← Chapters

တဒင်္ဂ

Vol. 168 Ch. 2514

တဒင်္ဂ

Vol. 168 Ch. 2514

ရှေးဟောင်းမြို့တော်၏ အထက်မှာ...။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မေယ်တယ် ၆ဦးသည် တူန်လှုပ်၍ ကြောင်အ,မှင်တက်နေကြ၏။

နတ်မိမယ်ဂမ္ဘီရကြိုးကြာသည် ဆူဇီမိုကို မြင့်မြင့်မားမားသတ်မှတ်ထားခဲ့ပြီးသားဖြစ်ပြီး ဤတိုက်ပွဲက အလွန်တရာပြင်းထန်ကြမ်းတမ်းလာတော့မည်ကို သူမက ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။

သို့သော်လည်း စုန့်စဲသည် ရှေ့သို့ပြေးတက်မလာနိုင်ခင်မှာပင် ဆူဇီမို၏ လျှပ်တပြက်သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟု သူမက ထင်မှတ်မထားခဲ့ပေ။

စုန့်စဲက သာမန်အညတရတစ်ယောက်မဟုတ်ပေ။ သူသည် ကြိုတင်ခန့်မှန်းကောင်ကင်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၅ ဝင်ပြီး ကောင်းကင်အာဏာပါးကွက်သားအစောင့်တပ်သားများ၏ နံပါတ်တစ်ဖြစ်လေသည်။

သူတို့သည် ကျင့်ကြံမှုနယ်ပယ်တူမှုရှိနေမည်ဆိုလျှင် ဤအဆင့်မှပညာရှင်တစ်ဦးကို အခြားတစ်ယောက်က တကယ်ပင်အနိုင်ယူဖို့ အခွင့်အရေးတစ်ခုရှိလေသည်။

သို့သော်လည်း သူ့ကို သတ်ဖြတ်ဖို့ကတော့ အလွန်တရာခဲယဥ်းပေလိမ့်မည်။ သို့သော်လည်း ဒါ့အပြင် အဲဒါက လျှပ်တပြက်အရန်သင့် သတ်ဖြတ်လိုက်ခြင်းဖြစ်နေသည်။

အရင်တုန်းက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၂ ဝင်သော ချင်ကူသည် ကျုံး​ဖေးယွီနှင့် တိုက်ခိုက်ခဲ့စဥ် သူက ထိုတိုက်ပွဲမှာ အနိုင်ရခဲ့၏။ သူသည် အနည်းငယ်သာပိုမိုသန်မာခဲ့ပြီး ကျုံးဖေးယွီကို သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိပေ။

စုန့်စဲမှာ အဆူရာတိုက်ပွဲမြေကနေ အချိန်မရွေးထွက်ခွာနိုင်မည့် ပို့ဆောင်ရေးအဆောင်တစ်ခုရှိလေသည်။ သို့သော် သူက အဲဒါကို​ အသုံးပြုဖို့ပင် အချိန်မရခဲ့ပေ။

“ဘာလဲဟ”

ဂမ္ဘီရသက်တံက သူ့ကိုယ်သူဣန္ဒြေဆယ်ပြီး သုံးသပ်လိုက်၏။

“ဆူဇီမိုက တော်တော်ပါးနပ်တာပဲ... စောစောက သူ့ရဲ့လျှို့ဝှက်အတတ်က အဲလောက်ထိ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့တယ်ဆိုတာ သူက ဆိုးယုတ်ရေကန်ရဲ့စွမ်းအားကို အသုံးချခဲ့လို့ပဲ”

ဂမ္ဘီရတိမ်စိုင်က ပြောလိုက်၏။

“ဒီကောင်လေးပေါ်ထွက်လာပြီးတဲ့နောက် သူက အခြေအ​နေကို ထိန်းချုပ်နိုင်သွားပြီ... သူက လေ့ရွှမ်ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်ခဲ့တဲ့အပြင် စုန့်စဲကိုသတ်ဖြတ်ဖို့ သူ့ရဲ့ပတ်ဝန်းကျင်ကိုပါ အားသာချက်တစ်ရပ်အဖြစ် အသုံးချလိုက်သေးတယ်”

“စုန့်စဲရဲ့သေဆုံးမှုက လက်ရှိလူတိုင်းအတွက် သတိပေးခေါင်းလောင်းသံဖြစ်သွားပြီ”

