စွမ်းအားကြီးမားစွာ ဖိနှိမ်ခြင်း
Vol. 168 Ch. 2512
အဆူရာတိုက်ပွဲမြေမှာ...။
မင်းသားယန်၏ ထွက်ခွာသွားခြင်းနှင့်အတူ သူ့အဖွဲ့မှာ လူဘယ်လောက်များများကျန်ခဲ့သည်ဖြစ်စေ သူတို့သည် စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ရယူဖို့အခွင့်အရေးမရှိတော့ပေ။
လေ့ရွှမ်က ဒေါသချောင်းချောင်းထွက်သွား၏။
မင်းသားယန်က ချိပ်စည်းအတွက် ဤတိုက်ပွဲကနေ နုတ်ထွက်သွားရသောကြောင့်မဟုတ်ဘဲ ဆူဇီမိုသည် သူ၏ ရှေ့မှာပင် မင်းသားယန်ကို ဒုက္ခိတဖြစ်အောင်ပြုလုပ်လိုက်သောကြောင့်ဖြစ်သည်။
ရုတ်တရက်ဆိုသလို...။
လေ့ရွှမ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
သူက ဆူဇီမိုကို တုံ့ပြန်မတိုက်ခိုက်နိုင်ခင်မှာပင် ထိုသူက ပြေးဝင်လာခဲ့ပြီဖြစ်၏။
သူက လှည့်မကြည့်သော်လည်း လေ့ရွှမ်သည် မွန်းကျပ်ဖွယ်ရာ ဆိုးယုတ်အော်ရာတစ်ခု တလိပ်လိပ်တိုးဝင်လာသည်ကို ခံစားမိလိုက်ဆဲဖြစ်၏။
ပြေးဝင်လာသောသူက လူသားတစ်ယောက်မဟုတ်ဘဲ လူသားစား ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်နေသည့်အလားပင်။
လေ့ရွှမ်သည် အခုတင် မင်းသားယန်ကို ကယ်တင်ပေးခဲ့ပြီး အနည်းငယ် စိတ်အာရုံပျံ့လွင့်နေစဥ်မှာ ဆူဇီမိုက အနားကို ချဥ်းကပ်ဖို့အတွက် အခွင့်အလမ်းကို ချိန်ဆလာခဲ့၏။
သူက နတ်ဘုရားစွမ်းအား သို့မဟုတ် လက်နက်တစ်ခုခုကို ထုတ်ဖော်ဖို့ အချိန်မရတော့ပေ။
ထိုအကွာအဝေးမှာ အကျပ်အတည်းကိုဖြေရှင်းပြီး အခြေအနေကို ပြန်ပြောင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ လျှို့ဝှက်အတတ်တစ်ခုခုကို ချက်ချင်းထုတ်ဖော်ဖို့ဖြစ်သည်။
လေ့ရွှမ်က တည်နေရာခုန်ကူးခြင်းကို မထုတ်ဖော်ရဲပေ။
တည်နေရာခုန်ကူးခြင်းသည် လူတစ်ယောက်ကို နေရာကနေ ထွက်ပြေးလွတ်မြောက်စေနိုင်သော်လည်း ထိုအရာက မည်သို့ပင်ဆိုစေ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်သည်။ အဲဒါကိုထုတ်ဖော်ဖို့အတွက် အချိန်တစ်ခုအပ်ပြီး ထိုဖြစ်စဥ်အတွင်း အလွယ်တကူဟန့်တားနှောက်ယှက်ခံရနိုင်သည်။
သူသည် အစကတည်းက အရေးနိမ့်နေခဲ့ပြီဖြစ်သည်။ သူသည် ဆူဇီမို၏ ဟန့်တားနှောက်ယှက်ခြင်း ခံရမည်ဆိုလျှင် သူ့အသက်က အန္တရာယ်ရှိလာဖို့များလေသည်။
“အား..”
