← Chapters

အပိုင်း (၅၁၂)

Vol. 35 Ch. 512

အပိုင်း (၅၁၂)

Vol. 35 Ch. 512

ရှေးအင်ပါယာတိုင်ချူးသည် သူရောက်ရှိလာခဲ့ရာ တည်နေရာဆီသို့ လှမ်းကာကြည့်ရှုပြီး တီးတိုး ရေရွတ်လိုက်သည်။

“ကပ်ဘေးကြီးလား”

တိုင်ချူးနတ်နယ်မြေရှိ များပြားလှသော အကြီးကဲများသည် ထိုစကားစုကို ကြားရချိန်မှာတော့ နားစွင့်ကာ ထောင်လိုက်မိ၏။ ဘိုးဘေးကြီး ပြန်ရောက်လာသည်မှာ အလုပ်ကိစ္စကြောင့်ပဲ ဖြစ်နေသည်လား။ သူတို့၏ မျက်လုံးထဲတွင်တော့ ရှေးအင်ပါယာတိုင်ချူး၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကို မြင်ရရန်ဆိုသည်မှာ မဖြစ်နိုင်သည့် အရာပင်။ ထိုကဲ့သို့သောသူက ကပ်ဘေးဟု ပြောဆိုနေသောကြောင့် တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။

“မေးချင်ပါတယ် ….. ဘိုးဘေးကြီး။ ဘယ်လို ကပ်ဘေးများလဲ” ရှန်းကျုံးသည် တီးတိုးမေးမြန်းလိုက်၏။

“အင်း …. လောကတွေ အကုန်လုံး ဒုက္ခရောက်မဲ့ ကပ်ဘေးကြီးပဲ။”

ရှေးအင်ပါယာတိုင်ချူးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းကိုမြင်ခဲ့ရပုံပေါ်၏။ သူ၏ မျက်စိ သူငယ်အိမ်များက ကျုံ့ဝင်သွားခဲ့၏။ သူသည် ပြောဆိုနေရင်းနှင့် ကြက်သီးမွေးညင်းများပင် ထလာခဲ့သည်။

“ဒီလိုကပ်ဘေးကြီးကြားထဲမှာ လူသားတွေအကုန်လုံး၊ မျိုးနွယ်စုတွေအကုန်လုံး သေဆုံးသွားနိုင်တယ်။ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

များပြားလှသည့် အကြီးအကဲများသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ရှုလိုက်၏။ ဘိုးဘေး၏ စကားကို ကြားရပြီးနောက် ၎င်းတို့၏ အစစ်အမှန်ခံစားချက်များသည် သက်သာ လျော့ပါးသွားခဲ့၏။ တခြားသော ကပ်ဘေးများ သာဆိုပါက သူတို့အနေနှင့်စိုးရိမ်ကောင်း စိုးရိမ်ပေလိမ့်မည်။သို့ပေမဲ့ တခြားလောက ဆီမှ ရောက်ရှိလာမည့် ကပ်ဘေး ဆိုသည်ကိုတော့ သူတို့ ကြောက်လန့်လိမ့်မည်မဟုတ်ချေ။

အဘယ့်ကြောင့်ဆိုသော် ကောင်းကင်မူလလောကကြီးထဲတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိလို့ နေ၏။ အသင်္ချေ များပြားလှသည့်လောကများမှ လူများရောက်ရှိလာမည်ဆိုလျှင်တောင်မှ မည်သူက အဆင်ခြင်မဲ့ ပြုလုပ်ရဲမည်နည်း။

အရိုးသားဆုံးပြောရမည်ဆိုလျှင် သာမန်ကပ်ဘေးတစ်ခုသာ ဆိုပါက … အထူးသဖြင့် တိုင်ချူးနတ်နယ်မြေကိုသာ ပစ်မှတ်ထားသည့် သာမန်ကပ်ဘေးတစ်ခုသာ ဆိုပါက သူတို့ အမှန်ပင် စိုးရိမ်ပူပန်မိမှာ သေချာ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူတို့ကဲ့သို့သေးငယ်လာသည့် နတ်နယ်မြေလေးတစ်ခု၏ အကြောင်းအရာအား လျစ်လျူရှုနိုင်သည်။ သို့ပေမဲ့ လောကကြီးတစ်ခုလုံးအား သက်ရောက်လာမည်ဆိုပါက သူတို့သည် စိတ်ချလက်ချ ခံစားနေမိ၏။

အင်ပါယာကျန်းထျန်၏ ကိစ္စကို ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် လောကကြီးတစ်ခုလုံး ဖျက်ဆီးခံရမည့်အခြေနေမျိုးတွင် ငြိမ်ငြိမ်သက်သက် ထိုင်နေလိမ့်မည် မဟုတ်ချေ။

