← Chapters

ကျားဖြူအရိုး

Vol. 168 Ch. 2506

ကျားဖြူအရိုး

Vol. 168 Ch. 2506

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ် အတွင်းဝင်း၏ ရင်ပြင်မှာ…

တက္ကသိုလ်တပည့်ဂိုဏ်းသား ကျင့်ကြံသူအချို့အပြင် ဆူဇီမိုကို စိန်ခေါ်လိုသော ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ ကောင်းကင်အင်မော်တယ် တစ်ထောင်လည်း ရှိနေ၏။

နောက်ပိုင်းမှာ ဆူဇီမိုသည် အဆူရာတိုက်ပွဲမြေသို့ ဝင်ရောက်ပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို အချိန်နှင့်တပြေးညီ ပြင်ဆင်ထုတ်ပြန်ပေးမည်ဟု ကြားသိရသောအခါ သူတို့က ထွက်ခွာမသွားကြပေ။

ပထမအချက် သူတို့သည် ဤနေရာကနေ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို အချိန်မရွေး ကြည့်ရှုနိုင်သည်။

ဒုတိယအချက် သူတို့သည် ဆူဇီမို ပြန်လာသည့်အချိန်မှာပင် သူ့ကို တားဆီးနိုင်မည်ဖြစ်သည်။

ချိပ်စည်းအတွက်တိုက်ပွဲက တစ်လမျှသာကြာမည်ဖြစ်ပြီး လူတိုင်းက အဲဒါကို စောင့်နိုင်လေသည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ကျင့်ဝတ်ထုံးတမ်းများကို တန်ဖိုးထားပြီး သူတို့ကို မောင်းထုတ်လိမ့်မည် မဟုတ်ပေ။ ယခုအချိန်မှာ ဆူဇီမိုသည် တက္ကသိုလ်မှာ ရှိမနေဘဲ ယန်ပင်းယင်ကသာ အတွင်းဂိုဏ်းကို ကိုင်တွယ်ထိန်းချုပ်ပေးနေ၏။

ဒါ့အပြင် တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာသည် ချိပ်စည်းအတွက် တိုက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ အလွန်တရာ စိုးရိမ်ပူပန်နေကြ၏။ သူတို့သည် ဤနေရာမှာ စုရုံးနေပြီး ရင်ပြင်ထဲရှိ လူအရေအတွက်က ပို၍တိုးလာနေ၏။

“ကြည့်စမ်း… အဆင့်သတ်မှတ်ချက်က ပြောင်းသွားပြီ”

လူအုပ်ကြားထဲမှ ခပ်စူးစူးအော်သံတစ်သံ ထွက်ပေါ်လာ၏။

“ဘုရားရေ… စီနီယာအစ်ကိုဆူက ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရောက်သွားပြီပဲ”

“ချိပ်စည်းအတွက် တိုက်ပွဲစတာ နှစ်ရက်ပဲ ရှိသေးတယ်… စီနီယာအစ်ကိုဆူက နေရာဆယ်နေရာကျော်ကို ခုန်တက်သွားတာပဲ… ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်လဲ”

“စီနီယာအစ်ကိုဆူက ပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရမှာဖြစ်ရမယ်… မဟုတ်ရင် သူက သူ့ရဲ့အဆင့်သတ်မှတ်ချက်ကို ဒီလောက်အများကြီးမြှင့်တင်ပြီး ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်ရောက်နိုင်ခဲ့မှာ မဟုတ်ဘူး”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဆွေးနွေးပြောဆိုလိုက်ကြ၏။

ယန်ပင်းယင်က ပြုံး၍ ကျေနပ်သဘောကျနေသည်။

ဤအချိန်အတောအတွင်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားများသည် ဆူဇီမိုကို စိန်ခေါ်လိုသော ဤပြင်ပကျင့်ကြံသူများ၏ ရန်စလှောင်ပြောင်ခြင်းကို ခံခဲ့ရ၏။ ဆူဇီမိုက သူတို့ကို ရှောင်လွှဲခဲ့သောကြောင့် လှောင်ပြောင်ထေ့ငေါ့မှုများစွာ ထွက်ပေါ်လာ၏။

