← Chapters

သတ်

Vol. 168 Ch. 2511

သတ်

Vol. 168 Ch. 2511

“ဘယ်သူစကားပြောလိုက်တာလဲ”

ယွီယင်က မှင်တက်သွား၏။

ထိုအသံသည် ဆိုးယုတ်သွေးကန်ဘက်ကနေလာခြင်း ဖြစ်ပုံရသော်လည်း.. အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဆိုးယုတ်သွေးကန်ထဲမှာ တစ်ယောက်ယောက်က ဘယ်လိုလုပ် အသက်ရှင်နေနိုင်ပါ့မလဲ။

ထို့နောက်ချက်ချင်းပင် ကန်ထဲကနေ လူတစ်ယောက်က ဖြည်းဖြည်းချင်းလျှောက်လှမ်းထွက်လာ၏။ သူ့ကိုယ်ပေါ်မှာ မည်သည့်ရေမှမရှိဘဲ သူ့မှာ အနက်ရောင်ဆံပင်၊ အစိမ်းရောင်ဝတ်ရုံများနှင့် ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်များရှိနေ၏။ သို့သော်လည်း သူ၏ မျက်လုံးများက အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေလေသည်။

“ဆူ-ဆူ..ဇီမို..”

ကောင်းကင်အင်မော်တယ်ယွီယင်က တုန်လှုပ်သွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အမူအရာများကလည်း ပြောင်းလဲသွား​ပြီး သူတို့က မယုံကြည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်ကြ၏။

ဆူဇီမိုသည် ကျုံးဖေးယွီ၏ ဖိအားပေးမှုဖြင့် ဆိုးယုတ်သွေးကန်ထဲသို့ ကျဆင်းသွားသည်ဟူသောသတင်းက သူတို့ကြားမှာ ပျံ့နှံ့နေခဲ့ပြီးသားဖြစ်ပြီး ဆူဇီမိုသေဆုံးသွားပြီဟု လူတိုင်းက လက်ခံမှတ်ယူထားခဲ့ကြသည်။

ယခု... ဆူဇီမိုသည် ဆိုးယုတ်သွေးကန်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာခဲ့လေပြီ။

ကျုံးဖေးယွီ၊ စုန့်စဲနှင့် အခြားသူများကသာ တုန်လှုပ်ရမည့်အစား ကျေနပ်သဘောကျသွား၏။

ဆူဇီမိုအသက်ရှင်နေသေးသည့်အချက်သည် သူ့ထံမှ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို လုယူဖို့အတွက် သူတို့မှာ နောက်ထပ်အခွင့်အရေးတစ်ခုရှိလာသည်ဟု အဓိပ္ပါယ်ရလေသည်။

“ခင်ဗျား..ခင်ဗျား... ခင်ဗျားသေသွားပြီ မဟုတ်ဘူးလား”

ကောင်းကင်အင်မော်တယ်ယွီယင်သည် ဆူဇီမို၏ ပစ်မှတ်ထားခြင်းခံရသောအခါ သူက ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာပြီး သူ၏ အသံက အထိန်းအကွပ်မဲ့စွာ တုန်ယင်လာ၏။

ဆူဇီမို၏ နည်းလမ်းများကို သူက ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်များပင်လျှင် ဆူဇီမို၏ သတ်ဖြတ်စွမ်းအားကို မခုခံနိုင်ခဲ့ပေ။

ကောင်းကင်အင်မော်တယ်ယွီယင်သည် သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလာရ၏။ ကပ်ဘေးတစ်ခုက အချိန်မရွေးဆင်းသက်ရောက်ရှိလာတော့မည့်အလားပင်။

သူကလည်း အလွန်တရာပြတ်သားလေသည်။ သူ၏ စိတ်ဝိညာဥ်အသိစိတ်က ချက်ချင်းပင်လှုပ်ခတ်သွားပြီး သူက သူ၏ ပို့ဆောင်ရေးအဆောင်ကို ထုတ်ယူကာ အဆူရာတိုက်ပွဲမြေကနေ ထွက်ပြေးဖို့ပြင်လိုက်၏။

