← Chapters

အပိုင်း (၅၁၁)

Vol. 35 Ch. 511

အပိုင်း (၅၁၁)

Vol. 35 Ch. 511

ပြိုင်ဘက်ကင်းလှသည့် အော်ရာများ ထွက်ပေါ်လာခဲ့သည်။ သာမန်တပည့်မှသည် အကြီးအကဲအဆင့်ထိ တိုင်ချူး နတ်နယ်မြေ၏ တပည့်အားလုံးသည် စွမ်းအင်ကင်းမဲ့သလို ခံစားနေကြရသည်။ မည်သူမှသည် ၎င်းတို့၏ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ခဲ့တော့ချေ။ အကုန်လုံး ကြောက်လန့်ခြောက်ခြား၍ တုန်ယင်လျက်ရှိကြသည်။

“အင်ပါရီယာ လက်နက် ပေါ်လာတာပဲ ။ အင်ပါရီယာ လက်နက်ကို တစ်စုံတစ်ယောက်က လွှမ်းမိုးသိမ်းပိုက်ဖို့ ကြိုးစားခဲ့တာလား။ နတ်အရှင်မျိုးဆက်တွေထဲက တစ်ယောက်ယောက်များလား။ ဘယ်လိုဖြစ်ပြီးတော့ နတ်နယ်မြေထဲကို လာပြီး ရဲရဲတင်းတင်း ပြုမူဆောင်ရွက်ရဲရတာလဲ။”

“ မဟုတ်ဘူး။ ဒါအင်ပါရီယာ လက်နက် တစ်ခုကိုလွှမ်းမိုးဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ အင်ပါရီယာလက်နက်က သူ့ အလိုလို အသက်ဝင်လာတာ။”

တိုင်ချူးနတ်နယ်မြေထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် တုန်လှုပ်သွားကြ၏။ အင်ပါရီယာ လက်နက်ဆိုသည်မှာ နှစ်ပေါင်းများစွာအတွင်း လွှမ်းမိုးနိုင်သည့်အရာဖြစ်ပြီး ယနေ့ကဲ့သို့ သူ့အလိုလို အသက်ဝင်နိုးထလာသည်ကို တစ်ခါမှ မကြားဖူးချေ။

အင်ပါရီယာလက်နက်သည် စိတ်ဝိညာဉ်တည်ရှိသည်။ တိုင်ချူးနတ်နယ်မြေထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုနှင့် အံ့အားသင့်မှုကို ခံစားလိုက်ကြရ၏။ ၎င်းတို့သည် ရှေးအင်ပါယာ တိုင်ချူးကို ပြန်မြင်လိုက်ရသလိုပင် ။

ဘိုးဘေးကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာတည်းက သေဆုံးသွားခဲ့ပြီဖြစ်၏။ အဘယ်သို့ အသက်ရှင်လျက် ပြန်လာမည်နည်း။ သို့ပေမဲ့ နောက်တစ်စက္ကန့် အတွင်းမှာပင် သူတို့အားလုံးသည် မြင်ရသည့်အရာများကို ကြည့်ရှုရင်း အံ့အားသင့်မိနေ၏။

အင်ပါရီယာလက်နက်သည် ကောင်းကင်ယံတွင် ချာချာလည်လျက် ရှိနေပြီး အရှေ့တောင်အရပ်မှ ဆင်းသက်လာသည့် ရွှေကျီးကန်းကြီးတစ်ကောင်ကဲ့သို့ပင် တောက်ပစွာဖြင့် ရှိနေ၏။ ထိုကြီးမားလှသည့် အလံကြီးသည် လေထဲသို့လွင့်မျောနေပြီး နတ်ဘုရား အလင်းတန်းများကို ထုတ်ဖော်နေသည်။

သက်ရှိသတ္တဝါအားလုံးတို့၏ မျက်လုံးအကြည့်အောက်တွင်တော့ ထိုအလံကြီးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်လက်ထဲသို့ ဆင်းသက်သွားခဲ့၏။

