အခြေအနေပေါ်ထိန်းချုပ်နိုင်စွမ်း
Vol. 168 Ch. 2515
မင်းသားထျန်ဟွမ်း၏ အခြေအနေပေါ်အကဲဖြတ်နိုင်စွမ်းက အလွန်တရာတိကျသည်ဟု ဆိုရပေမည်။
ဤအရာသည် တဒင်္ဂပေါ်ထွက်လာသော ရှားရှားပါးပါး အခွင့်အရေးဖြစ်သည်။
သူ့ဘေးမှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ မည်သည့်ပညာရှင်မှမရှိသော်လည်း သူသည် ကျုံးဖေးယွီနှင့် အခြားသူများကို အသုံးချကာ သူ့အတွက် ပြီးပြည့်စုံလုနီးပါး အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးလိုက်၏။
ကောင်းကင်ထက်ကနေစောင့်ကြည့်နေသော ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ်ခြောက်ဦးပင်လျှင် သူ၏ ပါးနပ်မှုကို ချီးကျူးလိုက်ရသည်။
သူ၏ အပြုအမူကနေတစ်ဆင့် မင်းသားထျန်ဟွမ်းသည် အဓိကတိုက်ပွဲမြေကိုရှောင်လွှဲကာ သူ၏ အားသာချက်ကို ကောင်းကောင်းအသုံးချနိုင်မည်ဖြစ်သည်။
ကံဆိုးစွာနှင့်ပင် သူက ဆူဇီမိုနှင့် ရင်ဆိုင်နေရ၏။
သူလှုပ်ရှားမှုပြုလုပ်လိုက်သည့်ခဏမှာပင် ဆူဇီမိုက သူ၏ ရည်ရွယ်ချက်ကို အာရုံခံမိသွား၏။ သူက ယွဲ့ဟိုင်ထံသို့ ပြေးဝင်သွားသည့် တစ်ချိန်တည်းမှာပင် သူ၏ နှာရောင်ကနေ ကျောက်စိမ်းကျမ်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
ကျောက်စိမ်းကျမ်းက အစိမ်းရောင်အလင်းတောက်တောက်တစ်ခုကို ဖြာထုတ်ပေးပြီး တစ်ခဏချင်းမှာပင် သူနှင့်ထပ်တူသော ကိုယ်ပွားတစ်ခုကို စုဖွဲ့ကာ မင်းသားထျန်ဟွမ်းရှိရာသို့ ပြေးဝင်သွား၏။
ရတနာသူတော်စင်ကျောက်စိမ်းကျမ်း... ကမ္ဘာဦးခန္ဓာ။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ယွဲ့ဟိုင်နှင့် ကျုံးဖေးယွီ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံဆန့်ကျင်မည်ဖြစ်၏။
သို့သော်လည်း ကမ္ဘာဦးခန္ဓာကတော့ မင်းသားထျန်ဟွမ်းကို တားဆီးမည်ဖြစ်လေသည်။
မင်းသားထျန်ဟွမ်းက ပါရမီတံတားသို့ မရောက်ခင်မှာပင် ကမ္ဘာဦးခန္ဓာက ရောက်ရှိလာ၏။
ထိုအရာသည် သူ့ကိုတားဆီးရန် ဆူဇီမိုက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို အသုံးပြုကာ စုဖွဲ့ထားသည့်ကိုယ်ပွားတစ်ခုဆိုတာကို သူက မှတ်မိသိရှိလိုက်သည်။
“ဟမ့်..”
