← Chapters

သဲလွန်စ

Vol. 6 Ch. 584

သဲလွန်စ

Vol. 6 Ch. 584

ခုနစ်ထပ်ပြာသာဒ်သည် အတော်အလှမ်းမဝေးရာ ဘေးပတ်လည်ရှိ အရာရာတိုင်းကို အလင်းရောင်ပေးနေသော ရတနာတစ်ပါးပမာ မည်မျှခမ်းနားတင့်တယ်ကြောင်း မြင်နိုင်လေသည်။ ၄င်းကို ဝန်းရံထားသည့် အချုပ်အနှောင်မန္တန်များကြောင့် ပိုင်မျိုးနွယ်စုအတွက် အလွန်အရေးကြီးသော နေရာတစ်ခုဖြစ်ကြောင်း ညွှန်နေသည်။

ပိုင်ရှောင်ချန်းက မြောက်ပိုင်းသို့ သွားနေစဥ် ပြာဿဒ်၏ လသာဆောင်တွင် ရပ်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်သည် အန္တရာယ်ပြုမည့်ပုံဖြင့် သူ့ကို အေးစက်စွာစိုက်ကြည့်နေလေသည်။

သူမက ဝိညာဥ်ချည်မျှင်များမှ ရက်လုပ်ထားသော အဖိုးတန် အဝတ်အစားကို ဝတ်ဆင်ထားလေသည်။ ထိုအဝတ်အစားပေါ်တွင် နွေးထွေးသောအလင်းရောင်များ ထုတ်လွှတ်နေသည့် ဖီးနစ်ငှက်ကိုးကောင်ကို ပန်းထိုးထားလေရာ လူတစ်ယောက်၏ ရုပ်ရည်ကို မြှင့်တင်ရန် ပြုလုပ်ထားသော မှော်ဂုဏ်သတ္တိများရှိကြောင်း ညွှန်ပြနေလေသည်။

ထိုသို့သော ဝတ်ရုံသည် မြေရိုင်းဒေသများအတွင်း အလွန်စျေးကြီး၏။ ကောင်းကင်တံတားဒေသများတွင် အထက်တန်းအမျိုးသမီးများသာ ဝတ်ဆင်နိုင်သော အမျိုးအစားဖြစ်ပေလိမ့်မည်။ ထိုအကြောင်းကြောင့် ဤအမျိုးသမီးသည် လက်ရှိထက်ပို၍ အသက်ကြီးနေသည့်တိုင်အောင် သူမ၏ အလှတရားကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ သူမတွင် ကောက်ကြောင်းလှသော ကိုယ်လုံးလေး၊ ဖြူနုသော အသားအရေရှိပြီး ပြစ်မျိုးမှဲ့မထင်လှသည်ဟု မဆိုနိုင်သော်လည်း သူမနှင့်ပတ်သက်၍ ဆွဲဆောင်မှုရှိနေလေသည်။ အခြားသောအလှလေးများနှင့်မတူ သူမသည် ပြိုင်ဘက်ကို အရှုံးပေးမည့်လူစားမျိုးမဟုတ်ဘဲ ကျက်သရေရှိပြီးရင့်ကျက်သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။

သူမက မြောက်ပိုင်းကို လမ်းလျှောက်သွားနေသော ပိုင်ရှောင်ချန်းကို မလိုမုန်းထားသောရန်ငြိုးများဖြင့် စိုက်ကြည့်ပြီး အံတင်းတင်းကြိတ်လိုက်လေသည်။ တခဏကြာသော် သူမ၏နောက်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ဝန်းရံနေသည့် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ပေါ်လာ၏။ သူ၏ မျက်လုံးများသည် ရဲရဲနီနေပြီး ခြုံငုံပြောရလျှင် သတ်ဖြတ်ရန် စောင့်ဆိုင်းနေသော ဓားအိမ်ထဲမှ ဓားတစ်လက်အလား။ အမျိုးသမီးနောက်တွင် ပေါ်လာသည်နှင့် သူက လက်ယှက်၍ လေးစားမှုအပြည့်ဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။

" သခင်မ ချိုင် ကို ဂါဝရပြုပါတယ်"