ပုံရိပ်တစ်ခုက ဖျတ်ခနဲလက်သွား၏။

ထို့နောက် ချက်ချင်းပင် ကောင်းကင်အင်မော်တယ်ယွီယင်က သိပ်သည်းပြင်းထန်ကြီးမားသော အင်အားတစ်ရပ်ဖြင့် လွင့်စင်ထွက်သွား၏။ သူက လေထဲမှာရှိစဥ်မှာပင် သူက သွေးမြူတစ်ခုအဖြစ် ရုတ်တရက် ပေါက်ကွဲထွက်သွားလေသည်။

သိပ်သည်းပြင်းထန်ကြီးမားသောစွမ်းအားက သူ၏ အမြူတေစိတ်ဝိညာဥ်ကိုပါ ကြေမွပျက်စီးသွားစေ၏။

မြန်ဆန်၏။ အဲဒါက အရမ်းကိုမြန်ဆန်၏။

ဆူဇီမိုက သူ့ကို သတ်ဖြတ်လိုသည်ဟု ကောင်းကင်အင်မော်တယ်ယွီယင်က သိရှိထားသည်ဆိုလျှင်တောင် သူက မရှောင်တိမ်းနိုင်ခဲ့ပေ။

အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်က ဆူဇီမို၏ တိုက်ခိုက်မှုမှာ ဘာမှမတတ်နိုင်ဘဲ သတ်ဖြတ်ခံလိုက်ရ၏။

စွမ်းအားကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ဖိအားသည် အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သော ရှဲ့ချင်းချန်ကို ဖိနှိမ်ထားနိုင်သော်လည်း ထိုအရာသည် တူညီသော ကျင့်ကြံမှုနယ်ပယ်မှာရှိသည့် ဆူဇီမိုကို မဖိနှိမ်နိုင်ပေ။

“ကြည့်စမ်း... သူက အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ချိုးဖျက်တက်လှမ်းလာခဲ့ပြီပဲ”

“သူက ရေကန်အောက်ခြေမှာ အခွင့်အလမ်းတချို့ကို ရရှိခဲ့တာဖြစ်ရမယ်”

“သူက အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ... သူဘာများလုပ်နိုင်မှာလဲ... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲဝင်တဲ့ဘယ်သူမဆို သူ့ကို ကောင်းကောင်းဆုံးမပေးနိုင်တယ်”

ကျင်​ကြံသူများစွာသည် ဆူဇီမိုထံမှ အပြောင်းအလဲကို သတိထားမိသွားပြီး ဆွေးနွေးပြောဆိုလိုက်ကြ၏။

မိုက်မဲသောလူများက အကြောက်အလန့်ကင်းမဲ့ကြသည်။

ဆူဇီမိုနှင့် ဆိုးယုတ်ရေကန်ရှေ့မှာ တိုက်ခိုက်ခဲ့​ဖူးသော ပညာရှင်ခြောက်ဦးကတော့ မျက်မှောင်ကြုတ်လိုက်ကြ၏။

ထိုစဥ်တုန်းကတိုက်ပွဲက တိုတောင်းသော်လည်း ဆူဇီမိုသည် ၆ယောက် ၁ယောက် တိုက်ခိုက်နေစဥ် စုန့်စဲကိုပင် ဒဏ်ရာရရှိအောင်လုပ်နိုင်ခဲ့၏။ သူ၏ နည်းလမ်းများက ဘယ်လောက်တောင်ကြောက်စရာကောင်းခဲ့သလဲ သိသာလေသည်။

