ဖျက်သိမ်းမယ်
Vol. 26 Ch. 426
ရှောင်လင်းယွီက ရှောင်မိသားစုကို ပြန်သွားနေတုန်း ကျန်းထောင်နဲ့ ကုန်းထျန်းဟောက်က ကုန်းမိသားစုကို ပြန်လာခဲ့သည်။ သူတို့တွေ ကုန်းမိသားစုကို ပြန်ရောက်တော့ အဘိုးကုန်းက ကျန်းထောင်ကိုတွေ့ရလို့ အရမ်းပျော်ရွှင်သွားသည်။
“ရှောင်ထောင် မင်းကဒီရောက်နေတာကိုး”
အဘိုးကုန်းက ပြုံးကာ ပြောလိုက်သည်။
“မင်းဒီမှာ ရောက်နေတာကောင်းတယ်။ ဟောက်အာက လက်ထပ်တော့မှာ။ မင်္ဂလာပွဲကို ရက်နည်းနည်းနေရင် ကျင်းပမှာ။ဒါကြောင့် မင်းတက်ရမယ်”
ကျန်းထောင် “…”
ကုန်းထျန်းဟောက် “…”
အဘိုး အဘိုးရဲ့ဒီစကားတွေက နှလုံးသားကို ဖောက်ထွင်းနေတဲ့ မြားထောင်ချီလိုပဲ။ ရှောင်ထောင်က အဘိုးရဲ့ မြေးချွေးမကို သဘောကျနေတာ သိရဲ့လား?
အဘိုးကုန်းရဲ့စကားတွေကို ကျန်းထောင်ကြားတော့ သူက အင်တင်တင်ပြုံးကာ
“အဲ့ဒီလိုလား?”
အဘိုးကုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းထောင် တစ်ခုခုဖြစ်နေတာကို ခံစားမိလိုက်သည်။
သူက သင်္ကာမကင်းနဲ့ မေးကာ
“ရှောင်ထောင်၊ မင်းနေမကောင်းဘူးလား?”
ကုန်းထျန်းဟောက် “…”
ကျန်းထောင်က ခေါင်းခါလိုက်ကာ
“အဘိုး၊ ကျွန်တော် နေမကောင်းတာ မဟုတ်ပါဘူး။ ကျွန်တော် ခရီးဝေးကြောင့် နည်းနည်းပင်ပန်းလာတာဖြစ်မယ်”
၎င်းက အလိမ်ညာတစ်ခုပဲဖြစ်သည်။ သူ့ကိုပင်ပန်းစေတဲ့အရာက သူသဘောကျနေတဲ့မိန်းကလေးက သူ့ရဲ့ညီအစ်ကိုကောင်းနဲ့ အဆုံးသတ်သွားတာကို သိလိုက်ခြင်းပဲဖြစ်သည်။ ပြီးတော့ သူမက သူ့ကိုမကြိုက်ဘူးဆိုတာကိုလည်း မိန်းကလေးဘက်က အရမ်းရှင်းလင်းအောင်လုပ်လိုက်သည်။
ဒါပေမယ့်လည်း အစကတည်းက သူမက သူ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူးဆိုတာကို သူသိခဲ့သည်။ အခုက သူ့ကို ပိုပြီးတော့တောင် သေချာသွားစေသည်။
သခင်ကြီးကုန်းက ကျန်းထောင်ရဲ့ပုံစံကိုကြည့်လိုက်ပြီး စတင်စိုးရိမ်လာသည်။ ရှောင်ထောင်ရဲ့စိတ်ထဲမှာ တစ်ခုခုရှိနေတယ်လို့ သူခံစားမိနေတုန်းပဲဖြစ်သည်။ သခင်ကြီးကုန်းရဲ့ အကြည့်ဖျားက ဖြေးဖြေးချင်း ကုန်းထျန်းဟောက်ဘက်ကို လွှမ်းမိုးသွားသည်။ ဒါပေမယ့်လည်း သူ့ရဲ့မျက်နှာတစ်ဝက်က ရောင်နေပုံပေါ်တာကို သတိပြုမိလိုက်ပြီး သူ့ပါးစပ်အစွန်းမှာလည်း သွေးစလေးတွေ ရှိနေခဲ့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် သူအထိုးခံထားရပုံပေါ်သည်။
အဘိုးကုန်းက နားမလည်နိုင်စွာမေးကာ
“ဟောက်အာ၊ မင်းမျက်နှာက ဘာဖြစ်တာလဲ? ဘယ်သူ မင်းကို ထိုးလိုက်တာလဲ? ယွီအာလား?”
