြောက်အောင်လုပ်နေတာပဲ!”

ဒါပေမယ့် အဓိကပြဿနာက ဒီလူက ‌ရှောင်လင်းယွီကို သဘောကျနေတာဖြစ်သည်။

ဘွားဘွားရှောင်က ရှက်ရှက်နဲ့ တခစ်ခစ်ရယ်လိုက်ကာ

“ဟဲဟဲ လူငယ်လေး၊ အဘွားက အရမ်းဆူလို့ မင်း အပြစ်မမြင်ဘူးလို့တော့ ထင်ပါတယ်။ အဘွားက မင်းကို စမြင်ကတည်းက သဘောကျတာ။ အဘွားက လူတိုင်းအတွက် အောင်သွယ်တော် မဟုတ်ပါဘူး!”

ကျန်းထောင် “...”

ဘာပဲဖြစ်ဖြစ် ဘွားဘွားရှောင်က သူ့အကြောင်းကို ဒီလောက်ဂရုစိုက်ပေးလို့ သူဘွားဘွားရှောင်ကို ကျေးဇူးတင်ပါသည်။

ကုန်းထျန်းဟောက်က ပြုံးကာ

“အဘွား၊ ထောင်ကျီမှာ စံနှုန်းအမြင့်ကြီးတွေရှိတာ။ သာမန်မိန်းကလေးတွေကတော့ သူ့မျက်လုံးကို ဖမ်းစားနိုင်မှာမဟုတ်ဘူး”

“အမ်?”

ဘွားဘွားရှောင်က စိတ်ဝင်စားစွာ မေးလိုက်သည်။

“ထျန်းဟောက်၊ မင်းလည်း ဒီကလေးကို သိတာလား?”

ကုန်းထျန်းဟောက်က ပြုံးပြီး အမှန်အတိုင်းဖြေကာ

“အဘွား ထောင်ကျီက ယွီအာရဲ့သူငယ်ချင်းလေ။ တစ်ချိန်တည်းမှာပဲ သူက ကျွန်တော့် ညီအစ်ကိုလည်းဖြစ်တယ်။ ကျွန်တော်တို့က ငယ်ငယ်လေးကတည်းက တစ်ယောက်ကို တစ်ယောက် သိလာကြတာ”

ကုန်းထျန်းဟောက်က ဒါကိုပြောတော့ သူက ကုန်းထျန်းဟောက်ကို သိနေတဲ့အတွက် ကျန်းထောင်ရဲ့နောက်ခံကလည်း သာမန်မဟုတ်ဘူးဆိုတာကို ဘွားဘွားရှောင် နားလည်သွားသည်!

ကုန်းထျန်းဟောက်နဲ့ ကျန်းထောင်က ငယ်ငယ်လေးကတည်းက အချင်းချင်း သိကျွမ်းလာကြသည်။ ကုန်းထျန်းဟောက်က အထက်တန်းလွှာတစ်ယောက်ဖြစ်သည်။ ဒါကြောင့် ကျန်းထောင်ကလည်း မြင့်မားတဲ့အဆင့်တစ်ခုက လူဖြစ်လိမ့်မည်။

ဘွားဘွားရှောင်က သူမ ကျန်းထောင်ကို မိတ်ဆက်ပေးချင်တဲ့ကောင်မလေးအတွက် ရုတ်တရက် စိတ်မကောင်းဖြစ်သွားသည်။

သူတို့တွေက ကံပါမလာကြပေ။

***

All Chapters