မင်းသားထျန်ဟွမ်းက လှောင်ရယ်လိုက်ပြီး ချစ်ချစ်တောက်နီရဲနေသော သူ၏ ကောင်းကင်ဘုံဖီးနစ်ဆေဘာကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ဆူဇီမို၏ ကမ္ဘာဦးခန္ဓာကိုယ်ကို ခုတ်ပိုင်းချလိုက်၏။
“မင်းက ကိုယ်ပွားတစ်ခုနဲ့များ ငါ့ကိုတားဆီးချင်တယ်ပေါ့... စိတ်ကူးသာယဥ်နေလိုက်”
မင်းသားထျန်ဟွမ်းက အော်ငေါက်လိုက်ပြီး သူ၏ သွေးချီက ဆူနာမီအသံနှင့်အတူ တလိပ်လိပ်ထိုးတက်လာ၏။ သူ၏ ခွန်အားက ၎င်း၏ အကန့်အသတ်အထိ မြင့်တက်လာခဲ့လေသည်။
တကယ်တမ်းမှာတော့ မင်းသားထျန်ဟွမ်းထင်သည်မှာ မမှားပေ။
ကမ္ဘာဦးခန္ဓာကိုယ်ကို ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကနေ စုဖွဲ့ထားခြင်းဖြစ်၏။ အဲဒါက သန်မာသော်လည်း သူ့မှာ အစစ်အမှန်ကိုယ်ကာယခန္ဓာကိုယ်တစ်ခု သို့မဟုတ် အမြုတေစိတ်ဝိညာဥ်တစ်ခုမရှိပေ။
သူသည် ကျင့်ကြံမှုနယ်ပယ်တူမှာ သာမန်ကျင့်ကြံသူများကိုတော့ အနိုင်ရနိုင်သေးသည်။ သို့သော်လည်း သူသည် မင်းသားထျန်ဟွမ်းကဲ့သို့ ထိပ်သီးပညာရှင်တစ်ဦးနှင့်ရင်ဆိုင်ရချိန်မှာ သူက သေချာပေါက် မည်သည့်အသာစီးမှ ရရှိလိမ့်မည်မဟုတ်ပေ။
သူသည် တဗူးနဂါးဖီးနစ်ပုံစံကို ယူထားမည်ဆိုလျှင်တောင် သုံးစားရလိမ့်မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလို...။
ကောင်းကင်ဘုံဖီးနစ်ဆေဘာက ဆင်းသက်လာတော့မည့်ဆဲဆဲမှာပင် သူ့ရှေ့မှာရှိသော ကမ္ဘာဦးန္ဓာက ရုတ်တရက်အနည်းငယ်ယိမ်းသွား၏။
ထိုအခိုက်အတန့်မှာ မင်းသားထျန်ဟွမ်း၏ မြင်ကွင်းက ခဏမျှဝေဝါးသွားခဲ့သည်။
တစ်စုံတစ်ရာပြောင်းလဲသွားပုံရသော်လည်း အရာရာတိုင်းက ပုံမှန်အတိုင်းသာဖြစ်နေသည့်ပုံပေါ်လေသည်။
မင်းသားထျန်ဟွမ်း၏ ရှေ့မှာရှိနေသော ကိုယ်ပွားမှာ အနက်ရောင်ဆံပင်၊ အစိမ်းရောင်ဝတ်ရုံနှင့် ကြော့ရှင်းသန့်ပြန့်သောသွင်ပြင်များရှိနေဆဲဖြစ်၏။
အခြားတစ်ဘက်မှာတော့...။
ယွဲ့ဟိုင်နှင့် ကျုံးဖေးယွီက ပူးပေါင်း၍ ထိန်ချန်ခြင်းမရှိဘဲ သူတို့၏ အသန်မာဆုံးတိုက်ခိုက်ရည်နည်းလမ်းများကို ထုတ်ဖော်လိုက်ကြ၏။ တကယ်ဆို သူတို့သည် သူတို့၏ မျိုးဆက်သွေးနယ်မြေများကိုပင် ထုတ်ဖော်ပြီး ဆူဇီမိုကို မုန်တိုင်းတစ်ခုတိုက်ခတ်သလို တိုက်ခိုက်လိုက်ကြ၏။
ဤကဲ့သို့သောတိုက်ခိုက်မှုနှင့်ရင်ဆိုင်ရချိန်မှာ ဆူဇီမို၏ ခန္ဓာကိုယ်က ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကြားမှ သေးငယ်သောလှေတစ်စင်းကဲ့သို့ အလွန်တရာနုနယ်နေပုံရသည်။
ဘန်း...