ဖျတ်ခနဲဆို လေ့ရွှမ်က အကဲဖြတ်မှုတစ်ခုပြုလုပ်ပြီး သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။ သူ၏ မျိုးဆက်သွေးနယ်မြေက ခပ်ရေးရေးပေါ်ထွက်လာပြီး အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
“ဂါး”
သို့သော်လည်း တစ်ချိန်တည်းမှာပင် ဆူဇီမို၏ အသံပိုင်းလျှို့ဝှက်အတတ်က သူ၏ နားထဲမှာ ထွက်ပေါ်လာ၏။
အဆုံးမဲ့စွမ်းပကားဖြင့် ပြည့်နှက်နေသော နဂါးဟိန်းသံက နောက်တစ်ဖန်ပေါက်ကွဲထွက်ပေါ်ကာ နေရာတစ်ခွင် ပဲ့တင်ထပ်၍ ကောင်းကင်ထက်ရှိတိမ်စိုင်များကို လွင့်မျောသွားစေ၏။
လေ့ရွှမ်၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်ပြီး သူက အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်ခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော်လည်း ယခုအချိန်မှာ ကိစ္စများက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
လွန်ခဲ့သည့် ရက်၂၀ ကျော်က ဆူဇီမိုထုတ်ဖော်ခဲ့သည့် နဂါးဟိန်းသံလျှို့ဝှက်အတတ်သည် အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ နယ်ပယ်မှာသာ ရှိနေခဲ့ပြီး အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ အားဖြည့်ထောက်ပံ့မှုကိုလည်း မရရှိခဲ့ပေ။
သို့သော်ယခု.. ဆူဇီမို၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ စွမ်းအားက နှစ်ဆနီးပါးတက်လာခဲ့၏။
သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေကြ၏။ လေ့ရွှမ်နှင့် မင်းသားယန်၏ လက်အောက်မှ ကောင်းကင်အင်မော်တယ် ၆၀ကျော်ကျော်သည် အရင်ဆုံးထိခတ်ခံရပြီး အကြီးမားဆုံး သက်ရောက်မှုကို လက်ခံရရှိလိုက်၏။
“ဖွီ...”
လေ့ရွှမ်က သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရပြီး သူ၏ ခေါင်းက မူးဝေထုံထိုင်းသွား၏။ သူ၏ အမူအရာက မှင်တက်သွားပြီး သူ၏ နားနှစ်ဖက်က နာကျင်ကာ သွေးများစိမ့်ထွက်လာ၏။
သူ၏ သွေးချီက မတည်မငြိမ်ဖြစ်လာပြီး သူ၏ မျိုးဆကိသွေးနယ်မြေက အပြည့်အဝမဖြစ်တည်ခင်မှာပင် ဆူဇီမို၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ကြောင့် ပျက်ပြယ်လုနီးပါးဖြစ်သွားရ၏။ ၎င်းက ယိမ်းထိုး၍ လဲပြိုကျတော့မည့်ဆဲဆဲပင်။
လေ့ရွှမ်သည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၄ ဝင်ပြီး ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးဖြစ်၏။ သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သန်မာပြီး သူ့မှာ အားနည်းချက်မရှိသလောက်နီးပါးပင်။
သူပင်လျှင် အဲဒါကို ခံနိုင်ရည်မရှိဘူးဆိုပါက သူ၏ နောက်ဘက်မှ ကောင်းကင်အင်မော်တယ် ၆၀ ကျော်ကျော်ကို ထည့်ပြောနေစရာမလိုတော့ပေ။
ဖောက်... ဖောက်... ဖောက်...။
ရှေ့ဘက်အနီးဆုံးမှာရှိသော ကောင်းကင်အင်မော်တယ်များ၏ ဦးခေါင်းများက ဖရဲသီးများကဲ့သို့ ပေါက်ကွဲထွက်သွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ဖျက်ဆီးခံလိုက်ရ၏။
နောက်နားမှာရှိသော အဆင့်-၉ ကောင်းကင်အင်မော်တယ်များသည်လည်း ယိမ်းထိုးကာ သူတို့၏ ဒွာရ၇ ပေါက်ကနေ သွေးများက စီးကျလာ၏။ သူတို့၏ အကြည့်များက ထုံထိုင်း၍ သေဆုံးသွားကြလေသည်။
ဒုန်း... ဒုန်း...