ဂမ္ဘီရမီးတောက်ကပြောလိုက်၏။

“နောက်ပိုင်းတိုက်ပွဲမှာ တစ်ယောက်ယောက်ကအခြေအနေမကောင်းတော့တာကို တွေ့မြင်မယ်ဆိုရင် သူတို့က သူတို့ရဲ့ ပို့ဆောင်ရေးအဆောင်ကို ဆုတ်ဖြဲပြီး ဒီနေရာကနေထွက်ပြေးလိမ့်မယ်လို့ ငါထင်တယ်”

တကယ်တမ်းမှာ အောက်ဘက်ရှိအခြေအနေသည် ပကတိအင်မော်တယ်ခြောက်ဦးခန့်မှန်းထားသလိုပင် ဖြစ်လာသည်။

အစက သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများကို ဆင့်ခေါ်ဖို့ပြင်နေသည့် ကျင့်ကြံသူများစွာသည် သူတို့၏ သိုလှောင်အိတ်ထဲကနေ သူတို့၏ ပို့ဆောင်ရေးအဆောင်များကို တစ်ယောက်ပြီးတစ်ယောက်ထုတ်ယူကာ စိုးရိမ်ပူပန်နေသောအမူအရာများဖြင့် သူတို့၏ လက်ဖဝါးထဲမှာ တင်းတင်းဆုပ်ထားကြ၏။

စုန့်စဲ၏ သေဆုံးမှုကြောင့် တိုက်ပွဲမြေမှာ တဒင်္ဂရပ်တန့်သွားလေသည်။

ကျုံးဖေးယွီ၊ ယွဲ့ဟိုင်၊ ကောင်းကင်အင်မော်တယ်လောယန်နှင့် ရှဲ့ထျန်ဟွမ်းတို့အပါအဝင် လူတိုင်းက တုန်လှုပ်စွာဖြင့် မှင်တက်နေကြ၏။

သူတို့၏ စိတ်ထဲတွင် သံသယအတွေးတစ်ခုက အလိုလိုပေါ်ထွက်လာသည်။

စောစောက ရက်စက်ကြမ်းကြုတ်သောကျားဖြူက သူတို့ကို ခုန်အုပ်လာခဲ့သည်ဆိုလျှင် ဘယ်သူက အဲဒါကို ခုခံနိုင်မလဲ။

မည်သူကမှ အဖြေတစ်ခုမပေးနိုင်ပေ။

ကျုံးဖေးယွီပင်လျှင် မထိမခိုက်လွတ်မြောက်နိုင်မည်ဟု အာမမခံနိုင်ပေ။

ထိုသို့အတွေးဖြင့် သူတို့လေးယောက်က ရင်တလှပ်လှပ်ခံစားလာရ၏။

စုန့်စဲသည် သူတို့ကိုယ်စား သေသွားခဲ့ရသည့်အလားပင်။

တကယ်တော့ သူတို့၏ အတွေ့အကြုံအရ ဆူဇီမို၏ လျှို့ဝှက်အတတ်သည် အဆူရာတိုက်ပွဲမြေ၏ ဆိုးယုတ်သွေးချီကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း သူတို့လေးယောက်က အလျင်အမြန်ဆုံးဖြတ်နိုင်ကြ၏။

ဒါ့အပြင် ဤကဲ့သို့သော လျှို့ဝှက်အတတ်တစ်ခုကို ဆက်တိုက်ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့လေးယောက်က နောက်သို့ဆုတ်ခွာမသွားကြပေ။

သို့သော်လည်း ထိုတဒင်္ဂအချိန်အတွင်း သူတို့လေးယောက်တုန်လှုပ်နေစဥ် ဆူဇီမိုက နောက်တစ်ဖန်တိုက်ခိုက်လာခဲ့ပြီဖြစ်သည်။

သူတို့လေးယောက်ကြားမှာ ကျုံးဖေးယွီက အသန်မာဆုံးဖြစ်၏။

သူက အချိန်တိုအတွင်းမှာ ကျုံးဖေးယွီကို အနိုင်မယူနိုင်ဘူးဆိုလျှင် သူသည် သူတို့လေးယောက်၏ ဝိုင်းပတ်ပိတ်ဆို့ခံရပေလိမ့်မည်။

ထို့ကြောင့် ဆူဇီမိုသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို အသုံးပြုကာ ကောင်းကင်အင်မော်တယ်လောယန်၏ ရှေ့သို့ ချက်ချင်းရောက်ရှိလာ၏။

သူသည် ထိန်ချန်ထားဖို့ လုံးဝစိတ်ကူးမရှိဘဲ အန္တိမနတ်ဘုရားစွမ်းအား တဒင်္ဂအခိုက်အတန့်ကို ထုတ်ဖော်လိုက်၏။

