အပိုင်း (၅၂၂)
Vol. 35 Ch. 522
"ဘယ်လိုဖြစ်နိုင်မှာလဲ။ အင်မော်တယ်ဘုရင်တစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ နက်နဲအလင်းလောကရဲ့ အပြင်ဖက်ကနေ လှုပ်ရှားရတာလဲ။ ဒါဘာအဓိပ္ပာယ်လဲ"
၎င်းမှလွဲ၍ တခြားသူများသည် ၎င်း၏ရည်ရွယ်ချက်ကို နားလည်လိမ့်မည် မဟုတ်ချေ။ ငရဲလောကကြီးသည် အလုံးစုံ သုတ်သင်ခြင်းကိုခံခဲ့ရ၏ ။ အဘယ့်ကြောင့်ဆိုသော် များပြားလှသည့် အသေင်္ချလောကများ စုပေါင်းကာ တိုက်ခိုက်ခဲ့သောကြောင့်ပင်။
ထို့ပြင် အင်မော်တယ်ဘုရင်သည် အလွန်ရှည်လျားလှသော သက်တမ်းကို ပိုင်ဆိုင်ခဲ့သူ တစ်ယောက်ဖြစ်၏။ ယခုလှုပ်ရှားတိုက်ခိုက်ခဲ့သော အင်မော်တယ်ဘုရင်သည် ငရဲပြည်၏ တိုက်ပွဲကြားတွင် ရှင်သန်တိုက်ခိုက်ခဲ့ဖူးသည့် အတွေ့အကြုံကို ပိုင်ဆိုင်သည့် လူတစ်ယောက်လည်း ဖြစ်နေနိုင်၏။ ငရဲလောက၏ တည်ရှိမှုကို အာရုံခံမိသောကြောင့် ချက်ချင်းလှုပ်ရှားရန် ဆုံးဖြတ်ခဲ့လေသည်လား။ နက်နဲအလင်းလောကကြီးသည် ရောရုဝပြည်၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်ဆိုလျှင်တောင်မှ အသေင်္ချများပြားလှသည့် လောကများနှင့် သက်ဆိုင်သည့်အရာ မဟုတ်ချေ။ အဘယ့်ကြောင့် တစ်ဖက်လူက သိရှိကာဖြင့် လှုပ်ရှားတိုက်ခိုက်ရသနည်း။
"အရှင် … ဒါ…."
ခမ်းနားကြီးကျယ်လှသည့် ဟောခန်းအတွင်းမှာတော့ အားလုံးသောသူတို့သည် လေးနက်သည့် အမူအရာများ ဖြင့် ရှိနေကြ၏။ ၎င်းတို့၏ အားအင်အဆင့်သည် ကောင်းမွန်သည့် အဆင့်တွင် တည်ရှိနေသည် ဆိုသော်လည်း လက်ရှိ ဖြစ်တည်နေသည့် အရာသည် တကယ့်ကို ကြီးမားပြင်းထန်လွန်းလှသည့် အရာဖြစ်ကြောင်း နားလည်မိကြ၏။ အင်မော်တယ်ဘုရင်တစ်ယောက်သည် နက်နဲအလင်းလောကကြီးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သူတို့အနေဖြင့် ဘာတစ်ခုကိုမှ လက်ရှိအချိန်တွင် မလုပ်နိုင်သောကြောင့် ကြီးမားသည့် ကပ်ဘေးကြီးကို ရှောင်လွဲ၍ မရနိုင်တော့ချေ။
အင်မော်တယ်ဘုရင်တစ်ယောက်သည် ရှုပ်ထွေးလှသည် လေဟာနယ်များ ကြားထဲတွင် မိုင်သန်းနှင့်ချီသည့် အကွာအဝေးကို လွယ်လွယ်ကူကူနှင့် သွားလာနိုင်စွမ်း ရှိ၏။ နက်နဲအလင်းလောကကြီးအား တစ်ချက် ရိုက်နှက်ရုံဖြင့် ပျက်စီးသွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။ အသက်ရှင် ကျန်ရစ်သူဟူ၍ တစ်ယောက်မှ ရှိလိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့် ကွာခြားမှုသည် တကယ့်ကို ကြီးမားလွန်း၏။