သခင်မ ချိုင်က ထိုလူကို လှည့်မကြည့်ပေ။ သူမ၏မျက်လုံးများက ပိုင်ရှောင်ချန်းကို အာရုံစိုက်နေရင်း သူမက ဟိန်းဟောက်မာန်မဲလိုက်သည်။

"အဲဒီ ခွေးမ သား ပိုင်ဟောက် သေသွားပြီလို့ ရှင်မပြောဘူးလား"

" ပြောပါတယ်" ထိုလူက အေးစက်၍ ယုံကြည်မှုရှိသော အသံဖြင့် ပြန်ဖြေလေသည်။

" ကျုပ် အဲဒီကလေးကို အဆုံးသတ်ဝိညာဥ်လက်နက်နဲ့ ပစ်လိုက်တယ်။ သူ့နှလုံးနဲ့ သွေးကြောတွေ အားလုံး ပြင်လို့မရတော့အောင် ပျက်စီးသွားပါပြီ။ သူက တည်နေရာရွှေ့ပြောင်းပြီး အလောင်းဖြစ်သွားတာကို မျက်မြင် မတွေ့ခဲ့ပေမယ့် သံသယဝင်စရာမလိုအောင် သတ်ခဲ့တယ်ဆိုတာတော့ ကျုပ်ကျိန်ရဲတယ်"

" သံသယဝင်စရာမလိုအောင် သတ်တယ်။ ဘယ်လောက် အံသြစရာကောင်းလိုက်လဲ။ ကဲကဲ ဒီကိုလာကြည့်စမ်းပါဦး။ အဲဒါ ဘယ်သူလဲ"

ဒေါသရောင်လွှမ်းသော ရယ်သံဖြင့် ပေါက်ကွဲရင်း သခင်မ ချိုင် သည် ပိုင်ရှောင်ချန်းကို လက်ညှိုးထိုးပြလိုက်သည်။

ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သခင်မ ချိုင်၏ လက်ညှိုးညွှန်ရာအတိုင်း ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရာ ပိုင်ရှောင်ချန်းကို မြင်လိုက်ရတော့သည်။

" မဖြစ်နိုင်ဘူး "

သူက မယုံကြည်နိုင်အောင်ဖြစ်ကာ ပြော၏။

"အဲဒါ တကယ် သူ ဖြစ်နေပါစေ၊ အခုချက်ချင်းသွားသတ်စမ်း"

ထို့နောက် သခင်မချိုင်သည် လှည့်ထွက်သွား၏။

အနက်ရောင်ဝတ်ရုံနှင့်လူသည် တခဏမျှ တွေဝေတုံ့ဆိုင်းနေသည်။ သခင်မချိုင်က ပိုင်ဟောက်ကို သဘောမကျ၍ အာဏာသုံးကာ အပြင်းအထန်ကြိုးစားနေကြောင်း သိသော်လည်း မည်သည့်အတွက်ကြောင့် သူမက သူ့ကို အလွန်တရာသေစေချင်နေမှန်း နားမလည်ပေ။

" သခင်မ ချိုင် ၊ သူ့ကို သတ်ရတာ မခက်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့က အခု ပိုင်မျိုးနွယ်စုထဲမှာလေ။ အခုချက်ချင်း ကျုပ် သူ့ကို သတ်ရင် ပြဿနာတက်သွားနိုင်တယ်"

"အဲဒီခွေးမသားက လူတောင်မဟုတ်ဘူး"

သူမက အော်လိုက်သည်။

" အဲဒီအကောင်က လူမဟုတ်ဘူး။ လူမဟုတ်ဘူးလို့။ မင်းဘယ်လိုလုပ်လုပ် ငါဂရုမစိုက်ဘူး ။ မြန်နိုင်သမျှ မြန်မြန်သာ သတ်လိုက်စမ်းပါ။ ဒီထက်ပိုပြီး ကြီးပြင်းလာခွင့် ပြုထားလို့မရဘူး"

တခဏကြာသော် သူမသည် သတိလက်လွတ်ဖြစ်သွားမိကြောင်း သဘောပေါက်သွားပုံရလေသည်။ အသက်ပြင်းပြင်းရှူရင်း ပြန်လည်တည်ငြိမ်သွားပြီး စကားတစ်ခွန်းပင် မပြောဘဲ ထွက်သွားတော့သည်။