ယခု ဆူဇီမို၏ အဆင့်သတ်မှတ်ချက်က ရုတ်တရက်မြင့်တက်သွားပြီး သူက ထိပ်ဆုံးဆယ်ယောက်ထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများက ဂုဏ်ယူဝင့်ကြွားမှုကို ခံစားလာရ၏။

ပြင်ပကျင့်ကြံသူများက အဆင့်သတ်မှတ်ချက်ကို တွေ့မြင်သောအခါ အမူအရာပျက်ယွင်းသွားကြ၏။

အစကတော့ ဆူဇီမို၏ အဆင့်သတ်မှတ်ချက်သည် အပိုအချဲ့ကားထားခြင်းဖြစ်သည်ဟု သူတို့က တွေးထင်ကြပြီး သူ့ကို စိန်ခေါ်ဖို့ ရောက်လာရဲကြခြင်းဖြစ်လေသည်။

ယခု ဆူဇီမိုသည် ချိပ်စည်းအတွက်တိုက်ပွဲ စတင်သည့်ခဏမှာပင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်နေရာထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ်ခြောက်ဦးသည် အဆင့်သတ်မှတ်ချက်ကို မွမ်းမံပြင်ဆင်ဖို့အတွက် တိုက်ပွဲမြေကို ကိုယ်တိုင်သွားရောက်စောင့်ကြည့်နေကြ၏။ အဲဒါနှင့်ပတ်သက်၍ မှားစရာမရှိပေ။

“ခင်ဗျားတို့တွေ ဘာလို့ တစ်ခုခုမပြောကြတော့တာလဲ”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတစ်ယောက်က လှောင်ရယ်လိုက်၏။

“ခင်ဗျားတို့ရဲ့ အရင်တုန်းက မောက်မာဝင့်ကြွားမှုတွေက ဘယ်မှာလဲ”

“စီနီယာအစ်ကိုဆူက မင်းတို့တွေကို ရှောင်လွှဲခဲ့တယ်ဆိုတာ သူက မင်းတို့ကို အရေးမလုပ်ချင်လို့ပဲ… မင်းတို့တွေက ကိုယ့်ကိုယ်ကိုယ် ဆရာကြီးတွေလို့ တကယ်ပဲထင်နေတာလား”

“လူတွေက ကိုယ့်အကန့်အသတ်ကို ကိုယ်သိရတယ်… မင်းတို့တွေက စီနီယာအစ်ကိုဆူကို စိန်ခေါ်ချင်တယ်ဆိုရင် မင်းတို့က သူ့အဆင့်ကိုရောက်အောင် အရင်ဆုံးလုပ်ရမယ်”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများ၏ လှောင်ပြောင်သရော်မှုမှာ အင်မော်တယ်ပျံဂိုဏ်း၊ မဟာကျင်းအင်မော်တယ်နိုင်ငံ၊ ကျိရွှမ်အင်မော်တယ်နိုင်ငံနှင့် အခြားသော ကောင်းကင်အဆင့်အဖွဲ့အစည်းများမှ အဆင့်-၉ ကောင်းကင်အင်မော်တယ်များက အိုးတိုးအမ်းတမ်းဖြစ်လာကြ၏။

အင်မော်တယ်ပျံဂိုဏ်း၏ ထျန်ကျဲက ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးပြီး မှင်သေသေဖြင့် ပြောလိုက်၏​။

“တာအိုရောင်းရင်းဆူက တကယ်ကိုအစွမ်းထက်တာပဲ… ငါတော့ အထင်ကြီးမိသွားပြီ”

“အားလုံးပဲ မပြန်ကြသေးဘူးလား”

ယန်ပင်းယင်က သူမ၏ အပြုံးကို ရုပ်သိမ်းပြီး တည်ငြိမ်စွာမေးလိုက်၏။

ထိုအဆင့်သတ်မှတ်ချက်သည် ပြင်ပကျင့်ကြံသူများ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။

