အပိုင်း (၅၀၉)
Vol. 35 Ch. 509
ကောင်းကင်မူလလောကကြီး၊ တိုင်ချူးနတ်နယ်မြေ
မြေအင်မော်တယ်လောကနှင့် တိုက်ပွဲသည် ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲ၏ အရိပ်အယောင်များသည် တည်နေရာအနှံ့၌ ရှိနေတုန်းပင်။ တိုင်ချူးနတ်နယ်မြေ၊ ရီကလန်နှင့် ရွှေကျီးကန်းကလန် တို့ကဲ့သို့သော စွမ်းအားမြင့် ဂိုဏ်းဂဏ အသီးသီးသည်ပင်လျှင် ထိခိုက်မှုများကို ခံစားရပြီး ဖြစ်လေ၏။
ရီကလန်အတွင်းမှာတော့ ၎င်းတို့၏ ဘိုးဘေးခန္ဓာကိုယ်သည် ပျက်စီးသွားခဲ့ပြီဖြစ်ပြီး ပြန်လည် အားကောင်းလာရန် အတွက် နှစ်ပေါင်းတစ်သောင်းလောက် အခြေချကာ ကြိုးစားရပေတော့မည်။ ရီကလန်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့၏။ သို့ပေမဲ့ မည်သည့် သတင်း အချက်အလက်ကို ရရှိမည်ဖြစ်ကြောင်း သေသေချာချာ မသိရှိသေးချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်မှုကို ရရှိရမည် ဆိုလျှင်တောင်မှ ပြည့်စုံစွာ ပြန်လည် ကောင်းမွန်ဖို့အတွက် အချိန်အနည်းငယ်တော့ ယူရမှာ သေချာသည်။
တိုင်ချူးနတ်နယ်မြေနှင့် ရွှေကျီးကန်းကလန်တို့မှ အဆင့်မြင့် ကျင့်ကြံသူများသည်လည်း သေဆုံးသွားခဲ့ကြ၏။ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဝက်လောက်သည် သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့ အနေနှင့် ပြန်လည်အားမွေးရန် နှစ်ပေါင်းတစ်ထောင်လောက် အချိန်ယူရပေလိမ့်မည်။ ထို့အပြင် သူတော်စင် အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တည်လာဖို့ ဆိုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သည် မဟုတ်ပါလား။
လက်ရှိအခြေအနေမှာတော့ တိုင်ချူးနတ်နယ်မြေ တစ်ခုလုံးသည် ဆိုးရွားသည့် အခြေအနေကို ရင်ဆိုင်နေရ၏။ တပည့်တစ်ယောက်ချင်းစီတိုင်းသည် ရိုးရှင်းလှသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ၎င်းတို့၏ မျက်နှာများကလည်း တည်ငြိမ်နေ၏။ တည်နေရာ တစ်ခုလုံးတွင် ဝမ်းနည်းသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်တည်ခဲ့သည့် တိုက်ပွဲတွင် တိုင်ချူးနတ်နယ်မြေ၏ တကယ့်ကို နက်နဲလှသည့် အမွေအနှစ်များ ကုန်ခမ်းသွားခဲ့၏။ နတ်အရှင်သည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ထိုအရာသည် တိုင်ချူးနတ်နယ်မြေ တစ်ခုလုံးကို ကြီးကြီးမားမား ထိခိုက်စေခဲ့၏။ အနာဂတ်ခေါင်းဆောင်သည် မည်သူဖြစ်မှန်း မသေချာလှပေ။