ဒါပေမယ့် ကောင်မလေးက သူ့မြေးကို အလွယ်တကူမပွန်းပဲ့စေနိုင်ပေ။
ကုန်းထျန်းဟောက်က သူ့ပါးစပ်အစွန်းကို ထုတ်သုတ်လိုက်ပြီး သူ့အကြည့်က ကျန်းထောင်ဆီ လွှမ်းသွားကာ
“အဆင်ပြေပါတယ်။ ယွီအာမဟုတ်ပါဘူး”
အဘိုးကုန်းက ခနလောက် ကုန်းထျန်းဟောက်ကို သင်္ကာမကင်းကြည့်လိုက်သည်။ ပြီးနောက်မှာ သူ့အကြည့်က ကျန်းထောင်ရဲ့မျက်နှာဆီ ထပ်ရောက်သွားပြန်သည်။ သူ့ရဲ့အမူအယာက ပိုပြီးတော့တောင် ထူးခြားနေသည်။ သခင်ကြီးကုန်းက မျက်မှောင်ကြုတ်လိုက်သည်။
‘ဟောက်အာနဲ့ ထောင်အာက တစ်ခုခုဖြစ်လာရမယ်။ သူတို့တွေက ရန်ဖြစ်လာကြတာများလား? ဒီတော့ ထောင်အာက ဟောက်အာကို ထိုးလိုက်တယ်ပေါ့? ဒါပေမယ့် ဘာလို့လဲ?’
ပြီးတော့ထပ်ပြီး သူအရမ်းကြီးမစိုးရိမ်နေခဲ့ပေ။ ဒီနှစ်ယောက်က သူတို့ငယ်ငယ်ကတည်းက ရန်ဖြစ်နေကြတာဖြစ်သည်။ သူတို့က အသက်ကြီးလာတဲ့အခါမှာ ပိုပြီးတော့တောင် စိတ်မဆိုးကြတော့ပေ။ ဒါပေမယ့်လည်း သူတို့အတွက် လက်သီးနဲ့ဟန်ပြကြတာက အဖြစ်များသည်။ ယောက်ျားတွေကြားက ခင်မင်မှုက တကယ့်ကို တိုက်ခိုက်ခြင်းကနေတစ်ဆင့် ဖြစ်လာသည်။ သူတို့ပိုပြီး တိုက်ခိုက်ကြလေလေ သူတို့ရဲ့ခင်မင်မှုက ပိုနက်ရှိုင်းလေလေပဲ ဖြစ်သည်။
ဒါပေမယ့် ဒါကိုကြည့်ခြင်းအားဖြင့် အထိုးခံရတာက သူ့မြေးတစ်ယောက်ပဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သခင်ကြီးကုန်းက ကြားမဝင်ခဲ့ပေ။ သူက သူ့မြေးရဲ့မျက်နှာပေါ်က ဒဏ်ရာကို လျစ်လျူရှုလိုက်ပြီး ကျန်းထောင်ဆီ လှည့်ကာ
“ရှောင်ထောင်၊ မင်း ချင်မိသားစုက ကောင်မလေးကို စေ့စပ်လိုက်တယ်လို့ ငါကြားတယ်? ဂုဏ်ယူပါတယ်ကွာ။ မင်းရဲ့အိမ်ထောင်ရေးနဲ့ပက်သက်ပြီး ငါတော်တော်စိုးရိမ်နေတာ။ ဒါပေမယ့် အခု ငါထပ်ပြီးစိုးရိမ်ဖို့ မလိုတော့ဘူး”
ကျန်းထောင်ရဲ့အမူအယာက ချက်ချင်း မာတောင့်စေသည်။ ပြီးနောက်မှာ သူက ခက်ခက်ခဲခဲနဲ့
“ကျေးဇူးပါ အဘိုး!”