ယခု ဆူဇီမိုသည် အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ချိုးဖျက်တက်လှမ်းလာခဲ့ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက နောက်ထပ်အဆင့်တစ်ဆင့်သို့ သေချာပေါက်မြင့်တက်သွားပေလိမ့်မည်။

တကယ်တော့.. ကောင်းကင်အက်မော်တယ်ခြောက်ဦးအတွက် အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သော ဆူဇီမိုက ခြိမ်းခြောင်မှုများစွာမရှိပေ။

သူက ကိုင်တွယ်ရ ပိုမိုခက်ခဲသွားရုံမျှသာ ရှိလေသည်။

ဆူဇီမိုက ရှဲ့ချင်းချန်ကို ထူမပေးလိုက်၏။

“ညီကိုဆူ... ခင်ဗျားအသက်ရှင်နေသေးတာပဲ”

ရှဲ့ချင်းချန်က ဝမ်းသာအားရဖြင့် စိတ်လှုပ်ရှားနေ၏။

ဆူဇီမိုက ခေါင်းညိတ်ပြပြီး သူ့နောက်ဘက်မှာရှိသော ပါရမီတံတားကို တစ်ချက်ကြည့်လိုက်၏။

“ကျွန်းဆီကိုသွားပြီး ချိပ်စည်းကိုယူလိုက်... ကျုပ်ဒီမှာရှိနေသရွေ့ ဘယ်သူကမှတံတားကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး”

သူ့စကားက အေးဆေးတည်ငြိမ်နေသော်လည်း သူသည် လက်ရှိမည်သူ့ကိုမှ သောက်ဂရုမစိုက်သည့်အလား သူ၏ စကားလုံးများက အလွန်တရာ ရဲတင်းနေလေသည်။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်တွင် ထိပ်ဆုံးတစ်ဆယ်ထဲဝင်သော ပညာရှင်ခြောက်ဦးက ဒီနေရာမှာရှိနေကြသည်။ ဆူဇီမို၏ စကားလုံးများက ထိုကောင်းကင်အင်မော်တယ်ခြောက်ဦးကို ပမာမခန့်ပြုလုပ်လိုက်ခြင်းဖြစ်သည်။

“ဟမ့်...”

မင်းသမီးယုယန်၏ မျက်လုံးက အထင်အမြင်သေးမှုဖြင့် ပြည့်နှက်လာပြီး သူမကလှောင်ရယ်လိုက်၏။

“နင်က... အစ်ကိုကျုံးကို ရှုံးနိမ့်ခဲ့တဲ့ပြိုင်ဘက်တစ်ယောက်ပဲ... နင်က အရှက်မရှိ ဘယ်လိုတောင် မောက်မာရဲတာလဲ”

“အတင့်ရဲလိုက်တာ”

မင်းသားယန်က မနေနိုင်ဘဲ ရှေ့သို့ထွက်လာခဲ့၏။ သူက ဆူဇီမိုကို လက်ညှိုးထိုးပြီး ​​ဒေါသတကြီးအော်ငေါက်လိုက်၏။

“မင်းလိုမျိုး အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်က ပါရမီတံတားကို တစ်ယောက်တည်းဘယ်လိုတောင် စောင့်ကြပ်ရဲတာလဲ”

“ငါ့အမိန့်နဲ့ဆို ငါ့လက်အောက်မှာရှိတဲ့ ကောင်းကင်အင်မော်တယ်တွေက မင်းကိုသေအောင် နင်းချေပစ်နိုင်တယ်”

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်ပြီး မင်းသားယန်၏ နောက်ဘက်တွင် အစက ရှဲ့ချင်းချန်ဘက်မှာရှိခဲ့သော ကောင်းကင်အင်မော်တယ်တချို့ကို တွေ့မြင်လိုက်ရ၏။

အတွေးတစ်ချက်နှင့်အတူ သူက ရှဲ့ချင်းချန်ဖြစ်ပျက်ခဲ့သည့်အရာကို ခန့်မှန်းမိသွားပြီဖြစ်သည်။