ယခင် နတ်အရှင်သည် တော်ဝင်အင်ပါယာအဆင့်သို့ မရောက်ရှိသေးသည် ဆိုလျှင်တောင်မှ စွမ်းအားမြင့် ကျင့်ကြံသူဟု သုံးသပ်၍ရ၏။ သို့ပေမဲ့ မြေအင်မော်တယ်လောကနှင့် တိုက်ပွဲတွင် နတ်အရှင်သည် သေဆုံး သွားခဲ့၏။ လက်ရှိ တိုင်ချူးနတ်သားတော်သည်လည်း လုံလောက်သည့် အခြေအနေတစ်ခုဆီသို့ အားကောင်း လာခဲ့ခြင်း မရှိသေးချေ။ ထို့ကြောင့် တိုင်ချူးနတ်နယ်မြေသည် ခက်ခဲသည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့သည်။
“နတ်အရှင်က သေဆုံးသွားခဲ့ပြီ။ နတ်သားတော်ရဲ့ အားအင်အဆင့်က ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်ပဲ ရှိတယ်။ ဒီတော့ ရှိသမျှ တာဝန် ဝတ္တရားတွေကို သူ့ပခုံးပေါ် ထမ်းတင်ဖို့ ဆိုတာ စိန်ခေါ်မှု ဖြစ်လိမ့်မယ်။ တိုင်ချူး နတ်နယ်မြေရဲ့ အနာဂတ်လမ်းက တကယ့်ကို ခက်ခဲသွားတဲ့ပုံပဲ” တပည့်တစ်ယောက်က လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။
“စီနီယာအစ်ကို... ခင်ဗျား ဘာကို ဆိုလိုတာလဲ”
တောင်၏ဂိတ်တံခါးအခြမ်းတွင် ရှိနေသည့် တခြားသော တပည့် တစ်ယောက်သည် ဇဝေဇဝါဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “မြေအင်မော်တယ်လောကရဲ့ ဘေးအန္တရာယ်ကို ဖြေရှင်းပြီးသွားပြီ။ ကျုပ်တို့ တိုင်ချူးနတ်နယ်မြေက ကြီးကြီးမားမား ဆုံးရှုံးသွားတယ် ဆိုပေမဲ့ ကျုပ်တို့ရဲ့ အခြေခံတွေကတော့ တည်ရှိနေသေးတယ်။ အင်ပါရီယာ လက်နက်တစ်ခု တည်ရှိနေသေးတယ်။ တိုင်ချူးနတ်နယ်မြေကို ဘယ်သူကမှ လာပြီးတော့ မလေးမစား ပြုလုပ်ရဲမှာ မဟုတ်ဘူး”
ပိန်ညှောင်ညှောင် ကုလားအုပ်သည် မြင်းထက်တော့ ပိုမိုကြီးမားမှာ သေချာ၏။ ထို့အပြင် တိုင်ချူးနတ်နယ်မြေ သည် တော်ဝင်အင်ပါယာတစ်ယောက်ကို ထုတ်ဖော် ပျိုးထောင်နိုင်စွမ်းရှိသည့် နယ်မြေဖြစ်၏။ ရှေးယခင်တုန်း ကလို မဟုတ်ဘူး ဆိုလျှင်တောင်မှ တိုင်ချူးနတ်နယ်မြေသည် နက်နဲလှသည့် အမွေအနှစ်များကို ပိုင်ဆိုင်ခဲ့ပြီးသား ဖြစ်၏။
တောင်၏ ဂိတ်တံခါးတစ်ခုလုံးကို စည်းခတ်ထားပြီး အချိန်ကာလတစ်ခုအထိ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားမည် ဆိုပါက တိုင်ချူးနတ်သားတော် အရွယ်ရောက်လာသည်နှင့်အမျှ သူတို့ တိုင်ချူးနတ်နယ်မြေတစ်ခုလုံးသည် ကောင်းကင်မူလလောကကြီး၌ ထိပ်ဆုံးအဆင့်ဖြင့် ပြန်လည်ရပ်တည်နိုင်မှာ သေချာသည်။
“ခင်ဗျားတို့ နားမလည်ပါဘူး”