ယခု ဘိုးဘေးကြီးသည် ကြီးမားလွန်းသည့် ကပ်ဘေးကြီးတစ်ခု သူတို့ဆီရောက်ရှိလာမည်ဟု ပြောဆိုခဲ့၏။ မလာပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လာခဲ့သည်ဆိုလျှင်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် တစ်ဖက်လူများကို လက်လွှတ်ပေးလိမ့်မည်မဟုတ်ကြောင်း သူတို့က ယုံကြည်မိသည်။

“ဟမ်”

ရှေးအင်ပါယာတိုင်ချူးက မျက်မှောင်ကုတ်လိုက်မိ၏။ သူ၏ ရှေ့တွင်ရှိနေသောသူများသည် ထူးမခြားနားသလို ခပ်တည်တည်နှင့် ဖြစ်နေသည်ကို မြင်ရချိန်မှာတော့ သူ တကယ် အံ့အားသင့်မိ၏။

သူသည် ဤနေရာသို့ ပြန်ရောက်နိုင်ရန်အတွက် ရှုပ်ထွေးသည့် တည်နေရာပတ်လမ်းကြောင်းထဲ၌ ခရီးသွားလာရင်း နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ရ၏။ ထိုသို့ပြန်လာရခြင်းသည် ဤသတင်းကို ပြန်လည် ယူဆောင်လာရန် ဖြစ်သည်။

သူ့အနေနှင့် ကောင်းကင်မူလလောကကြီး၏ ကပ်ဘေးကြီးကို ဖြေရှင်းနိုင်ရန်အတွက် ကူညီချင်စိတ်လည်း ရှိ၏။ သို့ပေမဲ့ ဤလူများသည် အဘယ့်ကြောင့် အရေးမကြီးသလို ပြုမူနေရသနည်း။

“မင်းတို့အားလုံးက ဘယ်လိုတွေလဲ” တိုင်ချူး၏အသံက လေးနက်သွားခဲ့၏။ သူ၏ အမြင်အရဆိုလျှင် အရေးအကြောင်း အခြေအနေမျိုးတွင် သေချာ အာရုံစိုက်ကာ ပြင်ဆင်ရမည် မဟုတ်ပါလား။

“ဘိုးဘေး”

အကြီးအကဲတစ်ယောက်သည် ရှေ့သို့ လှမ်းထွက်လိုက်၏။ သူသည် မည်ကဲ့သို့ ပြောရမည်ဆိုသော စကားလုံးကို သေသေချာချာ ရွေးချယ်ကာဖြင့် မေးမြန်းလိုက်၏။ “မေးချင်ပါတယ် … ဘိုးဘေး။ လက်ရှိ ဘိုးဘေးပြောတဲ့ ကပ်ဘေးဆိုတာက လူတစ်ယောက်ယောက်ဆီကို လာတာလား။ ဒါမှမဟုတ် ဂိုဏ်းကဏ္ဏတစ်ခုခု ဆီကို ဦးတည်ပြီးလာမှာလား။ “

“မင်းသိချင်တာလား”

ရှေးအင်ပါယာတိုင်ချူးက ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် ထိုအကြီးအကဲကို ကြည့်ရှုလိုက်သည်။

“ဟုတ်ပါတယ်” အကြီးအကဲ က ခေါင်းညိတ်လိုက်၏။

“အင်း ငါမင်းကို ပြောရလို့လည်း ကိစ္စမရှိဘူး။ ဒီကိစ္စမှာ အဆင့်မြင့်လောကတစ်ခု ပါဝင်ပတ်သက်နေတယ်။ သူတို့က အဲဒီလောကကြီးရဲ့ မူလအရင်းအမြစ် နေထိုင်သူတွေပဲ။ သူတို့ကိုယ်သူတို့ အရမ်းကို အဆင့်မြင့်တဲ့လောကဆီက ဆိုပြီး ဂုဏ်မောက်နေကြသူတွေပေါ့” ရှေးအင်ပါယာတိုင်ချူးက ပြောလိုက်၏။ သူသည် အားလုံးသောသူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ အသိပညာ နည်းပါးခြင်းသည် ကောင်းချီးတစ်ခုပင် ဖြစ်လေ၏။ နည်းနည်းသိလေ နည်းနည်းပူပန်ရလေဖြစ်၏။ ယခု တိုင်ချူးနတ်နယ်မြေမှ လူများကို ကြည့်ရှုရမည်ဆိုလျှင် ထိုနည်းလည်းကောင်းပင်။