လူများစွာက ရှက်ရွံ့လာပြီး ဆက်လက်၍ မျက်နှာပြောင်တိုက်ကာ မနေနိုင်တော့ဘဲ ထွက်ခွာဖို့ပြင်လိုက်ကြ၏။

မဟာကျင်းအင်မော်တယ်နိုင်ငံ၏ လင်းမူက မထွက်ခွာလိုသေးဘဲ ခေါင်းမာစွာဖြင့် ပြောလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင်နန်းတော်က သူ့အတွက်ထုတ်ပြန်ထားတဲ့ အကဲဖြတ်တန်ဖိုးကို ဖတ်ပြီးမှ ထွက်သွားမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး”

“အမ်…”

ထိုစဉ်မှာပင် ကျိရွှမ်အင်မော်တယ်နိုင်ငံမှ နတ်မိမယ်ပိုင်ဟွား၏ အမူအရာက ပြောင်းလဲသွား၏။ သူမက ရင်ပြင်ထဲရှိ ဧရာမ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို လက်ညှိုးထိုးပြီး အော်ပြောလိုက်၏။

“ကြည့်စမ်း… ဆူဇီမိုရဲ့အဆင့်သတ်မှတ်ချက်က ပျောက်သွားပြီ”

လူတိုင်းက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို လှည့်ကြည့်လိုက်ကြ၏။

တကယ်ပင်…။

အစက အဆင့်(၁၀)မှာ ရပ်တည်နေခဲ့သော သူ့၏ အမည်ကို မင်းသားထျန်ဝမ်းက နောက်တစ်ဖန် ပြန်လည်အစားထိုးလာခဲ့ပြီဖြစ်သည်။

လူတိုင်းက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ဂရုတစိုက်ရှာဖွေကြည့်သော်လည်း ဆူဇီမို၏ နာမည်ကို မတွေ့ရတော့ပေ။

ဆူဇီမိုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအားလုံးက လုံးဝလျားလျား ပျောက်ကွယ်သွား၏။ သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ ဘယ်တုန်းကမှ မရှိခဲ့သည့်အလားပင်။

“အဲဒါက ဘယ်လို… ဘယ်လိုဖြစ်ရတာလဲ”

“ဘာတွေဖြစ်ကုန်တာလဲ”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများက ထိတ်လန့်တကြား ဆွေးနွေးပြောဆိုလိုက်ကြ၏။

“ဟားဟားဟား”

မဟာကျင်းအင်မော်တယ်နိုင်ငံ၏ လင်းမူက ရုတ်တရက် ရယ်မောလိုက်၏။

“ဆူဇီမိုက အဆူရာတိုက်ပွဲမြေမှာ သေသွားပြီပဲ”

“ခင်ဗျား ဘာစကားပြောလိုက်တာလဲ”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတစ်ယောက်က မျက်မှောင်ကြုတ်ပြီး မေးခွန်းထုတ်လိုက်၏။

“စီနီယာအစ်ကိုဆူရဲ့ တိုက်ခိုက်ရည်ခွန်အားက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ရှိတယ်… သူက ဘယ်လိုလုပ် အလွယ်တကူ သေနိုင်ပါ့မလဲ”

“မင်းက ငါပြောတာကို မယုံသေးဘူးပဲ”

လင်းမူက လှောင်ရယ်လိုက်၏။

“သူက မသေသေးဘူးဆိုရင် သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကနေ ဘာသတင်းအချက်အလက်မှ မကျန်ဘဲ ဘာလို့ ဖယ်ရှားခံလိုက်ရတာလဲ”

အင်မော်တယ်ပျံဂိုဏ်း၏ ထျန်ကျဲကလည်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

“အမှန်ပဲ… ဆူဇီမိုက အသက်ရှင်နေသရွေ့ သူက အဆူရာတိုက်ပွဲမြေမှာ ရှုံးနိမ့်ခဲ့ရမယ်ဆိုရင်တောင် သူ့ရဲ့ အဆင့်သတ်မှတ်ချက်က ဖြည်းဖြည်းချင်းပဲ ကျဆင်းသွားလိမ့်မယ်”