ကောင်းကင်အင်မော်တယ် ၆၀ ကျော်ကျော်က တစ်ယောက်ပြီးတစ်ယောက်လဲကျသွား၏။
ခပ်လှမ်းလှမ်းမှာရှိသော လူတချို့သည် သူတို့၏ ခန္ဓာကိုယ်များပေါ်မှာ မည်သည့်ထိခိုက်ဒဏ်ရာမှ ရရှိမလာသော်လည်း သူတို့၏ အမူအရာများက ငေးငိုင်သွားကြ၏။ သူတို့၏ အသိစိတ်များက ကြေမွကာ သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ပျက်ပြယ်သွားကြပြီဖြစ်သည်။
မင်းသားယန်၏ အုပ်စုက လုံးလုံးလျားလျား ချေမှုန်းဖျက်ဆီးခံလိုက်ရ၏။
ဤလူများသည် သူတို့၏ ပို့ဆောင်ရေးအဆောင်များကို မထုတ်ဖော်နိုင်ခင်မှာပင် အဆူရာတိုက်ပွဲမြေမှာ သေဆုံးသွားကြရသည်။
ဆူဇီမိုကတော့ သူသည် နဂါးဟိန်းသံလျှို့ဝဗက်အတတ်ကို ထုတ်ဖော်ပြီး အခြားသူများကို လှည့်ကြည့်ခြင်းပင်မရှိဘဲ လေ့ရွှမ်၏ ခန္ဓာကိုယ်ကို အနာကွန်ဒါတစ်ကောင်ကဲ့သို့ ရစ်ပတ်လိုက်၏။
ဖျောက်... ဖျောက်...
အရိုးများကျိုးသံက လေ့ရွှမ်၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်ကာ နီရဲလာခဲ့၏။ သူ၏ မျက်နှာက ပြာနှမ်းလာပြီး သူသည် ဆူဇီမို၏ ဖျစ်ညှစ်မှုဖြင့် ပေါက်ကွဲထွက်သွားတော့မည့်ဆဲဆဲဖြစ်သည်။
“ညီကိုဆူ... နေပါဦး”
ထိုစဥ်မှာပင် ရှဲ့ချင်းချန်က ငေးငိုင်ရာကနေနိုးထလာပြီး အလောတကြီးလှမ်းအော်ပြောလိုက်၏။
“ဟမ်...”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။ သူက ခွန်အားကို ဆက်လက်၍စိုက်ထုတ်ခြင်း မရှိတော့ပေ။ ထိုအစားသူက နဂိုပုံစံအတိုင်းပြန်နေပြီး သူ၏ လက်ကိုဆန့်ထုတ်ကာ လေ့ရွှမ်၏ ဦးခေါင်းကို ဖမ်းဆွဲထားလိုက်၏။ သူက ထိုသူကို မယူပြီး ရှဲ့ချင်းချန်ရှိရာသို့ လျှောက်လှမ်းသွား၏။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှ အဆင့်-၄ ဖြစ်သော လေ့ရွှမ်က ယခုအခါ ဆူဇီမို၏ လက်ထဲမှာ ပျော့ခွေ၍ ခုခံနိုင်စွမ်းမရှိဖြစ်နေသည်။
ဆူဇီမိုသည် သူ၏ ဦးခေါင်းပေါ်မှာ လက်တင်ထားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ချိပ်ပိတ်ထား၏။
သူက မူမမှန်သောလှုပ်ရှားမှုတစ်ခုခုပြုလုပ်လိုက်သည်နှင့် ဆူဇီမိုက လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ သူ့ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
ဖြစ်စဥ်တစ်ခုလုံးက အရမ်းကိုလျင်မြန်စွာဖြစ်သွားခဲ့သည်။
ထိုအခါမှသာ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက သူတို့၏ ငေးငိုင်ရာကနေ နိုးထလာပြီး သူတို့၏ အမူအရာများက ပြောင်းလဲကုန်ကြ၏။
ကျင့်ကြံသူများမှာ ထိတ်လန့်တကြားအမူအရာများရှိနေပြီး အလိုလိုနောက်ဆုတ်ကာ ဆူဇီမိုနှင့် အကွာအဝေးတစ်ခုခြားချင်ကြလေသည်။
ဆူဇီမိုသည် ဤမျှအထိစိုးမိုးခြယ်လှယ်ပြီး လူတိုင်း၏ ရှေ့မှောက်မှာပင် မင်းသားယန်နှင့် လေ့ရွှမ်ကို တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