ထိုသူသည် ဆန်းကြယ်သည့် ကိုယ်ဟန်အမူအရာမျိုး တည်ရှိနေပြီး တိုင်ချူးနတ်နယ်မြေ၏ အဝင်ဝတွင် ရပ်လို့နေ၏။ မျက်လုံးများသည် ကြင်နာနူးညံ့လျက်ရှိနေပြီး အင်ပါရီယာလက်နက်ကို မြဲမြဲ ကိုင်ဆောင်ထား၏။ အခြား လက်တစ်ဖက်က ခါးကိုထောက်ထား၏။ လက်ရှိအခြေနေမှာတော့ ၎င်း၏ ဟိတ်ဟန်သည် ရှေးယခင်ခေတ်မှ ပြန်လည်ရောက်ရှိလာခဲ့သည့် လူတစ်ယောက်ကဲ့သို့ပင် လူပေါင်းများစွာတို့ကို ထင်မှတ် မှားစေသည်။

၎င်းသည် ငြိမ်ငြိမ်သက်သက်နှင့် မတ်တပ်ရပ်လျက်ရှိနေသော်လည်း မိုင်သန်းနှင့်ချီသည့် အကွာအဝေးတွင်းရှိ လူအားလုံးကို အံ့အားသင့်စေသည့်အရှိန်အဝါများ ပေးအပ်၏။

“ဓား …..ဓား”

တိုင်ချူးနတ်နယ်မြေ၏ အကြီးအကဲပေါင်းများစွာတို့သည် ထိုမြင်ကွင်းကို မြင်သည့်အချိန်မှာတော့ အံ့အား သင့်မိ သွားကြ၏။ သူတို့သည် သာမန်တပည့်များ မဟုတ်ကြပေ။ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်လူများဖြစ်၏။ တစ်ဖက်လူ၏ သွင်ပြင်အမူအရာကို အလွန်ရင်းနှီးလို့နေသည်။

“ဘိုးဘေးကြီးလား”

တိုင်ချူးနတ်နယ်မြေ၏ အကြီးအကဲသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သည့် လူတစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် တစ်ဖက်လူ၏ အရှိန်အဝါကို ကျိန်းသေပေါက် နားလည်ပြီးဖြစ်၏။

သို့သော်ငြား မထင်မှတ်ထားသည့် ကိစ္စရပ်ကို တွေ့ကြုံနေရချိန်မှာတော့ မည်သို့မှ စိတ်ကိုတည်ငြိမ်အောင် မထိန်း ချုပ်နိုင်တော့ချေ။ ပထမချက်ချင်းမှာပဲ တစ်စုံတစ်ယောက်သည် သူတို့၏ ဘိုးဘေးကြီး အယောင်ဆောင်နေသည်ဟု တွေးလိုက်မိကြသည်။ ကျင့်ကြံခြင်းလောက တွင် တစ်စုံတစ်ယောက်၏ သွင်ပြင်အမူအရာကို ပြောင်းလဲဖို့ နည်းလမ်းများသည် အလွန်တရာ ပေါကြွယ်လွန်းလှ၏။ သို့ပေမဲ့ အင်ပါရီယာ လက်နက်၏ ပြုမူဆောင်ရွက်ပုံကို မြင်ရသည့်အချိန်မှာတော့ သူတို့ အတွေးလွန်နေခြင်းဖြစ်ကြောင်း နားလည်လိုက်မိသည်။

သူတို့သည် မှားယွင်းခဲ့၏။ တိုင်ချူး နတ်နယ်မြေ၏ အင်ပါရီယာ လက်နက် သည် ရှေးယခင်ထဲက တည်ရှိလာခဲ့ သည့် အရာဖြစ်သောကြောင့် သူတို့မှားလျှင်တောင်မှ ဤလက်နက်က မှားနိုင်မည်မဟုတ်ချေ။

“ဘိုးဘေးကြီးက သေသွားတာ မဟုတ်ဘူးလား။”