ကုန်းထျန်းဟောက်က သူ့အဘိုးကြောင့် သူ့ညီအစ်ကိုကောင်းရဲ့ဒဏ်ရာတွေကို မဆွမိစေချင်တဲ့အတွက်
“အဘိုး ကျန်းထောင်နဲ့ ကျွန်တော် သွားရမယ့် ကိစ္စလေးတွေရှိသေးတယ်။ ကျွန်တော်တို့ အရင်သွားတော့မယ်”
ဒါကိုပြောပြီးတော့ ကုန်းထျန်းဟောက်က ဦးဆောင်လိုက်ပြီး အိမ်ထဲ ဝင်သွားခဲ့သည်။ ကျန်းထောင်ကလည်း သခင်ကြီးကုန်းကို ခေါင်းညိတ်လိုက်ပြီး ထွက်သွားခဲ့သည်။
သခင်ကြီးကုန်းက ကလေးနှစ်ယောက်ရဲ့နောက်ကျောတွေကို ကြည့်ရင်း သူ့အမူအယာက အတော်လေးသံသယဝင်နေပုံပေါ်သည်။ သူက ပန်းပင်ရေလောင်းနေတာကိုချက်ချင်းရပ်လိုက်တဲ့ ရှောင်ဝမ်ကို လက်မြှောက်ပြလိုက်သည်။ သူက ရေကရားကို ချခဲ့ပြီး သခင်ကြီးကုန်းဆီ လမ်းလျှောက်သွားခဲ့သည်။
“သခင်ကြီး၊ ဘာအမိန့်ရှိလို့လဲ?”
ရှောင်ဝမ်က တလေတစား မေးလိုက်သည်။
သခင်ကြီးကုန်းက အိမ်ရှိတဲ့ ဘက်ကိုကြည့်လိုက်ပြီး မေးကာ
“ရှောင်ဝမ်၊ ဟောက်အာနဲ့ ထောင်အာက ငါ့ကို တစ်ခုခုဖုံးထားကြတယ်လို့ မထင်ဘူးလား?”
“…”
ရှောင်ဝမ်က ဆွံ့အစွာပြောလိုက်သည်။
“သခင်ကြီး၊ ကျွန်တော်လည် မသိဘူးလေ”
“နေပါဦး။ အဲ့ဒီကောင်လေးက ယွီအာနဲ့ ချိန်းတွေ့နေတာ မဟုတ်ဘူးလား?”
သခင်ကြီးကုန်းက ပင့်သက်ရှိုက်လိုက်သည်။
“သူတို့တွေ သူ့ရှေ့မှာ ရန်ဖြစ်လာကြတာလား?”
ရှောင်ဝမ် “…”
.....
ကုန်းထျန်းဟောက်က သူ့အခန်းဆီပြန်လာပြီး ဝိုင်အံဆွဲထဲကနေ ဝိုင်နီတစ်ပုလင်းကို ယူလိုက်သည်။ သူက ၎င်းကိုဖွင့်လိုက်ပြီး ဝိုင်ဖြူဖန်ခွက်အကြည်တစ်ခုထဲကို လောင်းထည့်လိုက်သည်။ ဝိုင်နီတွေက ဝိုင်ခွက်ထဲ ကျလာတာနဲ့ ၎င်းက ရေဝဲလိုမျိုး လည့်လည်လာသည်။ ဝိုင်ရဲ့ရနံ့က နှစ်သက်ဖွယ် ရနံ့တစ်ခုကို ပေးနေသည်။
သူက ဝိုင်နီနှစ်ခွက်ကိုယူလိုက်ပြီး တစ်ခွက်ကို ကျန်းထောင်ကို ပေးလိုက်သည်။ ပြီးနောက်မှာ သူက တစ်ခွက်ယူလိုက်ပြီး မဟော်ဂနီကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။
ကျန်းထောင်က ဝိုင်နီကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ပြီးတော့ သူက ကုလားထိုင်ကိုမှီလိုက်ပြီး တိုက်ရိုက်ပဲမေးကာ
“ဟောက်၊ မင်းနဲ့ ရှောင်လင်းယွီကြား ဘာတွေဖြစ်ခဲ့တာလဲ? ပြီးတော့ သူက ဘာလို့ မင်းရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားရတာလဲ?”