“လေနှင့်မိုး”

ကောင်းကင်အင်မော်တယ်လောယန်က အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သော်လည်း သူက သန်မာသော အန္တရာယ်အငွေ့အသက်ကို ခံစားနေရဆဲဖြစ်သည်။

“ဆိုးပြီ”

ကောင်းကင်အင်မော်တယ်လောယန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

ဆူဇီမို၏ ထိုအန္တိမနတ်ဘုရားစွမ်းအားက ဘယ်လောက်ကြောက်စရာကောင်းလဲ သူကြားခဲ့ပြီးသားဖြစ်သည်။

သို့သော်လည်း အဲဒါနှင့် ကိုယ်တိုင်ရင်ဆိုင်ရခြင်းမရှိဘဲ အချိန်စွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ ကူကယ်ရာမဲ့မှုကို သူက ဘယ်တုန်းကမှ နားလည်သဘောပေါက်ခဲ့ခြင်း မရှိပေ။

အရင်တုန်းက လေ့ရွှမ်ပင်လျှင် သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်​ဖော်ပြီး နောက်ဆုံး သူ၏ မျိုး​ဆက်သွေးနယ်မြေကို ထုတ်ဖော်ပြီးမှသာ သူက အန္တရာယ်ကနေလွတ်မြောက်နိုင်ခဲ့သည်။

ဖျတ်ခနဲဆို ကောင်းကင်အင်မော်တယ်လောယန်၏ မျက်လုံးထဲတွင် ပြတ်သားသောအကြည့်တစ်ခု ပေါ်ထွက်လာ၏။

သူက သူ၏ လက်ထဲရှိ ပို့ဆောင်ရေးအဆောင်ကိုချိုးပြီး အဆူရာတိုက်ပွဲမြေကနေ ထွက်ခွာဖို့ရွေးချယ်လိုက်၏။

ထိုလုပ်ရပ်သည် သူက အားနည်း၍ သတ္တိကြောင်သောကြောင့်မဟုတ်ဘဲ သူ့မှာ တခြားရွေးချယ်စရာမရှိသောကြောင့်ဖြစ်သည်။

သူ၏ အစွမ်းအစအရ သူသည် သူ၏ မျိုးဆက်သွေးနယ်မြေအပါအဝင် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို ထုတ်ဖော်မည်ဆိုလျှင် သူသည် တဒင်္ဂအခိုက်အတန့်၏ အန္တရာယ်ကို သေချာပေါက်ဖြေရှင်းနိုင်ပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုက အနားကို ချဥ်းကပ်လာခဲ့ပြီဖြစ်သည်။

သူက တိုက်ပွဲမြေမှာဆက်နေပြီး တဒင်္ဂအခိုက်အတန့်ကို ဖြေရှင်းဖို့ ရွေးချယ်မည်ဆိုလျှင် သူသည် ဆူဇီမို၏ အနီးကပ်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပေတော့မည်။

ဆူဇီမို၏ ကြောက်စရာကောင်းသော အနီးကပ်တိုက်ခိုက်ခွန်အားကို သူက မြင်တွေ့ခဲ့ပြီးသားဖြစ်သည်။

သူ မပြောနှင့် ​စုန့်စဲနှင့် လေ့ရွှမ်ပင်လျှင် အဲဒါကို မခုခံနိုင်ပေ။

တဒင်္ဂအခိုက်အတန့်ကို ဖြေရှင်းပြီးနောက် သူက အားအနည်းဆုံးအခြေအနေကို ရောက်ရှိသွားပေလိမ့်မည်။ ဆူဇီမို၏ ကြောက်စရာကောင်းသော အနီးကပ်တိုက်ခိုက်ရည်နှင့်အတူ သူသည် ထိုအချိန်မှာ ပို့ဆောင်ရေးအဆောင်ကိုဆုတ်ဖြဲဖို့ပင် အခွင့်အရေးရတော့မည် မဟုတ်ပေ။

အလင်းတန်းတစ်ခုက ဖျတ်ခနဲလက်သွား၏။

ကောင်းကင်အင်မော်တယ်လောယန်က အဆူရာတိုက်ပွဲမြေကနေပျောက်ကွယ်ပြီး ယန်ယန်းနန်းတော်၏ ရင်ပြင်သို့ ပြန်လည်ရောက်ရှိလာ၏။

သူသည် ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း တ​ဒင်္ဂအခိုက်အတန့်၏ နတ်ဘုရားစွမ်းအားက လိုက်ပါကပ်ငြိလာဆဲဖြစ်သည်။

သူသည် ကြောက်စရာကောင်းသောအလျင်အဟုန်ဖြင့် သူ၏ ဘဝသက်တမ်းလျော့ကျလာသည်ကို ရှင်းလင်းစွာ အာရုံခံမိလိုက်၏။

ဝေါ...