အစောတုန်းက ပြောဆိုခဲ့သည့် တပည့်တစ်ယောက်သည် နှာခေါင်းကို ရှုံ့ကာဖြင့် ပြောဆိုလိုက်၏။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကောင်းကင်မူလလောကကြီးရဲ့ ကောင်းကင်ပါရမီရှင် စာရင်းက အသစ် ပြန်ပေါ်လာတယ်။”
“ဘာမှားလို့လဲ”
တခြားသော သုံးယောက်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည် “တော်ဝင်ဓားဂိုဏ်းက ကောင်းကင်ပါရမီရှင်စာရင်းမှာ တပည့်နှစ်ယောက် ပါလာတယ်။ ကျုပ်တို့ တိုင်ချူးနတ်နယ်မြေကလည်း ဒီလို ရအောင် လုပ်နိုင်တာပဲ။ ကျုပ်တို့ကို အထင်မသေးခင် နှစ်ကြိမ်လောက် ပြန်ပြီး စဉ်းစားသင့်တယ်”
“ဟမ့်”
အစောတုန်းက ပြောခဲ့သည့် တပည့်သည် နှာခေါင်းကို ရှုံ့ကာဖြင့် ပြောလိုက်၏။ “စကားနဲ့ ပြောနေရုံနဲ့ မဖြစ်ဘူးလေ။ ကျုပ်တို့ တိုင်ချူးနတ်နယ်မြေက တော်ဝင်ဓားဂိုဏ်းနဲ့ ကွာခြားသွားခဲ့ပြီ။ စာရင်းထဲမှာ အသစ် ပေါ်လာတဲ့ တပည့်က ဒုတိယအကြီးအကဲရဲ့ သားတဲ့။”
“အရင် နတ်အရှင်ရဲ့သားက နတ်သားတော်ပဲလေ”
သူက ဆက်ပြောလိုက်သည်။ “အရင် နတ်အရှင်က သေဆုံးသွားခဲ့ပြီဆိုတော့ နတ်သားတော်ရဲ့ တည်နေရာက ပြောင်းလဲရတော့မယ်။ ပြီးတော့ ဒုတိယအကြီးအကဲ နတ်အရှင် ဖြစ်လာမယ်ဆိုတဲ့ သတင်းက ဂိုဏ်းတစ်ခုလုံးထဲမှာ ပျံ့နှံ့နေတယ်”
ဒုတိယအကြီးအကဲ၏ သားသည် ပါရမီရှင်တစ်ယောက် မဟုတ်ဘူး ဆိုပါက နတ်သားတော်ကို အစားထိုးရန် မလိုအပ်ချေ။ နတ်သားတော်အနေနှင့် နတ်အရှင် ဖြစ်လာရန် စောင့်မျှော်နေရုံသာရှိ၏။ သို့ပေမဲ့ ပြဿနာမှာ ဒုတိယ အကြီးအကဲ၏သားသည် ပါရမီရှင် ဖြစ်ရုံသာမက ကောင်းကင်ပါရမီရှင်စာရင်းသို့ပင် ဝင်ရောက်အောင် ကြိုးစားနိုင်ခဲ့၏။
ယခင် နတ်အရှင်ကို ထောက်ခံပေးခဲ့သည် တိုင်ချူးနတ်နယ်မြေမှ တချို့သောသူများသည် လက်ရှိအခြေအနေမှာ ပုန်ကန်ရန် စဉ်းစားလာခဲ့၏။ ထို့အပြင် နတ်သားတော် ပြောင်းလဲခြင်း ဆိုသည်မှာ နတ်အရှင်၏ အနာဂတ် တည်နေရာ ရာထူး ပိုင်ဆိုင်မည့်လူအား ပြောင်းလဲခြင်းပင် ဖြစ်သည်။
တခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် ဒုတိယအကြီးအကဲ၏ မျိုးဆက်များသည် လက်ရှိအခြေအနေမှာတော့ အလွန်အမင်းပဲ မောက်လာလာခဲ့ကြ၏။ ၎င်းတို့သည် မြေအင်မော်တယ်လောကရှိ တိုက်ပွဲထဲတွင် အသက်ရှင် ကျန်ရစ်ခဲ့ပြီးနောက် တိုင်ချူးနတ်နယ်မြေ တစ်ခုလုံး၏ အချုပ်အချာ အခွင့်အာဏာကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည့်လူများဟု ၎င်းတို့ဘာသာ သုံးသပ်လာခဲ့ကြ၏။ ထိုကဲ့သို့ အရှိန်အဝါ ကြီးမားလာသည့် အချိန်တွင် ဒုတိယ အကြီးအကဲ၏ သားသည်လည်း နတ်သားတော် ဖြစ်လာနိုင်ပေလိမ့်မည်။