"မကြောက်နဲ့"
ရောရုဝအရှင်သည် ရုတ်တရက် အမိန့်ပေးလိုက်၏။ သူ၏ အကြည့်များသည် မထူးခြားနားသကဲ့သို့ပင်။ ၎င်း၏ မျက်လုံးထဲတွင် ဆန်းကြယ်လွန်းလှသည့် သင်္ကေတများဖြင့် ပြည့်နှက်လျက် ရှိနေပြီး ခပ်ဝေးဝေးတည်နေရာတွင် ရှိနေသည့် လေဟာနယ်ကို ထိုးခွင်းကာ ကြည့်ရှုလျက် ရှိနေ၏။ ပြီးနောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီခန့်မှန်းလို့မရတဲ့ ကျင့်ကြံသူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိပုံမပေါ်ဘူး။ ဒီတော့ အလန့်တကြား မဖြစ်ကြနဲ့ ။ ဒီအင်မော်တယ်ဘုရင်မှာ တခြား အစီအစဉ်တစ်ခု ရှိတဲ့ပုံပဲ။ ခင်ဗျားတို့အနေနဲ့ အရမ်းကြီး ကြောက်စရာ မလိုဘူး"
"ဒါပေမဲ့"
နောက်လိုက် တစ်ယောက်သည် စိုးရိမ်နေသည့် အသံဖြင့် တီးတိုးရေရွတ်လိုက်၏။ "လေဟာနယ် အရှုပ်အထွေးထဲကို ဆွဲခေါ်ခံရရင် အင်မော်တယ်ဘုရင်ရဲ့ အတွေးကို ဘယ်သူက သိနိုင်မှာလဲ"
ဤအင်မော်တယ်ဘုရင်၏ ရည်ရွယ်ချက်သည် ၎င်းတို့၏ လောကကြီးအား တည်နေရာ ရွေ့ပြောင်းချင်ပုံပေါ်၏။ သို့မဟုတ် တည်နေရာ ရွေ့ပြောင်းပြီးသည့်နောက် အလုံးစုံ သုတ်သင်ရှင်းလင်းပစ်ချင်သည့် ရည်ရွယ်ချက်လည်း ရှိနိုင်သည်။
သူတို့၏ အမြင်အရဆိုလျှင် တည်နေရာပတ်လမ်းကြောင်းထဲ ရောက်ရှိသည်နှင့် ချက်ချင်းထွက်ပြေးသွားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့ပြင် လက်ရှိအခြေအနေ၌ အန္တိမကျင့်ကြံသူများ တည်ရှိနေသည် ဖြစ်သောကြောင့် တည်နေရာပတ်လမ်းကြောင်းထဲ၌ လွယ်လွယ်ကူကူနှင့် ခရီးသွားလာနိုင်စွမ်း ရှိနေ၏။ နက်နဲအလင်းထက် အားမနည်းသော လောကကြီးတစ်ခုကို ရှာဖွေနိုင်သည် ဆိုလျှင် ၎င်းတို့အနေဖြင့် အခြေအနေကို တစ် မှ ပြန်စနိုင်၏။ အနည်းဆုံးအနေဖြင့် တိုင်ချုးအင်ပါယာ ထွက်ပြေးသွားသည့်နည်းလမ်း အတိုင် ပြေးရင်း အသက်ရှင်ရပ်တည်နိုင်ရန် ကြိုးစားနိုင်သေး၏။ ဤအတိုင်း နေထိုင်ခြင်းသည် မနက်ဖြန် နေထွက်သည်ကိုပင် ကြည့်ရှုရန် အာမခံချက် မရှိလှချေ။
ဂျိန်း ….။