“မင်းအမိန့်မပေးနိုင်ခင် မင်းကို ငါဒုက္ခိတဖြစ်အောင် ငါလုပ်ပြမယ်”

ဆူဇီမို စကားမဆုံးသေးခင်မှာပင် သူက ပင်ကိုနတ်ဘုရားစွမ်းအား အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်လိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသွေးအသားသည် ကျားဖြူဆိုးယုတ်သွေးကို အဆင်မပြတ်စုပ်ယူခဲ့၏။ ထိုသို့ဖြင့် အပြင်ဘက်မှာရှိသော ဆိုးယုတ်သွေးချီက သူ့ကိုချိပ်ပိတ်မထားနိုင်တော့ပေ။

ဆူဇီမို၏ နောက်ဘက်မှာ ကျောက်စိမ်းဖြူရောင်နှင့် ထက်ရှသောဆင်စွယ်ခြောက်ချောင်းက ကြီးထွားပေါ်ထွက်လာ၏။ သူတို့က ကြောက်စရာကောင်းသောအော်ရာတစ်ခုကို ဖြာထုတ်နေပြီး သူ၏ ခွန်အားက ဆပွားတိုးလာခဲ့၏။

တစ်ချိန်တည်းမှာပင် ကျိန်းစပ်နေသော အလင်းတစ်ခုက ဆူဇီမို၏ ညာဘက်မျက်လုံးကနေ ပစ်လွင့်ထွက်ပေါ်ပြီး လေထုကို ဆုတ်ဖြဲလာခဲ့၏။

စက္ခုနည်းစနစ်... မီးပဒေသာမျက်လုံး။

“သတိထား”

လေ့ရွှမ်က မင်းသားယန်ကို တည်တံ့သောအမူအရာဖြင့် ကျယ်လောင်စွာသတိပေးပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

ထိုစက္ခုနည်းစနစ်က ချက်ချင်းပင် ရောက်ရှိလာ၏။

လေ့ရွှမ်သည် အခြားသောနည်းလမ်းများကို ထုတ်ဖော်ဖို့အချိန်မရဘဲ တန်ပြန်တိုက်ခိုက်ဖို့အတွက် သူ၏ စက္ခုနည်းစနစ်ကိုပင် အလောတကြီးစုဖွဲ့လိုက်ရ၏။

သူတို့၏ စက္ခုနည်းစနစ်များက ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများက စင်ထွက်သွား၏။

လေ့ရွှမ်၏ စက္ခုနည်းစနစ်သည် မီးပဒေသာမျက်လုံးနှင့် ဆင်တူလေသည်။ ၎င်းကလည်း မနှိုင်းယှဥ်သာအောင် ကျိန်းစပ်နေပြီး အလျှံညီးညီးနေတစ်စင်းကဲ့သို့ သူ၏ မျက်တွင်းအိမ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာ၏။

ကံဆိုးစွာနှင့်ပင် သူ၏ စက္ခုနည်းစနစ်က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ ထိုအရာက မီးပဒေသာမျက်လုံးကို မယှဥ်နိုင်ပေ။

မီးပဒေသာမျက်လုံး၏ ယခင်ပုံစံက နဂါးမျိုးနွယ်၏ စက္ခုနည်းစနစ် မီးပဒေသာနဂါးမျက်လုံးဖြစ်ခဲ့သည်။

ထိုအရာက မီးပဒေသာနဂါးမျက်လုံးမျှသာဆိုလျှင် ထိုအရာသည် လေ့ရွှမ်၏ စက္ခုနည်းစနစ်နှင့် မတိမ်းမယိမ်းမှာရှိပေလိမ့်မည်။

သို့သော်လည်း ဆူဇီမို၏ ညာဘက်မျက်လုံးထဲမှာ လျှို့ဝှက်ဆန်းကြယ်သော မီးပဒေသာကျောက်တုံးတစ်တုံးရှိနေ၏။