“နတ်အရှင်နဲ့ နတ်သားတော်ကို ပြောင်းလဲမယ်။ ဒါအရမ်းကြီး လေးနက်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး” တခြားသော တပည့်သည် ဝင်ကာ ပြောဆိုလိုက်၏။
“အလေးအနက်ကြီး မဟုတ်ဘူး ဟုတ်လား”
စောဏက ပြောဆိုခဲ့သည့် တပည့်သည် ဘေးတစ်ဖက်ကို အသာ ဝေ့ကြည့်ကာဖြင့် ပြောလိုက်သည်။ “ဒီလို အဆင့်မြင့် ရာထူးတွေကို လိုချင်လောဘ မရှိဘူးလို့ မင်းထင်နေတာလား။ ကျုပ် ခင်ဗျားကို ပြောပြမယ်။ လူတစ်ယောက်ရဲ့ အားအင်အဆင့်က ပိုပြီး အားကြီးလေ၊ သူတို့ရဲ့ လိုချင်လောဘက ပိုပြီး အားကြီးလေပဲ။ အရင်နတ်အရှင်ရဲ့ဩဇာခံတွေ နဲ့ လက်ရှိ ဒုတိယအကြီးအကဲ ကြားမှာရှိနေတဲ့ ပဋိပက္ခတွေက ပိုပြီး ကြီးမားလာခဲ့ပြီ။ တိုင်ချူးနတ်နယ်မြေက ပိုပြီး ကြီးမားတဲ့ ဒုက္ခကို ခံရလိမ့်မယ်လို့ ထင်တယ်”
“ကျုပ်တို့ ဒါဆို ဘာလုပ်ရမှာလဲ”
တခြားသော တစ်ယောက်သည် ရုတ်တရက် ကြောက်လန့်သွားမိ၏။ သူတို့သည် အပြင်စည်း တပည့်များသာလျှင် ဖြစ်၏။ တောင်၏ ဂိတ်တံခါးဝကို စောင့်ရှောက်ရသည့် တာဝန်ကိုသာ ယူထားရ၏။ အတွင်းတွင် ဖြစ်နေသည့် အာဏာလုယက်သည့် ကိစ္စရပ်များသည် သူတို့နှင့် ဆိုင်လှသည် မဟုတ်ချေ။ သို့ပေမဲ့ ထိုအရာသည် သူတို့ကို သက်ရောက်လာပေလိမ့်မည်။
သူတို့တောင်မှ ထိုကဲ့သို့ ကြောက်လန့်မှုကို ခံစားနေရသည် ဖြစ်သောကြောင့် အားလုံးသော သူတို့သည် လက်ရှိ အခြေအနေတွင် မသေချာ၊ မရေရာသည့် ကြောက်လန့်ခြင်း တရားကို ရင်ဝယ်ပိုက်ကာ နေထိုင်ရမည်မှာ သေချာ၏။ ထို့အပြင် သူတို့ သေဆုံးသွားမည် ဆိုလျှင်လည်း မည်သူမှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တိုင်ချူးနတ်နယ်မြေတွင် အပြင်စည်းတပည့်ချည်းပဲ တစ်သောင်းကျော်လောက် တည်ရှိ နေသောကြောင့်ပင်။ နှစ်စဉ်နှစ်တိုင်း လူတော်တော်များများတို့သည်လည်း ဂိုဏ်းထဲသို့ ဝင်ရောက်နေကြသည်။
“လက်ရှိ အခြေအနေမှာတော့ တိုင်ချူးနတ်နယ်မြေက ဒီကပ်ဘေးကြီးကနေ အသက်ရှင် ရပ်တည်ဖို့ နည်းလမ်း နှစ်ခုပဲ ရှိတော့တယ်” အစောတုန်းက ပြောဆိုခဲ့သည့် တပည့်သည် လက်နှစ်ချောင်းကို ထောင်ကာ ပြောလိုက်၏။
“ဘယ်နှစ်ခုလဲ” တခြားသော တပည့်များ၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူတို့က မေးမြန်းလိုက်သည်။