အဲဒါထက် စောစောက မောက်မာခက်ထန်နေခဲ့သော မင်းသားယန်သည် ချက်ချင်းပင် ဒုက္ခိတဖြစ်သွားပြီး အဆူရာတိုက်ပွဲမြေကနေ ထွက်ပြေးသွားရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
သူ့အဖွဲ့က လုံးလုံးလျားလျား ချေမှုန်းဖျက်ဆီးခံလိုက်ရ၏။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်မှ အဆင့်-၄ ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦး လေ့ရွှမ်ပင်လျှင် ဆူဇီမို၏ အတင်းအကျပ်ဖိနှိမ်ခံရပြီး အရှင်လတ်လတ် ဖမ်းဆီးခံထားရ၏။
ဖြစ်စဥ်တစ်ခုလုံးက အသက်ရှုချိန်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။
ကျင့်ကြံမှုနယ်ပယ်တူခြင်းမှာ တစ်ယောက်ယောက်က အလွယ်တကူ ရှုံးနိမ့်နိုင်သည်ကို လူတိုင်းက နားလည်သဘောပေါက်ထားကြ၏။
သို့သော်လည်း လူတစ်ယောက်သည် ခွန်အားအရာမှာ ပကတိသာလွန်မှုမရှိဘဲ တစ်ဘက်လူကို အသက်ရှင်လျက် ဖမ်းဆီးနိုင်ဖို့က အလွန်တရာခဲယဥ်းလေသည်။
ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ကျုံးဖေးယွီ၊ စုန့်စဲနှင့် အခြားပညာရှင်သုံးဦးမှာ မတူညီသော အမူအရာများရှိနေကြ၏။
သူတို့က တမင်ရည်ရွယ်ချက်ရှိရှိ ဘယမှမလုပ်ဘဲ ရပ်ကြည့်နေကြခြင်း မဟုတ်ပေ။ လေ့ရွှမ်သည် ဤမျှအထိ လျင်လျင်မြန်မြန်ရှုံးနိမ့်သွားမည်ဟု သူတို့က ထင်မှတ်မထားခဲ့သောကြောင့်ဖြစ်သည်။
သူတို့တုံ့ပြန်လာနိုင်သည့်အချိန်မှာ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ကျုံးဖေးယွီ၊ စုန့်စဲ၊ ကောင်းကင်အင်မော်တယ်လောယန်၊ ယွဲ့ဟိုင်နှင့် ရှဲ့ထျန်ဟွမ်းတို့က အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့က တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း သူတို့မှာ အလိုအလျောက်နားလည်မှုတစ်ခုရှိလာကြသည်။
ဆူဇီမို၏ ပြုမူလှုပ်ရှားမှုများကို တွေ့မြင်ရပြီးနောက် သူတို့သည် ကြီးမားသောဖိအားအောက်မှာ ကျရောက်လာ၏။
သူတို့က နောက်တစ်ဖန်တိုက်ခိုက်ရမည်ဆိုလျှင် သူတို့၅ယောက်က ပူးပေါင်းရပေမည်။
တစ်ခဏချင်းမှာပင် ဆူဇီမိုသည် လေ့ရွှမ်ကို ရှဲ့ချင်းချန်ရှိရာသို့ ခေါ်ဆောင်သွားပြီး မေးလိုက်၏။
“ညီကိုရှဲ့... ဘာလို့လဲ ခင်ဗျားသူ့ကို ကိုယ်တိုင်အပြစ်ပေးချင်လို့လား”
“မဟုတ်ဘူး”
ရှဲ့ချင်းချန်က စိတ်အားညှိုးငယ်နေသောလေ့ရွှမ်ကို ကြည့်ပြီး သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။ သူက အကျပ်တွေ့နေပြီး စကားပြောချင်သော်လည်း ရပ်တန့်လိုက်၏။
ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် သူကပြောလိုက်၏။
“ညီကိုဆူ... ဒီတစ်ခါက် သူ့အသက်ကိုချမ်းသာပေးဖို့ ကျုပ်တောင်းဆိုချင်တယ်”
“အမ်း..”
ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
ရှဲ့ချင်းချန်က အလောတကြီးရှင်းပြလိုက်၏။
“ဒါမတိုင်ခင် ကျုပ်ကိုအရှက်ခွဲစော်ကားဖို့အတွက် မင်းသားယန်က သူ့လူတွေကို ခေါ်လာခဲ့တယ်... ဒါပေမယ့် လေ့ရွှမ်က ရှေ့ထွက်ပြီး ကျုပ်ကို ကူညီပေးခဲ့တယ်... အဲဒါကြောင့် ကျုပ်က...”