တစ်စုံတစ်ယောက်က တုန်လှုပ်သွား၏။ အမှန်သာဆိုလျှင် ဘိုးဘေး၏ အားအင်အဆင့်သည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ကြောက်မက်ဖွယ်ရာကောင်းသည့် ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိနေမှာ သေချာ၏။ ထာဝရအသက်ရှင်နေထိုင်ခြင်းသည် အားအင်အဆင့်၏ သင်္ကေတပင်ဖြစ်၏။ လုံလောက်သည့် အားအင်မရှိဘဲ အသက် အကြာကြီးနေထိုင်နိုင်လိမ့်မည် မဟုတ်ချေ။

“ဟုတ်တယ်”

အကြီးကဲတစ်ယောက်သည် အသက်ကို ပြင်းပြင်းရှုလိုက်၏။ သူ၏ မျက်လုံးများသည် တောက်ပလာခဲ့၏။ သူသည် ကောင်းကင်တွင် ရှိနေသည့်လူကို လှမ်းကာကြည့်ရှုပြီးနောက် အော်ဟစ်လိုက်၏။

“တပည့် တိုင်ချူးနတ်နယ်မြေရဲ့ရှန်းကျုံး ဘိုးဘေးကို ဂါရဝပြုပါတယ်။”

“တပည့် ဘိုးဘေးကို ဂါရဝပြုပါတယ်။”

“တပည့်တို့ ဘိုးဘေးကို ဂါရဝပြုပါတယ်။”

ထိုအသံများသည် ကောင်းကင်တစ်ခုလုံးကိုတုန်ခါစေခဲ့ပြီး အရပ်လေးမျက်နှာဆီသို့ ပျံ့နှံ့သွား၏။ လက်ရှိ အခြေအနေမှာတော့ ကောင်းကင်မူလလောကကြီးထဲတွင်ရှိနေသည့် လူပေါင်းများစွာတို့သည် တိုင်ချူးနတ် နယ်မြေ တည်ရှိရာဆီသို့ လှမ်းကြည့်လိုက်၏။ ထိုနေရာ၌ ဖြစ်တည်နေသော အရှိန်အဟုန်သည် တကယ့်ကို ကြီးမားလှသည်။ အထူးသဖြင့် အင်ပါရီယာလက်နက် ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ဘုံကိုးပါးလုံးကို ဖိနှိပ်ထားသလို ဖြစ်နေသည် မဟုတ်ပါလား။

“ထကြတော့”

ထိုသူကအသာပြောလိုက်၏။ သူ၏ စကားစုပဲ့တင်ထပ်လာသည့်အချိန်မှာတော့ တော်ဝင်တာအို၏ တေးသံများပင် ထွက်ပေါ်လာခဲ့၏။ လောကကြီးသည် တုန်ခါလျက်ရှိနေသည်။ ကောင်းကင်ယံတွင် ရှိနေသည့် တိမ်များပင်လျှင် ပျောက်ကွယ် သွားခဲ့၏။ စကားစုတစ်ခုတည်းနှင့်ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါ မျိုးကို ထုတ်ဖော်ပြသလျက် ရှိနေသည်။

ထိုစကားစုသည် တိုင်ချူးနန်းနယ်မြေမှာ ယခင်တုန်းကလို တောက်ပသည့် ခေတ်ကာလ တစ်ခုဆီ ပြန်လည် ရောက်ရှိတော့မည် ဖြစ်ကြောင်း ကြေညာလိုက်သလိုပင်။

အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ရှေးအင်ပါယာတိုင်ချူးသည် ဆန်းကြယ်သည့် ဟန်ပန်အမူအရာများ ကို ထုတ်ဖော်လျက် ရှိနေပြီး အားလုံးသောသူတို့၏ အထက်တွင်ရပ်တည်နိုင် သည့် လူတစ်ယောက်ကဲ့သို့ပင်။