မီးပဒေသာကျောက်တုံးကို အ​ခြေခံအုတ်မြစ်အဖြစ်ထားပြီး သူက မီးပဒေသာမျက်လုံး၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ မြှင့်တင်နိုင်သည်။

စက္ခုနည်းစနစ်နှစ်ခု၏ ထိတွေ့ရိုက်ခတ်မှုအပြီး၌ ခဏမျှရပ်တန့်သွား၏။

ထို့နောက်ချက်ချင်းပင် မီးပဒေသာမျက်လုံးက လေ့ရွှမ်၏ စက္ခုနည်းစနစ်အဟန့်အတားကို ချိုးဖျက်ပြီး သူ၏ နောက်ဘက် မင်းသားယန်ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာခဲ့၏။

အစကတော့... မီးပဒေသာမျက်လုံးသည် မင်းသားယန်၏နှာရောင်ကို ချိန်ရွယ်ခဲ့၏။ သို့သော်လည်း လေ့ရွှမ်၏ တိုက်ခိုက်ဟန့်တားမှုကြောင့် အနည်းငယ် သွေဖယ်သွားခဲ့လေသည်။

ထိုသို့ဆိုလျှင်တောင် မီးပ​ဒေသာမျက်လုံးက မင်းသားယန်၏ ရင်ဘတ်ပေါ်သို့ကျရောက်ကာ ပေါက်ကွဲထွက်သွားစေ၏။

“ခင်ဗျားရဲ့ခန္ဓာကိုယ်ကို စွန့်ပြီး အမြုတေစိတ်ဝိညာဥ်နဲ့ ထွက်ပြေးတော့”

စက္ခုနည်းစနစ်နှစ်ခုက ထိတွေ့မိသည့်ခဏမှာပင် လေ့ရွှမ်က တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး အော်ပြောလိုက်၏။

လေ့ရွှမ်သည် ရှေ့ကနေခုခံပေးနေစဥ် မင်းသားယန်ကလည်း တုံ့ပြန်လိုက်၏။ အလောတကြီးဖြင့် သူ၏ အမြုတေစိတ်ဝိညာဥ်က သူ၏ ဦးခေါင်းထက်ကနေ ပျံသန်းထွက်ပေါ်လာ၏။

ထိုသို့သူ​ပြုလုပ်လိုက်သည့်ခဏမှာပင် သူ၏ ခန္ဓာကိုယ်သည် မီးပဒေသာမျက်လုံးကနေ ထုတ်လွှတ်လိုက်သောအလင်းတန်းဖြင့် ကြေမွကာ ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကိုပင် လှမ်းဟပ်ချင်နေ၏။

လေ့ရွှမ်က သူ၏ ပို့ဆောင်ရေးအဆောင်ကို အလောတကြီးထုတ်ယူပြီး အဲဒါကိုခြေမွှကာ မင်းသားယန်၏ အမြုတေစိတ်ဝိညာဥ်အပေါ် ဖိချပေးလိုက်၏။

သူသည် မင်းသားယန်၏ အမြုတေစိတ်ဝိညာဥ်ကို အဆူရာတိုက်ပွဲမြေကနေ ထုတ်ပေးလိုက်သည်။

ဆူဇီမို၏ စက္ခုနည်းစနစ်က အရမ်းကြောက်စရာကောင်းပြီး မင်းသားယန်၏ ခန္ဓာကိုယ်က လုံးလုံးလျားလျား ပျက်စီးသွားခဲ့ပြီဖြစ်၏။ သိပ်မကြာခင် သူသည် အမြုတေသွေးတစ်စက်ပင်မကျန်ဘဲ လောင်ကျွမ်းပြာကျသွားခဲ့၏။

လေ့ရွှမ်၏ အစွမ်းအစနှင့်ပင်လျှင် သူသည် မင်းသားယန်၏ အမြုတေစိတ်ဝိညာဥ်ကိုသာ အတတ်နိုင်ဆုံးကာကွယ်ပေးနိုင်ပြီး သူ့ကို လောလောဆယ်မှာ အန္တရာယ်ကနေလွတ်မြောက်စေဖို့ ဤနေရာကနေထုတ်ပေးလိုက်ရ၏။

.........