“သူအခုလို ရုတ်တရက်ပျောက်ကွယ်သွားတာ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်… သူက သေသွားပြီ”

ယန်ပင်းယင်၏ မျက်နှာက အနည်းငယ်ဖြူဖျော့သွား၏။

သူမသည် အဲဒါကို လက်မခံနိုင်သောလည်း လင်းမူနှင့် ထျန်ကျဲပြောသည်မှာ မှန်နေပုံရလေသည်။

“ဟင်း ဟင်း ဟင်း ဟင်း”

ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ နတ်မိမယ်ပိုင်ဟွားက သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်၏။

“ဘယ်လိုဟာသလဲ… နင်တို့ရဲ့ အဲဒီစီနီယာအစ်ကိုဆူက ဇာပန်းထိုးထားတဲ့ ခေါင်းအုံးတစ်လုံးလိုပဲ… သူက ကြည့်ကောင်းပေမဲ့ သုံးစားမရဘူး”

“သူက စောစောကတင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ရှိတယ်လေ…. အဲဒါ သူက ဘယ်လိုလုပ်ပြီး….”

အဲဒါကို မယုံကြည်နိုင်သေးသော တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာ ရှိနေသေး၏။

“တစ်ခုခုမှားယွင်းသွားတာ ဖြစ်ရမယ်”

ထျန်ကျဲက ညင်သာစွာ ပြုံးပြလိုက်၏။

“စောစောတုန်းက ဆူဇီမိုက ဘာအကြောင်းအရင်းမှမရှိဘဲ ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်ရောက်လာခဲ့တယ်… အဲဒါက အမှားတစ်ခုဆိုတာ အသိသာကြီးပဲ”

“သွားကြတာပေါ့”

“မင်းတို့တက္ကသိုလ်က ဆူဇီမိုက ဒီလောက်ထိတောင် အားနည်းနေတယ်ဆိုတော့ သူက အဆူရာတိုက်ပွဲမြေမှာ နှစ်ရက်ပဲနေရသေးတယ် သေသွားရပြီ”

စောစောက တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများက သူတို့ကို လှောင်ရယ်ခဲ့ကြ၏။ ယခု ဤပြင်ပကျင့်ကြံသူများသည် အခွင့်အရေးကို ရရှိလာပြီး အဲဒါကို အမိအရဖမ်းကာ ပြန်လည်၍ လှောင်ပြောင်သရော်လိုက်ကြ၏။

“တာအိုရောင်းရင်းယန်… ဒီတစ်ခေါက်တော့ ကျုပ်တို့ တကယ်ပဲသွားပါတော့မယ်”

ထန်ကျဲက သူ့၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“တက္ကသိုလ်ရဲ့ဆူဇီမိုက သေသွားခဲ့ပြီ… ကျုပ်တို့ ဒီမှာဆက်နေစရာ အကြောင်းမရှိတော့ဘူး”

“နှုတ်ဆက်ပါတယ်”

ယန်ပင်းယင်က အေးစက်စက်အမူအရာဖြင့် ခပ်ပြတ်ပြတ်ပြောလိုက်၏။

“ဟေး… ကြည့်စမ်း… စီနီယာအစ်ကိုဆူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ပြန်ပေါ်လာပြီ”

လူအုပ်ကြားထဲမှာ နောက်ထပ် အံ့အားတသင့်ရေရွတ်သံက ထွက်ပေါ်လာ၏။

လူတိုင်းက အလောတကြီး လှည့်ကြည့်လိုက်ကြ၏။

“ဘယ်မှာလဲ… ဘယ်မှာလဲ…”

“အောက်တည့်တည့်မှာ”

“သူက ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ရဲ့ အောက်ဆုံးမှာ ဘာလို့ရပ်တည်နေရတာလဲ”

“ဘာပဲဖြစ်ဖြစ် သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ ရှိနေသေးတယ်ဆိုတော့ အနည်းဆုံး သူက မသေသေးဘူးဆိုတာကို သက်သေပြပေးနေတာပဲ”