နက်နဲအလင်းလောကကြီးသည် စတင်ကာ တုန်ခါလာခဲ့၏။ ခဏအတွင်းမှာပဲ အချိန်မရွေး ပျောက်ကွယ် သွားတော့မည့်သကဲ့သို့ပင်။ ရောရုဝပြည် တည်နေရာမှ ဆန်းကြယ်သော သင်္ကေတများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွား၏။
ချပ်ဝတ်အပြည့်ဝတ်ဆင်ထားသော တစ်စုံတစ်ယောက်သည် ရုတ်တရက် ထအော်လိုက်သည်။ "ချက်ချင်း ငရဲပြည်ကြီးကို နက်နဲအလင်းလောကကနေ စွန့်ခွာကြရအောင်။ အင်မော်တယ်ဘုရင်ရဲ့ လက်ထဲမှာ အားလုံးသောသူတွေရဲ့ အသက်က တန်ဖိုးရှိလှတာ မဟုတ်ဘူး"
အစစ်အမှန်ပင် အင်မော်တယ်ဘုရင်အဖြစ် ကျင့်ကြံနိုင်ခဲ့သည့် လူများသည် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သည့် လူများဖြစ်၏။ ထိုအတောအတွင်း သေဆုံးခြင်း၊ မွေးဖွားခြင်းများကို မြင်တွေ့ခဲ့ရသူများဖြစ်၏။ လောကကြီး ပျက်စီးသည်ကိုပင် မျက်မြင်တွေ့ခဲ့ရသူများ ဖြစ်နေနိုင်၏။ အားလုံးသော သက်ရှိသတ္တဝါများသည် ထိုသူ၏ မျက်လုံးထဲတွင် ဘာမှမဟုတ်သည့် လူများဖြစ်၏။ အင်မော်တယ် ဘုရင်တစ်ယောက်သည်သာ စိတ်ရှိပါက အတွေးတစ်ချက်နှင့်ပင် ပြန်လည်မွေးဖွားခြင်း အခြေအနေဆီသို့ ရောက်အောင် ပို့ပေးနိုင်စွမ်း ရှိနေပေလိမ့်မည်။
"ဟုတ်ပါတယ် အရှင်"
တခြားသော လူတစ်ယောက်က ထပြောလိုက်၏။ "တိုင်ချူးအင်ပါယာ ဘယ်မှာရှိတယ်ဆိုတာ သိရှိပြီးပြီ ဆိုမှတော့ ကျုပ်တို့ ရောရုဝကို တည်နေရာပြောင်းပြီး ထားရအောင်။ တိုင်ချူးအင်ပါယာရှိတဲ့လောကဆီကို ရွေ့ပြောင်းလိုက်မယ်ဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါဆိုရင် ကျုပ်တို့ ကပ်ဘေးကို ရှောင်ရှားပြီး ဖြစ်လိမ့်မယ်။ "
"တိုင်ချူးရှိတဲ့ လောကကြီးကို ပြောင်းခြင်းက ခင်ဗျားတို့အားလုံးကို ကပ်ဘေးကြီးကနေ ရှောင်ရှားနိုင်မယ်လို့ ထင်နေတာလား"
ရောရုဝအရှင်သည် တည်ငြိမ်စွာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ သူ၏ အသွင်သည် ရှေးနတ်ဆိုးကြီး တစ်ပါးကဲ့သို့ပင် မားမားမတ်မတ် တည်ရှိနေပြီး ကောင်းကင်ကြီးတစ်ခုလုံးကို ဖိနှိမ့်ထားခဲ့၏။ လူပေါင်းများစွာ တို့သည် အသက်ရှုရန် ခက်ခဲလာခဲ့လေ၏။ သူ၏အကြည့်များသည် အေးစက်လာခဲ့သည်။
"ဒါ ….. "