သူ၏ အနီးအနားတွင်လည်း အလင်းတန်းများ ထွန်းတောက်လျက် ရှိနေသည်။ ၎င်းသည် တိုင်ချူး နတ်နယ်မြေ တစ်ခုလုံးကို ပြန်လည်စည်ပင်ဝဖြိုးအောင် လုပ်ဆောင်နိုင်မည့်လူတစ်ယောက် ဖြစ်၏။ လေဟာနယ်ထဲသို့ အသာဆင်းသက်လာခဲ့ပြီးနောက် ၎င်း၏ ခြေထောက်အောက်တွင် ရွှေရောင် ကြာပန်းများ ပေါ်ပေါက်လာခဲ့သည်။

“ဘိုးဘေး”

တိုင်ချူးနတ်နယ်မြေမှ တပည့်ပေါင်းများစွာ၏ ခန္ဓာကိုယ်က တုန်ရင်သွားခဲ့သည်။ ၎င်းတို့သည် အဆက်မပြတ် ခါးကုန်းကာ ဉီးညွတ်လျက်ရှိ၏။ အထူးသဖြင့် ရှန်းကျုံးပင်။ ရှန်းကျုံးသည် မျက်ရည်များပင်စီးကျလျက်ရှိ၏။

အဘယ့်ကြောင့်ဆိုသော် တိုင်ချူး ဘိုးဘေးကြီး၏ မျိုးရိုး ရှေ့နာမည်သည် ရှန်းဖြစ်သောကြောင့်ပင်။ ပြောရမည်ဆိုလျှင် ဘိုးဘေးတိုင်ချူးသည် သူတို့ ရှန်းမျိုးနွယ်၏ ဘိုးဘေးကြီးလည်း ဖြစ်၏။ ကိုယ်ပိုင်အင်ပါရီယာ ကလန်တစ်ခုကို တည်ထောင်ရန် မရွေးချယ်ခဲ့ဘဲ တိုင်ချူးနတ်နယ်မြေထဲတွင်သာ ရိုးရိုးကုတ်ကုတ်ဖြင့် နေထိုင်ခဲ့သူ တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ရှန်းမိသားစုသည် တိုင်ချူးနတ်နယ်မြေတစ်ခုလုံးတွင် အရေးကြီးသည့် တည်နေရာရာထူးများကို ပိုင်ဆိုင်ထားခဲ့၏။ သေဆုံးသွားခဲ့ပြီ ဖြစ်သော အရင်နတ်အရှင်၏ နာမည်သည်လည်း ရှန်းပင် ဖြစ်လေ၏။

လက်ရှိနတ်သားတော်၏ နာမည်သည်လည်း ထိုနည်းလည်းကောင်းပင်။ မူလအားဖြင့် နတ်အရှင် သေဆုံးသွားခဲ့ပြီးနောက် ၎င်း၏တည်နေရာသည် မတည်မငြိမ် ဖြစ်လာခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ဘိုးဘေး ပြန်လည်ရောက်ရှိ လာခဲ့ပြီဖြစ်သောကြောင့် ရှန်းကျုံးသည် သူ၏နှလုံးသားထဲတွင်ရှိနေသည့် စိုးရိမ် ကြောက်လန့်မှုများအားလုံး သက်သာသွားခဲ့သည်။

“ထကြတော့”

ရှေးအင်ပါယာ တိုင်ချူးသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ ၎င်း၏ ခြေလှမ်းများသည် တည်ကြည် လေးနက်လို့နေ၏။ အရာအားလုံးကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူ၏မျက်လုံးများသည် ကြယ်တာရာ ကောင်းကင်ကဲ့သို့ပင် နက်ရှိုင်းလို့ နေခဲ့၏။ သူက အသာ ပြောလိုက်၏။

“တိုင်ချူးနတ်နယ်မြေက နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံနေထိုင်ခဲ့တယ်။ အခုတလော မင်းတို့ နတ်နယ်မြေကြီး တစ်ခုလုံးအတွက် ကြီးမားတဲ့ ကောင်းချီးတရားတွေ ဆောင်ရွက်ခဲ့ရဲ့လား။”