ဆူဇီမို၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွား၏။
သူက ဒီလိုနဲ့ပဲ သေသွားရတာလား။
ကျုံးဖေးယွီနှင့် ယွဲ့ဟိုင်က အဲဒါကို လုံးဝမယုံကြည်နိုင်ပေ။
ဒါ့အပြင် ဆူဇီမို၏ ခန္ဓာကိုယ်ပေါက်ကွဲထွက်သွားပြီးနောက် မည်သည့်သွေးကမှ စီးထွက်မလာခဲ့ပေ။
“ဒါက ကိုယ်ပွားပဲ”
ကျုံးဖေးယွီက တစ်စုံတစ်ရာကို တွေးမိသွားပြ တစ်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူက မင်းသားထျန်ဟွမ်းရှိရာဘက်သို့ကြည့်ပြီး ကျယ်လောင်စွာသတိပေးလိုက်၏။
“သတိထား”
ကျုံးဖေးယွီ၏ သတိပေးသံကိုကြားသောအခါ မင်းသားထျန်ဟွမ်း၏ ရှေ့မှာရှိသော ကမ္ဘာဦးခန္ဓာ၏ မျက်လုံးများထဲမှာ သရော်တော်တော်အကြည့်တစ်ခုပေါ်ထွက်လာပြီး သူ၏ နှုတ်ခမ်းများက ကွေးညွှတ်သွား၏။
သူသည် ဤကဲ့သို့သောအမူအရာပြောင်းလဲမှုကို တွေ့မြင်သောအခါ မင်းသားထျန်ဟွမ်း၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူက အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ရုတ်တရက်ခံစားမိလိုက်၏။
သူ့ရှေ့မှာရှိသောဆူဇီမိုက ကိုယ်ပွားမဟုတ်ဘဲ သူ၏ အစစ်အမှန်ခန္ဓာဖြစ်လေသည်။
ဆူဇီမို၏ အကြည့်က သ်ိပ်သည်းစုဖွဲ့လာခဲ့၏။ ရုတ်တရက် သူက လက်လှမ်းပြီး ဝင်ရောက်လာသော ကောင်းကင်ဘုံဖီးနစ်ဆေဘာကို ဖမ်းဆွဲလိုက်၏။ သူက ရှေ့သို့ တက်လှမ်းပြီး ချိပ်စည်းတစ်ခုကဲ့သို့ သူ၏ လက်သီးဖြင့် ပစ်ထိုးလိုက်၏။
မင်းသားထျန်ဟွမ်းက သူ၏ လက်ဖဝါးကို ကပျာကယာ ပင့်မြှောက်လိုက်၏။
ဘန်း...
ဧရာမချိပ်စည်းက ခပ်ထိုင်းထိုင်းအသံတစ်သံနှင့်အတူ ဖိခြေကျဆင်းလာ၏။
ထို့နောက်ချက်ချင်းပင် အရိုးကျိုးသံကို ကြားလိုက်ရလေသည်။ မင်းသားထျန်ဟွမ်းသည် သူ၏ လက်မှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရလေသည်။
သူ၏ လက်သည် ဆူဇီမို၏ ထိုးချက်ဖြင့် သွင်သွင်ကျိုးသွားခဲ့ပြီဖြစ်သည်။
ဆူဇီမိုက နောက်ထပ်ခြေတစ်လှမ်းယူပြီး နောက်တစ်ဖန်ရိုက်ချလိုက်၏။
မင်းသားထျန်ဟွမ်းသည် နောက်သို့ဆုတ်ခွာပြီး သူ၏ ခေါင်းကိုမော့ကာ ရှောင်တိမ်းလိုက်၏။
ဖြောင်း...