အနက်ရောင်ဝတ်ရုံနှင့်လူသည် သခင် ချိုင် 'လူမဟုတ်ဘူး'ဟု ပြောချိန်တွင် မည်သည်ကို ဆိုလိုကြောင်း နားမလည်နိုင်ဖြစ်ရင်း နှုတ်ဆိတ်လျက်ကျန်ခဲ့တော့သည်။ သို့သော် သူ၏ ပစ်မှတ်သည် အဆုံးသတ်ဝိညာဥ်လက်နက်ဖြင့် ပစ်ခတ်ခံရပြီး အသက်ရှင်နေသေးသည်ဆိုသော အချက်မှာ အမှန်တကယ်ဆိုရလျှင် အတန်ငယ် စိတ်ဝင်စားစရာကောင်းလေသည်။

"ဒီကောင် ပိုင်ဟောက်က နည်းနည်းပါးပါး တတ်ထားတဲ့ပုံပဲ " သူက ရေရွတ်လိုက်လေသည်။

" ငါ ကိစ္စတစ်ခုလုံးကို သေချာစီစဥ်ခဲ့တာ၊ ငါတောင်မကာကွယ်နိုင်တဲ့ တိုက်ကွက်နဲ့ တိုက်ခိုက်ခဲ့တာလေ။ဒါတောင် ဒီကောင်က မသေဘူးကြည့်စမ်း။ ပြီးတော့ ပြန်တောင်လာရဲသေးတယ်။ အေး အရင်အကြိမ်က လက်မလေးတင် လွတ်ရင်လွတ်ခဲ့လိမ့်မယ်။ ဒါပေမဲ့ အခု အဲဒီလို ထပ်လုပ်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့ "

ထိုလူသည် သွေးအေးစွာ ရယ်ရင်း လှည့်ထွက်သွား၏။ တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ အမြုတေအဆင့် အငွေ့အသက်များ တဟုန်းဟုန်းတောက်လောင်လာတော့သည်။

အမှန်တွင် ပိုင်ရှောင်ချန်းက ပြာဿဒ်ထဲတွင် စောစောက ပြောခဲ့သည်များကို တိကျရေရာစွာ မသိပေ။ ၄င်းကို ကာကွယ်ပေးထားသည့် အချုပ်အနှောင်မန္တန်များကြောင့် အတွင်းထဲ ရောက်နေစေကာမူ မည်သည်ကိုမှ သူ ကြားနိုင်မည်မဟုတ်ပေ။ ထိုမျှသာမက ထိုသို့လုပ်ရန်အတွက် နတ်ဘုရားအာရုံများသုံးခဲ့လျှင် အချုပ်အနှောင်မန္တန်သည် သတိပြုမိသွားပြီး တုံ့ပြန်မည်ဖြစ််သည်။

သို့သော် ဝတ်ရုံနက်လူနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတို့၏ စကားများကို မကြားနိုင်သော်လည်း သူက သူတို့ကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရပြီး သူတို့က သူ့ကို ကြည့်ချိန်တွင် အေးစက်သောစိတ်ဆန္ဒ နှင့် သတ်ဖြတ်လိုစိတ်များကို သတိထားမိလိုက်လေသည်။

" ကဲ စိတ်ဝင်စားစရာမကောင်းဘူးလား "

သူက တစ်ယောက်တည်း ရေရွတ်လိုက်ပြီး အေးတိအေးစက်ရယ်ကာ မြောက်ပိုင်းဒေသသို့ ဆက်လျှောက်သွားလိုက်သည်။ မကြာမီ မြောက်ပိုင်းသည် မြို့လယ်ခေါင်မှ အတော်ဝေးပြီး ခမ်းနားထည်ဝါခြင်းမရှိကြောင်း သဘောပေါက်သွားလေသည်။ သာမန်အိမ်ကလေးများဖြင့် ပြည့်ကြပ်နေပြီး အများစုသည် ပိုင်မျိုးရိုးစဥ်ဆက် အလုပ်အကျွေးပြုလာခဲ့သည့်အစေခံများနှင့် သက်ဆိုင်လေသည်။ လူအများစုသည် အသက်အရွယ်အိုမင်းပြီး မနာမကျန်းဖြစ်နေကြကာ များသောအားဖြင့် ကျန်းမာကြံခိုင်သည့်ပုံမပေါ်ကြပေ။