ထိုစကားစုက မကျယ်လှပေ။ သို့ပေမဲ့ အားလုံးသောသူတို့၏ နားထဲသို့ ရောက်ရှိလာခဲ့၏။ အားလုံးသော သူတို့၏ နှလုံးသားထဲတွင် တည်ရှိနေသည့် အတွေးအားလုံးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ လက်ရှိ အခြေအနေတွင် နတ်အရှင်နေရာကို လုယူဖို့ကြိုးစားခြင်း ဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာ ခြင်းနှင့် ဆင်တူပေလိမ့်မည်။

“ဘိုးဘေး”

ရှန်းကျုံးက ဉီးညွတ်လိုက်၏။ သူသည် တစ်စုံတစ်ခုကို ပြောချင်၏။ သို့ပေမဲ့ ရှေးအင်ပါယာတိုင်ချူးသည် သူ့ကို တားဆီးလိုက်၏။ ၎င်းသည် လေးနက်တည်ကြည်သည့် မျက်နှာမျိုးဖြင့် ပြောလိုက်သည်။ “မင်းရဲ့ရည်ရွယ်ချက်ကို ငါနားလည်တယ်။ ဒါပေမဲ့ မင်းတို့အားလုံးက ငါလေ့ကျင့်ခဲ့တဲ့နည်းစနစ်တွေ အကုန်လုံးကို ကျင့်ကြံခဲ့တယ်ဆိုရင် အားလုံးက တူညီတဲ့မျိုးနွယ်လို့ သတ်မှတ်ရမှာပဲ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အသင်္ချေလောက အသီးသီးမှာ ရှိတဲ့ သတ္တဝါတွေကို ညီတူညီမျှ ဆက်ဆံခဲ့တယ်။ ငါ သူ့လောက်ကြီး ကောင်းမွန်တဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုရင်တောင် တိုင်ချူး နတ်နယ်မြေရဲ့ တပည့်တွေ အကုန်လုံးကို ငါ့ရဲ့ ဆက်ခံသူ အဖြစ် သတ်မှတ်ထားတယ်။”

ထိုစကားစုသည် လူပေါင်းများစွာတို့အား ရှက်ရွံ့စေခဲ့၏။ ရှေးအင်ပါယာတိုင်ချူးသည် သူ၏ မျိုးဆက်သစ်များကို မောက်မာစရာမလိုဘဲ ရိုးရိုးကျင့် မြင့်မြင့်ကြံရန် ပြောဆိုနေခြင်းဖြစ်ကြောင်း အားလုံးသော သူတို့က နားလည်လိုက်မိ၏။

တိုင်ချူးနတ်နယ်မြေသည် ကိုယ်ပိုင်သီးသန့် ဥယျာဉ်တစ်ခု မဟုတ်ပေ။ ဂိုဏ်းတစ်ခုလုံးက ပိုင်ဆိုင်သည့်အရာ ဖြစ်၏။ ထို့ကြောင့် ရှန်းမိသားစုသည် ရှက်ရွံ့မှု ကိုခံစားလိုက်မိကြသည်။

ရှေးအင်ပါယာတိုင်ချူးသည် သူ့ကိုယ်သူနှင့် တခြားသောသူများကို နောပ်မျိုးဆက်သစ်များအဖြစ် အသိအမှတ် ပြုခဲ့၏။ ဤအရာသည် တကယ့်ကို ကျေးဇူးတင်စရာပင် ဖြစ်၏။ ထို့အပြင်တိုင်ချူးနတ်နယ်မြေ ယခင်က ရရှိခဲ့သည့် အောင်မြင်မှုများသည် ရှေးအင်ပါယာတိုင်ချူးနှင့် သက်ဆိုင်လို့ နေ၏။

“လာမဲ့နေ့တွေမှာ ကောင်းကင်မူလ လောကကြီးက ကြီးမားတဲ့ကပ်ဘေးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ မင်းတို့က အချင်းချင်း ပဋိပက္ခတွေကြား လုံးထွေးနေလို့မဖြစ်ဘူး၊“

All Chapters