လက်ဝါးက သူ၏ ရင်ဘတ်ပေါ်သို့ ကျဆင်းလာခဲ့၏။
သူ၏ နှလုံးကာ ကြေးမုံက ကြေမွသွားသည်။
သူ၏ ရင်ဘတ်ကလည်း နက်ရှိုင်းစွာ ချိုင့်ဝင်သွားပြီး ဧရာမလက်ဝါးရာအချိုင့်တစ်ခုပေါ်ထွက်လာသည်။
သူ၏ ချပ်ဝတ်တန်ဆာကပင် ဆူဇီမို၏ စွမ်းအားကို မခုခံနိုင်ပေ။
မင်းသားထျန်ဟွမ်း၏ ကောင်းကင်ဘုံဖီးနစ်မျိုးဆက်သွေးသည် ကျားဖြူဆိုးယုတ်သွေးဖြင့် ဖိနှိမ်ခံထားရပြီး သူက သူ၏ မျိုးဆက်သွေးကို မထုတ်ဖော်နိုင်ပေ။
အနီးကပ်တိုက်ခိုက်ရည်မှာ ဆူဇီမိုက သူ့ကို အလွယ်တကူဖိနှိမ်နိုင်၏။
တခြားမည်သည့်ရွေးချယ်စရာမှ မကျန်တော့ဘဲ ဒဏ်ရာအပြင်းအထန်ရရှိသွားသော မင်းသားထျန်ဟွမ်းသည် သူ၏ ကောင်းကင်ဘုံဖီးနစ်ဆေဘာနှင့် စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို စွန့်လွှတ်ရုံသာ တတ်နိုင်တော့လေသည်။ မချင့်မရဲအမူအရာနှင့်အတူ သူက ပို့ဆောင်ရေးအဆောင်ကိုဆုတ်ဖြဲပြီး အဆူရာတိုက်ပွဲမြေကနေ ထွက်ခွာသွား၏။
သူသည် ထိုသို့ပြုလုပ်ဖို့ တကယ်ပင် လုံးဝတွေဝေတုံ့ဆိုင်းမနေခဲ့ပေ။
စောစောက စုန့်စဲ၏ သေဆုံးမှုမြင်ကွင်းက သူ၏ စိတ်ထဲမှာ နက်ရှိုင်းစွာ စွဲမြဲနေဆဲဖြစ်သည်။
မင်းသားယန်၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီး ကောင်းကင်အင်မော်တယ်လောယန်ကလည်း အသက်ရှင်နေသေးသလား မသိရပေ။
သူ့ရှေ့မှာရှိသောဤလူက ရည်မွန်သောစာပေသမားတစ်ယောက်နှင့်တူသော်လည်း သူသည် သတ်ဖြတ်ရာမှာ ပြတ်သားပြီး မည်သည့်ငဲ့ကွက်ထောက်ထားမှုမှ မရှိပေ။
ဤလူက သူ့ကိုမသတ်ဖြတ်ရဲဘူးဟု ဘယ်သူက အာမခံပေးနိုင်မှာလဲ။
တံတားအစပ်မှာမတ်တတ်ရပ်ရင်း ဆူဇီမိုက ကောင်းကင်ဘုံဖီးနစ်ဆေဘာကို သာမန်ကာလျှံကာ လွှင့်ပစ်လိုက်၏။ သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက သူ၏ အသိစိတ်ထဲသို့ ပြန်လည်ရောက်ရှိလာလေသည်။
“ဒီနေရာကို ငါစောင့်ကြပ်နေရင် ဘယ်သူကမှ မဖြတ်ကျော်နိုင်ဘူးလို့ ငါပြောခဲ့ပြီးပြီပဲ”
ဆူဇီမို၏ လေသံက အေးဆေးတည်ငြိမ်နေ၏။
ကျုံးဖေးယွီနှင့် ယွဲ့ဟိုင်၏ အမူအရာက သုန်မှုန်၍ အလွန်တရာ ပျက်ယွင်းသွားကြ၏။
အစက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတစ်ဆယ်ထဲဝင်သော ပညာရှင်ငါးဦးရှိနေခဲ့ကြ၏။ တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက်သာကျန်တော့လေသည်။