ရှဲ့ချင်းချန်သည် ကျေးဇူးတရားနှင့် အမုန်းတရားကို သိသာရှင်းလင်းသွာခွဲခြားထားသူဖြစ်သည်။ သူက လေ့ရွှမ်အပေါ် အကြွေးတစ်ခုတင်နေ၏။
ဒါ့အပြင် သူ၏ ထင်မြင်ချက်အရ လေ့ရွှမ်က မသေထိုက်ပေ။
“ကောင်းပြီလေ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
လေ့ရွှမ်သည် တစ်ခါက ရှဲ့ချင်းချန်ကို ကူညီပေးခဲ့သည်ဆိုမှတော့... သူက ထိုသူကိုလွှတ်ပေးဖို့ စိတ်ကွက်မနေပေ။
ဆူဇီမိုက လေ့ရွှမ်ကို လွှတ်ပေးတော့မည့်ဆဲဆဲမှာပင် ရှဲ့ချင်းချန်က သူ့ကိုအလောတကြီးပြန်တားလိုက်၏။
သူက လေ့ရွှမ်ကိုကြည့်ပြီး တည်တံ့စွာပြောလိုက်၏။
“တာအိုရောင်းရင်းလေ့ရွှမ်... ကျုပ်ခင်ဗျားကို လွှတ်ပေးနိုင်တယ်... ဒါပေမဲ့ခင်ဗျားက အဆူရာတိုက်ပွဲမြေကနေ ချက်ချင်းထွက်ခွာပြီး ညီကိုဆူကို နောက်တစ်ခါမတိုက်ခိုက်ဘူးလို့ကတိပေးရမယ်... ခင်ဗျားက နောက်ပိုင်း သူနဲ့လည်း ရန်သူတွေမဖြစ်ရဘူး”
သူသည် ဤတစ်ခေါက်မှာ လေ့ရွှမ်ကို လွှတ်ပေးစေချင်သော်လည်း သူသည် ဤအပြုအမူကြောင့် အဆူရာတိုက်ပွဲမြေမှာ ဆူဇီမိုအတွက် နောင်ထပ်သန်မာသောရန်သူတစ်ယောက်ကို ပြန်လည်ရရှိမလာစေလိုပေ။
လေ့ရွှမ်က အံကိုတင်းတင်းကြိတ်ထားပြီး သူ၏ မျက်လုံးများက အမျက်ဒေါသဖြင့် တောက်လောင်ပြင်းပြနေ၏။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ နှုတ်ဆိတ်နေ၏။
တကယ်တော့ သူက မသေလိုပေ။ သို့သော်လည်း သူသည် ဤကဲ့သို့သောပုံစံဖြင့် အညံ့မခံချင်ပေ။
ဒါ့အပြင် သူက ယခုတင်ရှုံးနိမ့်ထားခါစဖြစ်ပြီး မချင့်မရဲဖြစ်နေ၏။
သူ၏ ထင်မြင်ချက်အရ မင်းသားယန်ကိုကယ်တင်ရန် သူက စိတ်အာရုံပျံ့လွင့်သွားခဲ့သောကြောင့် ဆူဇီမိုက သူ့ကို အပြတ်သတ်ဖိနှိမ်နိုင်ခဲ့ခြင်းဖြစ်သည်။
သူက သူ၏ နည်းလမ်းများနှင့် ဝှက်ဖဲများအားလုံးကို ယခုအချိန်ထိ မထုတ်ဖော်ရသေးပေ။
ထိုစဥ်မှာပင် လေ့ရွှမ်၏ စိတ်ကို ဖတ်မိသည့်အလား ဆူဇီမိုက ရုတ်တရက်မေးလိုက်၏။
“လေ့ရွှမ်... မင်း မကျေနပ်ဘူးမလား”
လေ့ရွှမ်က လက်သီးကိုတင်းတင်းဆုပ်ထားပြီး စကားပြန်မပြောပေ။
“ဟားဟားဟားဟား...”
ဆူဇီမိုက သူ၏ ခေါင်းကိုမော့ကာ ဟားတိုက်ရယ်မောလိုက်၏။
“လေ့ရွှမ်... မင်းကိုငါလွှတ်ပေးလိုက်တော့ရော ဘာဖြစ်လဲ... ငါမင်းကိုတစ်ခါဖိနှိမ်နိုင်ရင် နောက်တစ်ခါလည်း ဖိနှိမ်နိုင်တယ်”