ကုန်းထျန်းဟောက်က ဘာကိုမှ ဖုံးကွယ်မနေဘဲ
“ဒီကိစ္စက ပြီးခဲ့တဲ့ခုနစ်လတုန်းက စခဲ့တာ။ အဲ့ဒီအချိန်က ငါ့မှာ Zမြို့မှဆွေးနွေးရမယ့် စီးပွားရေးကိစ္စတစ်ခုရှိခဲ့တယ်…”
ရှောင်လင်းယွီက ဆေးခတ်ခံလိုက်ရပြီး သူ့အခန်းထဲကို မတော်တဆဝင်လာခဲ့မိသည်။ သူက ရှင်းယင်ခရိုင်ကိုလာပြီး သူမကို အမှတ်မထင် ခနခနကြုံနေတော့ သူစိတ်လှုပ်ရှားလာသည်။ ဒါပေမယ့်လည်း သူမက သူညီအစ်ကိုကောင်း စိတ်ဝင်စားနေတဲ့သူဖြစ်တဲ့အတွက် ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ပေ။ သူက သူမကို သာမန်မိတ်ဆွေတစ်ယောက်လိုပဲ ဆက်ဆံခဲ့သည်။
ပြီးနောက်မှာ သူက မြို့တော်ကိုပြန်လာပြီး ရှောင်လင်းယွီက အဲ့ဒီတုန်းက မိန်းကလေးမှန်း ကျန်းထောင်ဆီကနေ ကြားလိုက်ရသည်။ ကလေးက သူ့ကလေးမှန်း သူသိသွားတာနဲ့ ချက်ချင်းပဲ ထောင်ယွမ်ရွာကို အပြေးလာခဲ့သည်။
ကျန်းထောင်က ကုန်းထျန်းဟောက်ရဲ့ ဇာတ်လမ်းကို နားထောင်နေခဲ့သည်။ သူက ဝိုင်နီကိုကိုင်ထားပြီး တိတ်ဆိတ်လို့နေသည်။
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက အရမ်းကံစပ်နေကြလိမ့်မယ်လို့ သူထင်မထားခဲ့ပေ။ ရှောင်လင်းယွီရဲ့ကလေးမှာ အမည်မသိရတဲ့အဖေတစ်ယောက်ရှိတယ်လို့ သူယူဆခဲ့ပေမယ့် ဒီတစ်လျှောက်လုံး အဲ့ဒီလူက ကုန်းထျန်းဟောက်ဖြစ်နေခဲ့သည်။
အရေးအကြီးဆုံးက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြပုံပေါ်သည်။
ဆန့်ကျင်ဘက်ပင် ရှောင်လင်းယွီက သူ့ကိုတော့ သဘောမကျပေ။ ပြီးတော့ သူက တစ်စုံတစ်ယောက်ရဲ့ သတို့သားလောင်းဖြစ်နေပြီးသားဖြစ်သည်။ သူနဲ့ ရှောင်လင်းယွီက အတူတူရှိဖို့ ကံပါမလာတာဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် သူ့မှာ ရှောင်လင်းယွီကို ထပ်ပြီးချစ်ပိုင်ခွင့် မရှိတော့ပေ။ ရှောင်လင်းယွီက ပျော်ရွှင်မှုနဲ့ လူကောင်းတစ်ယောက်နဲ့ ထိုက်တန်သည်။ တစ်နည်းအားဖြင့်တော့ အဲ့ဒီလူက သူ့ညီအစ်ကိုကောင်းဖြစ်နေတာကို သူကျေးဇူးတင်သည်။ သူတို့ကိုပျော်ရွှင်စေဖို့ သူဆုတောင်းပေးမည်။