ဒါ့အပြင် ဆူဇီမိုသည် သူတို့နှင့် မင်းသားထျန်ဟွမ်းကို လူတိုင်း၏ ရှေ့မှောက်မှာ အရုပ်များလို ကစားသွားခဲ့၏။ သူက သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို လုံးလုံးလျားလျားဖျက်ဆီးခဲ့လေသည်။
ကောင်းကင်ထက်မှာ...။
နတ်မိမယ်ဂမ္ဘီရကြိုးကြာက လက်ခုပ်တီးပြီး ပြုံးကာ ချီးကျူးလိုက်၏။
“သူက... တမလွန်ဖလှယ်ခြင်းကိုသုံးပြီး သူ့ရဲ့ကမ္ဘာဦးခန္ဓာနဲ့ နေရာချင်းလဲခဲ့တာပဲ... အဲဒါက ကျုံးဖေးယွီနဲ့ယွဲ့ဟိုင်ရဲ့ တိုက်ခိုက်မှုတွေကို အောင်အောင်မြင်မြင်ရှောင်လွှဲနိုင်ခဲ့ရုံတင်မကဘူး... သူက အခွင့်အလမ်းကို ချိန်ဆပြီး မင်းသားထျန်ဟွမ်းကိုပါ ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်ခဲ့တယ်... တကယ့်ကိုအထင်ကြီးစရာပဲ”
“အဲဒါက တကယ့်ကို ပြောင်မြောက်တဲ့ လှုပ်ရှားကွက်ပဲ”
ဂမ္ဘီရရွှံ့ညွန်ကလည်း သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
“ဒီကောင်လေးရဲ့ အခြေအနေတစ်ရပ်လုံးအပေါ် ထိန်းချုပ်နိုင်စွမ်းက တစ်ဖက်ကမ်းခတ်နေပြီ သူ့ရဲ့တွက်ချက်မှုကနေ ဘယ်သူကမှ မလွတ်မြောက်နိုင်ဘူး”
“ဘာပဲပြောပြော သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကပဲလေ”
“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲတုန်းက ဒီကောင်လေးက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အမဲလိုက်ခံနေရတာတောင် နံပါတ်တစ်နေရာကို ရရှိခဲတယ်လို့ ငါကြားတယ်... သူက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထဲက ကြိုက်တဲ့ဂိုဏ်းကို ဝင်ရောက်နိုင်တဲ့အခွင့်အရေးရခဲ့တယ်... ဒါပေမဲ့ အခြားအင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းက အခြေအနေရဲ့ဖိအားပေးခံရပြီး သူ့ကို လက်မခံရဲကြတော့ဘူး... ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကတော့ ဒီလိုမျိုး အဖိုးတန်ကျောက်မျက်ရတနာကို ရသွားခဲ့တယ်”
တိုက်ပွဲမြေမှာ...။
အစက ဘေးကနေအားဖြည့်နေသော လေ့ရွှမ်က သူ၏ ဒဏ်ရာများကနေ သက်သာပျောက်ကင်းလာခဲ့ပြီဖြစ်သည်။
သူက တရိပ်ရိပ်ထိုးတက်လာသော တိုက်ပွဲဝင်စိတ်နှင့်အတူ မတ်တတ်ထရပ်လိုက်၏။
စောစောက ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းကို သူကလည်း တွေ့မြင်ခဲ့လေသည်။