ကောင်းကင်အင်မော်တယ်လောယန်၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ မျိုးဆက်သွေးကို အကန့်အသတ်အထိ လှည့်ပတ်လိုက်၏။ ဝုန်းခနဲမြည်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်က မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်၏။

တစ်ချိန်တည်းမှာပင် သူသည် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ဆက်တိုက်ထုတ်ဖော်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ အချိန်စွမ်းအားကို နောက်ဆုံးတွန်းဖယ်ထုတ်လိုက်နိုင်၏။

ထိုသို့ဆိုလျှင်တောင် သူ၏ ဘဝသက်တမ်းက နှစ်တစ်သိန်း လုံးလုံးလျားလျား လျော့ကျသွားခဲ့၏။

ထိုတဒင်္ဂအချိန်မှာ သူက ဘဝသက်တမ်းနှစ်တစ်သိန်းကို ဆုံးရှုံးခဲ့ရသည်။

ကောင်းကင်အင်မော်တယ်များမှာ ဘဝသက်တမ်းနှစ်သုံးသိန်းရှိလေသည်။ သူသည် အစက... အသက်နှစ်တစ်သိန်းကိုးသောင်းဖြစ်ပြီး သူ၏ အရွယ်ကောင်းမှာ ရှိနေခဲ့၏။ သူ၏ သွေးချီက သန်မာ၍ သူက ကြွယ်ဝသောစွမ်းအင်ဖြင့် ပြည့်နှက်နေခဲ့၏။

သို့သော်ယခု... သူ၏ ဘဝသက်တမ်းက နှစ်တစ်သိန်းလျော့ကျသွားပြီး သူက အသက်နှစ်နှစ်သိန်းကိုးသောင်းဖြစ်လာကာ အဖြူရောင်ဆံပင်များနှင့် ပါးရေနားရေအတွန့်များနှင့်အတူ သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ချက်ချင်းပင်ဝင်ရောက်သွား၏။

သူ၏ သွေးချီက အားနည်းသွားပြီး သူက သူ၏ မျိုးဆက်သွေးနယ်မြေကိုပင် ထိန်းမထားနိုင်တော့ပေ။

“အား..”

ကောင်းကင်အင်မော်တယ်လောယန်က သူ၏ ဆံပင်ဖြူများကို ဆုပ်ကိုင်ပြီး သူ၏ မျက်လုံးများက ပြူးကျယ်နေ၏။ သူ၏ မျက်နှာက ရှုံ့မဲ့သွားပြီး သွေးပျက်ချောက်ချားဖွယ်ရာ ဟိန်းဟောက်လိုက်၏။

“ဆူဇီမို... မင်းတော်တော်ရက်စက်တာပဲ”

ကောင်းကင်အင်မော်တယ်လောယန်က အံကိုတင်းတင်းကြိတ်ပြီး ထိုစကားကို ပြောကာ အမျက်ဒေါသဖြင့် တဆတ်ဆတ်တုန်ယင်နေ၏။

ဆူဇီမို၏ စောစောက တိုက်ခိုက်မှုသည် အရမ်းကို စီးပိုးခြယ်လှယ်ခဲ့ပြီး သူ့အတွက် ထွက်ပေါက်လုံးဝမရှိခဲ့ပေ။ သူက အဆူရာတိုက်ပွဲမြေမှာ ဆက်နေပြီး တဒင်္ဂအခိုက်အတန့်ကို ခုခံဖို့အတွက် သူ၏ နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ခဲ့မည်ဆိုလျှင် သူသည် ဆူဇီမို၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

သူက မဆိုင်းမတွဆုံးဖြတ်ချက်ချ၍ တိုက်ပွဲမြေကနေ ထွက်ခွာလာခဲ့တာတောင် သူသည် တဒင်္ဂအခိုက်အတန့်၏ ပြင်းထန်သောရိုက်ချက်ကနေ မလွတ်မြောက်နိုင်ခဲ့ပေ။

အဆူရာတိုက်ပွဲမြေမှာ...။

ဆူဇီမိုသည် အန္တိမနတ်ဘုရားတစ်ခုကို ​ထုတ်ဖော်ပြီးနောက် ကောင်းကင်အင်မော်တယ်လောယန်က ထွက်ပြေးဖို့ရွေးချယ်ခဲ့သည်ကို တွေ့မြင်ရသောအခါ ကျင့်ကြံသူများစွာက ကြောင်အ,မှင်တက်သွားကြ၏။