ကျန်းထောင်က ကုန်းထျန်းဟောက်ကို နားလည်သည်။ သူက ချမ်းသာပြီး အာဏာရှိတယ်ဆိုပေမယ့်လည်း အချစ်မှာစိတ်ပြောင်းလွယ်တဲ့ တခြားယောက်ျားတွေလိုမဟုတ်ပေ။ ဆန့်ကျင်ဘက်ပင် သူချစ်မိသွားတာနဲ့ အရမ်းမွှန်နေအောင်ချစ်ပြီး သစ္စာရှိသည်။ သူက အချစ်အတွက် ဘာမဆိုလုပ်မယ့်သူမျိုးဖြစ်သည်။
ကုန်းထျန်းဟောက်က အခု ရှောင်လင်းယွီနဲ့ ရှိနေပြီဖြစ်သည်။ ဒါကြောင့် အနည်းဆုံးတော့ သူထပ်ပြီး စိုးရိမ်နေဖို့မလိုတော့ပေ။ နောက်ကျရင် သူ့အဘိုးက တစ်ခုခုရှာတွေ့သွားရင်တောင် သူ ရှောင်လင်းယွီကို ထိရဲမှာ မဟုတ်တော့ပေ။
ကျန်းထောင်က အနည်းငယ်သက်ပြင်းချကာ
“ဒါကကံကြမ္မာပဲဖြစ်မှာပေါ့။ ငါကတော့ ရှောင်လင်းယွီနဲ့ ကံမရှိပေမယ့် မင်းကတော့ရှိတယ်လေ။ မင်းတို့နှစ်ယောက်ကြားက ကံကအရမ်းနက်ရှိုင်းတာပဲ”
ကျန်းထောင်က စတင်စိတ်လျှော့လာတာကို ကုန်းထျန်းဟောက် မြင်လိုက်သည်။
သူက စိတ်လျှော့ပြီးတော့
“ဟုတ်တယ်၊ ငါလည်း သူနဲ့ ဒီလိုနက်ရှိုင်းတဲ့ကံကြမ္မာတစ်ခု ရှိနေမယ်လို့ မျှော်လင့်မထားခဲ့ဘူး”
ကျန်းထောင်က သူ့ပခုံးကို ပုတ်လိုက်ပြီး
“ဟောက် ဂုဏ်ယူပါတယ်ကွာ။ မင်းမှာ လှပတဲ့မိန်းမနဲ့ ချစ်စရာကောင်းတဲ့ကလေးလည်း ရှိလာတော့မှာပဲ။”
ကုန်းထျန်းဟောက် ပြုံးလိုက်သည်။
“ထောင်ကျီ၊ မင်းရဲ့ ချင်ယန်နဲ့ ကိစ္စကရော?”
ကျန်းထောင်က ထေ့ငေါ့စွာ ပြုံးနေသည်။
“ဟားဟား ဘာကိစ္စလဲ? ငါက ချင်ယန်ကို ကြိုက်တောင်မကြိုက်ဘူး။ သူ့ကိုစေ့စပ်တာက အဘိုးရဲ့ တောင်းဆိုချက်ဖြစ်ပြီး အင်အားကိုဖမ်းဆုပ်ဖို့ စက်ဆုပ်တဲ့နည်းလမ်းတစ်ခုပဲ”
ကုန်းထျန်းဟောက်က မျက်မှောင်ကြုတ်ပြီး အကြံပေးကာ
“ထောင်ကျီ၊ ဆက်ဆံရေးတွေက အစပျိုးဖို့နဲ့ ဖေးမဖို့လိုတယ်။ မင်းက ချင်ယန်ကို လက်ထပ်ဖို့ စီစဉ်ထားမှတော့ မင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးကို အကျင့်လုပ်သင့်ပြီ”
ကျန်းထောင်က ခေါင်းခါကာ
“ဟောက်အာ ငါမင်းကို အမှန်အတိုင်းပြောပြမယ်။ ဖြစ်နိုင်ရင် ချင်ယန်လိုမျိုး သူတော်ကောင်းယောင်ဆောင်ပြီး စိတ်ကြီးဝင်နေတဲ့မိန်းကလေးမျိုးထက် ငါသာမန်မိန်းကလေးမျိုးကိုပဲ လက်ထပ်လိုက်မယ်”
ကုန်းထျန်းဟောက် “...”