အရှင်၏ စကားကို ကြားရသည့်အချိန်မှာတော့ အားလုံးသောသူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်မိကြ၏။ မည်သူမှသည် သေသေချာချာ မပြောဆိုခဲ့ချေ။ သို့ပေမဲ့ ၎င်းတို့၏ အတွေးများသည် ၎င်းတို့ကို သစ္စာဖောက်လျက် ရှိ၏။ လူတစ်ယောက်ချင်းစီတိုင်းသည် တိုင်ချူး၏ လောကဆီသို့ ရွေ့ပြောင်းသွားခြင်းက လုံခြုံမှုကို ရရှိလိမ့်မည်ဟု ယုံကြည်နေကြ၏။
ထို့ပြင် တိုင်ချူးထွက်ပြေးသွားခဲ့သည့် လောကကြီးသည် သူတို့ထက် အားမနည်းလှချေ။ ပြောင်းပြန် ဆိုသလို နက်နဲအလင်းလောကကြီးတွင် နေထိုင်ခြင်းကတော့ သေဆုံးမှုကို ဖြစ်စေနိုင်၏။ မည်သူမှသည် နေ့စဉ်နေ့တိုင်း အင်မော်တယ်ဘုရင်တစ်ယောက်နှင့် ထိပ်တိုက် ရင်မဆိုင်ချင်ပေ။ ဘာတစ်ခုမှ မပြောဘူးဆိုလျှင်တောင်မှ ၎င်းဆီမှ ထွက်ပေါ်နေသည့် အော်ရာသီးသန့်နှင့်ပင် နေ့စဉ်နေ့တိုင်း အသက်ရှုကြပ်ရပေလိမ့်မည်။
ဟားဟား….။
ရောရုဝအရှင်က ရယ်မောလိုက်၏။ သူသည် ဖြေးညင်းစွာဖြင့် ခန္ဓာကိုယ်ကို လှည့်လိုက်၏။ အားလုံးသောသူတို့ကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် သူသည် တည်ငြိမ်စွာ ပြောလိုက်၏။ "နက်နဲအလင်းလောကကြီး ဦးတည်နေတဲ့နေရာက တိုင်ချူးရှိတဲ့လောကကြီးလို့ပြောရင် ခင်ဗျားတို့ ယုံကြည်ကြလား။ ဘယ်လိုထင်လဲ"
ဘာ
အားလုံးသောသူတို့သည် တွန့်ခနဲ ဖြစ်သွားကြ၏။ နက်နဲအလင်းလောကကြီးသည် တိုင်ချူးတည်ရှိရာ လောကကြီးဆီသို့ ဖြေးဖြေးခြင်းရွေ့လျားလျက် ရှိနေ၏။ တိုင်ချူး၏ မွေးရပ်မြေ၌ အင်မော်တယ် ဘုရင်တစ်ယောက် တည်ရှိနေလေသည်လား။ အိမ်ဆီသို့ ပြန်ရောက်ပြီးနောက် တိုင်ချူးသည် ၎င်းကိုယ်တိုင် အင်မော်တယ်ဘုရင်ဖြစ်သွားလေသည်လား။ ဤကဲ့သို့သော ဖြစ်နိုင်ချေသည် အားလုံးသောသူတို့၏ ကျောရိုးမကြီး ကိုပင် စိမ့်တက်သွားစေခဲ့သည်။
"သွားပြီပဲ"
အားလုံးသောသူတို့၏ အတွေးထဲတွင် စိတ်ပျက်မှုများ ဖြစ်တည်လာခဲ့ကြ၏။ သူတို့သည် တိုင်ချူး၏ လောကဆီသို့ ရွေ့ပြောင်းရန် ပြင်ဆင်နေခဲ့ကြ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ တစ်ဖက်လူသည် သူတို့အား တိုင်ချူး၏ လောကဆီသို့ ရွေ့ပြောင်းနေခြင်းသာ ဖြစ်၏။