ကျင့်ကြံသူများစွာက ယန်ယန်းနန်းတော်၏ ကြီးမားသောရင်ပြင်ပေါ်မှာ စုဝေးရောက်ရှိနေကြ၏။ ဤနေ့သည် ချိပ်စည်းအတွက်တိုက်ပွဲ​၏ နောက်ဆုံးနေ့ဖြစ်ပြီး စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်၏ မင်းသားကို ဆုံးဖြတ်ရွေးချယ်တော့မည်ဆိုတာ လူတိုင်းက သိရှိထား၏။

ထို့ကြောင့် ကျင့်ကြံသူများစွာက ရလဒ်ကိုစောင့်ဆိုင်းဖို့အတွက် ဤနေရာမှာ စုဝေးရောက်ရှိနေကြ၏။

ရုတ်တရက်ဆိုသလို...။

ရင်ပြင်ထဲမှာ အလင်းတန်းတစ်ခုက ဖျတ်ခနဲလက်သွား၏။

ထို့နောက် ချက်ချင်းပင် အမြုတေစိတ်ဝိညာဥ်တစ်ခုက နာကျင်နေသောအမူအရာဖြင့် ပေါ်ထွက်လာ၏။ ထိုအရာက အဆက်မပြတ်လှုပ်ရှားရုန်းကန်၍ ခပ်စူးစူးအော်ဟစ်လိုက်၏။

“မြန်မြန်... ငါ့ကိုကယ်ကြပါဦး”

“မင်းသားယန်”

လူတိုင်းက အမြုတေစိတ်ဝိညာဥ်ကို မှတ်မိသိရှိသွားပြီး အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

မင်းသားယန်သည် အဆူရာတိုက်ပွဲမြေကနေ လွတ်မြောက်လာခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီး သူ၏ အမြူတေစိတ်ဝိညာဥ်ကလည်း တုန်ခါလှိုင်းဖြင့် သက်ရောက်ခံလိုက်ရ၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ချစ်ချစ်တောက်ပူလောင်နေပြီး အနီရောင်အလင်းတစ်ခုဖြင့် တောက်ပနေ၏။

ရှဲ့လင်၏ အမူအရာက ပြောင်းလဲသွားပြီး ရှေ့သို့အလောတကြီးတက်လှမ်းလိုက်၏။ သူက အစစ်အမှန်အမြုတေ၏ စွမ်းအားကို ထုတ်ဖော်ပြီး မင်းသားယန်၏ အမြုတေစိတ်ဝိညာဥ်ထဲရှိမီးအဆိပ်ကို ဖိနှိမ်ကာ အကျပ်အတည်းကို ဖြေရှင်းပေးလိုက်၏။

ရှဲ့လင်က အရောင်အဝါမှေးမှိန်၍ စိတ်အားညှိုးငယ်နေသော မင်းသားယန်၏ အမြုတေစိတ်ဝိညာဥ်ကိုကြည့်ပြီး သူ၏ ခေါင်းကို ညင်သာစွာခါကာ သက်ပြင်းချလိုက်၏။

မင်းသားယန်သည် အသက်ရှင်နိုင်ခဲ့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန်ရရှိလာခဲ့သည်။ သူက နောက်ပိုင်းသင့်တော်သော ခန္ဓာတစ်ခုကို ရှာဖွေတွေ့ရှိမည်ဆိုလျှင်တောင် သူသည် ဒုက္ခိတတစ်ယောက်အဖြစ် လျှောကျသွားပေလိမ့်မ​ည်။

All Chapters