တကယ်ဆို အဲဒါက ရယ်စရာကောင်းသည်ဟုပင် သူတို့က ခံစားရ၏။ ဆူဇီမိုက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူက ဤမျှအတိုင်းအတာထိ ကြောက်လန့်သွားစရာလိုလို့လား။

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်ပြီး ခေါင်းညိတ်ကာပြောလိုက်၏။

“ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်-၈ ဆိုတဲ့အတိုင်းပဲ မင်းမှာ အစွမ်းအစတချို့တော့ရှိသားပဲ”

ကောင်းကင်အင်မော်တယ်လောယန်က လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်မှာ ကံကောင်းလေသည်။ သူက ခြေတစ်လှမ်းနောက်ကျသွားပြီး ဆူဇီမိုက သူ၏ အနီးကပ်တိုက်ခိုက်ရည်နည်းစနစ်များကို ထုတ်ဖော်နိုင်မည်ဆိုလျှင် ကောင်းကင်အင်မော်တယ်လောယန်က သေချာပေါက်သေရပေလိမ့်မည်။

ဆူဇီမို၏ ချီးကျူးစကားက စိတ်ရင်းဖြင့်ထွက်ပေါ်လာခြင်းဖြစ်၏။ သို့သော်လည်း သူ၏ စကားလုံးများစွာက ကျင့်ကြံသူများစွာအတွက် အလွန်တရာကွဲလွဲ​နေ၏။

လန့်ဖျပ်သွားသောငှက်တစ်ကောင်ကဲ့သို့ သတ္တိကြောင်လွန်းသော ကောင်းကင်အင်မော်တယ်လောယန်ကို ကျင့်ကြံသူများစွာက တိတ်တဆိတ်အထင်သေးလိုက်ကြ၏။ သူတို့အတွက် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ အဆင့်-၈ကပင်လျှင် အထင်ကြီးစရာသိပ်ကောင်းမနေပေ။

ဆူဇီမိုသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုနှင့်အတူ ကောင်းကင်အင်မော်တယ်လောယန်ကို တိုက်ပွဲမြေကနေ ထုတ်ပယ်ပစ်လိုက်၏။ သူက ရပ်တန့်ခြင်းမရှိဘဲ တစ်ဘက်သို့လှည့်ပြီး အနီးဆုံးမှာရှိသော ယွဲ့ဟိုင်ရှိရာသို့ ပြေးဝင်သွား၏။

အခြားတစ်ဘက်မှာ အေးစက်နေသော ဓားအလင်းတစ်ခုက တောက်ပလာခဲ့၏။

ကျုံးဖေးယွီက တိုက်ခိုက်လိုက်ပြီ ဖြစ်လေသည်။

ငါးပျံဓားက ပုစဥ်းတောင်ပံများကဲ့သို့ပါးလွှာပြီး ချက်ချင်းပင်ရောက်ရှိလာ၏။

ရှဲ့ထျန်ဟွမ်းက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းကာ ရင်တစ်ချက်ထိတ်သွား၏။ သူက တိုက်ပွဲမှာ ဝင်ရောက်ပူးပေါင်းရမည့်အစား တစ်ဘက်သို့လှည့်ကာ ပါရမီတံတားရှိရာသို့ ပြေးထွက်သွား၏။

သူ၏ အစီအစဥ်က ပြီးပြည့်စုံလေသည်။

ယခုအချိန်မှာ ကျုံးဖေးယွီနှင့် ယွဲ့ဟိုင်က ဆူဇီမိုကို တားဆီးဖို့ ပူးပေါင်းထားကြ၏။

သူသည် ရှားရှားပါးပါး ဤအခွင့်အရေးကို အသုံးချကာ ပါရမီတံတားကို ဖြတ်ကျော်ရပေမည်။

ထိုအချိန်မှာ သူနှင့်ရှဲ့ချင်းချန်ကြားတိုက်ပွဲက အထီးကျန်ကျွန်းပေါ်မှာ ဖြစ်ပေါ်လာပေလိမ့်မည်။ သို့သော်လည်း ရှဲ့ချင်းချန်က သူ၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။

သူသည် ရှဲ့ချင်းချန်ကိုဖိနှိမ်ပြီး ဆူဇီမို၏ ခြိမ်းခြောက်မှုမရှိသည်နှင့်အမျှ သူသည် စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို အောင်မြင်စွာ ရရှိနိုင်ပေလိမ့်မည်။

All Chapters