အိမ်များသည် ဖြစ်ကတတ်ဆန်း ဟိုတစ်စု သည်တစ်စု ပြန့်ကျဲနေရာ တစ်နေရာလုံးသည် အရှေ့ပိုင်းဒေသနှင့် များစွာ ခြားနားလေသည်။ ပိုင်ရှောင်ချန်းက လမ်းလျှောက်နေစဥ် အချို့လူများသည် သူ့ကို အထင်အမြင်သေးကာ မနှစ်မြို့ဖွယ်အကြည့်များနှင့် ကြည့်နေကြကြောင်း သတိပြုမိလိုက်သည်။ ဤနေရာသည် ဆင်းရဲနုံချာ၍ မျိုးနွယ်စု၏ သာမန်အစိတ်အပိုင်းမျှသာ ဖြစ်ကြောင်း တွေးကြည့်လိုက်လျှင် ပိုင်ရှောင်ချန်းသည် ပိုင်ဟောက်က မည်သည့်ဘဝမျိုးနှင့် ရှင်သန်ခဲ့ရကြောင်း ပို၍နားလည်သွား၏။

သို့သော် သူကို မြင်သည်နှင့် ဝမ်းမြောက်ပျော်ရွှင်သွားကြသူများပင် ရှိကြပြီး ရိုးသားသော ပျော်ရွှင်မှုများဖြင့် ရှေ့သို့လှမ်းလာ၍ နှုတ်ဆက်ကြလေသည်။ ဤနေရာသည် အရှေ့ပိုင်းဒေသနှင့် အတော်လေး ကွဲပြား၏။

" အစ်ကိုကြီးဟောက် "

" သခင်လေးဟောက် "

ဤနေရာ၌ ပိုင်ဟောက်သည် သိသာထင်ရှားစွာ ကြိုဆိုခံရလေသည်။ ထို့ပြင် သူ၏ နေအိမ်ကို အထွေအထူး လိုက်ရှာစရာပင် မလိုချေ။ ကလေးတစ်သိုက်သည် သူ့ကို ဝိုင်းလာကြပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောကြကာ ပြိုကျလုမတတ် ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်တစ်အိမ်သို့ ခေါ်သွားကြလေသည်။

၄င်းမှာ တဲအိမ်ထက် ပိုသည် ဆိုရုံလေးသာ ရှိပြီး အချိန်မရွေး အုတ်ပုံအဖြစ် ပြိုကျတော့မည့်အတိုင်းပင်။ ကံကောင်းထောက်မစွာ မီး၊ရေ၊လေတို့ မျိုးနွယ်စုထဲရှိ အဆောက်အအုံများကို သက်ရောက်ခြင်းမှ ကာကွယ်ပေးသည့် မန္တန်အစီအရင်တစ်ခုဖြင့် ပိုင်မျိုးနွယ်စုတစ်ခုလုံးအား ကာကွယ်ပေးထားလေသည်။ သို့မဟုတ်လျှင် သူ၏တဲလေးသည် မိုးရေနှင့် မြောပါသွားမည်မှာ ကြာလေပြီ။

တဲထဲဝင်ရောက်လိုက်ပြီးနောက် သူက ဘေးပတ်လည်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။

အထဲတွင် ခုတင်တစ်လုံးသာရှိလေသည်။ ထိုင်စရာခုံပင်မရှိပေ။ အစောပိုင်း အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သည် ဤသို့သော နေရာမျိုးတွင် နေထိုင်နိုင်လိမ့်မည်ဟု မယုံနိုင်လုနီးပါးပင်။ မြေရိုင်းဒေသများတွင် ဖြစ်စေ၊ ကောင်းကင်တံတားပင်လယ်ဒေသများတွင် ဖြစ်စေ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများသည် မည်သည့်နေရာသွားသည်ဖြစ်ပါစေ၊ အမြဲတစေ အလွန်ကောင်းမွန်စွာ ဆက်ဆံခံရလေသည်။

"သူ့ မျိုးနွယ်စုထဲမှာတောင် ပိုင်ဟောက်က ဘာလို့ ဒီလိုနေရတာလဲကွာ "