“ခဏကပြောတဲ့ ကပ်ဘေးကြီးဆိုတာ အင်အားစုတစ်ခုကို ရည်ညွှန်းတာ”

သူကဆက်ပြောလိုက်၏။ “အဲတာကို ငရဲလောကလို့ခေါ်တယ်။ တည်ထောင်သူက ခန့်မှန်းလို့မရတဲ့ စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ သူ့ရဲ့ အစစ်အမှန် နာမည်က ဘာလဲ။ ဘယ်အချိန်က သေဆုံးသွားခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ လတ်တလော ငရဲလောကရဲ့မျိုးဆက်တစ်ယောက်က ခေါင်းဆောင်ကို အသက်ပြန်ရှင်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခဲ့တယ်။ အဲလူ ပြန်လာပြီဆိုရင် အသင်္ချေ များပြားတဲ့ လောကအသီးသီးက ကျိန်းသေပေါက် နေဝင်ကပ်ဆိုးဆိုက်ပြီပဲ။”

“ငရဲလောကဟုတ်လား။”

တိုင်ချူးနတ်နယ်မြေမှ အကြီးအကဲများသည် ထူးဆန်းသည့် အမူအရာများဖြစ်တည်လာခဲ့သည်။

“မင်းတို့ ကြားဖူးလို့လား “ ရှေးအင်ပါယာတိုင်ချူးက အံ့အားသင့်သွား၏။ ဤအတောအတွင်း အားလုံးသောသူတို့၏ တုံ့ပြန်မှုကို သူ သေသေချာချာလေ့လာပြီး ဖြစ်၏။ တစ်ယောက်မှ တုန်လှုပ်မှု ကြောက်ရွံ့မှုကို မပြသကြပေ။ ထိုအစား ထူးဆန်းသလိုသာ ပြန်လည်ကြည့်ရှုခဲ့ကြ၏။ ထိုအခြင်းအရာ သည် သူ့ကို တကယ်ပဲ အံ့အားသင့်စေ၏။

ထိုအရာကို မြင်သည့်အခါမှာတော့ ရှေးအင်ပါယာတိုင်ချူးသည် မည်သို့မျှ မနေနိုင်ဘဲ စိတ်ပျက်လက်ပျက်ကို ခံစားမိ၏။ ငရဲလောက၏ လွှမ်းမိုးမှုသည် ဤနေရာဆီသို့ပါ ရောက်ရှိလာနေလေသည်လား။

“ဟမ်”

ရှန်းကျုံးသည် လည်ချောင်းကိုဟန့်ပြီးနောက် ရှေးအင်ပါယာတိုင်ချူးဆီ လက်သီးဆုပ်ကာပြောလိုက်သည်။ “အရိုးသားဆုံးပြောရမယ်ဆိုရင် ဘိုးဘေး ကျုပ်တို့ အရင်ထဲက ငရဲလောက ရဲ့နာမည်ကို ကြားဖူးပြီးသားပါ။”

တကယ်တော့ ထိုအကြောင်းအရာကို ကြားခြင်းသည် ကြီးကြီးမားမား ကိစ္စရပ် မဟုတ်ပေ။ ငရဲလောကကြီးတစ်ခုလုံး ပျက်စီးသွားသည့် မြင်ကွင်းကိုပင် သူသေချာမြင်ခဲ့ရ၏။ နိရယ လောကပင်။

ခရမ်းရောင်နက်နဲလောကသို့ ဝင်လာချိန်၌ သူမသည် တကယ်ပင် မောက်မာခဲ့၏။ များပြားသည့် အင်ပါယာ အားလုံးကို တစ်ယောက်တည်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော သူမသည် ခရမ်းရောင်နက်နဲ လောကကြီးတစ်ခု လုံးကိုပင် လွှမ်းမိုးလုမတတ်ပင်။ အရေးအကြောင်းအခြေနေမျိုးတွင် အင်ပါယာပိုင်လီသာ ပေါ်ပေါက်လာသည် မဟုတ်ပါက လက်ရှိ ခရမ်းရောင်နက်နဲ လောကကြီး တစ်ခုလုံးသည် နိရယလောက၏ လက်ထဲကို ကျရောက်သွားမှာ သေချာ၏။

ယခု နိရယအင်ပါယာ၏ အုပ်ချုပ်မှု မရှိသောကြောင့် ငရဲလောက၏ လက်ခွဲ နိရယထိပ်တန်း အင်အားစုတစ်ခု သည် ဒုတိယတန်းစား အင်အားစုအဖြစ်သို့ လျော့ကျသွားခဲ့သည်။ အလုံးစုံ သုတ်သင်ခြင်းခံရသည် မဟုတ်သော်လည်း အခြေအနေတစ်ခုလုံးသည် ယခုဖော်ညွှန်းထားသည့် အတိုင်းပင် ဖြစ်ပျက်သွားခဲ့သည်။