အင်မော်တယ်ဘုရင်တစ်ယောက်ကို ဒေါသထွက်အောင် ပြုလုပ်ခဲ့သောကြောင့် နက်နဲအလင်းလောကကြီး တစ်ခုလုံးသည် မည်ကဲ့သို့သော ဒုက္ခကြီးကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း မသိရှိနိုင်တော့ချေ။ ထိုက်ချူး အဆင့်ချိုးဖျက်သွားသည်ဆိုသော ဖြစ်နိုင်ချေသည် တကယ်ပင် မဖြစ်နိုင်သည့်ကိစ္စမျိုးလည်း မဟုတ်ချေ။ တိုင်ချူးသည် ကောင်းမွန်သည့် ပါရမီကို ပိုင်ဆိုင်သူဖြစ်ကြောင်း သူတို့က သိရှိပြီး ဖြစ်နေ၏။ တိုင်ချူးသည်သာ အင်မော်တယ် ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက ကျိန်းသေပေါက် ရောရုဝပြည်တစ်ခုလုံးသည် ဆိုးရွားသည့် အကျိုးဆက်ကို ရင်ဆိုင်ရမှာ ဖြစ်ပြီး အချိန်မရွေး ပြိုလဲသွားနိုင်သည်။
"ဖြစ်နိုင်တယ်။ "
ရောရုဝအရှင်သည် သူ၏အတွေးများကို တခြားသောသူတို့အား ထုတ်ဖော်ပြောဆိုပြီးသည့်နောက် တီးတိုးရေရွတ်လိုက်၏။ "တစ်နှစ်အတွင်း နက်နဲအလင်းလောကကြီးက တိုင်ချူးနေထိုင်ရာ လောကကြီးနဲ့ ပေါင်းစပ်လိမ့်မယ်"
"ပေါင်းစပ်တာ ဟုတ်လား"
တခြားသောသူတို့၏ မျက်နှာကလည်း ပြောင်းလဲသွားခဲ့၏။ သို့ပေမဲ့ မကြာခင်မှာပဲ သူတို့သည် စိတ်တည်ငြိမ်သွား၏။ သူတို့၏ အားအင်အဆင့်သည် နှိမ့်ကျခြင်း မရှိကြချေ။ လောကကြီးနှစ်ခုသာ ပေါင်းစပ်သွားသည် ဆိုပါက သူတို့သည် တည်တည်ငြိမ်ငြိမ်နှင့် ထွက်ပြေးနိုင်၏။ အဆိုးဆုံးအနေဖြင့် တည်နေရာ ပတ်လမ်းကြောင်းထဲ ပြေးနေရုံသာရှိသည်။
"တိုင်ချူးနေထိုင်တဲ့ လောကကြီးသာ တကယ်ဖြစ်ပြီး အင်မော်တယ်ဘုရင် တစ်ယောက်က ဒီကိစ္စကို လှုပ်ရှားနေတာဆိုရင် တိုင်ချူးက ငါတို့ကို ကြီးမားတဲ့ လက်ဆောင်ပေးတော့မှာလား။ "
ရောရုဝအရှင်သည် တည်နေရာ ပတ်လမ်းကြောင်းထဲသို့ လှမ်းကာကြည့်ရှုပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ၎င်း၏ အားအင်အဆင့်သည် အင်မော်တယ်ဘုရင်နှင့် နီးကပ်သွားသည့် အဆင့်သို့ ရောက်ရှိနေသည်ဆိုသော်လည်း အဆင့်ချိုးဖျက်နိုင်ရန်အတွက် ခြေတစ်လှမ်းကတော့ လိုအပ်လျက် ရှိနေသေး၏။
သူ၏ ပါရမီသည် နိမ့်ကျသောကြောင့် ထိုကဲ့သို့ ဖြစ်နေခြင်း မဟုတ်ချေ။ လောကကြီး၏ ကန့်သတ်မှု တည်ရှိနေသောကြောင့် သူ အဆင့်မတက်နိုင်ခြင်းပင်။ တိုင်ချူး၏ လောကသည် အင်မော်တယ်ဘုရင် တစ်ယောက်ကို လက်ခံနိုင်သည့် လောကသာ ဖြစ်ပါက ရောရုဝအရှင်သည်လည်း ကျိန်းသေပေါက် အဆင့် ချိုးဖျက်နိုင်သည့် အခွင့်အရေးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ကျင့်ကြံခြင်းသည် တမဟုတ်ခြင်း တိုးတက်ပြီး ဖြောင့်ဖြူးသွားမှာ မဟုတ်ပါလား။