ကျန်းထောင်က ခါးခါးသီးသီးပြုံးကာ
“အရင်က အဘိုးက ရှောင်လင်းယွီအကြောင်း သိသွားပြီး ရှောင်လင်းယွီကို ထိခိုက်စေမှာဆိုးလို့ ငါချင်ယန်ကို စေ့စပ်ခဲ့တာ။ တစ်ချိန်တည်းမှာပဲ ငါ ကျန်းမိသားစုရဲ့အင်အားကိုလည်း လိုချင်ခဲ့တယ်။ အနည်းဆုံးတော့ ကိစ္စတွေတည်ငြိမ်သွားရင် ငါ ရှောင်လင်းယွီနဲ့ ရှောင်မိသားစုကို ကာကွယ်လို့ရတယ်လေ”
“အဘိုးက ဘယ်လောက် ချုပ်ချယ်၊ ခေါင်းမာပြီး ရက်စက်မှန်း မင်းသိပါတယ်။ ရှောင်လင်းယွီက ငါ့ကို သဘောမကျဘူးဆိုတာသူသိရင်တောင် ရှောင်လင်းယွီရဲ့တည်ရှိမှုက ငါ့ကိုသက်ရောက်နေသရွေ့ သူ့ကို သေချာပေါက် ရှင်းပစ်မှာပဲ”
ဒါကဘာလို့ ကျန်းထောင်က သူချင်ယန်ကို စေ့စပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ရှောင်လင်းယွီကို ဂရုစိုက်ပေးဖို့ ကုန်းထျန်းဟောက်ကို တောင်းဆိုရလဲဆိုတာဖြစ်သည်။ သူ့ရဲ့အဘိုးက ရှောင်လင်းယွီကို ထိခိုက်အောင် လှုပ်ရှားမှုလုပ်လိုက်မှာ သူကြောက်ခဲ့သည်။
အဲ့ဒီအချိန်မှာ သူက ကုန်းထျန်းဟောက်ကို ကြည့်လိုက်ပြီး ဆက်ကာ
“ဒါပေမယ့်လည်း အခု ရှောင်လင်းယွီက မင်းကိုလက်ထပ်လိုက်ပြီဆိုတော့ ကိစ္စဝိစ္စတွေ အခြေကျသွားရင်တောင် အဘိုး ဘာမှလုပ်နိုင်တော့မှာမဟုတ်ပါဘူး”
ကုန်းထျန်းဟောက်က ဒါကိုကြားတော့ ထပ်ပြီးမျက်မှောင်ကြုတ်ကာ ကျန်းထောင်ကို စူးစူးရှရှကြည့်လိုက်သည်။
“မင်းဘာကိုဆိုလိုတာလဲ?”
“ငါပြောချင်တာက ချင်ယန်ကိုလက်ထပ်ဖို့ ငါ့ကိုယ်ငါထပ်ပြီး ဖိအားပေးစရာမလိုတော့ဘူးလို့ ပြောတာ”
ကျန်းထောင်က စိတ်သက်သာရာရစွာ ပြုံးကာ
“ငါပြန်သွားပြီး စေ့စပ်မှုကိုဖျက်သိမ်းဖို့ စီစဉ်ထားတယ်”
ကုန်းထျန်းဟောက်ရဲ့သူငယ်အိမ်တွေ တင်းကျပ်သွားသည်။
***