“ပထမဆုံး ကိစ္စတစ်ခုကတော့ စီနီယာနန်းဆောင်သခင် ဝင်ပြီး ဖြေရှင်းပေးဖို့။ ဒါဆိုရင် တိုင်ချူး နတ်သားတော်ရဲ့ တည်နေရာက မပြောင်းမလဲဘဲနဲ့ တည်ရှိနေမယ်။ ဒါဆိုရင် တိုင်ချူးနတ်နယ်မြေ တစ်ခုလုံးက အနာဂတ်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာ မလိုတော့ဘူး”
“အင်း... ဒုတိယ အကြောင်းအရာကို ပြောတာ ပိုပြီးကောင်းလိမ့်မယ်နဲ့ တူတယ်” တခြားသော တပည့် တစ်ယောက်က သက်ပြင်းချလိုက်၏။
စီနီယာနန်းဆောင်သခင်ဆိုသည်မှာ မည်သူနည်း။ အဘယ်ကြောင့် တိုင်ချူး နတ်နယ်မြေကဲ့သို့သော နယ်မြေသေးလေး တစ်ခုတွင် ရှိနေသည့် အတွင်းရေး ပြဿနာများကို ဝင်ရောက်ကာ ဖြေရှင်းပေးမည်နည်း။ လုံးဝကို စဉ်းစားသင့်သည့် အကြောင်းအရာမျိုး မဟုတ်ချေ။
ထို့အပြင် မြေအင်မော်တယ်လောကမှ လူတစ်ယောက် ရောက်ရှိလာသည့် အချိန်တွင် နန်းဆောင်သခင်သည် ၎င်း၏ နောက်လိုက် အစစ်အမှန် အင်မော်တယ်တစ်ယောက်ကို စေလွှတ်ကာ တိုက်ခိုက်စေခဲ့၏။ ၎င်း၏ နောက်လိုက်သည်ပင်လျှင် အလွန် အားကောင်းလှသည် ဖြစ်သောကြောင့် ၎င်းကဲ့သို့ အလွန် စွမ်းအား ကြီးမားလှသော လူတစ်ယောက်သည် တိုင်ချူးနတ်နယ်မြေ၏ ကိစ္စရပ်များကို ပါဝင်လိမ့်မည် မဟုတ်ချေ။
“အဟမ့် အဟမ့်”
အစောတုန်းက ပြောဆိုခဲ့သည့် တပည့်သည် ချောင်းကိုဟမ့်လိုက်၏။ သူသည် ရှက်ရွံ့မှုများကို ဖုံးကာလိုက်ခြင်းသာဖြစ်၏။ သူပြောခဲ့သည့် အကြောင်းအရာများသည် ယုတ္တိမတန်လှချေ။ သို့ပေမဲ့ ပြောဆိုခဲ့ပြီးပြီ ဖြစ်သောကြောင့် သူ့အနေနှင့် မသိချင်ယောင် ဆောင်ရပေလိမ့်မည်။
“ဒုတိယ ကိစ္စကတော့ ကျုပ်တို့ တိုင်ချူး နတ်နယ်မြေရဲ့ ဘိုးဘေးကြီး ပြန်ပြီး အသက်ရှင်လာဖို့ပဲ”
“ဟမ်” တခြားသော တပည့်၏ မျက်လုံးများက ပြူးကျယ်သွားသည်။
ဒုတိယ နည်းလမ်းသည် ပထမ နည်းလမ်းထက် ပိုမိုကာ ယုတ္တိတန်လှပြီး ကောင်းမွန်လှမည်ဟု သူတို့က ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တကယ့် တကယ်တမ်းမှာတော့ ပိုမိုကာ ဆိုးရွားလို့ နေခဲ့သည်။ သူတို့၏ ဘိုးဘေးကြီးသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ သေဆုံး သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။ ၎င်း၏ သင်္ချိုင်းတွင် ရှိနေသည့် မြက်များပင်လျှင် ကိုက်သုံးထောင်လောက်အထိ ကြီးထွားရင့်သန်နေမှာ သေချာသည်။ အဘယ်သို့ ပြန်လည်ကာ အသက်ရှင်လာမည်နည်း။