သို့ပေမဲ့ နိရယ အင်ပါယာ သေဆုံးသွားကြောင်း သေချာ အတည်မပြုနိုင်သေးချေ။ ပြန်ရောက်လာသည် ဆိုပါက နိရယလောကကြီး၏ ကံကြမ္မာသည် ပြန်လည် ပြောင်းလဲသွားလိမ့်မည်။

“သြော်”

ရှေးအင်ပါယာ တိုင်ချူးသည် မျက်ခုံးကို ပင့်လိုက်မိ၏။ သူ၏ မျက်လုံးများသည် တောက်ပသည့် နတ်ဘုရား ဓားများကဲ့သို့ပင် လေဟာနယ်ထဲကို ထိုးခွင်းကာ ကြည့်နေ၏။

သူသည် ကြိတ်ကာတွေးလိုက်မိ၏။ ငရဲလောကကြီးသည် တကယ်ကို လက်တံရှည်လို့ နေခဲ့၏။ ငရဲလောက ဘယ်မှာလဲ ဆိုသည်ကို တခြားသူများ သိရှိချင်မှသိရှိပေလိမ့်မည်။ သို့ပေမဲ့ သူကတော့ ကောင်းကောင်းသိ၏။ ပြောရမည်ဆိုလျှင် ငရဲလောက၏ နောက်လိုက်တစ်ခုချင်းစီတိုင်းသည် အသင်္ချေများပြားသည့် လောကကြီးထဲ တွင် နေရာယူထားပုံပင်။

ငရဲလောက၏ နောက်လိုက် တစ်ယောက်ချင်းစီတိုင်းသည် တည်နေရာပတ်လမ်းကြောင်းထဲ လှည့်လည်သွားလာ နိုင်သော ကျောက်စိမ်းပြား တစ်ခုစီကို ပိုင်ဆိုင်ကြသည်။ သူ၏ လက်ရှိ အရေးကြီးဆုံး ပြုလုပ်ရမည့် တာ၀န်သည် ထိုကျောက်စိမ်းများကို လုယူရန် ဖြစ်၏။

ထိုအရာကို ဖျက်ဆီးရန်အတွက်တော့ သူဘယ်တော့မှ စဉ်းစားလိမ့်မည်မဟုတ်ချေ။ ဤကျောက်စိမ်းပြားသည် ငရဲလောက၏ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖန်တီးပြုလုပ်ခဲ့သည့် အရာဖြစ်ပြီး ထိုအရာသည် အင်မော်တယ်ဘုရင်တစ်ယောက်၏ လက်ထဲမှ ထွက လာသည့်အရာဟုပင် သတ်မှတ်ရပေမည်။ ထို့ကြောင့် သူ့လို အန္တိမ ကျင့်ကြံသူ တစ်ယောက် ဖျက်ဆီး၍ ရနိုင်သော အရာမဟုတ်ချေ။

“ငရဲလောက “

ရှန်းကျုံးသည် ရှက်ရွံ့စွာဖြင့် သူ၏ ဘိုးဘေးကို ကြည့်လိုက်၏။ ပြီးနောက် အကူအညီမဲ့စွာဖြင့် ပခုံးတွန့်ကာ ပြောလိုက်၏။

“ဘိုးဘေးကြီးကို ဖုံးကွယ်မနေတော့ပါဘူး။ နိရယလောကက မရှိတော့ဘူး။ ဒါကို တည်ထောင်ခဲ့တဲ့ နိရယအင်ပါယာကလည်း ပျောက်နေတယ်။ နိရယလောကရဲ့ အင်အားစု အနည်းအကျဉ်းက မြေအင်မော်တယ်လောကမှာ ရှိတယ်ဆိုပေမဲ့ သူတို့ထဲမှာ သူတော်စင်အဆင့် ကျင့်ကြံသူတောင် မရှိတော့ဘူး။ ဘိုးဘေးက နိရယအင်ပါယာ ဘယ်မှာရှိတယ်ဆိုတာ ရှာချင်တယ်ဆိုရင် ကောင်းကင် လျှို့ဝှက ်နန်းဆောင်ဆီသွားပြီး စီနီယာနန်းဆောင်သခင်ကို မေးမှဖြစ်မယ်။ ပြောရမယ်ဆိုရင် နိရယလောက နဲ့ နိရယ အင်ပါယာ ဘယ်မှာရှိတယ်ဆိုတာ သိတဲ့လူက လောကကြီးထဲမှာ သူတစ်ယောက်ပဲရှိလိမ့်မယ်။“

All Chapters