ပိုင်ရှောင်ချန်းသည် ပိုင်ဟောက်အကြောင်း အတန်ငယ်သိသော်လည်း အခြေအနေကို အလွယ်တကူ နားမလည်နိုင်အောင် ဖြစ်နေလေသည်။ အကောင်းဆုံးမဟုတ်နိုင်ကြောင်း လက်ခံခဲ့သည့်တိုင်အောင် ဤအတွက် သူ့မှာမပြင်ဆင်ထားခဲ့ရပေ။

" ပိုင်ဟောက်များ ဒီလိုနေချင်တာလား။ ဒါမှမဟုတ် အခြေအနေကို မပြောင်းလဲရဲတာလား။ ဒီလိုဆိုရင် ဘယ်သူက သူ့ကို သေစေချင်တာလဲ။ စောစောက ဟိုလူနဲ့ မိန်းမလား "

ထိုအမျိုးသမီး ဝတ်ဆင်ထားသော အဝတ်အစားများကို ထည့်တွက်ကြည့်လျှင် သူမသည် မျိုးနွယ်စုတွင် အလွန်မြင့်သောရာထူးကို သိမ်းပိုက်ထားကြောင်း သိသာလေသည်။

သို့သော် မည်မျှစဥ်းစားစေကာမူ သဲလွန်စ သို့မဟုတ် အတွေးတစ်ခုပင် ပေါ်မလာချေ။ အဆုံးသတ်၌ ခေါင်းခါယမ်းလိုက်တော့သည်။

" မင်းကို ငါကူညီနိုင်ပါစေလို့ ဆုတောင်းပါတယ် ပိုင်ဟောက်ရေ။ ဒါပေမဲ့ မင်း ငါ့ကို အလုပ်ဖြစ်ဖို့ တစ်ခုခုတော့ ပေးဖို့လိုတယ်ကွာ။ မင်းဘာတွေဖြစ်နေတာလဲ ငါသဘောပေါက်အောင် ကူညီပေးဦး "

သူက သက်ပြင်းချရင်း နဲ့နေသော ခုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်သည်။ သို့သော် တရားထိုင်မည့်အစား အပြင်ဘက်သို့ နတ်ဘုရားအာရုံများ စေလွှတ်လိုက်လေသည်။

သူက မန္တန်လက်ကွက်အနည်းငယ်လည်း ဖော်လိုက်ပြီး သူတစ်ယောက်သာ သတိပြုမိနိုင်သည့် အချုပ်အနှောင်မန္တန်များ ထားလိုက်လေသည်။ ထိုသည်မှာ သူနှစ်ပေါင်းများစွာ အကျင့်ဖြစ်နေသော အလေ့အကျင့်တစ်ခုပင်။ နေရာစိမ်းတစ်ခုကို ရောက်သည့်အချိန်တိုင်း ပထမဆုံးလုပ်ရမည့် အရေးကြီးဆုံးအရာမှာ သူဘေးကင်းကြောင်း သေချာစေရန်ပင်ဖြစ်သည်။

သို့သော် အပြင်ဘက်သို့ သူ၏ နတ်ဘုရားအာရုံများ စေလွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့မျက်လုံများထဲတွင် လေးနက်သော အရိပ်အယောင်များပေါ်လာပြီး သူ၏အကြည့်က အခန်းထောင့်သို့ ရောက်သွား၏။ ခုတင်ပေါ်မှ ထရင်း သူက လမ်းလျှောက်သွားကာ အနီးကပ်ကြည့်ရန် ဆောင့်ကြောင့် ထိုင်ချလိုက်လေသည်။

အခန်းထောင့်သည် မည်သည့်နေရာကြည့်သည်ဖြစ်ပါစေ သာမန်ဖြစ်ဟန်တူသော်လည်း သူ၏ နတ်ဘုရားအာရုံများ ထိမိလိုက်သောအခါ မှော်ပညာရပ်တစ်ခု စွဲကျန်နေသော အခိုးအငွေ့များကို အာရုံရလိုက်လေသည်။