တက္ကသိုလ်မှ လူတိုင်းက စိတ်သက်သာရာရသွားသလို ခံစားလိုက်ရ၏။

“သူ မသေသေးဘူးလား”

ထန်ကျဲ၊ လင်းမူနှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်၏။

နတ်မိမယ်ပိုင်ဟွားက လှောင်ရယ်လိုက်၏။

“သူက မသေဘူးဆိုရင်တောင် ငါတို့အထင်က မှန်တယ်ဆိုတာကို သက်သေပြပေးနေတာပဲ… တက္ကသိုလ်က ဆူဇီမိုက တကယ့်ကိုနုလွန်းတယ်… အလွန်ဆုံး သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ရပ်တည်နိုင်ရုံပဲရှိတယ်”

“ရှင်တို့တွေ အခုထိ ထွက်မသွားကြသေးဘူးလား”

ယန်ပင်းယင်က စိတ်မရှည်နိုင်စွာ လောဆော်လိုက်၏။

“ဒါပေါ့… ငါတို့ ဘယ်သွားပါ့မလဲ”

လင်းမူက ခေါင်းမော့ပြီး ပြောလိုက်၏။

“ငါတို့က ဆူဇီမိုရဲ့အဆင့်သတ်မှတ်ချက် နောက်ဆုံး ဘယ်အထိရောက်နိုင်မလဲဆိုတာကို ဒီနေရာကနေ စောင့်ကြည့်ရမယ်… သူက အသက်ရှင်လျက် ပြန်လာနိုင်မယ်ဆိုရင် ငါတို့တွေက သူ့ကို စိန်ခေါ်ရဦးမယ်”

ထိုကဲ့သို့ဖြစ်ပျက်နေသည်မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တစ်ခုသာ မဟုတ်ပေ။ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများက ချိပ်စည်းအတွက်တိုက်ပွဲကို အာရုံစိုက်ထားကြပြီး အချိန်နှင့်တပြေးညီထုတ်ပြန်သည့် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို စောင့်ကြည့်နေကြ၏။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ဆူဇီမို၏ အဆင့်သတ်မှတ်ချက် အတက်အကျကြမ်းလွန်းခြင်းက အတော်လေးဂယက်ရိုက်သွားစေပြီး ခန့်မှန်းချက်အမျိုးမျိုးကို ထွက်ပေါ်လာစေ၏။

သို့သော်လည်း ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ်ခြောက်ဦးပင် ရေကန်၏ အောက်ခြေမှာ ရောက်ရှိနေသော ဆူဇီမို၏ အခြေအနေကို အတိအကျမသိရဘဲ သူတို့က မဆင်မခြင်ထုတ်ပြန်ကြေညာလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ဆူဇီမိုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပြင်ဆင်ထုတ်ပြန်ထားခြင်း မရှိပေ။

အသည်းအသန် သိချင်စိတ်ပြင်းပြနေသော လူများက စုံစမ်းစစ်ဆေးဖို့အတွက် ယန်ယန်းအင်မော်တယ်နိုင်ငံသို့ ထွက်ခွာသွားကြပြီဖြစ်သည်။

ထိုအခိုက်အတန့်မှာ အဆူရာတိုက်ပွဲမြေ၏ အနက်ပိုင်းထဲတွင် ဆူဇီမိုက သူ၏ စိတ်နှလုံးနှင့်အတူ အာရုံခံရင်း နောက်ဆုံး သူလိုရာပန်းတိုင်သို့ ရောက်ရှိလာခဲ့၏။

ရေကန်၏ အောက်ခြေ ရွှံ့နွံထဲမှာ အရိုးတစ်ဝက်က ထွက်ပေါ်နေ၏။

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားလေသည်။

ဆိုးယုတ်သွေးချီ၏ မူလဇာစ်မြစ်သည် ဤအရိုးတစ်ပိုင်းကနေ လာခြင်းဖြစ်သည်။

ထိုအရာက ကျားဖြူ၏ အရိုး ဖြစ်လေသည်။

All Chapters