မင်းသမီးယွိယန်က အခြေအနေမကောင်းတော့ဘူးဆိုတာ တွေ့မြင်သောအခါ သူမက လောဆော်လိုက်၏။
“အစ်ကိုကျုံး... ကျွန်မတို့က ဒီလူကို မြန်မြန်မောင်းထုတ်ရမယ်... ရှဲ့ချင်းချန်က ကျွန်းပေါ်ကို ရောက်တော့မှာ”
ရှဲ့ထျန်ဟွမ်းပင်လျှင် ဆူဇီမို၏ ပိတ်ဆို့တားဆီးမှုကို မဖြတ်ကျော်နိုင်ဘူးဆိုပါက မည်သည့်မင်းသား မင်းသမီးကမှ မဆင်မခြင်မပြုမူရဲတော့ပေ။
ကျုံးဖေးယွီက လေ့ရွှမ်ကို ကြည့်လိုက်၏။
“ညီကိုလေ့... ကျုပ်ရဲ့ ငါးပျံဓားက ဒီနေရာမှာ ဖိနှိမ်ခံထားရတယ်... ကျုပ်က ကျုပ်ရဲ့အထွတ်အထိပ်တိုက်ခိုက်ရည်ခွန်အားကို မထုတ်ဖော်နိုင်ဘူး”
ကျုံးဖေးယွီက အဲဒါကို ရှင်းရှင်းလင်းလင်းမပြောဆိုသော်လည်း သူပြောချင်သည့်အရာကို လေ့ရွှမ်က နားလည်သဘောပေါက်လေသည်။
ဆူဇီမိုကို ကိုင်တွယ်ရန် သူတို့သုံးယောက်က ပူးပေါင်းနိုင်သည်ဟု ကျုံးဖေးယွီက သူ့ကိုဖိတ်ခေါ်နေခြင်းဖြစ်သည်။
လေ့ရွှမ်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ငါက ဆူဇီမိုနဲ့ တိုက်ခိုက်မှာပါ... ဒါပေမဲ့ ငါက မင်းတို့နှစ်ယောက်နဲ့တော့ ပူးပေါင်းတော့မှာမဟုတ်ဘူး”
ဆူဇီမိုက စောစောကတင် သူ့ကို လွှတ်ပေးခဲ့၏။ သူသည် စောစောက အသက်ရှင်လျက်ဖမ်းဆီးခံခဲ့ရခြင်းနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေခဲ့သော်လည်း သူက တခြားသူများနှင့် ပြန်ပြီးပူးပေါင်းရမှာကို ရှက်မိလေသည်။
သူက ထိုသို့ပြုလုပ်လိုက်မည်ဆိုလျှင် သူသည် ရွံမုန်းစရာကောင်းသော လူညံ့လူဖျင်းတစ်ယောက်နှင့် ကွာခြားတော့မည်မဟုတ်ပေ။
သူသည် သူ၏ ကိုယ်ပိုင်ခွန်အားနှင့်ပင် သူ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်လိုလေသည်။
“ဟားဟား”
လေ့ရွှမ်၏ စကားကို ကြားသောအခါ ဆူဇီမိုက ရယ်မော၍ ခေါင်းညိတ်ပြလိုက်၏။
“လေ့ရွှမ်... မင်းက တကယ်ကို မဆိုးဘူးပဲ ငါနောက်ပြီးကျရင် အားသွားလို့ မင်းကို ဖိနှိမ်ပြီးတဲ့အခါ ငါကမင်းကို သေချာပေါက်နောက်တစ်ခေါက် ပြန်လွှတ်ပေးမယ်”
“ချီးတဲ့မှပဲ”
လေ့ရွှမ်က ထိုစကားကိုကြားသောအခါ ဒေါသထွက်လွန်းသောကြောင့် သူက မူးဝေထုံထိုင်းမှုကိုပင် ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွားပြီး ယခုတင်ငြိမ်သက်နေခဲ့သော သူ၏ သွေးချီက နောက်တစ်ဖန် ရုန်းကြွလာကာ အသစ်စက်စက်ကုသထားသည့် သူ၏ ဒဏ်ရာက ပွင့်ထွက်သွားတော့မည့်မတတ်ပင်။