၎င်းအခိုးအငွေ့များက လပေါင်းများစွာ ကြာမြင့်နေခဲ့ခြင်းကြောင့် ပျောက်ကွယ်ခါနီးဆဲဆဲဖြစ်နေသော်လည်း အနည်းအကျဥ်းကျန်နေသေးသည်။ ပိုင်ရှောင်ချန်းသာ သူ၏ ကိုယ်ပွားသုံးယောက်နှင့် ပေါင်းစပ်၍ သူ၏ နတ်ဘုရားအာရုံကို သုံးဆတိုးထားသော အချက်ကြောင့် မဟုတ်လျှင် သဲလွန်စများကို သတိပြုမိမည်မဟုတ်ပေ။ သူ၏လက်ရှိ နတ်ဘုရားအာရုံသည် ယင်ယန်ဝိညာဥ်နတ်ဘုရားအာရုံကဲ့သို့ စွမ်းအားများအားလုံးမရှိသော်လည်း ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တန်းတူညီလေသည်။

နေရာတစ်ခွင်လုံးအား ထဲထဲဝင်ဝင် လေ့လာဆန်းစစ်ပြီးနောက် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် အံသြခြင်းအရိပ်အယောင်များလက်သွား၏။

" ဒီနေရာမှာ တစ်ယောက်ယောက်က မှော်ပညာရပ်တစ်ခုခု သုံးသွားခဲ့တာပဲ။ သိပ်မကြာသေးဘူး၊ အလွန်ဆုံးရှိ လပိုင်းလောက်။ ကြည့်ရသလောက် နောက်ကျမြေကြီးကိုရှင်းဖို့ မှောတ်ပညာတစ်ခုကို သုံးခဲ့တာကိုး။ ခြေရာလက်ရာ ဖျောက်တာများလား "

ပိုင်ရှောင်ချန်း၏ သိချင်စိတ်များ ကြီးထွားလာပြီး ကောင်းကင်တံတားဓမ္မမျက်လုံးကို ဖွင့်သည်ဆိုရုံလေး ဖွင့်ကာ တဲ၏ နယ်နိမိတ်အတွင်းသို့ ခရမ်းရောင်အလင်းတန်း ပစ်လွှတ်လိုက်သည်။

ဤနည်းသုံး၍ မြေကြီးကို ကြည့်ပြီးသော် မှော်ပညာရပ်သုံး၍ ဖျက်ခဲ့သောအရာမှာ.... လက်ဖြင့်ရေးထားသောစာကြောင်း အနည်းငယ်ဖြစ်ကြောင်း ပိုင်ရှောင်ချန်း သိလိုက်ရလေသည်။

" စိတ်ဝင်စားစရာပဲ "

သူက ရေရွတ်လိုက်သည်။ ရုတ်တရက် ပုံရိပ်များစွာ ပေါ်လာပြီး သူ၏ကိုယ်ပွားများအသွင်ပြောင်းသွားသည်။ ကိုယ်ပွားတစ်ယောက်စီက သူ၏ တတိယမြောက်မျက်လုံးကို ခပ်ဟဟဖွင့်လိုက်လေရာ တူညီသောနေရာတစ်ခုပေါ်သို့ ခရမ်းရောင် အလင်းတန်း သုံးတန်း စုဆုံသွားလေသည်။

ကံကောင်းထောက်မစွာ ပိုင်ရှောင်ချန်းသည် သူ မည်သည့်အရာလုပ်နေလဲဆိုသည်ကို သိထားပြီး သူလုပ်နေသောအရာများကို တစ်ယောက်မှ မသိနိုင်စေရန် ခရမ်းရောင်အလင်းတန်းများ တဲအပြင်မထွက်စေဖို့ ကာကွယ်ထားလေသည်။ အချိန်အနည်းငယ်အတွင်း ဖျက်ပစ်ခံခဲ့ရသော စာကြောင်းများသည် ပိုင်ရှောင်ချန်းဖတ်၍ရသည်အထိ ပြန်လည်ဖြစ်တည်လာ၏။

သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် သူ၏စိတ်ထိန်းချုပ်နိုင်မှုအတိုင်းအတာ မည်မျှပင်ရှိစေကာမူ ထိုစာကြောင်းများကို မြင်လိုက်ရသည်နှင့် သူက တအံ့တသြ အော်လိုက်မိလေသည်။

" ဒါ၊ ဒါက "

All Chapters